အပိုင်း ၈၇
Viewers 12k

ဝမ်မင်ယီ ထိုဟာကိုကြည့်ပြီး အိုခေတယ်ဟု တွေးမိသည်။ သူက စစ်ကျွင်းတောက်ကို "ကျွန် တော်သရုပ်ဆောင်တာ ဘယ်လိုနေ လဲ"ဟု မေးလိုက်၏။
စစ်ကျွင်းတောက်က လိမ္မော်သီးကို တစ်စိတ်စိတ်ပြီး သူ့ကို တစ်ခု ကျွေးကာ မေးလာသည်။
"မင်းရဲ့ ပင်ကိုပုံစံနဲ့ သရုပ်ဆောင်နေတာ မလား"
"ဘယ်ဟုတ်မလဲ!"
ဝမ်မင်ယီ ငြင်းဆန်လိုက်၏။
"ကျွန်တော်က ဂီတရေကန်လောက်မတုံးဘူး"
စစ်ကျွင်းတောက်က သူ့ကိုစောင်းကြည့်လိုက်ပြီး
ဘာထပ်မပြောလာခဲ့။
ဝမ်မင်ယီ ရှော့ရသွားပြီး
"ကော ဘယ်လိုပုံစံနဲ့လာကြည့်တာလဲ...ကျွန်တော်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမရထားတာပါနော်...အိုခေ!"
စစ်ကျွင်းတောက်က ဝတ်ကျေတမ်းကျေ ခေါင်းညိတ်ပြကာ
"အင်းပါ...အင်းပါ"
ဝမ်မင်ယီ အတော်လေးစိတ်ဆိုးမာန်ဆိုးဖြစ်သွားပြီး သူ့ပေါင်ပေါ်တက်ထိုင်လိုက်ကာ
"ကော ကျွန်တော့်ကို ဝတ္တရားအရပြန်ဖြေနေတာပဲ!"
စစ်ကျွင်းတောက်က စားပွဲပေါ်ရှိ လိမ္မော်သီးကို ကောက်ယူပြီး သူ့ကိုကျွေးလိုက်၏။
"မဟုတ်ပါဘူးကွာ"
"အသိသာကြီးကို ဟုတ်တယ် "
စစ်ကျွင်းတောက် လိမ္မော်သီးကို သူ့ပါးစပ်နားသို့ တေ့ပေးလိုက်ကာ...
"လိမ္မာတယ်... လိမ္မာမော်သီးစားလိုက်"
ဝမ်မင်ယီ စိတ်တိုတိုဖြင့် အားထည့် ကိုက်လိုက်ရာ လိမ္မော်ရည်များ စစ်ကျွင်းတောက်၏ လက်ထဲသို့ စီးကျသွားလေ သည်။
စစ်ကျွင်းတောက်သည် တစ်ရှုးအစိုများဆွဲယူကာ သူ့လက်ကို သုတ်လိုက်သည်။
ဝမ်မင်ယီ သူခေါင်းငုံ့ကာ လက်ကို သုတ်နေသည်ကို ကြည့်နေရင်း ရုတ်တရက် တိုးမှီလိုက်ကာ သူ၏လည်ပင်းကို လက်မောင်းများဖြင့် ဖက်တွယ်လိုက်လေ၏။
စစ်ကျွင်းတောက်က သူ့ကို စနိုးစနောင့်ဖြင့် မော့ကြည့်ကာမေးလိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
ဝမ်မင်ယီက အပြစ်ကင်းသည့်ဟန်ဖြင့်ကြည့်လာ၏။
"ဘာမှ မလုပ်ဘူး"
စစ်ကျွင်းတောက် သူ့ကိုမသင်ကာစွာ ကြည့်လိုက်လေ သည်။
ဝမ်မင်ယီက နာနာခံခံမျက်နှာလေးဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြသည်။
စစ်ကျွင်းတောက် သူနှင့်အတူ ဆက်ပြီး သူကြည့်ကိုယ်ကြည့်လုပ်မနေတော့ဘဲ ခေါင်းငုံ့ကာ လက်ကို ဆက်သုတ်နေလိုက်၏။
ဝမ်မင်ယီက သူ့အနားသို့ တိုးကပ်လာကာ သူ့ရဲ့နားရွက်ထဲသို့ အသက်ရှူထုတ်လိုက်ပြီး တိုးဖွဖွအသံလေးဖြင့် ပြောလာသည်။
“ကောကော... ကျွန်တော်တို့နှစ်ယောက် ခုချိန်မှာတစ်ခုခုလုပ်ဖို့အဆင်သင့်တယ်လို့မထင်ဘူးလားဟင် ... "
စစ်ကျွင်းတောက်သည် တစ်ရှုးအစိုများကို ကော်ဖီစားပွဲပေါ် ပစ်ချကာ သူ့ခါးလေးကိုဆွဲကိုင်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။
"ဥပမာ..."
“ဥပမာ…”
ဝမ်မင်ယီက သူ့ကို ရှက်ရွံ့စွာ ကြည့်နေပြီးနောက်
သူ့လက်များက ရုတ်တရက် အောက်သို့ ဆင်းလာပြီး သူ့ခါးဆီသို့ အလျင်အမြန် ရောက်လာကာ သူ့ယားတတ်သည့်နေရာကို ကုတ်လိုက်သည်။
စစ်ကျွင်းတောက် :...
ဝမ်မင်ယီ နားမလည်နိုင်ဖြစ်သွားပြီး
"ဘာလို့ မရယ်တာလဲ"
စစ်ကျွင်းတောက်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မဖြေဘဲ သူ့ခါးကိုပြန်ကိုင်လိုက်ကာ သူယားတတ်သည့်နေရာကို ပြန်ကလိထိုးလိုက်၏။
ဝမ်မင်ယီ ဒီလိုမျိူးကလိအထိုးခံရခြင်းကို သည်းမခံနိုင်ချေ။ထို့ကြောင့် စစ်ကျွင်းတောက်၏ ရင်ခွင်ထဲတွင် ချက်ချင်း ရယ်မိသွားပြီး သူ့လက်မောင်းများကြားထဲတွင် လူးလွန့်နေတော့သည်။
မယုံနိုင်လောက်အောင်ပင် သူပြန်ကလိုထိုးလိုက်သော်လည်း သူကသာ တစ်ယောက်တည်း ထိန်းမရနိုင်စွာ ရယ်မောနေသူဖြစ်သည်ကို တွေ့လိုက်ရပြီး စစ်ကျွင်းတောက်ကတော့ ဘာမှဖြစ်မသွားပေ။
"ဟင့်အင်း...ဟားဟား...မတရားဘူး..."
ဝမ်မင်ယီက သူ့ကို ရယ်ရင်းပြောလိုက်၏။
"မကုတ်နဲ့...ဟားဟား...မကုတ်နဲ့..."
သူ စစ်ကျွင်းတောက်ရဲ့လက်ကို ကိုင်ထားပြီး ပြုံးကာ ပြောလိုက်ရသည်။
"ကျွန်တော် မှားပါတယ်... ကလိမထိုးနဲ့တော့"
စစ်ကျွင်းတောက်က ဆက်မလှုပ်တော့ပေ။
"ဘာလို့ မရယ်တာလဲ"
ဝမ်မင်ယီ နားမလည်နိုင်ဘူးဖြစ်နေ၏။
"အရင်တုန်းက ကျွန်တော်အဲ့နေရာကိုကုတ်တော့ ရယ်ခဲ့တယ်မဟုတ်ဘူးလား"
"အဲဒါက မင်းကို ပျော်အောင်လို့"
စစ်ကျွင်းတောက်က ပြောလာသည်။
"အဲဒီတုန်းက မင်းအကုတ်ခံရပြီး ရယ်နေတော့ လူတိုင်းရယ်ရမယ် ထင်လို့"
"ဒါဆို ကောတကယ်မယားဘူးလား"
စစ်ကျွင်းတောက်က ခေါင်းယမ်းသည်။
ဝမ်မင်ယီ ဒါက တကယ့်ကို မတရားဘူးဟု ထင်မိသည်။ တချို့လူတွေကျ ယားပြီးတော့ တချို့လူတွေကျ ဘာလို့မယားတာလဲ?
သူ စစ်ကျွင်းတောက်ကို လက်မောင်းများဖြင့် ဖက်တွယ်ကာ မှီလိုက်ပြီး ကြေကွဲစွာပြောလိုက်၏။
"ကျွန်တော်က အရမ်းသနားစရာကောင်းတယ်... ကောက မယားဘဲ ကျွန်တော်ပဲယားနေရတယ်"
စစ်ကျွင်းတောက်က ပြုံးပြီး သစ်သီးပန်းကန်ထဲက စပျစ်သီးတစ်လုံးကို ယူလိုက်ကာ သူ့ပါးစပ်ထဲကိုခွံ့ ကျွေးလာသည်။
ဝမ်မင်ယီ ဖြည်းဖြည်းချင်း ဝါးလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး သူ့ကို မော့ကြည့်ကာ သံရှည်ဆွဲ၍မေးလိုက်၏။
"ကောကို ကျွန်တော်က ကလိထိုးရုံပဲထိုးလို့စိတ်ပျက်နေတာလား"
စစ်ကျွင်းတောက်က တည်တည်ငြိမ်ငြိမ်ပင် ပြောလာသည်။
"အတွေးလွန်မနေနဲ့"
"တကယ်လား..."
"မဟုတ်ရင်..."
"ကျွန်တော် ကောကိုနမ်းချင်တယ်မထင်ဘူးလား"
စစ်ကျွင်းတောက်က ခေါင်းယမ်းပြ သည်။
ဝမ်မင်ယီ မယုံနိုင်ဘူးဖြစ်နေ၏။
"တကယ်လား..."
"တကယ်"
"ဒါဆို ကျွန်တော် ကောကို အခုနမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ"
"ကြိုးစားကြည့်လို့ရတယ်"
ဝမ်မင်ယီ သူ့ကို စိုက်ကြည့်လိုက်လေသည်။
စစ်ကျွင်းတောက်တော့ အေးအေးဆေးဆေးပင်။
ဝမ်မင်ယီ ခဏလောက် စဉ်းစားပြီး ခေါင်းကို ဖြည်းဖြည်းချင်းမော့ကာ တိုးကပ်သွားလိုက်၏။ နမ်းခါနီးဆဲဆဲတွင် ဝမ်မင်ယီက ရုတ်တရက် ခေါင်းငုံ့ကာ ရှောင်ထွက်သွားတော့မည်လုပ်သည်။
သို့သော်လည်း အရမ်းနောက်ကျသွားလေပြီ။
စစ်ကျွင်းတောက်က သူ့ခေါင်းနောက်ကို ဖိပြီး သူ့နှုတ်ခမ်းများကို ဖိကပ်နမ်းသောကြောင့်ပင်။
"ဒါဆိုရင်လည်း ကောမင်းကို အရင်နမ်းလိုက်မယ်"ဟူသော သူ့နှုတ်ခမ်းနှင့် သွားကြားထဲမှ အသံကို ဝမ်မင်ယီ ကြားလိုက်ရသည်။
သူမနေနိုင်ဘဲ ပြုံးမိကာ စစ်ကျွင်းတောက်၏ လည်ပင်းကို လက်ဖြင့်ချိတ်လိုက်ပြီ ညင်သာစွာ နမ်းရှိုက်လိုက်လေ၏။
.....
ဝမ်မင်ယီ မှတ်မိရသလောက်ဆိုပါက "Pet Romance" သည် အမျိုးသားဇာတ်လိုက်နှင့်အမျိုးသမီး ဇာတ်လိုက်တို့၏ ကျော်ကြားမှုနှင့် မူရင်းစာအုပ်ဖန်များ၏ အပြုသဘောဆောင်သည့် အမြင် ကို မှီခိုနေခြင်းဖြစ်သည်။ စလွှင့်ပြီး တစ်ပတ်အကြာတွင်မူ ratingများ မြင့်တက်လာခဲ့၏။ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ ဒုတိယအပတ်ရှိ မမျှော်လင့်ထားသောအနမ်းတစ်ခုကြောင့် ရေပန်းစားမှုမှာ မယုံကြည်နိုင်လောက်စရာ အဆင့်တစ်ခုသို့ပင် မြင့်တက်သွားကာ ကွန်ရက်တစ်ခုလုံးတွင် ပြသထားပြီး ယင်းရှိုးကို လူထောင်ပေါင်းများစွာက ကြည့်ရှုခဲ့ကြသည်။
သို့ပေမဲ့ ဝမ်မင်ယီ၏ မှတ်ဉာဏ်နှင့်ကွာခြားသည်ကား ဤအကြိမ်တွင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်တို့ ပေါက်သွားရုံသာမက သူ၏ နံပါတ်သုံး အမျိုးသားဇာတ်ဆောင်သည် လည်း ကျော်ကြားလာခဲ့ပြီး ရှုကျင်းကျဲသရုပ်ဆောင်ထားသည့် အမျိုးသား ဇာတ်လိုက်နှင့်ပင် တန်းတူနီးပါး ဖြစ်လာခဲ့လေသည်။
အမျိူးသမီးဇာတ်လိုက်၏ လုပ်ငန်းပါတနာတစ်ယောက်အနေဖြင့် လဲ့ချီနှင့်အမျိုးသမီးဇာတ်လိုက် တို့သည် အမှားများနှင့် အရှက်ရစရာများကို အတူတကွလုပ်ဆောင်ဖူးခဲ့ကြသည်။ သူသည် အမျိူးသမီးဇာတ်လိုက် ရယ်တာကို မြင်ဖူးသလို ငိုတာကိုလည်းကြည့်နေရဖူးကာ အမျိူးသမီးဇာတ်လိုက်အား ကူညီပေးခဲ့ပြီး သူမဆီမှ လှုံ့ဆော် အားပေးမှုများလည်းရခဲ့လေသည်။ အင်တာနက်အသုံးပြုသူအများအပြားက သူနှင့်အမျိူးသမီးဇာတ်လိုက်တို့က အလွန်လိုက်ဖက်ညီကြသည်ဟု ယူဆကြပြီး အဆုံးတွင် သူတို့ပေါင်းဖက်ရမည် မဟုတ်ကြောင်း သိသွားသောအခါတွင်မူ သူတို့အတွက် ရပ်တည်ပေးကာ လဲ့ချီနှင့်မော့မော့တို့ လိုက်ဖက်ရသည့်အကြောင်းရင်း 100 ကိုပင် ရေးသားခဲ့ကြ သည်။
"(လဲ့လဲ့က အရမ်းကောင်းတယ်လေ ၊ဘာလို့ လဲ့လဲ့ကို မရွေးရတာလဲ။ မော့မော့ရေ မျက်လုံးဖွင့်ပြီး နင့်ဘေးနားမှာရှိနေတဲ့ လဲ့လဲ့ ကြည့်ပါဦးလား!)
(မော့မော့... လဲ့လဲ့အနားမှာရှိနေဖို့က မင်းအတွက်အလွယ်ကူဆုံးအရာဆိုတာ သိရဲ့လား။ မင်းတကယ်ကို မင်းအမေကို စိတ်ပူနေတာပဲ!)
(လဲ့လဲ့က မော့မော့ကို ကြိုက်တာလား၊ ဘာလို့များ ငါ လဲ့လဲ့နဲ့မော့မော့ ကို သူငယ်ချင်းတွေလို့ ထင်နေပါလိမ့်)
(လဲ့လဲ့ ကအခုထိ လွှတ်မချနိုင်သေးဘူးထင်တယ်။ မော့မော့ နဲ့ စွေ့ရင်ပေါတို့ပေါင်းသွားတာကို တွေ့ရတာ ဝမ်းသာပါတယ်၊ စွေ့ရင်ပေါ ကမုခိုင်ထက် ပိုကောင်းတယ်လို့ ငါတော့ထင်တယ်။ သူက စွေ့မော့ cpဖန်တော့ မဟုတ်ဘူးမလား)
(ဖြစ်နိုင်တယ်")
(ကိုယ့်shipတဲ့ CPထဲက မင်းသားက ဆန့်ကျင်ဘက်မိသားစုရဲ့CPကို shipနေတာထက် ပိုပြီး ကြေကွဲစရာကောင်းတဲ့ အရာတစ်ခု ရှိသေးရဲ့လား။ မရဘူးနော်! ငါ အရမ်းစိတ်ဆင်းရဲနေတယ်!)
(အာ...သနားစရာလဲ့လဲ့လေး၊ လဲ့လဲမှာ ဘာလို့ cp မရှိတာလဲ၊ ငါတို့ လဲ့လဲ့က အရမ်းကောင်းတဲ့ဟာကို cp နဲ့ မထိုက်တန်ဘူးလား)
(လဲ့လဲ့က cpမလိုအပ်ဘူး၊ လဲ့လဲ့ကို လွှတ်ပေးလိုက်ပါ ၊သူ့ကို ငါပဲယူလိုက်ပါရစေ)
(သွားစမ်းပါအပေါ်ထပ်ရေ !!"
လဲ့ချီရဲ့မားမားဖန်က အမျက်ခြောင်းခြောင်းထွက်နေလေရဲ့)
ဂီတရေကန်အကြောင်း ဆွေးနွေးမှုတွေက တနေ့တခြား တိုး၍လာနေပြီး ဝမ်မင်ယီ၏ဖန်တွေကလည်း ပို၍ပို၍တိုးပွားလာနေလေ၏။ ပွဲကို ထပ်မံတက်ရောက်ရန် အကြောင်းကြားခြင်းခံရချိန်တွင် ဝမ်မင်ယီက သူသည် "နိုင်ငံ့တိတိလေး" ဟုသမုတ်ခြင်း ခံလာရကြောင်း သတိထားမိသွားသည်။
ထိုမှသာ သူက အမှန်တကယ် နာမည်ကြီးနေလောက်မည်မှန်း သူသဘောပေါက်သွားတော့ သည်။ယခင်hot searchများ ပေါက်သွားပုံနှင့် မတူဘဲ ယခုတစ်ကြိမ် "Pet Romance"ထုတ်လွှင့်မှုသည် သူ့အား ဖန်များကိုအောင်အောင်မြင်မြင် ဆွဲဆောင်နိုင်စေရုံသာမက လူများစွာကလည်း သူ့ကို လဲ့ချီဟူသည့် ဇာတ်ကောင်ဖြင့် တွဲကာမြင်လာကြ သည်။ စာအုပ်ဖန်များနှင့် ဇာတ်လမ်းတွဲကိုကြည့်ရှုသူများသည် သူသရုပ်ဆောင်ထားသည့် ဇာတ်ရုပ်အား အလွန်သဘောကျနေကြပြီး လဲ့ချီကဲ့သို့ နွေးထွေး ၊ ရိုးရှင်း၊ ရိုးသား၊ ကြင်နာပြီး ချစ်စရာကောင်းသည်ဟု ထင်ကာ သူ့ကို ဤဇာတ်ကောင်နေရာတွင် မသိစိတ်ဖြင့် အစားထိုးလိုက်ကြ၏။