အပိုင်း ၈၈
Viewers 12k

ဤသည်ကား အလွန်ကောင်းသည့် ဖြစ်စဉ်တစ်ခုပင်။ ချန်လု အတော်လေး ကျေနပ်သွားသည်။TVဇာတ်လမ်းတွဲ ထုတ်လွှင့်မှုနှင့်အတူ သူ့ရဲ့ရေပန်းစားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် သူမက သူ့ကို hot search များဝယ်၍ ကူညီပေးခဲ့ပြီး ဖန်အသစ်များကို ဆက်ပြီး ဆွဲဆောင်နိုင်စေခဲ့သည်။
ဝမ်မင်ယီသည် သဘာဝအတိုင်း ဤအရာများအတွက် စိတ်ပူစရာမလိုခဲ့ချေ။ သူတွင် အမြဲလိုလို စိတ်ပူစရာတွေ များစွာ မရှိသည်ပင်။ ထို့အပြင် ဤရက်အနည်းငယ်သည် သူ့အတွက် အထူးရက်များဖြစ်လေသည်။ ဖန်ရခြင်းမရခြင်း၊နာမည်ကြီးခြင်းမကြီးခြင်းနှင့်ယှဉ်လျှင် ဝမ်မင်ယီသည် ယခုလက်ရှိ ကျန်းဇီမော့ ဘာလုပ်နေလဲဆိုသည်ကို သာ၍ပူပန်နေ၏။ ကျန်းဇီမော့ကို သူမတွေ့ရတာကြာပြီဖြစ်သည်။ ကျန်းဇီမော့ ဘာတွေလုပ်နေလဲ သူသိချင်၏။ ကျန်းဇီမော့ကို လက်တုံ့ပြန်နိုင်မလားဆိုတာကိုလည်း သူသိချင်နေပါ၏။ ဇာတ်လိုက်ဖြစ်တဲ့ ကျန်းဇီမော့ကို လက်တုံ့ပြန်မယ်ဆိုရင် သူရောထိခိုက်မှာလား...
ဝမ်မင်ယီ မသိပါချေ၊ သူ့အရင်ဘဝတုန်းက ဒီအချိန်မှာ သူသေသွားတာကိုပဲ သူသိလေသည်။
"Pet Romance" ကို ထုတ်လွှင့်ပြီး မကြာမီ၊နောက်semesterစပြီးမကြာမီ၊ သူအဖွဲ့မှ အနားယူပြီး မကြာမီမှာပင် ကျန်းဇီမော့ နှင့် အငြင်းပွားမှုအတွင်း မတော်တဆ သေဆုံးသွားခဲ့သည်။
အခုတလော နေ့ရက်များသည် အလွန်ပင် ကြည်နူးစရာ ကောင်းလှ၏။ "Pet Romance" ထုတ်လွှင့်မှုကြောင့်သာ မဟုတ်ခဲ့လျှင် သူထိုဟာကို မေ့နေလောက်ပြီ ဖြစ်သည်။ ဤသည်က သူ့ဘဝအသစ်တစ်ဖန်ပြန်စလာခြင်းဖြစ်ပြီး သူကြုံတွေ့ခဲ့ရသည့် ပထမဆုံးဘဝမဟုတ်သည်ကိုပင်။
ဝမ်မင်ယီ သက်ပြင်းချလိုက်၏။ သူက သူ့ကိုယ်သူ လက်စားချေချင်သော်လည်း ကျန်းဇီမော့နှင့်ဝမ်ပေါ်ကို လက်စားချေခြင်းက သူနဲ့စစ်ကျွင်းတောက်အား မထိခိုက်ဘူးဆိုသည်ကို သေချာဖို့လိုလေသည်။မဟုတ်ရင် သူကတော့ သေသွားပြီ၊ ဒါပေမဲ့ ကျန်းဇီမော့က အသက်ရှင်နေသေးတယ်၊
ဘယ်လောက်သနားစရာကောင်းလိုက်လဲလို့!
ဝမ်မင်ယီ သူ့လက်ထဲက ပြက္ခဒိန်ကို ကြည့်ပြီး အရှိန်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အရင်ဘဝတုန်းက ဤအချိန်မှာသေသွားခဲ့၏။ အကယ်၍ အရာအားလုံးက ပုံသေ သတ်မှတ်ထားပါလျှင် ယခုအချိန် သူကျန်းဇီမော့ဆီသို့ ထပ်ပြီးသွားလိုက်သည်နှင့် သူထပ်ပြီးသေ သွားနိုင်လေသည်။
မတန်ဘူး။ ဒီတော့ ခဏစောင့်ကြတာပေါ့ဟု ဝမ်မင်ယီ တွေးလိုက်၏။
သူကြေငြာချက်တွေအကုန်လုံးက်ု တွန်းဖယ်ပြီး
စစ်ကျွင်းတောက်နှင့်အတူ ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့သည်။ ဤရက်များတွင် သူမတော်တဆဖြစ်ပါက၊ သူမသေဆုံးမီ စစ်ကျွင်းတောက်အတွက် မက်ဆေ့ခ်ျတစ်စောင်တောင် ချန်မထားခဲ့နိုင်မှာကို စိုးရိမ်သောကြောင့်ဖြစ်လေ သည်။ စစ်ကျွင်းတောက်သည် သူနှင့်အတူ အဝင်အထွက် လုပ်ရသည်ကိုကျင့်သားရနေပြီ ဖြစ်သော်လည် ဘာမှ မပြောဘဲ "မင်း အလုပ်မလုပ်တာလား... ကျောင်း မသွားတာလား" ဟု မေးလိုက်သည်။
"လတ်တလောမှာ အတန်းမရှိဘူး"
ဝမ်မင်ယီက မျက်တောင်မခတ်တမ်း လိမ်ညာလိုက်၏။
"အိမ်မှာ စာဖတ်ဖို့ပဲလိုတာ"
သူ့အဆင့်တွေကကောင်းနေကာ စစ်ကျွင်းတောက်လည်း သူ့အားရှက်သွားအောင်မလုပ်ချင်သဖြင့် မျက်စိစုံမှိတ်ပြီး သူ့ကိုလွတ်ပေးလိုက်သည်။
သို့သော် ဝမ်မင်ယီ မထင်မှတ်ထားသည့်အရာမှာ ကျန်းဇီမော့ လုပ်နေတာတွေကို သူမသိသော်လည်း ကျန်းဇီမော့က သူ့လှုပ်ရှားမှုများကို ကောင်းကောင်းသိလေသည်။ ၎င်းကို သိရုံသာမက မနာလိုလည်း ဖြစ်နေ၏။ ဝမ်မင်ယီ သူ့ရှေ့တွင် အခြားနည်းလမ်းဖြင့်ပေါ်လာတာကိုလည်း မနာလိုပြီး လူများစွာက ဝမ်မင်ယီကို နှစ်သက်နေကြတာကိုလည်း မုန်းတီးလေသည်။
ဒီလူတွေ မျက်စိကန်းနေတာလား! ကျန်းဇီမော့ နားမလည်နိုင်အောင်ဖြစ်နေသည်။ ဝမ်မင်ယီလို လူကို ဘာလို့များ သဘောကျနေကြတာလဲ! သူ့လိုကောင်မျိူးက idolဖြစ်ဖို ဘာအရည်အချင်းရှိလို့လဲ! သူနဲ့မထိုက်တန်ဘူး!
ကျန်းဇီမော့က သဲသဲမဲမဲပင်ဒေါသထွက်နေပြီး အင်တာနက်ပေါ်တွင် ဝမ်မင်ယီ၏ရုပ်ရည်မှစ၍ အကျင့်စရိုက်အထိ စီတန်းကာ အမည်းရောင်ပို့စ်များစွာကို တင်ခဲ့သည်။
(T/N–black post ကအပြစ်တင်၊ကဲ့ရဲ့၊ဝေဖန်၊ရှုံ့ချ အဲ့လိုမျိူး မကောင်းမကန်းတွေရေးတင်တာပါ)
သို့သော် ဝမ်မယီ၏ဖန်များက ယခုအချိန်တွင် မွန်ထူ*နေကြလေ သည်။ ကျန်းဇီမော့က ပို့စ်တစ်ခုတင်ပြီးနောက် တစ်ကြိမ် အံ့အားသင့်သွားကြသည်။ နောက်တစ်ခုတင်လိုက်ရာ နောက်တစ်ကြိမ် အံ့အားသင့်သွားကြ၏။ အဆုံးတွင်တော့ သူတို့ဆက်ပြီး အံ့အားသင့်မနေကြတော့ဘဲ ယခုလိုသာပြောကြသည်။
"ID ကိုကြည့်...[ဝမ်မင်ယီကယုတ်မာနေကျပဲ]။
ပို့စ်ပိုင်ရှင်ကရော ဒီနေ့ ယုတ်မာနေတာလား...
အခုကို ယုတ်မာနေတာပဲ!ကြည့်ရတာ ပို့စ်ပိုင်ရှင်က ဝမ်မင်ယီအပေါ်ယုတ်မာပြီး ငွေရှာနေပုံရတယ်)
(T/N–မင်မင်က အခုတလောအရမ်းရေပန်းစားနေတော့ ဖန်တွေက အရမ်းကဲကဲပို၊သဲသဲလှုပ်ဖြစ်နေတယ်လို့ပြောချင်တာပါ)
ကျန်းဇီမော့ က ဒေါသတကြီးနဲ့ ပြောလိုက်၏။
(ငါပြောတာအမှန်တွေပဲ )
ဝမ်မင်ယီ၏ဖန်က ပြန်ပြောသည်။
(တကယ်လား... ပို့စ်ပိုင်ရှင်က ဝမ်မင်ယီရဲ့ အိပ်ရာအောက်မှာ လဲနေတာမလား...ပို့စ်ပိုင်ရှင်က မိုက်လိုက်တာ)
ကြယ်ပွင့်နောက်လိုက်သည့် ကောင်မလေးများ၏ ပြိုင်ဘက်ဖြစ်သူ ကျန်းဇီမော့သည် ကလစ်အနည်းငယ်နှိပ်ပြီးနောက် ပြောစရာစကားမရှိဖြစ်သွားပြီး မောက်စ်ကို အငြိုးတကြီး ပစ်ချလိုက်သည်။ ဝမ်မင်ယီရဲ့ဖန်တွေက သူ့အတိုင်းပဲ စိတ်တိုစရာကောင်းတယ်!
သူ အင်တာနက်ပေါ်တွင် ဝမ်မင်ယီအကြောင်းဆွေးနွေးနေမှုကို စောင့်ကြည့်နေခဲ့သည်။ အချို့က ဝမ်မင်ယီရဲ့နောက်ထပ်ဇာတ်ကားကို သတ်မှတ်ပြီးသွားပြီဖြစ်ပြီး အတော်ကို ကောင်းသည့်ဇာတ်ညွှန်းဖြစ်ကြောင်း ပြောကြသည်။အချို့ကကျ ဝမ်မင်ယီက အခုတလော အလွန်ကောင်းမွန်သည့် အရင်းအမြစ်များ ရှိပြီး ထိပ်တန်းဘရန်းတွေအကုန်လုံးက သူတို့ဘရန်းတွေကိုကြော်ငြာပေးဖို့ သူ့အားရှာနေကြကြောင်းပြောနေကြ၏။ကျန်းဇီမော့ မယုံပေ။
(ဒါက နံပါတ်သုံး အမျိူးသားဇာတ်ဆောင်တစ်ယောက်လေးပဲဟာကို ၊ အရင်းအမြစ်တွေ ဘယ်လောက်ကောင်းနိုင်မှာမို့လဲ?ပြီးတော့လည်း ဘရန်းတွေအကုန်လုံးက သူ့ကို ကြော်ငြာပေးဖို့ ရှာနေကြတယ်? ဘယ်လိုဟာသလဲဟ)
(နောက်နေတာမဟုတ်ပါဘူး၊ လဲ့ချီနဲ့တော့ ဘာမှမဆိုင်ပါဘူး။ သူ TOP ကာဗာရိုက်ပြီးနောက်မှာ သူ့ကို ချဉ်းကပ်လာတဲ့ နာမည်ကြီးဘရန်းတွေရှိတယ်။ဒါပေမဲ့ အခုထိ စာချုပ်မပြီးသေးရုံတင်။ သူစာချုပ်ချုပ်ပြီးတာနဲ့ တရားဝင်ထုတ်ပြန်ကြေညာသွားမှာပါ။ ငါသိသလောက်တော့ ခေတ်တူတွေကြာမှာ တကယ်ကောင်းတယ်လို့ပြောလို့ရတဲ့ နာမည်ကြီးဘရန်းနှစ်ခုတဲ့)
(G နဲ့ D ဘရန်းတွေရော ဟိုတလောကမှ သူ့အကြောင်းပြောနေကြတယ်လို့လည်း ကြားတယ်။ ဝမ်မင်ယီ ဘယ်ဟာကိုရွေးမလဲ ကြည့်ရအောင်။)
(ကြော်ငြာ အရင်းအမြစ်တွေတင်မဟုတ်ဘူးနော်။
ရုပ်ရှင်နဲ့ TV အရင်းအမြစ်တွေကလည်း အရမ်းကောင်းတယ်။ "Pet Romance" အကြောင်းကို မပြောတော့ပါဘူး။ အရင်တုန်းက "A Day Gone" မှာခန်းကျဲရဲ့ ပါတနာလို့ သတင်းထွက်လာသေးတယ်လေ၊ ခန်းကျဲနဲ့သာဆို ဒီကားကအငြိမ်ပဲ)
(သူ့ ဘဝ တကယ်ကိုချောမွေ့နေတာပဲ ။ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာလည်း ပထမ၊ ပြိုင်ပွဲမှာလည်း ပထမ ။အခု အလုပ်လုပ်တော့လည်း သူ့ရဲ့ နာမည်ကြီးမှုက ပျမ်းမျှတိုးလာတာထက်တောင် ပိုများနေတယ်။ ရုပ်ရှင်နဲ့ TV အရင်းအမြစ်တွေ နဲ့ ဖက်ရှင်အရင်းအမြစ်တွေက အရမ်းများတယ်။ အဲတော့ ဒီလုပ်ငန်းနယ်ပယ်မှာ ရိုးရိုးလေး အဆင့်တက်သွားရုံပဲ။ ဖန်တွေလည်း အိပ်နေရုံရှိတယ်။အရမ်းမိုက်တယ်!)
ကျန်းဇီမော့က တခြားနယ်ပယ်တစ်ခုမှာ ဝမ်မင်ယီ ကောင်းကောင်း ဝင်ရောနိုင်တာ ၊ အလွန်ပင်နာမည်ကြီးနေတာကို ယုံကြည်ဖို့ရာဆန္ဒမရှိဖြစ်နေပြီး လက်သီး ဆုပ်ထားမိသည်။
ဘာလို့လဲ... သူက တခြားသူတွေအတွက် အရမ်းတွေ ကြိုးစားနေရတုန်းဘဲ၊ ဒါပေမဲ့ ဝမ်မင်ယီက အိပ်နေရင်းတောင် ငွေရှာနိုင်နေပြီ!သူကဝမ်မင်ယီထက် ဘယ်နေရာမှာ အားနည်းနေလို့လဲ... ဝမ်မင်ယီတောင် စတားဖြစ်နိုင်ရင် သူရောဘာလို့မဖြစ်နိုင်ရမှာလဲ...
ဝမ်မင်ယီထက် သူက ကမ္ဘာကြီးအကြောင်းကို ပိုသိတယ်၊ လောကထဲမှာ ဘယ်လိုပြုမူနေထိုင် ရမယ်ဆိုတာကို သိတယ်၊ ဝမ်မင်ယီထက် တခြားသူတွေရဲ့ ခံစားချက်ကို ပိုတွေးပေးတတ်တယ် ။ ဝမ်မင်ယီလိုဘုန်းကြီးတောင် သရုပ်ဆောင်နိုင်ရင် သူဘာလို့သရုပ်မဆောင်နိုင်ရမှာလဲ!
(T/N—မင်မင် ခံစားချက်တွေအကြောင်းနားမလည်လို့ ဘုန်းကြီးလို့ခေါ်တာထင်ပါတယ်)
သူသာ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲ ဝင်မယ်ဆိုရင် ဝမ်မင်ယီ ထက်တောင် ပိုနာမည်ကြီးလာလောက်တယ်၊ သူ့မှာ ကိုယ်ပိုင်ဖန်တွေလည်းရှိလာမယ်၊ တစ်ယောက်ယောက်က သူ့ကိုကူပြီ ဝမ်မင်ယီရဲ့ဖန်တွေကို နှပ်ချပေးလိမ့်မယ်။ အခုတော့
လူတိုင်းက ဝမ်မင်ယီကိုသဘောကျနေကြတယ်၊ သူကလွဲလို့ပေါ့! ဝမ်မင်ယီရဲ့ ကြောင်သူတော်မျက်နှာဖုံးအောက်က အကျည်းတန်တဲ့မျက်နှာကို သူတစ်ယောက်တည်းကပဲ အရှင်းသားမြင်နိုင်နေတယ်!
ကျန်းဇီမော့ သည် သူ့ရှေ့က ကွန်ပြူတာကို ကြည့်ပြီး တဖြည်းဖြည်း အကြံတစ်ခု ရလာသည်။
....
ဝမ်ပေါ် က အခုတလောအရမ်းတွေပျော်နေလေ၏ ။ သူ သူ့ရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာ အခြားကုမ္ပဏီများနှင့် စာချုပ်ချုပ်ရန် ပြန်လည်ညှိနှိုင်းခဲ့သည်။ ထိုကိစ္စကြိ သူ့အဖေနဲ့ အစ်ကိုက အလွန်ကျေနပ်သွားကြသည်။ လူအိုကြီးကဆိုလျှင် နှစ်နှစ်လောက် ကြာရင်သူအနားယူသွားနိုင်ပြီဟုပင် ပြောနေသေးသည်။
ခံစားချက်ပိုင်းဆိုင်ရာအရဆိုပါက သူနှင့် ကျန်းဇီမော့ တို့သည် ဟိုလိုလိုသည်လိုလိုအနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျန်းဇီမော့က သူ့ရဲ့ချစ်ရေးဆိုမှု ကို လက်မခံခဲ့သော်ငြား ငြင်းလည်းမငြင်းခဲ့ပဲ သူတို့အရင် စမ်းကြည့်သင့်ကြောင်းပြောလာသည်။
အသက်မွေဝမ်းကြောင်းရောအချစ်ရော နှစ်ဆရိတ်သိမ်းရလုနီးပါးရှိသော ဝမ်ပေါ် သည် ပျားရည်အိုးထဲတွင် အစိမ်ခံထားရသကဲ့သို့ အလွန်ပျော်နေခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ ရှောင်မော့သည် အခုရက်ပိုင်း မျက်မှောင်ကြုတ်နေလေ့ရှိကြောင်း သတိထားမိသွား၏။
"မင်းဘာဖြစ်နေတာလဲ"
ဝမ်ပေါ် နှင့် ကျန်းဇီမော့တို့ အတူတူညစာစားပြီးနောက် သူ့ကို အိမ်ပြန်ပို့ပေးရင်း ဝမ်ပေါ်ကမေးလိုက်သည်။
"တစ်ခုခုဖြစ်နေတာလား... ကိုယ့် ကိုပြောပြလေ...ကိုယ်မင်းကိုကူပြီး ဖြေရှင်းပေးပါ့မယ်"
ကျန်းဇီမော့က သူ့ခေါင်းကို ခါလိုက်ပြီး ဖျစ်ညစ်၍ပြုံးပြကာ
"ထားလိုက်ပါ... ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"
"ကိစ္စမရှိပါဘူး...ကြီးကြီး သေးသေးကိုယ့်ကို ပြောလို့ရပါတယ် "
ဝမ်ပေါ် စိုးရိမ်တကြီးဖြင့် ပြောလာသည်။
သို့သော်လည်း ကျန်းဇီမော့က ခါးခါးသီးသီးရယ်လိုက်ရင်း
"မင်းငါ့ကို မကူညီနိုင်ဘူး"
"မင်းကိုယ့်ကို မပြောပြဘဲ မင်းကို မကူညီနိုင်ဘူးဆိုတာ မင်းဘယ်လိုလုပ်သိမှာလဲ...နောက်ပြီး
ကိုယ် မလုပ်နိုင်တာဘာများရှိလို့လဲ... မင်း ကောင်းကင်ပေါ်က ကြယ်တွေကို လိုချင်တယ်ဆိုရင်တောင်...ကိုယ် မင်းအတွက် ကြယ်တစ်ပွင့်ကို နာမည်ပေးပိုင်ခွင့် ဝယ်ပေးနိုင်ပါတယ်"
ကျန်းဇီမော့ သည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်ပြီး သူ့ကို မော့ကြည့်ကာ
"မင်းကငါ့ကို သိပ်ကြင်နာတာပဲ" ဟု တိုးတိုးလေးပြောလိုက်၏။
"ကိုယ် မင်းကို သဘောကျတယ်လေ ...ကိုယ်မင်းအပေါ် မကောင်းပေးဘူးဆိုရင် ဘယ်သူကိုသွား ကောင်းပေးရမှာလဲ"
သူတို့ပြောနေကြစဉ် မိန်းကလေးတစ်ယောက်က သူတို့အနားကဖြတ်သွားရင်း စိတ်လှုပ်ရှားစွာပြောနေ လေသည်။
" Pet Romanceရဲ့မနေ့ကအပိုင်းကို နင်ကြည့်ပြီးပြီလား...လဲ့လဲ့က အရမ်းချစ်စရာကောင်းတာပဲ"
"ကြည့်နေရင်း ငါသေအောင်ရယ်နေရတယ်...
ဝမ်မင်ယီက သရုပ်ဆောင်တအားကောင်းတာပဲ...ငါအခု မင်းသမီးနဲ့ စွေ့ရင်ပေါကိုမပေါင်းစေ ချင်တော့ဘူး...မင်းသမီးကို လဲ့လဲ့နဲ့ပဲပေါင်းစေချင်တယ်"
"ငါတော့အဲ့လို့မဖြစ်စေချင်ဘူး... လဲ့လဲ့ကို ငါနဲ့ပဲပေါင်းစေချင်တယ်... ဟား..ဟား..ဟား"
"နင်က လဲ့လဲနဲ့ပေါင်းချင်တာမဟုတ်ဘူး...ဝမ်မင်ယီနဲ့ပေါင်းချင်နေတာ...နင်ကကောင်မလေးဖန်ပဲ...ငါမားမားဖန်တစ်ယောက်အနေနဲ့ သဘောမတူဘူး!"
လူတော်တော်များများက တဟားဟားရယ်ကုန်ကြ၏။
ကျန်းဇီမော့ သူတို့ပြောနေတာကို နားထောင်ရင်း
သူတို့ အဝေးရောက်သွားတာ ကိုကြည့်နေပြီးမှ
သရော်လိုက်သည်။
"ဒီလူတွေက တကယ်ကို ဦးနှောက်သေနေတာပဲ... တစ်ဖက်လူက ဘယ်လိုလူလဲဆိုတာတောင် မသိကြဘူး... ဇာတ်ကောင်တစ်ခုအတွက်နဲ့ အချင်းချင်းပေါင်းချင်နေကြတာက ရယ်စရာကောင်းလိုက်တာ"
ဝမ်ပေါ်က ရယ်လိုက်ကာ...
"ကြယ်ပွင့်နောက်လိုက်သူတွေအကုန်လုံး ဒီလိုမဟုတ်ဘူးလား"