အပိုင်း ၈၉
Viewers 12k

"ဝမ်မင်ယီလိုလူမျိုးက ဖန်တွေရှိမယ်လို့ ငါမထင်ထားရုံပါ...ငါသိတဲ့ ရိုက်ကူးရေးမှာစိတ်နှစ်ပြီးအလေးထားတဲ့ လူတွေအများကြီးထက်တောင် ဖန်ပိုများတယ်"
"အဲဒါက လူတိုင်းက သူ့ရဲ့ စရိုက်အမှန်ကို မသိလို့ပါ" ဝမ်ပေါ်က အမြန်ပြောလိုက်သည်။
ကျန်းဇီမော့က မခံချိမခံသာဖြင့် စိတ်ဆိုးမာန်ဆိုး
အထွန့်တက်လိုက်၏။
"သူကမြင်နေရသလိုမဟုတ်ဘဲ တကယ်တမ်းကျ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူတစ်ယောက်လို့တောင် အင်တာနက်မှာ ငါ ပြောခဲ့ဖူးတယ်...ရလဒ်အနေနဲ့ သူတို့က မယုံရုံတင်မကဘူး... ငါ့ကိုလည်း ဆဲဆိုကြိမ်းမောင်းခဲ့ကြတယ် !"
"မင်းကို ဆဲကြတာလား"
ဝမ်ပေါ်က ချက်ချင်းသူ့အသံကိုမြင့်ကာ "ဘယ်သူပြောတာလဲ... ကိုယ် သူတို့ကို အခုချက်ချင်း တစ်ယောက်ယောက်ကို သင်ခန်းစာပေးခိုင်းလိုက်မယ်"
"မင်း သူတို့ကို သင်ခန်းစာပေးရင်တောင် ဘာအသုံးဝင်မှာမို့လဲ...ငါ ဝမ်မင်ယီကို ဝေဖန်ထားတာကြောင့် တခြားလူတွေက ငါ့ကို ကဲ့ရဲ့ကြဦးမှာပဲ...သူ့မှာ ဖန်တွေ အများကြီးရှိတယ်... အဲဒီဖန်တွေက စဉ်းစားချင့်ချိန်တတ်ကြတာမဟုတ်ဘူး... သူတို့က ငါဝမ်မင်ယီကို စွပ်စွဲနေတယ်ပဲထင်နေကြတာ...ဒါပေမဲ့ အသိသာကြီးကို ငါပြောတာက အမှန်တရားတွေဥစ္စာ"
"ရှောင်မော့... စိတ်မဆိုးပါနဲ့...ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်အဖြေရှာပါ့မယ်"
"မဖြစ်နိုင်ဘူး "
ကျန်းဇီမော့က ပြောလိုက်သည်။
"ငါက သာမန်အင်တာနက်သုံးစွဲသူတစ်ယောက်ပါ...သူ... သူက နာမည်ကြီးတစ်ယောက်...
တခြားသူတွေငါ့ကို မြင်ပြီးယုံကြည်နိုင်လောက်မဲ့အနေအထားငါ့မှာမရှိဘူး... တခြားသူတွေငါ့ကို မြင်ပြီးယုံကြည်လာစေ ဖို့ ငါသူ့လိုမျိုးတူညီတဲ့ အနေအထားတစ်ခုမှာ ရပ်တည်ဖို့ပဲရှိတော့တယ်"
"မင်းဘာကို ဆိုလိုတာလဲ"
ဝမ်ပေါ် သူ့ကိုမေးလာ၏။
ကျန်းဇီမော့က သူ့ကိုကြည့်ရင်း နောက်ဆုံးတွင် သူ့ရဲ့ရည်ရွယ်ချက်ကိုထုတ်ပြောလိုက်သည်။
"ဝမ်ပေါ်.. ဝမ်မင်ယီက စတားဖြစ်နိုင်ရင် ငါလည်း ဘာလို့မဖြစ်နိုင်ရမှာလဲ..လူတိုင်းက လောကကြီးထဲမှာ ခရီးတစ်ထောက်နားကြချည်းပဲလေ...သူတောင်ဒီလိုနည်းနဲ့အနှစ်သက်ခံရရင်
ငါရော တခြားသူတွေသဘောကျတာခံလို့မရဘူးလား"
ဝမ်ပေါ် တခဏမျှ ကြောင်အသွားလေ သည်။
ကျန်းဇီမော့က သူ့ကိုမေးလိုက်၏။
"မင်းငါ့ကို ကူညီပေးနိုင်မလား"
ဝမ်ပေါ် ခဏလောက်စဉ်းစားပြီး မဆိုင်းမတွပင် သဘောတူလိုက်သည်။
"အိုခေ"
"မင်း လိုချင်သရွေ့ ကိုယ်မင်းကို ကူညီဖို့ ဆန္ဒရှိတာပေါ့ ... ဝမ်မင်ယီက talent showတစ်ခု
မှာ ပွဲဦးထွက်ခဲ့တာပဲ...မင်းလည်းtalent showမှာ ပါချင်တာလား"
"ငါက လူရွေးတာကို စိတ်မဝင်စားဘူး"
ကျန်းဇီမော့က ပြောလာသည်။
"ငါ သရုပ်ဆောင်ချင်တယ်...အခုတလော တခြားရင်းနှီးမြုပ်နှံမှုတွေ မလုပ်ချင်ဘူးလား၊..ရုပ်ရှင်နဲ့ TVဇာတ်လမ်းတွဲတွေရဲ့ ရင်းနှီးမြုပ်နှံမှုကာလက တိုတဲ့အပြင် အမြတ်အစွန်းလည်း များတယ်... အဲဒါကို မစဉ်းစားဘူးလား"
"မင်းမှာ ဝင်သရုပ်ဆောင် ချင်တဲ့ ရုပ်ရှင်နဲ့ TVဒရာမာတွေများ ရှိလား"
ဝမ်ပေါ်က မေးလိုက်၏။
ကျန်းဇီမော့က ပြုံးလိုက်သည်။
"ငါ့ဝင် သရုပ်ဆောင်ချင်တဲ့ ရုပ်ရှင်နဲ့ TV ဒရာမာတွေရယ်လို့ မရှိပါဘူး... ဖျော်ဖြေရေးနယ်ပယ်နဲ့လည်း မရင်းနှီးဘူးလေ...ငါကတော့ ရုပ်ရှင်ဧကရာဇ် နဲ့ရုပ်ရှင်ဘုရင်မလိုမျိူးသရုပ်ဆောင် တွေနဲ့ဆို ပိုစိတ်ချရမယ်ထင်တယ်...သူတို့က ငါ့ထက် အတွေ့အကြုံပိုရှိတယ်...ခန်းကျယ်က အခုတလော ရုပ်ရှင်ရိုက်တော့မှာ မဟုတ်ဘူးလား..ဒီဇာတ်ကားမှာ ရင်းနှီးမြုပ်နှံမှုလိုလားဆိုတာ မင်း ကြည့်လို့ ရတယ်လေ... ခန်းကျယ်ကြောင့် ပိုက်ဆံဆုံးရှုံးရင်တောင် အရမ်းကြီး ဆုံးရှုံးမှာမဟုတ်ဘူး"
(T/N—အတော်လေး ရိုက်သတ်ချင်စရာကောင်းတဲ့ Shouပါ ဘယ်လိုများဇာတ်လိုက်ဖြစ်လာပါလိမ့်)
"ကောင်းပြီ"
ဝမ်ပေါ် သူ့ရဲ့ အကြံပြုချက်ကကောင်းသည်ဟု ထင်မိလေသည်။
"ကိုယ့်အဲ့အကြောင်း ပိုသိတဲ့အချိန်ကျ... ကိုယ်တတ်နိုင်ရင် ဒီဒရာမာမှာ ရင်းနှီးမြုပ်နှံမယ်... ပြီးရင် အဲ့ထဲမှာမင်းကို တစ်နေရာဝင်သရုပ်ဆောင်ခိုင်းလို့ရပြီး... မင်းကို ဂရုစိုက်ပေးဖို့အတွက် ကိုယ်ရှိနေတော့ ... တခြားသူတွေက မင်းကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူး"
"ကျေးဇူးပါ"
ကျန်းဇီမော့က တိုးတိုးလေး ပြောလိုက်၏။
"မင်းငါ့ကို သိပ်ကြင်နာတာပဲ"
ဝမ်ပေါ်က သူ့ပုခုံးပေါ်သို့ လက်မောင်းဖြင့်သိုင်းဖက်ကာ
"ကိုယ် မင်းကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံပါ့မယ်"
ထိုစကားကိုကြားတော့ ကျန်းဇီမော့ သူ့နှလုံးသားထဲတွင် အနွေးဓာတ်လေးတစ်ခုကိုဖြတ်စီးဆင်းသွားသလို ခံစားလိုက်ရသည်။ သူ့ရှေ့ကလူကိုကြည့်နေရင်း သူ့နှလုံးသားထဲတွင် အေးချမ်းမှာများပြည့်နေခဲ့သည်။ သို့သော် မကြာမီတွင် သူနှစ်သက်ပြီး လိုက်ပိုးခဲ့သော စစ်ကျွင်းတောက် အကြောင်းကို တွေးလိုက်မိသည်။ သူစစ်ကျွင်းတောက်းအပေါ် ကောင်းပေးနိုင်ရန်အတွက် အလွန်အမင်းကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ သူဘာတစ်ခုမှမရခဲ့ပေ။
စစ်ကျွင်းတောက် အခု ဘာများလုပ်နေလဲ မသိဘူး...အခုတလော သူဘယ်လိုနေလဲ...
ကျန်းဇီမော့ အိမ်ပြန်ရောက်လာခဲ့သည် ။ ဆိုဖာပေါ်မှာ ထိုင်နေပေမဲ့ စစ်ကျွင်းတောက်၏ မျက်နှာက အမြဲပေါ်လာနေလေသည်။ သူစစ်ကျွင်းတောက်ကို ကို မတွေ့တာကြာပြီ။ စစ်ကျွင်းတောက်က သူ့ကို စစ်ကုမ္ပဏီမှ နှင်ထုတ်ခဲ့သည်။ အကြိမ်ပေါင်းများစွာ ပြန်သွားခဲ့ပြီး ခွင့်လွှတ်မှုကို တောင်းခံချင်သော်လည်း တံခါးရှိ လုံခြုံရေးအစောင့်က သူ့ကို လုံးဝ ဝင်ခွင့်မပြုပေ။
သူသည် မသိလိုက်ဘာသာဖြင့် သက်ပြင်းချမိကာ သူ သူ့ကို အရမ်းလွမ်းနေသေးကြောင်း သိလိုက်ရသည် ။
သောကြာနေ့ မနက်ခင်းမှာ ဝမ်မင်ယီ ဟာ ထုံးစံအတိုင်း စစ်ကျွင်းတောက် နဲ့ အလုပ်သွားခဲ့လေ သည်။
စစ်ကျွင်းတောက်က သူပုံမှန်အတိုင်းသူနှင့်အတူအပြင်ထွက်တာကို ကြည့်နေခဲ့ပြီး အခုနောက်ပိုင်း သူတကယ်ကို သူ့ကိုတွယ်ကပ်နေတာပဲဟုသာ ခံစားနေရသည်။
"မင်း အတန်း မသွားဘူးလား"
စစ်ကျွင်းတောက် သူ့ကိုမေးလိုက်သည်။
" ကျောင်းမတက်တာ ရက်တော်တော်ကြာနေပြီမလား"
ဝမ်မင်ယီက ကလူ၏သို့မြူ၏သို့ဟန်ဖြင့်ပြောလာ၏
"ကျွန်တော် ကောနဲ့ အတူနေချင်တယ်"
"ကောကထွက်ပြေးမသွားပါဘူးကွာ... အခုမင်းက ရုပ်ရှင်ရိုက်မနေဘူးလေ... ပေါ်တင်ကြီး အတန်း ပျက်နေတာ သင့်တော်တယ်လို့များထင်နေတာ လား"
ဝမ်မင်ယီက ချက်ချင်း သူ့ကို ပွေ့ဖက်လိုက်ပြီး "သင့်တော်တယ်... ကျွန်တော့ကောင်လေးနဲ့ဆို အချိန်မရွေးသင့်တော်တယ်"ဟု တိုးတိုးအီအီလေး ဆိုလာ၏။စစ်ကျွင်းတောက် သူ "ကောင်လေး" ဆိုသည့် စကားလုံးနှစ်လုံးကို ပြောသည်အား ပထမဆုံးကြားဖူးခြင်းဖြစ်ကာ မသိလိုက်ဘာသာဖြင့် ရယ်မိသွားပြီး၊ ထို့နောက် သူရယ်ရမည့်အချိန်မဟုတ်မှန်း သတိကပ်သွားသဖြင့် လေးနက်သည့်ဟန်ဖြစ်အောင် အတင်းအကြပ်ကြိုးစားလိုက်ကာ...
"မသင့်တော်ဘူးထင်တယ်"
"ကော ကျွန်တော့် ကိုမချစ်တော့ဘူး"
ဝမ်မင်ယီက စိတ်ဆိုးဟန်ပြုလိုက်သည် ။
"လူတွေက ခုနစ်နှစ်တာ ရွပိုးထိုးမှု*လို့ ပြောကြတယ်...ကျွန်တော်တို့က ခုနစ်နှစ်တောင် မဟုတ်ဘူး.. ခုနစ်လတောင် မရောက်သေးခင် ကောကကျွန်တော့်ကို ငြီးငွေ့နေပြီ"
(T/N- စုံတွဲတွေက တွဲပြီး ခုနစ်နှစ်မြောက်မှာ ငြိးငွေ့တာ၊စိတ်ကုန်တာ၊ လမ်းခွဲပျက်ဆဲတာတွေဖြစ်တတ်လို့ပါတဲ့)
စစ်ကျွင်းတောက် ကူကယ်ရာမဲ့စွာဖြင့် သူ့နဖူးကို
ထုလိုက်၏ ။
"မင်းက ကျောင်းသားတစ်ယောက်လေကွာ"
"ကျောင်းသားတွေလည်း အတန်းပျက်ခွင့်ရှိတယ်"
"မင်းက အရမ်းများနေပြီလေ"
"ကျွန်တော်က အခုနောက်ပိုင်းမှ လူကြိုက်များလာတာ မဟုတ်ပါဘူးနော်... ကျောင်းတက်ရတာ အဆင်မပြေဘူး...ကောမသိဘူး...အခုတလော ကျွန်တော့်ဖန်တွေက ကျောင်းတံခါးမှာ ကျွန်တော့်ကို ပိတ်ဆို့ဖို့ စောင့်နေကြတယ်... ကျန်းဟမ့်က ကျွန်တော့်ကို WeChat ပို့ပြီး အိမ်မှာပုန်းနေခိုင်းတာ နှစ်ရက်ရှိပြီ..."
"တကယ်လား..."
စစ်ကျွင်းတောက် အတော်ပင် သင်ကာမကင်းဖြစ်နေလေသည်။
ဝမ်မင်ယီက ကြက်ပေါက်လေးဆန်စေ့ကောက်နေသကဲ့သို့ ခေါင်းညိတ်ပြကာ
"တကယ်... ကျွန်တော် ကောကို မလိမ်ပါဘူး"
စစ်ကျွင်းတောက်က သူ့ကို ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် ကြည့်နေ၏။ ဝမ်မင်ယီက သူ့ခါးကို ပွေ့ဖက်ပြီး ချွဲချွဲနွဲ့နွဲ့လေးပြောလိုက်သည်။
"ကျွန်တော် ကောကိုလာကြိုမယ်လို သဘောတူထားပြီးပြီလေ...ကောဘာလို့စကားမတည်ရတာလဲ... ကျွန်တော်ကို သွားပဲသွားခိုင်းနေတယ်...ကျွန်တော်က အရမ်းကောင်းတယ် မဟုတ်ဘူးလား"
စစ်ကျွင်းတောက်လည်း သူ့ကိုဘာမှမတတ်နိုင်တော့။
"အိုခေ...ကိုယ့်ဘာကိုယ် စာအုပ်ဖတ်ဖို့သတိရ"
"သိပါတယ်... စိတ်မပူပါနဲ့"
ဝမ်မင်ယီကပြောရင်းပင် သူအား ခေါင်းမော့ပြီး နမ်းလိုက်ကာ "ကောက အကောင်းဆုံးပဲ"
"ငါ မင်းကို အရာရာကို သဘောတူပေးလိုက်ချိန်ကျ ငါကအကောင်းဆုံးပဲ"
ဝမ်မင်ယီက ပြုံးဖြီးဖြီးလုပ်ကာဖြင့်
"ကောကျွန်တော့်ကို ချစ်မှန်း ကျွန်တော် သိတယ်"
စစ်ကျွင်းတောက် အကူအညီမဲ့စွာ ပြုံးလိုက်ပြီး လူကို ကားထဲသို့ ထိုးထည့်ကာ တစ်ဖက်က မောင်းသူနေရာသို့ တက်သွားလိုက်သည်။
ဝမ်မင်ယီ ကားထဲမှာထိုင်ပြီး သီချင်းဖွင့်လိုက်၏။ တကယ်တော့ သူကျောင်းမတက်ချင်ပေမဲ့ ဒီရက်ပိုင်းအတွင်း သူ့အတွက် တစ်ခုခုဖြစ်သွားမလားဟု အမြဲစိုးရိမ်နေမိသည်။ တစ်ခုခုဖြစ်သွားမှာကို သူကြောက်သဖြင့် စစ်ကျွင်းတောက် နဲ့ အတူတူနေချင်ခြင်းဖြစ်လေသည်။ ဒါမှသာ တစ်ခုခုဖြစ်ခဲ့ရင် စစ်ကျွင်းတောက်ကို နောက်ဆုံးအကြိမ်မတွေ့လိုက်ရလေခြင်းဆိုပြီး သူနောင်တမရမှာဖြစ်၏။
ထို့အပြင်၊ ဘာကြောင့်မှန်းမသိသော်လည်း စစ်ကျွင်းတောက် ရှိနေသည့်အခါတွင် သူသည် ပို၍သက်တောင့်သက်သာရှိပြီး ဘေးကင်းလုံခြုံသည်ဟု အမြဲတမ်းခံစားမိသည်။
သူမတော်တဆမှုဖြစ်တိုင်း စစ်ကျွင်းတောက် က သူ့ဘေးနားမှာရှိမနေသလိုပင်။သူ မျက်တောင်ခတ်လိုက်ရင်း စစ်ကျွင်းတောက်ကို လှည့်ကြည့်လိုက်သည်။လက်ရှိအချိန်တွင် အရင်ဘဝ၌ သူသည် သေသွားခဲ့ပြီဖြစ်သည်။ ယခုမူ သူအသက်ရှင်နေသေးပြီး စစ်ကျွင်းတောက်ကို သူ့မျက်လုံးများ နှင့်မြင်နိုင်ဆဲဖြစ်ကာ ပွေ့ဖက်နမ်းရှုံ့နိုင်နေသေးသည်။လက်ရှိအချိန်သည် ခိုးယူထားအချိန်နှင့်တူပြီး လူတွေအား တစ်ချိန်တည်းတွင် ပျော်ရွှင်မှုနှင့် စိတ်မသက်မသာဖြစ်မှုကို ခံစားရစေသည်။
အရင်ဘဝတုန်းက သူနှင့်စစ်ကျွင်းတောက်တို့က ပြန်မသင့်မြတ်ခဲ့ကြပေ။ သူတို့နှစ်ဦးတွေ့ဆုံကြတိုင်း စစ်အေးတိုက်ပွဲဖြစ်စေ၊ စကားများရန်ဖြစ်၍ဖြစ်စေရှိခဲ့ကြသော်လည်း စစ်ကျွင်းတောက်သည် သူ၏သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေဆဲဖြစ်သည်။ ဤဘဝတွင် သူနောက်ထပ် မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါက စစ်ကျွင်းတောက် ဘာဖြစ်မလဲဆိုသည်ကို တွေး၍ပင် ခက်လှသည်၊ ၎င်းသည် စစ်ကျွင်းတောက်အတွက် ရက်စက်လွန်းရာကျသဖြင့် သူတွေးပင် တွေးမကြည့်ချင်ပါလေ။
ထို့ကြောင့် သူသည် ကောင်းကောင်း အသက်ရှင် နေရမည်ဖြစ်ပြီး စစ်ကျွင်းတောက်အတွက်လည်း ကောင်းကောင်း အသက်ရှင်ပေးရမည်ဖြစ်လေသည်။
"ဘာလို့ ငါ့ကို ဆက်တိုက်ကြည့်နေတာလဲ"
စစ်ကျွင်းတောက် သူ့ကို တစ်ချက်ကြည့်လိုက်၏။
"မင်းဘာတွေစဉ်းစားနေတာလဲ"
ဝမ်မင်ယီ ပြုံးလိုက်ကာ
"ဘယ်အချိန် ပထမဆုံး မီးနီနဲ့ တွေ့ရမလဲလို့တွေးနေတာ"
"ဘာလို့ မီးနီကို တွေ့ချင်တာလဲ..."
စစ်ကျွင်းတောက် နားမလည်ပေ။
"ကောကျွန်တော့်ကို ဖက်ပေးထားစေချင်လို့"
စစ်ကျွင်းတောက်၏ နှလုံးသားကခုန်လှုပ်သွားပြီး ချက်ချင်းနီးနီးပင် ဘရိတ်နင်းလိုက်မိသွားသည်။
သူခေါင်းလှည့်ကာ ဝမ်မင်ယီကို ကြည့်လိုက်ချိန်တွင် ဝမ်မင်ယီက သူ့အားပြုံးလျက်ကြည့်နေခဲ့ကာ လက်နှစ်ဖက်ကိုဖွင့်ဟထားပြီး...
"ကောကျွန်တော့်ကို ဖက်တော့မှာလား" ဟု စိတ်အားထက်သန်စွာဖြင့် ပွင့်ပွင့်လင်းလင်းမေးလာ၏။
စစ်ကျွင်းတောက် သည် ဝမ်မင်ယီ ချစ်မိသွားမည့်ပုံစံများစွာကို တွေးတောခဲ့ဖူးသည်။ သူထင်ခဲ့သည်မှာ သူ့ရဲ့မင်မင်လေး ချစ်မိသွားလျှင် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းနေမည်ဟုပင်။ သူသည် အလွန်ထူးကဲသည့် ရုပ်ရည်ရှိပြီး ကြင်နာတတ်သော နှလုံးသားရှိလေ သည်။ သူ့အချစ်တွေကို ပွင့်ပွင့်လင်းလင်းပြောမည်။ သူ့ချစ်သူအပေါ် ငဲ့ညာပေး လိမ့်မည်။ သူသည် ထိုပုဂ္ဂိုလ်ကို အမြဲပင် မနာလိုဖြစ်နေခဲ့ပြီး ထိုသူအချိန်အတော်ကြာမှ ပေါ်လာဖို့ရာ မျှော်လင့်နေခဲ့၏။
သို့သော် ထိုသူသည် သူ့ကိုယ်တိုင် ဖြစ်လာလိမ့်မည်ဟုကား သူ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ဝမ်မင်ယီချစ်မိသွားလျှင် သူတွေးဖူးသည်ထက် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းမည်ဟုလည်း သူ မမျှော်လင့်ထားခဲ့ပေ။
သူသည် နေ့တိုင်း သက်ဝင်မှုအပြည့်ရှိသည့် နေမင်းသေးသေးလေးကဲ့သို့ပင်၊ နေ့တိုင်းပင် မင်းကို ဒီနေ့ ငါမင်းကို ချစ်တယ်၊ မနေ့ကထက် မင်းကို ပိုချစ်တယ်ဟု ပြောဖို့ ကြိုးစားနေမည်ဖြစ်သည်။
မင်း သူ့ကို ပွေ့ဖက်နိုင်ဖို့ သူ့လက်များကိုဖွင့်ပေးထားမည်ဖြစ်သကဲ့သို့ မင်း သူ့ကို နမ်းနိုင်ဖို့ရာလည်း သူ့ခေါင်းလေးကိုမော့ပေးထားမည်ဖြစ်ကာ မင်းနဲ့ပရောပရည်လုပ်ပြီး မင်းကိုချစ်တဲ့အကြောင်းတွေကိုလည်းပြောနေပါလိမ့်မည်။
သူသည် သေးငယ်သော ကျောက်သကြားလုံးလေးကဲ့သို့ ကြည်လင်ပြတ်သားပြီး အတွင်းမှအပြင်အထိချိုမြိန်မှုအတိပြီးနေလေသည်။
စစ်ကျွင်းတောက် သူ့ကို ငုံ့ကာပွေ့ဖက်လိုက်ရင်း သူ့ရဲ့ကျောက်သကြားလုံးချိုချိုလေးကို နမ်းလိုက်လေ၏။