Chapter 37
( အချိန်အတော်ကြာ ပါဝင်ခဲ့သည်...)
"မစ္စစု... မင်းရဲ့ဂိုဏ်းကို သိနိုင်မလား"
အိမ်ရှင်က စုမုန့် ကို သဘောကျစွာ ကြည့်နေသည်။
"ကျွန်မက ဘာမှအထူးအဆန်းမဟုတ်ပါဘူး"
စုမုန့် က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။သူမ ပြောပြီးသည်နှင့် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုကဲ့သို့ ပြောင်မြောက်သော ဖုန်းရွှေပညာရှင် တွင် ဂိုဏ်းမရှိပေ။ထို့ကြောင့် တခြားသူများက စုမုန့်ကို မျက်စိကျခဲ့ပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ စောင့်၍ သူမကို သူတို့ဂိုဏ်းထဲ ခေါ်ယူရန်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်။ ပထမပြိုင်ပွဲပြီးဆုံးပြီးနောက် စုမုန့် အပါအဝင် စုစုပေါင်း ရှစ်ဦးမှာ ခဏလောက် အနားယူပြီး နောက်တစ်ဆင့်ကို စောင့်ကြရသည်။ကျရှုံးသူတွေကို ပြိုင်ပွဲမှ တိုက်ရိုက်ဖယ်ရှားပစ်မည်ဖြစ်သည်။ဤပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်သူများသည် ထူးချွန်ထက်မြက်သော ဖုန်းရွှေပညာရှင် များပင်။ ပထမအကျော့မှာ ပါဝင်ဖူးသူများပင် နောင်တစ်ချိန်ကျလျှင် ဤကိစ္စကို လူကြားထဲမှာ ကြွားလုံးထုတ်ကောင်းသည်။
"မင်းဒီလောက်သန်မာမယ်လို့ ငါမမျှော်လင့်ထားဘူး...ကျောက်တုံးဟာ ရတနာဆိုတာ မင်း ချက်ချင်းသိတာပဲ"
ထိုလူသည် စုမုန့် ၏ နံဘေးသို့ လျှောက်သွားပြီး ချီးမွမ်းစကားပြောသည်။
"ကျွန်မက ဒီတိုင်း ခန့်မှန်းလိုက်တာပဲ"
စုမုန့် က ပေါ့ပေါ့ပါးပါး ပြောလိုက်လျှင်..
"ခန့်မှန်းတယ်.. ဒါဆိုရင် မင်းကံကောင်းလွန်းတယ်...မင်းရွေးချယ်တဲ့ကျောက်က အမြဲရှိနေတာ...ငါသာ စောစောက သိခဲ့မယ်ဆိုရင် အဲဒါကိုပဲ ရွေးဖြစ်မှာ... အဆင့်သတ်မှတ်ချက်က အရေးမကြီးပေမယ့် နောက်တစ်ဆင့်တက်ရင်ကို မဆိုးဘူး…အဲ့ဒီကျောက်တုံးကို နှစ်တိုင်း ဘယ်သူမှ ရွေးကြတာမဟုတ်ဘူး"
လူချောက သက်ပြင်းချလိုက်ပြီး သနားစရာကောင်းအောင်ပင် ညီးညူနေသည်။
"ရှင်က ဒီပြိုင်ပွဲမှာ ပြိုင်နေတာ ဘယ်နှနှစ် ရှိပြီလဲ"
စုမုန့် က မေးလိုက်ရာ သူ့မျက်နှာက နီမြန်းသွားကာ သူ ခေါင်းကို ပွတ်သပ်ရင်း အနည်းငယ်ရှက်ရွံ့စွာပြောသည်။
“သုံးနှစ်...အလေးအနက်ပြောရရင် ပထမနေရာနဲ့ နည်းနည်းဝေးတဲ့အချိန်တိုင်း ဝင်ပြိုင်ဖြစ်ခဲ့တာပေါ့... လူတိုင်းမှာ အခွင့်အရေးလေးခါပဲရှိတယ်... ဒါက နောက်ဆုံးအကြိမ်ပါ...ဒီတစ်ခါ ကျွန်တော် အစွမ်းကုန်ပြိုင်မှာပါ"
"ဒါကို မှတ်ပုံတင်တာကျတော့ ဘယ်လိုခဏခဏ ပြန်တင်တာလဲ"
စုမုန့် အံ့သြသွားသည်။ မှတ်ပုံတင်စည်းကမ်းများကို စစ်ဆေးကြည့်သည့်အခါ လူတိုင်းမှာ အခွင့်အရေးတစ်ခါပဲ ရှိသည်ဟု ပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။
“ဟုတ်တယ်. ဒီလောက်အခွင့်အရေးအများကြီး မရနိုင်ဘူး…ပြိုင်ပွဲမှာ ပထမနေရာကိုရရင် ချက်ချင်းအောင်မြင်မှာပါ… ဒုတိယနေရာကို ရရင်တော့ ပြိုင်ပွဲကို ပြန် ပါဝင်ခွင့်ရမှာ...တခြား အဆင့်နေရာရရင်တော့ နောက်ဘယ်တော့မှ မပြိုင်ရတော့ဘူး"
"ဒါဆို ရှင်က ဒုတိယနေရာချည်းရခဲ့တာလား"
လူချော:“…”
"စကားမစပ် ငါ့နာမည်က ရှန့်ကျန်း ပါ...ငါတို့သူငယ်ချင်း လုပ်ကြရင် ဘယ်လိုလဲ…မင်းက မိန်းကလေး၊ ဂိုဏ်းကလည်းမရှိသေးဘူး၊ပြီးတော့ ပထမပြိုင်ပွဲမှာတင် မင်းက အားလုံးကို အရမ်းဖမ်းစားသွားတယ်... နောက်ဆို မင်းကို ပစ်မှတ်ထားတဲ့လူတွေ ရှိလာမှာ သေချာတယ်...ငါတို့ အတူတူ ပြိုင်ပြီး သရေပူးတွဲပထမဆု ယူရင် ဘယ်လိုလဲ...တစ်ကယ်လို့ ပထမနေရာကို ငါ ရသွားရင်တောင် မင်းကတော့ ဒုတိယနေရာကို ရလည်း ပြဿနာမရှိဘူးမလား"
ရှန့်ကျန်း သည် ကလေးများကို လှည့်စားတတ်သော မကောင်းသည့် ဦးလေးတစ်ယောက်လိုပင်။ သူ့ပါးစပ်ထောင့်များက ကွေးညွှတ်ကာ ဆိုးသွမ်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
စုမုန့် သူ့ကို ခဏလောက် စိုက်ကြည့်နေမိကာ တစ်ခဏတွေးနေသလိုမျိုး ခေါင်းငုံ့ထားလိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
“ရှင် ငယ်ငယ်တုန်းက မိဘတွေ ဆုံးသွားတယ်…အဲဒီနောက် ရှင့်ကို တာအိုခရစ်ယာန်ဘုန်းကြီးတစ်ပါးက မွေးစားပြီး အံ့သြဖွယ်ကောင်းကင်ဘုံဂိုဏ်းထဲကို ဝင်ခဲ့တယ်...ဒါ ပေမယ့် ရှင်က အထီးကျန်မိစ္ဆာ ကြယ်ပွင့် အဖြစ်မွေးဖွားလာတာဆိုတော့ တာအိုခရစ်ယာန်ဘုန်းကြီးကလည်း ရှင့်အသက် 16 နှစ်မှာ ဆုံးသွားပြန်တယ်...ရှင့်ရဲ့ ဆရာတူသူငယ်ချင်းတွေကလည်း သည်းမခံဘဲ နှင်ထုတ်ခဲ့တယ်”
"ရှင့်ဘဝက ကြမ်းတမ်းဖို့ကံပါလာတယ်..ဆင်းရဲတဲ့ဘဝနဲ့ နေရလိမ့်မယ်... ဒါပေမယ့် ကုသိုလ်ကောင်းမှု များများလုပ်ရင် ပြောင်းလဲဖို့အခွင့်အလမ်းရှိတယ်...မကောင်းကြံကြံရင် လမ်းမပေါ်မှာပဲ သေရလိမ့်မယ်"
ရှန့်ကျန်း သည် သူမ စကားကြောင့် ထိတ်လန့်သွားကာ သူမကို စိုက်ကြည့်နေမိသည်။စုမုန့်က ကြောင်ကြည့်နေသူကို မျက်လုံးရှေ့မှာ လက်ပြလိုက်မှသာ ရှန့်ကျန်း သတိပြန်ဝင်လာသည်။
"မင်းက တစ်ကယ်ပဲ သိပ်ထူးဆန်းတာပဲ"
ရှန့်ကျန်း ၏အမူအရာသည် ရုတ်တရက် လေးနက်လာပြီး အစပိုင်းက ကောက်ကျစ်သော အကြည့်တို့မရှိတော့ပေ။ စုမုန့် ခုနကပြောခဲ့သည့်စကားက သူ့ဆရာ ပြောခဲ့သည့်စကားနှင့် သိပ်မကွာပေ။
သူ့မိဘတွေက ခြောက်နှစ်သားအရွယ်မှာ ကားမှောက်ပြီး သေဆုံးသွားသည်။ သူ့အဖွားဖြစ်သူမှာ အစကတည်းက ကျန်းမာရေးမကောင်းသည့်အပြင် သူ့သားက ရုတ်တရက် ဆုံးသွားခဲ့၏။ ထို့ကြောင့် သူမသည် စိတ်ဒဏ်ရာရရှိခဲ့ပြီး နှစ်လအကြာတွင် သေဆုံးသွားခဲ့သည်။ သူ့ကို အကောင်းဆုံး ဆက်ဆံခဲ့သူတွေက သူ့ကို ထားသွားကြသည်။ပြီးလျှင် ကျန်ဆွေမျိုးများက
သူ့ကိုသုံးနှစ်ကြာ ပြုစုစောင့်ရှောက်ပေးကြသည်။ ဤသုံးနှစ်အတွင်းတွင် သူ၏ဝမ်းကွဲ ဦးလေးနှင့် အဒေါ်တို့သည်လည်း တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်သွားကြသည်။ဆရာဖြစ်သူနှင့် တွေ့ပြီးဆရာက သူသည် သူ့သခင်က အထီးကျန်မိစ္ဆာ ကြယ်ပွင့်အဖြစ်မွေးလာသည့်အတွက် ဆွေမျိုးများနှင့်နေ၍မဖြစ်ကြောင်းပြောခဲ့သည်။သို့သော်၊ ငယ်ငယ်ရွယ်ရွယ်နှင့် သူ့မှာ သွားစရာနေရာမရှိသဖြင့် ရှစ်ကျင်း တောင်ကို ခေါ်သွားပြီး သူ့အသက်16နှစ်အထိ ပြုစုစောင့်ရှောက်ခဲ့၏။သို့သော် ဆရာကလည်း နောက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။ ဆရာ၏တပည့်များနှင့် ညီအစ်ကိုများ အားလုံးသည် သူသည် အထီးကျန်မိစ္ဆာ ကြယ်ပွင့်ဖြစ်ရန် သိကြပြီး သူ့ကို မကျေနပ်ကြပေ။ထို့ကြောင့် ဆရာဖြစ်သူကိုသတ်ခဲ့တာကြောင့် ရှစ်ကျင်းတောင်မှ နှင်ထုတ်လိုက်ကြ၏။
(ငါပဲ ဖြစ်သင့်တာ...)
သို့သော် ဆရာဖြစ်သူ၏တပည့်သားချင်းများကို ရှန့်ကျန်း လုံးဝအပြစ်မတင်ပေ။ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည့် လူပေါင်းများစွာကို သတ်သော သူ့ကံဆိုးမှုကိုသာ အပြစ်တင်မိသည်။
မသေဆုံးမီတွင် သူ၏ဆရာသည် အထီးကျန်မိစ္ဆာ ကြယ်ပွင့်ဆိုသည်မှာ ကြောက်စရာမဟုတ်ကြောင်းကိုလည်း သတိပေးခဲ့သည်။ နောင်တွင် ကုသိုလ်ကောင်းမှု များများပြုပါက မိမိကံကြမ္မာကို ပြောင်းလဲရန် အခွင့်အလမ်း ရှိလိမ့်မည်ဟုဆို၏။ ထို့ကြောင့် အသက် 16 နှစ်တွင် တစ်ယောက်တည်း တောင်ပေါ်မှဆင်းလာခဲ့သည်။ သူ့ဘဝသည် အလွန်ခက်ခဲသော်လည်း အခြားသူများကို ကူညီ၍ ကုသိုလ်ကောင်းမှုပြုရန် မမေ့ခဲ့ပေ။သို့သော်၊ သူ့ကံကြမ္မာဆိုးကြောင့်လည်း ဘာကိုမှ မအောင်မြင်နိုင်ခဲ့။
ယခု ဖုန်းရွှေပညာရှင် ပြိုင်ပွဲအတွက် စာရင်းသွင်းဖို့ သူ့ဆရာ၏နာမည်ကို အသုံးပြုခဲ့သည်။သူကျော်ကြားလာပါက ချမ်းသာသူတွေက သူ့ကို ဖုန်းရွှေ ဖြေရှင်းခိုင်းဖို့ လာရှာကြလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။သူ့ကို စိတ်မသက်မသာဖြစ်စေသည့် အရာကတော့ ပြိုင်ပွဲတော်တော်များများမှာ ပါဝင်ခဲ့ဖူးပြီး အမြဲတမ်း ဒုတိယနေရာကို ရခဲ့သော်လည်း ဘယ်သူကမှ သူ့ကို သတိမထားမိခဲ့ခြင်းပင်။ ထို့ကြောင့် သူ၏ လက်ရှိ စွဲလမ်းမှုသည် ပထမနေရာကို ရယူရန်ဖြစ်သည်။ပထမနေရာသာရပါက၊ သူ့ကို ဘယ်သူမှ လျစ်လျူရှုထားမှာ မဟုတ်ပေ။
စုမုန့် က ယခုမှ သူနှင့်ပထမဆုံးတွေ့ဖူးခြင်းဖြစ်ကာ ဤအကြောင်းကိုမည်သူ့ကိုမျှ မပြောခဲ့ဖူးပေ။ သူ့အကြောင်းကို တခြားသူတွေဆီက ကြားဖို့ မဖြစ်နိုင်ချေ။ ဤမျှတိတိကျကျပြောနိုင်ခြင်းက သူမ၏ စွမ်းရည်ကို ပြသခြင်းဖြစ်သည်။သို့သော် စွမ်းရည်မြင့်မားခြင်းသည် ကောင်းမွန်သော်လည်း အားနည်းချက်များလည်း ရှိသည်။ ဂိုဏ်းများမရှိသူက လုံးဝအဆင်မပြေနိုင်ပေ။သူမကဲ့သို့ ထူးချွန်သူတစ်ဦးအတွက်၊ သူမသည် ပြိုင်ပွဲတွင် ထင်ရှားကျော်ကြားလာသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲပြီးဆုံးပြီးနောက် ဂိုဏ်းပေါင်းစုံက သူမကို အနိုင်ယူမည်မှာ သေချာသည်။ အကယ်၍ သူမသည် မည်သည့်ဂိုဏ်းကိုမှ မသွားပါက ဂိုဏ်းအားလုံးထံမှ ဝိုင်းပယ်ခံရမည်ဖြစ်သည်။
ရှန့်ကျန်း နှင့် ဘာမှမဆိုင်သော်လည်း သူက ကောင်းသည့်အလုပ်များ လုပ်ခဲ့သူဖြစ်၍ စုမုန့် ကို သတိပေးချင်မိသည်။
"ဟုတ်တယ်...ကျွန်မက ဒီအတိုင်း ရှေးဟောင်းပစ္စည်းရောင်းသူပါ"
စုမုန့် သည် အမှန်တစ်ကယ်ပင် ပေါင်းသင်းဆက်ဆံရေးမရှိသူဖြစ်သည်။ သူမသည် မကြာသေးမီကမှ ဤလုပ်ငန်းထဲသို့ ဝင်ရောက်လာသည်ဟုပင် ဆိုနိုင်သည်။ဆရာဖြစ်သူကလည်း ဘယ်ဂိုဏ်းကမှန်း သူမ မသိပေ။သူသည် နေ့တိုင်း ရှေးဟောင်းပစ္စည်းကိုသာ ရောင်းသည်။ အများအားဖြင့်တော့ ကောရှန်း၏ ရှေးဟောင်းဆိုင်လေးကို လူတော်တော်များများက သိပ်ပြီးမလာရောက်ကြချေ။ သူမသည် အင်တာနက်မှာ အတော်လေးနာမည်ကြီးလာပြီးနောက်မှာသာ လူများလာခြင်းပင်။
သူမ ဖုန်းရွှေ သင်ယူနေစဉ်က ဆရာဖြစ်သူနောက်ကို အမြဲလိုက်သွားပြီး သုဿန်တွေ၊ သစ်တောတွေ သို့မဟုတ် လူဆိတ်သည့် ရွာလိုမျိုး နေရာတွေဆီ သွားလေ့ရှိသည်။ သူမက ပြဿနာများဒိုင်ခံဖြေရှင်းရပြီး ဆရာက အကဲဖြတ်ပေးသည်။ ဗေဒင်ပညာကို သင်ယူရင်း နေ့တိုင်း ဆိုင်အ၀င်ဝမှာ ထိုင်ကာ သူမသည် လမ်းသွားလမ်းလာများကြားတွင် လေ့ကျင့်ပြီး ဆရာက မှန်၊မမှန် ထောက်ပြလေ့ရှိသည်။
ဗေဒင်ဟောခြင်းသည် ကံကြမ္မာကို မြင်နိုင်သော်လည်း လူတို့၏နှလုံးသားကို မမြင်နိုင်သော ကိစ္စဖြစ်သည်။ ထို့ကြောင့် သူမသည် ဝေ့ရွှယ် ကြောင့် ဆိုးကျိုးများခဲ့ရသည်။
“တစ်ကယ်လို့ မစ္စစုက မပြောချင်ဘူးဆိုရင်တော့ မမေးတော့ဘူး...ဒါပေမယ့် ငါ သတိပေးချင်တယ်... မင်းမှာ ဂိုဏ်းမရှိရင် သိုသိုသိပ်သိပ် နေသင့်တယ်နော်...အခုဆို လူတွေက သိက္ခာမစောင့်ကြတော့ဘူး...ပိုက်ဆံပဲ တွေးနေကြတယ်"
“အခုက ဂိုဏ်းကြီးအချို့က လူတွေကို အုပ်စိုးနေလို့ ငါတို့လို တစ်ယောက်တည်းသမားတွေကို နှိမ်ကြတယ်… သူတို့ချည်း လက်ဝါးကြီးအုပ်ချင်နေကြတာ... တကယ်လို့ သူတို့က မင်းကို လာကမ်းလှမ်းလို့ မင်းသဘောမတူရင် မင်းကို ဝိုင်းလုပ်ကြလိမ့်မယ်"
ရှန့်ကျန်း သည် စုမုန့်ထံ ချဉ်းကပ်ပြီး အသံတိုးတိုးဖြင့် အကြံပေးသည်။ တခြားသူတွေ၏ အမြင်မှာတော့ စုမုန့် နှင့် ရှန့်ကျန်း တို့သည် တစ်ယောက်ကိုတစ်ယောက် သိကြသူများဟုထင်ကြသည်။သို့သော် သူတို့နှစ်ယောက်တည်းဖြစ်၍ သူတို့စိတ်ထဲမှာ ထိတ်လန့်မှုများမရှိချေ။
ထိုလူများထဲ ဝေ့ရွှယ် နှင့် ဝေ့ထင် မပါဝင်ပေ
“အစ်ကို ဝေ့ထင် ကြည့်စမ်း၊ ညီမ စုမုန့် က လူတွေနဲ့ ဆက်ဆံရေးကောင်းတယ်...သူမက အဲ့ဒီ လူနဲ့ အရမ်းရင်းနှီးပုံရတယ်...နှစ်ယောက်သား တိုးတိုးလေးပြောနေကြတာ"
ဝေ့ရွှယ် သည် စိတ်ထဲတွင် ဒေါသဖြစ်နေသော်လည်း အပေါ်ယံက ဟန်ဆောင်ထားခဲ့၏။ သူမ ခေါင်းကို လှည့်ကြည့်ရာ ဝေ့ထင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရသည်။ သူ့အကြည့်က စုမုန့် ကို စိုက်ကြည့်နေဆဲဖြစ်ပြီး သူမကို ဂရုမစိုက်ချေ။
ဝေ့ရွှယ် နားမလည်နိုင်ပေ။
"စုမုန့် က ဘာတွေ ဒီလောက်ကောင်းခဲ့တာလဲ...စုမုန့်က ဘယ်လိုဖြစ်ပြီး နေရာတိုင်းက ယောက်ျားတွေနဲ့ အကုန်ရင်းနှီးနေရတာလဲ...သူမကသာ အဲ့ဒီလိုမျိုး ရေပန်းစားနေသင့်တာ..."
ဝေ့ရွှယ် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်သည်။ သူမသည် ဝေ့မိသားစု၏ အကြီးဆုံးသမီးဖြစ်၍ အားလုံးက သူမကို အာရုံစိုက်သင့်သည်။သူမအစား တခြားသူကို အာရုံစိုက်နေလျှင်တောင် စုမုန့်ကတော့ မဖြစ်သင့်ပေ။
စုမုန့် သည် ပထမအသုတ်တွင် ကောင်းမွန်စွာ အောင်မြင်ခဲ့၍ ဝေ့ထင် က သူမကို တစ်ချိန်လုံး အာရုံစိုက်ခဲ့သည်။ ဝေ့ရွှယ် သည် ဝေ့ထင် ကို ကြည့်ပြီး ပြိုင်ပွဲစင်မြင့်ပေါ်မှ စုမုန့် ကို ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် အမုန်းတရားများက ပူလောင်စွာ ထွက်ပေါ်နေသည်။
"အစ်ကိုဝေ့ထင်…ညီမ ရေချိုးခန်းသွားမယ်"
သူမက ချိုသာသော အပြုံးဖြင့် ဝေ့ထင်ကို နှုတ်ဆက်လိုက်သည်။
“ကောင်းပြီ”
ဝေ့ထင် က တိုးတိုးလေးသာ တုန့်ပြန်လိုက်ပြီး ခေါင်းလှည့်တောင်မကြည့်ပေ။ထို့ကြောင့် သူမ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသော်လည်း ရည်မွန်သော အပြုံးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ထို့နောက် သူမ အိတ်ကို ယူကာ ထိုင်ခုံမှထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။
အနားယူချိန်ပြီးပြီဖြစ်၍ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ဒုတိယပြိုင်ပွဲ၏ ခေါင်းစဉ်မှာ တစ်စုံတစ်ခုကို ရှာဖွေရန်ဖြစ်သည်။ မကြာမီ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲစင်မြင့်မှ ထွက်ခွာသွားပြီးနောက် စင်မြင့်ပေါ်ရှိ ဖန်သားပြင်ကြီးသည် ရုတ်တရက် တောက်ပလာခဲ့သည်။ ပရိသတ်များက တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုကြမည်ဖြစ်သည်။
xxxxx