Chapter 162
ထိုသတင်းကိုကြားလိုက်သည်နှင့် ချီရှင်းချန် နေရာမှာတင် ဗိုင်းခနဲလဲ သေချင်သွားသည်။သူ"ချီရှင်းချန်" ၏တည်ရှိမှုကို လူတိုင်းမေ့သွားအောင်လုပ်ပစ်ချင်လာသည်။ ကမ္ဘာကြီး၏အစွန်းဆုံးမှာ တစ်ယောက်တည်းပဲ ကျန်ရစ်ချင်တော့သည်။
မဟုတ်ဘူး...
သူက ခေါင်းခါလိုက်သည်။ပိုင်ရဲ့က သူ့ကို လှည့်စားနေတာများလား...
ပိုင်ရဲ့က သူ့ကို မကြာမကြာ ညာပြီးဖြီးဖြန်းတတ်သည်။
နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်လေးဖြင့် ချီရှင်းချန် တုန်ရီနေသော လက်များဖြင့် အနီရောင်နှင့် အဝါရောင် မျက်လုံးအကြီးကြီးသင်္ကေတကို နှိပ်လိုက်သည်။
မူလပင်မစာမျက်နှာက ဒုတိယပင်မစာမျက်နှာဖြစ်နေသည်။
နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်ရေးရေးလေးဖြင့် သူ ၎င်းကို ထပ်နှိပ်လိုက်သည်။
— —တစ်ညလုံးတမ်းတမိတယ်: [အသဲ] [အသဲ] [အသဲ]
[ရုပ်ပုံ]
ပုံထဲမှာ သူနှင့် ပိုင်ရဲ့၏လက်တွေက တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူတို့၏အရိပ်တွေက တွဲလျက်သားပင်။
ချီရှင်းချန်: "…"
သွားပြီ...အကုန်လုံး သွားပြီ...
ပိုင်ရဲ့ဘယ်လိုတွေးသည်ကို သူ ဂရုမစိုက်နိုင်ပေ။ပန်ကိတ်လို ကုတင်ပေါ်တွင် ပြားပြားကြီးပက်လက်လန်လျက် မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။ ဆိတ်ငြိမ်ခြင်းသည် နှုတ်ဆက်ခွဲခွာခြင်း၏*ရှန်းရှောင်းဖြစ်ပြီး တိတ်ဆိတ်မှုသည် ယနေ့ည၏ခရာဖြစ်သည်။
(T/N–ကျူရိုးလေမှုတ်တူရိယာ)
ခဏတာ စိတ်ပျက်အားငယ်နေပြီးနောက် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
ပုံမှာ မျက်နှာမပါဘူး... လက်နှစ်ဖက်နဲ့ အရိပ်တစ်ခုပဲ... သူ လုံးဝ ငြင်းလို့ရတယ်...
အသက်ရှင်ရန် အခွင့်အလမ်းရေးရေးလေးကို ဆုပ်ကိုင်ရင်း လျင်မြန်စွာထကာ သူ့ဖုန်းကို ပြင်းပြင်းထန်ထန် ရိုက်နှိပ်လိုက်သည်။
— —တစ်ညလုံးတမ်းတမိတယ်: ငါက နာမည်ကြီးတွေနောက်ကို အမြဲလိုက်နေတာကြောင့် မင်းတို့တွေ ငါ့လိင်အမျိုးအစားကို အထင်လွဲနေကြတာ ဖြစ်နိုင်တယ်...ငါက ပိုင်ရဲ့ရဲ့ ယောက်ျားလေး ဖန်တစ်ယောက်ဖြစ်ပြီး ချစ်သူလည်းရှိတယ်...နောက်ဆုံးပုံကြောင့် မလိုလားအပ်တဲ့ နားလည်မှုလွဲမှားမှုတွေဖြစ်သွားခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်...မင်းတို့ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဘဝကို အာရုံစိုက်နေစရာ မလိုပါဘူး...ငါ ညဥ့်ကောင်းကင်ဖြစ်ပြီး ပိုင်ရဲ့ကို ဆက်ပြီး အားပေးနေတယ်ဆိုတာကိုပဲ သတိရပေးပါ... ကျေးဇူးတင်ပါတယ်...
ပိုင်ရဲ့က သူဘာလုပ်နေလဲ ကြည့်နေခြင်းဖြစ်သည်။သူရုတ်တရက် သေချင်ယောင်ဆောင်ရာကနေ အသက်ပြန်ရှင်လာသည်ကို မြင်သောအခါ သူက မျက်ခုံးပင့်ပြီးမေးလိုက်၏။
"ဘာလုပ်နေတာလဲ"
အောင်မြင်စွာ ပို့စ်တင်ပြီးနောက်၊ ချီရှင်းချန် ဝမ်းသာပီတိဖြစ်နေသည်။
"ဒီပုံက အရမ်းမိုက်တယ်...သူတို့မှာ ကျွန်တော်တို့နဲ့တူတဲ့ ခန္ဓာကိုယ်ပုံစံရှိရင်တောင် တခြားဂေးစုံတွဲလို့ ပြောလို့ရသေးတယ်"
ပိုင်ရဲ့ : "ဒါပေမဲ့ ကိုယ့်လက်က လက်စွပ်က ဘရန်းရဲ့ နွေရာသီ collection အသစ်... မရောင်းရသေးဘူး"
"အဆင်ပြေပါတယ်"
ချီရှင်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အခုခေတ်မှာ အင်တာနက် နာမည်ကြီးတွေတောင် မရောင်းရသေးတဲ့ လက်စွပ်တွေ ရနိုင်တယ်...ရှင်းပြရတာ လွယ်တယ်"
ပိုင်ရဲ့: "တစ်ယောက်ယောက်က ညဈေးမှာ ကိုယ်တို့ကို မှတ်မိသွားတယ်လေ"
"အဲ့ဒီကျောင်းသားသုံးယောက် အဆင်ပြေပါတယ်... သူတို့က ဖန်တွေမဟုတ်တဲ့အတွက် ဒီသတင်းကို ဂရုစိုက်မှာမဟုတ်ဘူး"
ပိုင်ရဲ့က ပခုံးတွန့်ပြသည်။
"သူတို့က ဓာတ်ပုံတင်ပြီးပြီ"
ချီရှင်းချန်: "..."
ထားလိုက်ပါ...ထားလိုက်ပါတော့... လူရယ်ခံရပြီးတော့တော့ မသေချင်ဘူး...လူမည်းကြီးတွေကိုပဲ သူ့အခေါင်းကိုထမ်းခိုင်းလိုက်တော့မယ်...
ကံကောင်းထောက်စွာပဲ ပို့စ်တင်ပြီးသည်က မကြာသေးသည့်အတွက် ငြင်းထားသည့် Weibo ပို့စ်ကို သူဖျက်၍ရသည်။နောက်ထပ် ကျားတစ်ကောင်လိုခပ်ထန်ကြမ်းတမ်းသည့် စစ်ဆင်ရေးတွေအပြီးမှာ ပို့စ်ဖျက်လိုက်မှု၏ ရလဒ်က...
မူလက #ချီရှင်းချန်ရဲ့အရန်အကောင့် #၊ #ချီရှင်းချန်ရဲ့အရန်အကောင့်က တကယ်တမ်းမှာပိုင်ရဲ့ရဲ့အမာခံဖန် # တို့က အချိန်နှင့်တပြေးညီ အပူတပြင်းရှာဖွေမှုစာရင်းများတွင် ရေပန်းစားနေသည်။ ယခုမူ #ချီရှင်းချန်ရဲ့အရန်အကောင့်က ပို့စ်ကို ဖျက်လိုက်တယ် # က ၎င်းတို့ကို ဦးဆောင်နေခဲ့သည်။
အားလုံးက အပူတပြင်း ရှာဖွေမှုစာရင်းသို့ တန်းတန်းမတ်မတ်ရောက်သွားကြသည်။
ချီရှင်းချန် တုန်ယင်နေသောလက်ဖြင့် ၎င်းကိုဖွင့်လိုက်သည်။
[ချီရှင်းချန်...ထွက်လာပြီး မင်းရဲ့ ဖန်ရာထူးကိုယူလှည့်]
[အရင်နှစ် ဧပြီလ 3 ရက်နေ့တုန်းက ဒီအကောင့်ကို မှတ်ပုံတင်ထားတာ...အဲဒီတုန်းက "ဘက်ဂျက်ခရီးသွားကြမယ်" မရိုက်ရသေးဘူး...အဲဒီမတိုင်ခင်ကတည်းက ချီရှင်းချန်က ပိုင်ရဲ့ဖန် ဖြစ်နေပြီလား]
[ချီရှင်းချန်ရဲ့မဟာchat အဆင့်နဲ့ စိတ်အားထက်သန်မှုက ဖန်အသစ်နဲ့မတူဘူးလို့ ငါထင်တယ်...နှစ်ချို့ဖန် ဖြစ်ကောင်းဖြစ်နိုင်တယ်]
[ကျစ် ကျစ် ကျစ် ငါတွေ့ခဲ့တာကို ကြည့်လိုက်ကြဦး (စခရင်ရှော့)]
ချီရှင်းချန် စခရင်ရှော့ကို ဖွင့်လိုက်သည်။
— — တစ်ညလုံးတမ်းတမိတယ်:အား... ငါ့လောင်ကုန်းရဲ့ ပုံစံအသစ်က အရမ်းမိုက်တယ်...အရမ်းပျော်တယ် အရမ်းပျော်တယ်!!!
ချီရှင်းချန်:မင်းမေ@ # ¥&%% ¥*...
ဒါ သူပြောတာမဟုတ်ဘူး...လုံးဝမဟုတ်ဘူး!!!
အနှီကျဲကျဲက ရတနာတစ်ခုတွေ့သည်ကို မြင်သောအခါ ဖရဲသီးခင်းထဲသို့ ဝင်လာသော အခြားမိန်းကလေးများသည် ချိုမြသော ဖရဲသီးများကို ရှာဖွေရန် အကောင့်၏ပင်မစာမျက်နှာသို့ ပြေးကြသည်။
အပေါ်အောက် ပွတ်ဆွဲကြည့်ပြီးနောက် သူတို့ အံ့သြသည့်အပြုံး ပြုံးလိုက်ကြသည်။
ဟေဟေး...အခင်းထဲမှာ ဖရဲသီးတွေ ပြည့်နေတာပဲ...
["အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတော်မူစဥ်က ကမ္ဘာကြီးက ဖရိုဖရဲဖြစ်ပြီး ဗလာဖြစ်နေတယ်...အလင်းရှိရမယ်လို့ ဘုရားသခင်က မိန့်တော်မူပြီး မင်းကို ဖန်ဆင်းတော်မူလိုက်တယ်"...အိုးမိုင်ဂေါ့ ဒါက ဘယ်လို နတ်ဘုရားအဆင့် သက်တန့်ဖား အမျိုးအစားလဲ...ရှောင်ချီက သက်တန့်ဖား ဖြစ်ရမယ်!]
["အလှတရားကသာ လူသတ်နိုင်ရင် ပိုင်ရဲ့ရဲ့အပြစ်က ခွင့်မလွှတ်နိုင်စရာပဲ" 2333...ရှင်းရှင်းက သူ့ရည်းစားရဲ့မျက်နှာကို စွဲလမ်းနေပုံပဲ]
[တကယ်ကြီး သူက haterတွေကို ငါးနာရီကြာအောင် မရပ်မနား ထွက်တိုက်နိုင်ခဲ့တယ်...သူ မပင်ပန်းဘူးလား]
[ဝိုး.. သူ့လိုက်ခ်လုပ်ထားတာတွေကို ကြည့်...စပရိုက်တစ်ခုရှိတယ်!]
ဘယ်လို စပရိုက်တွေ ရှိနိုင်မလဲ...
လူတိုင်းက "တစ်ညလုံးတမ်းတမိတယ်" လိုက်ခ်လုပ်ထားသည်များကို စိတ်လှုပ်ရှားစွာ ကလစ်နှိပ်ကြသည်။
[ရှေးခေတ်ပုံစံ အရောအစပ်အဖြတ် ] ညသည် ကြယ်များ၏ည ( ရှန်ကျင်းသို့ ဝမ်းနည်းခြင်း)
ခေါင်းမာသောဖျံ၏ "တော်ဝင်သွေး" (bl/Western Fantasy/Last Night's Stars CP/Sweet Clear Water Meatless)
[Last Night's Stars Tweets] 19 ၏ ဒုတိယနှစ်ဝက်တွင် အားကောင်းသော tweets များစုစည်းမှု
ချီလင်၏ "မင်းမှာ ငါကြိုက်တာအကုန်ရှိတယ်"(City/Qiang Qiang/Last Night's Stars CP/Micro H)
.....
ကြယ်အလင်းတန်းများ၊ ညကောင်းကင်များ၊ဖြတ်သွားဖြတ်လာများ ——မေးရိုးတွေပြုတ်ကျ
သူဘာလို့ ကိုယ့်CPကိုယ် ဖတ်ရတာ အရမ်းပျော်နေတာလဲ...
CP ဖန်တစ်ဦးက မှတ်ချက်ချခဲ့သည်။ [သူက ဒါတွေကိုပဲကြိုက်တာမဟုတ်ဘူး... သူက Doujinshi အတွက် ငါနဲ့ကျဲကျဲနှစ်ယောက်ကိုတောင် မေးသေးတယ်]
အခြား CPဖန်များ:[သူက အရင်းအမြစ်တွေ ရှာတဲ့နေရာမှာ အရမ်းတော်တယ်]
[မအံ့သြပါနဲ့...ခုနက သူရေးထားတာကို မြင်လိုက်လား...သူဖျက်လိုက်တာ အရမ်းမြန်လို့ မတွေ့လိုက်ဘူး]
[ငါမြင်လိုက်တယ် ဟားဟားဟား… DBQ ငါမရယ်သင့်ဘူးဆိုတာသိပေမဲ့ ငါတကယ်ရယ်ချင်တယ်... သူတကယ်ကြီး ငြင်းဖို့ကြိုးစားခဲ့တယ်]
[ဖာ့ခ် ဟားဟားဟား]
မှတ်ချက်ကဏ္ဍသည် ချက်ချင်းပင် ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။ချီရှင်းချန် သူ၏ IQကို အလွန်စော်ကားခံရသည်ဟု ခံစားခဲ့ရသည်။မျက်နှာကြီးမည်းလျက် နောက်ဆုံးအကြိမ် မှတ်ချက်များကို ကြည့်လိုက်သည်။
[ဟေး...သူငြင်းတုန်းက အကုန်လုံးကို ကျိုရဲ့ရှင်းချန်ကိုမဟုတ်ဘဲ ပိုင်ရဲ့ကို အားပေးဖို့ မျှော်လင့်တယ်လို့ပြောတာကို သတိထားမိကြသလား]
[ဟုတ်တယ်...သူတင်ထားတဲ့ပုံတွေက ပိုင်ရဲ့တစ်ယောက်တည်းပုံတွေချည်းပဲ...သူ့အကြောင်း အစကနေ အဆုံးထိ တစ်ခွန်းမှ မပြောဖူးဘူး]
[သူတို့ရဲ့ ဆက်ဆံရေးကို ကြေငြာလိုက်တုန်းက သူ့အကောင့် ပျောက်သွားပြီး ပြန်ပေါ်မလာတော့ဘူး...ပိုင်ရဲ့ရဲ့ကျော်ကြားမှုကို သူ ကပ်မစီးချင်သလို ဟန်ဆောင်နေတာမဟုတ်ဘူးလို့ ငါပြောနိုင်တယ်...ပိုင်ရဲ့ရဲ့ကျော်ကြားမှုကို သူတကယ်အခွင့်ကောင်းမယူချင်ခဲ့ဘူး]
[သူပိုင်ရဲ့ကို အရမ်းချစ်တာပဲဖြစ်ရမယ်]
.
သူ့ဖုန်းကိုပိတ်ပြီးနောက်၊ ချီရှင်းချန် ကုတင်၏ဘယ်ဘက်ထောင့်တွင် ခွေနေခဲ့သည်။ သူကြည့်ရသည်မှာ အထီးကျန်၊ အေးစက်ပြီး အထီးကျန်ဆန်နေသည်။
ပိုင်ရဲ့ သူ့မှာ အော်တစ်ဇင်ရှိမှန်း သိသည်။သူက ပါးလေးကိုညစ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မင်းရဲ့ အရန်အကောင့်မှာ မကောင်းတာတစ်ခုမှ မရှိပါဘူး...သူတို့သိသွားရင်လည်း ကိစ္စမရှိပါဘူး"
"ကျွန်တော့်အကောင့်မှာ မကောင်းတာ ဘာတစ်ခုမှမရှိဘူးဆိုတာ ကော ဘယ်လိုသိတာလဲ"
ထိုမှာ အလွန်အမင်းမြှောက်ပင့်ထားခြင်းများ၊ ရူးသွပ်သောစခရင်လျက်မှုများစသဖြင့် အမျိုးမျိုးရှိခဲ့သည်။ အလွန်ရှက်စရာကောင်းသည်။
"ဒါပေါ့...ကိုယ်သိတာပေါ့"
ပိုင်ရဲ့ကပြောသည်။
"မင်းရဲ့အရန်အကောင့်က ပို့စ်တွေကိုကိုယ်ဖတ်ပြီးပြီ"
ချီရှင်းချန်: "…"
အားးး... ရဲ့ကောက အလုပ်ရှုပ်နေတာမဟုတ်ဘူးလား...ဒါကိုကြည့်ဖို့အချိန်ဘယ်မှာရှာတွေ့ခဲ့တာလဲ...
ချီရှင်းချန် သူ့မျက်နှာက သူနှင့် ရုတ်တရက် ဝေးကွာသွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာက ထုံကျင်နေသည်။သို့ပေမဲ့ ပိုင်ရဲ့က ဇွဲမလျှော့သေးဘဲဆက်မေးသည်။
"ဆိုတော့ မင်းကိုယ့်ကို လောင်ကုန်းလို့ ခေါ်နေတာကြာပြီ...အခုကျကိုယ့်ကို ဘာလို့အဲ့လောက်လောင်ကုန်းလို့ ခေါ်ရခက်နေတာလဲ"
ချီရှင်းချန်:"...ကျွန်တော်က မိန်းကလေး ဟန်ဆောင်ပြီး ကောရဲ့ဖန်ကလပ်ထဲကို ဝင်ဖို့အတွက် ကောကိုလောင်ကုန်းလို့ ခေါ်ခဲ့တာ... အရင်က ကောကို ဒီလို မခေါ်ဘူး"
"ဪ…"
ပိုင်ရဲ့က ခေါင်းညိတ်ပြပြီး ပို၍ပင် ရှုပ်ထွေးသွားသည်။
"ဘာလို့ ကိုယ့်ဖန်ကလပ် ထဲကို ဝင်ချင်တာလဲ"
ချီရှင်းချန် ခဏတာကြက်သေသေ သွားပြီး ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုကို သတိရမိသည်။
"ရိုးရိုးသားသား ပြောရရင်..."
သူ နည်းနည်းရှက်သွား၏။
"ကျွန်တော်စစချင်းကူးပြောင်းလာတုန်းက ကောကို အမျိုးသားဇာတ်လိုက်လို့ ထင်ခဲ့တာ...အဲဒါကြောင့် ကောရဲ့ ဖန်ကလပ်ထဲဝင်ပြီး ကောအကြောင်းကို သိချင်ခဲ့တာ...ကောရဲ့ အညစ်အကြေး ဒါမှမဟုတ် တစ်ခုခုကို ရှာချင်လို့... အဲဒီတုန်းက ကျွန်တော် ကျမ်းတောင်ကျိန်ခဲ့တယ်"
ပိုင်ရဲ့က စပ်စုသည်။
"ဘာကျမ်းကျိန်တာလဲ"
ချီရှင်းချန်က အနေရခက်စွာပြောလိုက်သည်။
"ကျွန်တော် ကောကို မရိုက်ချနိုင်ရင် ကောရဲ့ မျိုးရိုးနာမည်ကို ယူပစ်မယ်"
နောက်ဆုံးတွင် သူများကိုအနိုင်မယူနိုင်ရုံသာမက သူများ၏အနိုင်ယူခြင်းကိုလည်း ခံခဲ့ရသည်။
ဝမ်းနည်းစရာဇာတ်လမ်းက ဝမ်းနည်းသည်ထက် ပိုဆိုးသည့်ဇာတ်လမ်းဖြစ်လာခဲ့၏။
ဖန်လေးက ယခုလိုကျိန်ဆိုမည်ဟု တကယ် စိတ်ကူးရခက်သည်။ပိုင်ရဲ့က မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ချီရှင်းချန်က စိတ်ပျက်လက်ပျက်ဖြစ်မှုများ ပြည့်နေသော သူ့မျက်လုံးများဖြင့် သူ့ကို ထုံထိုင်းစွာ ကြည့်နေသည်။
သူ့ချစ်သူ၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး ပိုင်ရဲ့ သူ၏ရယ်မောခြင်းကို ထိန်းထားရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း သူ့အသံထဲက အရယ်အပြုံးကို ဖုံးကွယ်ထား၍ မရပေ။
"ကိုယ်သိပြီ... ကိုယ်တတ်နိုင်သမျှမြန်မြန်လုပ်ပါ့မယ်"
"... တတ်နိုင်သမျှ မြန်မြန်လုပ်ပါ့မယ်"
ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။
ပိုင်ရဲ့က သူ့လက်ဖမိုးကို ဆွဲကိုင်လိုက်ပြီး အကြိမ်အနည်းငယ် ခပ်ဖွဖွနမ်းလိုက်သည်။
"ကိုယ့်မျိုးရိုးနာမည်ကို ခံယူချင်တဲ့မင်းရဲ့ဆန္ဒကို တတ်နိုင်သမျှ မြန်မြန်လေး ဖြည့်ဆည်းပေးမလို့လေ"
.
မျက်နှာပျက်သွားသော အမာခံဖန်လေးကို နှစ်သိမ့်ရန်အတွက် တစ်ရက်တည်းနေရန် မူလက စီစဉ်ထားသော ပိုင်ရဲ့ နောက်တစ်ရက်ထပ်နေခဲ့သည်။
သို့သော်၊ အရန်အကောင့်ထွက်ပေါ်လာမှုက ရလဒ်ကောင်းတစ်ခုဖြစ်လာသည်။ ဤအဖြစ်အပျက်ကြောင့် ချီရှင်းချန်က ဖန်တွေ၏ အားပေးမှုကို ရရှိခဲ့သည်။၎င်းတို့၏ဆက်ဆံရေးကိုဆန့်ကျင်ပြီး ကြားနေသဘောထားရှိသောညဥ့်ကောင်းကင်အများအပြားက ချီရှင်းချန် နှင့် ပိုင်ရဲ့ ၏ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်လာကြသည်။
ပြတ်ပြတ်သားသားပြောရလျှင် ပိုင်ရဲ့၏အရင်းအမြစ်များနှင့် လူကြိုက်များမှုကြောင့် ချီရှင်းချန်က လိင်အမျိုးအစားမခွဲခြားဘဲ ပိုင်ရဲ့နှင့် ဆက်ဆံရေးရှိနေသည်ဟု လူအများစုက ထင်ခဲ့ကြသည်။ ယခု သူတို့ အမြင်တွေ ပြောင်းသွားပြီဖြစ်၏။ချီရှင်းချန်က ပိုင်ရဲ့၏ကျော်ကြားမှုကို နည်းနည်းလေးပင် အခွင့်ကောင်းမယူချင်ခဲ့ကြောင်း အရန်အကောင့်ကပြနေသည်။
ပိုင်ရဲ့ကို လွှတ်ပေးလိုက်ပြီးနောက် ဒါရိုက်တာလီကို သူအရင်တစ်ခေါက်တွေ့ခဲ့သည့်အချိန်ကနေ ၄၈ နာရီရှိပြီဖြစ်၏။ ဒါရိုက်တာလီပြီးလုနီးပြီဟု ခံစားရသည့်အတွက် ချီရှင်းချန် ချီယွမ်ရှောင်၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ကော... ဒီနေ့ အားရင် ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးပါလား"
ချီယွမ်ရှောင်က သူ့ညီ၏တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဘယ်တော့မှ မလျဥ်းပါးခဲ့ပေ။
"ပြောကြည့်လေ... နေ့လည်ကျ စီစဉ်ပေးမယ်"
"ကော ပြည်သူ့လုံခြုံရေးဗျူရိုကိုသွားပြီး ဒါရိုက်တာလီကို ပိုက်ဆံနဲ့ ထွက်ပြေးသွားတဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူလဲဆိုတာ ထပ်မေးကြည့်ပါ...သူအမှန်တိုင်းပြောရဲရင် သူ့ကလေးတွေ ကျောင်းပြောင်းဖို့၊ သူတို့ရဲ့ နေထိုင်စရိတ်နဲ့ ကျောင်းစရိတ်အားလုံးကို ပေးချေပြီး သူ့ကလေးတွေက ချီမိသားစုရဲ့ အာမခံဆွေမျိုးတွေဖြစ်တဲ့အကြောင်း အပြင်ကလူတွေကို ပြောပေးလို့ရတယ်လို့ပြောလိုက်"
သူစကားပြောပြီးသောအခါ၊ချီယွမ်ရှောင်က ခဏလောက်စဉ်းစားပြီးနောက် အဓိကအချက်များကိုတွေ့ရှိခဲ့သည်။သူ ညီဖြစ်သူ၏ ဉာဏ်ရည်ဉာဏ်သွေးကို စိတ်ထဲမှာ ကြိတ် ချီးကျူးခဲ့သည်။
"ရှင်းရှင်း... မင်းက ဒီနှစ်မှာ အရွယ်ရောက်မြန်တာပဲ"
ယခင်တုန်းက သူ့ညီသာဆိုလျှင် ဤသည်ကို တွေးမိမှာမဟုတ်ပေ။ထိုအချိန်က သူကိုယ်တိုင်ပင် များပြားလွန်းသော ကိစ္စများကို ရင်ဆိုင်ခဲ့ရသည်။
"တကယ်တော့ ကျွန်တော်က မြန်မြန်ကြီး အရွယ်ရောက်လာတာ မဟုတ်ဘူး"
ချီရှင်းချန် အသက်ပြင်းပြင်းရှူလိုက်သည်။
"တစ်ခုခုဖြစ်ခဲ့တာ... နောင်တစ်ချိန်မှာ ကောကို တစ်ခုချင်း ပြောပြပါ့မယ်"
"ဘာဖြစ်ခဲ့တာလဲ...အနိုင်ကျင့်ခံခဲ့ရတာတော့ မဟုတ်ဘူးမလား"
"မဟုတ်ဘူး ကော... စိတ်မပူပါနဲ့"
ချီယွမ်ရှောင်ကို သူတကယ်အနိုင်ကျင့်မခံခဲ့ရကြောင်းသက်သေပြပြီးနောက်ခချီရှင်းချန် ရိုက်ကွင်းသို့ပြန်လာပြီး ဆက်လက်ရိုက်ကူးခဲ့သည်။ နေ့လည် လေးနာရီတွင် သူ ကတိအတိုင်း ချီယွမ်ရှောင်ထံမှ အကြောင်းပြန်မှုရရှိခဲ့သည်။
သူမျှော်လင့်ထားသလိုပဲ ဒါရိုက်တာလီက သူ့ကို ပိုက်ဆံနှင့် ထွက်ပြေးရန် ရှုချန်လင်းက အတင်းအကြပ် တွန်းအားပေးခဲ့သည်ဟု ဝန်ခံခဲ့သည်။
"ရှုချန်လင်း" ဆိုသည့် နာမည်ကိုကြားသောအခါ ချီရှင်းချန် အရင်က တစ်နေရာရာမှာ ကြားဖူးသလိုမျိုး အတော်လေးရင်းနှီးသလို ခံစားရသည်။
အချိန်အတော်ကြာ သေချာစဉ်းစားပြီးနောက် လွန်ခဲ့သည့်နှစ်ရက်က ဒါရိုက်တာကျန်းက သူ့ကို ရှုရှန့်၏အမှုကို စုံစမ်းရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သလားဟု မေးသည်ကို သတိရမိသည်။
ထိုအချိန်တွင် သူငြင်းလိုက်သောကြောင့် ဒါရိုက်တာကျန်းက ရှုရှန့်၏ဖခင်ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။
နာမည်က ရှုချန်လင်းဖြစ်ပုံရသည်။
ချီရှင်းချန် သူနှင့် ရှုရှန့်အကြား နက်ရှိုင်းသော မုန်းတီးမှုကို ကောင်းစွာ သိရှိခဲ့သည်။ရှုချန်လင်းက သူ့ကို လက်စားချေချင်တာလား ၊ ဒါကြောင့် သူက ချီမိသားစုကို လက်စားချေခဲ့တာလား...
အဲဒီနေ့က ထျန်ချန်းစျေးဝယ်စင်တာ မီးလောင်တာက ရှုချန်လင်းကြောင့်လား...ဒါပေမဲ့ ရှုရှန့်ရဲ့အမှုက လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ဖြစ်ခဲ့တာလေ... ကလဲ့စားချေချင်ရင် သူလုပ်ခဲ့တာကြာပြီပေါ့... ဘာလို့ အခုအချိန်အထိ စောင့်နေတာလဲ...
ချီရှင်းချန် ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ ပိုစိတ်ရှုပ်ထွေးလညလေလေဖြစ်သည်။ အဆုံးတွင်၊ သူ ရှုချန်လင်းကိုရှာဖွေရန် တစ်စုံတစ်ဦးအား ခိုင်းလိုက်ပြီး မျက်နှာချင်းဆိုင်မေးရန် ဆုံးဖြတ်ခဲ့သည်။ရှုချန်လင်းက အမှန်တကယ် လက်စားချေလိုလျှင် သူတစ်ယောက်တည်း ကလဲ့စားချေခံလိုက်မည်။ချီမိသားစုကို ဆွဲမသွင်းစေချင်ပေ။
ကလဲ့စားချေလိုရုံသာမဟုတ်ပါက၊ရှုချန်လင်းထံမှ အသုံးဝင်သော အချက်အလက်အချို့ကို ရယူရမည်ဖြစ်သည်။
သူက ရှုချန်လင်းကို မသိသလို၊ ဤလူကို သိကြောင်း သူ့အစ်ကိုထံမှလည်း မကြားရသောကြောင့် ဒါရိုက်တာကျန်းကိုသာ အကူအညီတောင်းရုံတတ်နိုင်သည်။ရှုချန်လင်းက သူနှင့်တွေ့ရန် ငြင်းမှာကို ကြောက်သည့်အတွက် ဒါရိုက်တာကျန်းကို သူ့အကြောင်းထည့်မပြောဘဲ အကြောင်းပြချက်ရှာပြီး ရှုချန်လင်းကို ရဲစခန်းကို ခေါ်ရန်ပြောလိုက်သည်။ ဒါရိုက်တာကျန်းက ချက်ချင်း သဘောတူလိုက်သည်။
ရှုချန်လင်းကို သူရှာနိုင်ခဲ့သည်မှာ ကောင်းသောကိစ္စဖြစ်ပြီး၊ ဆိုလိုသည်မှာ သူ နောက်ဆုံးတွင် အသက်ရှူပေါက်တစ်ခုကို တွေ့ရှိခဲ့ပြီး စိုးရိမ်နေရန် မလိုအပ်ပေ။ချီရှင်းချန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ညဘက်တွင် ဒါရိုက်တာကျန်းဆီကသတင်းကို စောင့်နေစဉ် ချီရှင်းချန် ကုတင်ပေါ်မှာ ခြေကလင်ချိတ်ကာလှဲရင်း ပိုင်ရဲ့နှင့် ဗီဒီယိုကောလ်ပြောခဲ့သည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် ပိုင်ရဲ့က သူ့မျက်နှာကို ကင်မရာမှတစ်ဆင့် အနီးကပ် ကြည့်လိုက်သည်။ "ဗီဒီယိုကောလ် စပြောကတည်းက မင်းက ပြုံးနေတာ...ကိုယ်ထွက်သွားပြီးတဲ့နောက် တစ်ခုခုဖြစ်သွားတာလား"
ချီရှင်းချန် ကိစ္စကောင်းတစ်ခုတော့ရှိသည်ဟု တွေးလိုက်သည်။ သူ့မိသားစုမှာ တိုးတက်မှုတွေရှိလာ၍ သူပျော်နေခဲ့သည်က အသေအချာပါပင်။
သို့သော် သူ အမှန်အတိုင်း မပြောနိုင်။ ပိုင်ရဲ့က သူ့ဘာသူပင် အလွန်အလုပ်ရှုပ်နေသည်။ပိုင်ရဲ့ကိုသူ့မိသားစုအတွက် စိတ်မပူစေချင်သည့်အတွက် အကြောင်းပြချက်တစ်ခု ထုတ်သုံးလိုက်သည်။
"ဒီနေ့ ရိုက်ကူးရေးက ချောမွေ့နေတာပဲ... အခြေခံအားဖြင့်တော့ နှစ်ခေါက်သုံးခေါက်လောက်နဲ့ပြီးတယ်"
"အဲဒါကြောင့်လား"
ပိုင်ရဲ့က ပြုံးပြီးပြောသည်။
"အရန်အကောင့်ရဲ့ရေပန်းစားမှုကိုလျော့သွားတာကို မြင်ပြီး မင်းပြန်အဆင်ပြေလာတာလို့ကိုယ်ထင်ခဲ့တာ"
ချီရှင်းချန်: "…"
ဘာလို့ ပြန်အစဖော်နေတာလဲ... သူ ဒါကို မေ့လုနီးပါး ဖြစ်နေပြီ အားးး...
တစ်ဖက်လူပြန်မဖြေသည်ကိုမြင်သောအခါ ပိုင်ရဲ့က သူနှစ်ရက်ကြာအောင် ထိန်းထားတဲ့မေးခွန်းကို မေးလိုက်သည်။
"ပေါင်ပေ့... မင်းကိုယ့်နောက်ကို လက်တွေ့ဘဝမှာ လိုက်တုန်းက ဒီလိုမျိုးပဲ မြှောက်ပင့်နေတာလား"
"…မဟုတ်ဘူး"
ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ "ကိုယ့်ဘဝနဲ့ စာသင်တာနဲ့ အလုပ်ရှုပ်နေတော့ ဖုန်းနဲ့ဆော့ဖို့ အချိန်သိပ်မရှိဘူး...နှစ်ရက်တစ်ခါလောက် Weibo မှာသွားပြီး အပ်ဒိတ်အသစ်တွေ ဒါမှမဟုတ် ခင်ဗျားဓါတ်ပုံတွေရှိမရှိ စစ်ဆေးတယ်... မှတ်ချက်တွေက ပေးခဲပါတယ်...ကျွန်တော်က ကြယ်ပွင့်နောက်လိုက်ဌာနရဲ့ ဗုဒ္ဓပဲ"
"ဒါဆို မင်းက အခု အမြှောက်အပင့် အရမ်းတော်နေတာ...တစ်နေရာရာကသင်လာတာလား"
"မဟုတ်ဘူး"
ချီရှင်းချန်က အမှန်အတိုင်းပြောလိုက်သည်။
"စိတ်ထဲရှိတာကိုပဲ ပြောတာ...အဲဒါက ရိုးရိုးလေးပဲ"
သူပြောပြီးသည်နှင့် တပြိုင်နက် ချီရှင်းချန် သူ မသင့်လျော်သော တစ်စုံတစ်ရာကို ပြောနေမိမှန်း သိလိုက်သည်။သူက ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
သို့ပေမဲ့ ပိုင်ရဲ့က သူ့ကို လွှတ်ပေးရန် မစီစဉ်ထားပေ။
"အဲ့ဒီ မြှောက်ပင့်စကားတွေက မင်းရဲ့ အတွေးအမှန်တွေလား"
"..."
ချီရှင်းချန် အလွန်တရာရက်စက်စွာပြောလိုက်သည်။
"အဲတော့ ဘာဖြစ်လဲ"
"ဘာမှမဖြစ်ပါဘူး...မင်းကိုယ့်ကိုဘယ်လောက်ချစ်လဲဆိုတာကို အံ့သြသွားရုံပါ"
ပိုင်ရဲ့က လျှာဖြင့် တောက်ခနဲအသံပြုသည်။
"ဆိုတော့ ဒီလောက်ထိနက်ရှိူင်း(လေးနက်)တာကိုး"
"… Idol တစ်ယောက်ရဲ့ ဖြ
စ်တည်မှုကိုက ဖန်တွေ သဘောကျဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးလား...နည်းနည်းလောက် ရူးသွပ်လို့ မရဘူးလား...နည်းနည်းလောက် လေးနက်လို့မရဘူးလား"
"ရပါတယ်...ဘာပဲဖြစ်ဖြစ်"
ပိုင်ရဲ့ သူ၏ကတ်သီးကတ်သတ်အကြောင်းပြချက်ကြောင့် ရယ်ရမလား ငိုရမလား မသိပေ။ ရက်စက်ကြမ်းကြုတ်သော သူ့ချစ်သူကို အမြန်နှစ်သိမ့်ပေးခဲ့သည်။