Chapter 165
ထိုနေ့က အဖြစ်အပျက်တွေ အလွန်များခဲ့သည်။ပိုင်ရဲ့ကို အိမ်ထဲကို ခေါ်လာပြီးနောက် ချီရှင်းချန်မှာ သူ့ကို နှုတ်ဆက်ဖို့ အချိန်မရှိပေ။သူ လူထုဆက်ဆံရေးကို ဦးစွာဆက်သွယ်ပြီး ချီယွီကျီးအား အနားယူရန်ဖြောင့်ဖြခဲ့သည်။ ထို့နောက် ပိုင်ရဲ့ကို သူ့အခန်းထခေါ်သွားလိုကိသည်။
အလုပ်များသောနေ့တစ်နေ့ပြီးနောက်၊ ချီရှင်းချန်လည်း မောပန်းနေသည်။ သူက ဆိုဖာပေါ် ပစ်လဲချပြီး တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်...ကောကို ရေယူပေးဖို့ မေ့သွားတယ်... မိနစ်အနည်းငယ်လောက် အနားယူပါရစေ"
သူ့ဖန်လေးနှင့် မတွေ့ရသည်က ရက်အတော်ကြာပြီဖြစ်၏။ဖန်လေးက ကိုယ်အလေးချိန် အများကြီး ကျသွား၏။ပိုင်ရဲ့ သူ့မျက်လုံးများထဲရှိပူပန်မှုကို မဖုံးကွယ်နိုင်ပေ။
"ကိုယ့်အတွက် စိတ်ပူနေစရာ မလိုပါဘူး...ကိုယ်က မင်းဧည့်ခံတာခံယူဖို့အတွက်နဲ့ရောက်လာတာမဟုတ်ဘူး"
"စကားမစပ်"
ချီရှင်းချန် မေးရန် သတိရသွားသည်။ "ဘာလို့ရုတ်တရက်ကြီး ဒီကိုလာတာလဲ"
"မင်းတို့အိမ်အကြောင်း သတင်းတွေ ကိုယ်တွေ့တယ်"
ပိုင်ရဲ့ သူ၏တင်းနေသောကြွက်သားများကို ဖြေလျှော့ရန် သူ့နားထင်များကို နှိပ်နယ်လိုက်သည်။
"ကိုယ်အင်တာနက်သုံးရတာ မကြိုက်ဘူးဆိုတာ မင်းသိလား...ကိုယ်ကိုဘာလို့မပြောတာလဲ...ဘဏ္ဍာရေးသတင်းကိုသာ မမြင်ရရင် ဒီလိုကြီးကြီးမားမား ဖြစ်ခဲ့တယ်ဆိုတာ သိမှာတောင်မဟုတ်ဘူး"
မကြာသေးမီက အဖြစ်အပျက်တစ်ခုပြီးတစ်ခုဖြစ်ပွားခဲ့ပြီး မရပ်မနားဖြစ်လုနီးပါးဖြစ်ခဲ့သည်။ချီရှင်းချန်မှာ ပိုင်ရဲ နှင့် ဆက်သွယ်ရန် အချိန်မရှိပေ။ ထို့အပြင် သူက တစ်ယောက်တည်း ကြီးပြင်းလာခဲ့သူဖြစ်၍ အကူအညီတောင်းရသည်ကို မကြိုက်ပေ။ တစ်စုံတစ်ခုကို ကြုံလာရသောအခါတွင် သူ၏ပထမဆုံးအတွေးမှာ ၎င်းကို ကိုယ်တိုင်ဖြေရှင်းရန်ဖြစ်သည်။ မသိစိတ်က သူ ပိုင်ရဲ့ကို အကူအညီမတောင်းခဲ့ပေ။
သို့သော် ပိုင်ရဲ့က အဖြစ်အပျက်ကို သိလိုက်သောအခါတွင် သူဘာမျှ မပြောဘဲ တိုက်ရိုက်ရောက်လာသည်။
ချီရှင်းချန် သူ့ရင်ဘတ်ထဲတွင် နွေးထွေးသောခံစားမှုကို ခံစားလိုက်ရသည်။သူ ပိုင်ရဲ့ကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
သူ့ဘေးနားမှာ ချစ်ရသူရှိနေသောအခါ သူ၏ တင်းမာနေသော အာရုံကြောများသး နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားနိုင်သည်။ ခဏလောက် အနားယူပြီးနောက် ပိုင်ရဲ့ကဆိုသည်။ "လက်ရှိအခြေအနေအကြောင်း ပြောပြ"
ချီရှင်းချန် ပိုင်ရဲ့အတွက် အရေးကြီးသောအရာများကို အတိုချုံးပြောပြခဲ့သည်။
အခွန်ဗျူရို၏ ကားပါကင်က ထူးဆန်းသည့်ကားအကြောင်းကို ကြားလိုက်သည်နှင့် ပိုင်ရဲ့၏ တုံ့ပြန်မှုက ချီရှင်းချန်လိုပဲ အံ့သြသွားခဲ့သည်။ ဤဌာနနှစ်ခုကို တွဲမြင်ရန် ခက်ခဲကြောင်း လူတိုင်းသိသည်။ပိုင်ရဲ့က စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီးမေးသည်။
"လိုင်စင်နံပါတ်ကို မှတ်မိလား"
"ဒက်ရှ်ကင်မရာမှာ ရှိတယ်"
ချီရှင်းချန် ဒက်ရှ်ကင်မရာ ဗီဒီယိုကို ဖုန်းထဲပို့ပြီး အမြန်ပေးပို့ခဲ့သည်။
ပိုင်ရဲ့က အခွန်ဗျူရိုကိုရောက်သည်အထိအမြန်ကျော်လိုက်သည်။သူက လိုင်စင်နံပါတ်ကို ရေးပြီးပြော၏။
"ကိုယ်မေးပေးမယ်"
ချီရှင်းချန် အံ့အားသင့်သွားပြီးပြောလိုက်၏။
"မေးလို့ရလား"
"အဖေ ကူညီနိုင်တယ်"
ပိုင်ရဲ့၏ စီးပွားရေးလုပ်နေပြီး သူ့အဖေက နိုင်ငံရေးလုပ်သည်။ သို့သော် ၎င်းကို လျှို့ဝှက်ထားရန်အတွက် သီးခြားဌာနများကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ချီရှင်းချန်က 'ည၏မက်မွန်' ၏ ဒုတိယပိုင်းကို မဖတ်ရသေးသောကြောင့် ပိုင်မိသားစု၏မျိုးရိုးက မည်မျှအထိ ရှည်ကြာသည်ကို သူ သဘာဝအတိုင်း မသိခဲ့ပေ။
ပိုင်ရဲ့ သူကူညီပေးမည်ဟု သူကြားရသည့်အခါ တစ်ဖက်လူကရှာနိုင်သည်ဖြစ်စေ၊မရှာနိုင်သည်ဖြစ်စေချီရှင်းချန် မျှော်လင့်ချက် အရိပ်အယောင်ကို မြင်လိုက်ရသည်။
သို့သော် ပိုင်ရဲ့က သူ့ဖုန်းကို ထုတ်လိုက်သောအခါ ချီရှင်းချန် တုံ့ဆိုင်းသွားပြန်သည်။
"ဒါက ဦးလေးအတွက်အဆင်ပြေရဲ့ လား"
"အဆင်ပြေပါတယ်...ကိုယ် မလာခင်ကတည်းက သူ့ကို ပြောခဲ့ပါတယ်... သူက မေးခွန်းတစ်ခုပဲ မေးတယ်"
ချီရှင်းချန် သိချင်သွား၏။
"သူကဘာမေးတာလဲ"
"ချီမိသားစုက ဒီအရာတွေ လုပ်ခဲ့သလားလို့ မေးတယ်"
ချီရှင်းချန်က အခိုင်အမာပြောလိုက်သည်။
"မလုပ်ခဲ့ဘူး"
"ဒါဆို ဘာမှမဖြစ်ဘူး"
ပိုင်ရဲ့က သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။
"ရေနွေးနွေးနဲ့ချိုးပြီး အေးအေးဆေးဆေး အနားယူချေ...ကိုယ် ဖုန်းဆက်လိုက်ဦးမယ်"
ချီရှင်းချန် ရေသွားချိုးခဲ့သည်။ သူထွက်လာသောအခါ ပိုင်ရဲ့က ပြီးသွားပြီဖြစ်၏။စစ်ဆေး၍ရသော်လည်း စနစ်ကို ညဘက်တွင် ပိတ်ထားသည်ဟု အဖေပိုင်ကပြောသည်။မနက်ဖြန် အလုပ်ချိန်အထိ စောင့်ရမှာဖြစ်၏။
ဘယ်အချိန်ပဲဖြစ်ဖြစ် ချီရှင်းချန် သိနိုင်သရွေ့ သူ အလွန်ဝမ်းသာနေမှာဖြစ်၏။ သူ တည်ငြိမ်သွားချိန်မှာ ပိုင်ရဲ့ သူ့ကို တစ်ခုခုချော့စားခိုင်းသည်။မဟုတ်လျှင် သူ့ခန္ဓာကိုယ် ပုံပုံကျပြီး နောင်လာမည့် အခက်အခဲတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ပေ။
ကံမကောင်းစွာပဲ၊ သူတို့နှစ်ယောက် အိပ်ရာဝင်ပြီးနောက် ချီရှင်းချန်၏ မျက်လုံးတွေပွင့်လာပြီး သူအိပ်မပျော်နိုင်သေးပေ။ပိုင်ရဲ့က သူ့ကို ညင်သာစွာ ဖက်ထားခဲ့သည်။
"မင်းမဖြေရှင်းနိုင်တဲ့ကိစ္စရှိရင် ကိုယ့်ကိုပြောပါ"
"ဘာမှမဟုတ်ပါဘူး"
ချီရှင်းချန်က အသံကိုနှိမ့်ကာဖြင့်ပြောသည်။
"အဖေနဲ့အစ်ကိုကြီးကို ခေါ်သွားပြီးနဲ့နောက် ချီကော်ပိုရေးရှင်းမှာ တာဝန်ခံတစ်ယောက်မှ မရှိတော့ဘူး... ကုမ္ပဏီက ဘယ်လောက် ဖရိုဖရဲဖြစ်နေမယ်မသိဘူး... ပြီးတော့ တချို့သောလုပ်ငန်းတွေက ရပ်ထားလို့မရဘူး...နောက်ဆုံးအချက်အလက်တွေကို စစ်ဆေးဖို့ လက်အောက်ခံကုမ္ပဏီကို အမိန့်ပေးရဦးမယ်... ကျွန်တော် မနက်ဖြန် ကုမ္ပဏီမှာ နေရမယ်... တခြားကိစ္စတွေလုပ်ဖို့ အချိန်ကို ဘယ်လိုစီစဉ်ရမှန်းမသိဘူး"
ယခင်ကလိုမျိုး အဖေချီနှင့်ချီယွမ်ရှောင်တို့သာ ခဏတာအလုပ်ကိစ္စနှင့် ခရီးသွားနေခြင်းဆိုပါက ကုမ္ပဏီကို ရက်အနည်းငယ်ကြာအောင် သူတို့၏ညာလက်ရုံးကို လွှဲပြောင်းပေးထားနိုင်သည်။ချီရှင်းချန်က မတူပေ။ကုမ္ပဏီကို တစ်ခါမှ မရောက်ဖူးသည့်အတွက် ဘယ်သူက အားကိုးထိုက်သူ ဘယ်သူက အားကိုးထိုက်သူမဟုတ်မှန်း မသိပေ။
ချီကော်ပိုရေးရှင်း၏ အခက်အခဲတွေကို အခွင့်ကောင်းယူပြီး သူ့ကိုလှည့်ဖြားပြီး အမြတ်ထုတ်ချင်သူတွေကိုပင် သတိထားရမည်။
ပိုင်ရဲ့အနေဖြင့် လက်ရှိအခြေအနေက မည်မျှဆိုးရွားသည်ကို တွေးကြည့်နိုင်သည်။သူက အကြံပေးလိုက်သည်။
"ဒီလိုဆိုရင်ရော... မင်း ကုမ္ပဏီမှာနေလိုက်...အပြင်က လုပ်စရာတွေကို ကိုယ်နဲ့ထားခဲ့လိုက်"
တစ်ဝက်တစ်ပျက်ပြီးသွားသော ကိစ္စများစွာသည် အခြားသူများထံ လွှဲပြောင်းပေးအပ်ပါက ၎င်းတို့ကိုယ်တိုင် ဆက်လက်လုပ်ဆောင်နေသကဲ့သို့ ထိရောက်မည်မဟုတ်ပေ။ သို့သော်လည်း အခြေအနေအရ ဤနည်းလမ်းသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု သူထင်သည်။ချီရှင်းချန် သက်ပြင်းချလိုက်သည်။
ပိုင်ရဲ့၏ရင်ခွင်ထဲမှာအိပ်ရသည့်ညက သူ့အတွက် ဤရက်ပိုင်းအတွင်းမှာ အိပ်မက်ဆိုးတွေ မမက်ဘဲအိပ်ပျော်သည့်တစ်ခတည်းသောပါပင်။မနက်အိပ်ရာထပြီး ပိုင်ရဲ့နှင့်ရေချိုးပြီးနောက်
ချီရှင်းချန် တံခါးကိုဖွင့်လိုက်ပြီး စားဖိုမှူးကို မနက်စာပြင်ဆင်ပေးခိုင်းလိုက်သည်။
သူ အောက်ထပ်သို့ဆင်းလာသောအခါတွင် အနက်ရောင်အင်္ကျီ နှင့် ဘောင်းဘီရှည်ကို ဝတ်ထားပြီး ဆံပင်ကို ခေါင်းနောက်တွင် စည့်နှောင်ထားသည့်ချီယွီကျီးကို တွေ့လိုက်ရသည်။သူမက မျက်နှာပြောင်နှင့်ဖြစ်ပြီး လည်ပင်း၊ လက်ကောက်ဝတ် သို့မဟုတ် နားရွက်များတွင် မည်သည့်လက်ဝတ်ရတနာမှ မ၀တ်ထားပေ။ ဖိုင်တွဲတစ်ခုထဲရှိ အရာများကို သူမ စစ်ဆေးနေသည်။
ချီမိသားစု၏ ချစ်မြတ်နိုးရသော သမီးကညာဖြစ်သောကြောင့် ချီယွိကျီးတွင် လူမှုဆက်ဆံရေးတွင် ရှိသင့်သော အလေ့အထများ ရှိသည်။ သူမက များသောအားဖြင့် တန်ဖိုးကြီးပြီး လှပသောအဝတ်အစားများကို ၀တ်ဆင်လေ့ရှိပြီး အထူးသဖြင့် တန်ဖိုးကြီးဝတ်စုံများကို ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။ သူမက အသုံးအဆောင်ပစ္စည်းများနှင့် ခေါင်းမှ ခြေဖျားအထိ ဝတ်ဆင်ထားတတ်သည်။ သူမ၏ ဆံပင်တွေကိုလည်း အမြဲတမ်း တောက်ပြောင်နေအောင် ထိန်းသိမ်းထားလေ့ရှိ၏။ သူမ၏ လက်သည်းများသည်လည်း ရက်အနည်းငယ်ကြာတိုင်း စတိုင်အသစ် ပြောင်းလဲသွားကာ သူမ၏ ခြေချောင်းများပင်လျှင် ထူးခြားလှပသော အလင်းရောင်ဖြင့် လင်းလက်နေတတ်သည်။
ချီရှင်းချန် သူမ ဤမျှ ရိုးရှင်းပြီး တည်ငြိမ်စွာ ၀တ်ဆင်ထားသည်ကို မမြင်ဖူးပေ။
"ကျဲ"
ချီရှင်းချန် သူမဆီလျှောက်သွားပြီးမေးကြည့်လိုက်သည်။
"ဘယ်သွားမလို့လဲ"
ချီယွီကျီက ဖိုင်တွဲကို သူမအိတ်ထဲ ထည့်လိုက်သည်။
"ငါ ကုမ္ပဏီကို သွားမလို့...ကုမ္ပဏီကို ပိုင်ရှင်မရှိဘဲ ထားလို့မရဘူး"
"ဒါပေမဲ့-"
"မလိုဘူး"
ချီယွီကျီးက သူ့ကို ဝင်ဖြတ်ပြောသည်။
"ရှင်းရှင်း ...ချီမိသားစုမှာ ငကြောက်တစ်ယောက်မှ မရှိဘူး... ကုမ္ပဏီကို ကျဲတာဝန်ထားလိုက်...မင်း အဖေနဲ့အစ်ကိုကြီးအတွက် စိတ်အေးအေးနဲ့ဖြေရှင်းလို့ရတယ်... တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းနဲ့ဆက်သွယ်ပါ"
ထိုသို့ပြောပြီးနောက် ချီယွီကျီးက ချီရှင်းချန်၏ပုခုံးကိုပုတ်ကာ လှည့်ပြီး တံခါးအပြင်သို့ ထွက်သွားခဲ့သည်။ သူမ၏နောက်ကျောကိုကြည့်ရင်း ချီရှင်းချန် အဖေချီ သူမကို အဘယ်ကြောင့် ယွီကျီးဟုအမည်ပေးခဲ့သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ချီယွီကျီးက ကုမ္ပဏီကို တာဝန်ယူလိုက်သည့်အတွက် ချီရှင်းချန် အချိန်ခွဲဝေမှုအတွက် စိတ်ပူစရာ မလိုတော့ပါချေ။ နံနက် ၈ နာရီ ၄၀ တွင် ပိုင်ရဲ့ဆီကို အဖေပိုင်ထံမှ ဖုန်းဝင်လာသည်။
မနေ့ကကားလိုင်စင်နံပါတ်ပြားကို စစ်ဆေးပြီးသွားပြီဖြစ်၏။အတုမဟုတ်ဘဲ တစ်ဖက်ပြည်နယ်နှင့် သက်ဆိုင်နေသည်။
ယင်းက ပြည်နယ်တစ်ခုလုံးကိုကျော်ပြီး အကောက်ခွန်ရုံးကို ရောက်လျှောက်လာခဲ့သည်...
ပို၍ပင် ထူးဆန်းနေခဲ့သည်။
အဖေပိုင်နှင့် စကားပြောသည့်အခါ ပိုင်ရဲ့က စပီကာမုဒ်ဖွင့်ထားသည်။တစ်ဖက်ကလူငယ်တွေ အသံတိတ်နေသည်ကိုတွေ့သောအခါ အဖေပိုင်က ဆိုလိုက်၏။
"ထူးဆန်းတယ်ထင်ရင် ကားပိုင်ရှင်ရဲ့ဖုန်းမှတ်တမ်းကို တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်မယ်"
ချီရှင်းချန် အထူးသဖြင့် ကလေးဆန်သော မေးခွန်းကို မေးခဲ့သည်။
"ရှာလို့ရတာလား"
"မင်းတို့အဆင့်နဲ့ သေချာပေါက် မလုပ်နိုင်ဘူးပေါ့"
အဖေပိုင်က ပြုံးလိုက်သည်။
"ဒါပေမဲ့ ငါလုပ်နိုင်တယ်... ငါ့ဆီကသတင်းကိုစောင့်နေ"
ချီရှင်းချန်က ပိုင်ရဲ့ကို ကြည့်လိုက်သည်။
ပိုင်ရဲ့က အမြန်ကိုယ့်နှာခေါင်းကြည့်နေလိုက်ပြီး ဘာမှမကြားချင်ယောင်ဆောင်လိုက်သည်။
ပိုင်ရဲ့ဖုန်းချလိုက်စဥ်မှာပဲ ချီရှင်းချန်၏ဖုန်း တုန်ခါသွားသည်။
၎င်းသည် အမည်မသိ နံပါတ်တစ်ခုမှ မက်ဆေ့ချ်ဖြစ်သည်။
[မနက် ၁၀ နာရီမှာ ကမ်းဘေးလမ်းက ရှောင်ဟယ်စားသောက်ဆိုင်မှာ တွေ့မယ်။
ရှုချန်လင်း]
ရှုချန်လင်းက တကယ်ပဲ သူ့ကို ဆက်သွယ်လာခဲ့သည်။မနေ့က သူ့သုံးသပ်ချက်က မှန်ပုံရသည်။
ချီရှင်းချန် အချိန်ကို ကြည့်လိုက်သည်။ မနက် ၉ နာရီကျော်နေပြီဖြစ်သည်။ကမ်းဘေးလမ်းက အတော်ဝေးသည်။ အဝတ်အစားဝတ်ပြီး ပိုင်ရဲ့နှင့် ထွက်လာခဲ့သည်။
လမ်းတွင် ပိုင်ရဲ့ မနက်က ထမင်းမစားရသေးသည်ကို သူသတိရသွားသည်။ပိုင်ရဲ့ဗိုက်ဆာမှာစိုး၍ ချီရှင်းချန် သူ့ကို လမ်းဘေးမှာ ရပ်ခိုင်းလိုက်သည်။
နွားနို့နှင့် ပေါင်မုန့်အချို့ကို ရွေးပြီးနောက်၊ ချီရှင်းချန် ငွေရှင်းကောင်တာထံသို့ ငွေရှင်းရန် သွားခဲ့သည်။ သူဌေးက ပိုက်ဆံကို ရေတွက်ပြီး သံသယဖြင့်ပြောသည်။
"လူငယ်လေး မင်းနဲ့ ဟိုနာမည်ကြီး ... သူ့နာမည် ဘယ်လိုခေါ်ပါလိမ့်...သူက မင်းနဲ့ တော်တော်တူတယ်"
"တကယ်လား"
ချီရှင်းချန်က ငွေပေးချေမှုပင်နံပါတ်ရွတ်ပြလိုက်သည်။
"လူတော်တော်များများက အဲဒီလိုပြောကြတယ်"
"ဟုတ်မယ်… ငါ့ဦးနှောက်ကို ကြည့်လိုက်တော့... နာမည်ကြီးရဲ့ နာမည်ကို စဉ်းစားလို့ မရဘူး...ဟေး လူငယ်လေး မင်းရဲ့ WeChat PIN က အလုပ်မလုပ်ဘူး"
ချီရှင်းချန် သူ၏ Alipay ပင်နံပါတ်ကို ထပ်မံပြောင်းရွတ်ပြခဲ့သော်လည်း ၎င်းကို ပွတ်ဆွဲ၍မရသေးပါချေ။ ကံကောင်းထောက်မစွာ၊ သူ့ပိုက်ဆံအိတ်ထဲတွင် အကြွေအချို့ရှိခဲ့သည်။ မဟုတ်လျှင် ပိုင်ရဲ့ဆီက ပိုက်ဆံချေးရလိမ့်မည်။
ကားပေါ်ပြန်ရောက်သောအခါ သူနှင့်ပိုင်ရဲ့ မနက်စာကို ရိုးရိုးရှင်းရှင်းပဲစားလိုက်ကြသည်။စားရင်းနှင့် သူမနေနိုင်ဘဲတွေးမိသည်။
အဖေနဲ့ အစ်ကိုကြီးရော မနက်စာစားပြီးပြီလား... သူတို့ဘာစားခဲ့တာလဲ...
ချီမိသားစုက စားကောင်းသောက်ဖွယ်တွေကို စားနေကျ...အိုးကြီးချက် ထမင်းကြမ်းဟင်းကြမ်းတွေကို ဘယ်လိုလုပ်စားနိုင်မှာလဲ...
သူ့အဖေနဲ့အစ်ကိုကို ဘယ်တော့မှပြန် တွေ့နိုင်မှာလဲ...
ထိုအကြောင်းကို သူပိုတွေးလေလေ သူ့နှာခေါင်းက ချဉ်စူးလာလေလေပါပင်။ မနှစ်က မက်ခဲ့သည့် အိပ်မက်ကို သူရုတ်တရက် သတိရသွားသည်။
အိပ်မက်ထဲမှာ ချီမိသားစု၏ကုမ္ပဏီ အသိမ်းခံလိုက်ရပြီး သူတို့၏အိမ်ကို လေလံပစ်ခဲ့သည်။သူ့အဖေနှင့်အစ်ကိုကြီး အဖမ်းခံလိုက်ရပြီး သူ့အစ်မကလည်း သူမမိသားစုအတွက် ပြေးလွားနေရသည်။
ထိုအချိန်က သူ အိပ်မက်တစ်ခုဟုသာ ထင်ခဲ့မိသည်။ ယခု သူစဉ်းစားမိသည်မှာ အရင်တစ်ခေါက် သူကူးပြောင်းလာတုန်းက ချီမိသားစု၏ကံကြမ္မာ အလွန်ဖြစ်နိုင်ချေရှိသည်။
ဤတစ်ကြိမ်တွင် သူ မည်သို့သောနည်းလမ်းကိုသုံးသည်ဖြစ်စေ ချီမိသားစုကို ဒေဝါလီခံမည့်အဆင့်အထိ ကျဆင်းသွားစေမည်မဟုတ်ပေ။
အမှိုက်အိတ်များကို လွှင့်ပစ်ပြီးနောက် သူတို့နှစ်ဦး မြစ်ကမ်းဘေးလမ်းအတိုင်း ဆက်လက်မောင်းနှင်သွားခဲ့သည်။ ဆိုင်တံခါးနားရောက်သောအခါ ချီရှင်းချန်က သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပေမဲ့ ပိုင်ရဲ့ကတားလိုက်သည်။
"ခဏစောင့်"
ချီရှင်းချန် နားမလည်။
"ရှုချန်လင်းက ဘယ်ဘက်ကနေမှန်း ကိုယ်တို့မသိသေးဘူး... မင်း အခုနေ ရူးမိုက်မိုက်ရိုင်းဝင်သွားရင် မင်းသူ့ထောင်ချောက်ထဲ ကျသွားနိုင်တယ်... ခဏစောင့်"
ခေတ္တနားပြီးနောက် ပိုင်ရဲ့ ဆက်လက်၍ပြောသည်။
"ဒီအချိန်မှာ၊ ဘယ်သူမဆို စောစောရောက်ရင် ပိုစိုးရိမ်လိမ့်မယ်...စိတ်ရှုပ်ထွေးနေတဲ့လုကို လွယ်လွယ်ကူကူ ခြယ်လှယ်နိုင်လိမ့်မယ်...မင်းမှာသူ့လောက် အတွေ့အကြုံအများကြီးမရှိဘူး...ဒါကြောင့် မင်းမှာ အားနည်းချက်မရှိသင့်ဘူး"
ပိုင်ရဲ့၏ စကားလုံးတွေက အဓိပ္ပါယ်ရှိသည်။ချီရှင်းချန် ပြန်ထိုင်လိုက်ပြီး သူနှင့်အတူ ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ငည်။ 9:45 တွင် ရှုချန်လင်း ကားပေါ်မှ ဆင်းကာ စားသောက်ဆိုင်ထဲသို့ တစ်ယောက်တည်း ဝင်သွားခဲ့သည်။
နောက်ထပ် ဆယ်မိနစ်လောက် စောင့်ကြည့်ပြီး မူမမှန်သည့်အရာမရှိသည်ကိုတွေမှ ပိုင်ရဲ့ကဆိုသည်။
"အချိန်ကျခါနီးပြီ... မင်းသွားလို့ရပြီ...ကိုယ် ဒီမှာစောင့်နေမယ်...တစ်ခုခုလိုအပ်ရင် ကိုယ့်ကိုဖုန်းဆက်လိုက်"
ချီရှင်းချန် ခေါင်းညိတ်လိုက်သည်။ ကားထဲက မထွက်ခင် ပိုင်ရဲ့က သူ့လက်ကို ဆုပ်ကိုင်ပြီးလှုပ်ယမ်းလိုက်သည်။
သူ့ချစ်သူ၏ ခန္ဓာကိုယ်ဆီမှ နွေးထွေးမှုနှင့်အတူ ချီရှင်းချန် ရှေ့ဆက်ရမည့်လမ်းက သိပ်ပြီး မခက်ခဲတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။
သီးသန့်အခန်းက ဒုတိယထပ်မှာဖြစ်၏။ လှေကားကနေပေါ်တက်ပြီး တံခါးကိုပိတ်ပြီးနောက်၊ ချီရှင်းချန် ရှုချန်လင်း ရှေ့ဝင်မှာထိုင်ပြီးယဉ်ကျေးစွာပြောလိုက်သည်။
"ဦးလေးရှု... ကျွန်တော်ဒီမှာရောက်ပြီ"
ရှုချန်လင်း၏ မျက်နှာက မည်းမှောင်နေ၏။
"လူကြီးတွေနဲ့ပြောစရာရှိတဲ့ဖို့ စောစောရောက်ဖို့ ချီမိသားစုက မင်းကိုမသင်ပေးခဲ့ဘူးလား"
"တောင်းပန်ပါတယ် လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေလို့"
ချီရှင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြီးတော့ ကျွန်တော် နောက်မကျဘူးလေ"
ရှုချန်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ထားပါ... အငယ်တွေနဲ့ ငြင်းခုန်မနေဘူး...မနေ့က စစ်ကြည့်တယ်... ချီမိသားစုသည် စွဲချက်ကို လိမ်လည်မှုအဖြစ် ပြောင်းလဲခဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က ပါဝင်ပတ်သက်မှုပမာဏကို တိုးမြှင့်ပြီး ထောင်ဒဏ်ငါးနှစ်ဖြစ်အောင် တိုးမြှင့်ခဲ့တယ်...မင်းမှာ သဲလွန်စများ ရှိသလား"
ချီရှင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"လောလောဆယ်တော့ ကျွန်တော့်မှာ ဘာသဲလွန်စမှ မရှိဘူး...ဒါပေမဲ့ ကျွန်တော်ထင်တာမမှားရင် ပမာဏတိုးရတဲ့ ရည်ရွယ်ချက်က ရှုရှန့်ရဲ့ ပြစ်ဒဏ်ကို တိုးမြှင့်ပြီး ချီမိသားစုကို ကိုင်တွယ်ဖို့ ဦးလေးရဲ့ ကလဲ့စားချေချင် စိတ်ကို အသုံးချခဲ့ဖို့အတွက် ဦးလေးအထင်မှားအောင် လုပ်ဖို့ပါပဲ"
ရှုချန်လင်းက နှာမှုတ်လိုက်သည်။
"အငှားဓားနဲ့ လူသတ်တာ ...ဘယ်လောက်ကောင်းလိုက်တဲ့လှည့်ကွက်လဲ"
သူ့အသံတွင် မကျေမနပ်ဖြစ်နေသောအရိပ်ယောင်ကိုတွေ့ပြီး ချီရှင်းချန်ကအကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"မှန်ပါတယ်... ဦးလေးကို ရောင်းစာ
းတာနဲ့အတူတူပဲ...တစ်ဖက်လူက အခုပိုက်ဆံထိုင်ရေနေလောက်ပြီ"
ရှုချန်လင်း၏ မျက်နှာက ပို၍ပင် ဆိုးလာသည်။ စားပွဲပေါ်မှ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ သူ့လက်နောက်ဘက်ရှိ သွေးကြောများ ပေါက်ထွက်မတတ်ထောင်နေလေသည်။