အပိုင်း ၁၇၂
Viewers 29k

Chapter 172



ညစ်ပတ်နေသောအမှိုက်ပုံးက ထိုလူကိုခေတ္တခဏတုံ့ဆိုင်းသွားစေ၍ဖြစ်မည်၊နျေးတဝေတစ်ယောက် အမှန်တကယ်ပင် ထိုလူ အဖုံးမဖွင့်မီ အမှိုက်ပုံးဆီသို့ တွားသွားနိုင်ခဲ့သည်။


ထိုလူက စိတ်ပိုင်းဖြတ်ပြီး လှုပ်ရှားတော့မည်ပြုချိန်

သူ့ခြေထောက်ကနေ ရင်းနှီးနေသောခံစားချက်တစ်ခု ထွက်လာ၏။


"...ငါ*ိုးမသား...ငါ*ိုးမ"


အောင်မြင်မှုက သူ့ရှေ့မှာတင်ရှိနေပေမဲ့ ပျက်ဆီးသွားပြန်သည်။ထိုလူက ဒေါသထွက်လွန်း၍ ထိုင်ချလိုက်ပြီး တံတောင်ဆစ်ကို အသုံးပြု၍ နျေးတဝေ၏ ပါးပြင်၊ ရင်ဘတ်နှင့် နံရိုးတို့ကိုထောင်းပစ်ခဲ့သည်။


"ငါမင်းကိုမသတ်ချင်ပေမဲ့ မင်းက ငါလမ်းကို လာလာပိတ်နေတယ်... ကောင်းပြီ၊ မင်းကို သေဖို့အဆိုးဆုံးနည်းလမ်းကို မြည်းစမ်းကြည့်ခွင့်ပေးမယ်"


မှောင်မိုက်သောညတွင် နံရိုးကျိုးသံတဂျွတ်ဂျွတ်နှင့် ရောနှောနေသော အသားကြိတ်သံက လူကို ထိတ်လန့်စေသည်။နျေးတဝေက သူ့သွားတွေကို တင်းတင်းကြိတ်ထားပြီး အသံမထွက်ပေ။


သမီးလေး ကြားလျှင် ကြောက်သွားမှာ သူစိုးသည်။


ထိုလူက ခဏလောက် ဆက်ထုရိုက်နေခဲ့သည်။သူမောလာသောအခါတွင် နျေးတဝေ၏လည်ပင်းကို ဆွဲကိုင်လိုက်သည်။ 


"မင်း အခုသေချင်လား ဒါမှမဟုတ် ခဏလောက်အပျော်လေးတွေခံစားပြီမမှသေမလား ဟမ်"


နျေးတဝေ၏ လည်ပင်းကို အညှစ်ခံထားရသဖြင့် ညည်းရုံမျှသာပြုနိုင်သည်။ သူ့ပါးစပ်ထောင့်မှ ချောင်းငယ်များကဲ့သို့ သွေးများ တလဟော စီးကျလာသည်။


အားနည်းသည့် ပြိုင်ဘက်ကို တိုက်ရသည် ပျင်းစရာကောင်းသည်။ကစားရပင်ပန်း၏။ ထိုသူက နျေးတဝေ၏လည်ပင်းကို ဖမ်းကိုင်ကာ ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး တစ်ဖက်လူ၏မျက်လုံးများရှိ သေခြင်းတရားကို ကြောက်ရွံ့နေမှုအား သဘောတကျရှုစားမည်ပြုလိုက်သည်။


သို့ပေမဲ့ တစ်ဖက်လူ၏မျက်လုံးထဲမှာ ကြောက်ရွံ့မှုအနည်းငယ်မျှပင်ရှိမနေသည်ကို တွေ့လိုက်ရသောအခါ သူ အံ့သြသွားခဲ့၏။


ဘာတွေဖြစ်နေပြီလဲဆိုသည်ကို သူမသိခင်မှာ သူ့လည်ချောင်းက သိသိသာသာ အေးလာပြီး ပူလာသည်။


အောက်ကိုငုံ့ကြည့်လိုက်သောအခါ သူ့လည်ချောင်းထဲမှာ ဓားတစ်ချောင်းကို တွေ့လိုက်ရသည်။ထိုဓားကို သူ အတန်ငယ်ရင်းနှီးနေသည်။


ခုနကပဲ သူ့အိတ်ကပ်ထဲထည့်ထားသည့်ဓားပါပင်။


သူ၏ နောက်ဆုံးခွန်အားကို အသုံးပြု၍ နျေးတဝေက ဓားကို ပိုမိုနက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။ ထို့နောက် လဲကျသွားသော ခန္ဓာကိုယ်ကို လျစ်လျူရှုကာ မြေကြီးပေါ်မှာ တရွေ့ရွေ့တွားသွားပြီး ညစ်ပတ်နေသော အမှိုက်ပုံးကို ဖက်ထားလိုက်သည်။


"မကြောက်ပါနဲ့ ထင်ထင် ...ဖေဖေ လာနေပြီ....."


............


ချီရှင်းချန်တို့ဘက်မှာ နျေးတဝေလောက် မဆိုးပေမဲ့ အခြေအနေက သိပ်မကွားခြားပါချေ။တစ်ဖက်က သူတို့ထက် လူနှစ်ဆများပြီး အားလုံးက လေ့ကျင့်ထားသူများဖြစ်သည်။ အချိန်အတော်ကြာ တိုက်ပွဲအပြီးတွင် သူတို့ ဒဏ်ရာရ မရမတွက်လျင်ပင် ၊ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကက ပြဿနာ အကြီးကြီး ဖြစ်လေပြီ။


ချီရှင်းချန် တုတ်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး ဒူးနှစ်ဖက်ပေါ်လက်ထောက်ကာ ပင့်သက်ရှိုက်လိုက်သည်။ကျန်သုံးယောက်ကလည်း အခြေအနေကောင်းမနေပေ။ချီကျားကျစ်က သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ 

"ကော ဘာလို့ ရဲတွေရောက်မလာသေးတာလဲ... ငါတို့ ဒီမှာ သေရတော့မှာလား"


ကိစ္စများကိုပိုမိုလွယ်ကူစေရန်အတွက်၊ ချီရှင်းချန် နှင့် ပိုင်ရဲ့တို့က ဤလူသူပြတ်လပ်သောဆင်ခြေဖုံးသို့ မရောက်မီ တစ်ညတာလုံးနေရန်အတွက် စီစဉ်ခဲ့ကြသည်။ ရဲတွေ ဤမျှလောက် မြန်မြန်ရောက်လာမှသာ ထူးဆန်းလိမ့်မည်။ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ 


"ငါမသိဘူး... ဒီနေ့မပြန်နိုင်ရင် နောက်ဘဝမှသာ မင်းကိုပြန်ဆပ်တော့မယ်ကွာ"


"ငလူး... မင်းဘာလို့ဒီလိုပြောတာလဲ...ငါတို့ ညီအကိုတွေ အတူတူ သေရတာ မကောင်းတဲ့အကြံလည်းမဟုတ်ပါဘူး"


"ဟုတ်တယ်" 


ပိုင်ရဲ့က ချီရှင်းချန်၏လက်ကို ဆုပ်ကိုင်ထားသည်။ 

"မင်းနဲ့ ထာဝရ အတူတူအိပ်စက်နိုင်ရင် နောင်တရစရာ မရှိဘဲ ကိုယ်သေနိုင်တယ်"


ချီရှင်းချန်၏နှာခေါင်း ချဥ်စူးသွားသော်လည်း ယခုကရင်ထဲထိနေရမည့်အချိန်မဟုတ်ပေ။ သူက ပိုင်ရဲ့၏ လက်ဖဝါးကို ကုတ်ပြီး လိမ်ဖယ်လိမ်ဖယ်ဖြင့် မတ်တပ်ရပ်လိုက်သည်။


ခုနကတိုက်ပွဲမှာ သူ့ခြေထောက်တစ်ဖက်က စတီးပိုက်ဖြင့်အရိုက်ခံရပြီး ဒဏ်ရာရသွားသည်။ လမ်းမလျှောက်နိုင်ဘဲ မတ်တပ်ရပ်ပြီး တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့သည်။


သူတိုက်ခိုက်တော့မည်ဟု ထင်ကာ သူနှင့် ထိပ်တိုက်တွေ့နေသော လူမိုက်နှစ်ယောက်က ချက်ချင်း သူတို့၏လက်နက်များကို မြှောက်လိုက်သည်။ သူ့ချစ်သူ အနိုင်ကျင့်ခံရမှာစိုး၍ ပိုင်ရဲ့ကချီရှင်းချန်ကို သူ့ပုခုံးတစ်ဖက်ဖြင့် ဖိပြီး ခုခံသည့် အနေအထားကို ပြောင်းလိုက်၏။


ချီကျားကျစ် နှင့် အားလွင်ကလည်း အသက်ဝအောင်ရှူပြီး မတ်တပ်ထရပ်လိုက်သည်။


ချွေးတွေအများကြီးထွက်နေပြီး မျက်လုံးထဲကို စီးဝင်လာသည်။ချီကျားကျစ် မျက်တောင်ခတ်ပြီးချွေးများကိုပုတ်ထုတ်အပြီးမှာ မနီးမဝေးက ဘယ်ဘက်ခြမ်းမှာ ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။


ထိုပုံရိပ်က နံရံကို ကျော်တက်ရန် ကြိုးစားနေ၏။ ပိန်လှီပြီး မျက်နှာက အဝါရောင်သန်းနေသည်။လူနာအင်္ကျီက နောက်တစက္ကန့်မှာပဲ လေနှင့် လွင့်ပါသွားတော့မလိုမျိုး လေထဲမှာ တရွေ့ရွေ့ရွေ့လှုပ်နေသည်။


... အဲဒါ ထောင်ရွှမ် မဟုတ်ဘူးလား...


ချီကျားကျစ် အံ့သြပြီး ဒေါသထွက်သွားသည်။


သူဒီမှာဘာလာလုပ်တာလဲ...

ဘယ်လောက်အန္တရာယ်ကြီးမှန်း သူမသိဘူးလား...


နောက်ပြီး သူတို့လေးယောက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင်မတတ်နိုင်တာ သူ့ကိုကာကွယ်ဖို့ ဘယ်လိုလုပ် အချိန်ပေးနိုင်မှာလဲ...


ဒါက သေလမ်းရှာနေတာ မဟုတ်ဘူးလား...


ထောင်ရွှမ် စိတ်ချန်စေရန် နျေးတဝေကို ပြန်ပေးဆွဲချိန် အစောပိုင်းက ထောင်ရွှမ်နှင့် သူ၏တည်နေရာကို မျှဝေခဲ့သည်။


ထောင်ရွှမ်က မျှဝေထားသောတည်နေရာကို လိုက်လာခြင်းဖြစ်မည်။


ချီကျားကျစ် အတောမသတ်နိုင်အောင်နောင်တရသွား၏။


သို့ပေမဲ့ လူကရောက်ပဲရောက်နေပြီဖြစ်ရာ နောင်တရစရာ မရှိတော့ပါချေ။ချီကျားကျစ် တစ်ဖက်သားကို ထွက်ပြေးဖို့ အချက်ပြရန် အသင့်ဖြစ်နေသည်။


လေထုက တင်းမာသထက်တင်းမာလာကာ နောက်ထပ် ရုန်းရင်းဆန်ခတ် ဖြစ်တော့မည်။ လူမိုက် တစ်ယောက်က သူ့တုတ်ကို မြှောက်လိုက်ချိန်မှာပဲ ထောင်ထောင်က ရုတ်တရက် "ရပ်တော့"ဟု ပြောလိုက်၏။


လူမိုက်တွေ အကုန်လုံး ရပ်သွားသည်။


ထောင်ထောင်က လူအုပ်ကြားထဲကို လျှောက်သွားသည်။ သူမက ဘေးကနေ ကြည့်နေခြင်းဖြစ်သောကြောင့် သူမ၏အဖြူရောင်ဝတ်စုံက ဖုန်တစက်မှပင် စွန်းထင်းနေခြင်းမရှိပေ။အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖုန်များထဲတွင် လူးလိမ့်နေရသော လူလေးယောက်နှင့် သိသိသာသာ ကွာခြားသွားသည်။


သူမက ပိုင်ရဲ့ရှေ့မှာ ရပ်လိုက်၏။ 

"ရှင်က ဒဏ်ရာရသွားတာတောင် လုံးဝရှက်ပုံမပေါ်ဘူး...ရှင်ကတကယ်ကို ကျွန်မလူပဲ"


ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။ "စိတ်ကူးတွေသိပ်ယဥ်မနေနဲ့"


"စိတ်ကူးယဥ်တယ်လား...ကျွန်မဘာသာ ကျွန်မစိတ်ကူးယဥ်နေတယ်လို့ ရှင်ကပြောနေတာလား"


ထောင်ထောင် မယုံကြည်နိုင်ဟန်ဖြင့် နှစ်ကြိမ်တိုင်တိုင်ရေရွတ်လေသည်။

"ရှင်သိလား...ချီရှင်းချန်ရဲ့ နှောင့်ယှက်မှုကြောင့်သာ မဟုတ်ရင် ရှင်က ကျွန်မအနားမှာ ရှိနေရမှာ"


ပိုင်ရဲ့က ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ 


"ရှင်းရှင်းကြောင့်မဟုတ်ရင်တောင် မင်းလို ရက်စက်တဲ့ မိန်းမတစ်ယောက်ကို ငါချစ်မိမှာ မဟုတ်ဘူး"


"ရှင်....-"


ထောင်ထောင်၏ လှပသော မျက်နှာက ရုတ်တရက် တွန့်လိမ်သွားသည်။သူမက ဒေါသတကြီးဖြင့် ပိုင်ရဲ့ကို ပါးရိုက်လိုသည့်အတိုင်း လက်ကို မြှောက်လိုက်သည်။


သို့ပေမဲ့ သူမက လက်ကိုပြန်ချလိုက်၏။


သူမက အသက်ပြင်းပြင်းရှူပြီး ချီရှင်းချန်ဘက်လှည့်လိုက်သည်။ 


"ကြည့်...သူက မင်းအပေါ် ဘယ်လောက်သစ္စာရှိလိုက်သလဲ...သနားစရာ...သနားစရာကောင်းလိုက်တာ...ပိုင်ရဲ့ကို အရယူပြီးတာနဲ့ အောင်နိုင်ပြီလို့ မင်းထင်နေတာလား"


ချီရှင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ 

"ပိုင်ရဲ့ကို အဆုံးအဖြတ်ပေးစရာလို့ ဘယ်တုန်းကမှ ကျွန်တော်မတွေးဖူးဘူး...ခင်ဗျားနဲ့ ရန်ဖြစ်ဖို့လည်း မတွေးဖူးဘူး...ခင်ဗျားပြောတဲ့ အောင်နိုင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုလို့ ခေါ်တဲ့အရာ ခင်ဗျားရဲ့အတွေးသက်သက်ပဲ"


"ကျစ် ကျစ် ကျစ်" 


ထောင်ထောင်က စုပ်သတ်လိုက်သည်။ "မင်းလိုလူတွေကို ငါတကယ်မုန်းတယ်...မင်းက တိုက်ခိုက်မှာ မဟုတ်ဘူးလို့ပြောပေမဲ့ မင်းက ကောင်းတဲ့ အရာတွေ အားလုံးကို ရခဲ့တယ်လေ...အဲတော့လူတွေကို မနာလိုဘဲမနေနိုင်ဖြစ်စေတယ်...မနာလိုဖြစ်လွန်းလို့....."


သူမက ချီရှင်းချန်၏နား နားကို မှီပြီးဖြည်းညှင်းစွာ ပြောလိုက်သည်။ 

"မင်းကို ဖျက်စီးပစ်ချင်တဲ့အထိပဲ" 


ချီရှင်းချန် လူလေးယောက်ကို တပြိုင်နက် တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း ယခု ထိုစကားကြားသောအခါ သူ ထိတ်လန့်သွားသည်။ သူ့လက်နှစ်ဖက်ပေါ်ရှိ မွှေးညှင်းများကထောင်လာပြီး မကောင်းသောသတိပေးချက်တစ်ခု သူ့နှလုံးသားထဲတွင် တိုးဝင်လာသည်။


သူ၏ ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ရသောအခါ ထောင်ထောင် အလွန်ကျေနပ်သွားသည်။ သူမ လက်နှစ်ဖက်ကိုပိုက်ကာ တစ်လှမ်ချင်းလျှောက်ရင်း မေးသည်။


"ဒီနေရာရောက်အောင် မင်းနောက်ကနေ ငါ ဘယ်လို လိုက်ခဲ့လဲ သိလား"


သူတို့လေးယောက် ငြိမ်ကျသွားသည်။ဤသည်ကလည်း သူတို့ တွေးမရသည့် မေးခွန်းတစ်ခုဖြစ်၏။


"ဒါဆို မင်းစဉ်းစားဖူးရဲ့လား...ငါက ဒါရိုက်တာလီကို ထွက်ပြေးဖို့ ညွှန်ကြားလိုက်တာပဲဖြစ်ဖြစ် ချီအုပ်စုရဲ့ ဝန်ထမ်းတွေကို စာရင်းအတုလုပ်ဖို့အတွက် လာဘ်ထိုးတာပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ရဲ့လက်ကို ငှားသုံးခဲ့တာ... ငါက နျေးတဝေကို ဘာလို့ လူချင်း ဆက်သွယ်ပြီး ရှုချန်လင်းအတွက် သဲလွန်စတွေ ချန်ထားခဲ့တာလဲ.


ချီရှင်းချန် အံ့အားသင့်သွားသည်။


မှန်ပေသည်၊ သူရော ပိုင်ရဲ့ရော ၎င်းကို မစဉ်းစားမိပေ။ထောင်ထောင်၏ အပြစ်အနာအဆာကင်းသော နည်းလမ်းများဖြင့်ဆိုလျှင် စုံစမ်းရန် အရေးကြီးဆုံးနှင့် အလွယ်ကူဆုံးသဲလွန်စကို သူမ မည်သို့ချန်ထားခဲ့နိုင်မည်နည်း။


ချီရှင်းချန်င ခက်ခက်ခဲခဲနှင့်ပြောလိုက်သည်။

"ခင်ဗျားက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား


"မင်းက အရမ်းဉာဏ်ကောင်းတယ်" 

ထောင်ထောင်က ပြုံးလိုက်သည်။


ချီရှင်းချန်: "ကျွန်တော်တို့ နျေးတဝေကို လာတွေ့မယ်ဆိုတာ ခင်ဗျားသိပြီးသား... ဒါကြောင့် နျေးတဝေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာလား"


"ဝိုး" 

ထောင်ထောင်၏ အပြုံးက ပို၍ နက်ရှိုင်းလာသည်။ 

"ငါ မင်းကို ဒီထက်ပိုပြီး ဖျက်ဆီးပစ်ချင်လာတယ်"


ချီရှင်းချန်၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ထောင်ထောင် ချီအုပ်စုကို ဖျက်ဆီးသည့်နည်းလမ်းက ရက်စက်လွန်းသည်ဟု သူထင်ခဲ့၏။


ဤကိစ္စကို ထောင်ထောင်က အစကတည်းက သေသေချာချာ စီစဉ်ခဲ့ခြင်းဖြစ်မည်ဟု မည်သူက ထင်မည်နည်း။


ဒါပေ့မဲ့... ထောင်ထောင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ...


ချီရှင်းချန်: "ကျွန်တော့်ကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ စဉ်းစားပြီးပြီလား"


"ဒါပေါ့ ငါစီစဉ်ထားပြီးသား" 


ထောင်ထောင်က ခဏရပ်လိုက်သည်။ “ငါ့လူတွေက နျေးတဝေတို့သားအဖကိုရှာတွေ့လောက်ပြီ... ကလေးမလေး ပြန်လာတဲ့အခါ မင်းလက်ကို ကိုင်ပြီး သူ့ရင်ဘတ်ကို ဓားနဲ့ထိုးမယ်... အဖေဖြစ်သူကို ကျောက်တုံးနဲ့တွဲနဲ့ချည်ပြီး မြစ်ထဲ ပစ်ချလိုက်မယ်...ချီအုပ်စုရဲ့ တတိယမြောက် သခင်လေးက ရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်ပေးဆွဲပြီး သားအဖနှစ်ယောက်ကို သတ်ပစ်ခဲ့တယ်လို့ နက်ဖြန်သတင်းမှာ ပြောလိမ့်မယ်...လူထုက မင်းကို ဘယ်လိုထင်မလဲ"


ချီရှင်းချန်: "…"


သူတို့ရိုက်ကူးထားသည့် ဗီဒီယိုက ထောင်ထောင်အတွက် လုံးလုံးလျားလျား ပြင်ဆင်ပေးထားသလိုဖြစ်နေမှနိး သိလိုက်ရသည်။ထောင်ထောင်က နည်းနည်းလေး တည်းဖြတ်လိုက်သရွေ့ သူတို့၏ စကားတွေက နျေးတဝေကိုသတ်မှုအတွက် သက်သေဖြစ်လာမှာပင်။


သူတို့က တကယ်ကြီး သူ့ကို ပြန်ပေးဆွဲခဲ့သည်ကို ထည့်ပြောစရာပင်မလိုချေ။


ပြန်လည်မွေးဖွားခြင်း၏ မွေးရာပါမှတ်ဉာဏ်များရှိနေသောထောင်ထောင်က ၎င်းတို့ထက် အားသာချက်များစွာရှိသည်ဟု ဆိုရမည်ဖြစ်သည်။


အခြားသူများက ထောင်ထောင်။ အစီအစဉ်ကို ကြားသောအခါ ရွံရှာသော အမူအရာများကို မပြနိုင်ဘဲ မနေနိုင်ပေ။ဤလောက၌ လူ့အသက်ကို ဂရုမစိုက်သော၊ဤမျှ ယုတ်မာသော သူရှိနေသည်ကို တွေးကြည့်ရန် ခဲယဉ်းသည်။


ချီကျားကျစ်က ဒေါသတအားထွက်ပြီး မစဉ်းစားဘဲ ပြောလိုက်သည်။ 

"ခင်ဗျားရူးနေလား...ကောကို မုန်းရင် ကျုပ်တို့ကိုပဲအပြစ်ပုံချလေ... အသက်ပေါင်းများစွာကို ဘာလို့ စတေးခဲ့ရတာလဲ"


"ဟုတ်တယ် ငါရူးနေပြီ"


ထောင်ထောင်က ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ 

"ချီရှင်းချန်က ငါ့မှာရှိသင့်တဲ့အရာအားလုံးကို သိမ်းယူသွားခဲ့တယ်...သူ့ကိုသတ်လိုက်ရုံနဲ့ ဘယ်လိုလုပ် လုံလောက်နိုင်မှာလဲ... ငါက သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ချင်နေတာ... ခြောက်နှစ်အရွယ် ကလေးမလေးကို သတ်ဖြတ်မှုနဲ့စွဲချက်အတင်ခံရပြီး ပစ်ပစ်ခါခါငြင်းပယ်မှုတွေ ဆူပူကြိမ်းမောင်းမှုတွေအလယ်မှာသူ့ကိုသေသွားစေချင်တယ်"


"ဒါပေမဲ့ ဒီလိုလုပ်တော့ရော ခင်ဗျားက ဘာရနိုင်မှာမလို့လဲ...ကျုပ်အစ်ကိုကို သတ်လိုက်လည်း ခင်ဗျားကို မကြိုက်တဲ့သူတွေက ခင်များကို မကြိုက်ဘူးပဲ"


"မကြိုက်ဘူး" ဟူသောစကားလုံက တချို့သောနေရာကိုထိသွားပုံရသည်။ထောင်ထောင်၏ မျက်နှာ မည်းမှောင်သွားသည်။ 

"ငါ့ကို သွန်သင်ဖို့က မင်းနဲ့မဆိုင်ဘူး...ထောင်ရွှမ်ကို ဂရုစိုက်ပေးထားတဲ့အတွက်ကြောင့်သာမဟုတ်ရင် ငါမင်းကိုသတ်ပစ်တာကြာလှပြီ"


"ထောင်ရွှမ်ကိုထည့်ပြောရဲသေးတယ်ပေါ့ ခင်ဗျားကလေ"


ထောင်ရွှမ်အကြောင်းကိုပြောသောအခါ ချီကျားကျစ်က ပို၍ပင် ဒေါသဖြစ်ခဲ့သည်။ 


"ဆေးရုံတက်ပြီးကတည်းက သူ့ကို ဘယ်နှစ်ခါလာတွေ့ဖူးလဲ...သူ အဲဒါကို အစပိုင်းမှာ ကျင့်သားမရပဲ ညအိပ်ရာမဝင်ခင် ညတိုင်း ခင်ဗျားရဲ့နာမည်ကို ခေါ်နေတယ်ဆိုတာ ခင်ဗျာသိလား... သူ့အခြေအနေကို ဆရာဝန်နဲ့ပြပြိး ဂရုစိုက်ပေးဖူးလား...အစ်မတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့တာဝန်ကို တစ်ရက်လေးတောင် ကျေပွန်ခဲ့ဖူးလား"


၎င်းကိုကြားသောအခါ ထောင်ထောင်က စက္ကန့်အနည်းငယ်လောက်ကဿ်သေသေ သွားသည်။ သို့သော် သူမမျက်နှာက ပို၍ပင် မည်းမှောင်လာသည်။ သူမက ချီကျားကျစ်ရှေ့သို့ လျှောက်သွားသည်။ 


"မင်းက ဒီလောက် ကျေးဇူးကို ဘယ်လိုတန်ဖိုးထားရမှန်းမသိတဲ့အပြင် မင်းကိုငါချန်ထားပေးခဲ့တဲ့ဘဝကို မမြတ်နိုးမှတော့..."


သူမက စကားပြောရင်း ဓားကို ဆွဲထုတ်လိုက်သည်။

"ငါက ပြန်ရုတ်သိမ်းရမှာပေါ့"


သူမက ဓားကိုမြှောက်လိုက်သည်။ သူမ၏ စိတ်နေစိတ်ထားက တစ်စုံတစ်ယောက်ကို သတ်ပစ်မည့်အဆင့်အထိ ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူမှ မထင်ထားမိခဲ့ပေ။


အရေးအကြီးဆုံးမှာ ချီကျားကျစ်က သူမနှင့် အလွန်နီးကပ်နေသောကြောင့် တုံ့ပြန်ခြင်းမပြုမီတွင် ဓားက ကျဆင်းလာနေပြီဖြစ်သည်။ချီကျားကျစ် တားချင်ပေမဲ့ သူ့လက်မောင်းကို မြှောက်လိုက်သည်နှင့် သူ့ဘေးကလူက သူ့လက်မောင်းကို တုတ်နှင့်ရိုက်လိုက်သည်။


"အာ့—" 

ချီကျားကျစ် နာကျင်မှုကို ခံစားလိုက်ရပြီး နောက်ဆုတ်သွားခဲ့သည်။ လူမိုက်နှစ်ယောက်က ချက်ချင်း ပြေးတက်လာပြီး သူ့လက်တွေကို သူ့နောက်ကျောမှာချုပ်ထားလိူက်သည်။


အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် သူ မရုန်းကန်နိုင်တော့ပေ။ သူ့ညီလေး ဒုက္ခရောက်နေသည်ကို မြင်သောအခါ ချီရှင်းချန် တခြားဘာကိုမှ ဂရုမစိုက်ဘဲ ခြေတစ်ဖက်တည်းဖြင့်ထောက်ကာ မရမကခုန်ပြီးထောင်ထောင်ဆီကိုသွားသည်။


ပိုင်ရဲ့ နှင့် အားလွင်တို့ကလည်း ထောင်ထောင် မတိုက်ခိုက်မီ သူ့ကို ကယ်တင်နိုင်မလားဆိုသည့်မျှော်လင့်ချက်ဖြင့် ချီကျားကျစ်ဆီသို့ ပြေးသွားကြသည်။


သို့ပေမဲ့ ဓားက မျှော်လင့်ထားသည်ထက် မြန်လွန်း၏။ မြန်လွန်း၍ ချီကျားကျစ် သူ့မှာ မဖြည့်ဆည်းရသေးသည့် နောင်တရစရာတွေ ရှိမရှိကို စဉ်းစားရန်ပင် အချိန်မရခင်မှာ ဓားက သူ့ရင်ဘတ်ဆီကို ရောက်နေပြီဖြစ်၏။ 


'ထားလိုက်ပါတော့... သေရင်လည်း သေတယ်မှတ်ပေါ့'

ချီကျားကျစ်က အကောင်းမြင်စိတ်ဖြင့် တွေးလိုက်သည်။ သူသေပြီးနောက် ချက်ချင်းပင် ဆိုးသွမ်းသော ဝိညာဉ်တစ်ကောင် ဖြစ်လာနိုင်ရန် သူမျှော်လင့်ခဲ့သည်။ သူ့အစ်ကို၊ယောက်ဖနှင့်အားလွင်ကို အရင်ဆုံး ကယ်တင်ပြီး ထောင်ရွှမ်ကို ဆေးရုံကို ပြန်ပို့မည်...


"စွက်-" 

ဓားဖြင့်ထိုးလိုက်သည့်အသံကို သူကြားလိုက်ရ

သည်။


ချီကျားကျစ် မည်သည့်နာကျင်မှုမျှ မခံစားရပေ။


'သေရတာ ဒီလောက်လွယ်သလား' 

သူ အူကြောင်ကြောင်ဖြင့် မျက်လုံးဖွင့်လိုက်သည်။


ထို့နောက် လူနာဝတ်စုံဝတ်ထားသည့် ပိန်ပိန်ပါးပါးသဏ္ဍာန်က သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။