Extra 1
Viewers 36k

Extra -1



"ဘုရားရေ... သူက အရမ်းချောတာပဲ"


"ဟဲဟဲ ငါနင့်ကိုမလိမ်ဘူးနော်"


"ဘာလို့ ငါနင့်စကားနားထောင်ပြီး စောစောမလာမိပါလိမ့်"


"နင့်အပြစ်မဟုတ်ပါဘူး...ငါတို့ကျောင်းမှာ ဒီလောက်ချောတဲ့ဆရာရှိတယ်ဆိုတာ ငါလည်းမယုံခဲ့ဘူး"


"... ဒုတိယတန်းက ကျောင်းသူတွေ" 


ချီရှင်းချန် သူ့ကိုစိုက်ကြည့်နေသည်ကို သည်းမခံနိုင်တော့ဘဲ ပရိုဂျက်တာကို ပုတ်ပြီးမေးလိုက်သည်။


"ငါ့မျက်နှာမှာ စာမေးပွဲအမှတ်မရှိဘူး... ကျောင်းစာအုပ်ကို ကြည့်" 


သူပြောပြီးသည်နှင့် ဒုတိယတန်းမှနောက်ဆုံးတန်းအထိ ကောင်မလေးများ အားလုံး ခေါင်းငုံ့သွားကြသည်။


ချီရှင်းချန်:"..."


သူက ဘယ်ဘက်အစွန်ဆုံးက ကောင်မလေးနှစ်ယောက်ကိုပဲ သတိပေးချင်ခဲ့ခြင်းဖြစ်သော်လည်း"အမျိုးသမီးရဲဘော်"ဆိုသည့်စကားလုံးကို သုံးလိုက်မိသကဲ့သို့ပင်။


တကယ်တမ်းတွင် ဒုတိယတန်းကနေ နောက်ဆုံးတန်းထိတင် မဟုတ်ပါချေ။ ဟောပြောပွဲခန်းမရှိ ကျောင်းသား 200 နီးပါး၏ 70% သည် အတန်းထဲသို့ အမှန်တကယ် မရောက်ဖူးကြသလို ချီရှင်းချန် ယခင်က မမြင်ဖူးသော မျက်နှာအချို့ပင် ရှိသေးသည်။


သူတို့အားလုံးက ကိုလူချောကိုတွေ့ရရန် ဤနေရာကိုရောက်လာကြခြင်းဖြစ်သည်။


စာအုပ်ထဲကို ကူးပြောင်းပြီးနောက်၊ချီရှင်းချန် အောင်မြင်စွာ ဘွဲ့ရခဲ့ပြီး၊ သူ၏ကြီးကြပ်ရေးမှူးကို သိပ္ပံဆိုင်ရာ သုတေသနများ ပြီးမြောက်အောင် ကူညီပေးခဲ့သောကြောင့် ကျောင်းတွင် ဆက်လက်နေထိုင်ခွင့်ရခဲ့သည်။


ဤစာသင်ချိန်က သူ၏ စတုတ္ထမြောက်အတန်ဖြစ်၏။ လူ ၄၀ မှ ၅၀သာရှိသော ပထမအတန်းတွက် ဟောပြောပွဲခန်းမပြည့်ပြီး အပြင်ဘက်တွင် လူများစုပုံလာသည်အထိအဆင့်ကိုရောက်ရန် လဝက်ပဲကြာခဲ့သည်။


လက်တွေ့ကမ္ဘာရှိ ချီရှင်းချန်၏အထောက်အထားက စာအုပ်ထဲရှိ ချီရှင်းချန်နှင့် ကွဲပြားသောကြောင့်၊ သူသည် ယခင်က သာမန်ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ သူသည် သာမန်တက္ကသိုလ်ဆရာတစ်ဦးဖြစ်ခဲ့သည်။ချီရှင်းချန်ဘဝအတွက် ဒုက္ခမဖြစ်စေရန်နှင့် ကျောင်းကိုဒုက္ခမဖြစ်စေရန်အတွက် သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ထုတ်ဖော်မပြောရန် ရွေးချယ်ခဲ့သည်။


တစ်ချိန်တည်းမှာပင်၊ပိုင်ရဲ့က စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် သူ၏အလုပ်ရှင်ဟောင်းနှင့် စာချုပ်ကို ရပ်စဲလိုက်ကာ ကိုယ်ပိုင်စတူဒီယိုကို တည်ထောင်ပြီး အဆိုတော်များနှင့် သရုပ်ဆောင်အချို့ကို လက်မှတ်ရေးထိုး၍ သူ၏အလုပ်များကို နောက်ကွယ်မှ တဖြည်းဖြည်း ပြောင်းလဲကိုင်တွယ်ခဲ့သည်။ အယ်လ်ဘမ်များထုတ်ဝေခြင်းနှင့် ဖျော်ဖြေပွဲများကျင်းပခြင်းမှလွဲ၍ စီးပွားဖြစ်ဖျော်ဖြေမှုများ သို့မဟုတ် ရသစုံရှိုးများတွင် ပါဝင်ခဲပြီး အိမ်တွင် အချိန်ပိုဖြုန်းခဲ့သည်။


ချီရှင်းချန် သူပြန်လာသောအခါတွင် "စူပါစတားကြီးက တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်နေပြီး သူ၏အနုပညာအသိုင်းအဝိုင်းအပြင်ကချစ်သူရည်းစားက အခန်းပိုထဲတွင် တစ်ယောက်တည်းနေကာ မျက်ရည်များနှင့်ရေချိုးနေရသည်"ဟူသောဇာတ်ညွှန်းကို လက်ခံရရှိလိမ့်မည်ဟု မူလက ထင်ခဲ့သည်။


လက်တွေ့တွင်မူ နောက်နေ့ အတန်းမရှိလျှင် သူ ညသန်းခေါင်အထိ ငိုရလိမ့်မည်။


၎င်းကို တွေးကြည့်လျှင် ချီရှင်းချန်၏ခါးအောက်ပိုင်းက ကိုက်ခဲ့လာသည်။


သူ သတိပေးပြီးနောက် ကောင်မလေးတွေက သူ့ကိိုစိုက်ကြည့်နေခြင်း ရပ်သွားကြသည်။ သူ့ကို ပြောင်ပြောင်တင်းတင်းကြည့်ခြင်းမှ တိတ်တိတ်းလေးခိုးကြည့်ခြင်းသို့ ပြောင်းလဲသွားကြသည်။ချီရှင်းချန် တခြားဘာမှ မပြောနိုင်တော့ဘဲ သူ့ကိုယ်သူ ထိန်းကာ ဆက်သွားခဲ့သည်။


ဟောပြောပွဲအပြီးတွင် သူ ဆန်ခါပေါက်ဖြစ်အောင် စိုက်ကြည့်ခံရပြီးနေပြီဖြစ်သည်။


ထို့အပြင် အတန်းပြီးပြီးချင်း သူ့ကို သွားခွင့်မပြုသော မိန်းကလေးအချို့လည်း ရှိသေးသည်။ ကျောင်းထဲကနေ ကျောင်းပြင်ထိ လိုက်လာပြီး တကျည်ကျည်မေးခွန်းများ မေးကြသည်။


"ချီလောင်ရှီး အသက်ဘယ်လောက်ရှိပြီလဲ"


"၂၄"


"အိုး...၂၄ နှစ်ပဲ ရှိသေးတယ်... သေချာပေါက် အိမ်ထောင်မကျသေးဘူး ဟုတ်တယ်ဟုတ်"


"ဟုတ်တယ်... ငါအိမ်မထောင်မကျသေးဘူး"


"လောင်ရှီးမှာကောင်မလေးရှိလား"


"ငါ့မှာ ကောင်မလေးမရှိဘူး" 

 ခဏရပ်လိုက်သည်။ 

"ဒါပေမဲ့ ငါ့မှာကောင်လေးရှိတယ်"


ဝမ်းသာအားရဖြစ်တော့မည့် ကောင်မလေးတွေ:"…"


သို့သော် သူတို့လက်မလျှော့သေးပေ။ တကယ်တမ်းတွင် ချီရှင်းချန်ကို သူတို့ အလွန်ကြီးကြိုက်သည် မဟုတ်ပေ။သူတို့က အလှတရားကို မခုခံမတွန်းလှန်နိုင်ရုံသာဖြစ်သည်။


"ချီလောင်ရှီး" 

ကောင်မလေးတွေက စပ်စပ်စုစုမေးသည်။

"လောင်ရှီးရဲ့ကောင်လေးက ဘာလုပ်တာလဲ"


"...အိုး" 

ချီရှင်းချန်က ပေါ့ပေါ့ပါးပါး လိမ်လိုက်သည်။ 

"သူက ဆရာဝန်"


"ဒေါက်တာပေါ့... ပိုတင်းကျပ်ပြီး ငြီးငွေ့စရာကောင်းမှာ မဟုတ်ဘူးလား"


"အင်း" 


ချီရှင်းချန်က စုပ်သတ်လိုက်သည်။ တစ်ခါတလေ အရမ်းတင်းကျပ်တယ်လို့ သူပြောမိတော့မလို့...


ထို့နောက် ဘေးနားမှ အသံတစ်ခုကြားလိုက်ရသည်။


ပိုင်ရဲ့က ဘယ်ချိန်ကမှန်းမသိ ရောက်နေခဲ့သည်။ သူ့ကားက သူနှင့် တစ်မီတာပင်မကွာသောနေရာမှာ ရပ်ထားသည်။


"ည၏မက်မွန်" ထဲ၌၊ ပိုင်ရဲ့တွင် ကားများစွာရှိသည်ဟု ချီရှင်းချန် မထင်ခဲ့ပေ။ အဓိကအကြောင်းအရင်းက သူ့မှာ ကားအရေအတွက် ဘယ်လောက်ပဲရှိပါစေ ချီမိသားစုထက် ပိုရှိရန် မဖြစ်နိုင်၍ပါပင်။


သူ လက်တွေ့ကမ္ဘာကို ပြန်ရောက်ပြီး ပိုင်ရဲ့၏ ကားဂိုဒေါင်ကို တွေ့လိုက်ရသည့်အခါမှ သူ့ချစ်သူက အသုံးအဖြုန်းကြီးလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


အမှန်တွင် ယင်းက နားလည်နိုင်ပါသည်။သတင်းထောက်တွေ မမှတ်မိစေရန် ပိုင်ရဲ့က ကားခဏခဏပြောင်းရသည်။


ကျောင်းမှာ လူအလွန်များပြီး မလုံခြုံပေ။ချီရှင်းချန် သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"နောက်မှပြောကြရအောင်... ငါ့ကောင်လေး ရောက်နေပြီ" 


ပြောပြီးသည်နှင့် ကားပေါ်ကို အမြန်တက်သွားခဲ့သည်။


ကောင်မလေးတွေ: "…"


"Mulsanneကားမောင်းတဲ့ ဆရာဝန်ကို တွေ့ဖူးလား"


"သူ့မိသားစုက ချမ်းသာတာဖြစ်နိုင်တယ်"


လမ်းသွားလမ်းလာတွေ ရှာတွေ့မှာကြောက်သည့်အတွက် ပိုင်ရဲ့က အများအားဖြင့် အားလွင်ကို မောင်းခိုင်းတတ်သည်။ချီရှင်းချန် နောက်ထိုင်ခုံတွင် ထိုင်လိုက်ပြီး ရုတ်တရက် သူ့လက်မောင်း အေးသွားသလို ခံစားလိုက်ရသည်။


ခေါင်းကို လှည့်ကြည့်လိုက်ရာတွင် သူ့ဘေးမှာ မစ်တီးးတစ်ခွက်ကို တွေ့လိုက်သည်။


"ဆေးဖက်ဝင်အပင် နှစ်ဆနဲ့ ပုလဲနှစ်ဆ" 

ချီရှင်းချန်က ဝမ်းသာအားရ ကောက်ကိုင်လိုက်ပြီး ရှူသွင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် ရဲ့ကော"


ပိုင်ရဲ့က သူ့ကို မော့ကြည့်ပြီး ဘာမှ မပြောပေ။


ချီရှင်းချန် သူ့ချစ်သူ၏အမူအရာက အနည်းငယ်ထူးဆန်းသည်ဟု ခံစားရ၏။ သူက အနားတိုးပြီး တစ်ဖက်လူ၏ပါးကို နှာသီးဖျားနှင့် ပွတ်လိုက်သည့။ 

"ဒီဆိုင်က တကယ်ကောင်းတာ...ဝယ်ဖို့ တန်းစီတာ ဘယ်လောက်ကြာခဲ့လဲ"


ပိုင်ရဲ့ ပြောသည်ကို မစောင့်ဘဲ အားလွင်က ဝင်ဖြတ်ပြောသည်။


"ပထမအချက် ငါက အဲဒါကို ဝယ်ဖို့ တန်းစီခဲ့တာ...ဘော့စ်က ပိုက်ဆံပေးဖို့ပဲ တာဝန်ယူတာ...ဒုတိယအနေနဲ့ မင်းကို ငါ့ရှေ့မှာ မင်းရဲ့ချစ်ခင်ကြင်နာမှုတွေကိုပြသတာတားမြစ်ထားတယ် ... မဟုတ်ရင် ကားကို မြစ်ထဲ မောင်းချပစ်လိုက်မယ်"


ဤကလေး စိတ်ဝိညာဥ်နှိပ်စက်မှုဒဏ်ကြောင့် ရူးသွပ်သွားခဲ့လေပြီ။အားလွင်၏ ပြင်းထန်သော နာကြည်းမှုကို ခံစားရပြီး ချီရှင်းချန် မတ်မတ်ထထိုင်ကာ ပိုင်ရဲ့၏လက်မောင်းကိုကိုင်၍ မစ်တီးကိုလိမ်လိမ်မာမာသောက်နေလိုက်သည်။


ထူးဆန်းသည်မှာ ပိုင်ရဲ့က လမ်းတစ်လျှောက် ဘာမှပြန်မပြောပေ။


သူတို့အိမ်ထဲဝင်လာသည့်အခါ၊ချီရှင်းချန် ပိုင်ရဲ့ဘာကြောင့် နှုတ်ဆိတ်နေလဲဆိုသည်ကို နောက်ဆုံးမှာသိလိုက်ရသည်။ပိုငိရဲ့ သူ့ကို ဗီရိုမှာဖိထားပြီး သူ့နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန် ကိုက်ခဲသည်။


"ကိုယ်က အရမ်းတင်းကြပ်လို့ ငြီးငွေ့နေပြီလား" 


ချီရှင်းချန် သူ၏ကိုက်ခဲမှူကြောင့် အနည်းငယ် နာကျင်သွားသော်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အတူတူ ကုန်ဆုံးချိန်တွေ ပိုကြာလာသည်နှင့်အမျှ သူ့ရှေ့ကလူ၏ပြစ်ချက်တွေကို မတွေ့ရုံသာမက ပိုပိုပြီး သဘောကျလာခဲ့သည်။ သူ့နှုတ်ခမ်းပေါ်က အပြုံးတွေ၊တွန့်ချိုးနေသောမျက်ခုံးမွှေးတွေ၊ဒေါသထွက်ဟန်ဆောင်သည့်အခါ ပင့်တက်လာသည့် မျက်လုံးထောင့်စွန်းတွေကို သဘောကျသည်... ပုံစံတိုင်း၊ လှုပ်ရှားမှုတိုင်းနှင့် သိမ်မွေ့သော အမူအရာတိုင်းကို သဘောကျသည်။


ကယ်တင်၍မရနိုင်လောက်အောင် သူနှစ်သက်ရသည်။


ချီရှင်းချန်က အသံနှိမ့်ကာပြောလိုက်၏။

"ကျွန်တော် သူတို့ကို လှည့်စားခဲ့တာ"


"'အင်း'လို့မင်းပြောတာကို ကိုယ့်နားနဲ့ဆက်ဆက် ကြားခဲ့ရတာ"

ပိုင်ရဲ့က ဘယ်ဘက်မျက်ခုံးကို ပင့်လိုက်သည်။ 

"မင်းကိုယ့်ကိုလှည့်စားနေတာလို့ ကိုယ်ထင်တယ်"


"ကော ကျွန်တော့်ကို သတ္တိတစ်ရာပေးရင်တောင် ကျွန်တော် ကောကိုမလှည့်စားရဲပါဘူး"


"မင်းမှာ သတ္တိဘယ်လောက်ရှိလဲ ဘယ်သူသိမှာလဲ" 

ပိုင်ရဲ့က သူ့ချစ်သူ၏ အင်္ကျီကို အမြန်ချွတ်လိုက်သည်။ 

"ကိုယ့်ကို ဆရာဝန်လို့ ပြောတာမဟုတ်ဘူးလား ...လာ ကိုယ့်ကို စစ်ဆေးခွင့်ပေး"


"သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည်" ဆိုသည့်အကြောင်းပြချက်နှင့် ချီရှင်းချန်ကို ပိုင်ရဲ့က အိပ်ခန်းထဲကို ဆွဲခေါ်သွားသည်။ သူသည် အဆုံးတိုင်အောင် ဆရာဝန်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ပထမ သူ့ခါးက ကြွက်သားတွေ သန်မာမှုရှိမရှိ စစ်ဆေးပြီး၊ ခဏနေသောအခါ သူဂလင်းတွေ ကျန်းမာသလားမကျန်းမာသလား စစ်ဆေးသည်...


နှစ်ကြိမ် ထပ်ခါထပ်ခါ စစ်ဆေးကြည့်ပြီးနောက် ကောင်းကင်က မှောင်နေပြီဖြစ်၏။ နောက်ဆုံးမှာ ဒေါက်တာပိုင်က သူ့ကို လွှတ်ပေးလိုက်ပြီး ဆရာဝန်တစ်ယောက်၏ ကရုဏာနှင့် ချက်ပြုတ်ရန် မီးဖိုချောင်ထဲကို သွားလေသည်။ 


ဆေးဖက်ဝင်အပင်နှစ်ဆ နှင့် ပုလဲနှစ်ဆ မစ်တီးက အစာခြေပြီးနောက် ဘာမှမကျန်တော့ချေ။ချီရှင်းချန် သူ့ဗိုက်သားကို ပွတ်သပ်ကာ သူ့ကိုယ်သူ အာရုံပြောင်းစေရန် အခြားတစ်ခုခုလုပ်ရန် ကြံစည်နေသည်။


သူ "ည၏မက်မွန်" အကြောင်းကိုတွေးပြီး အိပ်ယာမှထကာ ကွန်ပြူတာဖွင့်၍ လွန်ခဲ့သော နှစ်နှစ်က သူသိမ်းဆည်းထားသည့် စာမျက်နှာကို နှိပ်လိုက်သည်။


အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး သူ့ရှေ့က ကမ္ဘာကြီး လည်သွားသည်...

....

မူးဝေခြင်းမှ ပြန်လည်သက်သာလာသောအခါ ချီရှင်းချန် သူ အိမ်တွင်ရှိမနေပဲ လမ်းပေါ်တွင် ရှိနေသည်ကို တွေ့ရပြီး အံ့အားသင့်သွားသည်။


လမ်းနာမည်ကအလွန်မယ်ရီဆူးဆန်သည်။သူနှင့် ပိုင်ရဲ့တို့နေထိုင်သည့်မြို့က မဟုတ်ပေမဲ့ ထူးထူးခြားခြား ရင်းနှီးနေသည်။


မိနစ်အနည်းငယ်လောက် တွေးပြီး ရုတ်တရက် သတိရသွားသည်။ "ည၏မက်မွန်" ရဲ့ လမ်းနာမည် မဟုတ်ဘူးလား...


သူ... ထပ်ပြီးကူးပြောင်းလာတာတော့မဟုတ်ပါဘူးနော်...


သူက ပတ်ပတ်လည်ကို သေသေချာချာကြည့်လိုက်သည်။ လမ်းဆိုင်းဘုတ်နှင့် ချိတ်ဆက်ထားသော နေရာလွတ်က အလွန်ဝိုးတဝါးဖြစ်နေပြီး သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ချီရှင်းချန် နေရာလွတ်ရှေ့သို့ လျှောက်သွားပြီး လက်ဖြင့် လှမ်းကိုင်လိုက်သည်။


ပြင်းထန်သော စုပ်အားတစ်ခု ရောက်ရှိလာပြီး သူ့ကို စုပ်ယူလုနီးပါး ဖြစ်သွားသည်။


ချီရှင်းချန် စိတ်လှုပ်ရှားနေသည်။ သူ လက်တွေ့ဘဝနှင့် "ည၏မက်မွန်" အကြား ခရီးသွားနိုင်စေမည့် ကြားခံတစ်ခုကို ရှာဖွေတွေ့ရှိထားပုံရသည်။


- ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ လမ်း ဆိုင်းဘုတ်က သူ ခုနက ပြုတ်ကျ ခဲ့တဲ့ နေရာ မို့လို့လေ...


တစ်နည်းဆိုရသော် "ည၏မက်မွန်" ကို ဖွင့်လိုက်သရွေ့ သူ ကူးပြောင်းသွားနိုင်သည်။ သူထွက်သွားချင်လျှင် ဆိုင်းဘုတ်ဆီသွားပြီး ထွက်သွားနိုင်၏။


အလုပ်စလုပ်ပြီးနောက်၊ချီရှင်းချန် အများကြီးပိုတည်ငြိမ်သွားခဲ့သော်လည်း ယခုအချိန်တွင် သူ အကြိမ်အနည်းငယ် ခုန်ပေါက်ကာ မနေနိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည်။ ခုန်ပေါက်ပြီးသည်နှင့် ရှေ့ကို ပြေးရန် မစောင့်နိုင်တော့ပေ။


သူ ဤနေရာကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး ဤလမ်းက ချီမိသားစု၏ကုမ္ပဏီ၊ချီကော်ပိုရေးရှင်းနှင့် မဝေးလှဘူးဆိုသည်ကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ပါချေ။


စာအုပ်ထဲကအချိန်က အပြင်က အချိန်နှင့် အတူတူပါပင်။ ညနေ ခြောက်နာရီ ထိုးနေပြီဖြစ်၏။လမ်းသွားလမ်းလာတွေ၏အကြည့်တွေကို လျစ်လျူရှုရင်း ချီရှင်းချန် တောက်လျှောက်ပြေးသွားခဲ့သည်။ သေချာသည်ပင်၊ ထောင့်ကို ကွေ့ပြီးနောက် မိုးမျှော်တိုက်တစ်ခု ပေါ်လာ၏။ 


ချီကော်ပိုရေးရှင်းကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ရမည်။ အဆောက်အအုံတစ်ခုလုံးသည် ယခင်ကထက် ပိုမိုခေတ်မီပြီး ခမ်းနားသည်။လက်ရှိအချိန်တွင် မီးအများစုမှာ ပိတ်ထားရပြီး အပေါ်ထပ်ရှိ ရုံးခန်းအနည်းငယ်သာ ဖွင့်ထားသည်။


နှစ်နှစ်ကျော်ကြာပြီးနောက်၊ သူ့မိသားစုကို တောင့်တသောစိတ်က ဒီရေလှိုင်းကဲ့သို့ သူ့အပေါ် လွှမ်းခြုံသွားသည်။ချီရှင်းချန် သူ၏ ချဉ်စူးလာသောနှာခေါင်းကို ပွတ်သပ်ကာ maskနှင့် နေကာမျက်မှန်ကိုထုတ်ဝတ်လိုက်သည်။၎င်းနောက် ချီကော်ပိုရေးရှင်းဆီသို့ အမြန်ပြေးကာ ဓာတ်လှေကားရိုးဆီသို့ သက်တောင့်သက်သာ လျှောက်သွားခဲ့သည်။


တာဝန်ကျ လုံခြုံရေး အစောင့်က အမြန်ထရပ်ပြီး သူ့ကို တားလိုက်သည်။ "တောင်းပန်ပါတယ် ဆရာ...ဒါအလုပ်ဆင်းချိန်ပါ"


ချီရှင်းချန် "ငါဘယ်သူလဲဆိုတာကြည့်"ဟုပြောတော့မည်ပြုလိုက်သည်။ထို့နောက် လက်တွေ့ဘဝတွင် သူက မူရင်း ချီရှင်းချန်နှင့် အနည်းငယ် ကွဲပြားသည်ကို သတိရမိသွားသည်။ သူ့မျက်နှာသွင်ပြင်က ဆင်တူပေမဲ့ အရပ်ပိုရှည်ပြီး ခက်ထန်သောဘေးတိုက်ပုံစံ ကောက်ကြောင်းတွေရှိသည်။


ဤအခိုက်အတန့်တွင် သူက သူ့ခန္ဓာကိုယ်နှင့်သူဖြစ်ပြီး မူရင်းချီရှင်းချန် ၏ကိုယ်ခန္ဓာကို ငှားသုံးထားခြင်းမဟုတ်ကြောင်း သူသေချာလေသည်။


သူ့လက်မောင်းပေါ်တွင် ကျန်ရစ်ခဲ့သော 

အချစ်အမှတ်အသားများက ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ၎င်းသည် သူ၏ကိုယ်ပိုင်အခြေအနေကို အတည်ပြုရန် ကူညီပေးခဲ့သည်။


သူ့အသွင်အပြင်က မတူသောကြောင့်၊ သူက မူရင်းချီရှင်းချန်ကဲ့သို့ ဟန်မဆောင်နိုင်ပေ။ချီရှင်းချန် သူ၏စိတ်ထဲကတွန်းအားကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားပြီးပြောလိုက်သည်။


"ဟယ်လို...ကျွန်တော် ချီယွမ်ရှောင်ကို လာရှာတာပါ"


"ဆရာက ဥက္ကဌကြီးချီကို ရှာနေတာလား...ဥက္ကဌကြီးချီက အလုပ်ဆင်းပြီး အိမ်ပြန်သွားပြီ"


ဥက္ကဌကြီးချီ…


ချီရှင်းချန်၏ အမြင်တွင်၊ အဖေချီက ဥက္ကဌကြီးချီဖြစ်ပြီး သူ၏ အစ်ကိုဖြစ်သူက ဥက္ကဌချီဖြစ်သည်။ ဖြစ်နိုင်တာက ... သူ့အဖေရဲ့ ကျန်းမာရေး တစ်ခုခု ချို့ယွင်းနေတာလား...


ချီရှင်းချန်က လုံခြုံရေးအစောင့်၏ လက်ကို လှမ်းဆွဲလိုက်သည်။ 

"ချီရှောင်မင်ဘယ်မှာလဲ"


"ဆရာက ဥက္ကဌဟောင်းချီအကြောင်း ပြောနေတာလား...ဥက္ကဌဟောင်းချီက သူရဲ့လုပ်ငန်းအများစုကို ဥက္ကဌကြီးချီ ဆီကို လွှဲပြောင်းပေးခဲ့ပြီးတော့ ဒီကို အများကြီးမလာတော့ဘူး"


"ဒါဆို သူ့ခန္ဓာကိုယ်က.."


"သူက ကျန်းမာရေးကောင်းတယ်...မနေ့ က အလုပ်လာစစ်တာ ကျွန်တော့်ကိုတောင်တော်တယ်လို့ချီးကျူးသွားသေးတယ် ဟီးဟီး"


သူ့အဖေ ကျန်းမာကြောင်းကြားသောအခါ ချီရှင်းချန် သက်ပြင်းချလိုက်သည်။ပြန်လည်စတင်ခြင်းမပြုမီတွင် ချီရှောင်မင်က ကုမ္ပဏီကို ၎င်း၏သားအကြီးဆုံးလက်သို့ လွှဲပြောင်းပေးရန် အမြဲဆန္ဒရှိခဲ့ပြီး ယခုအခါတွင် ၎င်းသည် ဖြစ်ပေါ်လာတော့မည့်ပုံပေါ်သည်။


ဒါပေမဲ့ … 

ချီရှင်းချန် စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။

"ဥက္ကဌကြီးချီက အိမ်မှာဆိုရင် အပေါ်ထပ်မှာ အချိန်ပိုလုပ်နေတဲ့သူက ဘယ်သူလဲ"


"ကျွန်တော်လည်း သေချာမသိဘူး... သူက တတိယသခင်လေး ဖြစ်နိုင်တယ်...ဒီနေ့ သူဝင်လာတာကို မြင်လိုက်ပေမဲ့ အပြင်ထွက်တာတော့ မမြင်ဘူး"


ချီရှင်းချန်"တတိယသခင်လေး" ဟူသော

စကားကိုကြားသောအခါ ပိုင်းခြားခံရသေခံစားချက်ကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။

ခဏလောက်အကြာထိ သူမှင်တက်နေပြီး ဘာမှပြန်မပြောခဲ့။


"ဟေး... ချောင်ချောင်အကြောင်းပြောတော့ ချောင်ချောင်ရောက်လာတယ်... တတိယသခင်လေး ဆင်းလာပြီ"