Extra -1 အဆက်
ချီရှင်းချန် ရုတ်တရက်အသိဝင်လာပြီး လုံခြုံရေးကြည့်ရာကို လှမ်းကြည့်လိုက်သည်။ ဓာတ်လှေကားမှဆင်းလာသော ရင်းနှီးကျွမ်းဝင်သောလူငယ်တစ်ဦးကို သူတွေ့လိုက်ရသည်။ သူ၏ မီးခိုးပြာရောင် အင်္ကျီကို သူ့လက်မောင်းပေါ်တွင် ပေါ့ပေါ့ပါးပါး ပတ်ထားပြီး သူ၏ ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်သပ်ရပ်ပြန့်ပြူးနေကာ သူ့အမူအရာက နူးညံ့နေသည်။
တစ်ယောက်ယောက်က သူ့ကိုကြည့်နေသည်ဟု ခံစားရ၍ထင်၏၊ သူ့အကြည့်က အနှီဘက်ကိုရောက်လာသည်။တတိယသခင်လေးက သူ့ကိုကြည့်နေသည်ဟု လုံခြုံရေးအစောင့်က ထင်ပြီး အမြန်ထရပ်လိုက်သည်။
သူရှာတွေ့သွားမှာကို ကြောက်ပြီး ချီရှင်းချန် ချက်ချင်း ခေါင်းငုံ့ပြီး ဖုန်းသုံးနေဟန်ပြုလိုက်သည်။
တစ်မိနစ်အကြာတွင် ယောက်ျားဝတ်သားရေဖိနပ်တစ်ရံ သူ့ရှေ့တွင် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ သားရေဖိနပ်ပိုင်ရှင်က မျက်လုံးအနည်းငယ်ပြူးကာ အသံက တုန်နေသည်။
"မင်းက...ငါ တခြားတစ်ယောက်လား"
........
"ပထမတော့ အစ်မထောင်ထောင် အဲဒီစာကို ပေးတုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ထင်ခဲ့တာ...ကျိုးယွီက ကုမ္ပဏီရဲ့စင်္ကြံမှာ ငါ့ကိုရန်လာစတဲ့ ဧပြီလ ၂ ရက်နေ့မတိုင်ခင်အထိ မင်းရဲ့စကားကို ငါမယုံကြည်ခဲ့ဘူး...အဲဒီနေ့က ငါ သူနဲ့ ရန်မဖြစ်ခဲ့ဘူး... မင်းပြောသလိုပဲ သူ ငါနဲ့ ငါ့အစ်မကို ဆဲဆိုကြိမ်းမောင်းနေတဲ့ ဗီဒီယိုကို မှတ်တမ်းတင်ခဲ့တယ်"
"ငါ့ အစ်မကို ပေးလိုက်တော့ သူက ကျိုးယွီနဲ့ ချက်ချင်း လမ်းခွဲလိုက်တယ်...နောက်ပိုင်းမှာ သူ(မ)က ချစ်သူအသစ်ရှာခဲ့ပြီး ပညာရေး၊ ရုပ်ရည်၊ မိသားစုနောက်ခံ အတော်လေး ကောင်းတယ်... သူကလည်း သူ(မ)ကို ကောင်းကောင်း ဆက်ဆံတယ်... အဖေက အရမ်းကျေနပ်ပြီး အိမ်ထောင်ရေးအကြောင်း စပြောနေပြီ..."
"ကျားကျစ်အတွက် မင်းရေးထားတာကို ငါလုပ်ခဲ့ပြီးပြီ...အဲဒါက တကယ်ကို အံ့သြစရာကောင်းတယ်...ထောင်ရွှမ်နဲ့ သိပြီးတဲ့နောက် စိတ်မရှည်တဲ့ကလေးက နေ့တိုင်း ထောင်ရွှမ်နောက်ကနေလိုက်ပြီး ကျူရှင်တက်ချင်တဲ့စိတ်ရှိလာတယ်... မနှစ်တုန်းကထောင်ရွှမ် ကျောက်ကပ်အစားထိုးကုသမှုခံယူတုန်းက ကျားကျစ်သူ့ကို ရက်နည်းနည်းလောက် အိပ်ယာထဲမှာတောင် လိုက်အဖော်ပြုပေးခဲ့လို့ အစ်မထောင်ထောင်က စိတ်ဆိုးသွားတယ်"
"ဒါပေမဲ့ ခွဲစိတ်မှုရဲ့ ရလဒ်က အရမ်းကောင်းတယ်...ဆေးရုံက ဆင်းပြီး သိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက် ကောလိပ်ဝင်ခွင့် စာမေးပွဲကို အတူတူ ဖြေဆိုခဲ့ကြတယ်...နှစ်ယောက်စလုံး စာမေးပွဲဖြေဖို့ မြို့တော်ကို သွားကြတာ ဟိုတလောက ဆောင်းရာသီ အားလပ်ချိန်မှာ ပြန်လာကြတယ်"
"အဖေကကျန်းမာရေးကောင်းတယ်... အထူးသဖြင့် ကုမ္ပဏီကို အစ်ကိုကြီးဆီကို အပ်ပြီးတဲ့နောက် သူ့မှာ ဘာမှလုပ်စရာမရှိဘူး...ဒါကြောင့် နေ့တိုင်း လက်ဖက်ရည်သောက်တယ်၊ လက်ရေးလှလေ့ကျင့်တယ်၊ သူ့ခန္ဓာကိုယ်နဲ့ စိတ်ကို ကျင့်ကြံတယ်...အစ်ကိုကြီးရဲ့ အလုပ်က အရင်ကထက် ပိုအလုပ်ရှုပ်နေပြီးတော့ သူ့မှာ ချိန်းတွေ့ဖို့ အချိန်တောင်မရှိဘူး...ဟင်းဘယ်တော့မှ မရီးရမလဲ မသိပါဘူး"
မူရင်းပိုင်ရှင်၏မျက်လုံးများက ဝမ်းနည်းပူဆွေးနေပြီး အစ်ကိုကြီး၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ သူတကယ်စိုးရိမ်နေပုံရသည်။ချီရှင်းချန် မရယ်ဘဲမနေနိုင်။
"အများကြီးပြောနေမိတယ်... မင်းကကော"
"ငါက…"
မူရင်းပိုင်ရှင်က မျက်တောင်ခတ်ပြီး မျက်လွှာချလိုက်သည်။ ခဏအကြာတွင် သူကတိုးတိုးလေးဆိုသည်။
"ငါက လျန်ကျင်းနဲ့ချစ်သူမဖြစ်သေးဘူး"
"လျန်ကျင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို ပြန်တွေးပြီးပြီး... သူ့ကို အားကိုးတယ်ဆိုတာ ငြင်းလို့မရပါဘူး...ငါသူ့ကို သဘောကျတာထက်ပိုတယ်...ငါ သူ့ကို ချစ်တာ သေချာတယ်"
"ငါ သူ့အနားမကပ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ကြိုးစားခဲ့တယ်... ဒါပေမဲ့ သူ့စိတ်ထဲမှာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဖုံးကွယ်ထားပုံရတယ်...ငါ့ကို ငြင်းပြီး နိုင်ငံခြားကို ထွက်သွားတယ်...အဲဒီမှာ အခြေချပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ အန်ကယ်လျန်ဆီက ကြားတယ်"
"ဒါပေမဲ့ ငါနောင်တမရဘူး..."
မူရင်းပိုင်ရှင်က အသက်ပြင်းပြင်းရှူလိုက်သည်။
"ငါ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီး...အနိုင်မရရင်တောင် နောင်တမရဘူး...ပြီးတော့ ငါ အခု ကောင်းကောင်း ဘဝကို ဖြတ်သန်းနေတာ မင်းမြင်တယ်မလား..."
မူရင်းပိုင်ရှင်က သူ့အင်္ကျီကို ခါယမ်းလိုက်သည်။
"ဒီဝတ်စုံက အဆင်ပြေလား"
"အရမ်းခန့်တယ်"
ချီရှင်းချန်က မေးလိုက်သည်။
"မင်း မင်းမိသားစုရဲ့ ကုမ္ပဏီကို ပြန်ရောက်နေပြီလား"
"ဟုတ်တယ်... အဲဒီတုန်းက ငါ့မိသားစုကို ပြဿနာရှာချင်လို့ နော်ရာနဲ့ လက်မှတ်ထိုးခဲ့တာ...နောက်ပိုင်းမှာ ငါ့မိသားစုက ငါ့ကို တကယ်ချစ်တယ်ဆိုတာ သိလာတဲ့အတွက် နောက်ရာ နဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်...အဆို၊အကတွေ သရုပ်ဆောင်တာတွေက ပျင်းစရာကောင်းပြီး ဘဏ္ဍာရေးလောက် စိတ်ဝင်စားစရာမရှိဘူး...ငါ အခု အစ်ကိုကြီးရဲ့ ကျောင်းကို တက်နေတယ်... တတ်နိုင်သလောက် သင်ယူပြီး စာပြီးအောင်သင်တယ်... အစ်ကိုကြီးကို ဝန်ထုပ်ဝန်ပိုးတစ်ခုပေါ့အောင်ကူညီနိုင်လိုကူညီနိုင်ငြားပေါ့"
ချီရှင်းချန်၏နှလုံးသား ဖောင်းပွလာပြီး သူ့အတွက် ပျော်ရွှင်နေခဲ့သည်။
"ဂုဏ်ယူပါတယ်... မင်း မင်းရဲ့လမ်းကိုတွေ့သွားပြီပဲ"
သူငယ်ချင်းဟောင်းနှစ်ယောက်လို စကားစမြည်ပြောရင်း ကားက ချီမိသားစု၏အိမ်တံခါးဝကို ရောက်သွားသည်။ချီရှင်းချန်က သူ့ကို လေးလေးနက်နက် ကြည့်ပြီး သူ့maskနှင့် နေကာမျက်မှန်ကို ပြန်တပ်လိုက်သည်။
"ကောင်းပြီ မင်းဝင်လေ... ငါသွားနှင့်မယ်...အခွင့်အရေးရရင် မင်းကိုလာတွေ့ပါ့မယ်"
"ဘာလို့ ထွက်သွားမှာလဲ"
မူရင်းပိုင်ရှင်က နားမလည်ပေ။
"ငါတို့ တံခါးဝရောက်နေပြီ...ဝင်ထိုင်ဦးလေ"
ချီရှင်းချန်က တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်သည်။
"မရဘူး... ငါတို့က အရမ်းဆင်တူတယ်...ငါ အဖေ့တို့... မင်းမိသားစုကို လန့်အောင်လုပ်မိသွားရင် မကောင်းဘူး"
"မဟုတ်ဘူး...အဲလိုဖြစ်မှာမဟုတ်ဘူး... သွားရအောင်...ငါ့အိမ်က မင်းအိမ်ပဲ...လုပ်စမ်းပါ"
ထိုသို့ဖြင့် မူရင်းပိုင်ရှင်က ချီရှင်းချန်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်
။ချီရှင်းချန်က မူရင်းပိုင်ရှင်ထက် ပိုသန်မာပေမဲ့ သူ့ဗိုက်ထဲမှာ အစာမရှိသောကြောင့် မူရင်းပိုင်ရှင်က သူ့ကို ခြံထဲကို ဆွဲခေါ်သွားရာနောက်ပါသွားခဲ့သည်။
ဗီလာဆီသို့ ခြေတစ်လှမ်း နီးကပ်လာသည်နှင့်အမျှ သူ ပိုပိုပြီး စိတ်ပူကာ စိတ်မသက်မသာ ခံစားလာရသည်။
ဤအချိန်မှာ အိမ်လွမ်းသည်ဆိုသည့် အဓိပ္ပါယ်ကို သူ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခံသည်။ယင်းက မူရင်းပိုင်ရှင်က သူ့ကို ဧည့်ခန်းတံခါးပေါက်ဆီသို့ တွန်းပို့လိုက်ချိန်ထိပါပင်။
မီးရောင်တွေက ထိန်ထိန်လင်းနေပြီး ညနေခင်းသတင်းဖွင့်ထားသည်။အဖေချီ၊ချီယွမ်ရှောင်၊ချီယွီကျီး၊ချီကျားကျစ်နှင့်ထောင်ရွှမ်တို့က ဆိုဖာပေါ်တွင် ထိုင်ကာ သစ်သီးစားရင် အဖြစ်မှန်ကို ဆွေးနွေးနေကြသည်။
ဆူညံသံကိုကြားရာတွင် တတိယသခင်လေး ပြန်လာပြီဆိုသည်ကို သိလိုက်ကြပြီး အားလုံး တံခါးကို လှည့်ကြည့်လိုက်ကြသည်။
နေကာမျက်မှန်တပ်ထားသည့် လူငယ်လေးပေါ်သို့ သူတို့၏ မျက်လုံးများ ရောက်သွားသည်နှင့် ရုတ်တရက် သူတို့ နှလုံးသားထဲရှိ အကြာကြီးပျောက်ဆုံးနေခဲ့သော နေရာလွတ်များ ပြည့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး မည်သည့်အချိန်က ပြည့်သွားသည်မသိခဲ့ပေ။
ထောင့်တစ်ခုပျောက်နေသည့် စက်ဝိုင်းတစ်ခုလိုပါပင်။ ရှာဖွေပြီးရင်း ရှာဖွေပြီးနောက် နောက်ဆုံးတွင် ပျောက်ဆုံးနေသော
အစိတ်အပိုင်းကို တွေ့ရှိခဲ့သည်။
ဤဘဝသည် နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့လေသည်။