အပိုင်း ၉၄
Viewers 34k

Chapter 94




လင်းလော့ချင်းက ကျိယွီရှောင်ကို ကားပါကင်သို့ ရောက်သည်အထိ တွန်းလာလိုက်သည်။ သူက ထိုသူကို ကားထဲသို့ ခေါ်လာပြီးနောက် ရှောင်လီက သဘာဝကျလွန်စွာပင် ဘီးတပ်ကုလားထိုင်ကို ယူကာ ကားနောက်ခန်းထဲတွင်ထည့်လိုက်ပြီး ကားမောင်းသူနေရာသို့ ဝင်ထိုင်လိုက်သည်။ 


"ဟိုတယ်ကို ပြန်ကြစို့..."

လင်းလော့ချင်းက ဆိုလိုက်သည်။


ထို့နောက် သူက ကျိယွီရှောင်ကို လှည့်မေးလိုက်သည်။ 

"ဒီတစ်ခေါက် ဘယ်လောက်ကြာကြာနေလို့ရလဲ..."


"ငါ ညနေကျရင် ပြန်ရမှာ..."

ကျိယွီရှောင်က သူ့ကိုကြည့်ကာဆိုလိုက်သည်။ 

"ရှောင်ယွီနဲ့ ဖေးဖေးက ငါဒီလာတာကိုမသိဘူး... အိမ်ပြန်နောက်ကျမယ်လို့ပဲ သိတာ... ငါမနက်ဖြန်မနက်မရောက်ခင် အိမ်ကိုမြန်မြန် ပြန်ရမှာ..."


"သူတို့ကို ဘာလို့မပြောခဲ့တာလဲ..."

လင်းလော့ချင်းက မေးမြန်းလိုက်သည်။ သူက ဤရက်ပိုင်းများတွင် သူတို့ကို မတွေ့ရ၍ လွမ်းနေသည်ဖြစ်သည်။ 


"ဒီကို အတူမလာချင်လို့ပေါ့..."

ကျိယွီရှောင်က ဆိုလိုက်သည်။ 

"ငါသူတို့ကိုပြောလိုက်ရင် သူတို့က ကျောင်းသွားချင်ကြပါဦးမလား... အထူးသဖြင့် ရှောင်ယွီပဲ... သူက မင်းကို လာတွေ့ဖို့အတွက် အတန်းလစ်ဖို့ ဆင်ခြေတစ်ခုရအောင်ရှာမှာပဲ... အဲ့ဒါဆို ဘယ်လိုလုပ်မလဲ..."


လင်းလော့ချင်း : ...အဲ့ဒါက တကယ်ကို ကျိလဲ့ယွီလုပ်လောက်မဲ့ ကိစ္စတစ်ခုပဲ...


ကျိလဲ့ယွီက ကျောင်းမသွားချင်သည်ကို တွေးမိရာ လင်းလော့ချင်းက မရယ်ပဲ မနေနိုင်ပါပေ။

"သေချာနားလိုက်ဦး... ရှောင်ယွီက အရမ်းတော်ပါတယ်... သူက ငယ်နေတာပဲရှိတာပါ... ဘယ်ကလေးက ကျောင်းသွားရတာ ကြိုက်လို့လဲ... သူကြီးလာတဲ့အထိစောင့်လိုက်..."


စာအုပ်ထဲတွင် ကျိလဲ့ယွီမှာ နာမည်ကြီးကောလိပ်တစ်ခုမှ ဘွဲ့ရခဲ့ပေသည်။ သူက အတန်းလစ်ကာ စာဖတ်ရသည်ကို ပျင်းသော်လည်း မွေရာပါ ထူးချွန်သည်ဟူသော ကျောင်းသားတစ်ယောက်၏ ဥပမာဖြစ်လေသည်။


အဲ့လိုမှမဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး အဓိက ဇာတ်လိုက်မင်းသားနဲ့ ပြိုင်ဘက်တွေဖြစ်လာပြီး နောက်ဆုံးမှာ ဗီလိန်ဖြစ်လာမှာလဲ...


ကျိယွီရှောင်သည်လည်း ကျိလဲ့ဖေး ကျောင်းမသွားချင်သည်ကို အမှန်တကယ်စိတ်မပူပါပေ။ သူက သူငယ်စဉ်ကနှင့် တစ်ပုံစံတည်းဖြစ်လေသည်။ ကျောင်းဆိုသည့် စကားလေးတစ်ခွန်းကပင် သူ့အားခေါင်းကိုက်စေလေသည်။ သူနှင့် သူ့တူမှာ စိတ်တူသည်ဟု ပြော၍ရပေသည်။ သို့ဖြစ်၍ သူက သူ့တူ၏ အနာဂတ်ကို စိတ်မပူပါပေ။ သူက သူ့တူအား သူ့အစ်ကို သူ့အားပျိုးထောင်ခဲ့သည့်နည်းလမ်းအတိုင်း ပျိုးထောင်နေသည်ဖြစ်ပြီး သူက ကျိလဲ့ယွီကို ကျောင်းသို့ ပို့ပေးသည်ကိုသာ သေချာချင်ပေသည်။ ကျိလဲ့ယွီက ကစားနေသည်လား သင်ယူနေသည်လားဆိုသည်မှာမူ ကျိလဲ့ယွီအပေါ်တွင် လုံးဝ မူတည်ပေသည်။


သူက ငယ်သေးသည်ဖြစ်ရာ ကျိယွီရှောင်က သူ့ကို ဖိအားများစွာ မပေးလိုပါပေ။ ဤအသက်အရွယ်တွင် သူက အလုပ်ကြိုးစားသည်ဆိုခြင်းက ဘာလဲဆိုသည်ကိုပင် မသိသေးပါချေ။ သူက ကလေးတစ်ယောက်အဖြစ် ကျန်းကျန်းမာမာ၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပျော်ပျော်ရွှင်ရွှင် ကြီးပျင်းလာပါက ကျန်သည်များက သူကြီးလာသည်အထိ စောင့်နိုင်ပေသည်။


"ကလေးတွေ ကျောင်းနားတဲ့ ပိတ်ရက်အထိစောင့်ဦး... ငါသူတို့ကို မင်းနဲ့ တွေ့ဖို့ ခေါ်လာမယ်... ဒါပေမဲ့ အခုတော့ သူတို့က ကျောင်းသွားဖို့ လိုတယ်..."

ကျိယွီရှောင်က ဆိုလိုက်သည်။


"အင်း..."

လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 


ဤနေရာတွင် ကလေးများမရှိခြင်း၏ အကျိုးကျေးဇူးများလည်း ရှိပေသည်။ သူနှင့် ကျိယွီရှောင်တို့က နှစ်ဦးတည်း အချိန်ပိုဖြုန်း၍ ရပေသည်။


ကလေးများရှိနေပါက သူက သူတို့အပေါ်တွင် အချိန်နှင့် စွမ်းအင်ဖြုန်းတီးခြင်းဖြင့် အဆုံးသတ်သွားမည် ဖြစ်ပေသည်။ သဘာဝအလျောက်ပင် သူက ကျိယွီရှောင်နှင့် ပြောချင်တာမပြောနိုင်သလို လုပ်ချင်တာလည်း လွတ်လွတ်လပ်လပ် လုပ်၍ ရမည်မဟုတ်ပါပေ။ 


သို့သော် လင်းလော့ချင်းက မှောင်လာသော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်လေသည်။ ကျိယွီရှောင်က ညမအိပ်သည်ဖြစ်ရာ သူတို့က ဘာမှလုပ်၍ မရတော့ပါပေ။ 


ကောင်းပါပြီ...

လင်းလော့ချင်းက သက်ပျင်းချလိုက်သည်။

နှမြောစရာပဲ...


ကားက အလွန်လျင်မြန်စွာမောင်းနှင်လာပြီး သူတို့က ရိုက်ကူးရေးအဖွဲ့မှ ငှားထားသော ဟိုတယ်သို့ရောက်လာကြလေသည်။ 


လင်းလော့ချင်းက ကျိယွီရှောင်ကို ဟိုတယ်ထဲသို့ တွန်းလာပြီး ဓာတ်လှေကားဆီသို့ သွားလိုက်သည်။ ထို့နောက် သူတို့က သူ့အခန်းထဲသို့ သွားလိုက်ကြသည်။


ကျိယွီရှောင်က အခန်းကို တစ်ချက်ကြည့်ကာ မကျေမနပ်ဆိုလိုက်သည်။

"ကျဉ်းလိုက်တာ..."


"မင်းက ဒါကို မင်းရဲ့ အဆင်မြင့်ဟိုတယ်ခန်းနဲ့ ယှဉ်ချင်နေရင်တော့ နည်းနည်းကျဉ်းတာ အမှန်ပဲ... သာမန်အခန်းတစ်ခုနဲ့ယှဉ်ရင်တော့ ဒါက အတော်လေးကြီးတယ်လို့ ယူဆလို့ရပါတယ်..."


သူရုပ်ရှင်မရိုက်ခင်က လင်းလော့ချင်းမှာ သာမန်အခန်းတစ်ခုတွင် အမြဲလိုလိုနေခဲ့ရသည်ဖြစ်သည်။ အခန်းတစ်ခန်းတွင် လူနှစ်ယောက် နေထိုင်ရပေသည်။ ယခုတွင် ဤသည်မှာ အခန်းကျယ်တစ်ခုဖြစ်ကာ သူတစ်ယောက်တည်း နေနေရသည်ဖြစ်သည်။ လင်းလော့ချင်းက ဤသည်က အလွန်ကောင်းသည်ဟု ခံစားရပေသည်။ 


လူဆိုတာ ဘယ်အချိန်မှာ ရောင့်ရဲရမလဲဆိုတာ သိသင့်တယ်...


ပြီးတော့ သူက အဓိက မင်းသားတောင် မဟုတ်ဘူးလေ...


ကျိယွီရှောင်က သူ့ကိုကြားပြီး လှည့်ကြည့်လိုက်သည်။

"အဲ့ဒါဆိုရင် နောက်တစ်ခါ ငါမင်းကို အဆင့်မြင့်ဟိုတယ်ခန်းတစ်ခုမှာ နေခိုင်းမယ်..."


လင်းလော့ချင်းက အံ့အားသင့်သွားကာ သူ့အား အနီးသို့ ဆွဲခေါ်လိုက်သည်။ 

"ငါရိုက်ကူးရေး လုပ်နေတုန်း မနေခိုင်းနဲ့... ငါတို့ နောက်တစ်ခေါက် ထွက်ကစားမှပဲ ငါ့ကို အဲ့ဒါ ခံစားခိုင်း..."


ကျိယွီရှောင်က ရယ်လိုက်သည်။

"မင်းက ထွက်ကစားဖို့ကိုတောင် တွေးနေပြီပေါ့..."


"မရဘူးလား..."

လင်းလော့ချင်းက ၄င်းက မှားသည်ဟု မခံစားရပါပေ။

"ရှောင်ယွီနဲ့ ဖေးဖေးတို့ အနားယူဖို့လာရင် ငါက ရိုက်ကူးရေးမလုပ်နေဘူးလေ... ငါတို့ထွက်ကစားလို့မရဘူးလား..."


"မင်းဘယ်သွားချင်လဲ..."

ကျိယွီရှောင်က မေးလိုက်သည်။


"ဘယ်ဖြစ်ဖြစ်ရပါတယ်..."

လင်းလော့ချင်းက ချေးမများပါပေ။ 

"ငါတို့ဘယ်သွားတယ်ဆိုတာက အရေမကြီးပါဘူး... အရေးကြီးတာက ငါတို့အတူရှိနေတာပဲ..."


ကျိယွီရှောင်က သူ့စကားများကြောင့် မပြုံးပဲ မနေနိုင်ပါပေ။ သို့သော် သူကမကြာမီပင် သူ့အပြုံးကို ရပ်တန့်လိုက်သည်။ ယခုလောလောဆယ်တွင် မည်သည့်နေရာမှ သွားရန် အဆင်မပြေပါပေ။ သူက လင်းလော့ချင်းအား ပျော်ရွှင်စေရန် ခေါ်ထုတ်သွားလျှင်ပင် သူကိုယ်တိုင်က ပါဝင်နိုင်မည်မဟုတ်ပါပေ။ 


ထိုအခိုက်အတန့်တွင် သူက ရုတ်တရက် စိတ်ဓာတ်ကျသည်ဟု ခံစားလိုက်ရပေသည်။ 


ကျန်းမာတဲ့ သာမန်လူတစ်ယောက်နဲ့ မယှဉ်နိုင်သေးဘူးပဲ...


လင်းလော့ချင်းက သူ့ကို ငုံ့ကြည့်ကာ မေးလိုက်လေသည်။ 

"ဘာလို့လဲ..."


"ဘာမှမဟုတ်ပါဘူး..."

ကျိယွီရှောင်က ပြုံးလိုက်သည်။ 

"မင်းအလုပ်မများတော့ရင် ငါတို့ဘယ်သွားလို့ရလဲဆိုတာ ပြောမယ်..."


"အင်း..."

လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။


သူက ထိုသို့ဆိုပြီးနောက် ကျိယွီရှောင်ကို လှမ်းကြည့်လိုက်သည်။ 

"တကယ်တော့ မင်းဒီနေ့ မင်းဘာသာလာတာကို ငါတကယ်ပျော်တယ်..."


"တကယ်လား..."


"အင်း..."

လင်းလော့ချင်းက ခပ်ဖွဖွ ဆိုလိုက်သည်။

"မင်းငါ့ကို လာတွေ့တာ ငါတကယ်ပျော်တယ်..."


"ငါသိပါတယ်..."

ကျိယွီရှောင်က ဆိုလိုက်သည်။ 


လင်းလော့ချင်းက သူ့ခေါင်းထဲတွင် အနည်းငယ် ချိုမြိန်နေသည်ဟု ခံစားလိုက်ရသည်။ သူက ငေးကြည့်နေကာ သူကြည့်လေလေ ရှက်ရွံ့မှုက သူ့ကိုယ်ထဲသို့ ထိုးဖောက်လာလေလေဖြစ်နေပေသည်။ သူက နောက်လှည့်ကာ ရေထည့်ပေးလိုက်သည်။ 


"ရေသောက်လိုက်ဦး..."


ကျိယွီရှောင်က ၄င်းကို ယူလိုက်သည်။ လင်းလော့ချင်းက ဘေးတွင် ရပ်နေပြီး နောက်ထပ်ဘာလုပ်ရမလဲဆိုသည်ကို တွေးတောနေပေသည်။ 


"မင်းစားပြီးပြီလား... ဗိုက်ဆာလား..."

လင်းလော့ချင်းက မေးလိုက်သည်။ 


ကျိယွီရှောင်က ရေသောက်လိုက်ပြီး ဖန်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူက ပြန်ဖြေလိုက်သည်။

"ငါအဆင်ပြေပါတယ်..."


"အဲ့ဒါဆို နောက်ပြီးရင် မင်းဘာလုပ်ချင်လဲ... ငါမင်းနဲ့ အတူတူလိုက်လုပ်ပေးမယ်..."


"နောက်မှ လုပ်လို့ရမှာလား..."

ကျိယွီရှောင်က တုံ့ဆိုင်းနေပေသည်။ 

"အခုလုပ်လို့မရဘူးလား..."


"ရပါတယ်..."

လင်းလော့ချင်းက တုံ့ဆိုင်းခြင်းမရှိမေးလိုက်လေသည်။

"မင်းဘာလုပ်ချင်လို့လဲ..."


ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် လက်တစ်ဖက်ဆန့်ထုတ်ကာ သူ့ခါးကို လှမ်းဖက်လိုက်သည်။ သူက လင်းလော့ချင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ့ပေါင်ပေါ်တွင် ဖိထားလိုက်သည်။ 


လင်းလော့ချင်း၏ နှလုံးခုန်နှုန်းများမှာ ရုတ်တရက် မြန်ဆန်လာသည်။ သူက ကျိယွီရှောင်ကို ကြောင်ငေးကြည့်နေလိုက်သည်။ 


ထို့နောက် ကျိယွီရှောင်က သူ့နားသို့ တိုးကပ်လာပြီး အသံတိုးတိုးနှင့် ဆိုလိုက်သည်။

"ငါက အဝေးကြီးကနေလာခဲ့ရတာ... အဲ့ဒါတောင် ငါဘာလုပ်ချင်လဲဆိုတာ မရှင်းသေးဘူးလား..."


လင်းလော့ချင်းက သဘာဝမကျစွာ မျက်တောင်ခတ်လိုက်သည်။ သူ့နှလုံးခုန်နှုန်များက အလွန်လျင်မြန်နေပြီး ကျယ်လောင်နေပေသည်။ 


"အိုး..."

သူက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူက ရှက်ရွံ့နေသော မျက်နှာဖြင့် ကျိယွီရှောင်ကို ဆက်ကြည့်နေလိုက်သည်။ 


ကျိယွီရှောင်ကို သူ့ပါးကို ဆွဲလိုက်သည်။

"မင်းမျက်နှာ နီနေပြီ..."


"မနီပါဘူး..."

လင်းလော့ချင်းက ငြင်းဆန်လိုက်သည်။ 


"ပူလည်း ပူနေတယ်..."


"အဓိပ္ပာယ်မရှိတာ..."

လင်းလော့ချင်းက ဝန်ခံရန် ငြင်းဆန်လိုက်သည်။


ကျိယွီရှောင်က ပြုံးလိုက်သည်။

"ခေါင်းမာလိုက်တာ..."


"မင်းကမှ ခေါင်းမာတာ..."


"တကယ်လား..."

ကျိယွီရှောင်က တိတ်တဆိတ် ဆိုလိုက်သည်။ 

"အဲ့ဒါဆို မင်းမြည်းကြည့်လေ..."

(ခေါင်းမာတယ်ဆိုတာက တရုတ်မှာဆိုရင် ပါးစပ်က မာတယ်ဆိုတာနဲ့ အသံထွက်တူနေလို့ ကျိယွီရှောင်က စကားလုံးကို လှည့်သုံးလိုက်တာပါ...)


ထို့နောက် သူက အနီးသို့ တိုးကပ်လာပြီး သူ့နှုတ်ခမ်းများဖြင့် လင်းလော့ချင်းကို ဖိကပ်နမ်းလိုက်သည်။


လင်းလော့ချင်း : ...


လင်းလော့ချင်း၏ မျက်လုံးများက မျက်တောင်ခတ်ရန် မေ့နေပြီး ဆက်တိုက်ငေးကြည့်နေပေသည်။ 


ကျိယွီရှောင်က မနေသာတော့ပဲ သူ့မျက်လုံးကို ဖုံးထားရန် သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဆက်လက်နမ်းနေလိုက်သည်။


သူ့အနမ်းက အလွန် နူးညံ့နေပြီး သူ့လျှာက လင်းလော့ချင်း၏ နှုတ်ခမ်းများကို ပွတ်သပ်နေသည်။ ထို့နောက် သူက ၄င်းတို့ကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး လင်းလော့ချင်း၏ ပါးစပ်အတွင်းသို့ စူးစမ်းက အရသာခံနေလေသည်။ 


လင်းလော့ချင်းက မတ်မတ်ထိုင်ကာ သူ့ခန္ဓာကိုယ်ကို မြှင့်တင်လိုက်ပြီး တဖြည်းဖြည်း အနားသို့ တိုးကပ်လိုက်သည်။ ထို့နောက် သူက ကျိယွီရှောင်၏ ပခုံးများကို ဖက်ထားလိုက်သည်။


သူတို့နှစ်ဦးက သူတို့၏ နှီးနှောမှုထဲတွင် အတန်ကြာအောင် နစ်မြုပ်နေပေသည်။ ၄င်းမှာ လင်းလော့ချင်း၏ အသက်ရှုနှုန်းများက တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာသည်အထိ ဖြစ်ကာ ထိုအချိန်မှသာ ကျိယွီရှောင်က သူ့ကို မလွတ်ပေးမီတွင် ကိုက်လိုက်ပြီး လင်းလော့ချင်းကို သူ့အားမီထားစေလိုက်သည်။ 


လင်းလော့ချင်းက ဖြည်းညင်းစွာ အမောတကော အသက်ရှုနေရာ သူမျက်နှာက ယခင်ကထက်ပင် နီရဲလာလေသည်။ သူက ကျိယွီရှောင် စကားပြောလာသည်ကို ကြားသည့်အခါ အသက်ရှုနှုန်းကိုပင် မထိန်းညှိရသေးပါချေ။

"ငါမှားသွားတယ်..."


လင်းလော့ချင်းက ခေါင်းမော့ကာ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။ 


ကျိယွီရှောင်က သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။

"အဲ့ဒါက အရမ်း နူးညံ့တယ်... မင်းနှုတ်ခမ်းလေ..."


လင်းလော့ချင်း : ...


လင်းလော့ချင်းက ရှက်ရွံ့ခြင်းရော ဒေါသထွက်ခြင်းရော ပေါင်းကာ ကျိယွီရှောင်ကို စိုက်ကြည့်လိုက်သည်။ 


ကျိယွီရှောင်က ခပ်တိုးတိုးရယ်ကာ လင်းလော့ချင်း၏ နဖူးကို နမ်းလိုက်သည်။ 


လင်းလော့ချင်းမှာ ဤသို့အနမ်းခံရသည်အား ရှင်းမပြတတ်အောင် ကျေနပ်နေပြီး သူ့ခံစားချက်က မတ်လ၏ နွေဦးလေပြည်ကဲ့သို့ နူးညံ့သွားလေသည်။ 


သူက ကျိယွီရှောင်၏ ထွေးပွေ့မှုထဲသို့ မီှဝင်ကာ မေးလိုက်သည်။

"ဒီရက်ပိုင်း ငါ့ကို လွမ်းနေတာလား..."


"အခြေအနေပေါ် မူတည်တယ်..."


လင်းလော့ချင်း "...."


"ဘာကိုဆိုလိုတာလဲ..."


"ငါမင်းဘေးက အဲ့လူချောတွေ ကောင်မလေးလှလှလေးတွေကို မတွေးမိရင် မင်းကိုလွမ်းတယ်... ငါအဲ့ဒါကိုတွေးမိတာနဲ့ မင်းအကြောင်းမတွေးတော့ဘူး..."


လင်းလော့ချင်းက ရယ်လိုက်သည်။

"မင်း ရှာလကာရည်သောက်နေတာလား..."


"မင်းနောက်နေတာမလား... သူတို့က အရည်အချင်း မီလို့လား... သူတို့ထဲက ဘယ်တစ်ယောက်ကမှ ငါ့လောက်ကြည့်မကောင်းပါဘူး..."


လင်းလော့ချင်းက သူ့ကို လှမ်းကြည့်လိုက်သည်။

"တကယ်လား..."


"ပြီးတော့ မင်းက အနမ်းဇာတ်ဝင်ခန်းရော အိပ်ရာပေါ်ကဇာတ်ဝင်ခန်းကိုရော ဝင်ပါလို့မရဘူးလို့ ငါဝူရှင်းယွမ်ကို ပြောပြီးပြီ... အဲ့လိုသာဆိုရင် မင်းက ဘာမှလုပ်နိုင်မှာတောင်မဟုတ်ဘူး..."


"အဲ့တော့ မင်းက ဒါကို ရှာလကာရည်မသောက်ဘူးလို့ခေါ်တယ်ပေါ့... မင်းက ငါ့ကို အနမ်းဇာတ်ဝင်ခန်းတွေ မရိုက်ဖို့တောင် တားမြစ်ထားတယ်... မင်း ငါ့ခွင့်ပြုချက်ရော တောင်းလို့လား..."


ကျိယွီရှောင်က သူ့ပါးကို ညှစ်လိုက်သည်။

"ဘာလဲ... မင်းက သဘောမတူဘူးလား... မင်း ဘယ်သူ့ကို နမ်းချင်လို့လဲ... ယောင်မော့မော့လား... လီဟန်ဟိုင်းလား... ဒါမှမဟုတ် ဝူကျားလား ကျန်းချွမ်လား..."


တော်တယ်... သူက အဖွဲ့ထဲက လူတွေကို သေချာနားလည်အောင် လုပ်ထားတာပဲ...


လင်းလော့ချင်းက မတ်မတ်ထိုင်လိုက်ကာ သူ့ကို နမ်းလိုက်သည်။ 

"ငါက ငတုံးမဟုတ်ပါဘူး... ငါက သေချာပေါက် အချောဆုံးတစ်ယောက်ကို နမ်းချင်တာပေါ့..."


ကျိယွီရှောင်က ကျေနပ်သွားလေသည်။ 

"အဲ့ဒါ ပိုကောင်းတယ်..."


"အဲ့တော့ ရှာလကာရည် ထပ်မသောက်နဲ့တော့... ငါတို့က တကယ်ကြီး လုပ်ဖော်ကိုင်ဖက်တွေပဲ... ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က အချင်းချင်း ကူညီပေးနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ပဲ ဖြေမှာပဲ... ငါပြောပြမယ်... ဒီကလူတိုင်းက သရုပ်ဆောင်တာနဲ့ပတ်သတ်ရင် အရမ်းအလေးအနက်ထားတယ်... သူတို့က သရုပ်ဆောင်တဲ့အပေါ်မှာအာရုံစိုက်ထားပြီး ရည်စားထားဖို့ စိတ်မဝင်စားကြဘူး..."


"အမှန်ပဲ..."

ဝူရှင်းယွမ်ထံမှ အဖွဲ့ထဲမှ လူများက မည်မျှ ပြိုင်ဆိုင်တတ်ကြသည်ကို သိထားသော ကျိယွီရှောင်က လင်းလော့ချင်း၏ စကားလုံးများအပေါ်တွက် သံသယများစွာ မဝင်ပါပေ။ 


သူက ယခုမှစ၍ သူ့ဇနီးဝင်ရောက်မည့် အဖွဲ့တိုင်းက ဤကဲ့သို့ဖြစ်ရန် အမှန်တကယ် မျှော်လင့်နေပေသည်။ 


ထိုသို့ဆိုပါက သူကောင်းကောင်း အနားယူနိုင်ပေသည်။ 


"ငါမင်းနဲ့ ခဏ အိပ်ပေးမယ်..."

လင်းလော့ချင်းက ဆိုလိုက်သည်။

"မင်း အခုတစ်လော ပင်ပန်းနေတယ်မလား... မင်းရောက်ရောက်ချင်းကို အိပ်ပျော်သွားတာ... ခဏနေရင် မင်းပြန်ရဦးမှာ... ငါမင်းနဲ့ ခဏအတူနားလိုက်မယ်..."


ကျိယွီရှောင် : ...


သူ့ဇနီးက အမှန်တကယ်ပင် ကြင်နာတတ်လွန်းပေသည်။ သူက ပင်ပန်းလှ၍ အိပ်ပျော်သွားသည်ဟု သူက တကယ်ထင်နေပေသည်။ 


တကယ်ပဲ အရမ်းချစ်စရာကောင်းပြီး ရိုးသားတာပဲ...


"အင်း..."

ကျိယွီရှောင်က အလိုက်အထိုက်ပြောရန် ဆုံးဖြတ်လိုက်သည်။


လင်းလော့ချင်းက သူသဘောတူသည်ကိုကြားကာ သူပေါင်ပေါ်မှ ထရပ်လိုက်သည်။


ကျိယွီရှောင်က ရုတ်တရက် ပေါ့ပါးမှုကိုခံစားရပြီး အနည်းငယ် ဒေါသထွက်သွားလေသည်။ 

သူ့ခြေထောက်တွေသာ ဒဏ်ရာမရထားဘူးဆိုရင် သူက လင်းလော့ချင်းကို အိပ်ခန်းထဲကို ချီသွားလို့ရတယ်...


သူက ထရပ်ကာ သူ့ကိုဖက်ထားလိုပေသည်။ သူက သူ့အားနေရာတိုင်းသို့ ချီသွားလိုပေသည်။ 


ကျိယွီရှောင်က သူ့၏ လက်ရှိအခြေအနေကြောင့် ထပ်မံ စိတ်ဓာတ်ကျလာပေသည်။ 


လင်းလော့ချင်းက သူ့ကို ဟိုတယ်အခန်း၏ အိပ်ခန်းထဲသို့တွန်းသွားလိုက်သည်။ သူက သူ့ကို အိပ်ယာပေါ် ခေါ်သွားလိုက်ကာ စောင်ခြုံပေးပြီး ကျိယွီရှောင်ဘေးတွင် နေရာယူလိုက်သည်။ 


"ခဏအိပ်လိုက်..."

ကျိယွီရှောင်က ညင်သာစွာဆိုလိုက်သည်။

"မင်းလည်း တစ်နေ့လုံး အလုပ်ကြိုးစားခဲ့တာ..."


လင်းလော့ချင်းက မအိပ်ချင်ပါပေ။ သူတို့အချင်းချင်း တွေ့ရသည်က ရှားပေသည်။ သူက ကျိယွီရှောင် အနည်းငယ်ကြာကြာ ကြည့်နေချင်ပေသည်။


ကျိယွီရှောင်က သူ့၏ ကြင်လင်ကာ သန့်စင်နေသော မျက်လုံးများကို ကြည့်လိုက်သည်။ သူက ၄င်းတို့ကိုဖုံးထားရန် လက်ဆန့်လိုက်သည်။ 

"လိမ္မာပါကွာ..."


လင်းလော့ချင်းက ရွေးချယ်စရာမရှိတော့ပါပေ။ သူက ကျိယွီရှောင်အလိုကျ မျက်လုံးများကို ပိတ်လိုက်လေသည်။ 


သူက တစ်နေ့လုံး ရိုက်ကူးရေး လုပ်ထားပြီး ပင်ပန်းနေသည်မှာ ကြာပြီ ဖြစ်လေသည်။ ယခုတွင် သူက ချစ်ရသူဘေး၌ လှဲနေရကာ မကြာမီတွင် အိပ်ပျော်သွားလေသည်။ 


ကျိယွီရှောင်က သူ့၏ အိပ်ပျော်နေသော ပုံရိပ်ကို စိုက်ကြည့်ကာ သူ့အသက်ရှုသံကို နားထောင်နေလိုက်သည်။ ထို့နောက် သူက သူ့ကို အနားသို့ ဆွဲကပ်လိုက်ကာ အနမ်းတစ်ခုပေးလိုက်သည်။


သူက လင်းလော့ချင်း၏ ခေါင်းကို သူ့ပခုံးများပေါ်သို့ ရွေ့လိုက်ပြီး သူ့ကိုယ်ပေါ်တွင် မှီထားခွင့်ပြုကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ 


မကြာမီတွင် သူတို့နှစ်ဦး၏ အသက်ရှုသံများက ပေါင်းစည်းသွားပြီး ကျိယွီရှောင်သည်လည်း ထပ်မံအိပ်ပျော်သွားလေသည်။


သူက အိပ်မက်တစ်ခု မက်ခဲ့ပေသည်။


၄င်းမှာ ရှောင်လီလာခေါ်ကာ ကျိယွီရှောင်နှင့် လင်းလော့ချင်း နိုးလာသည့် အချိန်အထိပင်။


ကောင်းကင်မှာ မဲမှောင်နေပြီး ဖြစ်သည်။ လင်းဖေးနှင့် ကျိလဲ့ယွီတို့က အိပ်ပြန်ရေ

ာက်လာပြီးဖြစ်ကာ ကျိယွီရှောင်သည်လည်း အိမ်ပြန်ရန် အသင့်ပြင်သင့်ပြီ ဖြစ်သည်။ 


လင်းလော့ချင်းက သူထထိုင်သည်ကိုကြည့်ကာ မေးလိုက်သည်။

"မသွားခင် ညစာစားသွားချင်လား..."


ကျိယွီရှောင်က လင်းလော့ချင်း၏ မျက်လုံးများထဲရှိ မဝင့်မရဲမှုကို မြင်ကာ ငြင်းဆန်နိုင်သည့် နှလုံးသားမရှိပါပေ။ သူက သဘောတူလိုက်ပေသည်။