အပိုင်း ၉၈
Viewers 35k

Chapter 98




ဖုန်းမှာ လင်းလော့ရှီး လင်းဖေးအတွက် ချန်ထားခဲ့သော ပစ္စည်းအနည်းငယ်ထဲမှ တစ်ခုဖြစ်လေသည်။ လင်းဖေးမှာ ၄င်းကို အလွန်တန်ဖိုးထားကာ ၄င်းကို နေ့တိုင်း နေရာတိုင်းသို့ သယ်သွားတတ်လေသည်။ သို့သော် ယနေ့တွင် ၄င်းကြောင့် သူက အသရေဖျက်ခံရပြီး သူ့ဖုန်းက အလုခံရကာ လွင့်ပစ်ခံရပေသည်။ 


လင်းလော့ချင်းပင် နားထောင်ရုံဖြင့် ဒေါသထွက်လာသည်ဟု ခံစားရ၍ ခံရသူ လင်းဖေးဆိုလျှင် စကားဆိုရန်ပင် မလိုပါချေ။ ထိုသို့ဆိုလျှင် ကျန်းရှောင်စုန့်က သူ့ကို စတင်ရိုက်လာသည့်အခါ လင်းဖေးက တိုက်ခိုက်သည်မှာ အံ့ဩစရာမရှိတော့ပါပေ။ 


လင်းဖေးက လင်းလော့ချင်း၏ စကားများကိုကြားပြီးနောက် သူ့အိပ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်လေသည်။ 


ဖုန်းက ဘာမှမဖြစ်သော်လည်း ဖုန်းကာဗာမှ ကျောက်တစ်ခုက ကွာကျနေပြီ ဖြစ်ပေသည်။ လင်းဖေးက ၄င်းကိုကောက်ကာ လင်းလော့ချင်းကို ပြရန် ယူလိုက်လေသည်။


လင်းလော့ချင်းက ဖုန်းနှင့် ပြုတ်ကျသွားသော ကျောက်တစ်တုံးကို ကြည့်လိုက်လေသည်။ သူက လင်းဖေး၏ မျက်နှာကိုနမ်းကာ သူ့ကို နှစ်သိမ့်ပေးလိုက်လေသည်။

"ဘာမှစိတ်မပူနဲ့... ရှုရှုတို့အိမ်ပြန်ရောက်ရင် ကော်နဲ့ကူပြီးပြန်ကပ်ပေးမယ်နော်... အရင်တုန်းကလိုပဲ ဖြစ်ရမယ်လို့ ရှုရှုကတိပေးတယ်..."


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။ 


သူက ဤကိစ္စကို လျစ်လျူရှုထားသည်မှာ ကြာပြီဖြစ်လေသည်။


ကျန်းရှောင်စုန့်က သူ့ဖုန်းကို သူ့လက်ထဲမှ လုယူကာ မြေပြင်ပေါ်သို့ ပစ်လိုက်သည့်အချိန်တွင် သူက ခေတ္တမျှ ဒေါသအလွန်ထွက်သွားသည်မှ လွဲ၍ ထို့နောက်တွင် ဖုန်းက ဘာမှမဖြစ်သည်ကို သေချာပြီးနောက် လင်းဖေးက ယခင်က တည်ငြိမ်မှုကို ပြန်ရသွားလေသည်။ 


ဖုန်းက အဆင်ပြေကာ ကျောက်မှာလည်း ပြန်ကပ်၍ ရပေသည်။ ဖုန်းက အဆင်ပြေနေသရွေ့ တခြားသောကိစ္စများက သူ့၏ တည်ငြိမ်မှုကို လှုပ်ခတ်ရန် မလုံလောက်ပါပေ။ 


၄င်းက တခြားသော ကလေးများအတွက် သည်းခံရန် ခက်ခဲသော်လည်း လင်းဖေးအတွက်မှု ဥပေက္ခာပြုနိုင်ပေသည်။ ကျန်းရှောင်စုန့်၏ အနိုင်ကျင့်မှုကိုရော ကျောက်လေ့၏ အပြစ်ဒဏ်ကိုရော ဥပေက္ခာပြုနိုင်ပေသည်။ 


သူက မည်သည်ကိုမှ အတည်မယူကာ ၄င်းအပေါ်တွင် မည်သည့်ခံစားချက်မှာ မချဲ့ကားထားပါပေ။ 


စိတ်ခံချက်နှင့် ပတ်သက်ပါက သူက အမြဲလိုလို တွန့်တိုတတ်ပေသည်။ 


"ဆရာမကို ပြောပြီးပြီလား..."

လင်းလော့ချင်းက ညင်သာစွာ မေးလိုက်သည်။ 


"သားကို လူမှား စွပ်စွဲပြီး သားဖုန်းကို ခိုးတာက ကျန်းရှောင်စုန့်လေ... ပြီးတော့ သူက အဲ့ဒါကို လျှောက်ပစ်ပြီးတော့ သားကို ပြန်မပေးတာလေ..."


"သားပြောတယ်..."

လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။


"အဲ့ဒါတောင် သူ(မ)က သားကို မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးသေးတာလား..."

လင်းလော့ချင်းက နားမလည်နိုင်ပါပေ။


လင်းဖေးက ပြန်မဖြေမီတွင် ခေတ္တတွေးတောလိုက်သည်။

"ကျွန်တော်က ဒဏ်ရာမရဘူးလေ..."


သူက ဆိုလိုက်သည်။

"ပြီးတော့ မငိုဘူး..."


လင်းလော့ချင်း : ...


ဒါက ဘယ်လိုအကြောင်းပြချက်ကြီးလဲ...


သူ့မိသားစုရဲ့ သားပေါက်လေးက ဘယ်လို တိုက်ခိုက်ရမလဲသိပြီး မငိုတာနဲ့ပဲ တစ်ညနေလုံး ရပ်ပြီး အပြစ်ပေးခံရတယ်လား...


ဟာသပဲ...


ဘယ်လိုငိုရမလဲ သိတဲ့ကလေးတွေကပဲ သကြားလုံးစားရမှာလား...


လင်းလော့ချင်းမှာ အော်ရယ်ချင်သည်အထိ ဒေါသထွက်နေပေသည်။ သူက လင်းဖေးကို ဖက်ထားကာ ၄င်းက မြင်ရသလောက် မရိုးရှင်းသည်ကို ခံစားလိုက်ရပေသည်။ 


ထိုနာမည်ကြီး အဝတ်အစားများနှင့် စကားပြောဟန်များအရ ဟယ့်နီမှာ ချမ်းသာသော လူတစ်ဦး၏ အမျိုးသမီးတစ်ဦးဖြစ်ဟန်ရပေသည်။ ဤသည်မှာ အထက်တန်းလွှာတို့အတွက် ကျောင်းတစ်ခုဖြစ်ကာ အရေးကြီးသည်မှာ မိမိကိုယ်ကို အလွန်ပေါ်လွင်စေခြင်းပင်ဖြစ်သည်။


သူက အလွန်ဒေါသထွက်နေပေသည်။ 


ဟယ့်နီမှာ လင်းလော့ချင်းနှင့် လင်းဖေးတို့ထိုင်နေသည်ကိုမြင်သောအခါ စကားပြောနေဆဲ ဖြစ်လေသည်။ သူမက မကျမနပ်ဖြစ်ကာ ချက်ချင်းပင် ထရပ်လိုက်သည်။ သူမက သူ့ဘေးတွင် ဖျောင်းဖျနေဆဲဖြစ်သော ကျောက်လေ့ကို ကြည့်လိုက်သည်။


"ဆရာမကျောက်... ဒါက ဘာလဲ... လင်းဖေးက ဘာလို့ထိုင်နေတာလဲ... သူ့ကို မတ်တပ်ရပ်ပြီး အပြစ်ကို ဆင်ခြင်ခိုင်းထားတာမဟုတ်ဘူးလား... ဆရာမတောင် သူ့ကို ထိုင်လို့ရပြီလို့မပြောရသေးဘူး သူက ထိုင်နေပြီ... ပညာမဲ့လိုက်တာ... သူ့မိဘကလည်း အတူတူပဲ..."


သူမက အသံမလျော့ပါချေ။ အမှန်တကယ်တွင် အနည်းငယ်ပင် မြှင့်ထားပေသည်။ သူမက လင်းဖေးနှင့် လင်းလော့ချင်းကို လှောင်ပြောင်လိုသည်မှာ ရှင်းလင်းပေသည်။ 


လင်းလော့ချင်းက ခပ်ဖွဖွပြုံးကာ လင်းဖေးကို မေးလိုက်သည်။ 

"ဖေးဖေး... အများပိုင်နေရာတွေမှာ ဘာတွေမလုပ်ရဘူးဆိုတာ သားမှတ်မိသေးလား..."


"ဆေးလိပ်မသောက်ရဘူး... ဝုန်းဒိုင်းမကြဲရဘူး... ပြီးတော့ ဆူညံသံတွေ လုပ်လို့မရဘူး..."

လင်းဖေးက ပြန်ဖြေလိုက်သည်။ 


"တော်တယ်..."


လင်းလော့ချင်းက ချီးကျူးလိုက်လေသည်။ 

"ကလေးတစ်ယောက်တောင် အသံကျယ်ကျယ် မပြောရဘူးဆိုတာသိတယ်... ဒါပေမဲ့ တချို့လူတွေက မတ်မတ်ရပ်ပြီး ဝုန်းဒိုင်းကြဲနေတုန်းပဲ... ပညာမဲ့လိုက်တာ... သူတို့မြင်သမျှ အကုန်လုံးက ပညာမဲ့နေတာ အံ့ဩစရာမရှိတော့ပါဘူး... ငါကတော့ သူ့တို့ကို ကိုယ့်ဘာသာအရင် ဂရုစိုက်ဖို့ အကြံပေးချင်တယ်..."


ဟယ့်နီမှာ အလွန်ဒေါသထွက်သွားပြီး သူမ၏ ထောက်မြင့်ဖိနစ်တစ်ချက်ချော်သွားကာ လျှောက်လာလေသည်။


"ရှင်က ဘယ်သူ့ကို ပညာမဲ့တယ်လို့ပြောနေတာလဲ... ရှင့်သားကမှ ပညာမတတ်တာ... သူက အတန်းထဲကလူတွေကို ရိုက်နေတာ..."


လင်းလော့ချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အဲ့ဒါဆိုလည်း ဘာလို့ကိုယ့်သားကို ဘာကြောင့်အရိုက်ခံရလဲဆိုတာ ပြန်မမေးလဲ... သူက ဘာလို့ အနှေးနဲ့အမြန် အရိုက်မခံရမှာလဲ... ဘာလို့ ဒီနေ့မှအရိုက်ခံလိုက်ရတာလဲ... သူက အရမ်း ကြီးမြတ်နေလို့လား... လူတိုင်းက ရိုက်ချင်လောက်တဲ့ ရှားပါးလူဖြစ်နေလို့လား... ငါကတော့ သူက အရိုက်ခံချင်နေလို့ထို့ထင်တာပဲ..."


"ရှင်ကမှ အရိုက်ခံချင်နေတာ..."

ဟယ့်နီက ကျောက်လေ့ကို ကြည့်ရန်ကွေ့သွားလိုက်သည်။

"ဆရာမကျောက် သူ့စိတ်ဓာတ်ကို ကြည့်ပါဦး... အဲ့ဲဒါတောင် သူလာတာကို စောင့်ပြီး ကိစ္စတွေ ရှင်းဖို့ ပြောသေးတယ်နော်... ကျွန်မတို့ အချိန်ကုန်ခံပြီး စောင့်မနေသင့်ဘူးလို့ ကျွန်မပြောသားပဲ... လင်းဖေးကို ကျွန်မတို့မိသားစုရဲ့ ရှောင်စုန့်ကို ချက်ချင်းတောင်းပန်ခိုင်းလိုက်..."


လင်းလော့ချင်းက လှောင်ပြောင်လိုက်သည်။

"ညတောင်မရောက်သေးဘူး ခင်ဗျားက အိပ်မက်မက်နေတယ်ပေါ့... ခင်ဗျားက ရုပ်ဆိုးတာတောင် စိတ်ကူးလှလှလေးတွေ ယဉ်နေသေးတယ်နော်... ခင်းဗျားကို နိုးထဖို့ ကျုပ်အကြံပေးလိုက်မယ်... အခုထိ ညမရောက်သေးဘူး..."


ဟယ့်နီ : ...


သူမက အလွန်ဒေါသထွက်နေ၍ ဆဲရေချင်နေေပသည်။ ကျောက်လေ့က ဖျောင်းဖျပေးရန်အတွက် ချက်ချင်း အပြေးရောက်လာပေသည်။ 


"ရန်မဖြစ်ပါနဲ့... ရန်မဖြစ်ပါနဲ့... အခုလူတိုင်းက ဒီမှာရောက်နေပြီပဲ... ကျွန်မတို့ ထိုင်ပြီး ကောင်းကောင်းဆွေးနွေးလို့ရပါတယ်... ရန်ဖြစ်တာက ဘာမှ ပြေလည်စေမှာမဟုတ်ပါဘူး..."


လင်းလော့ချင်းက ဤနေရာသို့ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

"ဆရာမကျောက် ကျွန်တော်က တကယ်ကို ကိစ္စတွေကိုဖြေရှင်းပြီး ကောင်းကောင်းစကားပြောချင်ပေမဲ့ တစ်ချို့လူတွေက အဲ့လိုရည်ရွယ်ချက်လုံးဝမရှိမှာပဲ ကြောက်တာ..."


"စကားကောင်းကောင်းမပြောတာ ဘယ်သူလဲ... ရှင့်သားက တခြားလူတွေကို ရိုက်ပြီး ရှင်က နာရီပေါင်းများစွာ နောက်ကျနေတာလေ... ရှင်က စကားပြောဖို့ အရှက်ရှိသေးတယ်လား... ခုဏတုန်းက ကိစ္စနဲ့တင် ရှင်က စကားကောင်းကောင်းပြောချင်ပါတယ်လို့ ပြောနိုင်သေးတယ်ပေါ့..."


လင်းလော့ချင်းက ရယ်လိုက်သည်။

"အဲ့ဒါတော့ ကျုပ်က အရှက်ရှိတယ်... ကျုပ်သားက အတန်းထဲမှာ အမြဲတမ်း ပထမပဲ... အ...ချိန်...တိုင်း...ပဲ... ကျုပ်က အရှက်မရှိရဘူးလား... ခင်ဗျားသားကရော... ပြောပါဦး..."


ဟယ့်နီ : ...


"၃၇..."

လင်းဖေးက အဆင့်ကို အော်ပြောလာသည်။ သူ့မှတ်ဉာဏ်မှာ အမြဲလိုလို အလွန်ကောင်းပေသည်။


လင်းလော့ချင်းသည် မေးလိုက်သည့်အချိန်က အဖြေရရန်မမျှော်လင့်ထားသော်လည်း လင်းဖေးက သူ့ကိုအဖြေပေးလာပေသည်။ သူက သဘာဝအလျောက်ပင် ထိုအချက်ကို လျစ်လျူမရှုလိုက်ပဲ ဆိုလိုက်သည်။

"ဝိုး... ၃၇ဟုတ်လား... အထင်ကြီးစရာပဲ... ကျုပ်မှတ်မိတာ မှန်တယ်ဆိုရင် အတန်းထဲမှာ ကျောင်းသား ၄၀ပဲ ရှိတာလားလို့... နောက်ဆုံးက ရေရင် စတုတ္ထပေါ့... တကယ်ကို အထင်ကြီးစရာပဲ... ခင်ဗျားသား ဖြစ်ထိုက်ပါတယ်..."


လင်းဖေးက သူ့ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

"စွန်းကျင်းကျင်းက စာမေးပွဲလာမဖြေဘူး..."


"အိုး... အဲ့ဒါဆိုရင် သူက နောက်ဆုံးကနေဆို တတိယလို့ဆိုလိုတာပေါ့... အထင်ကြီးစရာပဲ... အဲ့ဒါ ခင်ဗျားသားလေ..."

လင်းလော့ချင်းက ရွဲ့ပြောလိုက်သည်။


ဟယ့်နီမှာ အလွန်ဒေါသထွက်နေကာ သူ့ကို ရိုက်ချင်နေပေသည်။ ကျောက်လေ့မှာ သူမကို အလျင်အမြန် တားလိုက်ပြီး လင်းလော့ချင်းကို တိုက်တွန်းလိုက်သည်။


"ဦးလေး လင်း... ရှင်အများကြီးမပြောသင့်ဘူးထင်တယ်..."


ထိုအချိန်မှသာ သူမက ဟယ်နီကို ရှင်းပြလိုက်သည်။

"ဒါက လင်းဖေးရဲ့ အဖေမဟုတ်ပါဘူး... သူက သူ့ဦးလေးပါ..."


"သူ့ဦးလေးက ဘာလာလုပ်တာလဲ... သူ့မိဘတွေကိုခေါ်လိုက်... ဘာလဲ... သူ့မှာ အမေနဲ့ အဖေမရှိလို့ သူ့ဦးလေးက ဒီလာပြီး ဟောင်ဖွာဟောင်ဖွာလုပ်နေတာလား..."


ကျောက်လဲ့က လင်းဖေးမှာ အမှန်တကယ်ပင် မိဘများမရှိတော့ဟု ရှင်းပြရန် ပြင်ဆင်နေစဉ်မှာပင် လင်းလော့ချင်းက အေးစက်စွာဆိုလိုက်သည်ကို ကြားလိုက်ပေသည်။

"ကျုပ်ကတော့ ခင်ဗျား ကိုယ့်ကိစ္စကိုပဲ စိတ်ပူသင့်တယ်ထင်တယ်... ဦးလေးက အုပ်ထိန်းသူမဟုတ်ဘူးလား... ခင်ဗျားမှာရော ဦးလေးမရှိဘူးလား... ဘာလဲ... ခင်ဗျားမှာဦးလေးမရှိတာနဲ့ပဲ သူများက ဦးလေးရှိလို့မရတော့ဘူးလား... ဘာလဲ... ခင်ဗျားသားက မုန့်ဖိုးတောင်းဖို့ တူတစ်ယောက်ဆိုတဲ့ ဂုဏ်မရှိလို့ မနာလိုဖြစ်နေတာလား..."


ဟယ့်နီမှာ ဤမျှ ပါးစပ်စွာသော ကောင်လေးတစ်ယောက်ကို မမြင်ဖူးပါချေ။ သူက အမျိုးသမီးများသည်သာ ရန်ဖြစ်တတ်ပြီး အမျိုးသားများက ထိုသို့ပြုလုပ်ရန် ခက်ခဲမည်ဟု ထင်နေသည်ဖြစ်သည်။ သူမက မည်သို့စကားပြောရမည်ကိုသိသော သူနှင့်ကြုံရမည်ဟု မမျှော်လင့်ထားပါပေ။ 


ကျောင်းဆင်းခေါင်းလောင်းမြည်သောအခါ သူမက လင်းလော့ချင်းကို စိုက်ကြည့်နေလေသည်။ 


၄င်းက ယနေ့၏ နောက်ဆုံးအတန်းအပြီးသတ်ခြင်းကို အချက်ပြကာ ကျောင်းသားများကို ထွက်သွားရန် ညွှန်ပြနေပေသည်။


ကျောက်လေ့က စကားပြောရန်အခွင့်ကောင်းယူလိုက်သည်။ 

"ရှောင်စုန့်မေမေ... အခု ကျောင်းလည်းဆင်းသွားပြီ... ရှောင်စုန့်လည်း အတန်းဆင်းလာပြီ... သူ့ကိုခေါ်လာပြီး ဒီကိစ္စကို ဖြေရှင်းကြရင်ရော..."


ဟယ့်နီက လင်းလော့ချင်းကို စိုက်ကြည့်ပြီး အေးစက်စွာ ရယ်လိုက်သည်။

"ကောင်းပြီးလေ... ဟုတ်ပြီ..."


သူမက ဆိုလိုက်သည်။

"ရှင်စောင့်နေလိုက်..."


ထို့နောက် သူမ၏ ဒေါက်ဖိနပ်သံ တစ်ဂွက်ဂွက်ဖြင့် ထွက်ခွာသွားလေသည်။ 


ကျောက်လေ့က သူမထွက်သွားသည်ကိုမြင်ကာ လင်းလော့ချင်းကို ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။

"ဘာလို့ ဒီလိုလုပ်ရတာလဲ... ကျွန်မက ကိစ္စတွေကိုဖြေရှင်းဖို့ ခေါ်လိုက်တာလေ... မီးလောင်ရာ လေပင့်ဖို့ခေါ်လိုက်တာမှ မဟုတ်တာ... ရှင်က ဒီလိုဖြစ်နေမယ်ဆိုရင် လင်းဖေးက အခုနေ တောင်းပန် သုံးသပ်စာရေးရင်တောင် သူမက လက်ခံပါတော့မလားဆိုတာ ကျွန်မသံသယဝင်နေပြီ..."


လင်းဖေး : ...


"တောင်ပန်စာရေးရမယ်... သုံးသပ်စာဟုတ်လား..."


လင်းလော့ချင်းက အံ့အားသင့်သွားလေသည်။

"သူက အဲ့ဒါတွေရေးရအောင် ဘာများ အမှားလုပ်ခဲ့လို့လဲ..."


ကျောက်လေ့က ပင်ပန်းနေပုံရပေသည်။

"သူက တခြားသူတွေကိုရိုက်ပြီး ရှောင်စုန့်ကို ဒဏ်ရာရစေတယ်လေ... ရှောင်စုန့်က ငိုတောင်ငိုနေတာ..."


"ဒါပေမဲ့ အဲ့ဒါတွေ ဖြစ်စေတဲ့ အကြောင်းအရင်းကဘာလဲ... အဲ့ဒါက ရှောင်စုန့်က လင်းဖေးကို အနိုင်ကျင့်လို့မဟုတ်ဘူးလား... အဲ့ဒါက သူလင်းဖေးပိုင်တဲ့ ပစ္စည်းတွေကိုလုယူပြီး ပြန်မပေးလို့မဟုတ်ဘူးလား... လင်းဖေးက သူ့ပိုင်တာကို ပြန်ယူတာပဲရှိတာ... သူဘာအမှားလုပ်လို့လဲ..."


"သူက သူပိုင်တာကို ပြန်ယူရုံပဲဆိုရင်တော့ ဘာအမှားမှ မလုပ်ဘူးပေါ့ရှင်... ဒါပေမဲ့ သူကရန်ဖြစ်ခဲ့တာလေ.."


"အဲ့ဒါဆို ကျန်းရှောင်စုန့်က ရန်မဖြစ်ခဲ့ဘူးလား..."

လင်းလော့ချင်းက ပြန်ပြောလိုက်သည်။


"သူက လင်းဖေးလောက်မတော်လို့ လင်းဖေးကို မနိုင်တာ ရှင်းနေတာပဲမလား... အဲ့ဒါကြောင့် သူအရိုက်ခံရတာပေါ့... အဲ့ဒါကို လင်းဖေးကို အပြစ်တင်တယ်လား... သူက ဘယ်လိုပြန်ပြီး တိုက်ခိုက်ရမလဲသိပြီး တခြားသူတွေသူ့ကို အနိုင်ကျင့်ခွင့်မပြုတာနဲ့ မှားသွားရောလား..."


ကျောက်လေ့ : ...ထိုသူက စကားပြောရခက်သည်ဟု ခံစားလာရပေသည်။


"လင်းဖေး ဦးလေး... ရှင်က ဒီလိုဖြစ်နေမယ်ဆိုရင် ဒီကိစ္စက ပြေလည်မှာမဟုတ်ဘူးနော်..."


"ဘာလို့မပြေလည်ရမှာလဲ..."

လင်းလော့ချင်းက ဆိုလိုက်သည်။


"ကျန်းရှောင်စုန့်ကို ကျုပ်တို့မိသားစုရဲ့ လင်းဖေးကို တောင်းပန်ခိုင်းလိုက်... ပြီးတော့ ဆရာမကျောက် ခင်ဗျားက ဒီကိစ္စဘယ်လိုစလဲဆိုတာ ရှင်းရှင်းလင်းလင်းသိတာကိုတောင် ကျန်းရှောင်စုန့်ကိုတော့ အတန်းထဲပြန်ခိုင်းပြီး လင်းဖေးကိုကျ တစ်ညနေလုံး မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးတယ်ပေါ့... အဲ့ဒါကို သင့်တော်တယ်လို့ ထင်လား... လင်းဖေးက မမှားပဲ သူ့ပစ္စည်းအလုခံရတဲ့အပြင် ခင်ဗျားဆီက အပြစ်ပေးခံတယ်... အဲ့ဒါက တကယ်ပဲ သင့်လျော်ရဲ့လား..."


ကျောက်လေ့ : ....


ကျောက်လေ့က သူမ၏ နားထင်များ စတင်ကိုက်ခဲလာသည်ဟု ခံစားရပေသည်။ 


"ကိစ္စက ဒီလိုရှိတယ် လင်းဖေး ဦးလေး... ရှင်သတိထားမိတဲ့အတိုင်းပဲ ဆရာကတော် ဟယ်နီက ရှောင်စုန့်ရဲ့ အမေလေ... သူက အစောကြီးလာပြီး ကျွန်မတို့ကို ဖြေရှင်းချက်တောင်းပြီး လင်းဖေးကိုတောင်းပန်စာ ရေးခိုင်းတာ... ဒါပေမဲ့ လင်းဖေးက အဲ့လိုလုပ်ဖို့ကို ငြင်းနေပြီး ရှင်ကလည်း ဒီကိုလာဖို့ အကြာကြီးနောက်ကျနေတာလေ... ကျွန်မလည်း လင်းဖေးကို အတန်းထဲ ပြန်လွှတ်ချင်ပေမဲ့ ဆရာကတော်က အဲ့ဒါကို ခွင့်မပြုဘူးလေ... ကျွန်မဘာတတ်နိုင်မှာလဲ..."


"ကျွန်မတို့ကျောင်းက ဘယ်လိုကျောင်းမျိုးလဲဆိုတာနဲ့ လင်းဖေးက ကျန်းရှောင်စုန့်နဲ့ ယှဉ်ရင် ဘယ်လိုအနေအထားလဲဆိုတာ ရှင်လည်း သိထားမှာ ကျွန်မသေချာပါတယ်... ကျွန်မက ကျန်းရှောင်စုန့်ရဲ့အမေကို ရန်မစရဲဘူးလေ... ရှင်နားလည်ရဲ့လား..."


"အဲ့တော့ ခင်ဗျားက ကျန်းရှောင်စုန့်ကို မျက်နှာသာပေးပြီး လင်းဖေးရဲ့အမှားကို ပုံကြီးချဲ့လိုက်တယ်ပေါ့..."


"ကျွန်မက လင်းဖေးအတွက် အရမ်းကို တိုက်ခိုက်ထားပေးပြီးပြီရှင့်..."


ကျောက်လေ့က ဖြေရှင်းလာသည်။

"အစက ဆရာကတော်က လင်းဖေးကို ကျောင်းထုတ်ဖို့ပဲ ဇွတ်ပြောနေတာ... ရှင်လည်း လင်းဖေး ကျောင်းထုတ်ခံရမှာ မလိုချင်ဘူးမဟုတ်လား..."


လင်းလော့ချင်းက တစ်ခွန်းမှမဆိုပဲ သူမကို စိုက်ကြည့်နေသည်။


ကျောက်လေ့က လက်မလျော့ပါပေ။ 


"ထုံးစံအတိုင်း ကျွန်မလည်း အဲ့လို မဖြစ်စေချင်ပါဘူး... အဲ့ဒါကြောင့် ကျွန်မက သူမဒေါသကို ပြေပျောက်အောင် ဆရာကတော် ဟယ်နီနဲ့ ကျန်းရှောင်စုန့်ကို နှစ်သိမ့်ထားတာ... ရှင်က အဝေးကြီးမှာအလုပ်လုပ်သလို လူတိုင်းက အတူတူပဲ... ကျွန်မတို့ထဲက ဘယ်သူမှ မလွယ်ကူပါဘူး... အခုအခြေအနေက နောက်ခံရှိတဲ့လူကပဲ ပြောခွင့်ရှိတာ... လင်းဖေးက အားနည်းတဲ့အနေအထားမှာ ရှိနေလို့ အပေးအယူလုပ်ရတဲ့သဘောပဲ... ဒါက ကျွန်မတို့အလုပ်တွေလိုပဲ ကျောင်းက ကလေးတွေမှာလဲ အတူတူပဲ... ကလေးတွေကတော့ ဒါကို နားမလည်လောက်ဘူးပေမဲ့ လူကြီးဖြစ်တဲ့ရှင်ကပါ နားမလည်ဘူးလား..."


လင်းလော့ချင်းမှာ သေချာပေါက်နားလည်သည်ဖြစ်ကာ ကျောက်လေ့ပြောသည်က အမှန်တကယ်တွင် မမှားပါပေ။ 


တစ်ခါတစ်ရံတွင် တစ်စုံတစ်ေယာက်ဘာလုပ်သည်နှင့် မည်သူက မှားသည်ဆိုသည်က အရေးမပါပေ။


အရေးပါသည်မှာ မည်သူက နောက်ခံကောင်းသည်ဆိုခြင်းပင်။


ကျောက်လေ့အတွက်မူ ကျန်းရှောင်စုန့်က ချမ်းသာသောမိသားစုမှဖြစ်သော်လည်း လင်းဖေးမှာမူ သာမန်မိသာစုမှ ကလေးတစ်ယောက်သာဖြစ်သည်။ ကျန်းရှောင်စုန့်၏ မိသားစုက မိသားစုနောက်ခံနှင့် ကြွယ်ဝမှုကို အသုံးပြုကာ ဖိနှိပ်ရန် ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်တွင် ကျောင်းက ကျန်းရှောင်စုန့်ကို စိတ်အနှောင့်အယှက်မပေးနိုင်တော့ပဲ လင်းဖေးဆီသို့ အာရုံစိုက်လာပေသည်။ လင်းဖေးက မှန်နေသည်ဆိုလျှင်ပင် သူက မှားနေဆဲဖြစ်သည်။ 


သို့ဖြစ်၍ ကျောက်လေ့က ကိစ္စများကို အရင်ဆုံး ငြိမ်သက်စေလိုပေသည်။ သူက လင်းဖေးကို ကျောင်းထုတ်ခံရခြင်းမှ တားဆီးလို၍ ဟယ်နီနှင့် ကျန်းရှောင်စုန့်တို့၏ လိုအပ်ချက်နောက်သို့လိုက်ကာ သူတို့ကို ညှိနှိုင်းနိုင်မည်ဟုသာ မျှော်လင့်ရန်သာတတ်နိုင်ပေသည်။


၄င်းက သူမ တွေးနိုင်သော အကောင်းဆုံးအရာဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ သူမ၏ အမြင်မှဆိုလျှင် အဆင့်ကောင်းခြင်းမှလွှဲ၍ လင်းဖေးတွင် ဘာမှမရှိနေပါချေ။


သို့သော် ဤနေရာတွင် အရေးအပါဆုံးမှာ အဆင့်များမဟုတ်ပါပေ။ ဤနေရာတွင် ကျောင်းသားများအလွန်များပြီး လင်းဖေးတစ်ဦးတည်းသာ အများပိုင် သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုရပေသည်။ 


သာမန်မိသားစုနောက်ခံက ထူးချွန်တဲ့ တခြား ကျောင်းသားတွေ ဒီကို မလာကြဘူးလား...


သေချာပေါက် မလာဘူးပေါ့... အဓိကက ကျောင်းမဟုတ်ဘူးလေ... နောက်ခံတောင့်တောင့်ဖြစ်နေခဲ့တာ...


လင်းဖေးက ချွင်းချက်တစ်ခုဖြစ်လေသည်။ လင်းလော့ရှီးက လင်းဖေးကို ဤနေရာသို့ပို့ရန် သူမ၏ မာနကို လွင့်ပစ်ကာ သူ့မ၏ ဖခင်ဆီမှ ပိုက်ဆံချေးခဲ့ပေသည်။


ယခင်က ဤသည်မှာ သူမတက်ခဲ့သော ကျောင်းဖြစ်၍ သူမက ဆွေကြီးမျိုးကြီး ကျောင်းများက ပိုကောင်းသည်ဟု တွေးခဲ့ပေသည်။ သူမက သူမ၏ ချစ်ရသောကလေးအတွက် အကောင်းဆုံးကို ပေးလိုပေသည်။


သို့သော် ဤနေရာက သူမ၏ ကလေးအတွက် မသင့်လျော်ပါပေ။


ဟယ့်နီမှာ ကျန်းရှောင်စုန့်ကို ခေါ်လာကာ သူတို့နှင့်အတူ ကျန်းရှောင်စုန့်၏ တခြားသူငယ်ချင်းနှင့်ဦးနှင့် သက်ဆိုင်ရာ မိခင်များကို ခေါ်လာပေသည်။ 


သူတို့၃ဦးမှာ ငယ်စဉ်ကပင် သိကျွမ်းကာ မကြာခဏ အတူကစားတတ်ကြပေသည်။


ဤသည်က များစွာသော လူချမ်းသာမိသားစုများက သူတို့ကလေးများကို ဤနေရာသို့ ပို့ရသော နောက်ထပ်အေကြာင်းပြချက်တစ်ခုဖြစ်ပေသည်။ သူတို့ကလေးများအတွက် အနာဂတ်အဆက်အသွယ်များပြုလုပ်ရန်နှင့် သူတို့ကိုယ်တိုင်အတွက်လည်း အဆက်အသွယ်များ ချဲ့ကားရန်ဖြစ်ပေသည်။ အဆက်အသွယ်များက မည်သည့် ရုပ်ဝတ္ထုပစ္စည်းများထက်မဆို ပိုကောင်းပေသည်။ ဤအသိုင်းအဝိုင်းထဲတွင် လူတိုင်းက ၄င်းကိုသိပေသည်။


ဟယ့်နီက သူမ၏ သားကို လင်းလော့ချင်းဆီသို့ မာနကြီးစွာဆွဲခေါ်လာလေသည်။ သူမက ကျောက်လေ့ကို ပြောလိုက်သည်။

"ဆရာမကျောက်... ကျွန်မ ဟောင်ဟောင်နဲ့ တင်းတင်းရဲ့ အမေတွေကိုလည်းခေါ်လာတယ်... ကျွန်မတို့သုံးယောက်က ဆွေးနွေးပြီးတော့ လင်းဖေးက အရမ်းပညာမဲ့လို့ ဒီကျောင်းအတွက် မသင့်တော်ဘူးဆိုတာ သဘောတူထားကြပြီးပြီ... ဘာလို့ သူ့ကို တိုက်ရိုက် ကျောင်းမထုတ်လိုက်တာလဲ..."


"ဟုတ်တယ်..."

ဟောင်ဟောင်၏ မိခင်က ချက်ချင်းပင် ထပ်ဆိုလိုက်သည်။

"ဟောင်ဟောင်က သူတကယ်ပဲ ဟောင်ဟောင်ကို ရိုက်ရဲတယ်လို့ ပြောတယ်... ဒီလို ရိုင်းစိုင်းကြမ်းတမ်းနဲ့ကလေးတစ်ယောက်က ဟောင်ဟောင်နဲ့ တစ်တန်းတည်း တက်နေတာကို ကျွန်မတို့က ဘယ်လိုလုပ်ပြီး ခွင့်ပြုထားလို့ ရမှာလဲ..."


"အဲ့ဒါပြောတာ အရမ်းပညာမဲ့တယ်... ငမွဲတွေက ငမွဲကျောင်းကိုပဲ သွားသင့်တယ်... ဘာလို့ ဒီကိုလာနေကြတာလဲ... ကံမကောင်းလိုက်တာ..."

တင်းတင်း၏ မိခင်က လင်

းဖေးကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်သည်။ 


ကံကောင်းစွာဖြင့် လင်းဖေးက ခံစားချက်များစွာ ထုတ်မပြပါပေ။ သူက ကြောက်ရွံ့မှုေရာ ဝမ်းနည်းမှုရော အနည်းငယ်မျှပင် မပြသပါပေ။ 


သူက နှင်ထုတ်ခြင်းဟူသော စကားလုံးတစ်လုံးကိုသာ တွေးတောရင်း အလုပ်ရှုပ်နေပေသည်။