အပိုင်း ၇၄
Viewers 23k


Chapter 74




ရှုရှင်းချန်က အိပ်ရာရှိသည့်နေရာသို့ တည့်တည့်လျှောက်လာသည်။


အခန်းထဲဝင်လာစဉ်တွင် ဗလာကျင်းနေသည့် ခုံရှည်ကိုတွေ့လိုက်ရ၍ ဓားကိုပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် အိပ်ရာဘေးမှ ကန့်လန့်ကာပေါ်တင်ထားသည့် အဖြူရောင်အတွင်းဝတ်ရုံကိုမြင်လိုက်ချိန်တွင် အလွန်ဒေါသထွက်လာသောကြောင့် ဓားဖြင့်ခုတ်ပိုင်းချပစ်လိုက်သည်။


ဒုန်း...


ကန့်လန့်ကာက နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ် ဒုန်းခနဲကျလာ၍ အိပ်ရာပေါ်မှမြင်ကွင်းကို သူတွေ့လိုက်ရသည်။


အိပ်ရာခေါင်းရင်းကို မှီနေပြီး အင်္ကျီရင်ဘတ်ကိုလည်း လှစ်ဟထားသည် ‌ဆံပင်များကို ကျောက်စိမ်းသရဖူဖြင့် စုချည်ထားကာ အနက်ရောင်ဝတ်ရုံဝတ်ထားသည့် အမျိုးသားက မျက်ခုံးအသာပင့်လိုက်သည်။


ညစ်ညမ်းသောလက်တစ်ဖက်က သူ့အစ်ကိုတော်၏ နှင်းသဖွယ်ဖြူဖွေးသော ခါးပေါ် ကျရောက်နေသည်။


ဟမ်...


ရှုရှင်းချန် တစ်ခဏတာ အေးခဲတောင့်တင့်သွားသည်။


စောင်ပေါ်တွင် လက်ဖဝါးခန့်အရွယ်ယုန်လေးက လက်နှစ်ဖက်ကိုဖြန့်ကာ ခေါင်းစောင်းပြီး သူ့ကိုစိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေသည်။


" မင်း ဘာဖြစ်နေတာလဲ... ငါ့အခန်းထဲကို ညနက်သန်းခေါင်ကြီးဝင်လာပြီးတော့ လူသတ်မယ့်ရုပ်ကြီး ဖြစ်နေပါလား... ငါ့တပည့်က ငါ့ကိုနှိပ်ပေးနေတာ‌လေ..."


နှိပ်ပေးနေတာလား...


ရှုရှင်းချန်၏မျက်နှာက ပြာတစ်လှည့်ဖြူတစ်လှည့် ဖြစ်လာသည်။

" ဒါပဲ လုပ်နေကြတာလား..."


ရှန်းလျိုရှန့်၏မျက်လုံးထဲတွင် ? များစွာပေါ်လာသည်။

နှိပ်တာကလွဲပြီး ငါတို့က ဘာလုပ်ရဦးမှာလဲ...


ကျိုးရွှမ်လန်၏ မျက်နှာထက်တွင်လည်း စိတ်ရှုပ်ထွေးမှုများ တွေ့ရမည်အထင်ဖြင့် သူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် ကြောင်အအကြည့်နေမိကြပြီး တူညီသောမေးခွန်းကို မေးကြမည်သာဖြစ်သည်။


သို့ရာတွင် သူ့တပည့်က ပူးပေါင်းပါဝင်လိုစိတ်ရှိပုံမရပေ။  ကျိုးရွှမ်လန်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး သူ ပြန်ဖြေလိုက်သည်။

" အခုတော့ ဒါပဲလုပ်နေသေးတယ်..."


ရှုရှင်းချန်၏ အမူအရာက ပြောင်းလဲသွားပြီး ထိုနတ်ဆိုးဘုရင်က အလွန်အကြံကြီးသူဟု သဘောပေါက်သွားသည်။ သူ့ကို ကြောင်အနေသည့်အမူအရာဖြင့် ကြည့်နေသော သူ့အစ်ကိုယုန်ငတုံးကိုကြည့်ကာ အလွန်ဒေါသထွက်လွန်း၍ သူ့ကိုယ်မှ ဝိညာဉ်စွမ်းအင်များပါ မြင့်တက်လာသည်။


ရွှမ်ဟွမ်ဓားကလည်း သူ့သခင်၏စိတ်ခံစားချက်ကို အာရုံခံမိပုံရပြီး ဓားသွားက တဖြည်းဖြည်းလင်းလက်လာကာ ချွင်ခနဲအသံပြုလိုက်သည်။


ထိုဓားက ဧကရာဇ်ထံမှလက်ဆောင်ဖြစ်၍ အလွန်အမင်းစွမ်းအားကြီးလှပေသည်။ ရှုရှင်းချန်က ဓားရိုးကို တင်းကြပ်စွာကိုင်ထားလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

" ဒါဆိုရင်တော့ မင်းဒီညကျော်တာနဲ့ အသက်မရှင်စေရတော့ဘူး..."


သူ့စကားဆုံးသည်နှင့် အေးစက်စက်ဓားအလင်းတန်းတစ်ခုက အိပ်ရာပေါ်မှ လူရှိရာတည့်တည့်သို့ ရောက်သွားပေ၏။ 


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး အဘယ့်ကြောင့် ရုတ်ချည်းထတိုက်ခိုက်ရသည်ကို သဘောမပေါက်ဖြစ်သွားသည်။ 

ကျိုးရွှမ်လန်ပြောလိုက်လို့ ရှုရှင်းချန် ဒေါသထွက်သွားတာများလား...


သူကလည်း ယုန်ပုံစံပြောင်းထား၍ ရုတ်တရက် မကူညီနိုင်ဖြစ်သွားသည်။ ထို့နောက်တွင် ဆံပင်တစ်မွေး ကျလာသည်ကို မြင်တွေ့လိုက်ရသည်။ ကျိုးရွှမ်လန်က လုံးဝမရှောင်လိုက်သောကြောင့် ဓားစွမ်းအင်က သူ့မျက်နှာဘေးကို ကျော်ဖြတ်သွားသည်။ 


" မင်းဘာလို့ မရှောင်လိုက်တာလဲ..."


ရှုရှင်းချန်၏မျက်နှာက မည်းမှောင်သွားသည်။ သူ၏ဓားချက်က ပြီးပြည့်စုံလုနီးပါးဖြစ်၍ မည်သူမဆို ကြောက်လန့်ပြီး အမြန်ထွက်ပြေးရနိုင်ပေသည်။


" သူက သတ်ချင်စိတ် မရှိနေလို့ပါ..."


ကျိုးရွှမ်လန်က မျက်ခုံးတစ်ချက်ပင့်ပြီး မေးလိုက်သည်။

" မင်း အရင်တုန်းက ဘယ်သူ့ကိုမှ မသတ်ဖူးဘူးလား..."


ရှုရှင်းချန်က သတိလက်လွတ်ဖြစ်ပြီး အလစ်အငိုက်အမေးခံလိုက်ရပေသည်။ သူ့ဓားချက်က အလွန်အမင်း ပြင်းထန်သည်ဟု ထင်ရသော်လည်း အမှန်တွင် ဝိညာဉ်စွမ်းအားများများစားစား အသုံးမပြုထားသည့်အပြင် ဓားကို တမင်တကာလမ်းချော်အောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။


သူ အသွင်ပြောင်းလိုက်သည့် ဓားစွမ်းအင်က တစ်ယောက်ယောက်ကို ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်ပစ်လိုက်ခြင်းတို့ ဖြစ်သွားမည်ကို စိုးရိမ်၍ ခြောက်လှန့်ရုံမျှသာ ပြုလုပ်လိုက်ပုံရသည်။


ရှုရှင်းချန်က ကလေးဘဝတည်းက နန်းတွင်းတွင် ကြီးပြင်းခဲ့ရသူဖြစ်သည်။ သူက ကောင်းမွန်စွာ‌ နေထိုင်စားသောက်ခဲ့ရ၍ ဘဝတစ်လျှောက်လုံးတွင် အခက်အခဲဟူသည်ကို မကြုံတွေ့ခဲ့ရဖူးသူလည်းဖြစ်သည်။ သူ နန်းတွင်းပြင်ပထွက်ပြီး လေ့ကျင့်စဉ်တွင်လည်း ထိခိုက်ဒဏ်ရာရမည်စိုး၍ လူတစ်စုက နောက်ကွယ်၌ပုန်းကွယ်ပြီး ကာကွယ်ပေးလေ့ရှိသည်။ အကယ်၍ ရန်သူအသေးအဖွဲ့များနှင့် ရင်ဆိုင်ရပါကလည်း သူ့လက်အောက်ငယ်သားများက သူ ဘာမှမလုပ်မီ ဦးစွာကိုင်တွယ်လိုက်လေ့ရှိသည်။ 


သို့ဖြစ်၍ လူသတ်ရန်မဆိုနှင် အခြားလူများနှင့် တိုက်ခိုက်ရာတွင်ပင် သူ့အတွေ့အကြုံက အနည်းငယ်သာရှိသည်။


ရှန်းလျိုရှန့်က ထိုအကြောင်းကိုသိ၍ ပြောလိုက်သည်။

" မင်းလက်တွေမှာ သွေးမစွန်းနေတာ ကောင်းတာပေါ့..."


သူက စိတ်ထဲတွင် ရှိသည့်အတိုင်း ရိုးရိုးသားသားပြောလိုက်ခြင်းဖြစ်သော်လည်း ရှုရှင်းချန်၏နားထဲတွင်မူ လှောင်ပြောင်ရန်စနေသည်နှင့်သာ တူပေသည်။


သူက နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည့်ကျင့်ကြံသူဖြစ်သော်လည်း ပုရွက်ဆိတ်တစ်ကောင်ကိုမှ မသတ်ဖြတ်ခဲ့ဖူးပေ။ အကယ်၍ ထိုသတင်းပျံ့နှံ့သွားပါက လူများစွာက သူ့ကို " ကျင့်ကြံဆင့်တစ်ခုတည်းမြင့်နေတာဆိုတော့ ဓားကိုင်စရာမလိုတော့ဘူး အိမ်ပြန်ပြီး ချည်ထိုးအပ်ချုပ်သင်နေရင်ရပြီ" ဟု လှောင်ပြောင်လာနိုင်ပေသည်။


ရှုရှင်းချန်၏ပါးပြင်က နီရဲလာသော်လည်း သူ ထိုကိစ္စကို ဝန်မခံလိုက်ပေ။ 

" လူကို လာအထင်မသေးနဲ့ ကျွန်တော်က လူတွေကို ဖရုံသီးခွဲပစ်သလိုပဲ သတ်လာတာ ကျွန်တော့်လက်ပေါ်မှာ မရေမတွက်နိုင်တဲ့ တစ္ဆေတွေရှိတယ်... ကျွန်တော်က လူငယ်တွေကိုသတ်ပစ်ရတာ အကျွမ်းဆုံးပဲ..."


စကားဆုံးသည်နှင့် သူက သူတို့နှစ်ယောက်ကို အာရုံလွှဲပစ်ရန် ကြိုးပမ်းတော့သည်။


သူ အိပ်ရာနားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး စောင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့်ယုန်လေးကို လှမ်းယူကာ ပြောလိုက်သည်။

" ဒီလိုကြီးနေတာ အဆင်မပြေဘူး... ကျွန်တော်နဲ့ပြန်လိုက်ခဲ့ အခန်းထဲရောက်မှ ဒီအကြောင်းတွေ ဆက်ပြောကြမယ်... ခမည်းတော်ကိုလည်း ဒီအကြောင်းတွေပြောပြမှဖြစ်မယ် အဲဒါမှ ခင်ဗျားကို အပြစ်ပေးမှာ..."


သို့သော် သူ ရှန်းလျိုရှန့်ကို လှမ်းမဆွဲနိုင်မီမှာပင် လက်တစ်ဖက်က ထိုယုန်ခန္ဓာကိုယ်လေးကို ပွေ့ချီထားလိုက်သည်။

" ညနက်နေပြီ ဧကရာဇ်ကို မနှောင့်ယှက်ပါနဲ့တော့..."


ရှန်းလျိုရှန့်က သမ်းဝေလိုက်ပြီး သူ့ရှေ့‌လက်ဖဝါးများကို ယမ်းပြလိုက်သည်။ 

" သူပြောတာဟုတ်တယ် မင်း အခန်းကိုပြန်ပြီး စောစောနားတော့... မင်းက ကလေးလည်းမဟုတ်တော့ဘူးဆိုတော့ အစ်ကိုကြီးနဲ့ အိပ်စရာလည်း မလိုတော့ဘူး..." 


" ဘယ်သူက ခင်ဗျားနဲ့အိပ်ချင်လို့လဲ... ခင်ဗျား အဲ့လိုဆက်လုပ်နေရင်တော့ ဘာမှမပြောတော့ဘူး..."


ရှုရှင်းချန် ဒေါသထွက်လာပြီး အိပ်ရာပေါ်မှ လူတစ်ယောက်နှင့် ယုန်တစ်ကောင်ကို လက်ညှိုးထိုးလိုက်သည်။


" ကျွန်တော့်ကို ခေါင်းပေါ်က ကျစ်ဆံမြီး ထိခွင့်မပေးရင် ခမည်းတော်နဲ့ တိုင်ပြောမှာ..."


စကားဆုံးသည်နှင့် ဒေါသတကြီးဖြင့် ပြန်ထွက်သွားသည်။ သို့ရာတွင် ခြေနှစ်လှမ်းလျှောက်ပြီးချိန်၌ ပြန်လှည့်လာပေသည်။ နှစ်ခြမ်းကွဲသွားသော ကန့်လန့်ကာကို ဘေးတွင်ထောင်ပေးထားလိုက်ကာ အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး ဝတ်ရုံလက်ကိုခါပြီး တစ်ချက်မှ လှည့်မကြည့်တော့ဘဲ ထွက်သွားသည်။


" သူ့ကိုကြည့်ရတာ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးလေးလိုပဲ..."


ကျိုးရွှမ်လန်က သူ့ထံမှ အကြည့်လွှဲလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ရှန်းလျိုရှန့်ကိုကြည့်ကာ အမူအရာက ထူးဆန်းသွားပေသည်။


ရှန်းလျိုရှန့် : " သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်စိမ်းရိုင်းလေးဆိုလည်း မဆိုးပါဘူး... လုပ်ကြံထားတဲ့ ညွှန်ကြားပြသမှုတွေ မရှိဘဲနဲ့ သဘာဝကပဲ သူ့အလိုလိုဖန်တီးသွားမှာ... ဧကရာဇ်ကလည်း အဲ့လိုပဲဖြစ်စေချင်ခဲ့တာထင်တယ်..."


သူက ယခုအခါ ကျိုးရွှမ်လန်၏ရင်ခွင်ထဲ ရပ်နေခြင်းဖြစ်၍ သူ၏ ရှေ့ခြေဖဝါးများက အဝတ်ပါးအုပ်ထားသည့် ဝမ်းဗိုက်ပေါ် ရောက်နေသည်။ သူ့ကျောပြင်ကို ကျိုးရွှမ်လန်ကလက်တစ်ဖက်ဖြင့် ကိုင်ပေးထားခြင်းဖြစ်သည်။ သူ့ နောက်ခြေထောက်နှစ်ဖက်က တိုလွန်း၍ ကျိုးရွှမ်လန်၏ ခြေထောက်နှစ်ဖက်အကြား ရောက်နေရုံသာဖြစ်နေသည်။


ရှန်းလျိုရှန့်က စကားပြောနေစဉ်တွင် နေရာပြောင်းလိုက်ပြီး သူ့နောက်ခြေထောက်နှစ်ချောင်းကို အသာရွှေ့လိုက်စဉ် တစ်ခုခုကို ရုတ်တရက် ထိလိုက်မိသည်။


သူ စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ခြေထောက်တစ်ဖက်မြှောက်ကာ ထိုအရာကိုအသာထိလိုက်သည်။


သူ့ကိုကိုင်ပေးထားသောလက်က ရုတ်ချည်းတင်းကြပ်သွားသည်ကို သတိပြုမိသောအခါ ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားမိပြီး ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားပေသည်။

[ ဟို မျက်လုံးထဲမြင်ကြလားတော့မသိဘူး ခုနက ရှုရှင်းချန်က လာဆွဲခေါ်လို့ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို သူ့ကိုယ်ပေါ်ဆွဲတင်လိုက်တာပါ၊ သူက ယုန်သေးသေးလေးဆိုတော့ ဗိုက်ပေါ်ရောက်သွား‌တဲ့အချိန် နောက်ခြေထောက်သေးသေးလေးနှစ်ဖက်က ကျိုးရွှမ်လန်ရဲ့ ခြေထောက်နှစ်ဖက်ကြားက လွတ်နေတဲ့နေရာကို သွားမထိဘဲ ခွာကြားတည့်တည့်ပေါ် ခြေထောက်တင်လိုက်သလိုဖြစ်သွားမိလို့ပါ🤣 သူက အဲ့ဒါကိုဘာကြီးလဲမသိဘူးဆိုပြီး ထပ်ထိလိုက်တော့ ဟိုကလည်း လန့်သွားတာပါ ]


ကျိုးရွှမ်လန်၏ အကြည့်များက လေးလံလာပြီး တီးတိုးပြောလိုက်မိသည်။

" ရှစ်စွမ်း သိပ်မလှုပ်ပါနဲ့..."


သူ ထိုသို့မပြောလျှင်ပင် ရှန်းလျိုရှန့်က မလှုပ်ရဲတော့ပေ။


သူ ကျိုးရွှမ်လန်၏ရင်ခွင်ထဲကြောင်အစွာ ရပ်နေမိပြီး နောက်ခြေနှစ်ဖက်ကလည်း တုန်ယင်လာနေသည်။ သူ့တစ်ကိုယ်လုံးက ထိုနေရာတွင် ကျောက်ရုပ်သဖွယ် ရပ်တန့်သွားကာ လုံးဝ မလှုပ်ရှားရဲတော့ပေ။ 


ကျိုးရွှမ်လန်က သူ့ကို အိပ်ရာပေါ် ပြန်ချပေးလိုက်သည်။


ထို့နောက်တွင် ရှန်းလျိုရှန့်က ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ နားရွက်များ နီရဲနေလျက်ဖြင့် စောင်ပုံထဲ တစ်ကိုယ်လုံး နှစ်နေလိုက်သည်။


ကျိုးရွှမ်လန်၏ အမူအရာက မသေမချာဖြစ်သွားပြီး မျက်လွှာချကာ စောင်ပုံထဲရှိ အနည်းငယ်ခုံးနေသော နေရာလေးကို ကြည့်လိုက်သည်။ အချိန်အတန်ကြာသောအခါ အစောပိုင်းက ရှန်းလျိုရှန့်၏ကိုယ်ကို ကိုင်ပေးထားသော‌လက်ကို နှာဖျားနား ကပ်လိုက်သည်။


သူ့မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားပေ၏။


သူ့ရှစ်စွမ်း၏ကိုယ်ပေါ်မှ အော်ရာက အလွန်သန့်စင်လွန်းလှသောကြောင့် အခြားနတ်ဆိုးများက အာရုံခံနိုင်ကြပြီး လူများစွာက အလိုရှိအောင် ဆွဲဆောင်နေနိုင်ခြင်းဖြစ်ပေသည်။


ကျိုးရွှမ်လန် ခဏစဉ်းစားလိုက်ပြီးနောက် သူရင်ဘတ်နားမှ ဝတ်ရုံစကိုဆွဲဖြဲကာ လက်ထဲတွင် ခေါင်းစည်းကြိုးပုံစံ ချည်‌လိုက်သည်။


သူ့အော်ရာဖြင့်ပေါင်းစပ်ထားသည့် ပစ္စည်းတစ်စုံတစ်ရာက အခြားသော နတ်ဆိုးများအတွက် ခြိမ်းခြောက်စရာဖြစ်နေ၍ နတ်ဆိုးဆယ်ယောက်တွင် ကိုးယောက်က အနားကပ်လိမ့်မည် မဟုတ်ပေ။ 


အဝတ်များဆွဲဖြဲသံကို ကြားသည့်အခါ ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး တဖြည်းဖြည်းတုန်ယင်လာပြီး ထိုနေရာတွင်ပင် တောင့်တင်းအေးခဲသွားတော့မည်ဟု ထင်ရသည်။ အပြင်ဘက်တွင် မူမမှန်သည့်အရာ တစ်ခုမှ ဖြစ်မနေကြောင်း သိရမှာသာ သူ့နှလုံးခုန်သံက ပုံမှန်ပြန်ဖြစ်သွားသည်။


စောင်အောက်တွင် အရာအားလုံးက အမှောင်ဖုံးနေပေသည်။


ရှန်းလျိုရှန့် မျက်လုံးများပွင့်လာပြီး သက်ပြင်းချလိုက်သည်။


အင်း...


ငါ အမှားလုပ်မိရင် ငါ့တပည့်ရဲ့စိတ်ထဲ သင်းကွဲယုန်တစ်ကောင် ဖြစ်သွားမှာပဲ...


ရှန်းလျိုရှန့်၏စိတ်ထဲ အေးစက်စက်ခံစားနေရဆဲဖြစ်သောကြောင့် တစ်ညလုံးစကားတစ်ခွန်းမှမပြောဘဲ နေခဲ့သည်။ သူ နောက်နေ့မနက် နိုးလာသောအခါ သူ့ခေါင်းအောက်တွင် နူးညံ့သော ခေါင်းအုံးတစ်လုံး ရောက်နေသည်ကို တွေ့လိုက်ရသည်။


၎င်းက လက်ဖဝါးအရွယ်ခန့် အပြာနုရောင်ခေါင်းအုံးလေးဖြစ်ပြီး ရေခဲသားသဖွယ် ချောမွတ်နေကာ လတ်ဆတ်သန့်ရှင်းသည့်ရနံ့မျိုး ထွက်ပေါ်နေသည်။


ကျိုးရွှမ်လန်ကို အခန်းထဲတွင် မတွေ့ရ၍ သူ မည်သည့်နေရာ‌သွားကြောင်း မသိရပေ။ 


မည်သူ့ကိုမှ မတွေ့ရသည့်အခါမှသာ ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်ကာ တစ်ညလုံး သူ့ကို စိုးမိုးနေခဲ့သည့် "သင်းကွဲယုန်" ဟူသော နာမည်ကြီးကို စွန့်လွှတ်လိုက်သည်။


သူ့မူရင်းပုံစံသို့ ပြန်ပြောင်းလိုက်ပြီးသည့်နောက်တွင် သိုလှောင်အိတ်ထဲမှ သန့်ရှင်းသော အဝတ်အစားများထုတ်ယူဝတ်ဆင်ပြီး ဆံပင်ရှည်ကြီးကို စည်းနှောင်လိုက်သည်။ ယမန်နေ့ညက ကျိုးရွှမ်လန် သူ့ကျစ်ဆံမြီးကို ပြန်ဖြည်ပေးပြီးသည့်နောက်တွင် အိပ်ရာဘေးမှ သစ်သားဗီရိုလေးပေါ်၌ ခေါင်းစည်းကြိုးလေးကို ပြန်တင်ပေးခဲ့သည်။


သို့သော် အတန်ကြာအောင်ရှာပြီးသည်အထိ ၎င်းကို ရှာမတွေ့ခဲ့ဘဲ ကျိုးရွှမ်လန်၏ ခေါင်းစည်းကြိုးဖြစ်ဟန်ရသော လက်နှစ်လုံးစာခန့် အနက်ရောင်ကြိုးတစ်ကြိုးသာ အိပ်ရာဘေးတွင် ရှိနေသည်။


ရှန်းလျိုရှန့်က သူ့ဆံနွယ်များကို ထိုခေါင်းစည်းကြိုးဖြင့်ချည်လိုက်ပြီး လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။


ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး ပြဿနာတက်နေဟန်ရသော ပုံရိပ်တစ်ခုကို မြင်သည့်အခါ သူ ချောင်းဟန့်ပြီး အသံကိုမြှင့်ပြောလိုက်သည်။

" ရှင်းချန်... မင်း လမ်းလျှောက်နေတာလား... ငါနဲ့အတူ လမ်းမဘက်သွားမလား..."


ရှုရှင်းချန်က သူ့ကိုလှမ်းကြည့်လိုက်သည်။ ရှန်းလျိုရှန့်က အေးစက်စက်နှာမှုတ်သံတစ်သံကို ကြားလိုက်ရပြီး ရှုရှင်းချန်က

ဂရုမစိုက်ဟန်ဖြင့် ခေါင်းကို တစ်ဖက်သို့လှည့်သွားကာ ဝတ်ရုံလက်ကိုခါပြီးထွက်သွားလေသည်။


ရှန်းလျိုရှန့် ရယ်လိုက်မိသည်။


ဘယ်လိုတောင် နေရခက်ပြီး စိတ်တွေဆိုးနေတာလဲ...