အပိုင်း ၇၇
Viewers 23k

Chapter 77



ရှန်းလျိုရှန့် လှေပေါ်သို့ လှမ်းကြည့်လိုက်သည့်အခါ မီးပုံးလေးကိုင်ထားသည့် မိန်းကလေးတစ်ယောက် လှေပေါ်မှထွက်လာ၍ ရေကန်ဘေးပတ်ဝန်းကျင်မှလူများ ချက်ချင်းစိတ်လှုပ်ရှားကုန်ကြသည်။


" နန်ရှန့် နန်ရှန့်..."


နန်ရှန့်က မျက်ခုံးပင့်လိုက်ပြီး လက်မြှောက်၍ ဝတ်ရုံလက်ကိုဝှေ့ာမ်းလိုက်သည့်အခါ သူမဝတ်ရုံလက်ထဲမှ အရောင်တောက်ပနေသည့်အမှုန့်များထွက်လာပြီး ညလေပြည်လေညင်းများ၏ သယ်ဆောင်မှုအောက်တွင် ကန်ရေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။


" လူအုပ်စုကြီးက ချက်ချင်းပင် မျက်လုံးများနီရဲလာပြီး ပြောလိုက်သည်။

" မွှေးလိုက်တာ... တော်တော်မွှေးတာပဲ..."


ရှန်းလျိုရှန့်သည်လည်း လေထုထဲမှ အနံ့ကိုရှုကြည့်လိုက်မိပြီး စိတ်လှုပ်ရှားသွားရသည်။


ထိုရနံ့ထဲတွင် ပါဝင်ပစ္စည်းများစွာ ရောယှက်ပါ‌ဝင်နေသော်လည်း ကောင်းကင်ယံမှ လမင်းကြီးကဲ့သို့ ပေါ်လွင်နေသည့် အမွှေးအကြိုင်တစ်မျိုး ပါဝင်သည်။ သူ တစ်ကြိမ်မှ ထိုအနံ့မျိုး မရဖူးပေ။


ခဏစဉ်းစားကြည့်ပြီးသောအခါ ရှန်းလျိုရှန့်၏မျက်လုံးများ အရောင်တောက်ပလာသည်။

နတ်ဆေးက သွေးနှောတွေရဲ့အနံ့ကို ဖုံးထားနိုင်မှာဆိုတော့ ဒီအမွှေးအကြိုင်မျိုးကို ထပ်ထည့်လိုက်မယ်ဆိုရင် အံ့ဩစရာကောင်းတဲ့ သက်ရောက်မှုတွေ ရှိမယ်ထင်တယ်...


ရှန်းလျိုရှန့်က တဖြည်းဖြည်းထွက်ခွာသွားသော အပျော်စီးလှေကိုကြည့်ပြီး သစ်ပင်ပေါ်မှ ခုန်ချကာ အမြန်လိုက်တော့သည်။


 ရှန်ဖန့်အပျော်စီးလှေပေါ် ရောက်သည့်အခါ ရှန်းလျိုရှန့်က မျက်နှာဖုံးတပ်ပြီး လှေဝမ်းထဲ ဝင်လာလိုက်သည်။ ဤနေရာတွင် မိန်းကလေးအများစုသာ ရှိနေကြခြင်းဖြစ်၍ ယောက်ျားတစ်ယောက် တက်လာသည်ကို မြင်သောအခါ သူ့ကို အကဲခတ်သကဲ့သို့ ကြည့်နေကြသည်။


ရှန်းလျိုရှန့် နန်ရှန့်ကို ရှာမတွေ့ပေ။ အမွှေးအကြိုင်များကို သူကိုယ်တိုင်စစ်ဆေးကာ အနံ့ခံကြည့်သော်လည်း တစ်စုံတစ်ရာ လိုအပ်နေဆဲဖြစ်သည်ဟု ခံစားလိုက်ရသည်။


သူ ဒုတိယထပ်ကိုလှမ်းကြည့်ပြီး တက်သွားတော့မည့်အချိန်တွင် အစေခံမိန်းကလေးတစ်ယောက်က သူ့ကိုဟန့်တားလိုက်သည်။


" ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရပါဘူး..."


သို့ဖြစ်၍ ရှန်းလျိုရှန့် လှေပေါ်မှ ထွက်ခွာလာဟန်ဆောင်လိုက်သည်။ နောက်အခိုက်အတန့်တွင်မူ သူ့ပုံရိပ်က ဒုတိယထပ်တွင် ဖျတ်ခနဲပေါ်လာသည်။ သူညအခန်းတစ်ခန်းရှေ့တွင်ရပ်ပြီး အသိစိတ်ကို ဖြန့်ကျက်လိုက်သည့်အခါ အခန်းထဲ မည်သူမှ မရှိနေကြောင်းသိရ၍ ဝင်လာလိုက်သည်။


ကြည့်ရတာတော့ သာမန်မိန်းကလေးတစ်ယောက်ရဲ့ အခန်းပါပဲ...


အလှပြင်ပစ္စည်းများတင်ထားသည့်စားပွဲပေါ်တွင် နှုတ်ခမ်းဆိုးဆေးများနှင့် မျက်နှာချေများ ရှိနေသည်။ သူ တစ်ခုကိုကောက်ကိုင်ပြီး အနံ့ရှုကြည့်လိုက်သောအခါ သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။


သူ့ဝတ်ရုံထဲမှ လက်ကိုင်ပဝါတစ်ထည်ထုတ်၍ အမှုန့်တစ်ချို့ကို ထည့်လိုက်ပြီးနောက် စားပွဲပေါ်တွင် ဝိညာဉ်ကျောက်တုံးတစ်တုံးကိုတင်ခဲ့လိုက်သည်။


သူ ထွက်သွားတော့မည့်အချိန်တွင် တံခါး ရုတ်တရက် ပွင့်လာသည်။ 

 

စကားပြောသံများကြားသည့်အခါ ရှန်းလျိုရှန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဘေးပတ်ပတ်လည်ကိုကြည့်ကာ အိပ်ရာအောက်၌ ပုန်းနေလိုက်သည်။


အခန်းထဲသို့ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဝင်လာသည်။


ထိုမိန်းကလေးက နန်ရှန့် ဖြစ်ပုံရပြီး အခြားတစ်ယောက်မှာမူ သတ္တမနတ်ဆိုးဘုရင်၏ ညာလက်ရုံး တပ်မှူးရှုံးယို့ဖြစ်မည်ဟု သူ မှန်းဆကြည့်လိုက်သည်။


ခဏအကြာတွင် တံခါးကို ဝုန်းခနဲ ပိတ်လိုက်ကြသည်။


မိန်းကလေးက သိမ်မွေ့ညင်သာသောအသံဖြင့် ပြောလိုက်သည်။


" လူကြီးမင်းချယ့်... ဘာလို့ နှဖူးကအမာရွတ် ပြန်မကောင်းသေးတာလဲ... ကျွန်မ ဆေးတစ်ချို့ပေးလိုက်ပါ့မယ်... ဒီလိုဖြစ်ရတာ ရှန့်အာကို ကယ်ပေးလို့လေ..."


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။


လူကြီးမင်းချယ့် ဆိုပါလား...


တပ်မှူးရှုံး မဟုတ်ဘူးလား...


ထိတ်လန့်ဖွယ်ရာကောင်းသော လျှို့ဝှက်ချက်ကို သူ ရုတ်တရက် သိလိုက်ရ၍ အသက်ပင်ကျယ်ကျယ် မရှုရဲတော့ပေ။ 


" ဘယ်လိုဆေးမျိုးကို သုံးရမှာလဲ... ယောကျာ်းတစ်ယောက်ရဲ့ကိုယ်ပေါ်က အမာရွတ်ဆိုတာ ဆုတံဆိပ်တွေပဲလေ..."


အမျိုးသား၏ ပျင်းရိပျင်းတွဲအသံ ထွက်ပေါ်လာပြီး သူစကားဆုံးသည်နှင့် နန်ရှန့်၏လက်ကို သူ့နှဖူးပေါ်တင်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ 


" မင်း သဘောကျတယ်မလား ထိကြည့်လေ... မင်းအတွက်နဲ့ ဒဏ်ရာရသွားတယ်ဆိုတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ..."


နန်ရှန့်၏ပါးပြင်က ချက်ချင်းနီရဲတွတ်သွားပြီး သူ့ရှေ့တည့်တည့်မှလူကို ကြည့်လိုက်သည်။


လူကြီးမင်းချယ့် ဟူသည့်လူထံမှ မဟာနတ်ဆိုးကျူးယန်၏အော်ရာမျိုး ထွက်ပေါ်နေ၍ ထိုအနံ့ရရုံဖြင့် အားလုံးက တောင့်မခံနိုင်ဘဲ ဦးညွတ်ချင်စိတ်များ ဖြစ်လာစေနိုင်သည်။ ‌ဆဌမနတ်ဆိုးဘုရင်ကျူးယန်အကြောင်း တွေးမိသည့်အခါ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကိုပါ သိချင်စိတ် ဖြစ်လာရသည်။


သူမ သူ့ကိုမှီလိုက်ပြီး ခေါင်းမော့ကာ မေးရိုးများကို ပြင်းရှရှ နမ်းလိုက်သည်။


လေထုထဲတွင် နှလုံးသားကို လှုပ်ခတ်စေနိုင်သည့် အနံ့များဖြင့် ပြည့်နေပြီး ထိုအမျိုးသား၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ သူက သူမခေါင်းကိုကိုင်ပြီး ကြမ်းတမ်းစွာဖြင့် ပြန်လည်နမ်းရှိုက်နေသည်။


အိပ်ရာအောက်တွင်လှဲနေသော ရှန်းလျိုရှန့်၏အမူအရာက ထူးဆန်းလာသည်။


ထိုလူ၏အသံက သူနှင့် ရင်းနှီးနေဟန်ဖြစ်သော်လည်း တမင်တကာ အသံကိုနှိမ့်ပြောနေသောကြောင့် မြူတစ်လွှာ ကာဆီးထားသည်နှင့်တူ၍ အသံပိုင်ရှင်ကိုသိရန် ခက်ခဲနေသည်။


သူ ‌စဉ်းစားနေစဉ်တွင် နန်ရှန့်၏ ဆွဲဆောင်မှုရှိသောအသံက အခန်းထဲ ပဲ့တင်ထပ်လာသည်။


" လူကြီးမင်းချယ့် မလောပါနဲ့ဦး..."


ထိုအမျိုးသား၏ အသံထဲတွင် ပြုံးစစအရိပ်အယောင်တချို့ ပါဝင်နေသည်။

" ဘယ်သူက လောနေတာလဲ..."


နန်ရှန့်က စိတ်ဆိုးဟန်ဆောင်လိုက်သည်။

" လူကြီးမင်းက တော်တော်ဆိုးတာပဲ... ကျွန်မကို စကားနဲ့အန်ိုင်ကျင့်နေတယ်.."


" ငါမင်းကို စကားနဲ့ အနိုင်မကျင့်ပါဘူး..."


ထိုလူက အသံတိုးတိုးဖြင့်ပြောလိုက်ပြီး သူမ၏ ခါးသိမ်သိမ်လေးကို ပွေ့ဖက်ကာ အိပ်ရာပေါ်လှဲချလိုက်သည်။


" ငါမင်းကို အိပ်ရာပေါ်မှာပဲ အနိုင်ကျင့်ချင်တာ..."


လူနှစ်ယောက်၏အလေးချိန်ကြောင့် အိပ်ရာက အိကျလာ၍ ရှန်းလျိုရှန့်၏ အမူအရာက တောင့်တင်းသွားသည်။


ဖာ့ခ်ပဲ...


ငါ ဒါကြီးကို liveကြည့်ရတော့မှာလား...


သူ နားရွက်ကို အုပ်ထားရတော့မည်လားဟု တွေးနေစဉ် နန်ရှန့်က အသက်ပြင်းပြင်းရှုလိုက်သည်ကို ကြားလိုက်ရသည်။ သူမက တစ်ဖက်လူကို ဆက်လှုပ်ရှားနေရာမှ ရပ်တန့်ခိုင်းပြီးနောက် မေးလာသည်။


" ကျွန်မ လူကြီးမင်းချယ့်ရဲ့ နာမည်အပြည့်အစုံကိုတောင် မသိရသေးဘူးနော်... "


မိန်းမလှလေးကို ရင်ခွင်ထဲထည့်ထားသည့် အမျိုးသားက အလျင်စလိုဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

" ငါ့နာမည်က စု..."


နန်ရှန့် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်လိုက်မိသည်။


ထို့နောက်တွင် အမျိုးသားက ဆက်ပြောလိုက်သည်။

" ငါ့နာမည်က ချယ့်ပိုင်စုပါ..."


ထို့နောက်တွင် ချယ့်ပိုင်စုက သူမကိုယ်ပေါ်မှ အဝတ်အစားများကို တစ်လွှာချင်းချွတ်ရန် ပြင်တော့သည်။ ထိုအချိန်မှာပင် တံခါးအပြင်ဘက်စင်္ကြန်မှ အသံအချို့ကြားလိုက်ရသည်။


နန်ရှန့်၏ အမူအရာက ပြောင်းလဲသွားသည်။

" ရှုံးယို့ ပြန်လာပြီ..."


သူမကိုယ်ပေါ်မှ လူကို အမြန်ဖယ်ခိုင်းလိုက်ပြီးနောက် အဝတ်အစားများကို ပစ်ပေးလိုက်သည်။

" မြန်မြန်ပုန်းနေတော့..."


ချယ့်ပိုင်စု၏မျက်မှာက ဖြူဖျော့သွားသည်။


ချီးပဲ ဒီလိုမျိုးထပ်ဖြစ်ပြန်ပြီ... အကြိမ်တိုင်းအဲ့လိုပဲ...


ဒီလောက်နီးစပ်နေပြီးမှ...


ချီးပဲ...


ချယ့်ပိုင်စုက စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း သူ့အကြောင်းသိသွားမည်စိုး၍ အတွင်းအဝတ်များကို အမြန်ဝတ်လိုက်ရသည်။


ထိုအချိန်တွင် တံခါးက ဘန်းခနဲမြည်သံဖြင့် ပွင့်သွားပေသည်။


ထွက်ပြေးရန် အချိန်မရတော့သည့်အခါ သူ့အပေါ်ဝတ်ရုံကိုယူပြီး ဘေးနားကိုကြည့်ကာ အိပ်ရာအောက်တွင် ပုန်းနေလိုက်တော့သည်။


အိပ်ရာအောက်မှ အလင်းရောက်က မှိန်ပျပျဖြစ်ကာ နေရာကလည်း ကျဉ်းမြောင်းလှပေသည်။ အထဲတွင်ပုန်းလိုက်ပြီးသည့်နောက် ချယ့်ပိုင်စု စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး အပြင်ဘက်မှ လှုပ်ရှားမှုများကို နားထောင်နေသည်။ ရုတ်တရက် သူ တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသည်။


သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ မမျှော်လင့်ထားဘဲ ဝက်မျက်နှာကြီးကို တွေ့လိုက်ရသည်။


ချယ့်ပိုင်စု :  " ဟမ်..."


ရှန်းလျိုရှန့်: "..."


💮💮💮


ကျဉ်းမြောင်းမှောင်မည်းနေသော အိပ်ရာအောက်မှ လေထုအခြေအနေက အနည်းငယ်တောင့်တင်းသွားသည်။


အလင်းရောင်ဖျော့ဖျော့အောက်တွင် ချယ့်ပိုင်စုဟူသောအမျိုးသား၏ ပုံပန်းသွင်ပြင်ကို ရှန်းလျိုရှန့် ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ့မျက်နှာက ချောမောခံ့ညားပြီး မျက်ခုံးချွန်ချွန်၊ နှုတ်ခမ်းပါးပါးဖြစ်၍ အေးတိအေးစက်နိုင်သောပုံစံမျိုး ဖြစ်နေသည်။


ယခင်က သူမြင်ဖူးသောပုံစံနှင့် ခပ်ဆင်ဆင်မျှပင်တူသည့် အစိတ်အပိုင်းမျိုး တစ်ခုမှ မရှိတော့ဘဲ ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့်လူတစ်ယောက် ဖြစ်နေသည်။


ကြောက်လန့်သွားသော ချယ့်ပိုင်စုက မျက်လုံးများအနည်းငယ်မှေးကျဉ်းလိုက်ပြီး စိတ်လှုပ်ရှားသွားဟန်ဖြင့် အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။


" ဖာခ့် ငါ သူများတွေအတွက် liveလွှင့်ပေးထားသလိုမျိုးဖြစ်ဖို့ နည်းနည်းပဲလိုတော့တယ်..."


" မင်းဘာလို့ နာမည်ကို ချယ့်အောင်းထျန်းလို့ မပြောလိုက်တာလဲ... ချယ့်ပိုင်စုဆိုတဲ့နာမည်က ချယ့်အောင်းထျန်းလောက်တော့ အထာမကျဘူးလေ..."

သု့ခေါင်းထဲမှ အသံတစ်ခုက ပြောလိုက်ခြင်းဖြစ်ပေသည်။


ခုနစ်တိုင်တိုင် ရန်ဖြစ်လာခဲ့ခြင်းဖြစ်၍ စုပိုင်ချယ့် ထိုထူးဆန်းသည့်စကားများကိုကြားသောအခါ ဂရုမစိုက်တော့ပေ။


" မင်း ရှုံးယို့ကို သွားရှာလာတာ ဟုတ်တယ်မလား... မင်း အမြဲတမ်း အချိန်ကောင်းဆို နှောင့်ယှက်ပြီ..."


ထုံရှီး : " ငါ အဲဒါတွေကို မင်းဆီက သင်ထားတာလေ... ငါ လုပ်လိုက်တာက နည်းနည်းဆိုးတယ်ဆိုပေမယ့် အဲ့လိုမလုပ်ရင်လည်း အဆင်မပြေဘူး..."


စုပိုင်ချယ့်က ပြောလိုက်သည်။

" မင်း ငါ့ကိုများ ကြိုက်နေတာလား... ငါ လူပျိုရည်ပျက်တော့မယ်ဆိုရင် မင်း အမြဲတမ်း နှောင့်ယှက်တယ်... မင်းကိုများ စောင့်နေစေချင်တာလား... ငါ ပြောထားပြီးပြီနော် မင်းရဲ့ စုတ်ပျက်သတ်နေတဲ့ စနစ်(system)ကို ငါ စိတ်မဝင်စားဘူး... ငါ့ရဲ့မူရင်းကမ္ဘာ..."


သူ စကားမဆုံးမီမှာပင် ထုံရှီးက သည်းမခံနိုင်တော့၍ ဖြတ်ပြောလိုက်သည်။


" ငါ ဒီလိုလုပ်တာ နောက်ဆုံးပဲ... တကယ်လို့ မင်းငါ့ကို ရန်ထပ်စမယ်ဆိုရင် ငါတို့ ဒီညတူတူသေကြမယ်..."


စုပိုင်ချယ့်က သရော်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။


မျက်နှာဖုံးတပ်ထားသူက သူ့ကိုလှမ်းကြည့်နေသည်အား မျက်လုံးထောင့်မှ မြင်လိုက်ရပြီး ထိုမျက်ဝန်းများကို သူ အနည်းငယ် ရင်းနှီးနေမိသည်။


ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်သည်။ လူတစ်ယောက်က ထိုမျှများပြားသည့် မျက်နှာအမူအရာမျိုးစုံကို တစ်ချိန်တည်းတွင် ပြုလုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မျက်မှောင်ကြုတ်ခြင်း၊ လှောင်ပြောင်သရော်ခြင်း၊ အထင်အမြင်သေးခြင်း စသည့် ဖြစ်စဉ်စဆုံးကို သူ့ရှေ့မှလူက တစ်ယောက်တည်းပြုလုပ်သွားခြင်းဖြစ်သည်။


သူ ရူးနေတာများလား...

ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။


အခန်းထဲမှ အခြေအနေမှာမူ အိပ်ရာအောက်မှ နှစ်ယောက်၏ အခြေအနေကဲ့သို့ သဟဇာတဖြစ်မနေပေ။ ရှုံးယို့ အခန်းထဲဝင်လာချိန်တွင် အိပ်ရာခင်းများက ဖရိုဖရဲဖြစ်ကာ နန်ရှန့်၏ ပုံစံကလည်း ဖိုသီဖတ်သီဖြစ်ပြီး နှုတ်ခမ်းထောင့်များတွင်လည်း နှုတ်ခမ်းနီအချို့ ပေနေသည်။ သူ့မျက်ဝန်းများ ရုတ်ချည်း မည်းနက်သွားပြီး သူမနားသို့ တစ်လှမ်းချင်းကပ်လာသည်။


" အခန်းထဲမှာ မင်းတစ်ယောက်တည်းလား..."


နန်ရှန့်က အိပ်ရာပေါ်တွင်ထိုင်နေပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။

" ရှင် ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ..."


" ငါက မင်းနဲ့ စေ့စပ်ထားတဲ့သူလေ လာလို့မရဘူးလား..."


ရှုံးယို့က သူမနားကပ်လာပြီး မီးတောက်မတတ် မျက်ဝန်းများဖြင့် စူးစူးရဲရဲကြည့်နေသည်။


" ငါ့ကိုတောင် ဒီလိုအပြစ်ပုံချတတ်နေပြီဆိုတော့ ငါမင်းကို အရမ်းကောင်းမိတယ်ထင်တယ်... ငါ ဒီနေ့ ဒီတိုင်းလာရုံသက်သက်ပဲမဟုတ်ဘူး မင်းနဲ့ လက်ထပ်မယ့်ကိစ္စကိုပါ ပြီးပြတ်အောင်လုပ်မလို့..."


နန်ရှန့်၏ မျက်နှာလှလှလေးက ဖြူဖျော့သွားပြီး အကြောက်အကန်ရုန်းနေမိသည်။ သို့ရာတွင် သူမ သူ့ကိုမယှဉ်နိုင်သောကြောင့် တစ်ခဏတွင်းချင်း အဝတ်အစားအများစု ဆုတ်ဖြဲခံလိုက်ရသည်။


" မလုပ်နဲ့... အခု မလုပ်... ကယ်ကြပါဦး..."


အိပ်ရာပေါ်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အသံများ ကြားရသည့်အခါ ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးနားမှလူကို လှည့်ကြည့်လိုက်သည်။ ထိုလူ၏ မျက်နှာက မထီမဲ့မြင်ဖြစ်နေကာ အိပ်ရာထက်မှ အကူအညီတောင်းခံနေသည့်အသံကို လုံးဝလျစ်လျူရှု့ထားသည်။


သူ အဲ့ကောင်မလေးကို ကြိုက်နေတာ မဟုတ်ဘူးလား ဘာကိစ္စ မကူညီရတာလဲ...


ရှန်းလျိုရှန့် မျက်ခုံးအသာပင့်လိုက်ပြီး တိုးတိုးတိတ်တိတ်ဖြင့် တစ်ဖက်လူကို ခြေထောက်ဖြင့် လှမ်းကန်ရန် ပြင်လိုက်သည်။

မင်း ယောကျာ်းမဟုတ်ဘူးလား သူရဲဘောကြောင်မနေနဲ့လေ... ‌ ကူညီပေးလိုက်စမ်းပါ...


" ကြည့်ရတာ ငါတော့ ဘဝင်မြင့်တဲ့ မိန်းကလေးနောက်တစ်ယောက်ကို ကယ်လိုက်မိတဲ့ပုံပဲ..."

ထုံရှီးက သရော်လိုက်သည်။


စုပိုင်ချယ့်က အေးစက်စက်မျက်နှာဖြင့် ပြန်ပြောသည်။

" ငါ ချီလင်မြို့ကို အပျော်သဘောနဲ့လာတာမဟုတ်ဘူ... အဲ့တော့ ငါဘယ်သူဆိုတာ ထုတ်ပြလို့မဖြစ်ဘူးလေ..."


ထုံရှီး : " မင်း ငါ့အပေါ် ကရုဏာထားလိုက်တယ်လို့ ထင်နေတာ..."


အိပ်ရာထက်မှ နန်ရှန့်၏ အော်ငိုသံကို ကြားလိုက်ရသောအခါ စုပိုင်ချယ့် မျက်မှောင်ကြုတ်လိုက်မိပြီး အတွေးတစ်ခုပေါ်လာ၍ သူ့ဘေးနားမှလူထံ လက်လှမ်းလိုက်သည်။


ဒီလူ့ကို အပြင်ကန်ထုတ်ပြီး ဓားစာခံလုပ်ရမယ်...


သူလက်ဆန့်၍ ရှန်းလျိုရှန့်၏ဝတ်ရုံကို လှမ်းဆွဲလိုက်ပြီး ကန်ထုတ်ပစ်တော့မည့်အချိန်၌ မမျှော်လင့်ဘဲ သူ့တင်ပါးကို အကန်ခံလိုက်ရ၍ အိပ်ရာအောက်မှ အပြင်သို့ လွင့်ထွက်သွားသည်။


စုပိုင်ချယ့် : " ဟမ် ဘယ်လို..."


ရှန်းလျိုရှန့်၏ခြေထောက်က တစ်ဖက်လူပေါ်ကျသွားပြီး သူ အရှိန်မထိန်းနိုင်မီအချိန်မှာပင် တစ်ဖက်လူက သူ့ဝတ်ရုံစကိုလှမ်းဆွဲပြီး အိပ်ရာအပြင်ဘက်သို့ ထွက်လာအောင် လုပ်လိုက်သည်။


ရှန်းလျိုရှန့် : "..."


ဝုန်း...


အခန်းထဲတွင် ကျယ်လောင်သော ဆူညံသံကြီးထွက်ပေါ်လာပြီး စုပိုင်ချယ့်က စားပွဲထောင့်စွန်းနားအထိ အကန်ခံလိုက်ရသည်။ သူ မတုံ့ပြန်နိုင်မီအချိန်မှာပင် နောက်စေ့က စားပွဲခြေထောက်နှင့် ပြေးဆောင့်တော့သည်။


" နေဦး..."


သူ နာကျင်မှုကြောင့် သွေးများအန်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဝက်မျက်နှာဖုံးနှင့်လူက သူ့ဓားကိုထုတ်ပြီး ဝတ်ရုံစကိုဆွဲထားသည့် စုပိုင်ချယ့်၏လက်ကို ခုတ်ဖြတ်ရန်ပြင်နေသည်ကို တွေ့လိုက်ရသည်။


စုပိုင်ချယ့် ကြောက်လန့်တကြားဖြစ်သွား၍ ‌လက်ကိုအမြန်လွှတ်ပေးလိုက်သည်။


သူ၏ ရှက်စရာကောင်းသောပုံစံနှင့်ယှဉ်ပါက ရှန်းလျိုရှန့်၏အခြေအနေမှာ မဆိုးလှသော်လည်း အဝတ်အစားများ ဖရိုဖရဲဖြစ်ကာ ဆံပင်များလည်း ရှုပ်ပွကုန်၍ ဆံခြည်မျှင်အချို့က ပခုံးထက်တွင် ဖြာကျနေသည်။


အသိစိတ်ပြန်ကပ်သွားသည့်အခါမှသာ နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ အခြားတစ်ဖက်က ထိုသို့လုပ်လိမ့်မည်ဟု နှစ်ယောက်လုံး ထင်ထားကြသည့်ပုံမပေါ်ပေ။ သူတို့နှစ်ယောက်လုံး အလွန်ဒေါသထွက်ပြီး တစ်ပြိုင်နက် ပြောလိုက်သည်။


" မင်း အရမ်းလွန်တာပဲ..."


" မင်းက ခိုးကြောင်ခိုးဝှက်လုပ်နေတာပဲ..."


ထိုစကားများ ထွက်ပေါ်လာပြီးသည့်နောက်တွင် နေရာတစ်ခုလုံး ငြိမ်သက်သွားသည်။


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး မျက်နှာထက်တွင်လည်း မယုံကြည်နိုင်သည့် အမူအရာမျိုး ဖြစ်လာသည်။ ထိုအသံက ဒေါသဖြင့်ပြည့်နေသော်လည်း အလွန်နူးညံ့နေဆဲဖြစ်သည်။


အဲ့လူက စုပိုင်ချယ့်

လား...

.........



အားလုံးရဲ့အချစ်တော်လေး စုပိုင်ချယ့် ပြန်ပါလာပါပြီ🤣 နာမည်က မှားရေးထားတာမဟုတ်ဘူးနော် သူက အဲ့ကောင်မလေးကို နာမည်အရင်းမပြောပြချင်လို့ ရှေ့နောက်နေရာလွှဲပြောလိုက်တယ်ထင်တာပဲ နောက်အပိုင်းတွေမှာတော့ ဘာတွေဖြစ်နေတယ်ဆိုတာ သေချာသိရမှာပါ