အပိုင်း ၄၀
Viewers 9k



🐹 အခန်း ၄၀

ဝူယိလေးနဲ့ ဒယ်ဒီ ရေချိုးကြတယ် 



 

ညအမှောင်ထုထဲတွင် စခန်းတစ်ခုလုံးမှာ အလွန်အမင်း တိတ်ဆိတ်လျက်ရှိသည်။ ညကင်းစောင့် တာဝန်ကျသူများသည်လည်း အဖွဲ့အလိုက် စခန်း၏ တံတိုင်းများပေါ်တွင် ကင်းလှည့်နေကြသည်။


ပိုင်မေ့ အိပ်ခန်း၏ ဝရံတာတွင် အနက်ရောင် အရိပ်တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာသည်။ ထိုအရာကို မည်သူမျှ သတိပြုမိခြင်း မရှိဘဲနှင့် လေထုထဲမှ ထွက်ပေါ်လာခြင်းပင်။


သူ၏ပတ်လည်တွင် ထွင်းဖောက်မြင်ရသည့် အရံအတားတစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ မျက်လုံးများအားလုံးကို တားဆီးလိုက်သည်။ ပိုင်မေ့သည် ထိုအရံအတားထဲသို့ ဝင်သွားပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။ အနက်ရောင်ခြုံထည်နှင့်လူထံမှ လေးလံသည့် ဖိအားကို ခံစားမိပြီး စိတ်တုန်လှုပ်စွာဖြင့် ချွေးအေးများ တစ်စက်စက် စီးကျလာသည်။


“အရှင်..”


အနက်ရောင်ခြုံထည်နှင့် ဆာ့သ် သည် သူ၏အရှေ့ရှိ ချောမောသည့်လူအား ကြည့်လိုက်ပြီး အမူအရာမှာလည်း ပုံမှန်အတိုင်း မပြောင်းမလဲ ရှိနေသည်။ ဖြူဖျော့နေသည့် လက်တစ်ဖက်အား ဆန့်ထုတ်ကာ ပိုင်မေ့၏ ဦးနှောက်ထဲရှိ စွမ်းရည်အမြုတေအား ထူးထုတ်ရန် ပြင်လေသည်။


သို့သော်လည်း သူ၏ လက်ချောင်းထိပ်များနှင့် နဖူးအား မထိမိခင်မှာပင် ပိုင်မေ့၏ ကြားဖြတ်နှောင့်ယှက်ခြင်း ခံလိုက်ရသည်။


“အရှင်.. ငယ်သားက... စွမ်းရည်အမြုတေ တစ်ခုတောင် မရသေးပါဘူး..”


ပိုင်မေ့သည် နဖူးမှာ ခြေဖျားထိတိုင် ချွေးအေးများ စီးကျလျက်နှင့် အမှားဝန်ခံလိုက်သည်။ အသားကုန် ဦးညွှတ်ထားပြီး အနည်းငယ်မျှပင် မော်မကြည့်ရဲချေ။


ထိုအကြောင်းအား ကြားပြီးနောက် ဆာ့သ်၏ မျက်ခုံးများ မြင့်တက်သွားပြီး ပိုင်မေ့၏ လှပသည့် မျက်နှာကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည်။ အသိစိတ် နိုးထလာသည့် ဇွန်ဘီဘုရင်များအကြားတွင် ပိုင်မေ့၏ တတ်လွယ်မှုနှင့် ပတ်သက်၍ သူ့အနေနှင့် အတော်လေး အကောင်းမြင်စိတ် ရှိလေသည်။


သို့သော်လည်း ယခုတွင်မူ သူ၏ ထင်မြင်ချက်များအား ပြန်လည်သုံးသပ်ရတော့မည့်ပုံပင်။


ပိုင်မေ့သည် အနက်ရောင်ခြုံထည်နှင့်လူ ငြိမ်သက်နေသည်ကို ခံစားမိသဖြင့် သူ၏ သေခြင်းတရားမှာ နီးကပ်လာပြီဟု တွေးလိုက်မိသည်။ ကံတရား၏ စီရင်ချက်အား လက်ခံသည့်အနေဖြင့် မျက်လုံးများပိတ်ကာ သူ၏ ဦးခေါင်းအတွင်းရှိ ဇွန်ဘီအမြုတေနှင့် စွမ်းရည်အမြုတေအား တိုက်ရိုက်ထုတ်ယူသွားမည်ကို စောင့်ဆိုင်းနေလိုက်သည်။


သို့သော်လည်း ထိုအချိန်မှာပင် ဆာ့သ်၏ ကွမ်တမ်ဦးနှောက် ရုတ်တရက် လင်းလာသည်။ လက်မြှောက်ကြည့်လိုက်သည့်အချိန်တွင် ပေးပို့လာသည့် သတင်းကြောင့် ကျေနပ်သွားလေသည်။


ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သည့် ပိုင်မေ့အား ကြည့်လိုက်ပြီးနောက် ဆာ့သ်သည် ရုတ်တရက် လက်ချောင်းများအား ဆန့်ထုတ်ကာ ပိုင်မေ့၏ လှပသည့် မျက်နှာလေးအား မော့စေလိုက်သည်။ ကြောက်ရွံ့မှုကြောင့် မျက်တောင်လေးများ တုန်ယင်နေသည်ကို မြင်သည့်အခါ ဆာ့သ်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ ကြီးမြတ်သည့် ဂရုဏာ ပေးသနားသကဲ့သို့ ပြောလေသည်။


“အခုတော့ မင်းကို လွှတ်ပေးထားလိုက်မယ်.. ဒါပေမဲ့ နောက်တစ်ကြိမ် ငါလာတဲ့ အချိန်ကျရင် ငါ့ကို စွမ်းရည်အမြုတေတွေ ပေးနိုင်မယ်လို့ မျှော်လင့်တယ်နော်.. မင်း ငါ့ကို အကြွေးတင်နေတာ အရမ်းများပြီ..”


“ဇွန်ဘီဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို မဖြုန်းတီးစမ်းနဲ့.. မင်း အဆင့်နိမ့် ဇွန်ဘီအမြုတေတွေ အများကြီး စုပ်ယူထားတာပဲ.. ဇွန်ဘီလှိုင်းကို ထိန်းချုပ်တာနဲ့ အဆင့်နိမ့်ဇွန်ဘီတွေကို ဆင့်ကဲပြောင်းလဲတာကို မင်း ပိုပြီးတော့ ကျွမ်းကျင်နေသင့်တယ်.. ဒီလို စခန်းသေးသေးလေးမှာ မင်းစိတ်ရှိသလောက် ဇွန်ဘီလှိုင်းတွေ ဖန်တီးပစ်လိုက်လို့ရတယ်.. ပြီးတာနဲ့ ဘယ်သူမှ မသိဘဲ စွမ်းရည်အမြုတေတွေကို ရိတ်သိမ်းလိုက်ရုံပဲ..”


“အဲဒါတောင် မင်းက ဘာတွေကို တုံ့ဆိုင်းနေရတာလဲ..”


အဓိကအချက်အား ဖော်ထုတ်ခံလိုက်ရသည့်အခါ ပိုင်မေ့ ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲတွင် လွန်ဆွဲမှုနှင့် ရွှန်းစိုနေသည့် မျက်ရည်စက်များ ပြည့်လာပုံပင်။ 


အဆုံးတွင် ပိုင်မေ့သည် လက်တစ်ဖက်အား ရင်ဘတ်တွင်တင်ကာ ဆာ့သ်ကို မော့ကြည့်လိုက်သည်။ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီးနောက် ကြမ်းတမ်းအက်ရှနေသည့် အသံဖြင့် ပြောသည်။


“ငယ်သားက အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ့မယ်..”


ဆာ့သ်သည် ပိုင်မေ့၏ ကျေးဇူးတင်နေသည့် မျက်နှာအား စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။


“မင်းပြောတာကို မင်းမှတ်ထားပါ..”


“ငါဒီကို အချိန်တစ်ခုလောက်တော့ လာနိုင်မှာ မဟုတ်ဘူး.. ငါစိတ်ပျက်အောင် ထပ်မလုပ်ဘူးလို့ မျှော်လင့်တယ်..”


ထိုသို့ပြောပြီးနောက် ဆာ့သ်၏ပုံရိပ်မှာ လေထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး သူရပ်ခဲ့သည့် နေရာတွင် အစိမ်းရင့်ရောင် ဖန်ပြွန် ၃ ခုသာ ကျန်ရစ်ခဲ့သည်။


ပိုင်မေ့၏ ဒူးများ ညွှတ်ခွေကာ ကြမ်းပြင်ပေါ်တွင် မဝံ့မရဲဖြင့် ထိုင်ချလိုက်ပြီး အစိမ်းရင့်ရောင် ဖန်ပြွန်များကိုသာ ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ သူ၏စိတ်ထဲတွင် မည်သည့်အတွေးများ ရှိနေသည်ကိုမူ မသိနိုင်ချေ။


***


ပိုင်မေ့၏ ဘက်ခြမ်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို စခန်းရှိ မည်သူကမျှ သတိမပြုမိခဲ့ကြချေ။


တစ်ချိန်တည်းမှာပင်။


နျဲ့ရှောင်နှင့် ဟမ်းစတားလေးမှာလည်း အိပ်စက်ခြင်း မရှိသေးချေ။ လူတစ်ယောက်နှင့် ဟမ်းစတားတစ်ကောင်သည် နေရာလွတ်ထဲရှိ သူတို့၏ ဗီလာအား ပြုပြင်လျက်ရှိကြသည်။


ပိုက်လိုင်းနှင့် လျှပ်စီးကြောင်းများအား ပြုပြင်ပြီးသည့်အချိန်တွင် နျဲ့‌ရှောင်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ လှဲချလိုက်သည်။


ကြေးစားလောက၏ အမှောင်ဇယားတွင် နံပါတ် ၁ ဖြစ်သူသည် တစ်နေ့တွင် စက်ပြင်ဆရာ၊ ပိုက်ပြင်ဆရာနှင့် လျှပ်စစ်ကျွမ်းကျင်သူအဖြစ်သို့ အဆင့်လျှော့ချခံရလိမ့်မည်ဟု နျဲ့ရှောင် မျှော်လင့်မထားခဲ့ဖူးချေ။


“ဒါနဲ့ ဒယ်ဒီရေ.. ပေါင်ပေါင်းတို့ အိပ်ခန်းတံခါးက အခုထိ မပြင်ရသေးဘူးနော်..”


ရှောင်ဝူယိသည် ရှဲ့ကျွင်းတို့၏ ဖျက်ဆီးခြင်းကို ခံထားရသည့် အိပ်ခန်းတံခါးအားကြည့်ကာ အနည်းငယ် ဝမ်းနည်းလာမိသည်။


နျဲ့ရှောင်သည်လည်း ထိုအကြောင်းအား မေ့လျော့နေခဲ့ခြင်းပင်။ သို့သော်လည်း ယခုအချိန်တွင်မူ သူ့အနေဖြင့် လေထုထဲမှ တံခါးတစ်ချက် ထုတ်ယူနိုင်စွမ်း မရှိချေ။ 


“မနက်ဖြန် မနက်ခင်းအထိ စောင့်ပါဦး.. ဒယ်ဒီတို့ လျှိုတာ့ရှန်ကို သစ်သားတံခါးတစ်ခု လုပ်ပေးနိုင်မလားလို့ မေးလိုက်မယ်လေ.. ပြီးရင် အသစ်တပ်ကြတာပေါ့..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ စကားကို ကြားသည့်အခါ လက်သင့်ခံလိုက်သည်။ ထို့နောက် သူ၏အာရုံမှာ အိပ်ခန်းနှင့် တစ်ပါတည်း ချိတ်ဆက်ထားသည့် ရေချိုးခန်းသို့ ပြောင်းသွားလေသည်။ ရွှင်လန်းတက်ကြွစွာဖြင့် ပြေးဝင်သွားပြီးနောက် ရေချိုးကန်၏ ဘုံပိုင်အား ဖွင့်လိုက်သည်။


“ဝါးးး ဒယ်ဒီရေ.. တကယ်ကြီး ရေကျလာတယ်..”


ကောင်ငယ်လေး၏ အံ့အားတကြီး အော်ဟစ်သံကို ကြားသည့်အခါ နျဲ့ရှောင်၏ နှုတ်ခမ်းများ မြင့်တက်လာသည်။ မြေပြင်ပေါ်တွင် ထိုင်နေရာမှ ရေချိုးခန်းဆီသို့ လမ်းလျှောက်သွားလေသည်။


သူ၏ ပေါင်ပေါင်း ပျော်နေသည့်အတွက် သူ၏ အားထုတ်မှုမှ အလဟဿ မဖြစ်တော့ချေ။


ဗီလာထဲရှိ ရေမှာ နေရာလွတ်အတွင်းရှိ စမ်းချောင်းဆီမှ ယူထားခြင်းပင်။ ထို့အပြင် နေရာလွတ်ထဲတွင် ညအချိန် မရှိသည့်အတွက် ခေါင်မိုးပေါ်ရှိ ရေတိုင်ကီထဲမှ ရေများမှာ နေရှိန်ကြောင့် ပူနေဆဲဖြစ်သည်။


ရေအေးနှင့် ရေပူ နှစ်မျိုးလုံး ရရှိနိုင်သည်။ လျှပ်စစ်မီးအတွက် လူသားမီးစက်ဖြစ်သည့် နျဲ့ရှောင် ရှိနေသည့်အတွက် စိုးရိမ်ဖို့ရန် မလိုချေ။


အချုပ်ဆိုရသော် ယခုအခါတွင် ဗီလာအတွင်းရှိ နေ့စဉ်ဘဝနှင့် ပတ်သက်၍ မည်သည့်ပြဿနာ တစ်စုံတစ်ရာမျှ မရှိတော့ချေ။


နျဲ့ရှောင်သည်လည်း ထွက်ပေါ်လာသည့် ရလဒ်အားကြည့်ကာ အတော်လေး ကျေနပ်နေမိသည်။ ရေချိုးခန်းထဲသို့ ဝင်လာချိန်တွင် ကောင်ငယ်လေးသည် ရေချိုးကန်ထဲသို့ ရေအေးနှင့် ရေပူ ရောစပ်ကာ ဖြည့်ပြီးနောက် သူ၏ လက်ကလေးဖြင့် အပူချိန် စစ်ဆေးကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။


“ရေချိုးချင်လို့လား ပေါင်ပေါင်း..”


ရှောင်ဝူယိ ခေါင်းယမ်းလိုက်ပြီးနော်က နျဲ့ရှောင်အား နှစ်လိုဖွယ်ကောင်းစွာ ကြည့်လိုက်သည်။


“ဒယ်ဒီ ရေချိုးဖို့ပါ.. ဒယ်ဒီက အိမ်ပြင်ဖို့ အများကြီး ကြိုးစားခဲ့ရလို့..”


နျဲ့ရှောင်သည် ရုတ်တရက် ဖခင်အိုကြီး တစ်ဦးကဲ့သို့ စိတ်သက်သာရာ ရမှုအား ခံစားမိလိုက်သည်။ ‘ငါ့မိသားစုရဲ့ ကလေးလေးက ကြီးပြင်လာပြီပဲ..’


“ချုံပေါင်က သိတတ်လာပြီပဲကွ..”


နျဲ့ရှောင်အတွက် ချိုးရေပြင်ပေးပြီးနောက်တွင် ရှောင်ဝူယိ မတ်တတ်ရပ်ကာ ရေချိုးခန်းအပြင်သို့ ထွက်သွားသည်။ 


“ဒယ်ဒီ ရေချိုးပါ.. ပေါင်ပေါင်း အဝတ်တွေ ထုတ်ပေးထားမယ်နော်..”


နျဲ့ရှောင်သည် တံခါးပိတ်ကာ ထွက်သွားသည့် ကောင်ငယ်လေး၏ နောက်ကျောပြင်အား ကြည့်လိုက်သည်။ စိတ်လက်ပေါ့ပါးစွာဖြင့် အဝတ်ချွတ်ကာ ရေချိုးကန်ထဲ ဝင်စိမ်လိုက်သည်။ များမကြာမီတွင် တံခါးအပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံအား ကြားလိုက်ရသည်။


“အဝတ်တွေကို အပြင်မှာပဲ ထားလိုက်နော် ပေါင်ပေါင်း..”


“ဟုတ်..” ♡⸜(˶˃ ᵕ ˂˶)⸝♡


ပျော်ရွှင်တက်ကြွသည့် ဖြေဆိုသံလေးအား ကြားလိုက်ပြီးနောက် နျဲ့ရှောင် မျက်လုံးများ မှိတ်လိုက်ပြီး ဦးခေါင်းမှ ခြေဖျားထိတိုင် လျှော့ချလိုက်ပြီး ရှားပါးလှသည့် ရေချိုးချိန်အား ခံစားနေလေသည်။ သို့သော်လည်း ထိုအချိန်မှာပင် ရေချိုးခန်းတံခါး ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။


ကောင်ငယ်လေးသည် တံခါးဝ၌ အဝတ်ဗလာဖြင့် ရပ်နေလေသည်။ ထို့နောက် အလွန်လျှင်မြန်စွာဖြင့် ရေချိုးကန်အတွင်းသို့ ခုန်ဆင်းလာသည်ကြောင့် နျဲ့ရှောင် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မျက်နှာပေါ်သို့ ရေနွေးနွေးများ စင်လာလေသည်။


“ပေါင်ပေါင်းက ဒယ်ဒီနဲ့တူတူ ရေချိုးမှာ..” ٩(^ᗜ^ )و ´-


နျဲ့ရှောင် : “…”


စက္ကန့်ဝက်အတွင်းမှာပင် နျဲ့ရှောင်၏ မျက်နှာတစ်ခုလုံးနှင့် လည်ပင်းအထိ နီရဲလာသည်။ စင်ပေါ်ရှိ ရေချိုးတဘက်ကြီးအား ချက်ချင်းဆွဲယူပြီး ကောင်ငယ်လေး၏ ခန္ဓာကိုယ်အား ထုပ်ပိုးလိုက်သည်။


သို့သော်လည်း ရေထဲသို့ ခုန်ဆင်းလာသည့် ရှောင်ဝူယိမှာ ငါးကလေးတစ်ကောင်လိုပင်။ နှစ်ကြိမ်မျှ ရုန်းလိုက်ပြီးသည်နှင့် ရေချိုးတဘက်မှ လွတ်သွားပြန်သည်။


“ဒယ်ဒီက ပေါင်ပေါင်းကို တဘက်နဲ့ သုတ်ပေးချင်လို့လား..”


ရှောင်ဝူယိသည် ရေစိုနေသည့် ရေချိုးတဘက်အားယူကာ နျဲ့ရှောင်အား မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ၏ ချောမွေ့သည့် လက်မောင်းလေးအား ဆန့်ထုတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြောလေသည်။


“ရော့.. ဒယ်ဒီက ပေါင်ပေါင်းကို သုတ်ပေးပါ.. ပေါင်ပေါင်းလည်း ဒယ်ဒီ့ကို ပြန်သုတ်ပေးမယ်.. ဟေ့ဟေ့..”


နျဲ့ရှောင်သည် မျက်စိရှေ့ရှိ ဖြူဖွေးတောက်ပနေသည့် အသားရေကြောင့် မျက်နှာပေါ်ရှိ ရေစက်များအား လက်ဖြင့်သုတ်လိုက်မိသည်။ ထို့နောက် ကောင်ငယ်လေးအား ထုပ်ပိုးရန် အသုံးပြုခဲ့သည့် ရေချိုးတဘတ်အားယူကာ သူ၏ ဖြူစင်မှုအား ဆက်လက်တည်ရှိစေရန် ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်လိုက်သည်။


“အာ.. ဒယ်ဒီက ရှက်နေတာလား.. ဒါပေမဲ့ ပေါင်ပေါင်းက အရင်ကတည်းက အားလုံးကို မြင်ဖူးထားတယ်လေ.. ဒါနဲ့ ဒယ်ဒီက ဘာဖြစ်လို့ ပေါင်ပေါင်းထက် အများကြီး ပိုကြီးနေရတာလဲဟင်..”


ရှောင်ဝူယိသည် စူးစူးစမ်းစမ်းဖြင့် ရေချိုးတဘက်နှင့် ဖုံးကွယ်ထားခြင်းခံရသော ဖွင့်ပြောဖို့ရန် မသင့်သည့် အစိတ်အပိုင်းအား ငုံ့ကြည့်ပြီးနောက် သူ၏ ကိုယ်ပိုင်အရာအား ကြည့်လိုက်သည်။


နျဲ့ရှောင် မျက်လုံးများအားဖုံးကာ ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။


မိုးကောင်းကင်ကြီးရေ.. ငါ့ရဲ့ပေါင်ပေါင်းက အဲဒီ ညစ်ညမ်းတဲ့ စကားတွေကို ဘယ်လိုဖြစ်ပြီးတော့များ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ အမြဲတမ်း ပြောနိုင်ရတာလဲဗျာ..


ရေမချိုးချင်တော့ဘူး.. ထွက်ချင်တယ်လို့..


အဖေတစ်ယောက်ဖြစ်ဖို့ မတတ်နိုင်တော့ဘူး..


……


နောက်ဆုံးတွင် ရေချိုးခြင်းအမှု ပြီးစီးသွားပြီး..။


နျဲ့ရှောင်မှာ မောပန်းနွမ်းနယ်သလို ခံစားရသည်။


ဟမ်းစတားလေးမှာ လန်းဆန်းသွားသည်။


နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်ဝူယိသည် လန်းဆန်းသည့် မျက်နှာလေးနှင့် အောက်ထပ်ရှိ အခန်းထဲသို့ ပြေးဝင်ကာ လျှိုတာ့ရှန်နှင့် ရှဲ့ကျွင်းအား ရှာဖွေလေသည်။


အခြားသူများသည် မောပန်းနွမ်းနယ်စွာဖြင့် အခန်းထဲမှ ထွက်လာသော နျဲ့ရှောင်အား ကြည့်ကာ စဉ်းစားမရနိုင်ဘဲ ဖြစ်သွားကြသည်။


ကျန်းချိုးသည် နျဲ့ရှောင်အား စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် မှန်းဆချက်တစ်ခု ထွက်ပေါ်လာသည်။ ပြေးလွှားနေသည့် လူငယ်လေးအား ကြည့်လိုက်ပြီးနောက် ခက်ခက်ခဲခဲဖြင့် တံတွေးမျိုချမိလိုက်သည်။


ဟမ်းစတားရှောင်ဘော့စ်ကတော့ အရမ်းကို စွမ်းအားကြီးပြီး လွှမ်းမိုးနိုင်တာပဲ..


ဆန့်ကျင်ဘက်အနေနှင့် နင်ဖုန်းသည် ဤမနက်တွင် နျဲ့ရှောင်နှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ သတိထားမိခြင်း မရှိဘဲ စိတ်လှုပ်ရှားစွာဖြင့် သတင်းကောင်း ကြေညာလိုက်သည်။


“ဟားဟားဟား.. မနေ့ညတုန်းကပဲ ဒီသခင်လေးရဲ့ စွမ်းရည်က နိုးထသွားပြီကွ..”


ထိုသို့ပြောပြီးနောက် နင်ဖုန်းသည် သူ့ကိုယ်သူ တဟုန်းဟုန်း တောက်လောင်နေသည့် မီးဘောလုံးလေးအသွင်သို့ ပြောင်းလဲလိုက်သည်။ ထိုအဖြစ်အပျက်အား ကြည့်နေသူ ရှောင်ယန်သည် မျက်ခုံးပင့်ကာ တည်ငြိမ်တိတ်ဆိတ်စွာဖြင့် သူမကိုယ်သူမ နှင်းခဲအဖြစ် ပြောင်းလဲလိုက်သည်။


“ငါလည်း နိုးထပြီးပြီ.. ပြောပြဖို့ မေ့နေတာ..”


ရှောက်ယန် ရှက်ပြုံး ပြုံးလိုက်သည်။


နင်ဖုန်းသည် သူ၏မီးစွမ်းအင် ဆုတ်ယုတ်လာသည်ကို ခံစားမိသဖြင့် မူလပုံစံသို့ ပြန်ပြောင်းလိုက်သည်။ ခေါင်းလှည့်ကာ ရှောင်ယန်ကို ကြည့်လိုက်ပြီး မျက်ရည်မကျဘဲ ငိုကြွေးလေသည်။


“အူးဟူးဟူးး ဘာလို့ ယန်ကျဲရဲ့ စွမ်းရည်က ကျွန်တော့်ကို အနိုင်ကျင့်နေတာလဲလို့.. အသက်တောင် မရှင်ချင်တော့ဘူး..”


သွမ့်ဝမ်ယွီသည် သဘောတကျဖြင့် ဆယ်ကျော်သက်လေး၏ ဦးခေါင်းအား ပွတ်လိုက်သည်။


ထိုအချိန်မှာပင် ရှောင်ဝူယိသည် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့၏ အခန်းထဲမှ ပြေးထွက်လာပြီး မသိနားမလည်သည့် မျက်နှာလေးနှင့် မေးလေသည်။


“ရှောင်ကျွင်းကျွင်းနဲ့ တာ့ရှန်ရှန် မရှိတော့ဘူး.. သူတို့ကို မြင်မိကြသေးလားဟင်..”


“ဒီမနက်တော့ သူတို့ထွက်လာတာ မတွေ့မိသေးဘူး..”


“အဲဒါဆို ဘယ်သွားကြတာတုန်း..”


လူတိုင်း သံသယအပြည့်ဖြင့် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့၏ အခန်းတွင်းသို့ ဝင်လာကြသည်။ အခန်းထဲတွင် မည်သူမျှ ရှိမနေဘဲ ကုတင်ပေါ်တွင် ပုဆိန်တစ်ခုနှင့် *အရိုးရှည်တပ် တူကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။ 


“ဒါကတော့ နည်းနည်းထူးဆန်းနေတယ်.. သူတို့နှစ်ယောက်က သူတို့ရဲ့ လက်နက်တွေကို မယူဘဲနဲ့ ဘယ်တော့မှ အပြင်ထွက်မသွားတတ်ဘူး.. အဲဒီတော့ ဘယ်ကိုများ သွားကြတာပါလိမ့်..”


ဝူဝမ်ယွီမှာ ကြောင်အလျက်ရှိနေသည်။


လူတိုင်းသည်လည်း နားမလည်နိုင်ကြချေ။ ထိုလူနှစ်ယောက်၏ သဲလွန်စများကို အခန်းအတွင်း ရှာဖွေနေကြသည့် ဆူညံသံများမှာ အိပ်ယာပေါ်ရှိ လက်နက်နှစ်ခုအား နှိုးလိုက်သလို ဖြစ်သွားပုံပင်။


အခန်းထဲ၌ ယခုလေးတွင် နိုးထလာပုံရသည့် ရှဲ့ကျွင်း၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။


“မင်းတို့က ဒီလောက်မနက်အစောကြီး ဘာတွေရှာနေကြတာတုန်း.. တံခါးလည်း မခေါက်ဘဲ ဝင်လာကြသေးတယ်..”


လူတိုင်း ဘယ်ညာကြည့်လိုက်ကြပြီး အဆုံးတွင် အိပ်ယာပေါ်ရှိ အရိုးရှည်တပ်တူကြီးထံသို့ အကြည့်ရောက်သွားကြသည်။


“အားးးးးးးး တူကြီးက စကားပြောနေတယ်..”


လူအုပ်ကြီး အော်ဟစ်လိုက်ကြသည်။


ရှောင်ဝူယိသည်လည်း သူ၏ မျက်နှာလေးအားအုပ်ကာ တူကြီးအား အံ့ဩတကြီး ကြည့်လိုက်သည်။


“ဒယ်ဒီရေ.. ဒီတူကလည်း ပေါင်ပေါင်းလိုမျိုး နတ်သားလေး..”


ရှဲ့ကျွင်းသည် ယခုအခါမှသာ သူ၏ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်ပြီး ‘ဖာ့ခ်’ ဟု အကြိမ်ပေါင်းများစွာ ပြောလိုက်ပြီးနောက် “နားလည်ရခက်လှစွာ တုန်ယင်နေသည့် တူ” အဖြစ်မှ လူသားအသွင်သို့ ပြောင်းလဲလိုက်လေသည်။


ရှဲ့ကျွင်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းရည်အမြုတေ၏ ပြောင်းလဲမှုအား ခံစားမိလိုက်ပြီး သူ၏ဦးခေါင်းအား ကိုင်ကာ ကြက်သေသေနေလေသည်။


“ဒီနိုးထခြင်းက စောက်ရူးလိုပဲ.. ငါကိုယ်တိုင်က တူ ဘဝ ရောက်သွားတော့ ဘယ်လိုလုပ်ပြီး တူကို သုံးရတော့မလဲကွ.. ဂါးး”


ရှဲ့ကျွင်း၏ စကားအား ကြားပြီးနောက် လူတိုင်းသည်လည်း ပြဿနာအား နားလည်သွားပြီး ညှာတာမှုမရှိဘဲ ရယ်မောကြလေသည်။


ထိုအချိန်တွင် လျှိုတာ့ရှန်သည်လည်း အတော်လေး အံ့အားသင့်နေမိသည်။ အိပ်ရာမှ နိုးလာချိန်တွင် စွမ်းရည်နိုးထလာပြီး ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲနေလိမ့်မည်ဟု မတွေးခဲ့ဖူးချေ။


ထိုအဖြစ်အပျက်အား ကြည့်နေရင်း နျဲ့ရှောင်သည် ရှောင်မော့ယဲ့၏ ဓားမြှောင်အကြောင်း ရုတ်တရက် အမှတ်ရမိလိုက်သည်။ သူ၏ဘေးရှိ ဝူဝမ်ချီသည်လည်း ထိုအကြောင်းအား စဉ်းစားမိပုံရပြီး ချက်ချင်းပင် ကြိုးစားကြည့်ရန် စိတ်အားထက်သန်လာသည်။


“တာ့ရှန်.. ရှဲ့ကျွင်း.. မင်းတို့ နှစ်ယောက်လုံး ပြန်ပြောင်းလိုက်..”


ဝူဝမ်ချီ၏ စကားအား ကြားသည့်အခါ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း အရိုးရှည်တပ်တူနှင့် ပုဆိန်သဏ္ဍာန်သို့ ပြောင်းလဲလိုက်ကြသည်။


ဝူဝမ်ချီ ဦးစွာလှုပ်ရှားမှုပြုကာ အရှေ့တက်လိုက်သည်။ မမျှော်လင့်ဘဲ ပုဆိန်ကြီးအား လွယ်ကူစွာ ကောက်ယူလိုက်နိုင်သည်။ ဝူဝမ်ချီကိုယ်တိုင်ပင်လျှင် အံ့အားသင့်နေမိသည်။


“ဝါးးး ငါတကယ်ကြီး မ,လိုက်နိုင်တယ်..”


ဝူဝမ်ချီသည် ပုဆိန်ကြီးအား နှစ်ကြိမ်ခန့် လွှဲယမ်းလိုက်ပြီးနောက် ကိုင်ဆောင်ရ ပေါ့ပါးလွယ်ကူသည်ဟု ခံစားမိလေသည်။


“တာ့ရှန်ရေ.. အခုကစပြီး မင်းကို သုံးဖို့အတွက် ငါ့ကို ခွင့်ပြုချက်ပေးလိုက်တော့..”


လျှိုတာ့ရှန်မှာ ချာချာလည် မူးဝေနေပြီး အစာခြေရည်များ အန်ထွက်လုနီးနီးပင်။


“ငြင်းလို့ရမလား..”


ရှဲ့ကျွင်းမှာမူ သူ၏ သံကိုယ်ထည်အား အငမ်းမရ ကိုင်တွယ်လျက်ရှိကြသည့် လူများကြောင့် တူခန္ဓာကိုယ် တစ်ခုလုံး ထိန်းချုပ်မရနိုင်ဘဲ တုန်ယင်လာသည်။


“မင်းတို့ကောင်တွေ အသာလုပ်ပါဟ..”


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်၏ အသုံးဝင်မှုအား သိရှိသွားကြသူများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်ကာ ကြိုးစားကြည့်ကြသည်။ သို့သော်လည်း ပုဆိန်ကြီးအား မ,လိုက်နိုင်သည့် ဝူဝမ်ချီမှအပ မည်သူကမျှ ထိုလက်နက်နှစ်မျိုးအား မ,မနိုင်ကြချေ။


ရှဲ့ကျွင်း စိတ်သက်သာသာ ရစွာဖြင့် အသက်ရှူလိုက်ချိန်မှာပင် လှုပ်ရှားမှုမရှိဘဲ နေခဲ့သည့် နျဲ့ရှောင် ရှေ့ထွက်လာပြီး အားစိုက်ထုတ်မှု အနည်းငယ်မျှ မရှိဘဲနှင့် အရိုးရှည်တပ်တူကြီးအား ကောက်မလိုက်သည်။


ခန္ဓာကိုယ်ထဲ လေပွေနှင့် လျှပ်စီးကြောင်းများ ရောမွှေသည်ကို ခံစားလိုက်ရသူ ရှဲ့ကျွင်း : “...”


ပြီးသွားပြီ.. ငါတော့ အအေးပတ်တော့မယ်..

 


🐹🐹🐹🐹🐹


စာရေးသူမှာ ပြောစရာရှိပါတယ်။


【ပြဇာတ်ရုံ - ၁】


ဟမ်းစတားလေး : ပေါင်ပေါင်းရဲ့ နေရာလွတ်ထဲမှာဆိုရင် ဒယ်ဒီ လည်ချောင်းကွဲအောင် အော်လည်း ဘယ်သူကမှ ကယ်နိုင်မှာ မဟုတ်ပါဘူးကွယ်.. လာလာလာလာ~


နျဲ့ရှောင် : “…”


【ပြဇာတ်ရုံ - ၂】


နျဲ့ရှောင် : ငါ အဖေတစ်ယောက် မလုပ်နိုင်တော့ဘူး..


ဟွား – စာရေးသူမေမေ – ရှီ : အဲဒါဆိုလည်း ခင်ပွန်းသည်ဖြစ်လာအောင် စီစဉ်ပေးလိုက်ရမလား..


လက်ကလေးမြှောက်လာသည့် ဟမ်းစတားလေး : ပေါင်ပေါင်း လိုချင်ပါတယ်..


*ရှဲ့ကျွင်းရဲ့ အရိုးရှည်တပ်တူက အနီးစပ်ဆုံး မြင်သာအောင် ပြောရမယ်ဆိုရင် Mjolnir ကွဲသွားတော့ Thor ရဲ့ တူအသစ်လေ.. အဲဒီပုံမျိုးပဲ.. အရိုးရှည်တပ် တူ လို့ ရေးရတာ မလှလို့ တူကြီး လို့ပဲ အရင်က ဖော်ပြခဲ့တာ.. နောက်ဆိုရင် နှစ်မျိုးကို အဆင်ပြေအောင် လှည့်သုံးပါမယ်..