Chaprer 107 : တာဝန်ပြီးဆုံးခြင်း
သူမ၏ ရှေ့တွင် ကောင်းရှင်းလုပ်ခဲ့သမျှ တစ်ခုချင်းစီကို ဟွားဇယ်က ထုတ်ဖော်ပြောကြားနေရာ ချောင်ဟုန်ယဲ့၏ နှလုံးသားမှာ ထုံအ၍ ရှပ်ထွေးလာ၏။ သူ့ကို ပါးစပ်ပိတ်အောင် ဘာလုပ်နိုင်မလဲဟုသာ တွေးနေမိတော့သည်။
ကောင်းရှင်းသည် အထက်ပါအကြောင်းအရာများအား အခြားသူများအား ဘယ်တော့မှ ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူပြောခဲ့ပါကလည်း မည်သူကမှ သူ့အား ယုံကြည်မည် မဟုတ်။ သို့သော် ဤလူများကတော့ ထုတ်ပြောမည်လား၊ မပြောဘူးလား ဆိုသည်ကို မည်သူမှ မသေချာ။ အကယ်၍ ကောလဟာလ အနည်းငယ်သာ ပျံ့နှံ့သွားပါက သူမ၏ ဘဝသည် ကျင်းယွင်ကျောင်းထက်ပင် ပို၍ ခါးသီးသွားမည်က အသေအချာပင်။
"ရှင် ဘာလိုချင်တာလဲ"
ချောင်ဟုန်ယဲ့သည် ယခုအချိန်၌ အလွန် လိုက်လိုက်လျောလျောရှိနေပြီး အင်မတန် နာခံတတ်သည့်အလားပင်။
ဟွားဇယ်က သူမ၏ မျက်နှာကို ဖျစ်ညှစ်လိုက်သော်လည်း သူသည် သိပ်စိတ်မဝင်စားပေ။
ဤမိန်းကလေးသည် ရည်မှန်းချက်ကြီးလွန်းပြီး သူမ၏ ရုပ်ရည်သွင်ပြင်က ဖော်ပြနေသော သူမ၏ အကြောင်းနှင့် လုံးဝမတူပေ။ (ရုပ်လေးနဲ့စိတ်နဲ့ တခြားစီလို့ ပြောတာပါ။) သူ၏ အကြိုက်သည် ထိုကဲ့သို့ သန်မာသောသူ မဟုတ်။
"ငါ့ရဲ့နောက်လိုက်ညီအစ်ကိုတို့၊ မင်းတို့ လုပ်ရမှာကို သိတယ်ဟုတ်"
အလုပ်ရှင်က ဓါတ်ပုံများနှင့်ပင် လုံလောက်သည်ဟု ရိုးရိုးရှင်းရှင်း တောင်းဆိုထားသည်။
ထို့နောက် ခဏအတွင်းမှာပင် သူမဘေးရှိလူများက ရှေ့သို့ တိုးလာကြပြီး သူမအား ထွက်မပြေးနိုင်စေရန် ချက်ချင်း ဝန်းရံလိုက်ကြသည်ကို မြင်လိုက်ရ၏။ သူတို့ထဲမှ တစ်ယောက်က ချောင်ဟုန်ယဲ့ဆီသို့ ချဥ်းကပ်လာပြီး သူမ၏ မေးစေ့ကို ဆွဲကာ နမ်းရန် ကြံလိုက်ဟန်ဖြင့် လျှာကို ထုတ်လိုက်သည်။
'ချပ်' ခနဲ မြည်သံထွက်ပေါ်လာပြီး ဟွားဇယ်က ဓါတ်ပုံတစ်ပုံ ရိုက်လိုက်၏။
သူက လေချွန်လိုက်သည်။ ကင်မရာရှုထောင့်နှင့် အဓိပ္ပါယ်နှစ်ခွထွက်နေခြင်းက မှန်ကန်၏။
"ဆက်လုပ်"
ဟွားဇယ်က သူ၏ ဖုန်းကင်မရာအား ချိန်ထားရင်း ရွှတ်နောက်နောက် ပြုံးနေသည်။ သို့ရာတွင် ချောင်ဟုန်ယဲ့၏ မျက်လုံးထဲ၌မူ သူသည် မကောင်းဆိုးဝါးနှင့် တူလှ၏။
ထိုအချိန်၌ သူမသည် အချိန်မီ မခုခံနိုင်တော့ပေ။ သို့သော် သနားစရာကောင်းသည်မှာ အခြားတစ်ယောက်ကလည်း သူမ၏ ပါးစပ်ကို ခပ်မြန်မြန် ပိတ်လိုက်သဖြင့် သူမသည် လုံးဝ မရုန်းကန်နိုင်ပေ။ တစ်ဖက်လူက လက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူမ၏ ဂျာကင်အင်္ကျီကို အားသုံး၍ ဖြဲလိုက်ရာ ဖြူဝင်းသော ပခုံးသားများ ပေါ်ထွက်လာ၏။ ထိုလမ်းသရဲသည် သူကိုယ်တိုင်ပင် သူမ၏ ကုပ်ပိုးကို ဖိထားလိုက်ရာ ဟွားဇယ်က အခွင့်ကောင်းယူ၍ ဓါတ်ပုံများစွာ မရပ်မနားရိုက်ယူလိုက်သည်။
ထိုတလျှောက်လုံး ချောင်ဟုန်ယဲ့၏ နှလုံးသားမှာ အောက်သို့ ပြုတ်ကျနေတော့၏။
ဤကင်မရာရှုထောင့်များသည် ကြည့်သူများအား အထင်လွဲစေနိုင်ကြောင်း သူမ သိသည်။ အကယ်၍ ဤဓါတ်ပုံများသာ ပြန့်သွားလျှင် သူမသည် မြစ်ဝါမြစ်ထဲ ခုန်ချလျှင်တောင်မှ သန့်စင်တော့မည် မဟုတ်ပေ။
သနားဖို့ကောင်းသည်မှာ ကျင်းယွင်ကျောင်းက ယွမ်ငါးသောင်း သုံးထားသည်ဖြစ်၍ ဟွားဇယ်က သူ၏ လုပ်ငန်းကျင့်ဝတ်ကို လိုက်နာခဲ့သည်။ အလိုအလျောက်ပင် သူသည် အလုပ်ကို စိတ်ပါလက်ပါ လုပ်ကိုင်ပေး၍ ရိုးရှင်းသော ဓါတ်ပုံအချို့ရိုက်ပေးခဲ့၏။
ချောင်ဟုန်ယဲ့သည် ယောက်ျားများစွာ၏ လက်များအောက်မှ မရုန်းကန်နိုင်သေးချေ။ ထို့အပြင် တစ်ဖက်လူမှာ အရွယ်ရောက်ပြီးသားသူတစ်ယောက်ဖြစ်၍ အထင်အမြင်လွဲမှားမှုကို ဖြစ်စေနိုင်သော လုပ်ရပ်များနှင့်ပတ်သတ်၍ ဗဟုသုတပိုများ၏။ ထို့ကြောင့် အမှန်တကယ် ဖြစ်ပျက်နေသည်ဟု ထင်ရသော ဓါတ်ပုံများစွာ ရရှိလာသည်။ ချောင်ဟုန်ယဲ့၏ အမူအယာက ပူးပေါင်းမှုမရှိသည့်အချိန်တိုင်း တစ်ဖက်လူက သူမအား ဆွဲညှစ်ပစ်လိုက်၍ သူမအား အလိုလို နာကျင်သွားသည့် အမူအယာမျိုး ဖြစ်စေကာ ၎င်းက လူအများ၏ စိတ်ကူးများအား အရိုင်းဆန်သွားစေ၏။
သူတို့ ချောင်ဟုန်ယဲ့အား အနိုင်ကျင့်ပြီးသောအခါ အချိန်တစ်နာရီ၊ နှစ်နာရီခန့် ကြာသွားပြီဖြစ်သည်။ ချောင်ဟုန်ယဲ့သည် ထုံထုံထိုင်းထိုင်းသာ ခံစားနေရပြီး သူမအား ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းသွားသည့်အလား ခံစားချက်မျိုးပင်။
ဟွားဇယ်နှင့် ကျန်လူများသည် ကျေနပ်အားရစွာဖြင့် ထွက်ခွာကြသည်။ သို့သော် သူတို့ထွက်မသွားမီတွင် သူမအား အထက်အောက် လှန်လျော၍ ရှာဖွေသွားကြပြီး သူမ၌ ပါလာသမျှ ငွေသားအားလုံး ယူဆောင်သွားကြ၏။
ချောင်ဟုန်ယဲ့၏ စိတ်သည် စတင်၍ ပြိုလဲသွားပြီ၊ ယနေ့ အဘယ်ကြောင့် ဤကဲ့သို့ ပြောင်းလဲဖြစ်ပျက်သွားရသည်အား ရှုပ်ထွေးနေသည်။
သို့သော် သူမ, မသိလိုက်သည်မှာ သူမ တည်းခိုခန်းမှ ထွက်သွားကတည်းက လိုက်နေကြသော ဟွားဇယ်နှင့် ကျန်သည့် အပေါင်းအပါများက သူတို့ရိုက်သွားခဲ့သည့် ဓါတ်ပုံများတွင် အခြားဓါတ်ပုံတစ်ပုံကိုပါ ဖြည့်လိုက်သည် ဆိုသည်ကိုပင်။ တည်းခိုခန်း၏ အမည်က အထက်တွင် ရှင်းရှင်းလင်းလင်းပြသထားပြီး လုံးဝတိုက်ဆိုင်စွာပင် သူမက တစ်စုံတစ်ယောက်နှင့် ဘေးချင်းကပ် လမ်းလျှောက်နေသည့်ပုံပင်။ သူတို့ ခေတ္တတွေ့ဆုံနေသည့် ဓါတ်ပုံတစ်ပုံကိုလည်း ရိုက်ယူနိုင်ခဲ့သည်။
"ငါတို့ အလုပ်ပြီးသွားပြီ။ ဒီနေ့ရဲ့တာဝန်က အခု ပြီးပြီ"
ဟွားဇယ်က စီးကရက်တစ်လိပ်ကို နှုတ်ခမ်းကြားညှပ်လိုက်ပြီးနောက် အရိုင်းဆန်စွာ ပြုံးလိုက်သည်။
ထို့နောက် ထိုဓါတ်ပုံများအား ကျင်းယွင်ကျောင်း၏ ဖုန်းထဲသို့ ခပ်မြန်မြန် ပို့ပေးလိုက်၏။ ဟွားဇယ်၏ လက်ရာများကို ကြည့်ရင်း ကျင်းယွင်ကျောင်းသည်ပင် သူ၏ ကျွမ်းကျင်မှုအား မလေးစားပဲ မနေနိုင်ချေ။
"မင်း ကျေနပ်ရဲ့လား"
ဖုန်းမှတဆင့် ဆက်သွယ်နေခြင်းဖြစ်သော်လည်း ဟွားဇယ်၏ လေသံက ပုံမှန်အတိုင်း အနည်းငယ် ကရော်ကမယ်ဖြစ်နေဆဲပင်။
ကျင်းယွင်ကျောင်းက သူမ၏ အသံကို သြလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျုပ် ခင်ဗျားကို ဒီပုံတွေကို ကျုပ်အစီအစဥ်ဆွဲထားတဲ့လူတွေဆီကို ပို့စေချင်တယ်။ သူတို့ ဒါတွေကို မတော်တဆ မြင်သွားသလိုမျိုးဖြစ်အောင် သေချာလုပ်ပေးရမယ်"
"ပြဿနာရှိလို့လား"
ကျင်းယွင်ကျောင်း ဆက်ပြောသည်အား မကြားရသေးမီ ဟွားဇယ်က မျက်မှောင်ကြုတ်လိုက်၏။
"ကျုပ် ညွှန်ကြားတဲ့အတိုင်း ခင်ဗျားလုပ်ပြီးတာနဲ့ ခင်ဗျားကို ယွမ်တစ်သောင်း ထပ်ပြီးပေးမယ်။ ဒီနေ့ကစပြီး သူ့ကို စောင့်ကြည့်ဖို့ ခင်ဗျားရဲ့လူအချို့ကို ပို့ပေးစေချင်တယ်။ သူ ဘယ်သူနဲ့ တွေ့တယ်၊ ဘာတွေလုပ်တယ်၊ အရာအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်သိဖို့ လိုအပ်တယ်"
သူမ၏ ညွှန်ကြားချက် ဆုံးသောအခါ ဟွားဇယ်သည် ဤဖုန်းထဲမှ ကောင်ငယ်လေးအား ပို၍ပင် စိတ်ဝင်စားလာ၏။
"ရတာပေါ့"
ဟွားဇယ်က သွက်သွက်လက်လက်ပင် သဘောတူလိုက်သည်။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများက တွန့်ကွေးသွားကာ ပြုံးယောင်သမ်းသွား၏။