အပိုင်း ၄၉ ( The Star 10 - end )
Viewers 10k

ကျီချန်းရှိူ့ ထိုသို့တွေးရခြင်းမှာ အကြောင်းအရင်းတစ်ချက်ကြောင့် ဖြစ်သည်။


အကြောင်းအရင်းများထဲမှ တစ်ချက်မှာ ယန်ကျင်းဇီသည် ယခုတလော အချစ်ရူးတစ်ယောက်ကဲ့သို့ သရုပ်ဆောင်နေသောကြောင့်ပင်။


"Dream Back to the Ancient Times" ရသစုံရှိုး၌ သူ ယန်ကျင်းဇီကို ချစ်ခင်ကြောင်း ပြသရခြင်းမှာ သူ့တွင် သူ့ကိုယ်ပိုင်အကြောင်းပြချက်များ ရှိသည်။ သူ ယန်ကျင်းဇီ၏တုံ့ပြန်ပုံကို မြင်ချင်သည်။ ပြီးမှသာလျှင် သူသည် စွန့်လွှတ်မလား သို့မဟုတ် ရှေ့ဆက်မလား ဆုံးဖြတ်ရလိမ့်မည်ဖြစ်သည်။


အဖြေမှာ ယန်ကျင်းဇီက... သူတို့တွဲနေကြောင်း အခြားဧည့်သည်များကို တိုက်ရိုက်ပြောပြကာ တိုက်ရိုက်ထုတ်လွှင့်ချိန်တွင်ပင် သူနှင့် ပရောပရည်လုပ်ခဲ့သည်။


ထို့ပြင် ယန်ကျင်းဇီသည် မကြာသေးခင်ကမှ အနုပညာလောကကနေ အနားယူထားပြီး သူ့အချစ်က မိုးကောင်းကင်ထက် ပိုမိုကြီးမားသကဲ့သို့ နေ့တိုင်း အိမ်မှာ နေပြီး သူ့အနားတွင်(ကျီချန်းရှိူ့အနားတွင်) ကပ်နေသည်။


ဒုတိယအကြောင်းအရင်းမှာ... တကယ်တော့ ဤရက်ပိုင်းများအတွင်း သူသည် ဘာကြောင့် ယန်ကျင်းဇီ သူ့ကို မကောင်းပြောရန် ကြံစည်ချင်လဲ ဆိုသော ကိစ္စနှင့်ပတ်သက်၍ အတွေးများနေခဲ့သည်။


သူသည် ယန်ကျင်းဇီ သူ့ကို ချစ်တာ မှန်ကန်ကြောင်းနှင့် ယန်ကျင်းဇီ လုပ်ခဲ့သော ကိစ္စများအတွက် ဘာကြောင့် လုပ်ခဲ့ရသလဲ ဆိုသော အကြောင်းပြချက်ကောင်းကောင်းတစ်ချက် ရှိလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။


အမှန်တော့ သူလည်း အချစ်ရူးတစ်ယောက်ပင်။


ကျီချန်းရှိူ့ ယန်ကျင်းဇီကို လေးနက်စွာ ကြည့်လိုက်သည်။


ယန်ကျင်းဇီတွင် သူ ဘာပဲပြောပြော ကျီချန်းရှိူ့ ယုံကြည်လိမ့်မည် ဆိုသော ခံစားချက် ရှိနေသည်။


သေချာပေါက် ကျီချန်းရှိူ့က အဲ့ဒါကမှ အမှန်ဖြစ်ကြောင်း မျှော်လင့်ထားသည်။


ယန်ကျင်းဇီ သူ့ကို ဖက်လိုက်သည် : " ကိုယ် မင်းကို သဘောကျတာ တော်တော်ကြာပြီ။ ကိုယ့်အေးဂျင့် ကိုယ့်ကို မင်းရဲ့အခန်းကတ် ပေးတဲ့အချိန်တုန်းက တကယ်ပဲ ကိုယ် မင်းအခန်းထဲ ဝင်ပြီး မင်းကို သွေးဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် မင်းက ဘာမှမလုပ်နိုင်လောက်အောင် မူးနေခဲ့တယ်။ အဲ့တာကြောင့် ကိုယ် အခွင့်အရေးကို မဖြုန်းတီးဖို့ ဆုံးဖြတ်ပြီး မင်းနဲ့အိပ်ခဲ့တယ်လို့ ဟန်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲ့တုန်းက ကိုယ်က ဘဝင်မြင့်ပြီး မာနကြီးတယ်။ ကိုယ်တို့ဘာမှမဖြစ်ခဲ့ကြမှန်း မင်း သိသွားရင် ကိုယ်နဲ့လမ်းခွဲမှာကိုလည်း ကိုယ် ကြောက်တော့ မင်းနဲ့ အရမ်း နီးနီးကပ်ကပ် မနေရဲခဲ့ဘူး။ ကိုယ် အမြဲတမ်း မင်းထက် ပိုနာမည်ကြီးချင်ခဲ့တာကြောင့် ကုမ္ပဏီပြောင်းခဲ့တယ်။ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး ကိုယ် အလုပ်ကြိုးစားခဲ့တယ်၊ ကိုယ် နာမည်ပိုကြီးလာတယ်၊ ဝင်ငွေပိုရလာတယ်၊ အခု ကိုယ်က မင်းနဲ့ ထိုက်တန်သွားပြီ။ ဒါပေမယ့် ကိုယ့်ကုမ္ပဏီက အရှုပ်အထွေးနည်းနည်း ရှိတဲ့အပြင် ကိုယ့်အေးဂျင့်ကလည်း မကောင်းမှန်း ကိုယ် သိလိုက်ရတယ်... ကိုယ် မင်းကို ပြဿနာထဲ ဆွဲထည့်မိမှာ ကြောက်လို့ မင်းအနားကပ်ဖို့ ပိုတွန့်ဆုတ်ခဲ့ရတယ်။ ပြီးတော့ သိပ်မကြာသေးခင်ကပဲ ကိုယ် အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးတော့ အခုမှပဲ ကိုယ် လွတ်လပ်သွားရပြီ။ "


ယန်ကျင်းဇီ စကားပြောနေစဉ် ကျီချန်းရှိူ့သည် သူ့အား နူးညံ့သော အကြည့်များနှင့် ကြည့်နေခဲ့သည်။


ယန်ကျင်းဇီ ကျီချန်းရှိူ့၏မျက်လုံးလေးများကို နမ်းလိုက်သည် : " မင်းကို hack မိတာ ကိုယ့်အမှားပါ... မင်း မသိလောက်ဘူးလို့ ကိုယ် ထင်ခဲ့တာ။ ပြီးတော့ အဲ့လိုကိစ္စမျိုးက ကိုယ် မင်းကို အရင် hack လိုက်ရင် မင်းအကြောင်းကို တခြားဘယ်သူမှ ပြောတော့မှာ မဟုတ်ဘူး။ "


ကျီချန်းရှိူ့ ရယ်ရမလား ငိုရမလား မသိတော့။ သူ မအောင့်နိုင်တော့ဘဲ ယန်ကျင်းဇီကို ထပ်နမ်းလိုက်သည်။


" ဒါဆို ကိုယ် မင်းအခန်းကို ရွှေ့လို့ရမလား? " ယန်ကျင်းဇီ ထပ်မေးခဲ့သည်။


သေချာ‌တာပေါ့၊ ရွှေ့လို့ရပြီ။


ကျီချန်းရှိူ့သည် အပေါ်နှင့်အောက် နေရာများ အကြောင်းကို တကယ်ဂရုမစိုက်ပါ။


သို့သော် နောက်‌တစ်နေ့ မနက်ပိုင်း သူ သူ့ခုတင်ပေါ်လှဲပြီး ယန်ကျင်းဇီ သူ့ကို ဆေးလူးခွင့်ပြုထားချိန်၌ သူ အနည်းငယ် ရှက်ရွံ့နေဆဲ ဖြစ်သည်။ ထို့ပြင် သူ့တွင် ယန်ကျင်းဇီ စာချုပ်ဖျက်သိမ်းလိုက်သော ကုမ္ပဏီနှင့်ပတ်သက်ပြီး ထင်မြင်ချက်တစ်ခုလည်း ရှိနေခဲ့သည်။


အဲ့ကုမ္ပဏီကြောင့်သာမဟုတ်ရင် သူနဲ့ယန်ကျင်းဇီ သုံးနှစ်လောက် နှောင့်နှေးနေခဲ့ရမှာ မဟုတ်ဘူး။


ကျီချန်းရှိူ့ ယန်ကျင်းဇီ၏ကုမ္ပဏီဟောင်းကို မုန်းနေစဉ် ထိုကုမ္ပဏီမှ လူများလည်း ယန်ကျင်းဇီကို မုန်းတီးနေကြသည်။


သူတို့ ယန်ကျင်းဇီနှင့် စာချုပ်ချုပ်ဆိုသည့်အချိန်၌ ယန်ကျင်းဇီသည် သေးငယ်သော ကြယ်ပွင့်တစ်ယောက် ဖြစ်နေပြီဖြစ်ကာ နောက်ပိုင်း ယန်ကျင်းဇီ နာမည်ကျော်ကြားလာခြင်းမှာ အမှန်တကယ်တော့ ကံကောင်းသောကြောင့်သာ ဖြစ်သည်။


အနုပညာလောကဟာ ဒီလိုပါပဲ။ ကြယ်ပွင့်ငယ်လေးများက အထောက်အပံ့ကို အားကိုးပြီး ကြယ်ပွင့်ကြီးများက ကံနှင့်ကံကြမ္မာတို့အပေါ် အားကိုးသည်။ ယန်ကျင်းဇီသည် ကောင်းမွန်သော ကံ‌ကြမ္မာနှင့် ကံကောင်းခြင်းတို့ကို ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်ပင်။


ကံကြမ္မာကောင်းကို ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရရန်မှာ ခဲယဉ်းသည်။ ကုမ္ပဏီသည် သဘာဝကျစွာပင် ယန်ကျင်းဇီနှင့် ပိုက်ဆံပိုရှာချင်ခဲ့သည်။ ယခင်က ယန်ကျင်းဇီ ကိုယ်ပိုင်စတူဒီယိုကို ဖွင့်ချင်သောအချိန်၌ သူတို့ အရမ်းမပျော်မရွှင်ဖြစ်ခဲ့ကြရသည်။


ဘယ်သူက အဲ့လိုငွေရှာနွားတစ်ကောင်ကို စွန့်လွှတ်ချင်ပါ့မလဲ?


အကယ်၍ ယန်ကျင်းဇီသာ နာခံမှုရှိစွာဖြင့် သူ့ကုမ္ပဏီ၏စာချုပ်ကို အသစ်ပြန်လည်ချုပ်ဆိုမည်ဆိုလျှင် သူတို့ သူ့ကို ဘာမှလုပ်လိမ့်မည် မဟုတ်ပေ။ မထိသင့်သော တစ်စုံတစ်ခုကို ရပြီးနောက် လူများစွာသည် အဆုံး၌ ပျက်စီးသွားကြတာချည်းပင်။


သို့သော် ယန်ကျင်းဇီက စာချုပ်ကို ဖျက်သိမ်းချင်သည်။


ကုမ္ပဏီမှ အချို့သော လူများသည် ယန်ကျင်းဇီထံသို့ ဆေးခတ်ထားသော စီးကရက်အချို့ သို့မဟုတ် တစ်စုံတစ်ခုကို ပေးရန် စိတ်ကူးနေကြပြီဖြစ်သည်။ ထိုအခါမှသာလျှင် သူက သူတို့အတွက် ပိုက်ဆံဆက်ရှာမည်ဖြစ်ပြီး ယန်ကျင်းဇီလက်ထဲမှ ပိုက်ဆံကိုလည်း ရနိုင်မည်ဖြစ်သည်။


ရလဒ်ကတော့... ယန်ကျင်းဇီက သူ အနုပညာလောကကနေ နှုတ်ထွက်တော့မယ်လို့ မီဒီယာတွေကို တကယ်ကြီး ပြောချလိုက်တယ်!


လော့ချန်ပဲဖြစ်ဖြစ်၊ ယန်ကျင်းဇီ၏အေးဂျင့်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီက အမှုဆောင်အရာရှိတချို့ပဲဖြစ်ဖြစ် သူတို့အားလုံး ယန်ကျင်းဇီ၏အပြုအမူများကြောင့် အံ့အားသင့်သွားကြရသည်။


အဲ့ကိစ္စနောက်ပိုင်း ယန်ကျင်းဇီက အရင်ဆုံး ပုန်းခိုပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် ပြန်ပေါ်လာကာ သူ့စာချုပ်ကို ဖျက်သိမ်းဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့သည်...


သူတို့ ယန်ကျင်းဇီကို တစ်ခုခုလုပ်ဖို့တောင် အချိန်မရလိုက်ပေ။


သူတို့ ဘာမှလည်း မလုပ်ရဲပါဘူး... ယန်ကျင်းဇီက အနုပညာလောကထဲမှ နှုတ်ထွက်ရတော့မည်ဖြစ်သည်။ သူတို့ သူ့ကို သွားထိလို့ သူက သတင်းပို့လိုက်ရင် သူတို့က ဘာသွားလုပ်ရမှာလဲ?


သဘာဝကျစွာပင် ကုမ္ပဏီမှလူများသည် စိတ်အနှောင့်အယှက်ဖြစ်နေကြပြီး ယန်ကျင်းဇီအတွက် ပြဿနာရှာရန် အမြဲစဉ်းစားနေကြသည်။


ယန်ကျင်းဇီက ထွက်သွားသော်လည်း သူ့အေးဂျင့်က ထွက်မသွားပေ။ စာချုပ်ဖျက်သိမ်းသည့်နေ့တွင် သူတို့ ယန်ကျင်းဇီ၏အေးဂျင့်ကို ခေါ်ကာ ယန်ကျင်းဇီ၏ black material ကို မေးခဲ့သည်။


ဘာပဲဖြစ်ဖြစ် ပုံမှန်အားဖြင့် အေးဂျင့်များ၏လက်ထဲတွင် black material အနည်းငယ် ရှိတတ်သည်လေ။


သို့သော် ယန်ကျင်းဇီ၏အေးဂျင့်တွင် သူ့လက်ထဲ၌ ဘာမှမရှိပေ... ယန်ကျင်းဇီက အလွန်သတိထားပြီး သူ့ကိုယ်ပိုင်ပုံရိပ်နှင့်ပတ်သက်၍ အထူးဂရုစိုက်ကာ သူ့ကိုယ်သူ လန်းဆန်းတက်ကြွသော လူငယ်လေးအဖြစ် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သည်။


သူ့လက်ထဲတွင် ရှိသော ယန်ကျင်းဇီ၏ တစ်ခုတည်းသော black material မှာ ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့ အတူရှိနေကြသော ဓာတ်ပုံများ ဖြစ်နိုင်လောက်သည်။


ဒီဟာက ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်... ကုမ္ပဏီသည် ဓာတ်ပုံများကို တိုက်ရိုက်ရောင်းချလိုက်သည်။


ဤအချိန်တွင် "Dream Back to the Ancient Times" ကို ထပ်မံထုတ်လွှင့်ခဲ့သည်။


ရှေးခေတ်တပ်တန်းလျားများရှိ တပ်သားများသည် အဝတ်အစား၊ အစားအသောက်၊ နေထိုင်စရာ၊ သယ်ယူပို့ဆောင်ရေး အစရှိသည့် များစွာသော ကဏ္ဍပေါင်းစုံတို့ကို ကိုင်တွယ်ဖြေရှင်းရသည်။ တပ်သားများသည် ၎င်းတို့ကို သူတို့ကိုယ်တိုင် ဖြေရှင်းရပြီး လုပ်ဆောင်ရမည့် လိုအပ်သော နေ့စဉ်လေ့ကျင့်ခန်းများကလည်း လျော့နည်း၍မရချေ။ အမှန်တကယ်ပင် ပင်ပန်းခက်ခဲလှသည်။


ဤအပိုင်းတွင် ဧည့်သည်များ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် ဝက်စာချက်ပြုတ်ခြင်း စသည့် အကြောင်းအရာများသာမက ဧည့်သည်များ လေ့ကျင့်ခန်းဆင်းရခြင်း အကြောင်းအရာလည်း ပါဝင်သည့်အပြင် အတင်းအဓမ္မ ထည့်သွင်းထားသည့် ကြော်ငြာများပင် အထူးစိတ်ဝင်စားစရာကောင်းနေသည်။


ဥပမာအားဖြင့် ပရိုဂမ်အသင်းသည် ဧည့်သည်များကို အဝတ်ဖိနပ်များ ပြုလုပ်ရန် တာဝန်ပေးလိုက်သည်။ ဧည့်သည်များ ဒုက္ခရောက်နေစဉ် အစီအစဉ်တင်ဆက်သူသည် သူ့ခြေထောက်ကို မြှောက်ပြပြီး သူတို့ကို ပြသည် : " မင်းတို့လိုတပ်သားငယ်လေးတွေက အဝတ်ဖိနပ်ပဲ ဝတ်နိုင်တယ်။ ငါကတော့ မတူဘူး။ ငါ့မှာ XX တံဆိပ် ဖိနပ်တွေ ရှိတယ်! "


နောက်ဥပမာမှာ ဧည့်သည်များ တာဝန်ကို ခက်ခက်ခဲခဲ ပြီးမြောက်ပြီးနောက် အစီအစဉ်တင်ဆက်သူက သူတို့ကို အချိုရည်တစ်ပုလင်း ပေးသည် : " မင်းတို့ရဲ့တာဝန်က အရမ်းကို ကောင်းကောင်းမွန်မွန်နဲ့ ပြီးဆုံးသွားလို့ ဗိုလ်ချုပ်က အရမ်းကျေနပ်နေတယ်။ ငါ မင်းတို့ကို XX တံဆိပ် လိမ္မော်ရည်တစ်ပုလင်းနဲ့ ဆုချချင်တယ်။ ဒါက အရသာရှိပြီး ဗီတာမင်ဓာတ်ကို ဖြည့်စွက်ပေးနိုင်တယ်! " ထို့နောက် ဧည့်သည်များသည် သူတို့လက်ထဲမှ လိမ္မော်ရည်ကို သောက်လိုက်ကြပြီး ယစ်မူးခြင်း၏ အတုအယောင် အမူအရာများကို တမင်တကာ ပြသခဲ့ကြသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသောအခါ တိုးတက်မှုက နှေးကွေးသဖြင့် အမှန်တကယ်ပင် အနည်းငယ် ပျင်းစရာကောင်းသည်။ တည်းဖြတ်ပြီးဗားရှင်းကတော့ ကွဲပြားသည်။ ဖြစ်ရပ်တစ်ခုလုံးက စွမ်းအားမြင့်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပါတဲ့ အကြောင်းအရာများစွာလည်း ပါဝင်တယ်!


ယန်ကျင်းဇီကို ကြည့်ရန် မူလက သက်သက်လာသော ထိုသူများသည် အဆုံးမှာတော့ ဤရှိုးထံမှ ဆွဲဆောင်ခံလိုက်ရပြီဖြစ်၏။


သူတို့ ရှိုးကို စွဲလန်းလာသောအခါ... သူတို့ ယန်ကျင်းဇီကို စတင်ပြီး သဘောကျလာကြသည်။


"ယန်ကျင်းဇီနဲ့ကျီချန်းရှိူ့တို့က အရမ်းရယ်ရတယ်။ သူတို့နှစ်ယောက်စလုံး အလုပ်လုပ်ဖို့ ပြေးသွားကြတာ။"


"အစကတော့ ယန်ကျင်းဇီက ဝက်တွေကို အစာမကျွေးချင်ဘူး။ ကျီချန်းရှိူ့က သူ လုပ်လိုက်မယ်လို့ ပြောတော့ ယန်ကျင်းဇီက ဝက်တွေကို ‌အစာကျွေးဖို့ ချက်ချင်း ပြေးထွက်သွားတော့‌တာပဲ ဟားဟား!"


"ယန်ကျင်းဇီကို ဆန့်ကျင်တဲ့ လူတွေ ပြောတာတော့ သူက ယောက်ျားတွေကို ကြိုက်တယ်ဆို အဲ့ဒါအမှန်ပဲလား? ဒီနှစ်‌ယောက် တွဲနေကြတယ် ဆိုတာတော့ သေချာတယ်။"


"သေချာပေါက် အမှန်ပဲပေါ့။ မဟုတ်ရင် ယန်ကျင်းဇီက ဘာလို့ အနုပညာလောကထဲက ထွက်သွားမှာလဲ?"



ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့၏ CP အတွဲပရိသတ်များ ပိုမိုများပြားလာသည်။


ဤကိစ္စတွင် မီဒီယာက ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့၏ နမ်းနေသော ဓာတ်ပုံများကို ဖော်ထုတ်ခဲ့သည်။


"Emma! ချိုလွန်းတယ်!"


"Ahhhh! ငါ တကယ့်အစစ်ကြီးကို ship နေတာ မယုံနိုင်ဘူး!"


"ဒီပုံတွေနဲ့ အရင်က ကျီချန်းရှိူ့ရဲ့ဓာတ်ပုံတွေက အတူတူပဲ ဟုတ်တယ်မလား။ သူတို့ရဲ့အဝတ်အစားတွေက မပြောင်းသွားဘူး... ကွာတာဆိုလို့ အရင်တုန်းက ထွက်လာတဲ့ ဓာတ်ပုံတွေမှာ ကျီချန်းရှိူ့ရဲ့မျက်နှာပဲ အဖော်ခံထားရတာပဲရှိမယ်။ အခုတော့ ယန်ကျင်းဇီရဲ့မျက်နှာလည်း အဖော်ခံလိုက်ရပြီ။"


"အရင်က ငါ စိုးရိမ်ခဲ့တယ်။ ကျီချန်းရှိူ့မှာ တခြားလူတွေ ရှိမှာကို ငါ ကြောက်ခဲ့တာ။ အခု‌တော့ ငါ စိတ်သက်သာရာရသွားပါပြီ။"


"ဒါဆို ယန်ကျင်းဇီက ဒီအဖြစ်အပျက်ကြောင့် အနုပညာလောကထဲက ထွက်သွားတာလား? ဒါ ဘယ်လိုနတ်သမီးအချစ်မျိုးလဲ!"


"ငါက ပရိသတ်တစ်ယောက်ပါ!"


"ယန်ကျင်းဇီက တော်တော်တာဝန်သိတယ်!"



ယန်ကျင်းဇီတွင် ယခင်အတိတ်၌ အစွန်းရောက်သော ချစ်သူကောင်မလေးများကဲ့သို့ ပရိသတ်များစွာ ရှိခဲ့သော်လည်း သူ့တွင် မျိုးစုံသော အလှည့်အပြောင်းများ လောလောလတ်လတ် ရှိခဲ့လေရာ ရသစုံရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဤပရိသတ်များ တော်တော်လေး လျော့နည်းသွားခဲ့သည်။


နောက်ပိုင်း၌ သူ့အေးဂျင့်က သတင်းများကို ထုတ်ပြန်ခဲ့ပြီး ပရိသတ်များက တုန်လှုပ်ခြောက်ခြားကာ ပြန်လာချင်ကြသော်လည်း ယန်ကျင်းဇီက သူ အနုပညာလောကမှ နှုတ်ထွက်တော့မည်ဟု တိုက်ရိုက်ပြောလိုက်သည်... ဤပရိသတ်များအားလုံး ထွက်ပြေးသွားကြပါပြီ။


ယနေ့အထိ ကျန်ရစ်ခဲ့သော သူ့ပရိသတ်များမှာ သူ တစ်နေ့လျှင် ထမင်းသုံးနပ်စလုံး ပို့စ်တင်ခြင်းကို စောင့်ကြည့်ပေးသည့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အဆုံးအမကို လိုက်နာသော လူငယ်လေးများ* ဖြစ်ကြသည်။


( T/N : သူက "ဗုဒ္ဓနှင့်တူသော လူငယ်များ" လို့ ရေးထားတာပါ။ ဒါပေမယ့် ဖတ်ရတာ အဆင်မပြေလို့ နည်းနည်းပြင်လိုက်ပါတယ်။


အဓိပ္ပာယ်မှာ ၁၉၉၀ နှင့် ၁၉၉၂ ခုနစ်အတွင်း မွေးဖွားသူများထဲမှ အချို့သည် "ဘဝ၏အနတ္တကို မြင်ဖူးသွားကြပြီ"ဖြစ်ပြီး လုပ်ငန်းခွင်နှင့် ဘဝနေထိုင်မှုအတွက် ပေါ့ပါးအေးဆေးပြီး ငြိမ်သက်သော စိတ်ထားကို ထားနိုင်ကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ )


မုန်းတီးသူများပင် သူ့ကို မကောင်းပြောရန် ခွန်အားမရှိပေ။


သူက အခြောက်ပါလို့ အရင်က သူတို့ ပြောခဲ့တယ်မလား? သူတို့အားလုံး သူ့ကို အနုပညာလောကထဲက‌ မောင်းထုတ်ပြီးပြီမဟုတ်ဘူးလား? သူတို့ အခု ဘာပြောနိုင်ဦးမှာမို့လို့လဲ?


လူတစ်စုဆိုလျှင် ယန်ကျင်းဇီသည် တာဝန်သိပြီး စစ်မှန်သော ယောက်ျားတစ်ယောက်ဟု စဉ်းစားမိကြသဖြင့် သူ့ကို စတင်ပြီး ထောက်ခံကြတော့သည်။


ယန်ကျင်းဇီ : " ... "


ယန်ကျင်းဇီအတွက် ပြဿနာရှာလိုသော ကုမ္ပဏီများ : " ... "


ယန်ကျင်းဇီသည် ထိုကိစ္စများကို ဂရုမစိုက်ပေ။ သူသည် ယခု ပျော်ရွှင်နေသည်။


အကယ်၍ မည်သည့်မတော်တဆမှုမှ မရှိခဲ့ပါက "Dream Back to the Ancient Times" တွင် သူ ရင်းနှီးမြှုပ်နှံထားသော ပိုက်ဆံကို နှစ်ဆတိုးနိုင်မည်ဖြစ်သည်။


ထိုမျှသာမက သူသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပရောဂျက်မျိုးစုံကိုလည်း ရှာတွေ့ထားပြီး ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားသည်။


ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ခြင်းသည် ကျော်ကြားသူဆယ်လီတစ်ယောက်ဖြစ်ခြင်းထက် တကယ့်ကိုပင် များစွာသာလွန်သည်။ ကျော်ကြားသူဆယ်လီများသည် ဘယ်လောက်နာမည်ကြီးကြီး သူတို့ဟာ ဝေဖန်ခံရမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများကတော့ မတူပေ။ ထောက်ပံ့သူတစ်ယောက် ဖြစ်ပြီးရင် အကုန်ပြီးသွားပြီ!


သို့သော် သူ့တွင် ယခု ပိုက်ဆံနည်းနည်းလေးသာ ကျန်တော့သည်။


ဒါပေမယ့် မင်း ပိုက်ဆံနည်းနည်းနဲ့ ပိုများအောင် ရှာနိုင်ပါသေးတယ်!


ယန်ကျင်းဇီသည် ကျီချန်းရှိူ့နှင့်အတူ ရိုက်ကူးရေးအဖွဲ့သို့ လိုက်သွားသည်။ ထို့နောက် ကျီချန်းရှိူ့သည် ရုပ်ရှင်ရိုက်ကူးရေးတွင် လက်ထောက်ဒါရိုက်တာအဖြစ် တာဝန်ယူသည်။ ယန်ကျင်းဇီသည် သူ့ဘေးနားတွင် စာဖတ်ပြီး လေ့လာကာ သူ့အားလပ်ချိန်တွင်တော့ သူ၏ CP အတွဲဗီဒီယိုကို တည်းဖြတ်နေခဲ့သည်။


ကျီချန်းရှိူ့သည် သူ့ထက် အကြမ်းဖျင်း အသက်ကြီးပြီး အထူးစိုးရိမ်တတ်သည်။ သူ ရေငတ်မှာ သို့မဟုတ် ဗိုက်ဆာမှာ သို့မဟုတ် နေလောင်မှာကို အမြဲစိုးရိမ်နေပြီး သူကိုယ်တိုင်(ကျီချန်းရှိူ့ကိုယ်တိုင်) အသုံးမပြုသော လက်ထောက်များကိုပင် ခေါ်ထားသည်။


ယန်ကျင်းဇီသည် တဖြည်းဖြည်းနှင့် ရိုက်ကူးရေးတစ်ဖွဲ့လုံး၏ ဇိမ်အကျဆုံး သားပေါက်လေး ဖြစ်လာသည်။


ဤရိုက်ကူးရေးအဖွဲ့၏ ဒါရိုက်တာသည် အလွန်နာမည်ကြီးကာ သူ့ရုပ်ရှင်ကားများသည် မရေမတွက်နိုင်သော သရုပ်ဆောင်မင်းသားများက သူတို့ပါဝင်နိုင်ရေးအတွက် ဝိုင်းလုကြမည့် ရုပ်ရှင်ကားများ ဖြစ်ကြသည်။ ယန်ကျင်းဇီကဲ့သို့သော ရေပန်းစား‌သည့် ကြယ်ပွင့်များဆိုလျှင်ပင် သူ ပါဝင်နိုင်ဦးမည်မဟုတ်ပေ။


ဤရိုက်ကူးရေးအဖွဲ့တွင် သူ့ထက် အသက်ပိုကြီးပြီး ပိုကောင်းသော သရုပ်ဆောင်စွမ်းရည်များ ရှိ‌သည့် သရုပ်ဆောင်များနှင့် ပြည့်နှက်နေသည်။ ဟုတ်တာပေါ့၊ သူ့ထက်တော့ ပရိသတ်ပိုများမည်မဟုတ်။


ယခု ထိုသရုပ်ဆောင်များက ဒါရိုက်တာထံမှ သေလောက်အောင် ကြိမ်းမောင်းခံနေရချိန်တွင် အခြားတစ်ဖက်မှ ယန်ကျင်းဇီကတော့ အနားမှာ လှဲနေပြီး ရုပ်ရှင်ကြည့်ရင်းနှင့် သစ်သီးစားနေသည်။


အဖွဲ့သားအားလုံးက ယန်ကျင်းဇီရဲ့ အပြုအမူဆိုးကြီးကို အွန်လိုင်းမှာ တင်ပစ်ချင်ကြတယ်!


သို့သော် ယန်ကျင်းဇီသည် ဒါရိုက်တာက အလွန့်အလွန် လေးစားသဘောကျ‌ရသည့် လက်ထောက်ဒါရိုက်တာ၏ လူ ဖြစ်ပြီး ဤသို့သောသတင်းမျိုးမှာ ယန်ကျင်းဇီကို ကျော်ကြားစေရုံမှလွဲ၍ သူတို့အတွက် လုံးဝ အကျိုးရှိမည်မဟုတ်ပေ... လူတိုင်း သည်းခံနေရတော့သည်။


သည်းညည်းခံလိုက်ပြီ။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ယန်ကျင်းဇီကို ဆက်လက်သဘောကျနေဆဲပင်။


ယခင်က ယန်ကျင်းဇီ အထူးကျော်ကြားလာသောအခါတွင် သူတို့ တော်တော်လေး မနာလိုဖြစ်ခဲ့ကြရသော်လည်း ယခုအခါ ယန်ကျင်းဇီက နှုတ်ထွက်သွားလေပြီ... သူတို့ ပြန်တွေးကြည့်ပြီး ယန်ကျင်းဇီ၏ ကျော်ကြားမှုနှင့် ဓနဥစ္စာကို မရွေးချယ်ခဲ့သော အပြုအမူကို လေးစားမိကြသည်။


သူတို့ ကျီချန်းရှိူ့ကိုလည်း အနည်းငယ်ပင် မနာလိုဖြစ်မိသည်။


ဘယ်သူက ယန်ကျင်းဇီလိုမျိုး အရမ်းချောပြီး သူ့လက်တွဲဖော်အပေါ် သစ္စာစောင့်သိတဲ့ တစ်စုံတစ်ယောက်ကို မလိုချင်ဘဲ နေမှာလဲ?


ကျီချန်းရှိူ့အတွက် ယန်ကျင်းဇီက အနုပညာလောကကိုပင် ထားရစ်ခဲ့သည်။


ကျီချန်းရှိူ့ : " ... " သူလည်း နည်းနည်းတော့ ဂုဏ်ယူတယ်!


ဒါနဲ့ ဘယ်သူက သူနဲ့ယန်ကျင်းဇီရဲ့ နမ်းနေတဲ့ဓာတ်ပုံကို ပို့လိုက်တာလဲ? ဒါကို စုံစမ်းရမယ်!


ကျီချန်းရှိူ့သည် ယန်ကျင်းဇီ၏မူလကုမ္ပဏီအကြောင်း ရှာတွေ့ခဲ့သည်။ ဒါတင်မကဘဲ ယန်ကျင်းဇီ ယခင်က ပြောခဲ့သော ကြယ်ပွင့်များကို မူးယစ်ဆေးများနှင့် ထိန်းချုပ်ခြင်းကဲ့သို့သော ကိစ္စမျိုးကိုလည်း သူ သိလိုက်ရသည်။


ယန်ကျင်းဇီက သူ့ကို လှည့်စားတာ မဟုတ်ဘူး။ အဲ့ကုမ္ပဏီမှာ ပြဿနာတွေအများကြီး တကယ်ရှိတယ်!


ကံကောင်းစွာဖြင့် ယန်ကျင်းဇီက အချိန်မီ လွတ်မြောက်လာသည်။


ဒါပေမယ့် အဲ့ကုမ္ပဏီကပဲ သူတို့နှစ်ယောက် အတူရှိနိုင်မည့် အချိန်များစွာကို ဆုံးရှုံးစေခဲ့သည်။


အခု...သူ အဲ့ဒီ့ကုမ္ပဏီကို ရှင်းပစ်ဖို့ ကြိုးစားရမယ်!


ယန်ကျင်းဇီသည် ရုတ်တရက် နာမည်ကြီးလာသည်။ တကယ်တော့ သူသည် အသိုင်းအဝိုင်းထဲ၌ နောက်ခံမရှိသလို အဆက်အသွယ်လည်း မရှိပေ။ သူ ပိုက်ဆံရှာချိန်တွင် လူတိုင်းက သူ့ကို ထောက်ပံ့ပေးသည်။ သူ နာမည်မကြီးတော့သောအခါတွင် ဘယ်သူမှ သူ့ကို အာရုံမစိုက်ကြတော့ချေ။


ကျီချန်းရှိူ့ကတော့ မတူပေ။ သူသည် လူအများအပြားကို သိပြီး အဖေကျီတွင် အဆက်အသွယ်များစွာ ရှိသည်။


အမျိုးစုံသော သတင်းများမှာ စုဆောင်းခံလိုက်ရသည်။


တစ်ချိန်တည်းမှာပဲ မူလဇာတ်ကြောင်းကဲ့သို့ပင် ဒါရိုက်တာကျီချန်းရှိူ့ ညွှန်ကြားရိုက်ကူးထားသော ရုပ်ရှင်က ရေပန်းစားလာခဲ့သည်။


ယန်ကျင်းဇီနှင့် ကောလာဟလသတင်းများကြောင့် ကျီချန်းရှိူ့၏ ယခင်ရုပ်ရှင်များနှင့်တီဗီစီးရီးများမှာလည်း ရှာဖွေခံခဲ့ရပြီး ကျီချန်းရှိူ့လည်း နာမည်ကြီးလာသည်။


သူ ရုပ်ရှင်ကားတစ်ကား ပြန်ရိုက်တဲ့အခါမှာ နာမည်ကြီးသရုပ်ဆောင်တွေက ပါဝင်ဖို့ အပြေးအလွှား ရောက်လာကြတယ်!


နှစ်အနည်းငယ်ကြာပြီး တစ်နေ့၌ ယန်ကျင်းဇီသည် သူ၏ ကြွယ်ဝမှုဖြစ်သော ဆယ်ဂဏန်းရှိ သန်းပေါင်းများစွာကို နောက်ဆုံးမှာတော့ အကြိမ်ပေါင်းများစွာ နှစ်ဆတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း တွေ့ရှိသွားသည်။ သူ ပျော်ရွှင်နေချိန်တွင် မူးယစ်ဆေးစွဲသူအများအပြား ဖမ်းဆီးခံလိုက်ရသည်ကို မြင်လိုက်ရသည်။


မူလပိုင်ရှင်...အမှန်ပင် ဤအချိန်သည် တကယ့်ကိုပင် သူတို့ မူးယစ်ဆေးများအတွက် အဖမ်းခံရချိန်နှင့် တစ်ချိန်တည်းနီးပါး ထပ်တူကျသည်။


မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အခြားအကြောင်းများကြောင့် မူလပိုင်ရှင်သည် ကုမ္ပဏီနှင့် စာချုပ်ကို မဖျက်သိမ်းဖြစ်ခဲ့ပေ။ သူ့စုဆောင်းငွေနှင့် သူ နောက်ပိုင်း ရလာသော ပိုက်ဆံများကို နှစ်အနည်းငယ်အတွင်း အချည်းနှီး ဖြုန်းတီးပစ်လိုက်သည်။‌ နေထိုင်မှုဘဝက ရှုပ်ပွနေခဲ့သည်။ သူ ကားမတော်တဆမှုမှာ မသေခဲ့လျှင်ပင် သူ ကောင်းမွန်စွာ အဆုံးသတ်မည်မဟုတ်ပေ။


အခု သူကတော့ ကွဲပြားသွားပြီ။


ယခုအခါ သူသည် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ပြီး သူ့ချစ်သူက လူသိများသော ဒါရိုက်တာတစ်ဦး ဖြစ်သည်။ သူ၏ ယခင် 'လုပ်ဖော်ကိုင်ဖက်များ'သည် ယခုအခါ သူ့ကို 'ရွှေသခင်ဒယ်ဒီ' ဟု ခေါ်ရသည်။


တကယ် ဝမ်းသာမိတယ်!


အတွေးများနေစဉ် ယန်ကျင်းဇီသည် ကျီချန်းရှိူ့ သူ့စီ လျှောက်လာသည်ကို တွေ့လိုက်ရသည် : " နေက အရမ်းပြင်းတယ်။ မင်း နေလောင်ခံခရင်မ် လိမ်းချင်လား? "


" အင်း! " တကယ်တမ်း ထီးအောက်တွင် ထိုင်နေသော ယန်ကျင်းဇီက နေလောင်ခံခရင်မ်ကို ယူလိုက်သည်။


သူ့အချစ်လေးက သု့မျက်နှာကို အရမ်းချစ်တာမို့ သူ ကောင်းကောင်းဂရုစိုက်ရမယ်!