အပိုင်း ၉၁
Viewers 12k

ဧပြီလ 7 ရက်နေ့တွင် "A Day Gone" ကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။လူတိုင်းသည် နာမည်ကြီးတွေကြားမှာ သူတို့မမှတ်မိသည့်နာမည်တစ်ခုဖြစ်သော ကျန်းဇီမော့ တွေ့သွားကြ၏။
(ကျန်းဇီမော့ က ဘယ်သူလဲ)
(ဒီဇာတ်ကားမှာ ဝမ်မင်ယီ ပါမယ်လို့ ပြောတာမဟုတ်ဘူးလား...ဘာလို့ ဝမ်မင်ယီ မပါတော့တာလဲ )
(ကျန်းဇီမော့က ဘယ်ကလာတာလဲ?ဒီနာမည်ကို မကြားဖူးဘူး၊လူသစ်လား)
(အခုမှ ပွဲဦးထွက်တဲ့ သရုပ်ဆောင်အသစ်လား
ဒီအရင်းအမြစ်က နည်းနည်းတော့ အားကောင်းတယ် ရို့)
(ဟားဟားဟား...အရင်က ဝမ်မင်ယီရဲ့ မိသားစုက ကိတ်မုန့်တွေ လျှက်နေခဲ့ကြတာမလား?တကယ်လည်း တရားဝင် ကြေငြာချက်ထုတ်ရော ဝမ်မင်ယီ မပါဘူး)
(ဝမ်မင်ယီ က ဒီဇာတ်ကားအတွက် မသင့်တော်ပါဘူး။သူက အသက်ဝင်ပြီး ရွှင်မြူးတဲ့ ဇာတ်ရုပ်အတွက် ပိုသင့်တော်သလိုမျိူးပဲ၊ဒီဇာတ်ကားမှာ အဲဒီလို ဇာတ်ကောင် မရှိဘူး)
(ဝမ်ခိုင်ရွှေညီအစ်မတွေဘယ်လိုခံစားနေရမလဲမသိဘူး။အထူးသဖြင့် ငိုချင်နေလောက်ပြီ)
("ဝမ်မင်ယီက ပိုကောင်းတဲ့ ဇာတ်ညွှန်း ရှိထားတာ ဖြစ်နိုင်တယ်။သူက ခုချိန် အရမ်းပေါက်နေတာလေ၊သူ့လက်ထဲမှာဇာတ်ညွှန်းတွေအများကြီးရှိကိုရှိနေမှာ)
(ဘာတွေစိတ်ကူးယဉ်နေတာလဲ...ခန်းကျယ်လိုပါတနာထက် ပိုကောင်းတဲ့ အရင်းအမြစ် ရှိလို့လား။ ဝမ်ခိုင်ရွှေကျဲကျဲက ကိုယ့်ကိုကိုယ်တကယ်နှစ်သိမ့်တတ်တာပဲ)
(မော့လေးရေ အစ်မရေနွေးလေး...နေရောကောင်းရဲ့လား ... ကိတ်မုန့်ကို ဘယ်တုန်းက လျက်ဖူးတာလဲ...ဝမ်မင်ယီရဲ့ဖန်တွေက တရားဝင် ကြေငြာချက်မဟုတ်ရင် အတည်ပြုလို့မရဘူးလို့
အမြဲပြောကြခဲ့တယ်...အိုခေ..)
(ဝမ်မင်ယီကို ဘေးဖယ်ထားကြပါ...A Day Gone အောင်မြင်ပါစေ ၊ပြီးတော့ တစ်ယောက်ချင်းစီလည်း အဆင်ချောကြဖို့ ဆုတောင်းပေးပါတယ်)
ဖန်တွေက ထိုသို့ပြောကြပေမဲ့ စိတ်ထဲမှာတော့ ပဟေဠိ ဖြစ်နေကြပြီး Group ထဲတွင် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏။
(ဘာဖြစ်သွားတာလဲ )
(တိတိလေးလို့ အကြမ်းအားဖြင့် သတ်မှတ်ထားတယ် ဆိုပြီး စောစောက သတင်းထွက်ခဲ့တာမဟုတ်ဘူးလား?ဘာလို့ တိတိမပါတော့တလဲ)
(Fuck!ပြီးတော့ ငါတို့က ကိတ်မုန့် လျက်တယ်ဆိုပြီးလည်း ပြောကြသေးတယ် ။ အဲဒါ မားကတ်တင်း အကောင့်က သူ့ဘာသူသတင်းထွက်လာတာပါနော်...အိုခေ)
(ဒါဆို ဘာဖြစ်နေတာလဲ? ဖန်တွေကို လှည့်စားခဲ့တာလား)
(ဘယ်သူသိမလဲ၊ ငါအရမ်းဒေါသထွက်တာပဲ!)
ဖန်တွေလိုပဲ ဂိမ်းဆော့နေတုန်းဖြစ်သည့် ဝမ်မင်ယီသည် ရုတ်တရက် ချန်လုထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး "A Day Gone" ၏ တရားဝင်ကြေငြာချက်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိလိုက်ရသည်။
“ဒါရိုက်တာကို ဖုန်းခေါ်လိုက်တော့ ဒါရိုက်တာက သူမင်းကို အရမ်းကြိုက်တယ်တဲ့...ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူမှာ သူထည့်ချင်တဲ့ သရုပ်ဆောင်တွေ ရှိနေပြီး... ပရိုဂျူဆာတွေကလည်း ရင်းနှီးမြှုပ်နှံသူဘက်ကပဲတဲ့... နှစ်ယောက်သား မနေ့ညအထိအောင် အတော်လေးကြာအောင်အငြင်းပွားနေကြပြီးတော့.. နောက်ဆုံးမှာ ဒါရိုက်တာက အပေးအယူလုပ်ပြီး လက်ခံလိုက်တာတဲ့မင်မင်ရေ "
ဝမ်မင်ယီ ထိုသတင်းကြောင့် အံ့ဩသွားခဲ့ပြီး
"ဒါဆို ကျွန်တော့်နေရာမှာ ဘယ်သူ့ကိုအစားထိုးလိုက်တာလဲ"
" အရင်ကတစ်ခါမှ သရုပ်မဆောင်ဘူးတဲ့ သရုပ်ဆောင် အသစ်တစ်ယောက်...သူ့နာမည်က ကျန်းဇီမော့"
"ဘယ်သူ ..."
ဝမ်မင်ယီ သူယောင်မှားပြီးများကြားလိုက်သလားဟု ထင်မိသွားသည်။
"ကျန်းဇီမော့ ...ဂျင်းရဲ့ကျန်း...ကွန်ဖြူရှပ်ရဲ့ဇီ...
မင်ရဲ့မော့"
ဝမ်မင်ယီ :...
"ကျဲ ခုနကပြောတာ ရင်းနှီးမြုပ်နှံသူက လူစားထိုးချင်တာဟုတ်တယ်နော်... အဲ့ဒီရင်းနှီးမြှုပ်နှံသူရဲ့နာမည်က ဝမ်ပေါ်လား"
"မဟုတ်ဘူး...ဝမ်ဖုန်းအုပ်စု"
"အတူတူပဲ"
ဝမ်မင်ယီက"အဲ့ဒါက ဝမ်ပေါ့်မိသားစုပိုင်လုပ်ငန်းပဲ"ဟု အေးအေးဆေးဆေးပင် ပြောလိုက်၏။
သူဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ ကျန်းဇီမော့က ဝမ်ပေါ့်ကို ရင်းနှီးမြုပ်နှံပြီး သူ့ဇာတ်ကောင်ကိုခိုးဖို့ တကယ်ကြီးခိုင်းလိုက်တာပဲ၊ တကယ်ကို စိတ်ဓာတ်အောက်တန်းကျပြီး သူ့ကိုခက်ခဲအောင်လုပ်နေတာပဲ!
သူဘယ်လိုပဲ တွေးနေပါစေ ကျန်းဇီမော့က တကယ်တော့ သူ့ကြောင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဝင်လာမှာဖြစ်၏။အမှန်တွင် သူတကယ်ချစ်တာက စစ်ကျွင်းတောက်မဟုတ်ပေ။ ဘယ်လို ဖောက်လွဲဖောက်ပြန် သောက်တလွဲ အချစ်မျိုးက သူ့ကို ဒီလိုရူးမိုက်တဲ့အရာမျိုးလုပ်အောင် ဦးတည်သွားစေတာလဲ? သူက သူနဲ့တစ်သက်လုံး ဒီလိုပဲ သက်ဆိုးရှည်ချင်နေတာလား !
ဝမ်မင်ယီသည် ကျန်းဇီမော့ ၏ဦးနှောက်လည်ပတ်ပုံကို နားမလည်နိုင်တော့ဟု ခံစားနေရသည်။ ဝမ်ပေါ်ရဲ့*နွားကျချင်တဲ့စိတ်ကိုဆို ပြောမနေနဲ့တော့! ကျန်းဇီမော့ ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ချင်တာနဲ့ပဲ သူကရင်းနှီးမြှုပ်နှံသူလုပ်လိုက်တယ်ပေါ့!နှစ်ယောက်သား တစ်ယောက်ကလည်း သရုပ်ဆောင်ရဲသလို တစ်ယောက်ကလည်းထောက်ခံပေးရဲတယ်!တကယ်ကို သဘာဝကမိတ်ဖက်ပေးထားတဲ့စုံတွဲပဲ!ကောရေ ကျွန်တော်တော့ တကယ်ကြီးအလဲထိုးခံလိုက်ရပြီ!
(T/N–ဒီနေရာမှာ Dog-licking spirit လို့သုံးထားတာပါ၊ တရုတ်ဗန်းစကားTian Gouကို ယူသုံးထားတာဖြစ်ပြီ ကိုယ့်ကို သဘောမကျမှန်းသိနေတာတောင်မှ အဲ့လူကိုအောက်ကျနောက်ကျခံပြီး မျက်နှာလိုမျက်နှာရ အလိုလိုက်ဖြည့်ဆည်းတတ်တဲ့သူပါတဲ့၊အဲ့တော့ နွားပေါ့)
"ဟုတ်ကဲ့ကျဲ...ကျွန်တော် သိပါပြီ" ဟု ဝမ်မင်ယီ က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"အစ်မ မင်းကို mail boxထဲမှာ ဇာတ်ညွှန်းအသစ်တချို့ ပို့ပြီးပြီ...ကြည့်လိုက်ဦးနော်... ဒီဇာတ်ကားကို အရင်က ဒီနှစ် နွေရာသီမှာရိုက်မယ်လို့ အစီအစဉ်ချထားတာ...အခုA Day Goneမရိုက်ဖြစ်တော့ မင်းသဘောကျမဲ့ တခြားဇာတ်ညွှန်းတွေရှိမလားလို့ ကြည့်ကြည့်လို့ရပြီ"
"ကျွန်တော် နားလည်ပြီ " ဝမ်မင်ယီကပြန် ပြောလိုက်သည်။
ချန်လု သူ့အား စကားအနည်းငယ်ထပ်ပြောနေခဲ့ပြီး သူစိတ်အခြေအနေ ကောင်းနေပုံရသည်ကို တွေ့လိုက်ရမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချကာ ဖုန်းကိုချလိုက်သည်။
ဝမ်မင်ယီ၏ စိတ်အခြေအနေကား အမှန်ပင် အေးအေးဆေးဆေးဖြစ်နေခြင်းဖြစ်လေသည်။ ဒီလိုမျိုးက ဖျော်ဖြေရေးနယ်ပယ်မှာ အလွန်အင်မတန်ဖြစ်နေကြပင်။ တရားဝင်ကြေငြာချက်မှာပြောင်းသွားသည်ကို မဆိုထားနှင့်၊ ဇာတ်ကားမရိုက်မီနှင့် ဇာတ်ကားစရိုက်ပြီးသွားသည့်နောက်တွင်ပင် သရုပ်ဆောင် အပြောင်းအလဲများရှိကြလေ၏။ သရုပ်လည်းသရုပ်ဆောင်ပြီး ရိုက်ကူး၍လည်းပြီးသွားပြီးဖြစ်သော်လည်း ဇာတ်ကားလွှင့်သည့်အချိန်တွင်မူ တစ်ခန်းမှမပါတော့ကြောင်း တွေ့လိုက်ရသည့် သရုပ်ဆောင်မျိူးလည်းရှိသည်။
သူ ထိုသို့သော အတင်းအဖျင်းများကို အတော်များများ ကြားဖူးနားဝရှိခဲ့ပြီးဖြစ်ကာ သဘာဝကျကျပင် သူ့နေရာရုတ်တရတ်ပြောင်းသွားခြင်းအပေါ် ကြီးကြီးမားမားကိစ္စဟု မခံစားရပေ။ ကျန်းဇီမော့ နှင့်ဝမ်ပေါ်တို့ နှစ်ဦးစလုံးက သောက်ရူးတွေဟုသာ သူခံစားရလေသည်။ ပက်ကျိတွေလိုမျိူး ချွဲကျိကျိနဲ့ရွံစရာကောင်းတဲ့ သောက်ရူးတွေ! သူတို့ကိုယ်သူတို့ သူ့ကို ဖိအားပေး ဖယ်ရှား
နိုင်ပြီဆိုပြီး အပျော်လွန်ပြီး ဂုဏ်ဆာနေဦးမှာမှန်း မှန်းကြည့်လို့ရတယ်!သူတို့က သူမကျေမနပ်တွေဖြစ်ဝမ်းနည်းပြီး ဒေါသတကြီး ခုန်ပေါက်နေမယ်လို့များ ထင်နေလားမသိ!
အိုင်း!အတွေးလွန်နေကြတာပဲ!
ဝမ်မင်ယီအတွက်မူ ဤဇာတ်ကားသည် မူလကတည်းကပင် မတော်တဆ ရရှိခဲ့ခြင်းဖြစ်လေ သည်။ သူ့အစီအစဉ်ထဲမှာမပါခဲ့။ သူထိုကားကို ရခဲ့သည့်အတွက် ပျော်ခဲ့သည်မှာတော့ ပုံမှန်ပင်။ အခုလက်လွတ်လိုက်ပြီဆိုရာတွင် သူကား အလွန်အမင်းဝမ်းနည်းနေသည်ဟု ပြောမရပေ။အမှန်တွင် သူသည် မိဘများ၏ အာရုံစိုက်မှုကို ရဖို့အတွက် ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဝင်ရောနေခဲ့ခြင်းဖြစ်ပြီး သူဘယ်လိုမျိူး အောင်ကိုအောင် မြင်ရမယ်ဆိုသည့် အကြောင်းကို ဘယ်တုန်းကမှ မတွေးခဲ့မိပါချေ။
"A Day Gone" မရှိတော့လျှင် သူတခြားဟာပြောင်း၍ သရုပ်ဆောင်မည်ဖြစ်သည်။ တကယ်တမ်းတွင် ကျောက်ယန် သည် ရုပ်ရှင်နှင့် TV အရင်းအမြစ်များ အလွန်ပေါများ ပြီး သူကလည်း ယခုအချိန်တွင် အတော်
ရေပန်းစားနေသောကြောင့် သူ့တွင် တစ်ကားမှဝင်ရိုက်စရာမရှိတော့သည် မဟုတ်ချေ။
သူက စိတ်ထားကောင်းပေမဲ့ တချို့လူတွေရဲ့ စိတ်ဓာတ်က သူ့လို့လို့မကောင်းမှန်းအသိသာကြီးပင်။
ကျန့်ဖုန်းသည် သူ့ဖုန်းထဲရှိ နာမည်ကြီး Weiboပို့စ် ကို ကြည့်ပြီး မယုံနိုင်အောင် ဖြစ်နေသည်။ မတ်လအစောပိုင်းတုန်က မူလတန်းကြက်ပေါက်ဝမ်မင်ယီက သူ့ကို ဂုဏ်တဆာဆာနဲ့ သူ"A Day Gone"မှာ နံပါတ်သုံးအမျိူးသားဇာတ်ဆောင် ကာရိုက်တာကို ရခဲ့တယ် ပြောခဲ့မှန်းသေချာပါတယ်၊ ပြီးတော့ သူက ဒေါင်းအမြီးဖြန့်သလိုမျိူး ကြွားနေခဲ့တာလေ။ ဘာလို့မျက်စိတစ်မှိတ်အတွင်းမှာ လူပြောင်းသွားတာလဲ?
ကျန့်ဖုန်းမှာ အလှည့်အပြောင်းတွေကို အဖြေရှာဖို့ ဦးနှောက်အစားခံမနေချေ။ အင်အားစုအမျိူးမျိူးကြားက ကစားပွဲတစ်ခုဖြစ်ပြီး ဝမ်မင်ယီက တစ်ခြားတစ်ယောက်နဲ့ အစားထိုးခံလိုက်ရတာပဲဖြစ်ရမည်။ သူက ယခုအတော်လေး ရေပန်းစားနေသည်ဖြစ်ရာ သူအစားထိုးခံရလိုက်သည်မှာ သေချာပေါက် ငွေကြောင့်ပင်ဖြစ်၏။မဟုတ်လျှင်
တခြားရှင်းလင်းချက်ကားမရှိတော့။
ကျန့်ဖုန်း ဒီလိုကိစ္စမျိုးနှင့် ကျင့်သားမရသေးသည့်အတွက် ဝမ်မင်ယီကို WeChat ပို့ပြီးမေးလိုက်၏ -( မင်းဘာဖြစ်တာလဲ ?အိုခေရဲ့လား... ဆုံးဖြတ်ပြီးသား ဇာတ်ရုပ်ကတခြားလူလုသွားတာခံလိုက်ရတယ်ဆိုတော့ မင်းကငါ့ကို ကြီးကြီးကျယ်ကျယ်တွေ လာကစားပြ
နေတာလား...)
ဝမ်မင်ယီ ကျန့်ဖုန်းက သူ့ဆီသို့Wechatတစ်စောင်ပို့လာမည်ဟု မမျှော်လင့်ထားခဲ့။သူကစာပြန်လိုက်၏။— (ဇာတ်ကောင်တစ်ခုပါပဲကွာ။ ကမ္ဘာပေါ်မှာ ဇာတ်ကားတွေထောင်ချီပြီးရှိတယ်။တစ်ခုအလုပ်မဖြစ်ရင် နောက်တစ်ခုပြောင်းမှာပေါ့။)
ကျန့်ဖုန်း : (မင်းရဲ့*ကျောရိုးကဘယ်မှာလဲ!!! မတရားဘူးလို့တောင် မထင်ဘူးလား?! မင်းငါ့ကိုအော်ဟစ်နေတုန်းက အရမ်းတွေစွမ်းအားကြီးနေခဲ့တာမဟုတ်ဘူးလား!ဘာလို့ တခြားသူနဲ့ကျတော့ ပျော့ညံ့သွားတာလဲ! )
(T/N–သတ္တိ)
ဝမ်မင်ယီ : (ဒါက ပျော့ညံ့တာမပျော့ညံ့တာနဲ့မဆိုင်ပါဘူး၊ မလိုအပ်တာ။စာချုပ်လက်မှတ်ထိုးပြီးရင်တောင် လူစားအထိုးခံရသေးတာပဲ။ အခုငါက စာချူပ်လတ်မှတ်မထိုးရသေးလို့ လူပြောင်းတာလေ။ ဂရုစိုက်မနေဘူး....)
ကျန့်ဖုန်း 🙁 .....)
ကျန့်ဖုန်း သူလွယ်လင့်တကူ နားမလည်နိုင်ဟု ခံစားမိသည်။ ဒီလောက်ကောင်းတဲ့အရင်းအမြစ်ကို ဝမ်မင်ယီက ကိစ္စမရှိဘူးလို့တွေးတယ်ပေါ့ ။ဟာသမြောက်လွန်းတယ်!
ကျန့်ဖုန်း -( "A Day Gone" ထက် ပိုကောင်းတဲ့ ဇာတ်ညွှန်း မင်းရဖူးလို့လား!အခုထိ ကိစ္စမရှိဘူးပေါ့ ! မင်းဘာလို့ ရည်မှန်းချက်နည်းနည်းလေးတောင်မရှိရတာလဲ!မင်းရဲ့ဖန်တွေ အရမ်း စိတ်တိုနေကြပြီကွ!)
သူကအခု လုံးဝကိုသူ့ဖန်လို့မျိူးပဲ ဝမ်မင်ယီ ခံစားနေရ၏။ *ဧကရာဇ်ဖြစ်သူ သူကိုယ်တိုင်က စိတ်တိုခြင်းမရှိသော်လည်း ကုန်းကုန်းဖြစ်သူ ကျန့်ဖုန်းက စိတ်တိုလွန်းလို့သေတော့မည်ဖြစ်သည်။
ဝမ်မင်ယီ : (မင်းငါ့ကို အရမ်းစိတ်ပူပေးတတ်မှန်းငါမသိခဲ့ဘူး။ ဘာလဲ၊ ငါ့ကို ကြိတ်ခရက်ရ်ှနေတာလား... အမြဲလိုလို တိတ်တိတ်လေး ငါ့ကိုခိုးပြီးဂရုစိုက်နေတာလား...)
ကျန့်ဖုန်း : (.....မင်းသေချင်နေတာပဲ!)
ဝမ်မင်ယီ 🙁 မဟုတ်ရင် မင်းဘာလို့အရမ်းတွေ စိတ်လှုပ်ရှားနေတာလဲ။)
ကျန့်ဖုန်း 🙁 ငါက မင်းရဲ့ ကံဆိုးမှုကို စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်နေရုံတင်!)
ဝမ်မင်ယီ : (ဒီစကားတွေကို မင်းသိနေသေးဖို့ဆိုတာ မလွယ်ဘူးပဲ။)
ကျန့်ဖုန်း ပြောစရာစကားမရှိဖြစ်သွား၏– (မင်းအတွက် အရေးမကြီးဘူးဆိုရင် နောက်မှ မင်းဘယ်လို ပိုကောင်းတဲ့ဇာတ်ညွှန်းများ ရလာမလဲဆိုတာ ငါကြည့်နေဦးမယ်။ အဲ့အချိန်ရောက်မှ
နောင်တပဲထိုင်ရနေလိုက်တော့!)
ဝမ်မင်ယီ : (ငါရလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ )
ကျန့်ဖုန်းက မယုံချေ–( မင်းကိုယ်မင်းဘယ်သူထင်နေတာလဲ? ဖျော်ဖြေရေးလောက ကိုမင်းမိသားစုက ပိုင်တာလား? ရဦးမယ်လိုထင်နေတယ်ပေါ့? တကယ်လို့ မင်းရခဲ့ရင် ငါမင်းကို ဖေဖေလို့ခေါ်မယ်ကွာ!မရခဲ့ရင် မင်းကငါ့သားပဲ!)
ဝမ်မင်ယီ 🙁 ဒါဆို မင်းငါ့ကို ဖေဖေလို့ ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီပေါ့!)
ကျန့်ဖုန်း: (ငါနားလည်တယ် သား!)
နှစ်ယောက်သား နေ့တစ်ဝက်လောက် ဖက်ကိုက်နေခဲ့ကြသည်။
ကျန့်ဖုန်းဒေါသထွက်ရသည်မှာ ဝမ်မင်ယီက အရမ်းကို*ဗုဒ္ဓဆန်နေခြင်းပင်။ ပြိုင်ပွဲတုန်းက သူအဲ့လောက်ဗုဒ္ဓဆန်မှန်းငါမသိခဲ့ရပါလား?အဲ့လောက်ဗုဒ္ဓဆန်နေရင်လည်း ဘာလို့ ပြိုင်ပွဲကနုတ်ထွက်ပြီး သူ့ကို ပထမနေရာမပေးခဲ့တာလဲ!
(T/N–ဗုဒ္ဓလိုမျိုး တင်းတိမ်ရောင့်ရဲ ၊သဘောထားကြီးနေတာကို ပြောချင်တာထင်ပါတယ်)
စိတ်ကုန်စရာကောင်းလိုက်တဲ့ကောင်!
စုန့်ဟယ် က ပြီးသောအခါ ကျန့်ဖုန်းက ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်းထိုင်ကာ ရင်ဘတ်ကိုဖိပြီး သုန်မှုန်နေသည်ကို တွေ့လိုက်ရသည်။ သူ့အတွက် ရေတစ်ခွက်ခပ်ကာ တစ်လက်ဆတည်း ကျန့်ဖုန်းအတွက်ပါ တစ်ခွက်ခပ်လိုက်ပြီး... "ရေများများသောက်ပြီး ဒေါသကိုလျော့... သူများတွေ ဒေါသထွက်ရင် ငါဒေါသမထွက်ဘူး...ငါဒေါသထွက်နေရင်ရော ဘယ်သူကဘာဖြစ်သွားမှာမို့လဲ"
ကျန့်ဖုန်း : ....
စုန့်ဟယ်က ရေသောက်ရင်း သူ့ကို မေးဆတ်ပြလာပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ဖုန်းသုံးနေလေ၏။
ကျန့်ဖုန်း :...သူတို့နှစ်ယောက်က ဘာလို့ဒီလောက်ရည်မှန်းချက်နည်းပါးရတာလဲ! ဘယ်လိုလူမျိူးတွေလဲဟ!
ကျန့်ဖုန်း စိတ်ဓာတ်ကျစွာဖြင့် ခွက်ကို ကောက်ယူပြီး စသောက်လိုက်သည်။
ဝမ်မင်ယီက ကျန့်ဖုန်း သူ့ကိုယ်ပိုင် ကိစ္စတွေနဲ့ပတ်သတ်ပြီး အလွန်အမင်း ပူပန်နေမည်ဟု မမျှော်လင့်ထားခဲ့။ အခုပြန် စဉ်းစားကြည့်တော့ ငလျင်လှုပ်တုန်းကလည်း သူ့ကို အတော်လေး စိုးရိမ်နေပုံရ၏။ ဒါက တကယ်ကို ထူးဆန်းလေသည်။ အရင်ဘဝတုန်းက သူနဲ့ကျန့်ဖုန်းက နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေ ကြသလို အချင်းချင်း တစ်ယောက်ရဲ့ခွေးခေါင်းကို တစ်ယောက်က တီးချင်နေခဲ့ကြသည်။
ထိုအချိန်တုန်းက သူက ပထမဖြစ်ပြီး ကျန့်ဖုန်း က ဒုတိယဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်ခေါင်းဆောင်ဖြစ်ပြီး တစ်ယောက်က လက်ထောက် ခေါင်းဆောင်ဖြစ်လေ၏။ သူက ဒီနေ့ အကလေ့ကျင့်မှာ မဟုတ်ဘူးဟု ပြောရင် ကျန့်ဖုန်းက ဒီနေ့ ခြောက်နာရီကြာအောင် ကကိုကရမယ်ဟု ပြောလိမ့်မည်။သူက ဒီနေ့ စောစော အဆို မလေ့ကျင့်ဘဲ နားကြမယ်ဟု ပြောရင် ကျန့်ဖုန်းက 8နာရီထပြီး အဆိုလေ့ကျင့်လိမ့်မည်ဖြစ်ကာ မွန့်တည့်ချိန်သူအိပ်ရာထလာရင်လည်း သူ့ကိုလှောင်ပြောင်လိမ့်မည်ဖြစ်၏။
ကျန့်ဖုန်းက သူ့ညီငယ်လေးများကို ဦးဆောင်ကာ သူ့အတွက် မကောင်းသောအရာများကိုဖန်တီးခဲ့သည်။ အဆုံးတွင်မူ သူက ကလေးတစ်ယောက်အနေဖြင့် ပြန်လည်မွေးဖွားလာခဲ့ပြီး ကျန့်ဖုန်းနှင့်တွဲ၍ ပွဲဦးမထွက်ခဲ့ပေ။ ကျန့်ဖုန်း သည် မူလတန်းကြက်ပေါက်ကဲ့သို့ နုံအနေသေးသော်လည်း မထင်မှတ်ပဲ သူနှင့်သူရဲ့ဆက်ဆံရေးက သိပ်မဆိုးလှပုံရ၏။
ဒါဆို သူ့အရင်ဘဝမှာ သူဘာဖြစ်သွားခဲ့တာလဲ။ မင်းက အရမ်းတော်တဲ့အတွက် မင်းရဲ့ကိုယ်ပိုင်ဖိအားတွေ အောက်မှာ ပုံမှန်မဟုတ်တော့တာလား? ဝမ်မင်ယီ နားမလည်နိုင်ဘဲ အနည်းငယ် ထူးဆန်းတယ်ဟုသာ ထင်မိလေသည်။ သူပြန်မွေးဖွားလာပြီးနောက် သူ့အရင်ဘဝက သူနဲ့ သူတပြန်ကိုယ်တလှည်သတ်ခဲ့ကြသည့် ကျန်းဇီမော့က ဒီဘဝတွင်လည်း သူနဲ့ သူတပြန်ကိုယ်တလှည့်သတ်နေကြတုန်းပင်။ ယခင်ဘဝက သူနှင့်စကားတစ်ကြောင်းဆုံးအောင် မပြောဖူးသော ကျန့်ဖုန်းကမူ ယခုဘဝတွင်အရင်ဘဝတုန်းကထက် သူအပေါ် မလိုလားမှုများလျော့ပါးသွားပုံရ၏။ သူ သူရဲ့ကာရိုက်တာကိုလက်လွတ်လိုက်ရသည့်အတွက်ပင် စိတ်တိုနေသေးသည်။
ဒါက တကယ်... အံ့သြစရာပဲ။
ဒါပေမဲ့ ဒါက အဓိကအချက်မဟုတ်ဘူး။ အဓိက,က.....ဝမ်မင်ယီ ထိုအကြောင်းကို တွေးပြီး ဝမ်ဝေ့ဆီသို့ WeChat မက်ဆေ့ခ်ျ ပို့လိုက်၏—
(ကျွန်တော့်ပါးဒီနှစ် ဇာတ်ကားရိုက်မှာက ဘယ်လလို့ မားပြောခဲ့တာလဲ။)
ယခုတွင် ကျန့်ဖုန်းကို သူအတော်များများမမုန်းတော့သော်လည်း ကျန်းဇီမော့နှင့်နှိုင်းယှဉ်လျှင်ပင် မူလတန်းကြက်ပေါက် ကျန့်ဖုန်းက သူ့အားပျော်ရွှင်မှုတချို့တလေပေးနိုင်သည်ဟု ဝမ်မင်ယီ ထင်မိလေသည်။သို့ပေမဲ့ ဒီနေရာမှာ တစ်ခုခုထည့်ပြောဖို့လိုသေးသည်ပင်။ ဥပမာ-ကျန့်ဖုန်းကို သူ့ကို ဖေဖေလို့ခေါ်ခိုင်းတာမျိူး!
ဝမ်မင်ယီ အစမှအဆုံး တည်ငြိမ်အေးဆေးနေပြီး ဒီကိစ္စနှင့်ပတ်သတ်၍ မပူပန်ရသည့် အဓိကအကြောင်းရင်းမှာ သူ့ပါးက ရုပ်ရှင်ရိုက်ရန် ပြန်လာတော့မည်ဟု ဝမ်ဝေ့က ပြောထားသောကြောင့်ဖြစ်၏။
ထို့ကြောင့် သူသည် သူ့အဖေ၏ ဇာတ်ကားတွင် သေချာပေါက် ဝင်သရုပ်ဆောင် မည်ဖြစ်သောကြောင့် သူ"A Day Gone"တွင်ပါရ၊မပါရကို ဂရုမစိုက်ပေ။ ထို့အပြင် သူရဲ့ တာဝန်မဲ့သည့်ဖခင်ကို သေအောင် ကြောက်သွားစေဖို့ audition မှာ သူလူကောင် ထွက်ပြလိုက်မည်ဖြစ်၏။ပြီးရင် သူ့ကို စပရိုက်ဖြစ်လားမဖြစ်လားလို့မေးမယ်။စပရိုက်မဖြစ်ရင်တော့ မပျော်ဘူးပဲ!
သူ့အဖေရဲ့ကျော်ကြားမှုနဲ့ ယှဉ်ပါက ခန်းကျယ်က ဘာမျှကိုမဟုတ်သည်ပင်။ ထို့ကြောင့် "A Day Gone" ကဲ့သို့သော အရင်းအမြစ်သည် ကျန့်ဖုန်း အတွက် ကောင်းမွန်သောအရင်းအမြစ်တစ်ခုဖြစ်နိုင်သော်လည်း ၎င်းသည် ဝမ်မင်ယီအတွက်မူ မဆိုးရုံမျှသာဖြစ်လေသည်။ ။
ဝမ်မင်ယီ လုံးဝကို ဂရုမစိုက်ချေ။သို့သော် ဝမ်မင်ယီက ဂရုမစိုက်သော်လည်း တစ်စုံတစ်ယောက်ကတော့ ဂရုစိုက်လေသည်။
....
တရားဝင်ကြေငြာချက်စာရင်းကိုကြည့်ပြီးနောက် ခန်းကျယ်က ဒါရိုက်တာကို နားမလည်နိုင်စွာဖြင့် ဒေါသတကြီးဖုန်းဆက်လိုက်တော့၏။