"ဘာတွေ ဖြစ်နေတာလဲ...ကျန်းဇီမော့က ဘယ်သူလဲ...ချင်ခယ့်နေရာမှာ ဝမ်မင်ယီ သရုပ်ဆောင်မယ်လို ဆုံးဖြတ်ထားတာမဟုတ်ဘူးလား... သူ့ကို ဘာလို့ အစားထိုးလိုက်တာလဲ...ဘာလို့ ကျွန်တော်က မသိရတာလဲ!" ခန်းကျယ်က မေးလိုက်လေသည်။
ဒါရိုက်တာလည်း အလွန်ပင်အကူအညီမဲ့ နေခဲ့သည်။
"ရင်းနှီးမြုပ်နှံသူက ကျန်းဇီမော့ကို ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ခိုင်းခဲ့တာ... ပရိုဂျူဆာကလည်း သဘောတူတယ်...ငါက ဝမ်မင်ယီကို မင်းထောက်ခံပေးခဲ့တာ... ပြီးတော့သူရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်းကောင်းတယ်လို့ ပြောခဲ့ပေမဲ့ ပရိုဂျူဆာကဘူးခါငြင်းနေတာ...မနေ့ညအထိ ငါတို့တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတာ... နောက်ဆုံးတော့ ငါလည်း လက်လျှော့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး... မင်းက သူ့ကို ထောက်ခံပေးခဲ့တာလေ... အခုပြောင်းသွားပြီဆိုတော့ ပရိုဂျူဆာက မင်းစိတ်ဆိုးမှာ ကြောက်လို့ ငါကို မင်းကိုမပြောခိုင်းဘူး ...ငါ တောင်းပန်ပါတယ် ခန်းကျယ်..."
ခန်းကျဲ ကသရော်လိုက်၏။
"ကျွန်တော် စိတ်ဆိုးမှာကြောက်လို့...ကျွန်တော်စိတ်ဆိုးမှာကြောက်ရင် ခါတိုင်းလိုမျိူးပဲ လူ အစားထိုးမနေဘူး...ကျွန်တော်ကတော့ ခင်ဗျားကျွန်တော့်ကို ဂရုစိုက်တယ်လို့ မထင်ဘူး"
"ခန်းကျယ်... ရိုက်ကူးရေးအကြောင်း မင်းသိပါတယ်.. ရင်းနှီးမြှုပ်နှံသူက လူထည့်တယ်ဆိုတာ ပုံမှန်ကိစ္စပါ...နောက်ပြီး ချင်ခယ့်ရဲ့ဇာတ်ရုပ်က အခန်းသိပ်မများတော့ ရင်းနှီးမြှုပ်နှံသူ ကြိုက်တာ ပုံမှန်ပါပဲ...ဒီရလဒ်နဲ့ပတ်သက်ပြီး မင်း မကျေနပ်တာငါသိပါတယ်.. ဒါပေမဲ့ အခုပြီးတဲ့ဟာက ပြီးသွားပြီလေ...ဝမ်မင်ယီအတွက်နဲ့တော့ မင်းက ရိုက်ကူးရေးအဖွဲ့နဲ့ ပြဿနာဖြစ်ဖို့မလိုဘူးမှန်တယ်မလား"
"ကျွန်တော်က ဒါကို ဂရုစိုက်နေလို့လား..."
ခန်းကျယ် ဒါကြီးက ရယ်စရာကောင်းသည်ဟု တွေးမိသည်။
"ဒါရိုက်တာလီ ကျွန်တော် ဒီဇာတ်ကားကို အဲဒီတုန်းကယူလာခဲ့တာ... ကျွန်တော်တွေ့လိုက်တဲ့ ဇာတ်ညွှန်းကပေါက်မဲ့အလားအလာရှိလို့... အခုပရိုဂျူဆာက ဝမ်မင်ယီနေရာမှာ လူပြောင်းလိုက်တယ်...ထည့်လိုက်တဲ့လူသစ်ကလည်း တစ်ခါမှသရုပ်မဆောင်ဖူးဘဲ ကြံရာကျပန်းထည့်လိုက်တာ...အကယ်၍ ဒီလူသစ်က သရုပ်ဆောင် အရည်အချင်း ကောင်းကောင်းရှိရင် ကျွန်တော့်မှာ ပြောစရာ မရှိပါဘူး... တကယ်လို့ ဒီလူသစ် က သရုပ်ဆောင်မကောင်းဘူး ဆိုရင်တော့ ရိုက်ကွင်းထဲမှာ သူ့ကို မျက်နှာသာမပေးလို့ဆိုပြီး ကျွန်တော့် ကို လာအပြစ်မတင်နဲ့..."
"ခန်းကျယ် မင်းဘာပြောလိုက်....."
"ကျွန်တော်က ဒီလိုစရိုက်မျိုးပဲ... ဒါက ခင်ဗျားရဲ့ဆုံဖြတ်ချက်မဟုတ်ဘူး...ပရိုဂျူဆာရဲ့ဆုံးဖြတ်ချက်လို့ပြောခဲ့တဲ့အတွက် ကျွန်တော်ခင်ဗျားကို ခက်ခဲအောင်မလုပ်တော့ဘူး...ကျွန်တော်ဖုန်းချပြီ"
ခန်းကျယ် ထိုသို့ပြောပြီးတာနဲ့ ဖုန်း ချလိုက်၏။
လီချောင် အဆက်အသွယ်ပြတ်တောက်သွားသည့်ဖုန်းကို ကြည့်ကာ စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်မိသည်။
ခန်းကျယ် ဖုန်းချလိုက်ပေမဲ့ စိတ်ပျက်နေဆဲပင်။ အေးဂျင့်က သူ့ကိုအကြံပေးလိုက်၏။
"အရင်ရိုက်ကူးလိုက်... စာချုပ်လည်း လက်မှတ် ထိုးထားပြီးသား... သူတို့က မင်းကို ပိုက်ဆံအများကြီးပေးပြီး လက်မှတ်ထိုးခိုင်းထားတာမင်းခုချိန်ကျမှဝင်သရုပ်မဆောင်ရင် အပြစ်ဒဏ်ကအများကြီးပဲ...မတန်ဘူး...အဲဒါအပြင် စာအုပ်ကစာအုပ်ကောင်းလေးပါ...သူတို့လုပ်တာတွေက ရွံစရာကောင်းလွန်းတယ်"
"နောက်တစ်ကြိမ် ဒါရိုက်တာလီချောင် နဲ့ ပရိုဂျူဆာကျိုးတို့က ဒီလိုကြီးကြီးမားမားကိစ္စကိုတောင် ငါ့ကို ဖုန်းဆက်ပြီးပြောဖို့ ငြင်းပယ်ခဲ့တာလေ... ငါကသဘောကောင်းတယ်လို့များ မင်းတကယ်ထင်နေတာလား"
"ငါသိပါပြီ"
အေးဂျင့်က ပြန်ဖြေလိုက်ပြီး ၊ထို့နောက်သူ ဝမ်မင်ယီအကြောင်းကို ပြန်တွေးလိုက်မိသည်။ အစပိုင်း၌ ဝမ်မင်ယီနှင့်ပတ်သတ်၍ သူ ဘာခံစားချက်မျှမရှိသော်လည်း နောက်ပိုင်းတွင် သူတို့သည် ငလျင်ဒဏ်ကို အတူတူ ခံစားခဲ့ရပြီး အတူတူလွတ်မြောက်လာခဲ့ကာ အေးဂျင့်လည်း သူ့အပေါ် နည်းနည်းလောက်ပိုသဘောမကျဘဲမနေနိုင်ခဲ့။ ဤအကြိမ်တွင် တရားဝင်ကြေငြာချက်ထဲ၌ သူလူစားထိုးခံလိုက်ရသည့်အတွက် အေးဂျင့်လည်းအတော်လေးစိတ်မကောင်းဖြစ်ရပါသည်။
"ရှောင်ဝမ်က သနားစရာလည်းကောင်းတယ် ...နာမည်ကြီးလာခါစရှိသေး ဒီလိုဟာမျိူးနဲ့ကြုံရတယ်လို့...ဒါပေမဲ့ ငါအစောနက သူ့အေးဂျင့်ကို ဆက်သွယ်လိုက်ကြည့်လိုက်တော့ သူကစိတ်အခြေအနေကောင်းပုံရတယ်တဲ့... ဒီကလေးက ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်း ထိန်းချူပ်နိုင်တဲ့ အရည်အချင်းရှိပြီး...စိတ်အခြေအနေကလည်း တစ်ချိန်လုံးကောင်းနေပုံရတယ်....ဒီလိုမျိုးက အတော်ရှားတယ်"
ခန်းကျယ် ဒါကိုကြားတော့ အသက်ပြင်းပြင်းရှူလိုက်ပြီး မသနားမိဘဲမနေနိုင်ခဲ့။
"ငါသူ့ကိုဖုန်းဆက်လိုက်မယ်... ဒါရိုက်တာယွီ နောက်တစ်ကြိမ်ပြန်စတဲ့အခါ သူ့အတွက် တနေရာကို သေချာပေါက်ရမှာ...အဲ့လိုဆို သူအရမ်းဝမ်းနည်းနေမှာမဟုတ်ဘူး"
"ဒါဆိုမင်းသူ့ကိုပြောလိုက်ဦး... ငါအပြင်ထွက်နှင့်မယ်"
အေးဂျင့် စကားဆုံးသည်နှင့် ခန်းကျယ် က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဝမ်မင်ယီကို ဖုန်းဆက်လိုက်၏။
ဝမ်မင်ယီက ဝမ်ဝေ့ နှင့် စကားပြောနေဆဲဖြစ် သည်။ ဝမ်ဝေ့ဘက်တွင် ညပိုင်းဖြစ်ပြီး အိပ်ခါနီးဆဲဆဲ ဖြစ်သော်လည်း ဝမ်မင်ယီ၏ WeChat ကို လက်ခံရရှိပြီးနောက် ဝမ်ဝေ့သည် သူ့ထံမှဖြစ်ကြောင်း တွေ့လိုက်သည်နှင့် ချက်ချင်းပင် တက်ကြွ လာတော့သည်။
" အရင်နေ့က ဧပြီလကုန်မှာ တရုတ်ပြည်ကို ပြန်သွားပြီး audition တွေ စလုပ်မယ်လို့ မင်းအဖေ ပြောတာ ကြားတယ်"
ဒါက တကယ့်ကို တိုက်ဆိုင်မှုပါပင်။ သူ့အချိန်ဇယားကလည်း မကြာသေးခင်ကမှ လစ်လပ်နေခဲ့၏။
"အိုခေ...ကျွန်တော် သိပြီ...ကျွန်တော်သူ့ကို ပြီးရင်သွားတွေ့လိုက်မယ်"
ဝမ်ဝေ့က ခေါင်းညိတ်ပြီး "မင်းကို တွေ့ရင် သူအတော်လေး ဝမ်းသာပြီး စပရိုက်ဖြစ်သွားမှာ"
ဝမ်မင်ယီက လှောင်ရယ်လိုက်ကာ
"အံ့အားသင့်သွားမှာက သေချာပါတယ်...ဝမ်းသာဖို့ကတော့ ဒီကိစ္စမှာမလိုအပ်ဘူး"
"အဟုတ်ကို သူပျော်မှာပါ... သူက မင်းအဖေလေ...သူလည်း မင်းကို လွမ်းနေခဲ့တာ...သူသာကိစ္စတွေနဲ့ ခြေချုပ်မိမနေခဲ့ဘူးဆိုရင်... နှစ်သစ်တုန်းက သူရောအိမ်ပြန်လာခဲ့မှာ"
ဝမ်မင်ယီ ဝမ်ဝေ့ နှင့် စကားပြောနေရင်း ခန်းကျဲ ၏ ခေါ်ဆိုသူ ID ကို တွေ့လိုက်ရသည်။ သူက ဝမ်ဝေ့ကိုပြောပြီး ခန်းကျဲ ၏ ဖုန်းကိုဖြေလိုက်၏။
"ကိုယ်အခုလေးတင် မင်းအကြောင်းသိလိုက်ရတာ"
ခန်းကျယ်က လိုရင်းကို ပြောလိုက်သည် ။
ဝမ်မင်ယီ သူ ဒီကိစ္စအတွက်ဖုန်းခေါ်တာမှန်း သိသော်လည်း သူ သူ့ကို တောင်းပန်စကားဆိုလာမည်ဟုမမျှော်လင့်ထားခဲ့ဘဲ အနည်းငယ် ရှက်ရွံ့သွားမိ၏။
"ရပါတယ် ဒီကိစ္စက ခန်းကောနဲ့ မဆိုင်ပါဘူး...
ကျွန်တော်လည်း နစ်နာတယ်လုံးဝလို့မခံစားရပါဘူး...အဲ့ဒါကြောင့်မို့ ခန်းကော စိတ်ပူစရာမလိုပါဘူး"
"ဒီတစ်ခါကိုယ်တို့ မပူးပေါင်းနိုင်ပေမယ့် နောက်တစ်ကြိမ်ပူးပေါင်းနိုင်စေရမယ်လို့ ကိုယ်ကတိပေးတယ်"
"ကောင်းပါပြီ "
ဝမ်မင်ယီ ပြုံးလိုက်ကာ
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်... တခြား ဇာတ်ညွှန်းကောင်းတွေ ရှိ၊ မရှိ အရင် ကြည့်ပြီး တခြား ဇာတ်ညွှန်းတွေ အရင် ရိုက်ထားလေ...မင်းက အခု အရမ်း ရေပန်းစားနေတာ... ဇာတ်ညွှန်း ရွေးချယ်တဲ့နေရာမှာ ပိုပြီး အာရုံစိုက်ရမယ်...တကယ်လို့ သေချာမဆုံးဖြတ်နိုင်ရင် ကိုယ့်ဆီပို့ပေး လို့ ရတယ်...ကိုယ်မင်းကို ကူကြည့်ပေးမယ်"
ဝမ်မင်ယီက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်မှာ အစီအစဉ်ရှိပြီးသားပါ...စိတ်မပူပါနဲ့ ခန်းကော"
ခန်းကျဲ တကယ်ကို စိတ်အေးမသွားပေ။
"မင်းရဲ့အစီအစဉ်ကဘာလဲ"
"ဒါရိုက်တာ ကျောက်ဝမ်ယွီက ဇာတ်ကားအသစ်စတော့မယ်လို့ ကြားတယ်...ကျွန်တော်သူ့ဇာတ်ကားအတွက် ဝင်အရွေးခံချင်တယ်
ခန်းကျယ် လူငယ်တစ်ယောက်အနေနဲ့ အိပ်မက်တွေရှိတာလဲကောင်းတာပါပဲဟုတွေးမိသည်။
ခန်းကျဲက ခဏလောက်စဉ်းစားပြီး သူ့ကိုပါးပါးနပ်နပ်ဖြင့် ဖြောင့်ဖြလိုက်၏။
"မင်းမှာ ဒီလို ရည်မှန်းချက် ရှိတာ ကောင်းပါတယ်... ဒါပေမဲ့ ကျောက်ဝမ်ယွီက ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးတဲ့နေရာမှာ အတော်လေးတင်းကြပ်တယ်...ပြီးတော့ သူ့မှာ သူသတ်မှတ်ထားပြီးသား တွဲဖက် သရုပ်ဆောင်တွေလည်းရှိတယ်... ဝင်အရွေးခံဖို့က အဲ့လောက်မလွယ်ဘူး"
(T/N–ဟိုက သူ့ဖီဖီပါဂျာ)
"အဆင်ပြေပါတယ်...ကြိုးစားကြည့်လို့ပိုက်ဆံမကုန်ပါဘူး"
"ဒါရိုက်တာကျောက် လူသိရှင်ကြား audition မလုပ်မှာကို စိုးရတယ်...ပြီးတော့ မင်းမှာ ဝင်ခွင့်လက်မှတ်တောင် မရှိဘူးလေ"
"ကျွန်တော် ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း မေးထားပြီးပါပြီ...သူက ဒီဇာတ်ကားအတွက် သရုပ်ဆောင်ရွေးဖို့ audition တွေ စီစဉ်ပေးမှာမို့ စိတ်မပူပါနဲ့ ခန်းကော"
ဒါကတကယ်ကို စိတ်ပိုင်းဖြတ်ထားတာပဲ။ Auditionအကြောင်း တောင်စုံစမ်းပြီးသွားပြီ။ ခန်းကျယ် ဘာပြောနိုင်တော့ပါ့မလဲ? ခန်းကျယ်အနေဖြင့် အိုခေဟုသာ ပြောနိုင်လေသည်။ လူငယ်တွေက *မိုးနှင့်လေကို အမြဲဖြတ်သန်းနေကြရတာပါပဲ။ ဝမ်မင်ယီက ခိုင်ခိုင်မာမာကိုဆုံးဖြတ်ပြီးနေပြီလေ။ သူက အခုချိန် သူ့ရဲ့ယုံကြည့်မှုကို ယိုင်နဲ့အောင်သွားလုပ်စရာမလိုဘူး။
(T/N—အခက်အခဲကြားမှာ ကြိုးစားရုန်းကန်)
"ဒါဆို လုပ်ကွာ!"
"ကောင်းပါပြီ "
ဝမ်မင်ယီ ထိုသို့ပြန်ဖြေပြီးနောက် သူနဲ့ စကားအနည်းငယ်ပြောပြီး ဖုန်း ချလိုက်၏။
စစ်ကျွင်းတောက်သည် ယနေ့တွင် လူမူရေးတွေ့ဆုံပွဲတစ်ခုရှိ၍ ကိုးနာရီထိုးခါနီးမှသာ အိမ်သို့ ပြန်ရောက်ခဲ့သည်။ ဝမ်မင်ယီက သူ့အိပ်ခန်းထဲမှာ သူ့ကိုစောင့်နေခဲ့ပြီး ထိုအချိန်တွင် တစ်ယောက်ယောက် ပြန်လာသည်ကိုတွေ့တော့
စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
စစ်ကျွင်းတောက်ကိုယ်တိုင်က အရက်မသောက်သော်လည်း သူ့လုပ်ငန်းပါတနာက တော်များများပင် သောက်ပြီး ဆေးလိပ်လည်းသောက်လေသည်။ ဝမ်မင်ယီက ဆေးလိပ်နံ့ကို မကြိုက်သောကြောင့် ဝမ်မင်ယီကို ပွေ့ဖက်ပြီးနောက် ရေချိုးရန် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
ဝမ်မင်ယီက ရေချိုးခန်းတံခါးကို ခေါက်လိုက်ပြီး "ကျွန်တော့်လည်း ဝင်ခွင့်ပြုပါဦး...ကျွန်တော်လည်းရေမချိုးရသေးဘူး... အတူတူ ရေချိုးလို့ရတယ်လေ"
စစ်ကျွင်းတောက် သူ့ချစ်သူလေးက စိတ်အားထက်သန်လွန်းပြီး အထိန်းအကွပ်မဲ့လွန်းတယ်ဟု ခံစားရလိုက်ပြီး သူ့နဲ့ယှဉ်ပါက သူက ရှေးဟောင်းပစ္စည်းတစ်ခုလိုပင်။
ဝမ်မင်ယီက တံခါးကိုမလျော့တမ်းထုရိုက်နေပြီး...
"ဝင်ခွင့်ပြုပါ... ဝင်ခွင့်ပြုပါ!"
"ကိုယ့်အခန်းကိုယ်သွားပြီး ရေချိုးချေ"
"ကော ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကိုတောင်မလိုချင်ဘူးလား...ကောဘာလို့ ဒီလောက်မြင့်မြတ်ပြနေရတာလဲ...တစ်ခါတလေလေး စျေးနည်းနည်းပေါပေးလို့မရဘူးလား"
စစ်ကျွင်းတောက် : ... သူက သိပ်ပြီး မြင့်မြတ်နေတာမဟုတ်လို့ပဲ ဝမ်မင်ယီကို အထဲဝင်ခွင့်မပေးရဲတာ အိုခေ!
ဝမ်မင်ယီ တံခါးကို နေ့တစ်ဝက်လောက် ရိုက်ပုတ်နေခဲ့သော်လည်း စစ်ကျွင်းတောက်က သူ့ကို ဖွင့်မပေးကြောင်း တွေ့လိုက်ရ၏။ အစီအစဉ်တစ်ခု ကျရှုံးရင်နောက်တစ်ခုထပ်လာမယ်လေ!
စစ်ကျွင်းတောက် ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူ့အိပ်ခန်းထဲတွင် မည်သူမျှမရှိသည်ကို သူမြင်လိုက်ရသည်။
စစ်ကျွင်းတောက် ဘာကြောင့်မှန်းမသိ "မင်မင်"ဟု
ခေါ်လိုက်မိ၏။
သို့သော် တစ်ဦးတစ်ယောက်ကမျှ တုံ့ပြန်မလာခဲ့။
စစ်ကျွင်းတောက်က အလျင်လိုမနေဘဲ ဝမ်မင်ယီ သူ့အခန်းသူပြန်၍ ရေသွားချိုးတာဖြစ်ပြီး ပြီးမှပြန်လာမှာဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
သူ့ဆံပင်တွေကို သုတ်လိုက်ပြီး ကုတင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်နေလိုက်၏။ ခဏအကြာတွင် ဝမ်မင်ယီ တံခါးဖွင့်ကာ ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူက သိသိသာသာကို ရေချိုးပြီးခါးစဖြစ်သည်ပင်။ နှုတ်ခမ်းများ နီရဲပြီး သွားတွေ ဖြူနေ၏။ ဆံပင်တွေကလည်း ခုထိကောင်းကောင်းမခြောက်သေး၊ ညဝတ်အကျီတောင် ကောင်းကောင်း ဝတ်မထားဘဲ သူ့အင်္ကျီက လျော့တိလျော့ရဲဖြစ်နေသည်။ စစ်ကျွင်းတောက် စကားပြောခါနီးတွင် ဝမ်မင်ယီက လူယုတ်မာပြုံး ပြုံးလိုက်ပြီး တံခါးကိုပိတ်ကာ အိပ်ယာဘေးသို့ မြန်နိုင်သမျှမြန်အောင် ပြေးလာလေ၏။
စစ်ကျွင်းတောက်၏ မျက်လုံးထဲတွင် ချက်ချင်းသံသယများဖြစ်လာသည်။
ဝမ်မင်ယီက မျက်လုံးများကွေးနေအောင်ပြုံးပြနေရင်း ခြေထောက်ကို မြှောက်ကာ ဖိနပ်တွေကို ကန်ချွတ်ပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် စစ်ကျွင်းတောက်၏ ပဟေဠိမျက်လုံးများရှေ့တွင်ပင် သူ့လက်ကို မြှောက်ကာ ဖြည်းဖြည်းချင်းတတိတတိ တိုးကပ်လာပြီး နောက်ဆုံးတွင် သူ့ပေါင်ပေါ်တက်ထိုင်လိုက်လေ၏ ။
ဝမ်မင်ယီက သူ့လည်ပင်းကို လက်လှမ်း ချိတ်တွယ်လိုက်ပြီး ခပ်အီအီလေး ပြောလာခဲ့သည်။
"ကောကော... ဒီလိုမျိုးလကလည်း မှောင်မဲ...လေကလည်းထန်နေတဲ့ညမှာ တစ်ခုခုလုပ်သင့်တယ် မထင်ဘူးလား "
ဝမ်မင်ယီ သူ၏လက်တစ်ဖက်ကိုယူ၍ သူ့(မင်မင်) ကော်လာပေါ်တင်ပြီး မျက်လုံးလေးပေကလက်ပေကလက်လုပ်ကာဖြင့် "ကဗျာထဲကပြောသလိုပါပဲ... *ခါးပတ်တွေက ပိုပိုကာကျယ်လာပေမဲ့ ..
ဘယ်တော့မှငါနောင်တမရခဲ့...ရီရှောင်းကလူတွေကို မျက်တွင်းချောင်လာစေရဲ့..."
ဒီကဗျာက မင်း ဒီလိုမျိုး သုံးဖို့ မဟုတ်ဘူးလေကွာ ! လျှိုရုန်က မင်းကြောင့်သောက်ရမ်းစိတ်ကုန်သွားလိမ်မယ် အိုခေ! ! စစ်ကျွင်းတောက် သူ့စိတ်ထဲမှာ ညည်းညူနေမိသည်။
(T/N–ပန်းချစ်သည့်လိပ်ပြာဟူသည့် လျှိုရုန်ရေးဖွဲ့ထားသည့် တရုတ်ဂန္ထဝင်အချစ်ကဗျာဖြစ်သည်။ ထိုစာပိုဒ်မှာ နိုင်ငံရပ်ခြားရောက်နေသည့် သူတစ်ဦး၏ မွေးရပ်မြေမှ ချစ်ရသူကိုလွမ်းဆွတ်မှုကြောင့် လူက ပို၍ပို၍ပိန်ပါးလာပြီး ခါးပတ်များအကျီများချောင်လာကာ ဖြူရော်နွမ်းနယ်လာသော်လည်း ချစ်ရသူအတွက်မို့နောင်တမရဟုဆိုလို ၊ ဆိုတော့လက်ရှိအခြေအနေနဲ့ဘာမှကိုမဆိုင်တာပါXD )
စစ်ကျွင်းတောက်က ပင်ပန်းနေပြီဖြစ် သော်လည်း ဝမ်မင်ယီကမူ သူ့မျက်လုံးများကို မပြတ်တမ်း ပေကလက်ပေကလက်လုပ်နေဆဲပင်။ မျက်ခွံတွေ ကြွက်တက်မှာ သူစိတ်မပူဘူးလား? စစ်ကျွင်းတောက် ပဟေဠိဖြစ်နေလေသည်။ သူက စိတ်မပူသော်လည်း စစ်ကျွင်းတောက်က စိတ်ပူနေပါ၏။
ထို့ကြောင့် စစ်ကျွင်းတောက် ဝမ်မင်ယီ၏ညဝတ်အကျီပေါ်ရှိ နေကာမျက်မှန်ဝတ်ကာ အချိန်ပြည့်တခြားသူတွေကို လှောင်ရယ်နေပုံရသည့် ဂျက်ကီလိပ်လေးကို တစ်ချက်ကြည်ပြီး လက်လှမ်း၍ သူ၏ညဝတ်အကျီကို ကြယ်သီးတပ်ပေးကာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ဆွဲဆန့်လိုက်သည်။
"ခါးပတ်ပိုကျယ်လာတဲ့အခါ လူတွေနောင်တရကြမလား ငါမသိပေမဲ့ ...ခါးပတ်က ပိုကျယ်လာရင် မင်းအအေးပတ်တော့မှာသေချာတယ်...ပြီးရင်မင်း နောင်တရသွားမှာ... အဲဒါကြောင့် ကောင်းကောင်းဝတ်ဖို့ အာရုံစိုက်"
သူ့ကောက ဘယ်ကလာတာလဲ... ဒီလို အဖြောင့်ငနဲမျိူးက အတော်ရှားသဟ !
စစ်ကျွင်းတောက် ကို သူ့ပေါင်ပေါ်ကလူကို မ,ပြီး စောင်ထဲထိုးထည့်လိုက်၏။
"ညဘက် မမြင်မကန်းနဲ့လူးလိမ့်နေမှာစိုးလို့"
ဝမ်မင်ယီ သူ့လက်မောင်းကို မကျေမနပ်ဖြင့် ထိုးလိုက်ပြီး "ကောကသာ လူးလိမ့်နေမှာ!!
!! ကော ကျွန်တော် နဲ့ ရိုလာကိုစတာ မစီးချင်ဘူးလား!!"
စစ်ကျွင်းတောက်က သူ့ကို အကြံပြုလိုက်သည်။
"ရိုလာကိုစတာ မောင်းဖို့ သိပ်မလွယ်ဘူး...မင်းက အရမ်းငယ်သေးတယ်"
" အမလေးဗျာ ...ကျွန်တော့် အသက်အရွယ်မှာဆို ကျွန်တော်တို့ကျောင်းက လူတော်တော်များများက ဘတ်စ်ကားပေါ်တက်ပြီးနေတာပဲ ဖြစ်ဖြစ်၊ ဘတ်စ်ကားပေါ်တက်မဲ့ လမ်းမှာပဲဖြစ်ဖြစ် ရောက်နေကုန်ကြပြီ"
(T/N–ကားမဟုတ်တဲ့ကားစီးတာကိုပြောတာပါXD)
"အဲဒါ မင်းရဲ့ မဟုတ်တရုတ်တွေ !"
စစ်ကျွင်းတောက်အနေဖြင့် သူတို့အသက်အရွယ်၌ ကားမောင်းချင်သည့် အယူအဆကို အလွန်အမင်းသဘောမတူသည်မှာ ထင်ထင်ရှားရှားပင် ။
"မင်းတို့အားလုံးက ကျောင်းသားတွေပဲရှိသေးတာ လေ ... ကိုယ့်ကိုကိုယ် ထောက်ပံ့နိုင်စွမ်းလည်းမရှိဘူး...အဲ့ဒီတော့ ဒီလိုမျိုးလုပ်ကြ..ပြီးရင် ကောင်မလေးက ကိုယ်ဝန်ရှိသွားပါပြီတဲ့...သူအဲ့အချိန် မွေးနိုင်ပါ့မလား... ဘယ်သူက ကလေးကို ပြုစုပျိုးထောင်မှာလဲ... ငါက ခုထိ မဘွဲ့ရသေးဘူး...ငါတို့ မမွေးနိုင်ရင် ဘယ်လိုလုပ်ရမလဲ... မိန်းကလေးရဲ့ကျန်းမာရေးကို ထိခိုက်မှာလား"
"ဒါပေမဲ့ ကျွန်တော်တို့က နှစ်ယောက်လုံး ယောက်ျားလေးတွေလေ !"
ဝမ်မင်ယီက သူ့ကိုပြန်ပက်လိုက်၏။
"ကျွန်တော်က ကိုယ်ဝန်ရမှာ မဟုတ်ဘူး"
"အဲ့ဆိုဆိုရင်တောင် မင်းက ငယ်သေးတယ်...မင်း အခုဒီလိုအရာမျိုးတွေအပေါ် စိတ်အားထက်သန်နေတာက အသစ်အစမ်းမို့ သိချင်စိတ်နဲ့ အရသာမြည်းကြည့်ချင်ရုံပဲ"
"မဟုတ်ဘူး...ကျွန်တော်ကအဲ့လိုမဟုတ်ဘူး...
ကျွန်တော်ကကောနဲ့ ပိုပြီး နီးစပ်ချင်ရုံပါ"
ဝမ်မင်ယီ သူ့ကို ပွေ့ဖက်လိုက်ကာ ကလူတူတူလေးဆိုလိုက်သည်။
"ကောကျွန်တော်နဲ့ ပိုပြီး မနီးစပ်ချင်ဘူးလား"
" နီးစပ်ချင်တာပေါ့... ဒါပေမဲ့ မင်မင်...ကောတို့အဆင့်တက်တာ အရမ်းမြန်တယ်လို့ မင်းမထင်ဘူးလား"
"မြန်တယ်?"
ဝမ်မင်ယီ နားမလည်ပေ။
စစ်ကျွင်းတောက်က သူ့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး
" ရိုးရိုးသားသားပြောရရင် မင်းက ကောကို ဘာလို့ ရုတ်တရက် ချစ်မိသွားတာလဲ ကော မသိဘူး... ဒါပေမဲ့ မင်းဒီလိုချစ်တာမျိုးကို ကော အရမ်းကြိုက်တာမို့ အကြောင်းပြချက်ကို ကော ဂရုမစိုက်ဘူး...မင်းက အရမ်းငယ်သေးတယ်.. အသစ်အဆန်းတွေအကြောင်း စပ်စုချင်တဲ့ မြီးကောင်ပေါက်အရွယ်ပဲရှိသေးတယ်... ဒါကြောင့် မင်းတွေးလို့ရတာတွေအများကြီးရှိပေမဲ့...ကောမလုပ်နိုင်ဘူး"
"မင်းနည်းနည်းလေးပို ကြီးပြင်းလာတဲ့အခါ မင်းရဲ့ခံစားချက်တွေကို အပြည့်အ၀ အတည်ပြုနိုင်မယ်လို့ ကောမျှော်လင့်တယ်...ပြီးရင် မင်းဒီလိုမျိုးအရာတွေ လုပ်လို့ရပြီ"
ဝမ်မင်ယီက အဓိကအချက်ကို ချက်ချင်းပင် အမိအရသတိထားမိသွားပြီး "အခုချိန်မှာ ကျွန်တော့် ခံစားချက်တွေကို အပြည့်အဝ မသေချာသေးဘူးလို့ ကော ထင်နေလား"
သူက စစ်ကျွင်းတောက် ကိုကြည့်လိုက်ကာ
"ကောက ကျွန်တော်က ကောကို စိတ်ကစားရုံသက်သက်ဖြစ်ပြီးတော့... တဒင်္ဂ အချစ်ရေးကိစ္စရဲ့ အသစ်အဆန်းဖြစ်နေမှုအပေါ် ပျော်မွေ့နေတာ လို့တော့ထင်မနေပါဘူးနော်...ဟုတ်တယ်မလား"
ဝမ်မင်ယီ ပေါက်ကွဲသွားတော့သည်။
"ကောက တကယ်ထင်နေတာပဲ...အာ! ကျွန်တော် သိပ်ကို မှားသွားပြီ! ဒီည နှင်းမကျရင် ကျွန်တော်ရဲ့မတရားမှုအတွက် ကျွန်တော်စိတ်မကောင်းဖြစ်နေတော့မှာပဲ !"
စစ်ကျွင်းတောက်က အသည်းအသန်ထပြောလိုက်၏။
"ကောက အဲ့လိုကြီးအတိအကျထင်တာမဟုတ်ပါဘူး...ကောက....."
"ကောက ကျွန်တော်ကငယ်သေးတယ်...ပြီးတော့
ရုတ်တရက်ကြီး ကောကိုကြိုက်တယ်လို့ ပြောတာမို့ စိတ်မချရဘူး... ကျွန်တော်က ကောနဲ့တကယ်ကြီးအတူတူရှိနေချင်တာမဟုတ်ဘူး... လောလောဆယ် ကျွန်တောအနီးအနားမှာ ဘယ်သူမှမရှိလို့သာ ကောအပေါ်ထားတဲ့ကျွန်တော့်ရဲ့ခံစားချက်တွေကို ရှုပ်ထွေးသွားတာ...ကျွန်တော်က ကောကို ခဏတာအတွက်ပဲ ကြိုက်ချင်ရုံတင်...နောက်နောင်တခြား ချောတဲ့ယောကျာ်းတွေ၊ မိန်းမလှလေးတွေတွေ့ရင် ကောနဲ့ဘိုင့်ဘိုင်လုပ်သွားမှာလို့ထင်နေတာ ဟုတ်တယ်မလား"
ဝမ်မင်ယီ က ဒေါသတကြီး ပြောလာလေသည်။