အပိုင်း ၉၃
Viewers 12k

"အဲ့လို မဟုတ်ပါဘူးကွာ"
စစ်ကျွင်းတောက် သူ့ကို နမ်းကာ နှစ်သိမ့် စကားဆိုလိုက်၏။
"မင်းအခုကောကို တကယ်သဘောကျမှန်း ကောသိတာပေါ့... မင်းနည်းနည်းပိုအသက်ကြီးလာလို့ လူတွေအများကြီးအများကြီးနဲ့တွေ့ကြုံလာခဲ့ရင်... မင်းအပေါ်မှာကောင်းကောင်းဆက်ဆံပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ လူတွေနဲ့တွေ့လာခဲ့ရင် ကောက မင်းအစ်ကိုဖြစ်နေတုန်းဆိုရင်ပိုကောင်းဦးမယ်လို့ မင်းတွေးမိမှာကိုပဲ ကောစိတ်ပူတာပါ...နောက်ပြီးတော့ မင်းက ယောက်ျားလေးတွေကို မကြိုက်ဘူးလေ "
"အဲ့တော့ မင်းအနာဂတ်မှာ တခြားကောင်လေးတွေနဲ့ တွေ့ရင်တွေ့လိမ့်မယ်...အဲ့အချိန်ကျရင် ကောက မာနကြီးပြီး ယုတ္တိမဲ့တယ်လို့ မင်းထင်သွားဦးမှာ...ပြီးတော့ မင်းတခြားလူတွေကို ပိုသဘောကျလာလိမ့်မယ် "
ဝမ်မင်ယီက မကျေမနပ်ဖြစ်စွာဖြင့်
"ကောကျွန်တော့်ကို နည်းနည်းလောက် ယုံကြည်ပေးလို့မရဘူးလား"
စစ်ကျွင်းတောက် ခေါင်းညိတ်ပြကာ သူ့ချစ်သူပေါက်စလေးကို ချော့မော့လိုက်လေသည်။
" အိုခေ... ကော မင်းကို ယုံတယ်"
ဝမ်မင်ယီ၏နှုတ်ခမ်းလေးများ ကွေးတက်သွားခဲ့ပြီး... "ကောကိုကျွန်တော် အခုမှ ရုတ်တရက် ထပြီးကြိုက်တာမဟုတ်ဘူး သိရဲ့လား...ကျွန်တော် အဲ့ဒါကိုအချိန်အကြာကြီး သေသေချာချာ စဉ်းစားနေခဲ့တာ...ကျွန်တော် ကောနဲ့မခွဲချင်သလို စိမ်းကားလည်းမသွားချင်ဘူး...ကျွန်တော်က တစ်ဘဝလုံး ကောရဲ့ညီလေးတစ်ယောက်ပဲဖြစ်နေမယ်ဆိုရင် ကောနဲ့ အမြဲလိုလိုခွဲနေရမှာ... ကောရဲ့ချစ်သူဖြစ်သွားပြီဆိုရင်ကျ ကျွန်တော်တို့ အချိန်ပြည့် အတူတူမခွဲရှိနေရတော့မှာဗျ...."
"ကျွန်တော် ကောနဲ့ တစ်ချိန်လုံး အတူရှိချင်တယ်...ကျွန်တော်တို့က ဘဝတစ်လျောက်လုံး အတူတူရှိနေခဲ့ကြတာမို့ အနာဂါတ်မှာလည်း ထာဝရအတူတူရှိနေရမှာပဲ"
ထိုစကားပြောချိန်တွင် ဝမ်မင်ယီ အနည်းငယ်ရှက်ရွံ့နေခဲ့သော်လည်း သူ၏မျက်လုံးများကမူ
အင်မတိအင်မတန် တောက်ပနေခဲ့ပါ၏။
"ကလေးဘဝကနေ အရွယ်ရောက်ပြီးတဲ့အထိ ကျွန်တော်က ကော ဂရုအစိုက်ဆုံးလူပဲလေ...တကယ်လို့ ကော တခြားတစ်ယောက်နဲ့ တွဲသွားရင် ကျွန်တော်မဟုတ်ဘဲ သူကကောဂရုအစိုက်ဆုံးသူဖြစ်လာမှာ...အဲ့အခါကျရင် ကျွန်တော် ဒါကို လုံးဝလက်သင့်ခံနိုင်မှာမဟုတ်ဘူး... ကျွန်တော်ထပြီး သောင်းကျန်းမိလောက်မှာ...ကျွန်တော် အဲ့လိုမဖြစ်ချင်ဘူး"
ဝမ်မင်ယီ စစ်ကျွင်းတောက်၏ လည်ပင်းကို တွဲခိုလိုက်ရင်း "ကျွန်တော် ဘာတစ်ခုမှ မသိပါဘူး... ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုကိုယ်တော့ ဘယ်သူ့ကို ကြိုက်တယ် ၊ဘယ်သူ့ကိုမကြိုက်ဘူးဆိုတာ သိပါသေးတယ်...ကျွန်တော်ကောနဲ့ နမ်းလို့လည်းရတယ်...ဖက်လို့လည်းရတယ်...ရွံရှာစိတ် နည်းနည်းလေးတောင်မဖြစ်ရုံတင်မကဘူး ....ကျွန်တော် အရမ်းပျော်တယ်...ဒါကြောင့်မို့ ကောကျွန်တော့်ကို နည်းနည်းလောက်တော့ယုံပေးရမယ်..."
ဝမ်မင်ယီ ပြောရင်းပင် အတွေးထပေါက်သွားသည်။
"ဒါမှမဟုတ် ကျွန်တော်က ကိုယ့်ကိုကိုယ် အရင်ဆန်းစစ်မယ်... ပြီးရင် ကိုယ်ကိုကိုယ် သုံးသပ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ခံစားရမယ်...ပြီးတာနဲ့ ကောကို စိမ်းကားပြီး ရှောင်ဖယ်ရှောင်ဖယ်လုပ်မယ်...အဲဒီနောက်ရင်တွေဘာတွေနာပြီးကောကို တိတ်တိတ်လေး ခိုးဂရုမစိုက်ဘဲမနေနိုင်အောင်ဖြစ်လာမယ်... နောက်ဆုံးကျ သည်းမခံနိုင်တော့ဘဲ ခုန်ထွက်လာပြီး ကျွန်တော်တို့တွဲကြစို့လို့ပြောမယ်...အဲ့လိုမျိုးကောကထင်နေတာလား...ဒါကြီးက ကျွန်တော်နဲ့မကိုက်ဘူး..."
ဝမ်မင်ယီက သူ့ကို စိတ်ရင်းမှန်မှန်ဖြင့် အကြံပေးလိုက်၏။
“ ဒီအဆင့်တွေက အရမ်း များလွန်းတယ်...မြန်အောင်လို့ နောက်ဆုံး အဆင့်ကိုပဲခပ်မြန်မြန်တန်းသွားလိုက်လို့မရဘူးလားဟင်...ကျွန်တော်တို့ ပေါင်းဖက်လို့မရဘူးလို့ ဘယ်သူမှမပြောပါဘူး...ကျွန်တော်သာ မိန်းကလေးဆိုရင် လက်ထပ်ပြီးတာကြာလှပေါ့"
စစ်ကျွင်းတောက် မရယ်ဘဲမနေနိုင်တော့။
"လက်ဗွေနှိပ်ပြီးလက်ထပ်မယ်ပေါ့...အတော်လေးအတွေးလွန်နေတာပဲ"
"လီယွမ်ချင်းကပြောတယ်..."
ဝမ်မင်ယီ သူ့ကို ကြည့်လိုက်ကာ "ကျွန်တော် စိတ်တွေ အဆင်မပြေ လို့ဆိုပြီး သူနဲ့ စကားပြောဖူးတယ်... လီယွမ်ချင်းက ကောနဲ့တကယ်မခွဲချင်ဘူးဆိုရင် ကျွန်တော်ကောရဲ့ကောင်လေး လုပ်လို့ရတယ်တဲ့...အဲ့လိုဆို ကျွန်တော်တို့ခွဲစရာမလိုတော့ဘူးတဲ့... အစတုန်းက အံ့သြသွားပေမဲ့ အဲဒါကို ပြန်တွေးကြည့်တော့ သူပြောတာတွေက အရမ်းမှန်တယ်လို့ ခံစားရတယ်...အရင်တုန်းကအဲ့လိုမတွေးခဲ့မိဘူး...မဟုတ်ရင် ကျွန်တော် လုပ်ပြီးနေတာကြာလှပြီရယ်"
စစ်ကျွင်းတောက်က ပြုံးပြီး ဘာမှပြောမလာခဲ့။
ဝမ်မင်ယီ သူ့အနားကို တိုးမှီလိုက်ရင်း "အဲ့ဒါကြောင့်မို့ ကျွန်တော်က အရမ်းငယ်သေးပြီး... ကျွန်တော့်ခံစားချက်တွေက မသေချာမရေရာဘူးလို့မတွေးပါနဲ့....ကျွန်တော်ကအရမ်းကို စိတ်ပိုင်းဖြတ်ပြီးနေပါပြီနော်...အိုခေ?"
"ကောင်းပြီ"
စစ်ကျွင်းတောက်က ခေါင်းညိတ်လိုက်ပြီး "ကော မင်းကို ယုံတယ်"
"တကယ်ယုံတာလား?"
စစ်ကျွင်းတောက် ခေါင်းအသာညိတ်ပြလိုက်၏။
ဝမ်မင်ယီသူ့ကို ကြည့်လိုက်ရင်း သူ သူ့ကိုမယုံသေးဟုသာခံစားနေရသည်။ သို့သော်လည်း ကိစ္စမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ဦးက တစ်ဘဝလုံးအတူရှိသွားမည်ဖြစ်သည်။ စစ်ကျွင်းတောက်က သူ့ကို ထာဝရအတွက်ယုံကြည်လာပါလိမ့်မည်။ သူပြုံးမိသွားရင်း စစ်ကျွင်းတောက်ကို ဖက်တွယ်ကာ နမ်းလိုက်၏။
ကားမမောင်းနိုင်ပေမဲ့ သူတို့တစ်နေတာအကြောင်းကိုတော့ ပြောလိုရပါသေးသည်။ ဝမ်မင်ယီ မီးပိတ်ကာ ဒီနေ့အဖြစ်အပျက်များအကြောင်း သူ့ကိုပြောပြလိုက်၏။
ဝမ်မင်ယီကဲ့သို့ပင် စစ်ကျွင်းတောက်လည်း ကျန်းဇီမော့ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက် လာခြင်းကို နားမလည်နိုင်ချေ။ အထူးသဖြင့် ဝမ်မင်ယီ၏ကာရိုက်တာကို လုယူထားသည်ကိုဖြစ်၏။
"သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ..."
စစ်ကျွင်းတောက်က ပြောလာသည်။
"TVဇာတ်လမ်းတွဲနဲ့ ဇာတ်ကားတွေ အများကြီးပဲ...အဲဒါကို သူက မင်းရဲ့ကာရိုက်တာကိုမှ ရွေးလိုက်တယ်လေ..."
"ဟုတ်တယ်...ကျန်းဇီမော့က အတော်လေးစေ့စပ်သေချာတဲ့လူ....အခု ကျွန်တော်တို့ချစ်သူဖြစ်သွားတာကို မနာလိုဖြစ်ပြီး...ကျွန်တော့်ကို လက်စားချေချင်နေတာ"
စစ်ကျွင်းတောက် မယုံနိုင်စရာပဲဟူ၍သာ တွေးမိသွားသည်။
"ငါအရင်က တကယ်သတိမထားမိခဲ့ဘူး...
သူ့မှာ ဒီလိုမျိုး အရှုံးအမြတ်ကိုအရမ်းအလေးအနက်ထားပြီး ခံစားတတ်တဲ့စိတ်ရှိမှန်း"
"အဲဒါကြောင့် ကျွန်တော်က ကောကိုသူနဲ့အဆက်အသွယ်ဖြတ်ခိုင်းတာပေါ့...ကောတွေ့ပြီမလား...သူကလူကောင်းမဟုတ်ဘူးလို့ ကျွန်တော် ပြောပါတယ်"
စစ်ကျွင်းတောက်က သူ့ကို ပွေ့ဖက်လိုက်ပြီး "မင်းမှန်ပါတယ်...ငါ ဒါကိုဂရုစိုက်လိုက်မယ် ... စိတ်မပူပါနဲ့"
ဝမ်မင်ယီက သူ့အကြောင်းတွေကို ထုံးစံအတိုင်း ပြောပြပေမဲ့ စစ်ကျွင်းတောက်ကို သူ့အတွက်ဖြေရှင်းမပေးစေချင်ခဲ့ ။ တကယ်တမ်းတွင် ကိစ္စကြီးကြီးမားမားလည်း မဟုတ်သည်ပင်။သို့သော် လည်း သူအနေဖြင့် ကျန်းဇီမော့ကို တစ်လျှောက်လုံး မုန်းနေခဲ့သည်ဖြစ်ရာ စစ်ကျွင်းတောက်ကသာ သူ့ကို ကူညီပေးဖို့ ဆန္ဒရှိပါလျှင်လည်း သူတားမည်မဟုတ်ပေ။
"ကော အဲဒါကိုဘယ်လိုလုပ်မှာလဲ" သူက စိတ်ဝင်တစားမေးလိုက်၏။
"သူ့နည်းလမ်းအတိုင်းပဲ သူ့ကိုပြန်ဆက်ဆံပေးလိုက်ကြတာပေါ့"
စစ်ကျွင်းတောက်က ပြောလာခဲ့သည်။
"မြင်းကို မပစ်ခင် လူကိုအရင်ပစ်ရမယ်...
ဘုရင်ကိုမဖမ်းခင် သူခိုးကိုအရင်ဖမ်းရမယ်...
ကျန်းဇီမော့က အဓိကသော့ချက်မဟုတ်ဘူး...
ဝမ်ပေါ်ကသာ အဓိကသော့ချက်ပဲ"
(T/N— ကျန်းဇီမော့အဲ့လိုလုပ်နိုင်တာ ဝမ်ပေါ်ကြော့င့်မို့ ဝမ်ပေါ်ကို အရင်ဖြေရှင်းမယ်ပြောတာပါ)
ဝမ်မင်ယီ သူနားလည်သားပဲဟုတွေးလိုက်မိသည်။
"ဒါဆို ရလဒ်ကို စောင့်မျှော်နေပါ့မယ်"
"အင်း"
စစ်ကျွင်းတောက်က သူ့ကို နမ်းကာ မေးလာခဲ့၏။
"မင်း ဒီဇာတ်ကားမှာ ဝင်သရုပ်ဆောင်ချင်သေးလား... ဒါမှမဟုတ် တခြားတစ်ခုခုလုပ်ဖို့ စီစဉ်နေတာလား"
"ကျွန်တော် တခြားဟာပြောင်းလုပ်ဖို့စီစဉ်ထားတယ်... ဒါရိုက်တာကျောက်က သိပ်မကြာခင်ပြန်လာမှာ"
"ဒါရိုက်တာကျောက် ..."
"ကျောက်ဝမ်ယွီ"
စစ်ကျွင်းတောက် : ...
"အဲ့ဒါ မင်းအဖေပဲ...မင်းက ကျောက်မျိုးရိုးဖြစ်နေတုန်းပဲလေ"
သူပြောပြီးသည့်နောက်တွင် ဝမ်မင်ယီဟူသော နာမည်ကြောင့် သဘောကျကာရယ်မိပြန်သည်။
(T/N–ဝမ်မျိုးရိုးဖြစ်နေလို့)
ဝမ်မင်ယီက နှာခေါးင်းရှုံ့လိုက်ကာ "ကျွန်တော် သူ့ကို ပါးလို့ မခေါ်ချင်ဘူး...သူ့ကိုတွေ့ရင် အဲ့အတိုင်းပဲခေါ်မှာ...သူရှက်သွားအောင်လို့..."
စစ်ကျွင်းတောက် ထိုစကားကိုကြားလျှင် သူ့အနာဂတ်ယောက္ခထီးလည်း သူ့ယောက္ခမလိုပဲ သူ့အမှားတွေကို တက်တက်ကြွကြွ ဝန်ခံ၊ ရဲရဲဝံ့ဝံ့ နောင်တရပြီး သူ့သားရဲ့ မကျေမနပ်မှုတွေကို ဖြေဖျောက်ပေးနိုင်ဖို့ကိုသာ သူမျှော်လင့်မိလေသည်။
ဝမ်မင်ယီသည် "A Day Gone"နှင့်ပတ်သတ်၍ နည်းနည်းမျှပင် သံယောဇဉ်အမျှင်တန်းနေခြင်းမရှိသဖြင့် စစ်ကျွင်းတောက်လည်း အလျင်စလိုမဖြစ်ဘဲ စီးပွားရေးအရတိုက်ခိုက်ရန် သူ့နည်းသူ့ဟန်ဖြင့် ကြိုတင်ပြင်ဆင်မှုများကို တစ်ဆင့်ချင်းလုပ်နေခဲ့သည်။
ဧပြီလ 15 ရက်နေ့တွင် "A Day Gone" ကိုတရားဝင်စတင်ခဲ့ပြီး အဓိကရိုက်ကူးရေး ဝန်ထမ်းများအားလုံး တက်ရောက်ခဲ့ကြသည်။ ကျန်းဇီမော့ သည်လည်း ဖွင့်ပွဲအခမ်းအနားသို့သွားခဲ့၏။ဝမ်ပေါ်က သူ့ကို ယာယီအေးဂျင့် ကူရှာပေးခဲ့ပြီး အေးဂျင့်က သူ၏ဖွင့်ပွဲ ဓာတ်ပုံများကို ရိုက်ယူပြီး ပို့စ်တင်လိုက်သည်။ အင်တာနက်ပေါ်တွင် ရေတပ်ဝယ်ပြီး ကျန်းဇီမော့၏ ဖြူစင်ပြီး အချစ်ဦးပုံစံ မျက်နှာကို စပြီးမားကတ်တင်း*လုပ်လေ၏။
(T/N—ပိုက်ဆံပေးပြီး အကုန်လုံးမြင်အောင်ကြော်ငြာတာပါ)
ခဏအကြာ လူတစ်ချို့က သူ့ရဲ့မားကတ်တင်း
ကို ယုံကြည်သွားပြီး သူ့ကို စိတ်ဝင်စားလာကြသည်။
အေးဂျင့်က သူ့ကို ဖိုရမ်နဲ့Weiboမှာတင်ထားသည့်မားကတ်တင်းပိုစ့်တွေကိုပြလိုက်ရာတွင် ကျန်းဇီမော့ အလွန်ကျေနပ်သွားလေ၏။
"ကျေးဇူးတင်ပါတယ် "
"ရပါတယ် "
ကျောက်ရှောင်ဟွေ့က ပြန်ပြောလိုက်သည်။
"ဒါလုပ်သင့်တဲ့အရာပါ"
သို့သော်လည်း ခဏအကြာတွင် မားကတ်တင်းအကောင့်တစ်ခုထံမှ သတင်းပေါက်ကြားလာခဲ့သည်။ –["A Day Gone" မှချင်ခယ့်နေရာတွင် မူလက ဝမ်မင်ယီအဖြစ် စီစဉ်ထားခဲ့ပြီး ကျန်းဇီမော့က အရင်းအနှီးထည့်ဝင်ပြီး ချင်ခယ့်ဇာတ်ရုပ်ကို လုယူခဲ့ခြင်းဖြစ်ကြောင်း။ သေချာတာပေါ့၊ အရင်းအနှီးက ကျော်ကြားမှုထက် ပိုအရေးကြီးတယ်။]
သတင်းထွက်လာတော့ လူတိုင်းက ချက်ချင်းပင် ဆက်ထိုင်မနေနိုင်ကြတော့။
(မဟုတ်ဘူး၊ကျန်းဇီမော့ က ဒီလိုလူလို မဟုတ်ဘူး)
(သူမဟုတ်မှန်း မင်းဘယ်လိုလုပ်သိလဲ၊ သူ့ကိုအရင်ကဘယ်သူမှမသိခဲ့ဘူး!)
(ငိုးတဲ့မှ!ငါအခုလေးတင် သူမျက်နှာက အကျင့်ကောင်းမဲ့ပုံမပေါ်ဘူးလို့ပြောနေတာ)
(ဟုတ်တယ်! "A Day Gone"မှာ ဝမ်မင်ယီ ပါမယ်လို့တမြန်မနေ့ကမှပြောနေကြသေးတာကို သူမပါတော့ဘူး။သူ့အစား သူဘယ်ကလာမှန်းမသိတဲ့ လူသစ် ကျန်းဇီမော့က ချင်ခယ့်နေရာသရုပ်ဆောင်မယ်တဲ့ ... မထူးဆန်းဘူးလား)
(ကျန်းဇီမော့က audition ဖြေပြီးရလာတာရော ဘာလို့ မဖြစ်နိုင်ရမှာလဲ ? ဝမ်မင်ယီရဲ့ဖန်တွေက တကယ်ကို ယုန်ထင်ကြောင်ထင်နဲ့ သူများကို စွပ်စွဲနေကြတယ်၊အရင်ကကျ ကိပ်မုန့်လျက်ချင်နေကြပြီးတော့အခု မလျက်နိုင်တော့ တစ်ခြားသူကို ပိုက်ဆံထိုးပြီးဝင်လာတယ်လို့ ပြောပြန်ပြီ ။အဲ့တော့ဘာဖြစ်လဲ... တစ်ကမ္ဘာလုံးက နင်တို့တိတိကိုဝိုင်းနှိပ်ကွပ်နေတာလေ)
(ဝမ်မင်ယီကို လွှတ်ထားပေးပါ။ မားကတ်တင်းအကောင့်က ဝမ်မင်ယီလို့အစကစီစဉ်ထားတာလို့ပဲပြောတာလေ။ ဝမ်မင်ယီ ကဒီ"A Day Gone" ဇာတ်ကားကြောင့် ဘယ်လောက်ကြာကြာအညှော်ခံပြီးပြီလဲလို့၊ အခုထိလဲအညှော်ခံနေရတုန်းပဲ။ ဝမ်မင်ယီက မစားရအညှော်ခံဖြစ်နေတာနော်...တကယ်ပါပဲ ။ နင်တို့ကသူ့ကိုကာဗာယူပြီးပြောနေကြတာလေ !)
(ဝမ်မင်ယီရဲ့မျက်လုံးထဲမှာ "Pet Romance"ပဲရှိတယ်နော်...သိဖို့။ ကျေးဇူးတင်ပါတယ်၊ "A Day Gone" က ငါတို့တိတိနဲ့ ဘာမှ မဆိုင်ပါဘူး။ လာလာဆွဲမထည့်ကြနဲ့၊ ကျေးဇူးပဲ)
(ဝမ်မင်ယီ နဲ့ ဘာဆိုင်လို့လဲ၊ ဝမ်မင်ယီက "A Day Gone" လို့ တစ်ခါမှ မပြောဖူးဘူး။ အစကနေ
အဆုံးထိ မားကတ်တင်းအကောင့်ကပဲ အချက်ကျကျပြောနေတာလေ။ ငါ့ကောကောက
သူ့ဘာသူအိပ်နေတာကို အလဟသတ်အပြောအဆိုခံနေရတယ်)
(ငါတစ်ခုပြောချင်လို့၊ ဝမ်မင်ယီကတကယ်ကို "A Day Gone"နဲ့ဆက်သွယ်ခဲ့ပြီးတော့ သရုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပုံရတယ်။ ခန်းကျယ် နဲ့ တွေ့ဆုံမေးမြန်းခန်းကို ကြည့်လိုက်၊ အဲဒီအချိန်တုန်းက ဝမ်မင်ယီ နဲ့ ခန်းကျယ် တို့ရဲ့ အများ ပြည်သူ့ဝန်ဆောင်မှုကြော်ငြာက ထွက်လာပြီးတော့ ခန်းကျယ်ဘက်မှာလည်း လှုပ်ရှားမှုတွေရှိတယ်။ သတင်းထောက်က သူ့ကို 'နောက်ကျရင် အစီအစဉ်တစ်ခုခုများရှိသေးလား' လို့မေးတော့ 'ကျွန်တော် နောက်ထပ်ဇာတ်ကားတစ်ကားရိုက်မယ် 'လို့ပြန်ဖြေခဲ့တာ။
သတင်းထောက်က ထပ်မေးတော့ 'ယုတ္တိရှိရှိတွေးခေါ်ပြီးတော့ အမှုဖြေရှင်းရတဲ့ပုံစံမျိုး'လို့
ပြောခဲ့တာလေ။ သိသိသာသာကို 'A Day Gone'ပဲဟာကို)
(နောက်တော့ သတင်းထောက်က 'ဝမ်မင်ယီ နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ဘယ်လိုခံစားရလဲ၊ ပြန်ပြီးလက်တွဲမှာလား' လို့ မေးတယ်။ သူပြောတာက 'အရမ်းကောင်းတယ်။ မကြာခင် ဒုတိယအကြိမ်ဖြစ်မယ်' တဲ့။ ဟုတ်တယ်၊ 'A Day Gone' အပြင် မကြာခင်မှာ ပူးပေါင်းဆောင်ရွက်မဲ့ဟာက တခြားဘာရှိလို့လဲ ။ ခန်းကျဲက ဒီနှစ် ပထမနှစ်ဝက်မှာ ဒီကားတစ်ကားပဲ လက်ခံခဲ့တာလေ။ တခြား TV ရှိုးတွေနဲ့ ဇာတ်ကားတွေကို လက်မခံခဲ့ဘူး။)
(Fuck!အဲ့ဒါ ဟုတ်ပုံရတယ်)
(A Day Gone" မှာ ဝမ်မင်ယီပါဝင်တာက ခန်းကျယ် ရဲ့ ထောက်ခံချက်ကြောင့်လို့ အရင်က သတင်းပေါက်ကြားခဲ့တဲ့ မားကတ်တင်းအကောင့်ကပဲ ပြောခဲ့တာမဟုတ်ဘူးလား)
"(အစက ဝမ်မင်ယီလို့ရည်ရွယ်ထားပြီးတော့ အဲ့ဒါကိုမှ ကျန်းဇီမော့က လုသွားတာ တကယ်ဖြစ်နိုင်တာပဲ)
(ဝမ်မင်ယီရဲ့ဖန်တွေက သူများတွေကို ထပ်ပြီး သွားပုတ်လေလွင့်ပြောနေပြန်ပြီ။ ကမ္ဘာပေါ်က အရင်းအမြစ်တွေ အကုန်လုံးက နင်တို့မိသားစုပိုင်တာလား)
(အပေါ်ထပ်တက်သွားလို့ ကျေးဇူးပါပဲ။ မင်းစကားမပြောခင် ခန်းကျယ် ရဲ့ အင်တာဗျူးကို အရင် ဖတ်ကြည့်ပါ၊ အိုကေ?နောက်ပြီး ငါ့ကို ဝမ်မင်ယီ့ဖန် လို့ မသမုတ်ပါနဲ့။ ဖရဲသီးစားသူသက်သက်ပဲနော်)
ဖိုရမ်ပေါ်ရှိ အင်တာနက်သုံးစွဲသူများက မပြီးနိုင်အောင် ငြင်းခုံနေ ခဲ့ကြသည်။ မားကတ်တင်းအကောင့်တစ်ခုက ပိုပိုပြီးနာမည်ကြီးလာသည့် ပို့စ်တွေကို တွေ့သွားပြီး ဓာတ်ပုံကိုဖြတ်တောက်ပြီးWeibo မှာ တင်လိုက်၏-[ 'A Day Gone' မှာ မူလက ဝမ်မင်ယီလို့ သတ်မှတ်ထားတာကို ကျန်းဇီမော့က ရိုက်ကူးရေးအဖွဲ့ထဲကို ပိုက်ဆံထိုးသိပ်ပြီး ဝမ်မင်ယီရဲ့ နံပါတ်သုံးအမျိူးသားဇာတ်ဆောင် နေရာကိုလုခဲ့တာတဲ့။ ဘယ်လို့ထင်ကြသလဲဟေ့။](ဖရဲသီးစားလျက်)
မားကတ်တင်းအကောင့်တစ်ခု တင်ပြီးသည်နှင့် ပို့စ်တင်သည့် ဒုတိယနှင့် တတိယ မားကတ်တင်းအကောင့်များလည်းရှိလာမည်ဖြစ်သည်။ အင်တာနက်သုံးစွဲသူများက ရှုစားနေကြပြီး တစ်ယောက်ပြီး တစ်ယောက်ပြောကုန်ကြသည် —["ငလူး! အရှက်မရှိလိုက်တာ!"]
"(အနိုင်ကျင့်ခံနေရတဲ့ ဝမ်မင်ယီက အရမ်းငယ်သေးတော့ မတည်ငွေ မရှိရှာဘူး")
(ဒီ ကျန်းဇီမော့က ဘယ်သူလဲ၊ ငါ တစ်ခါမှ မကြားဖူးဘူး၊ ဝမ်မင်ယီက တော်တော်ချစ်စရာကောင်းတယ်၊ သူ့ရဲ့လဲ့ချီကို ငါကြိုက်တယ်)
(မင်းအဖွဲ့ထဲကို ပိုက်ဆံထိုးဝင်ရုံတင်ဆို ကိစ္စမရှိပါဘူး၊ အခုကျ တခြားတစ်ယောက်ရဲ့ ကာရိုက်တာကိုပါ လုလိုက်သေးတယ်။ ရွံစရာကောင်းလိုက်တာ!)
(ဝမ်မင်ယီက ဖျော်ဖြေရေးနယ်ပယ်မှာ အနိုင်ကျင့်ခံရမယ်ဆိုတာ ငါသိတယ်။ ကျောင်းပဲတက်သင့်တယ်။ ဖျော်ဖြေရေးနယ်ပယ်က လူတွေက ဘယ်လောက်တောင် ဉာဏ်များလိုက်လဲလို့။ ဒါကို ကျောင်းသားတစ်ယောက်အနေနဲ့ သူဘယ်လိုနားလည်နိုင်မှာလဲ။)
အင်တာနက်သုံးစွဲသူများမှာ သမာသမတ်ကျကျ မခံမရပ်နိုင်အောင် ဖြစ်ပြီး ဒေါသအပြည့်ဖြစ်နေ ကြသည်။
မကြာမီပင် [ဝမ်မင်ယီရဲ့ ကာရိုက်တာအလုခံရခြင်း] သည် hot searchတွင် ပါလာခဲ့သည်။
၎င်းကိုတွေ့သည်တွင် ကျန်းဇီမော့ရဲ့ အေးဂျင့် ကျောက်ရှောင်ဟွေ့ က ဆက်ထိုင်မနေနိုင်တော့ဘဲ ကျန်းဇီမော့နှင့် တိုင်ပင်ပြီး ဝမ်မင်ယီအတွက် အပျက်သဘောဆောင်တဲ့ hot searchတစ်ခုဖြစ်သော [ဝမ်မင်ယီက တက်သစ်စတွေကို ဖိနှိပ်နေတယ်]ကို ဝယ်လိုက်၏။
ဖျော်ဖြေရေးလောကထဲက ကွာထျန်း :'[A Day Gone' တရာဝင်ကြေငြာချက်ထုတ်ပြန်ပြီးပြီ။
အင်တာနက်မှာ တင်ခဲ့တဲ့ ဝမ်မင်ယီ အစား တက်သစ်စ သရုပ်ဆောင် ကျန်းဇီမော့ပါလာတယ်။ နောက်ပိုင်းမှာ ကျန်းဇီမော့က ငွေထိုးပြီး ဝမ်မင်ယီရဲ့ကာရိုက်တာကို အရယူခဲ့တယ်။netizen တချို့က ဝမ်မင်ယီရဲ့အဖွဲ့ဆီကနေ တရားမဝင်သတင်းတွေထွက်လာပြီးသိကုန်ကြတယ်။ တက်သစ်စတွေအတွက်တော့ မလွယ်ဘူး။ ဝမ်မင်ယီက လူကြိုက်များလာတာနဲ့ ချက်ချင်းကို တက်သစ်စတွေကို ဖိနှိပ်တော့တာပဲ။မဖြစ်သင့်ဘူး.....]
ဒါပေမဲ့ ဘလော့ဂါက ပို့စ်တင်ပြီး မကြာခင်မှာပဲ Weiboပို့စ် အောက်မှာ ဆဲဆိုကြိမ်းမောင်းမှုတွေ ရှိလာတော့သည်။
(နင်ကလည်း ဒီလိုပုတ်သိုးနေတဲ့ငွေကြောင့်ပဲ တင်တာပဲလေ!!!ဝမ်မင်ယီကိုယ်တိုင်က တက်သစ်စပဲဟာကို နင့်ညီမကြီးကို ဖိနှိပ်တာလား!!)
(ဘလော့ဂါက အသိစိတ်ရော ရှိရဲ့လား၊ မကောင်းတဲ့ပိုက်ဆံရှာရတာ သိပ်လွယ်နေတာလား၊ ကျန်းဇီမော့ ရဲ့ အဖွဲ့က အရမ်းကောင်းတာပဲ။ ခုနလေးတင် တခြားတစ်ယောက်ရဲ့ ကာရိုက်တာကို လုတဲ့သတင်းထွက်လာတာကို အခုကျ မတရားခံနေရတယ်ဖြစ်သွားပြီ!ဘယ်လိုတောင် ပြောင်လိမ်ပြောင်စားပါးစပ်လဲ!)
(ငါတကယ်ကို ပြောစရာစကားမဲ့သွားတယ်! ဝမ်မင်ယီက အစကနေအဆုံးထိ ဒီဇာတ်ကားအကြောင်း တစ်ခွန်းတောင်ဟဘူးလို့လား? လုံးဝပဲ! ရလဒ်ကလား? ပထမဆုံး သူ့ဖန်တွေ အပြောခံရတယ်၊အခုကျ သူက ကျန်းဇီမော့ရဲ့အနင်းခံကျောက်တုံးအနေနဲ့ အသုံးခံရပြန်ပြီ။ ဝမ်မင်ယီကနောက်ခံမရှိတော့ အနိုင်ကျင့်နေတာ!!)
(ဝမ်မင်ယီက ဒီလိုမျိုးလုပ်တာ မဖြစ်နိုင်ဘူး။ ငလျင်မလှုပ်ခင်မှာ ရွာသားတွေကို အဝေးပို့ပေးနိုင် တယ်။ တိုက်ရိုက် ထုတ်လွှင့်မှုမှာ hostရဲ့စကားကိုအတည်ယူပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲရဲ့ အဓိကအချက်တွေကို လူတိုင်းကို ပြောပြနိုင်တယ်။ ဒီလို ရိုးသားတဲ့ကလေးက တခြားသူတွေကို ဖိနှိပ်မှာတဲ့လား? တခြားသူကတောင် သူ့ကိုဖိနှိပ်လုနီးနီးပဲ!)
ချန်လု သည် အင်တာနက်ပေါ်ရှိ လူများ၏ စိတ်အားထက်သန်နေမှုများ စောင့်ကြည့်နေခဲ့ပြီး ဝမ်မင်ယီအား hot search တစ်ခုဝယ်ပေးလိုက်သည်။ ထိုhot searchသည် လူအများကို သူ၏ပွဲဦးထွက်ကတည်းက လက်ရှိအထိ ကြီးကြီးမားမား အဖြစ်အပျက်များကို ပြန်တွေးတောမိစေ၏
ဝမ်မင်ယီ၏ နာမည်ကြီးမှုက တကယ်အကောင်းဘက်ကဟုပြောရပေမည်။ သူ့ရဲ့ ပွဲဦးထွက်ချိန်ကနေ လက်ရှိအချိန်အထိ အင်တာနက်သုံးစွဲသူတွေ၏ အာရုံစိုက်မှုကို ခံခဲ့ရသော အဓိကအဖြစ်အပျက်များသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ၊ ငလျင်ဘေးဒုက္ခနဲ့ တိုက်ရိုက်လွှင့်ကာ စာသင်ခြင်း လိုမျိုး အပြုသဘောဆောင်သည့် အဖြစ်အပျက်တွေသာ ဖြစ်၏။ ထို့အပြင် သူက ငယ်ရွယ်နုပျိုပြီး ရုပ်လည်းချောလေသည်။ အင်တာနက်သုံးစွဲသူများသည် သူကအကောင်းမြင်တတ်ပြီး နေရောင်ခြည်ကဲ့သို့နွေးထွေးတောက်ပသည်ဟု ထင်ကြ၏။ နှိုင်းယှဉ်ကြည့်လျှင် သူ့ထက်အသက်ကြီးပြီး ရာဇဝင်တွင်လောက်သည့် ပွဲဦးထွက်ထွက်ချင်း ဝမ်မင်ယီ၏ကာရိုက်တာကို လုယူခဲ့သူ ကျန်းဇီမော့ သည် အမှန်တကယ်ပင် စနိုးဝှိုက်ကို အနိုင်ကျင့်သည့် ရက်စက်ကြမ်းကြုတ်သော ဘုရင်မနှင့်တူလေ သည်။
ဝမ်မင်ယီနှင့် ဖက်ပြောဖိုပင်အဆင့်မရှိဟုထင်ကြသည့် အင်တာနက်သုံးစွဲသူများနှင့် ဖန်များအားလုံးသည် ကျန်းဇီမော့၏ Weibo သို့အပြေးသွားကာပြောကြကုန်၏။
(ဇာတ်ကောင်လုဖို့ ပိုက်ဆံလက်သိပ်ထိုးရတာပျော်ရဲ့လား?ပွဲဦးထွက်ပြီးချင်းချင်းကို တခြားတစ်ယောက်ရဲ့ဇာတ်ကောင် ခိုးတဲ့နေရာမှာတကယ်တော်တာပဲ)