အပိုင်း၄၂
Viewers 6k

Chapter 42

(တစ်ယောက်က သဘောမတူညီခြင်း)


ပြင်ပကမ္ဘာမှာ စောစောက အဆောက်အဦးနှင့် လုံးဝခြားနားသည့် ကမ္ဘာတစ်ခုလိုပင်။ သူတို့ပြိုင်ပွဲကွင်းကို ပြန်ရောက်သည့်အခါမှာ သူတို့မျက်နှာအား အပူလှိုင်းတွေ ရိုက်ခတ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ယခု မွန်းတည့်ချိန်ဖြစ်၍ နေက ခေါင်းပေါ်ရောက်နေသည်။ ပြိုင်ပွဲဝင်များသည် ကွင်းအလယ်တွင် ထိုင်ကြသည်။ သူတို့မျက်နှာတွေက အနည်းငယ်နီနေပြီး အပူဒဏ်ခံနေကြရ၏။


 ပြိုင်ပွဲကို အောက်မှာထိုင်ကြည့်နေသူ လူငယ်သူဌေးလေးများကတော့ မတူပေ။ သူတို့အနီးတွင် လေအေးပေးစက် တပ်ဆင်ထားပြီး အဆာပြေ ဖျော်ရည်များလည်း ရှိသည်။ ပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရန်အတွက် သူတို့၏ ထိုင်ခုံတစ်ခုစီတွင် တက်ဘလက်အသေးတစ်လုံးလည်း ပါရှိသဖြင့် သူတို့အားလုံး အလွန်စိတ်အေးလက်အေးရှိကြသည်။မိနစ်နှစ်ဆယ်လောက် စောင့်ပြီးမှ နည်းပညာဌာနက လူတွေ ရောက်လာပြီး အိမ်ရှင်ကို တစ်ခုခု ပေးလိုက်ကာ အိမ်ရှင်၏ နားနားကိုကပ်၍ တိုးတိုးလေးပြော၏။


 “ကောင်းပြီ သူငယ်ချင်းတို့ နည်းပညာဌာနက လူတွေ လာပြီး ပြိုင်ပွဲအကြောင်း ဆွေးနွေးကြပါတယ်... အကဲဖြတ်ဒိုင်တွေ အဆုံးအဖြတ်ပေးပြီးတဲ့အခါမှာ ပြိုင်ပွဲက ဒီမှာတင် ပြီးဆုံးပါပြီ.  ပထမနေရာက မစ္စစုမုန့် နဲ့ ဒုတိယနေရာက မစ္စတာ ရှန့်ကျန်း ပါ”


အိမ်ရှင်က ကွင်းလယ်ကိုပြန်လာပြီး ရလဒ်များကို ပြုံးပြုံးလေး ကြေငြာလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ကြီးမားသော စခရင်ပေါ်တွင် ပြိုင်ပွဲရလဒ်များကိုပြသသည်။ စုမုန့် နှင့်ရှန့်ကျန်းတို့၏ နာမည်တွေက ထိုစခရင်ပေါ်မှာ တဖြည်းဖြည်း ပေါ်လာကြသည်။ယခင်ပြိုင်ပွဲများမှာ စုစုပေါင်း လေးပွဲရှိခဲ့သည်။ ပထမပွဲစဉ်သည် ကျရှုံးသူများကို ပြိုင်ပွဲမှ တိုက်ရိုက် နုတ်ထွက်ခိုင်းမည်ဖြစ်သည်။  နောက်ဆုံးသုံးပွဲမှာ အမှတ်ပေးစနစ်အပေါ် အခြေခံထား၏။ တွေ့ရှိခဲ့သောသဲလွန်စ၊နောက်ဆုံးပြီးစီးချိန်နှင့် အခြားအရာများပေါ်တွင်မူတည်သည်။ နောက်ဆုံးပွဲက ဖိုင်နယ်ဖြစ်ကာ မတူညီပေ။ယခုတော့ ဒုတိယပွဲမှာတင် ပြိုင်ပွဲက ချက်ချင်းပြီးသွားသည်။ အခြားပြိုင်ပွဲဝင်များအတွက်၊ ဤသည်မှာ ပြန်လည်ပြင်ဆင်၍ အမှတ်ပြန်ဖြည့်ရန် အခွင့်အရေးကို ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။


 "ဒါက ပြိုင်ပွဲစည်းမျဉ်းနဲ့ မညီဘူး...ပုံမှန်ဆို လေးပွဲရှိရမှာလေ… ဒုတိယပွဲက ခဏလေးနဲ့ ပြီးသွားပြီဆိုတာ မတရားဘူး" 


 "မစ္စတာ ရမ်ထူ… ဒါက အကဲဖြတ် ဆရာကြီး တော်တော်များများ စုပေါင်းပြီး ဆုံးဖြတ်ခဲ့တာပါ, မေးစရာတွေရှိရင် သူတို့ အလာကိုစောင့်ပေးပါ”  


အိမ်ရှင်သည် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို လိုက်နာကာ ပြုံးပြီးပြောနေပြီး သူ့မျက်နှာမှာ မကျေနပ်မှုနည်းနည်းမှ မရှိပေ။


 “ဆုံးဖြတ်ချက်က ပြဿနာမဟုတ်ပေမယ့် ပထမနေရာက အမျိုးသမီးဖြစ်နေတယ်လေ...သူမက ဖုန်းရွှေပညာရှင် ဆိုလည်းဟုတ်တယ်...ဒီဟာက သြဇာအရှိဆုံး ဖုန်းရွှေပညာရှင် ပြိုင်ပွဲပါ... အရင်တုန်းက ပြိုင်ပွဲမှာ အမျိုးသမီးတစ်ယောက်မှ မပါခဲ့ဖူးဘူး...အခု စပြိုင်ပြိုင်ချင်း အမျိုးသမီးပညာရှင်က ပထမနေရာကို ရရတယ်ဆိုတာ  မသင့်တော်ဘူး!"  


ရမ်ထူ က စုမုန့် ကို အထင်အမြင်သေးမှုအပြည့်နှင့်ကြည့်ကာ ပြောလိုက်၏။ထို့အပြင် စုမုန့် ရရှိခဲ့သည်မှာ မှတ်ပုံတင်ကတ်မဟုတ်ဘဲ ဖိတ်စာတစ်စောင်ဖြစ်ကြောင်း ပြန်သတိရမိသည်။ ဖိတ်စာကတ် ဆိုသည်မှာ ဖုန်းရွှေပညာရှင် ပညာရပ်တွင် အလွန်ဂုဏ်သိက္ခာရှိသော ဆရာတစ်ဦးမှသာလျှင် ရရှိနိုင်သော အရာဖြစ်သည်။ စုမုန့် က ငယ်ရွယ်သော်လည်း ထိုကတ်ကို ရနိုင်ခဲ့၏။  သူမ၏ ရုပ်ရည်ကို အကဲခတ်ကြည့်ပါက သူမသည် ငွေကြေးချမ်းသာ၍ ရောက်လာခဲ့ခြင်းဖြစ်နိုင်သည်။ အစွမ်းထက်သော အမျိုးသမီး ဖုန်းရွှေပညာရှင်အကြောင်းကို သူ တစ်ခါမှ မကြားဖူးပေ။


 "မစ္စတာရမ် ရှင်ပြောချင်တာက ပြိုင်ပွဲက ချက်ချင်းပြီးသွားလို့ မကျေနပ်တာမဟုတ်ဘဲ ကျွန်မက မိန်းမဖြစ်နေရက်နဲ့ပထမနေရာကို ရခဲ့လို့မဟုတ်လား"


ရမ်ထူသည် မနေ့ကတည်းက သူမအပေါ် အမြဲတမ်း အပြစ်ရှာနေခဲ့သည်။  သူမ သူ့ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ၏ ခံစားချက်တွေကို ဘယ်သူမှ မရိပ်မိနိုင်ချေ။ 


ရမ်ထူ က လက်ပိုက်လိုက်ပြီး “ဟုတ်တယ်...မင်းက ဖိတ်စာလည်း ရထားတယ်... မင်းရဲ့အသက်အရွယ်နဲ့ အရည်အချင်းအရ မင်းဖိတ်စာလက်ခံဖို့ အရည်အချင်းမပြည့်မီနိုင်ဘူး"


 ဖုန်းရွှေပညာရှင်များသည် အဆင့်အတန်းမြင့်သည်။သူဌေးကြီးများပင်လျှင် တန်ခိုးကြီးသော ဖုန်းရွှေပညာရှင်များကို ယဉ်ယဉ်ကျေးကျေး ခေါ်ကြရသည်။ ရမ်ထူသည် မြစိမ်းတောင်ဂိုဏ်းမှဖြစ်သည်။  သူတို့၏ဂိုဏ်းတွင် တင်းကျပ်သော လူသစ်စုဆောင်းမှုစနစ်ရှိ၍ တပည့်အနည်းငယ်သာရှိသော်လည်း အားလုံးသည် အရည်အချင်းရှိသူများဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးကိုလည်း အပြင်လူများက လေးစားခဲ့သည်။  


ရမ်ထူ သည် စုမုန့်ကို ပြိုင်ပွဲတွင် တိုက်ရိုက်မေးခွန်းထုတ်ဝံ့သည်မှာ ထိုသို့သော ဂိုဏ်းကြီးထဲကလာသူဖြစ်၍ မာနကြီးနေခြင်းဖြစ်သည်။ သူသည် ဂိုဏ်းထဲတွင် ပါရမီရှင်ဖြစ်ကြောင်းမှာ ထင်ရှားသည်။ အကြိမ်တိုင်း ပထမနေရာကို ရခဲ့သော်လည်း ယခုတစ်ကြိမ်မှာတော့ ဒုတိယနေရာတောင် မရခဲ့၍ မကျေမနပ်ဖြစ်နေရသည်။


စုမုန့် က ခေါင်းညိတ်ပြီး "ဒါဆို ဒီရလဒ်ကို ရှင်က ဘယ်လိုလက်ခံနိုင်မှာလဲ"


ရမ်ထူ ကသာ မကျေနပ်သူ တစ်ဦးတည်း မဟုတ်ကြောင်း သူမ သိသည်။  ရမ်ထူ ပြောတာသည်လည်း မှန်နေ၏။စည်းမျဥ်းစည်းကမ်းအရ သူမသည် အတည်တကျ စာရင်းမသွင်းခဲ့ပေ။ သူမ၏ ဆရာကြောင့်သာမဟုတ်ပါက သူမပါဝင်နိုင်မှာမဟုတ်ပေ။


ရမ်ထူ ၏ထင်မြင်ချက်ကို သူမဂရုမစိုက်သော်လည်း ဖုန်းရွှေပညာရှင် အသိုင်းအဝိုင်းသည် အလွန်သေးငယ်သည်။ ထို့အပြင် ရမ်ထူသည် ဂိုဏ်းကြီးတစ်ခုမှဖြစ်သည်။ အကယ်၍ သူမ ဂရုမစိုက်ပါက၊ နောင်တွင် ထိုလူများက သူမကို မကောင်းပြောခဲ့လျှင် သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သည်။ ထိုအခါ သူမလည်း ငွေရှာလို့မရနိုင်တော့‌ေပ။


ယခု သူမသည် ဤအခွင့်အရေးကို အသုံးချ၍ စည်းရုံးသိမ်းသွင်းကာ နာမည်ကို ပို၍ကျော်ကြားအောင် လုပ်နိုင်ပေမည်။


(ဆက်နွယ်နေသော ဆရာတပည့်...)


“ဘယ်ပြိုင်ပွဲဝင်ကမှ ဒီပြဿနာကြီးကို မဖြေရှင်းနိုင်သေးဘူး... သူတို့အားလုံးက နာမည်ကြီးပေမယ့် မင်းအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး” 


ရမ်ထူ သည် အလွန်မောက်မာစွာ ပြောဆိုလေသည်။


 “ဒါဆို ကျွန်မတို့ ဘာကို တိုက်ရမယ်ဆိုတာ ဆုံးဖြတ်လိုက်လေ...တစ်ယောက်ချင်းဆီ ပြိုင်မယ်ဆို ဘယ်လိုလဲ...ကျွန်မက သုံးပွဲထဲက နှစ်ပွဲလုံးအနိုင်ရတယ်… ရှုံးရင် ဒီပြိုင်ပွဲကနေ နုတ်ထွက်မှာပါ…  ဒီအဆင့်ကို မလိုချင်ဘူး…ဒါပေမယ့် ရှင်ရှုံးရင်…”


 စုမုန့် က ရမ်ထူ ကို ကြည့်ကာ ခဏရပ်လိုက်သည်။


 "ငါရှုံးရင် မင်းကို ငါတောင်းပန်မယ်"


 ထိုစဉ် ရမ်ထူ က ကြားဖြတ်ပြောလိုက်တယ်။


 “မင်း တော်တော် အရှက်မရှိတာပဲ... စုမုန့် ရှုံးရင် ပြိုင်ပွဲကနေ နှုတ်ထွက်ရပြီး မင်းကကျတော့ တောင်းပန်ရုံပဲလား..."  


ဘေးနားရှိ ရှန့်ကျန်းက သည်းမခံနိုင်တော့ဘဲ သူ့ကို လှောင်ပြောင်လိုက်သည်။ ရမ်ထူ ကလည်း ရှန့်ကျန်းကိုပြန်ကြည့်၏။


 "ဘယ်သူက ဘယ်သူ့ကိုကြောက်တာလဲ...သူသည် အထီးကျန်မိစ္ဆာ ကြယ်ပွင့် ဖြစ်၍ ရမ်ထူ လိုမျိုး ငကြောက်ကို ကြောက်စရာလား..."


အိမ်ရှင်က သူ့နားပေါ်ရှိ bluetooth နားကြပ်ကို ထိရန် လက်လှမ်းလိုက်သည်။ ထိုအခါဖုန်းခေါ်ဆိုမှုကဲ့သို့ပင် နားကြပ်ပေါ်ရှိ အပြာရောင်မီးသည် လင်းလက်သွားသည်။သူက တစ်ဖက်ကို နားထောင်ရန် နားရွက်ကို အနည်းငယ်စောင်းကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စုမုန့် နှင့် ရမ်ထူ ကိုကြည့်ကာ 


" ဆရာကြီးတွေက မင်းတို့ ပြောနေကြတာကိုကြားပြီး မင်းတို့ နှစ်ယောက်ပြိုင်မယ့်ကိစ္စကို စိတ်ဝင်စားတယ်တဲ့" 


 “အရင်က ဒီလိုအခြေအနေမျိုး ကြုံဖူးတယ်...ဒီတော့ မဟာဆရာသခင်က သူပဲ စည်းကမ်း ချမှတ်တာ ပိုကောင်းမယ်လို့ ပြောတယ်...မင်းတို့ဘယ်လိုထင်သလဲ"


စုမုန့် သည် မဟာဆရာသခင်ဆိုသူ၏ ရာထူးကို မသိသော်လည်း ရမ်ထူ က ကောင်းစွာသိသည်။မဟာဆရာသခင်က စိတ်ဝင်တစားရှိနေ၍ သူ တခြားမည်သည့်စကားမျှ မပြောဝံ့ဘဲ လျင်မြန်စွာ သဘောတူလိုက်သည်။


 အိမ်ရှင်က ဆက်ပြီး 


“ မစ္စစု ရှုံးရင် ပြိုင်ပွဲကနေ နုတ်ထွက်မှာပါ... မစ္စတာရမ်ရှုံးရင် မစ္စစုကို သူ့ရဲ့ ဆရာမအဖြစ် အသိအမှတ်ပြုလိမ့်မယ်”


စုမုန့်: “…”


သို့သော်၊သူမ စိတ်ထဲဝယ် ဤမုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းအမျိုးသားကို သူမ၏တပည့်အဖြစ် လုံးဝမလိုလားပေ။ ထို့အပြင် ဤလူသည် စိတ်ဓာတ်လည်း ဆိုးသည်။


"ဘယ်ဆရာမျိုးက ဝင်ပါလာပြန်ပြီလဲ.."


 စိတ်ထဲမှာ သူ့ကို လှောင်ပြောင်နေသော်လည်း သူမက ခပ်တည်တည်ပင်  ရမ်ထူကို လှည့်ကြည့်သည်။ သူ့မျက်နှာအမူအရာက ပြောင်းလဲသွားသော်လည်း သူ မငြင်းဆန်ခဲ့ပေ။


 " ဖုန်းရွှေပညာရှင်တစ်ယောက်ဟာ တစ်ချိန်တည်းမှာ စွမ်းရည်၊ သတ္တိ၊ သတိနဲ့ တခြားအချက်တွေ ရှိရမယ်...ဒါမှသာ ဖုန်းရွှေ ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းနိုင်မှာပါ...  ပြိုင်ပွဲ ပထမအကျော့မှာ ဘယ်သူက အင်းစာရွက်‌ဆွဲတဲ့နေရာမှာ ပိုတော်တယ်ဆိုတာကို ကြည့်ရလိမ့်မယ်လို့ ဆရာကြီးက ပြောပါတယ်”  


အိမ်ရှင်က ဝန်ထမ်းများကို လက်ဟန်ပြကာ ကိရိယာတန်ဆာပလာတွေ ယူလာခိုင်းသည်။


“အဲဒီနေရာမှာ နယ်နိမိတ်အင်းစာရွက် တစ်ခုဖြစ်အောင် ဆွဲပါ...မဟာဆရာသခင်က ချက်ချင်းရောက်လာပြီး စစ်ဆေးပါမယ်”


ဝန်ထမ်းတွေက စားပွဲနှစ်လုံး ယူလာပေးသည်။ ကိရိယာတန်ဆာပလာများကို စားပွဲပေါ်တွင် တင်ထားပြီးဖြစ်သည်။


စုမုန့် နှင့် ရမ်ထူ က စားပွဲဆီကို လျှောက်သွားလိုက်သည်။ထို့နောက် စုတ်တံတစ်ချောင်းကို ကောက်ကိုင်ကာ အနီရောင်သစ်ကြံပိုးခေါက်တွင် နှစ်ပြီး အင်းကွက်ဆွဲကြသည်။နယ်နိမိတ်အင်းစာရွက် များသည် ဖုန်းရွှေပညာရှင်များ ဖြစ်လာရန် စတင်လေ့လာရာ၌ လိုအပ်သော အရာတစ်ခုဖြစ်သည်။ သူတို့ နှစ်ယောက် အတော်လေး ရင်းနှီးပြီးသားဖြစ်၍ စက္ကန့်အနည်းငယ်အတွင်း ပြီးသွားသည်။


မကြာမီ အဘိုးအိုတစ်ယောက် စင်ပေါ်ကို ဖြည်းညှင်းစွာ လျှောက်လာသည်။  သူ့ကြည့်ရသည်မှာ အသက် 60 လောက်ရှိပုံရသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် ဝဖိုင့်နေပြီး ဆံပင်နှင့် မုတ်ဆိတ်က ဖြူနေသည်။ သူသည် ပညာရှိတစ်ယောက်လိုပင်။ အဘိုးအိုကိုတွေ့သောအခါ ရမ်ထူ ပြုံးလိုက်ကာ  အဘိုးအိုအား ရိုသေစွာ ဦးညွှတ်ပြီး 


“မင်္ဂလာပါ  ဆရာအဖိုး"


သူတို့နှစ်ယောက်ဟာ ဂိုဏ်းတစ်ခုတည်းက ဖြစ်နိုင်သည်။ ရှန့်ကျန်း သည် ချက်ချင်းပင် စုမုန့် လှည့်စားခံရကြောင်း သိလိုက်ရသည်။ ဤအဘိုးကြီးသည် သူ၏ တပည့်နှင့်တစ်ဂိုဏ်းတည်းကပင်။ အဘိုးအိုသည် သူ့လက်ထဲတွင် 7စင်တီမီတာခန့်ရှိသော ကြွေပုလင်းကို ကိုင်ထားသည်။ သူက ရမ်ထူ နံဘေးကို လျှောက်သွားပြီး သန့်ရှင်းသည့် စုတ်တံအသစ်ကို ကောက်ယူလိုက်ကာ


ပုလင်းတစ်ခုထဲတွင် အကြိမ်အနည်းငယ်နှစ်ပြီး ပန်းချီကဲ့သို့ ရေးဆွဲထားသည့် ကမ္ဗည်းပြားပေါ်တွင် အညီအမျှ သုတ်လိမ်းလိုက်သည်။


စင်မြင့်အောက်က ဧည့်သည်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေဖို့ ကင်မရာက စက္ကူကိုသာ အာရုံစိုက်ထား၏။ လူတိုင်း၏အကြည့်အောက်တွင် စက္ကူသည် တဖြည်းဖြည်း အရောင်ပြောင်းသွားပြီး နောက်ဆုံးတွင် စာရွက်တစ်ခုလုံး မီးခိုးရောင်ဖြစ်သွားသည်။


 အဘိုးအိုက ခေါင်းတညိတ်ညိတ်နှင့် ချီးမွမ်းလိုက်သည်။


 “ဟင်...အင်းစာရွက်ကို တိုက်ရိုက်ဖျက်ဆီးထားတာ မဟုတ်ဘူး…မဆိုးဘူး၊ မဆိုးဘူး…အရမ်းထိရောက်တယ်"


အခြားသူများက ဘာကိုဆိုလိုသည်ကို နားမလည်ကြသော်လည်း လက်ရှိ ဖုန်းရွှေပညာရှင်များသည် ကောင်းစွာနားလည်ကြသည်။ ဤရေကို မသန့်ရှင်းသောရေဟု အများအားဖြင့် သိကြသည်။ တစ်ယောက်က သွားထိလျှင် ကံဆိုးခြင်းများ ကူးစက်နိုင်၏။ထို့ကြောင့် ထိုမသန့်ရှင်းသောရေနှင့် အင်းစာရွက်ကို သွားပွတ်ပါက အင်းစာရွက်သည် ရေရှိ ယင်စွမ်းအင်ကို သန့်စင်ပေးလိမ့်မည်။  


ရမ်ထူ၏ အဆောင်သည် မီးခိုးရောင်ပြောင်းသွားသော်လည်း ထိရောက်ဆဲဖြစ်သည်။သို့သော် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။


"မဟာဆရာသခင် သူ့ကို ချီးကျူးမနေပါနဲ့  မစ္စစုရဲ့ လက်ရာကို မတွေ့ရသေးဘူးမလား”  


ရှန့်ကျန်း က ရမ်ထူ ကို ချီးမွမ်းနေသည့် အဘိုးအိုကို ကြည့်ပြီးဝင်ပြောလိုက်သည်။ အဘိုးအိုသည် ထိုစကားကိုကြားသောအခါ အနည်းငယ်စိတ်မကောင်းဖြစ်သွားပုံရသည်။  သူက ရှန့်ကျန်း ကို ကြည့်လိုက်ပြီး ဤကောင်လေးက ဘယ်ဂိုဏ်းကလဲဟု တွေးမိသည်။ သို့သော် လူများလွန်းသဖြင့် သူ ဒေါသထွက်ဟန်မပြဘဲ စုမုန့်၏ အင်းကိုကြည့်လိုက်သည်။


စုမုန့် အလှည့်ရောက်သောအခါ အဘိုးအိုသည် စုတ်တံကို ရေအများကြီးဝင်အောင် ရေနှစ်မြှုပ်လိုက်သည်။ ထို့နောက် ရေများကျလာသောအခါ စုမုန့်၏ အင်းစာရွက်ပေါ်တွင် သုတ်ကာ စက္ကူကို အနှံ့အပြား စိုစွတ်စေသည်။


ရှန့်ကျန်း သည် ဘေးမှ အနီးကပ်ကြည့်နေရင်း အဘိုးအို၏ လုပ်ရပ်ကို မြင်သောအခါ မကျေမနပ်ဖြင့်


 “အဲဒါ မမှန်နိုင်ပါဘူး...စောစောက မဟာဆရာသခင်က မစ္စတာရမ် ဟာမှာကျ ရေအများကြီး မသုံးထားဘူးလေ”



xxxxxx