အပိုင်း၄၅
Viewers 7k

Chapter 45

(ကျေးဇူးပဲ)


နှစ်ယောက်သား အေးအေးဆေးဆေး သောက်နေကြသည်။ ခဏအကြာတွင် ဖုန်း ringtone သံမြည်လာသည်။


ဝေ့ရွှယ် ဖုန်းကိုထုတ်လိုက်ရာ မက်ဆေ့ချ်ကိုတွေ့လိုက်သည်။သူမ ဖတ်ပြီးနောက် ကျိုးကျာ အား ပြုံးကာ ဂုဏ်ယူစွာဖြင့်


 “ပြီးပြီ...အခုသွားပြီး အစ်ကိုဝေ့ထင်ကို ရှာတော့"


သူမက စုမုန့် ကို အခုလေးတင် အပေါ်ထပ်တက်ခိုင်းထား၍ ဝေ့ထင် ဆီကို သူမချက်ချင်းလိုက်သွားဖို့ မသင့်တော်ပေ။ ကျိုးကျာသွားခြင်းက ပိုသင့်တော်သည်။


ကျိုးကျာ သည်လည်း ဤတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုစိတ်ရှိသည်။ အကယ်၍ သူမသာ ဝေ့ထင် နှင့် တစ်ယောက်တည်း နေခွင့်ရပါက၊ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။သူမ၏ ၀တ်စုံနှင့် ဆံထုံးကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက်တွင် ဖုန်းမှတစ်ဆင့်မှန်ကြည့်လိုက်သည်။ပြီးလျှင် သူမ စိတ်ထဲမှာ ပြီးပြည့်စုံသည်ဟု အတည်ပြုပြီးနောက် အပေါ်ထပ်ကို လျှောက်လာခဲ့၏။


ဝေ့ထင် ၏ အခန်းနံပါတ်ကို ဝေ့ရွှယ် ပြောပြဖို့မလိုအပ်ပေ။ဝေ့ထင် ရောက်လာကတည်းက သူမသိပြီးသားပင်။ကျိုးကျာ ၏ စွဲမက်ဖွယ် ကောင်းသော ဝတ်စုံနှင့်ကိုယ်နေဟန်ထားကိုကြည့်ကာ ဝေ့ရွှယ်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားသည်။ ကျိုးကျာ သည် ဝေ့ထင် နှင့် ပတ်သက်၍ တခြားမသင့်‌လျော်သော အတွေးများ မရှိနိုင်ဟု သူမ မျှော်လင့်မိသည်။သို့မဟုတ်ပါက၊စုမုန့်အပြင် သူမအတွက် ပြိုင်ဘက်တစ်ယောက်တိုးလာပေမည်။ 


 အပေါ်ထပ်သို့ တက်နေပြီဖြစ်သော ကျိုးကျာ သည် ဝေ့ရွှယ် ဘာတွေတွေးနေမှန်းမသိချေ။ သူမစိတ်ထဲတွင် ဝေ့ရွှယ် သည် ဝေ့ထင် ၏ ညီမဖြစ်သည်။ ဝေ့ရွှယ်က သူမအား စုမုန့် နှင့် ဆက်ဆံရာတွင် ကူညီနေသရွေ့ ဝေ့ထင် ၏ဇနီးရာထူးသည် သူမအတွက် သေချာပေါက်ဖြစ်လာမည်ဖြစ်သည်။


ဝေ့ထင် တံခါးဝကို ရောက်သွားလျှင် ကျိုးကျာ အသက်ပြင်းပြင်းရှူလိုက်သည်။ထို့နောက် သူမလက်ကို မြှောက်ကာ တံခါးကိုဖြည်းဖြည်းချင်း ခေါက်လိုက်သည်။


 "ဥက္ကဌဝေ့… ညစာစားပွဲကစ နေပြီလေ အခုထိ ဆင်းမလာသေးလို့ ကျွန်မ စိတ်ပူပြီး လာမေးတာပါ...တစ်ခုခု အကူအညီလိုတာများ ရှိသလား"


ကျိုးကျာ က နူးညံ့သိမ်မွေ့သောလေသံဖြင့်ပြောသည်။သူမ စကားဆုံးသောအခါ အခန်းတံခါးပွင့်လာပြီး အေးစက်တင်းမာသောမျက်နှာတစ်ခု ထင်လာ၏။ဝေ့ထင် သည် များသောအားဖြင့် သိပ်မပြုံးတတ်ပေ။ယခုဆို သူ၏ဓာတ်မတည့်မှုကြောင့် အခြေအနေက သိပ်မကောင်းသဖြင့် ပို၍တောင် တင်းမာခက်ထန်နေသည်။ သူ့ပုံစံက သူစိမ်းများနှင့်စကားမပြောချင်သလိုမျိုးဖြစ်နေလေသည်။ 


ကျိုးကျာ သည် သေးသွယ်ပြီး အရပ်ပုကာ ဝေ့ထင်က အလွန်အရပ်ရှည်သည်။ ထို့ကြောင့် သူမသည် ဝေ့ထင် ၏ မျက်နှာကို မြင်ရန် ခေါင်းကိုအတင်းမော့ထားရသည်။သူမအတွက် ဝေ့ထင်နှင့် ယခုမှ ပထမဆုံးအကြိမ် နီးနီးကပ်ကပ်နေဖူးခြင်းပင်။ သူမ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ နေရာတွင်ပင် မလှုပ်မရှား ရပ်နေမိသည်။


သို့သော် ဝေ့ထင်အတွက်မူ ကျိုးကျာ သည် သူ့ထွက်လမ်းကို ပိတ်ဆို့ထားသည်ဟုသာ ထင်ခဲ့သည်။


 "ကျေးဇူးပြုပြီး...လမ်း"  


ဝေ့ရွှယ် သူ့ကို လာခေါ်ချိန်မှာ သူ အဝတ်အစားတွေလဲပြီး၍ အောက်ဆင်းချိန်ဖြစ်သည်။ မထင်မှတ်ပဲ ကျိုးကျာ က တံခါးဝမှာ ရပ်နေ၍ သူ ခဏစောင့်ကြည့်သည်။သို့သော်လည်း  သူမက မတုန်မလှုပ်ဖြစ်နေ၍ သူ သတိပေးလိုက်သည်။  


 "အိုး တောင်းပန်ပါတယ်"


သူမ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သိလိုက်ရသဖြင့် ကျိုးကျာ အနည်းငယ် ရှက်ရွံ့သွားကာ ထိတ်လန့်တကြားဖြင့် နောက်ပြန်ဆုတ်ခဲ့လိုက်သည်။ထိုအခါ သူမ၏ ဒေါက်မြင့်ဖိနပ်သည် စကတ်ထောင့်အား တက်နင်းမိသွားသည်ကို သူမ သတိမထားမိလိုက်ပေ။ သူမ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်လှုပ်ခါကာ ဘေးသို့ လဲကျသွားလေသည်။


ဝေ့ထင် မျက်မှောင်ကြုတ်ပြီး သူမကို ဖမ်းဖို့ လက်လှမ်းဆွဲလိုက်သည်။  ကျိုးကျာ သည် ကြိုးမဲ့ဂါဝန်ကို ၀တ်ထား၍ ဝေ့ထင် သူမကို လွှတ်လိုက်လျှင် သူမကိုယ်လုံးတီးဖြစ်မှာ သေချာသည်။ မလိုလားအပ်သည့် အဖြစ်များကို ရှောင်ရှားနိုင်ဖို့ သူမကို ကူညီနိုင်ခဲ့၏။


 “ခေါင်းမူးနေတာမလို့ပါ...  ကျေးဇူးတင်ပါတယ် ဥက္ကဌဝေ့" 


ကျိုးကျာ သူ့ကို ကျေးဇူးတင်ပြီးနောက် ဘေးနားကိုဖယ်ပေးလိုက်၏။ 


ဝေ့ထင် ခေါင်းညိတ်လိုက်ပြီး တံခါးကိုပိတ်လိုက်သည်။ ထို့နောက် ကျိုးကျာ ကို လျစ်လျူရှုကာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။


ကျိုးကျာ သည် သူမအား ကူညီပေးခဲ့သည့် ဝေ့ထင် ကြောင့် ပျော်ရွှင်နေဆဲဖြစ်သည်။ ဝေ့ထင် က ရုပ်ရည်ချောမော၍ ထက်မြက်သူဖြစ်ကာစီးပွားရေးလုပ်ငန်းများကို ဦးဆောင်နိုင်သူဖြစ်သည်။ ယင်းကြောင့် သူမသည် ဝေ့ရွှယ် ၏ ယောင်းမဖြစ်ရန်စိတ်ပိုင်းဖြတ်ခဲ့သည်။ သူမသာလျှင် ထိုကဲ့သို့သောလူနှင့် ထိုက်တန်သည်။


ဝေ့ထင် ခပ်ဝေးဝေးအထိ ထွက်သွားသည့်တိုင်အောင် ကျိုးကျာ အံ့သြမှုကိုမျိုသိပ်ကာ သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။


 အောက်ထပ်မှာ သတင်းစောင့်နေသည့် ဝေ့ရွှယ်သည် ဝေ့ထင်နှင့်ကျိုးကျာတို့ အတူတူ ဆင်းလာသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးပုံရသည်။ ကျိုးကျာ သည် ကျေကျေနပ်နပ် ပြုံးနေသဖြင့် သူမ ရင်ထဲ ဒိန်းကနဲမြည်ဟည်းသွားရ၏။ ဤမြင်ကွင်းက သူမ ဘယ်လိုပဲကြည့်ကြည့် အတော် အမြင်ကတ်စရာပင်။ သို့သော်လည်း ဤအရာများသည် ယခုအချိန်တွင် အရေးမကြီးပေ။အရေးကြီးဆုံး အပိုင်းကတော့ မကြာခင် ရောက်ရှိလာတော့မည်ဖြစ်သည်။


“အစ်ကိုဝေ့ထင် ဆင်းလာပြီလား... ဘယ်လိုခံစားရလဲ...ဘာလို့ အခန်းထဲမှာ ခဏလောက် ဆက်မနေရတာလဲ"  


ဝေ့ရွှယ် က ဝေ့ထင် နှင့် ကျိုးကျာ ကြားတွင် မရည်ရွယ်သလိုမျိုး အတင်းကြားဖြတ်၍ဝင်လိုက်၏။ 


 "အာ" 


ထို့နောက် သူမသည် အနားသို့ လျှောက်သွားစဉ် ခန္ဓာကိုယ်က ရုတ်တရက် စောင်းသွားကာ ဝေ့ထင် ဘက်သို့ လဲကျချင်ဟန်ဆောင်လိုက်၏။ သို့သော် ဝေ့ထင်ကို သူမ မထိမီ သူမ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်မှ ဖမ်းထားပြီးဖြစ်သည်။ သူမ လှည့်ကြည့်လိုက်တော့ ဖမ်းပေးသူက ကျိုးကျာ ဖြစ်နေသည်။


ကျိုးကျာ သည် ဝေ့ရွှယ် ၏လက်ကို လှမ်းဆွဲလိုက်ပြီးနောက် သူမကို ထိန်းကိုင်ထားကာ


"ရှောင်ရွှယ် သတိထား...နင့် ဒေါက်မြင့်ဖိနပ်တွေက အရမ်းမြင့်တယ်လေ..လဲကျသွားမယ်"


 သူမ၏ ရည်မှန်းချက် မပြည့်ဝသဖြင့် ဝေ့ရွှယ်က ကျိုးကျာကို ခံစားချက်မရှိသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ 


"ကျေးဇူးပဲ"


(ညစ်ညမ်းဗီဒီယိုကို လူရှေ့သူရှေ့မှာ ပြသခြင်း)


“ငါတို့နှစ်ယောက်ကြားမှာ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး...ငါတို့က သူငယ်ချင်းကောင်းတွေပဲ” 


ဝေ့ရွှယ် က သူမကို တစ်ကယ်ကျေးဇူးတင်နေသည်ဟု ထင်သဖြင့် ကျိုးကျာ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။သူမသည် ဝေ့ရွှယ်၏ ယောင်းမဖြစ်လာဖို့အတွက် သူမ အတတ်နိုင်ဆုံးကြိုးစားရပေမည်။ထို့ကြောင့် ဝေ့ရွှယ်၏ လက်ကို ကိုင်ထား၍ သူမ စိတ်ကျေနပ်အောင် အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။


လေထုသည် ခဏတာ တုန်လှုပ်သွားသည်။ ဝေ့ထင်သည် သူမတို့ နှစ်ယောက်ကို စိတ်မဝင်စားဘဲ အဝေးကို လှမ်းကြည့်သည်။ထိုအခါ လူအုပ်ထဲမှာ စုမုန့် မရှိသည်ကို တွေ့လိုက်ရ၏။


"သူမ မလာခဲ့ဘူးလား..."


ဤနေရာမှာ လူများနေသဖြင့် သူမ  အနားယူဖို့ တစ်နေရာရာမှာ ထိုင်နေခဲ့ခြင်းဖြစ်နိုင်သည်။ဝေ့ထင် သူမကို ရှာချင်သော်လည်း သူ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ခန်းမအတွင်းရှိ မီးလုံးများ တစ်ဝက်ခန့် ပိတ်သွားကာ မီးလုံးမှိန်မှိန်လေးများသာ ကျန်တော့သည်။


ဝေ့ရွှယ် နှင့် ကျိုးကျာ ၏ မျက်လုံးများ တောက်ပလာသည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်မှုဖြင့် စူးစူးရဲရဲ ကြည့်နေကြသည်။ တစ်ယောက်ကိုတစ်ယောက်၏ မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ မြင်နေရလေသည်။


 စင်မြင့်ပေါ်ရှိ ဖန်သားပြင်ကြီးသည် ရုတ်တရက် တောက်ပလာသည်။ တေးဂီတသံတစ်ခုကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် လူတိုင်း တိတ်ဆိတ်သွားပြီး ဖန်သားပြင်ကို ကြည့်ကြသည်။ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုသည် ဟိုတယ်ရှိ အခန်းတစ်ခုနှင့်တူသည်။ကင်မရာမှန်ဘီလူးသည် တံခါးပေါက်မှ အတွင်းဘက်သို့ တောက်လျှောက်သွားကာ မိန်းကလေးအဝတ်အစားများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို ရိုက်ပြထားသည်။


 ကင်မရာသည် အတွင်းခန်းရှိ ကုတင်ဆီသို့ ဖြည်းညှင်းစွာ လှည့်လိုက်သောအခါ ကုတင်ပေါ်ရှိ မြင်ကွင်းသည် လူတိုင်းကို ဟင်ကနဲဖြစ်သွားစေ၏။


"ဒါက ဘာလဲ...ညစ်ညမ်းရုပ်ရှင်ကြီးမလား..."


ဤနေရာရှိ လူများအားလုံးမှာ ချမ်းသာပြီး တန်ခိုးကြီးမားသူများဖြစ်ကြသည်။ 


"ဒီလို ဇာတ်ကားမျိုးကို ဒီလူတွေရှေ့မှာ ဘယ်သူကများ ဒီလောက် ရဲရဲတင်းတင်း ပြသခဲ့တာလဲ..."


သို့သော် အချို့လူများက ဖြည်းညှင်းစွာ ပြုံးကြသည်။ သူတို့စိတ်ထဲမှာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု သူတို့ ခံစားရ၏။


 ရှုပ်ပွနေသော ကုတင်ပေါ်တွင် လူနှစ်ယောက် လဲလျောင်းနေ၏။ ပထမဆုံး ဗီဒီယိုထဲတွင် ရှင်းရှင်းလင်းလင်းမြင်ရသူမှာ အမျိုးသား တစ်ယောက်ဖြစ်သည်။ သို့သော် ထိုလူသည် ကုတင်ပေါ်တွင် လဲလျောင်းနေသဖြင့် သူ့မျက်နှာကို မည်သူမှမမြင်နိုင်ပေ။ ထို့အပြင် ရှည်လျားပြီး ဖြူဖွေးနူးညံ့သော ခြေတံနှစ်ချောင်းကိုလည်း မြင်ရသည်။

ထိုခြေထောက်များကိုမြင်သည်နှင့် ဝေ့ရွှယ် နှင့် ကျိုးကျာ တို့ တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာနှင့် လက်ချင်းကိုင်ထားလိုက်သည်။သူတို့ နှစ်ယောက်လုံး အလွန်ပျော်သွားသည်။


 ....


စုမုန့် ဖျက်ဆီးခံရသည်ကို မြင်လိုက်ရသည်အတွက် ဝေ့ရွှယ် ဝမ်းသာသွား၏။


"စုမုန့် က ယောက်ျားတွေကို လှည့်စားတာ မကြိုက်ဘူးလား… ဝေ့ထင် ရဲ့ အာရုံကို သူမ အဆွဲဆောင်နိုင်ဆုံး မဟုတ်လား..."


ယခုဆို စုမုန့်သည် နာမည်ကြီးလာရုံတင်မကနိုင်ပေ။ ယနေ့မှစ၍ သူမက ဝေ့ထင် အနားမှာတွယ်ကပ်နေမည်ကို သူမ စိုးရိမ်နေစရာမလိုတော့ပေ။ဝေ့ထင် သည် စုမုန့်အပေါ် သဘောထားပျော့ပျောင်းနေသော်လည်း ဝေ့မိသားစုထဲသို့ ဝင်ရန် အရည်အချင်းမရှိတော့ပေ။ ကျိုးကျာ အင်မတန်ပျော်သွားသည်။ စုမုန့်သည် ပျံ့နှံ့နေသော ကောလဟာလတွေကို အတည်ပြုခဲ့သလိုမျိုး ဖြစ်သွားနိုင်သည်။ထိုမျှမကသေး၊စုမုန့်သည် ထိုသို့သောအမှုကို ပြုပြီးနောက် ဝေ့ထင်၏ဇနီးအဖြစ် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပေ။ ဝေ့ထင် နှင့် စုမုန့်တို့ ကွာရှင်းပြီးသည်နှင့် သူမမှာလည်း အခွင့်အရေးရှိလာနိုင်သည်။သူမတို့နှစ်ဦး စိတ်လှုပ်ရှားလွန်းသောကြောင့် လက်များနီရဲနေသည်ကိုပင် ဂရုမစိုက်ဘဲ တင်းတင်းဆုပ်ကိုင်ထားကြသည်။


ကင်မရာသည် အဖြူရောင်ခြေထောက်နှစ်ဖက်ပေါ်တွင် ခဏရပ်ပြီး နောက်ဆုံးတွင် အပေါ်ဘက်သို့ ရွေ့လျားလာသည်။ထို့နောက် ဗိုက်သားများနှင့် ရင်သားတစ်ဝက်ကို ထင်ရှားစွာ မြင်လာရသည်။


 "သူ့ပုံစံက မဆိုးဘူး"


သူ့ဘေးနားမှ တစ်စုံတစ်ယောက်သည် နှိမ့်ချသော အသံဖြင့် ချီးကျူးကာ သူ့မျက်လုံးများက ဖန်သားပြင်ကို စေ့စေ့ကြည့်နေသည်။ချီးမွမ်းသံကိုကြားလျှင် ဝေ့ရွှယ် ရယ်ချင်စိတ်ဖြစ်သော်လည်း နူးညံ့ပြေပြစ်သော ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် စိတ်ထဲမှာသာ ရယ်မောနိုင်သော်လည်း သူမ၏ မျက်နှာမှာ ဘာမှမထူးခြားပေ။


နောက်ဆုံးတွင် ကင်မရာက သူမ၏မျက်နှာဆီသို့ ရွေ့သွားသည်။ဝေ့ရွှယ် အံကြိတ်ကာ ရယ်ချင်စိတ်ကို တားသည်။သို့သော် သူမ မမျှော်လင့်ထားသည့် ထိုမျက်နှာလေး ပေါ်လာသောအခါ သူမ၏ စိတ်သည် ရိုလာကိုစတာကဲ့သို့ ဖြစ်နေရကာ ချက်ချင်း အေးခဲသွား၏။


" ဘယ်လိုဖြစ်နိုင်မလဲ... ကင်မရာထဲက အမျိုးသမီးဟာ တစ်ကယ်တော့..."


 “ဟေ့ ခဏနေဦး...  ဒီလူကို ငါအရင်တွေ့ဖူးသလိုပဲ"


 “ငါလည်း သူ့ကို အရင်ကလည်း တွေ့ဖူးတယ်လို့ ထင်တယ်... သူမ အရမ်းရင်းနှီးတယ်... ငါစဉ်းစားကြည့်ဦးမယ်"


မိန်းကလေး၏မျက်နှာ ပေါ်လာသောအခါတွင် လူအုပ်ကြီးသည် ဖန်သားပြင်ပေါ်ရှိ ချစ်စဖွယ်ကောင်းသူလေးမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ရန် ကြိုးပမ်းလာကြသည်။


ဝေ့ရွှယ် သည် ကျိုးကျာ ၏လက်ကို လွှတ်လိုက်ပြီး လှည့်ကြည့်သည်။


 “အခုမှ မှတ်မိတယ်...သူမက ဝေ့မိသားစုရဲ့ သခင်မလေးမလား...စောစောကတောင် တွေ့သေးတယ်...သူမလည်း ညစာစားပွဲကို လာခဲ့တယ်"


 "ဝေ့မိသားစုရဲ့ သခင်မလေး...သူ့နာမည်က ဝေ့ရွှယ် လား...သူမနဲ့ ရင်းနှီးတဲ့ သူရှိလား...သူမ ဟုတ်မဟုတ် ကြည့်ရအောင်"


ဝေ့ရွှယ် မထွက်သွားခင်မှာ သူမ ထိုအသံများကို ကြားလာရသည်။


 "အို...ဒါ ဝေ့မိသားစုရဲ့ သခင်မလေး  မဟုတ်ဘူးလား"  


လူတစ်ယောက်က သူမကိုတွေ့လျှင် ချက်ချင်းအော်လိုက်၏။ သူ့အော်သံကြောင့် အားလုံးက လှမ်းကြည့်ကြသည်။ သူတို့၏ အဆင့်အတန်းကို ဂရုမစိုက်ဘဲ အလွန်တရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုကြသူတွေတောင် ရှိကြ၏။


“ကြည့်လေ...သူမက ဟိုထဲက ကောင်မလေးနဲ့တူနေတယ်လေ...ဝေ့မိသားစုရဲ့ ဂုဏ်သိက္ခာရှိတဲ့ သခင်မလေးက ဒီလိုမျိုးကြီး တစ်ကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”



xxxxxx