အပိုင်း ၁၁၁
Viewers 35k

Chapter 111




ကျောင်းအပြောင်းအရွှေ့ကိစ္စကို လျင်မြန်စွာ ဖြေရှင်းပြီးနောက် ကျိယွီရှောင် လင်းဖေးနှင့်ကျိလဲ့ယွီကို ကျောင်းအသစ်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ခဲ့သည်။


သူက ကလေးနှစ်ယောက်ကို ဆရာမလက်သို့အပ်၍ ဂရုစိုက်ပေးရန် တောင်းဆိုခဲ့သည်။


ဆရာမ၏မျက်နှာက ပြုံးနေသော်လည်းစိတ်ထဲတွင် ကလေးနှစ်ယောက်၏စရိုက်အတွက် စိတ်ပူနေလေသည်။


မိဘများက သူတို့ကလေးများ ထူးချွန်ရန်အတွက် ကျောင်းပြောင်းလာကြသော်လည်း အမှန်တွင် ပြောင်းရွှေ့ကျောင်းသားများ၌ တကယ်ထူးချွန်သူက နည်းပါးလေသည်။  


သူက လင်းဖေးနှင့် ကျိလဲ့ယွီကို စာသင်ခန်းထဲသို့ ခေါ်သွားပြီး အတန်းဖော်များနှင့်မိတ်ဆက်ပေးလိုက်ကာ နေရာစီစဉ်ပေးလိုက်သည်။


ထို့နောက် အတန်းပြီးသွားသောအခါ အတန်းခေါင်းဆောင်ကို ခေါ်လိုက်ပြီး ကျောင်းသားသစ်များအတွက် လိုအပ်သည်များအတွက် ဂရုစိုက်ပေးရန် မှာလိုက်သည်။


အတန်းခေါင်းဆောင်က အသားညိုသည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး အလွန် စိတ်အားထက်သန်သူလည်းဖြစ်သည်။ ထို့ကြောင့် ဆရာရုံးခန်းမှ ထွက်လာသည်နှင့် လင်းဖေးနှင့် ကျိလဲ့ယွီ၏စားပွဲသို့ သွားလိုက်လေသည်။


ကျိလဲ့ယွီက သန့်စင်ခန်းသွားနေပြီး လင်းဖေးသာ နေရာတွင် ရှိလေသည်။


လင်းဖေး၏အေးစက်သောမျက်နှာကြောင့် အတန်းခေါင်းဆောင်က သတိမမူမိစွာ အသံတိုးတိုး ပြောမိသွားလေသည်။


"ငါ့နာမည်က ကျန်းထင်း…အတန်းခေါင်းဆောင်ပဲ…မင်း တစ်ခုခု နားမလည်တာရှိရင် ဒါမှမဟုတ် အကူအညီလိုလာရင် ငါ့ကို လာပြောလို့ ရတယ်…"


လင်းဖေး :"ကျေးဇူးတင်ပါတယ်…"


"ရပါတယ်…"


ကျန်းထင်းက ပြုံးကာ ပြောလိုက်သည်။


လင်းဖေးက ပြောင်းရွှေ့ကျောင်းသားဖြစ်သည့်အတွက် စာသင်ကြားပုံ မတူညီမည်ကို စိုးရိမ်၍ ကျိလဲ့ယွီ၏ထိုင်ခုံတွင် ၀င်ထိုင်လိုက်ကာ မေးလိုက်သည်။


"မင်း အရင်က သင်ခဲ့တာတွေ ဘယ်ရောက်နေပြီလဲ…"


လင်းဖေး :"..."


လင်းဖေးက စာအုပ်ကို ဖွင့်ပြလိုက်ပြီး နောက်ဆုံးသင်ခဲ့သည့် နေရာကို လက်ညှိုးထိုးပြလိုက်သည်။


ကျန်းထင်းက အနီးကပ် ကြည့်လိုက်ပြီး လင်းဖေးက မသိစိတ်အရ အဝေးသို့ ဆုတ်လိုက်လေသည်။


သန့်စင်ခန်းမှ ပြန်လာသည့် ကျိလဲ့ယွီက ထိုမြင်ကွင်းကို မြင်လိုက်ရသည်။


ဘာဖြစ်သွားတာလဲ…


သူ အိမ်သာသွားနေတုန်း ဘာလို့ သူ့နေရာမှာ လူတစ်ယောက် ရောက်နေတာလဲ…


သူက လင်းဖေးနဲ့ သူငယ်ချင်းဖြစ်‌ချင်နေတာလား…


လင်းဖေးမှာ သူငယ်ချင်း ရှိသွားပြီလား…


သူက လင်းဖေးရဲ့ အကောင်းဆုံး၊ အရေးကြီးဆုံး ၊ ခွဲမရတဲ့ သူငယ်ချင်းလေ…


တခြားသူငယ်ချင်းတွေကို လက်မခံနိုင်ဘူး…


သူ ဒေါသတကြီး ကျန်းထင်းဘေးသို့ လျှောက်သွားလိုက်သည်။


"‌ဒါက ငါ့ထိုင်ခုံ…"


ကျန်းထင်း အမြန်မတ်တပ်ရပ်လိုက်သည်။


"မင်း ဒီမှာ မရှိလို့ ငါ ထိုင်လိုက်တာပါ…"


"အခု ငါ ရှိနေပြီလေ…"


ကျန်းထင်းက ကျိလဲ့ယွီ၏အကြည့်ကြောင့် လင်းဖေးစားပွဲဘေးသို့ လျှောက်သွားလိုက်သည်။


"ဘာလို့ ထွက်မသွားသေးတာလဲ…"


ကျန်းထင်း :"..."


"ငါ မင်း သင်ခဲ့တာတွေကို ကြည့်မလို့…"


ကျိလဲ့ယွီက 'ကြည့်စရာ မလိုဘူး'ဟု ပြောမည်ပြင်လိုက်သော်လည်း တစ်စုံတစ်ယောက်က သူ့မျက်နှာကို ညှစ်လိုက်လေသည်။


လင်းဖေး :"..."


သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ လင်းဖေး ဖြစ်နေ၏။


"ထိုင်တော့…"


ကျိလဲ့ယွီက ထိုင်ခုံပေါ်သို့ နာခံစွာ ထိုင်ချလိုက်သည်။


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ပုတ်လိုက်၏။


"လိမ္မာပါ…"


ကျိလဲ့ယွီက အချော့ခံရသောကြောင့် ပျော်ရွှင်သွားပြီး ကျန်းထင်းကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။


'မင်းတွေ့လား…ငါတို့က သူငယ်ချင်းကောင်းတွေ…သူက ငါ့ကို အကြိုက်ဆုံးပဲ…"


သို့သော် လင်းဖေးက ကျန်းထင်းဘက်လှည့်ကာ စကားပြောလိုက်လေသည်။


"မင်းတို့သင်တာ ဘယ်ရောက်နေပြီလဲ…"


ကျိလဲ့ယွီ :"..."


လင်းဖေးက ဘာလို့ သူ့ကို စကားပြောနေသေးတာလဲ…


လင်းဖေးက ပုံမှန်ဆို ဒီလိုမျိုး စကားစမပြောတတ်ပါဘူး…


ကျိလဲ့ယွီ ဒေါသထွက်သွားပြီး တစ်ဖက်လူကို မောင်းထုတ်ချင်သော်လည်း လင်းဖေးက သူ့ခေါင်းကို ပုတ်လာလေသည်။


ကျိလဲ့ယွီ :"..."


'အိုကေ…စကားတစ်ခွန်းလောက်ပဲ…သူ အဖြေပြန်‌‌ပေးပြီးမှ သူ့ကို မောင်းထုတ်လိုက်မယ်…'


ကျန်းထင်းက စာအုပ်တစ်နေရာကို ညွှန်ပြလိုက်၏။


"ဒီရောက်နေပြီ…မင်းတို့ထက် နည်းနည်းပဲ ကြိုရောက်သေးတယ်…"


"ကျေးဇူးတင်ပါတယ်…"


"ရပါတယ်…မင်း တစ်ခုခု နားမလည်ရင် ငါ့ဆီလာမေး…ဟုတ်ပြီလား…"


ကျန်းထင်းက ကြင်နာစွာ ပြောလိုက်သည်။


ကျိလဲ့ယွီ :"..."


'ဘာလို့ ထွက်မသွားသေးတာလဲ…"း'


"ဒါဆို ငါ သွားတော့မယ်…"


ကျိလဲ့ယွီ : 'ဟုတ်တယ် သွားတော့…'


လင်းဖေး : "အင်း…"


ကျိလဲ့ယွီ :'သွားပါတော့…'


ကျန်းထင်းက ဆရာမစကားအတိုင်း ကျောင်းသားသစ်များကို ကူညီပြီး‌နောက် စားပွဲပေါ်တွင် မှောက်အိပ်နေသည့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။


ကျိလဲ့ယွီ မျက်မှောင်ကြုတ်လိုက်၏။


'ဘာလို့ ထွက်မသွားသေးတာလဲ…ဘာပြောစရာ ကျန်သေးလို့လဲ… ဘာလို့ ဒီမှာရှိနေသေးတာလား…'


"မင်းလည်း နားမလည်ရင် ငါ့လာမေးပေါ့…"


ကျန်းထင်းက နူးညံ့စွာ ပြောလိုက်သည်။


ဒီအတန်းဖော်အသစ်က အိမ်မှာ မွေးထားတဲ့ ကြောင်လေးလိုသေးငယ်လှပပေမဲ့ ဘာဖြစ်လို့ လက်သည်း‌တွေ ထုတ်နေပါ့လိမ့်…


သို့သော် သူက အတန်းခေါင်းဆောင်ဖြစ်ပြီး ကျိလဲ့ယွီက လက်သည်းများ ထုတ်ထားလျှင်ပင် သူ့ကို ဂရုစိုက်ရမည့်တာ၀န်ရှိလေသည်။


"အွန်း…"


ကျိလဲ့ယွီက အဖြေပြန်ပေးလိုက်သော်လည်း စိတ်ထဲတွင်မူ အမြန်နှင်ထုတ်နေလေသည်။


ကျန်းထင်း ထွက်သွားသောအခါ ကျိလဲ့ယွီက ခေါင်းပြန်မတ်လိုက်ပြီး လင်းဖေးကို စိုက်ကြည့်လိုက်သည်။


"ဘာလို့ သူနဲ့ ဒီလောက်တောင် စကားပြောနေရတာလဲ…ငါက အိမ်သာခဏလေးပဲ သွားလိုက်တာ…သူငယ်ချင်းအသစ်တောင် ရသွားပြီပေါ့…"


လင်းဖေး :"..."


'ဘယ်က သူငယ်ချင်းအသစ်လဲ…သူ့မှာ သူငယ်ချင်းအဟောင်းတောင် မရှိဘူး...'


"အဲ့လို မဟုတ်ဘူး…"


"ဒါဆို ဘာလို့ သူနဲ့စကားဆက်ပြောနေရတာလဲ…"


"သူတို့သင်တာ ဘယ်ရောက်နေပြီလဲ သိချင်လို့လေ...''


"အခု သိပြီမလား…သူနဲ့ စကားထပ်မပြောနဲ့တော့…"


လင်းဖေး :"..."


ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်သည်။


"ငါ့ထိုင်ခုံကိုလည်း ဘယ်သူကိုမှ မထိုင်ခိုင်းနဲ့…ဒါက ငါ့နေရာ…"


"အင်း…"


"ရှိသေးတယ်…မင်းထိုင်ခုံကိုလည်း ဘယ်သူမှ မထိုင်ခိုင်းရဘူး…"


"ဟမ်…"


"မင်းကို တခြားလူတွေနဲ့ စကားပြောခွင့် မပေးနိုင်ဘူး…တခြားလူတွေနဲ့ သူငယ်ချင်းဖြစ်ခွင့်လည်း မပေးနိုင်ဘူး…ငါ မရှိတုန်း တိတ်တိတ်လေး အတူကစားလို့လည်း မရဘူး…"


'ခွင့်မပြုတာတွေက များလိုက်တာ…စည်းမျဉ်းတွေ ထုတ်ဖို့ သတ္တိတွေ ရှိနေတယ်ပေါ့…"


"ငါ ပြောတာကြားလား…"


ကျိလဲ့ယွီက လင်းဖေးလက်မောင်းကို လှုပ်ယမ်းလိုက်သည်။


"စာလုပ်ကြရအောင်…"


"မင်း ငါ့ကို ကတိမပေးရသေးဘူး…ကတိ အရင်ပေး…"


"လိမ္မာတယ်…"


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ပုတ်လိုက်သည်။


"တခြားလူတွေကို လိမ္မာတယ်လို့ ပြောလို့လည်း မရဘူး…"


လင်းဖေး :"..."


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ပွတ်သပ်လိုက်သည်။


ချို့ယွင်းချက်အသစ်တွေ ထပ်ပေါင်းထည့်နေတာလား…မင်းမှာ ချို့ယွင်းချက်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ…


ညတွင် လင်းဖေးက လင်းလော့ချင်းထံသို့ အီမိုဂျီကို အစမ်းပို့လိုက်လေသည်။


သူက စကားမပြောမီ အီမိုဂျီကို ဦးစွာ ပို့လေ့ ရှိပြီး လင်းလော့ချင်း အားနေလျှင် အီမိုဂျီပြန်ပို့ပေးမည်ဖြစ်ကာ အလုပ်များနေလျှင် အချိန်အတော်ကြာမှ အီမိုဂျီကို ပို့ပေးလေသည်။ ထိုအခါ လင်းဖေးက လင်းလော့ချင်းကို မနှောင့်ယှက်တော့ပေ။


မကြာမီ လင်းလော့ချင်းက ပွေ့ဖက်နေသည့် အီမိုဂျီကို ပြန်ပို့ပေးလာ‌လေသည်။ ထိုအခါ လင်းဖေးက လင်းလော့ချင်းအားကြောင်း သိလိုက်ပြီး လင်းလော့ချင်းကို ဗီဒီယိုကောလ်ခေါ်ရန် လုပ်လိုက်သော်လည်း လင်းလော့ချင်းက ဦးစွာခေါ်လာလေသည်။


ထိုအခါ လင်းဖေးက ချက်ချင်း လက်ခံလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ကာ တစ်ဖက်လူကို ကြ်လိုက်သည်။


"ညစာစားပြီးပြီလား…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ရှုရှုရော…"


လင်းလော့ချင်းက စားပွဲပေါ်မှ ထမင်းဘူးကို ပြလိုက်သည်။ 


"စားဖို့ လုပ်နေတာ…ဒီနေ့ ဘယ်‌လိုလဲ…ကျောင်းသစ်တက်တဲ့ ပထမဆုံးရက်မှာ ဘယ်လိုခံစားရလဲ…ဆရာမနဲ့အတန်းဖော်တွေက မင်းကို အနိုင်ကျင့်သေးလား…စာတွေခက်နေလား…မင်း မလုပ်နိုင်တာ ရှိသေးလား…"


လင်‌ဖေး ခေါင်းခါလိုက်သည်။


"အနိုင်မကျင့်ကြပါဘူး…စာတွေကလည်း မခက်ဘူး…ကျွန်တော် မလုပ်နိုင်တာလည်း မရှိဘူး…"


"မင်း ဘယ်လို ခံစားရလဲ…"


"ဘယ်လိုမှ မခံစားရပါဘူး…ကျောင်းတွေက တူတူပဲ မဟုတ်ဘူးလား…"


လင်းလော့ချင်း :"..."


ဟုတ်သား…လင်းဖေးရဲ့မျက်လုံးထဲမှာ ကျောင်းတွေ အားလုံးက စာလုပ်ဖို့ နေရာတွေပဲ…


“ဒီကျောင်းကို ကြိုက်လား…တခြားကျောင်း ပြောင်းချင်သေးလား…"


"ဒီကျောင်းပဲ…"


ကျောင်းတွေအားလုံး ဒီစာတွေပဲကို…


လင်းလော့ချင်း စိတ်သက်သာရာရသွားသည်။


"အင်း…ဒါဆို ဒီကျောင်းမှာပဲ ဆက်တက်ပေါ့…‌‌နောက်မှ ဆရာမတွေ ဒါမှမဟုတ် သင်ကြားရေးနည်းစနစ်တွေနဲ့ အဆင်မပြေရင် အတန်းပြောင်းတာတို့ ၊ ကျောင်းပြောင်းတာတို့ လုပ်ကြ‌တာပေါ့…"


“ဟုတ်ကဲ့…”


"ရှောင်ယွီရော ဘယ်လိုလဲ…သူရော အဆင်ပြေရဲ့လား…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


ထို့နောက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်၏။


"ငါးတွေက ချောက်နက်ထဲက ရေထဲမှာကူးပြီး နဂါးက ကောင်းကင်မှာ ပျံသန်းတာမလား…ဒါဆို ရှောင်ယွီက ဘာလဲ…သူက ငါးလား…"


လင်းလော့ချင်း ပြုံးလိုက်သည်။


"သူက နဂါးဖြစ်လာနိုင်တယ်…ဒါပေမဲ့ နဂါးဂိတ်ကို ခုန်နိုင်ဖို့ ဖေးဖေးက သူ့ကို ကူညီပေးမှရမှာ…"


"ဘယ်လို ကူညီပေးရမှာလဲ…"


"သူ့ကို စောင့်ကြည့်ရမယ်…သူ့ကို ထိန်းချုပ်‌ပေးရမယ်…သူသာ လိမ္မာနေသရွေ့ သူက နဂါးဖြစ်လာနိုင်တယ်…"


ဟုတ်သား…ကျိလဲ့ယွီမှာ ချို့ယွင်းချက်တွေ အများကြီးပဲ…သူက ဘယ်လိုလုပ် နဂါးဂိတ်ကို ကျော်နိုင်မှာလဲ…သူ့ကို ကူညီပေးဖို့ လိုတယ်…


"ဟုတ်ကဲ့…"


လင်းဖေး သဘောတူလိုက်သည်။


လင်းလော့ချင်းက လင်းဖေး သည်းခံနေမည်ကို စိုးရိမ်၍ အလောတကြီးပြောလိုက်သည်။


"မင်းက ကူညီပေးဖို့ ဆန္ဒရှိရင် အကောင်းဆုံးပဲ…ဒီလိုနည်းနဲ့ မင်းတို့နှစ်ယောက်လုံးက ရဲဘော်တွေ ဖြစ်လာလိမ့်မယ်…မင်း သူ့ကို မကူညီချင်လည်း ရတယ်…ကိုယ့်ကိုကိုယ် တွန်းအားပေးဖို့ မလိုဘူး…သူက မင်းကို စိတ်မချမ်းသာအောင် ဒါမှမဟုတ် လွန်ကျူးတာတွေ လုပ်လာရင် မင်း ငါ့ကို ပြောပြလို့ ရတယ်…မင်းပျော်နေဖို့က အရေးအကြီးဆုံးပဲ…"


လင်းဖေး :" ကျိလဲ့ယွီက တော်တော်လိမ္မာပါတယ်…"


"တကယ်လား…"


"ဟုတ်ကဲ့…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ဒီလို‌ဆို ကောင်းတယ်…သူ့ကို ကူညီပေးပါဦး…အို…သူ့စာတွေကိုလည်း ကြည့်ပေးဦးနော်…ရှုရှုကျိက ရှောင်ယွီ‌ စာမလိုက်နိုင်မှာကိုစိတ်ပူနေတာ…သူသာ စာမေးပွဲမှာ နောက်ဆုံးအဆင့်ရသွားရင် ရှုရှုကျိ စိတ်ဓာတ်ကျသွားလိမ့်မယ်…"


“ဟုတ်ကဲ့…"


"ဖေးဖေးက တော်လိုက်တာ…"


လင်းလော့ချင်းက လင်းဖေးကို မြတ်နိုးမှုနှင့်ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


"ဘာလို့ အရမ်းလိမ္မာရတာလဲ…အရမ်းတော်တာပဲ…ရှုရှု သားအတွက် ဂုဏ်ယူတယ်…ဒီလော်ကောင်းတဲ့တူလေးရလာတာ ရှေ့ဘ၀က ကောင်းတာတွေ လုပ်ခဲ့လို့ဖြစ်မယ်…"


လင်းဖေး :"..."


လင်းဖေး၏နားများက အနည်းငယ် ပူလာလေသည်။


"ကျွန်တော် အိမ်စာလုပ်တော့မယ်…"


"ရှုရှု သားကို နမ်းပါရစေဦး~~~"


ထို့နောက် လင်းလော့ချင်းက လင်းဖေးကို အတုခိုးကာ လက်ညှိုးကို နမ်းလိုက်၍ စခရင်ပေါ်ရှိ လင်းဖေးပါးပေါ်သို့ ဖိလိုက်သည်။


လင်းဖေး ရှက်ရွံ့မသွားမီ လင်းလော့ချင်း၏စကားကို ကြားလိုက်ရလေသည်။


"သားလည်း ရှုရှုကို နမ်းလေ…"


လင်းဖေးကယခင်နည်းအတိုင်းလင်းလော့ချင်းကို နမ်းလိုက်သည်။


‌နမ်းပြီးသောအခါ စခရင်ပေါ်မှ လင်းလော့ချင်း၏အပြုံးကို ကြည့်လိုက်ပြီး လင်းလော့ချင်းကို လွမ်းဆွတ်သွားလေသည်။


"ဘယ်တော့ ပြန်လာမှာလဲ…"


သူက နူးညံ့စွာ မေးလိုက်သည်။


"ရှုရှုကို လွမ်းလို့လား…"


"အဲ့လို မဟုတ်ပါဘူး…"


လင်းဖေးက ၀န်ခံရန် ငြင်းဆန်လိုက်သည်။ 


လင်းလော့ချင်းက ချက်ချင်း ၀မ်းနည်းချင်ယောင် ဆောင်လိုက်လေသည်။


"ရှုရှုကို မလွမ်းမှတော့ ရှုရှုက ဘာလို့ ပြန်လာရဦးမှာလဲ…"


လင်းဖေး :"..."


"ရှုရှုကျိ လွမ်းနေတယ်…"


"ရှုရှုကျိနဲ့ နောက်နေ့တွေ့လိုက်မယ်…"


လင်းဖေး :"..."


"ရှောင်ယွီလည်း လွမ်းနေတယ်…"


"သူ့ကို နောက်နေ့ ဗီဒီယိုကောလ်ခေါ်လိုက်မယ်…"


လင်းဖေး :"..."


"ရှုရှုကို ဘယ်သူ လွမ်းသေးလဲ…"


"အန်တီကျန်း လွမ်းနေတယ်…"


"နောက်မှ အန်တီကျန်းဆီ ဖုန်းခေါ်လိုက်မယ်…"


လင်းဖေး :"..."


လင်းလော့ချင်း တမင်တကာ ပြောလိုက်သည်။


"ရှုရှုကို လွမ်းနေတဲ့လူတွေကို ဖုန်းဆက်လိုက်လို့ရတယ်…ပြန်လာစရာမှ မလိုတာ…"


လင်းဖေး :"..."


သူက နှုတ်ခမ်းကို ဖိလိုက်၏။


လင်းလော့ချင်းက လင်းဖေး၏အမူအရာကို သဘောကျသွားလေသည်။


"ထားလိုက်ပါတော့…ပြန်လာတာပဲ ကောင်းပါတယ်…မင်းက ရှုရှုကို မလွမ်းပေမဲ့ ရှုရှုက မင်းကို အရမ်းလွမ်းနေဝာာ…"


လင်းဖေး :"..."


လင်းဖေးက လင်းလော့ချင်းကို လွမ်းသည်ဟု မပြောမိသည့်အတွက် နောင်တရသွားလေသည်။ သူက လင်းလော့ချင်းကို အများကြီး လွမ်းနေခြင်းဖြစ်သည်။


ထို့နောက် ခေါင်းငုံ့ကာ wechat မှ အီမိုဂျီများကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူလိုချင်သည့် အီမိုဂျီကို ရှာလိုက်လေသည်။


"ကျွန်တော် ဖုန်းချလိုက်တော့မယ်…ဘိုင့်ဘိုင်…"


"ဖုန်းချ‌တော့မလို့လား…"


လင်းလော့ချင်း အံ့ဩသွားတော့လည်း သူက လင်းဖေးစကားကို နားထောင်လေ့ရှိလေသည်။


"ဒါဆို မနက်ဖြန်မှ ထပ်ပြောကြတာပေါ့…စောစောအိပ်နော်…"


"ဟုတ်ကဲ့…"


လင်းဖေး ဗီဒီယိုကောလ်ကို အဆုံးသတ်လိုက်သည်။


ထို့နောက် သူ ရွေးချယ်ထားသည့်အီမိုဂျီကို ပို့လိုက်၏။


လင်းလော့ချင်း ဖုန်းချပြီးနောက် စခရင်ထက်တွင် အီမိုဂျီပုံပေါ်လာလေသည်။ ယင်းက ခေါင်းအုံးပိုက်ထားသည့်ကျားလေးဖြစ်ပြီး (Miss you)ဟူသော စာသားပါရှိ၏။


လင်းလော့ချင်းက ကူရာမဲ့စွာ ရယ်မောလိုက်သည်။


လင်းဖေး အလောတကြီး ဖုန်းချလိုက်တာ ဒါ‌ပို့ဖို့ကို

…ချစ်စရာကောင်းလိုက်တာ…


လင်းလော့ချင်းက နမ်းနေသည့် အီမိုဂျီနှင့် စာတစ်စောင်အား အမြန်ပြန်ပို့လိုက်၏။


[ရှုရှုလည်း မင်းကို လွမ်းတယ်…]


[အရမ်း အရမ်း အရမ်း လွမ်းတယ်…]


လင်းဖေးက ထိုစာကို မြင်သောအခါ ပြုံးလိုက်လေသည်။


ထို့နောက် လင်းလော့ချင်းက သူ့ထံ အသံမက်ဆေ့ခ်ျပို့လာသည်ကို တွေ့လိုက်ရသည်။


[Goodnightပါ ငါ့ကလေးလေး]


‘Good nightပါ...' 


လင်းဖေး အတွေးထဲမှာသာ တုံ့ပြန်လိုက်သည်။