အပိုင်း ၁၁၄
Viewers 35k

Chapter 114




အနီးအနားတွင် ကွမ်းတုံစားသောက်ဆိုင်ရှိပြီး ထိုဆိုင်မှ အစားအစာများကို မာပေါ်ကျုံးက အလွန်ကြိုက်ပေသည်။ နေ့လည်က လင်းလော့ချင်းနှင့် အတူ သွားချင်ခဲ့သော်လည်း မသွားခဲ့ရသောကြောင့် ယခု ကွမ်းတုံ စားသောက်ဆိုင်သို့ ခေါ်သွားလိုက်သည်။


"သူတို့လက်ရာက မဆိုးဘူး…"


မာပေါ်ကျုံး ပြောလိုက်သည်။


လင်းလော့ချင်းက မီနူးကို ကြည့်ကာ စားစရာများကို မှာလိုက်၏။


ရှစ်ကျန်းက အလုပ်ပြီး၍ လင်းလော့ချင်းကို ရှာလိုက်သောအခါ လင်းလော့ချင်းက နားနေဆောင်တွင် မရှိချေ။


ထို့ကြောင့် သူက လင်းလော့ချင်းထံ WeChatမက်ဆေ့ခ်ျ‌ပို့လိုက်သည်။


[မင်း ဘယ်ရောက်နေလဲ…]


လင်းလော့ချင်းက အမြန်စာပြန်လိုက်၏။


[အပြင်မှာ ညစာစားနေတာ…]


ရှစ်ကျန်းက များများစားရန် စာထပ်ပို့မည့်အချိန် လင်းလော့ချင်း၏ ထပ်ပို့လာသောစာကို တွေ့လိုက်ရလေသည်။


[ဆရာမာနဲ့ နေ့လည်စာအတူမစားမိလို့ ဆရာမာက‌ ဒေါသထွက်သွားတယ်လေ…အဲ့ဒါကြောင့် အစားအနေနဲ့ ဆရာမာနဲ့ညစာအတူစားနေတာ…]


ရှစ်ကျန်း၏ဖုန်းကိုင်ထားသည့်လက်က တင်းကြပ်သွားလေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လင်းလော့ချင်းထံ စာပြန်ပို့လိုက်သည်။


[မြန်မြန်စား…မင်း ညလေ့ကျင့်ခန်း မလုပ်ရသေးဘူးမလား…]


လင်းလော့ချင်း :[ကျွန်တော် မှတ်မိပါတယ်…]


မာပေါ်ကျုံးက လင်းလော့ချင်း Wechatမက်ဆေ့ခ်ျပို့နေသည်ကို မြင်သောအခါ မေးလိုက်သည်။


"အလုပ်များနေတာလား…"


"မဟုတ်ပါဘူး…"


လင်းလော့ချင်းက ဖုန်းကို ချလိုက်ပြီး ပြောလိုက်သည်။ 


"ဒီည လေ့ကျင့်ခန်း မလုပ်ရသေးတာကို ဆရာက သတိပေးနေတာလေ…အဲ့ဒါ ဆရာ့ကို ပြောနေတာ…ကျွန်တော့်ကို မစောင့်နဲ့တော့…အရင်လုပ်ထားနှင့်လို့…"


မာပေါ်ကျုံး :"..."


မာပေါ်ကျုံး နားမလည်နိုင်ပေ။ 


လင်းလော့ချင်းက ဘာလို့ လေ့ကျင့်ခန်း လုပ်ရတာကို ဒီလောက်ကြိုက်ရတာလဲ…မနက်တင်မကဘူး…ညပါ လေ့ကျင့်ခန်း လုပ်သေးတယ်ပေါ့…


"မင်းအသက်အရွယ်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ မလိုဘူး…"


လင်းလော့ချင်းက သဘောမတူပေ။


"လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်နဲ့မဆိုင်ပါဘူး…လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်…အခု ဆောင်းရာသီဆိုတော့ လေ့ကျင့်ခန်းလုပ်ရင် ခံနိုင်ရည် ပိုရှိလာတာပေါ့…ဆရာမာလည်းအားလပ်ချိန်‌တွေမှာ ‌လေ့ကျင့်ခန်း လုပ်သင့်တယ်…ကျွန်တော်တို့အဖွဲ့မှာလည်း gym ရှိတော့ ပိုလို့တောင်အဆင်ပြေသေး…"


မာပေါ်ကျုံး :"..."


သူက လေ့ကျင့်ခန်းလုပ်မဲ့ပုံ ပေါ်လို့လား…


လင်းလော့ချင်းက ဘာလို့ ရုတ်တရက်ကြီး လေ့ကျင့်ခန်း လုပ်ရတာကို ကြိုက်သွားတာလဲ…


သူ အရင်က အဲ့လို မဟုတ်ပါဘူး…


"ဘာလို့ ရုတ်တရက်ကြီး လေ့ကျင့်ခန်း လုပ်နေတာလဲ…"


"ကျွန်တော် သန်မာလာချင်လို့လေ…လေ့ကျင့်ခန်းလုပ်ရင် ကျွန်တော်က ပိုသန်မာလာမှာ…"


"ဘယ်လောက်ကြာကြာ လုပ်မှာလဲ…"


ရှစ်ကျန်းက သူ့ကို မပြောပြထားသောကြောင့် သူလည်း ဘယ်အချိန်ထိ လုပ်ရမလဲ မသိပေ။


"ဒီဒရမ်မာပြီးတဲ့အထိ ဖြစ်နိုင်တယ်…"


မာပေါ်ကျုံး :"!!!"


လင်းလော့ချင်းရဲ့အသားအရေက ဂျုံရောင်အသားအရေဖြစ်သွားမှာကို မလိုချင်ဘူး…


လက်မောင်းမှာ ဗလကြီး ထွက်နေမှာကိုလည်း မမြင်ချင်ဘူး…


ဤကား သူ့စိတ်ထဲမှ ကောင်လေး၏ပုံရိပ် မဟုတ်ပေ။ သူက တောက်ပဖြူစင်ပြီး ငယ်ရွယ်ချောမောသည့် ကောင်လေးမျိုးကိုသာ သဘောကျလေသည်။


မာပေါ်ကျုံးက ဆက်‌မပြောတော့ပေ။ ညစာကို ၀တ်ကျေတမ်းကျေစား၍သာ လမ်းခွဲလိုက်လေသည်။


လင်းလော့ချင်းက မာပေါ်ကျုံးနှင့် မလိုက်သွားပေ။ သူက လမ်းတစ်၀က်တွင် ဆင်းကာ မာပေါ်ကျုံးကို နှုတ်ဆက်လိုက်ပြီး gym သို့ သွားလိုက်သည်။


မာပေါ်ကျုံးက စိတ်ကသိကအောက်ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ ထွက်သွားလေသည်။


လင်းလော့ချင်းက ယင်းကို ကြည့်လိုက်ပြီး ဝူရှင်းယွမ်ကို ပြောလိုက်သည်။


"သူ ဒေါသထွက်သွားပြန်တာလား…"


"မဟုတ်လောက်ပါဘူး…ငါတို့က သူနဲ့ညစာ အတူစားပြီး သူ့ကို မျက်နှာသာပြန်ပေးပြီးပြီလေ…"


လင်းလော့ချင်း သက်ပြင်းချလိုက်သည်။


"သူက တကယ် နားလည်ရခက်လိုက်တာ…"


"ဟုတ်တယ်…မင်း သူ့ကို ဂရုစိုက်နေစရာ မလိုဘူး…အင်တာ‌ဗျူးမှာ မင်းမကောင်းကြောင်း မပြောသရွေ့ အဆင်ပြေတယ်…"


လင်းလော့ချင်းလည်း ထိုသို့‌တွေးလေသည်။


အသက်သုံးနှစ်ကွာရင်တောင် မျိုးဆက်ကွာတယ်လို့ ပြောကြတာပဲ…သူနဲ့မာပေါ်ကျုံးက အသက် သုံးဆယ်နီးပါးကွာတာ…သူနဲ့မာပေါ်ကျုံးက ဘယ်လိုလုပ် အတွေးတူမှာလဲ…


ထို့နောက် သူက ပျော်ရွှင်စွာဖြင့် ဂျင်သို့ သွားလိုက်သည်။


ရှစ်ကျန်းက ပြေးစက်ပေါ်တွင် ပြေးနေပြီး လင်းလော့ချင်း ရောက်လာသည်ကို မြင်သောအခါ အရှိန်လျှော့လိုက်လေသည်။


လင်းလော့ချင်းက ညစာစားပြီးခါစဖြစ်သည့် အတွက် ရှစ်ကျန်းက သူ့ကို အနားယူခိုင်းလိုက်သည်။


လင်းလော့ချင်းက ရှစ်ကျန်းဘေးတွင် ရပ်လိုက်ပြီး တစ်ဖက်လူကို မေးလိုက်သည်။


"ဆရာမာက တခြားအဖွဲ့သားတွေကို ဘယ်လိုဆက်ဆံတာလဲ…"


"ဘာလို့ အဲ့လိုမေးတာလဲ…"


"သူက ဒေါသထပ်ထွက် သွားပြန်ပြီလေ…"


ထိုအခါ ရှစ်ကျန်းက လင်းလော့ချင်းကို ကြည့်လိုက်သည်။


"‌ဒေါသထွက်သွားပြန်ပြီလား…"


"ဟုတ်တယ်…အဲ့ဒါကြောင့် ကျွန်တော့်အပေါ်ပဲ ဒီလိုဖြစ်နေတာလား…တခြားလူတွေအပေါ်ရော ဒီလို

ပဲလားဆိုတာ သိချင်လို့.."


ရှစ်ကျန်းက ခဏခန့်တွေးပြီးနောက် သူ့ကို ပြောလိုက်သည်။


"တခြားလူတွေအပေါ်လည်း အဲ့လိုဖြစ်ရင် ဖြစ်မှာပေါ့…ငါလည်း သေချာမသိဘူး…"


ဟုတ်ပေသည်။ ရှစ်ကျန်းက မာပေါ်ကျုံးနှင့် အဆက်အဆံ မရှိသောကြောင့် မသိသည်မှာ ပုံမှန်ပင်ဖြစ်သည်။


သို့သော် မာပေါ်ကျုံးက အခြားလူများအပေါ်လည်း ထိုသို့ဆက်ဆံနိုင်သည်ဟု ပြောသင့်အတွက် မာပေါ်ကျုံးက စိတ်တိုလွယ်သည့် လူမျိုးဖြစ်နိုင်သည်။


ထိုသို့တွေးပြီးနောက် လင်းလော့ချင်းက သူ့မိသားစုထဲမှ သ၀န်တိုလွယ်သည့်သူကို သတိရသွားပြီး ရှစ်ကျန်းကို ပြောလိုက်သည်။


"ကျွန်တော် ထပ်အနားယူလို့ရမလား…ဖုန်းလေး ဆက်ချင်‌လို့…"


"ရတာပေါ့…"


ထိုအခါ လင်းလော့ချင်းက gym ၏နားနေဆောင်သို့ ချက်ချင်းထွက်သွားလိုက်ပြီး ကျိယွီရှောင်ထံ ဖုန်းခေါ်လိုက်သည်။


ရှစ်ကျန်းက လင်းလော့ချင်းနောက်ကျောကို ကြည့်ကာ ပြုံးလိုက်၏။


အဆင်ပြေတယ်…မာပေါ်ကျုံး ဒေါသထွက်နေပြီ…သူ သည်းမခံနိုင်တော့ရင် အရှုံးပေးသွားလိမ့်မယ်…


နောက်ကြရင် လင်းလော့ချင်းက အမှန်တရားကို သိသွားရင် သူ့ကို အပြစ်တင်မှာလား…အနည်းဆုံးတော့ သူ ဒီဆောင်းမှာ အေးအေးချမ်းချမ်း အိပ်စက်နိုင်ပါတယ်…


မကြာမီ လင်းလော့ချင်း ပြန်လာပြီး ရှစ်ကျန်း၏အစီအစဉ်အတိုင်း နာရီ၀က်ပြေး၍ နာရီ၀က် ကြိုးခုန်လေသည်။ ထို့နောက် မိတ်ကပ်လိမ်းခန်းသို့ အပြေးအလွှားသွားပြီး အားမီကို ညရိုက်မည့် ဇာတ်၀င်ခန်းအတွက် ပြန်ပြင်ဆင်ခိုင်းလိုက်သည်။


ညဉ့်နက်နေပြီဖြစ်ကာ မာပေါ်ကျုံးသည်လည်း အနည်းငယ် အိပ်ငိုက်နေလေသည်။ သူက ထိုင်ခုံပေါ်တွင်ထိုင်ကာ အဖွဲ့စကားပြောခန်းကို ကြည့်နေစဉ် လင်းလော့ချင်းကို မြင်လိုက်ရသည်။


လင်းလော့ချင်းက အဖြူ‌ရောင်ဆွယ်တာအင်္ကျီပါးနှင့် အပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး သူ့၏အနက်ရောင်ဆံပင်က သူ့၏အသားအရေကို ပိုမိုတောက်ပလာစေလေသည်။ သူက အေးနေပုံရပြီး ဆွယ်တာအင်္ကျီကို ဆွဲတင်လိုက်ကာ ဖန်သဖွယ် မျက်လုံးများက နာခံပြီးဖြူစင်သည့်ပုံ ပေါက်နေ၏။


လရောင်က တောက်ပသော်လည်း လင်းလော့ချင်းက လရောင်ထက် တောက်ပလေသည်။


ထိုအခိုက်အတန့်တွင် မာ‌ပေါ်ကျုံးက လင်းလော့ချင်းကို ကြိုက်နေဆဲဖြစ်ကြောင်း သိလိုက်သည်။


သူ ကြိုက်သည့်အမျိုးအစားအနက်တွင် လင်းလော့ချင်းက အကောင်းဆုံးဖြစ်ပြီး လင်းလော့ချင်းကို အခွင့်အရေးထပ်ပေးနိုင်ပေသည်။


သူက လင်းလော့ချင်းကို ကြည့်ပြီးနောက် ဒါရိုက်တာကျန်းထံသို့ သွားလိုက်သည်။


ရိုက်ကူးရေးပြီးနောက် လင်းလော့ချင်းက ပြန်တော့မည်လုပ်စဉ် မာပေါ်ကျုံးက သူ့ကို လှမ်းခေါ်လာလေသည်။


လင်းလော့ချင်း နောက်လှည့်ကြည့်လိုက်သောအခါ မာပေါ်ကျုံးက နူးညံ့စွာ ပြောလာလေသည်။


"သရုပ်ဆောင်တာ အရမ်းကောင်းတယ်…"


"‌ ‌ကျေးဇူးတင်ပါတယ်..." 


လင်းလော့ချင်းက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။


"မင်းက အခု အရမ်းကောင်းနေပြီ…ပြောချင်တာက မင်းမှာ အချိန်ရှိရင် လေ့ကျင့်ခန်းလုပ်ရင်းအချိန်ဖြုန်းနေတဲ့အစား သရုပ်ဆောင်စွမ်းရည် လေ့ကျင့်တာအပေါ် အာရုံစိုက်သင့်တယ်…ဖျော်ဖြေရေးလောကမှာ လေ့ကျင့်ခန်းလုပ်တဲ့လူတွေက လုံလောက်နေပြီ…ဒါပေမဲ့ သရုပ်ဆောင်ကောင်းတဲ့လူတွေက လစ်လပ်နေတုန်းပဲ…အမှန်အတိုင်းပြောရရင် ငါ မင်းကို မလိုအပ်တာတွေနဲ့ အချိန်မဖြုန်းစေချင်ဘူး…"


လင်းလော့ချင်း အနည်းငယ် အံ့ဩသွားသည်။


မာပေါ်ကျုံးကို ထိုသို့ပြောလာလိမ့်မည်ဟု မ‌ထင်ထားခဲ့ပေ။


တိုက်ရိုက်ကြီး ဖြစ်လွန်းတယ်…


"ကျွန်တော်ကတော့ အချိန်ဖြုန်းတယ်လို့ မထင်ပါဘူး…မန်ဟွားက လေ့ကျင့်ခန်းလုပ်ရတာ ကြိုက်တဲ့လူတစ်ယောက်…သူက မနက်ခင်းမှာ ပြေးပြီး ညနေခင်းမှာ ဘတ်စကတ်စ်ဘော ကစားတယ်…သူက ကြံ့ခိုင်ပြီး တိုက်လည်း တိုက်ခိုက်နိုင်တယ်…သူ့အစ်မမှာ ပြဿနာတွေ ရှိရင် သူကပဲ မန်ထောင်ကို ကာကွယ်ပေးတာ…သူက မောင်လေးဖြစ်ပေမဲ့ အစ်မရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့သူ…"


လင်းလော့ချင်းက ပွင့်လင်းစွာ ပြောလိုက်သည်။


"သရုပ်ဆောင်တစ်ယောက်ရဲ့ရှုထောင့်က ကြည့်ရင် ဒါက ဇာတ်ရုပ်နဲ့ ပိုကိုက်ညီတယ်…ကျွန်တော့်အမြင်အရဆိုရင် လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်…ဒါကြောင့်အချိန်ဖြုန်းနေတယ်လို့တော့ မထင်ပါဘူး…"


"ကျွန်တော် ဆရာမာ‌ပြောချင်တာကို နားလည်ပါတယ်…ဆရာမာရဲ့လမ်းညွှန်ပေးမှုအတွက်လည်းကျေးဇူးတင်ပါတယ်…ဒါပေမဲ့ မတူညီတဲ့ဇာတ်ကောင်တွေမှာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိတယ်…နောက်ပိုင်း ကျွန်တော်က မကျန်းမာတဲ့သခင်လေးနေရာက သရုပ်ဆောင်ရရင် လေ့ကျင့်ခန်းလုပ်မှာ မဟုတ်ပါဘူး…"


မာပေါ်ကျုံးက သူ့ကို လင်းလော့ချင်းက ထိုသို့ပြောလာလိမ့်မည်ဟု မ‌မျှော်လင့်ထားသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကြည့်ရသည်မှာ မကျေနပ်ပုံပေါ်၏။


လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။


"‌ဒါဆို ကျွန်တော် သွားတော့မယ်…နောက်ကျနေပြီ…ဆရာမာလည်း စောစောအနားယူသင့်တယ်…ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့…"


ပြောပြီးနောက် သူက မတုံ့မဆိုင်း လှည့်ထွက်သွားလိုက်သည်။


နားနေဧရိယာသို့ ရောက်သောအခါ ဝူရှင်းယွမ်က ကူရာမဲ့စွာ ပြောလိုက်သည်။


"သူက ဘာဖြစ်ချင်တာလဲ…တခြားလူ လေ့ကျင့်ခန်းလုပ်မလုပ်ကို ဘာလို့ ဒီလောက် ဂရုစိုက်နေရတာလဲ…သူက လေ့ကျင့်ခန်းလုပ်တာကို မကြိုက်ရင်တောင် တခြားလူလုပ်တာကို မပိတ်ပင်သင့်ဘူးလေ…"


လင်းလော့ချင်း ပခုံးတွန့်လိုက်သည်။


"မသိဘူးလေ…"


"ဒီလိုဆို သူ ဒီနေ့ မင်းကို စိတ်ဆိုးသွားတာက နေ့လည်စာအတူမစားလို့ မဖြစ်နိုင်ဘူး…လေ့ကျင့်ခန်း လုပ်နေလို့ သူနဲ့မစားနိုင်တာကို စိတ်ဆိုးသွားတာဖြစ်မယ်…"


"ဖြစ်နိုင်တယ်…"


"မင်းနဲ့မသင့်တော်ဘူးဆိုပြီး လေ့ကျင့်ခန်းလုပ်တာကို ရပ်ခိုင်းနေတာ မအံ့ဩတော့ဘူး…"


"သူက အစ်ကိုဝူကို အဲ့လိုပြောခဲ့တာလား…"


လင်းလော့ချင်း အံ့ဩသွားသည်။


ဝူရှင်းယွမ် ခေါင်းငြိမ့်လိုက်၏။


"ငါက မင်းနဲ့တကယ် မသင့်တော်ဘူးထင်လို့ မင်းကို စောင့်ကြည့်ပေးမယ်လို့ ပြောခဲ့တာ…အခုတော့ ငါ အတွေးလွန်နေတာပဲ…"


လင်းလော့ချင်းက ခပ်ဖွဖွပြုံးလိုက်သည်။ သူက မာပေါ်ကျုံးက အနည်းငယ် အတ္တကြီးသည်ဟုသာ ထင်ထားသော်လည်း ယခုမူ အလွန့်အလွန် အတ္တကြီးနေခြင်းဖြစ်လေသည်။


သူများကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဘယ်ကယုံကြည်မှု ရသွားတာလဲ…ရယ်စရာကောင်းလိုက်တာ…


လင်းလော့ချင်းက ပြုံးကာ ခေါင်းခါလိုက်ပြီး ပစ္စည်းများကို ထုပ်ပိုးလိုက်ကာ ဝူရှင်းယွမ်၊ ရှောင်၀မ်တို့နှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။


ဟိုတယ်ရောက်သောအခါ ‌လင်းလော့ချင်းက ထိုကိစ္စကို ကျိယွီရှောင်အား WeChatမှတစ်ဆင့်ပြောပြလိုက်သည်။


[ရယ်စရာ မကောင်းဘူးလား…]


ကျိယွှီရှောင်က ရယ်စရာကောင်းသည်ဟု မထင်သလို တိုက်ဆိုင်မှုတစ်ခုဟုလဲ မတွေးပေ။


ရှစ်ကျန်းက လင်းလော့ချင်းကို လေ့ကျင့်ခန်းလုပ်ရန် အကြံပေးခဲ့ပြီး မာပေါ်ကျုံးက လင်းလော့ချင်း လေ့ကျင့်ခန်းလုပ်သည်ကို မကြိုက်ပေ။ ဆရာမာက လင်းလော့ချင်းကို အလွန်တန်ဖိုးပုံရလေသည်။


ယခင်က လင်းလော့ချင်းက သူ့ကို ဂုဏ်ယူ၀င့်ကြွားစွာ ပြောဖူးသည်ကို မှတ်မိသေးသည်။


("ငါ့သရုပ်ဆောင်စွမ်းရည်နဲ့ ဆရာမာရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့တယ်…ဆရာမာက ငါ့ကို သရုပ်ဆောင်ကောင်းလို့ ချီးကျူးနေတာ…")


လင်းလော့ချင်းက သူ့ကို ‌ကြေကွဲစွာလည်း ပြောဖူးလေသည်။


("ဆရာမာက အဲ့လောက်ကောင်းတယ် မထင်ဘူး…သူက လီဟန်ဟိုင်းနဲ့ယောင်မော့မော့တို့အပေါ်ဆို ၀တ်ကျေတမ်းကျေပဲ ဆက်ဆံတာ…သူတို့နှစ်ယောက်လည်း အဲ့ဒါကို ခံစားမိမှာပဲ…သူတို့က သူတို့သရုပ်ဆောင်စွမ်းရည်က သာမာန်အဆင့်လောက်ပဲ ရှိတာကို သိလို့ ကြိုးကြိုးစားစား လေ့ကျင့်နေကြတာပဲ…ဆရာမာက သူတို့ကို အဲ့လိုမဆက်ဆံသင့်ဘူး…သူက အရမ်းအပေါ်ယံဆန်လွန်းတယ်…ငါ့ကိုပဲ တစ်ချိန်လုံး ခေါ်နေတာ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ..ကံကောင်းလို့ လီဟန်ဟိုင်းနဲ့ယောင်မော့မော့မှာ မကောင်းတဲ့အတွေးတွေ မရှိတာ…မဟုတ်ရင် သူက ငါ့ကို အဓိကဇာတ်ဆောင်တွေထက် အထူးအလေးပေးဆက်ဆံနေတော့ ငါက ရွေ့လျားပစ်မှတ်ကြီးဖြစ်နေတာ ကြာရောပေါ့…")


("ငါက သူ့ကို အခြားအဖွဲ့သားတွေလည်း ကြိုးစားကြတာကို၊ ‌တော်ကြတာကို ပြောပြပေမဲ့ နားမထောင်ဘူး…ငါက အဖွဲ့ထဲမှာ တစ်ယောက်တည်းရှိတဲ့ သရုပ်ဆောင်လိုဖြစ်နေပြီ…")


ပြန်တွေးပြီးနောက် ကျိယွီရှောင်တွင် အခြားအတွေးများ ရှိလာလေသည်။


မာပေါ်ကျုံးက လင်းလော့ချင်းကို အရင်က ကြိုက်ပေမဲ့ အခု လေ့ကျင့်ခန်းလုပ်လို့ မကြိုက်တော့ဘူး…လေ့ကျင့်ခန်းလုပ်ဖို့ကို ရှစ်ကျန်းက တိုက်တွန်းပေးခဲ့တာ…


[ရှစ်ကျန်းက အရင်တုန်းက မာပေါ်ကျုံးကို သိဖူးလား…]


သူ လင်းလော့ချင်းကို မေးလိုက်သည်။


[သိဖူးတယ်…သူက လွန်ခဲ့တဲ့လေးနှစ်လောက်က ဆရာမာနဲ့အတူ ရိုက်ကူးရေးလုပ်ဖူးတယ်…ဒါပေမဲ့အဲ့အချိန်တုန်းက သူက ဖျော်ဖြေရေးလောကထဲ ၀င်ခါစပဲရှိသေးလို့ ဆရာမာကို သူ့ကို မမှတ်မိတော့ဘူး…]


ထိုမက်ဆေ့ခ်ျကို ဖတ်ပြီးသွားသောအခါ ကျိယွီရှောင်က ထိုကိစ္စကို အလွန်စိတ်၀င်စားသွားလေသည်။


မာပေါ်ကျုံးက ရှစ်ကျန်းကို မမှတ်မိပေမဲ့ ရှစ်ကျန်းက မာပေါ်ကျုံး ကြိုက်တာတွေ၊ မကြိုက်တာတွေကို မှတ်မိနေပါ့လား…


လင်းလော့ချင်း :[မင်း ဘာလို့ အဲ့လို့ မေးတာလဲ…]


သူက ခဏခန့် တွေးပြီးနောက် စာထပ်ပို့လိုက်သည်။


[ရှစ်ကျန်းက မာပေါ်ကျုံးနဲ့ ဆက်ဆံရေးတစ်ခုခု ရှိဖူးတယ်လို့ တွေးနေတာလား…ဒါပေမဲ့ အဲ့ဒါက ငါ့ရဲ့လက်ရှိအခြေအနေနဲ့ ဘာဆိုင်လို့လဲ…]


သူက မတုံးအပေ။ ကျိယွီရှောင်က ထိုသို့ မေးလာသောအခါ သူက ဖြစ်နိုင်ချေများကို စဉ်းစားခဲ့သည်။


ရှစ်ကျန်းက သူသန်မာလာရင် လှုပ်ရှားမှုတွေက ပိုကောင်းလာမယ်လို့ ပြောလို့ လေ့ကျင့်ခန်း စလုပ်ခဲ့တယ်…


မာပေါ်‌ကျုံးကတော့ သူ လေ့ကျင့်ခန်းလုပ်တာကို သိသိသာသာကြီးကို မကြိုက်တာ…


လင်းလော့ချင်း : 【ရှစ်ကျန်းက တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာလို့ တွေးနေတာလား… 】


ကျိယွီရှောင် :[သူ့ကို မေးကြည့်လေ…ငါလည်း သူ့ကို စုံစမ်းလိုက်မယ်…မင်းက သူနဲ့စာချုပ်ချုပ်ချင်နေတာမလား…သူ့ရဲ့အဖြေကို နားထောင်ပြီး သူက စာချုပ်ချုပ်ထိုက်လားကြည့်ပေါ့…]


လင်းလော့ချင်း : [အဲ့လို လုပ်လို

က်မယ်…ပြီးရင် မင်းကို အဖြေပြန်ပြောပြမယ်…]


အမှန်တရားကို ကြည့်ကြတာပေါ့…


သူကတော့ ရှစ်ကျန်းကို ယုံကြည်ချင်တယ်…


ရှစ်ကျန်းက အမှန်အတိုင်း ပြောဖို့လည်း မျှော်လင့်တယ်…ရှစ်ကျန်းက တမင်ရည်ရွယ်ပြီးပဲလုပ်လုပ်၊မရည်ရွယ်ပြီးပဲလုပ်လုပ်…သူ့အတွက် လုပ်ပေးတယ်လို့ပဲ ယုံကြည်ချင်တယ်…