အပိုင်း ၁၁၅
Viewers 34k

Chapter 115




သူက ရှစ်ကျန်းကို သူ့ရဲ့ယုံကြည်မှုနဲ့ကြင်နာမှုတွေ အားလုံးပေးခဲ့တာ…ရှစ်ကျန်းကလည်း သူ့အပေါ် ကြင်နာဖို့ မျှော်လင့်တယ်…


အနည်းဆုံးတော့ သူ့ရဲ့ကြင်နာမှုတွေကို အလဟဿ မဖြစ်စေချင်ဘူး…


လင်းလော့ချင်းက ရှစ်ကျန်း၏ပြုံးနေသောမျက်လုံးများကို ပြန်တွေးလိုက်သည်။


သူ့ရဲ့ယုံကြည်မှုကို သစ္စာမဖောက်ဖို့ မျှော်လင့်ပါတယ်…


ထို့နောက် သူက ရေချိုးလိုက်ပြီး အိပ်ရာ၀င်လိုက်သည်။


ကျိယွီရှောင်က ဝူရှင်းယွမ်ကို သူ့ထံ ရှစ်ကျန်း၏အချက်အလက်မိတ္ထူကို ပို့ပေးရန် ‌ပြောလိုက်ပြီးသူ့၏လက်ထောက်ထံ တစ်ဆင့်ထပ်မံပို့လိုက်ကာ ရှစ်ကျန်းအကြောင်းကို စုံစမ်းခိုင်းလိုက်သည်။အထူးသဖြင့် လွန်ခဲ့သည့်လေးနှစ်၊ ရှစ်ကျန်းနှင့် မာပေါ်ကျုံးကြား အဖြစ်အပျက်များကို စုံစမ်းခိုင်းလိုက်၏။


"ဟုတ်ကဲ့…"


လက်ထောက်က ပြန်ဖြေလိုပ်သည်။


"စကားမစပ် မစ္စတာကျိ…"


လက်ထောက်က သူ့လက်ထဲတွင် ရှိသော အချက်အလက်များကို ကြည့်လိုက်သည်။


"မစ္စတာကျိရဲ့အဖေဘေးမှာ အပြောင်းအရွှေ့တွေ အရမ်းများနေတယ်…"


ကျိယွီရှောင်၏မျက်လုံးများက မည်းမှောင်သွားသည်။


"များနေတာလား…"


"ဟုတ်ကဲ့…ကျွန်တော် ပထမဆုံးအကြိမ် စုံစမ်းကြည့်တော့ ဘာမှ ထူးဆန်းတာ မတွေ့ရဘူး…သူက လူနည်းနည်းပဲ ပြောင်းရွှေ့ခဲ့တာ ဆိုတော့လေ…နက်နက်မတူးရင် ရင်းမြစ်ကို မတွေ့လောက်ဘူး…"


'' ဘယ်သူနဲ့ ပတ်သက်နေလဲ..."


"သာမာန် ပုဂ္ဂလိက ကုမ္ပဏီလေးပဲ…ကျွန်တော် စုံစမ်းကြည့်လိုက်တော့ အဲ့ကလူတွေက မစ္စတာကျိအဖေကို မသိကြဘူး…"


 "ဆက်စုံစမ်းလိုက်…အဲ့မှာ ပြဿနာတစ်ခုခု ရှိကိုရှိရမယ်…အရင်က ဒါမှမဟုတ် နောက်ပိုင်းမှာသံသယဖြစ်စရာကောင်းတဲ့ အပြောင်းအရွှေ့တွေ ရှိရင် သေချာစုံစမ်း..ပြီးတော့ သူက ဘယ်သူ့ဆီ ငွေပို့ပေးနေလဲ သိချင်တယ်…"


"စုံစမ်းလိုက်ပါမယ်…"


"ကုမ္ပဏီရော ဘယ်လိုလဲ .."


"အရင်အတိုင်းပါပဲ…ကျိမူက လှုပ်ရှားမှုကြီးကြီးမားမားတွေ မလုပ်သေးဘူး…၀န်ထမ်း‌တွေကိုလည်း အပြောင်းအရွှေ့ကြီးကြီးမားမားတွေ မဟုတ်လို့ အားလုံးတည်ငြိမ်နေပါတယ်…"


ကျိယွီရှောင်က ယင်းကို မှန်းဆမိလေသည်။ ရာထူး တက်ခါစဖြစ်သော ကျိမူက မိုက်မဲသည့်အရာများကို လုပ်လိမ့်မည်မဟုတ်ပေ။


သူက ကျိကျန်းဟုန်၏သားမဟုတ်ကြောင်း သိပြီး သူ မြင့်မြင့်ခုန်မိလျှင် ကျိကျန်းဟုန်က သူ့ကို ဆွဲချမည်ဖြစ်ကြောင်းလည်း သိလေသည်။


သူက နောက်ပိုင်း သူ့ရာထူးတည်ငြိမ်လာမှ သူ့ရည်မှန်းချက်အတိုင်း လုပ်ဆောင်လာလောက်သည်။


သို့သော် ကျိကျန်းဟုန်က ကျိမူကို ဒိုင်းကာအဖြစ် သုံးနေခြင်းသာဖြစ်လေသည်။


ကျိယွီရှောင်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။


သူ့အဖေမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်…


သူ အဲ့ဒါကို ဘယ်တုန်းကမှ မသိခဲ့ဘူး…


သူတို့သားအဖက ကမ္ဘာပေါ်မှာ အရင်းနှီးဆုံးလူတွေလို့ ထင်ထားတာ…


ရှက်စရာကောင်းလိုက်တာ…


သူက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ 


ဆောင်းရာသီရောက်ပြီဖြစ်ပြီး နှစ်သစ်ကူးရောက်တော့မည်ဖြစ်သည်။ ယမန်နှစ်က နှစ်သစ်ကူးနေ့ကို သူ ယခုထိ မမေ့‌သေးပေ။


.......


လင်းလော့ချင်းက ကောင်းစွာ ‌အိပ်စက်ပြီးနောက် မိုးလင်းလာသောအခါ မနက်စာစား၊ မိတ်ကပ်ပြင်ကာ အင်္ကျီလဲရန် သွားလိုက်သည်။


သူက အလေးမကာ ဇာတ်ညွှန်းဖတ်နေဆဲဖြစ်ပြီး လင်းလော့ချင်း၏တည်ငြိမ်သော အသွင်အပြင်ကို မြင်သောအခါ ဝူရှင်းယွမ်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


မာပေါ်ကျုံးက ရောက်မလာသော်လည်း ရှစ်ကျန်းက ‌အစောကြီး ရောက်လာလေူည်။


"ရော့…"


ရှစ်ကျန်းက လက်ထဲမှ ပေါက်စီကို ပေးလိုက်သည်။


"ဟိုတယ်က ပေါက်စီက အရသာမရှိဘူးလို့ မင်း ပြောခဲ့တယ်လေ…ဒါ တခြားနေရာက ၀ယ်လာတာ…‌စားလို့ကောင်းတယ်…စားကြည့်…"


လင်းလော့ချင်းက ထိုစကားများကို ကြားသောအခါ ရှစ်ကျန်း၏လက်ထဲမှ ပလတ်စတစ်အိတ်ကို ကြည့်လိုက်သည်။ အိတ်ထဲတွင် အရသာရှိမည့်ပုံပေါ်သော အဖြူရောင်ပေါက်စီများရှိလေသည်။


"ကျေးဇူးတင်ပါတယ်…"


သူ လှမ်းယူလိုက်၏။


"ရပါတယ်…ပူနေတုန်းစား…အေးလို့ရှိရင် စားမကောင်းတော့ဘူး…စားလို့မကုန်နိုင်ရင် လက်ထောက်နဲ့ အေ့ဂျင်ကိုလည်း မျှကျွေးလိုက်လို့ရတယ်…"


"ဟုတ်ကဲ့…"


"ဒါဆို ငါ သွားတော့မယ် …စားပြီးရင် အလေးမဖို့ မမေ့နဲ့နော်…"


ပြောပြီးနောက် ရှစ်ကျန်းက ထွက်သွားရန် လုပ်လိုက်သည်။


လင်းလော့ချင်းက သူ့ကို တားလိုက်သည်။


"အစ်ကိုကျန်းက ပေါက်စီပေးဖို့အတွက်ပဲ ရောက်လာတာလား…"


"မင်းရဲ့မနက်ခင်းလေ့ကျင့်ခန်းကို ကြီးကြပ်ပေးဖို့လည်း ပါတာပေါ့…"


ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏မျက်နှာပေါ်မှ အပြုံးက ပျောက်သွားပြီး ရှစ်ကျန်းကို လေးနက်နူးညံ့စွာ ‌ကြည့်လိုက်သည်။


"အစ်ကိုကျန်းကို မေးချင်တာလေးရှိတယ်…"


လင်းလော့ချင်း၏လေးနက်မှုကို မြင်သောအခါ ရှစ်ကျန်းက စူးစမ်းစွာ မေးလိုက်၏။


"ဘာမေးမလို့လဲ…"


"ကျွန်တော့်ကို ဘာလို့ ရုတ်တရက်ကြီး လေ့ကျင့်ခန်းလုပ်ခိုင်းတာလဲ…ကျွန်တော့်လှုပ်ရှားမှုတွေ ကောင်းလာဖို့အ‌တွက်ပဲလား…"


ရှစ်ကျန်း ထိတ်လန့်သွား၏။


ရှစ်ကျန်း၏သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းသော်လည်း သူ့၏ရှက်ရွံ့မှုနှင့် ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။


အချိန်အတော်ကြာပြီးနောက် သူက ပြုံးကာ ပြောလိုက်သည်။


"မင်း ဘယ်လိုထင်လဲ…"


"ဆရာမာကြောင့်လား…"


လင်းလော့ချင်း မေးလိုက်သည်။


"ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား…"


သူက ရှစ်ကျန်းကို ကြည့်နေပြီး ရှစ်ကျန်း၏ကူရာမဲ့စွာ သက်ပြင်းချသံကို ကြားလိုက်ရသည်။


ဖြာ‌ချနေသော နေရောင်ခြည်က ရှစ်ကျန်း၏မျက်နှာကို တောက်ပနွေးထွေးလာစေလေသည်။


"မင်း သိသွားပြီပဲ…"


သူက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။


သူက ဤအချိန်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေသည့်ပုံ ပေါ်လေသည်။


လင်းလော့ချင်းက ရှစ်ကျန်း၏ရှင်းပြချက်ကို နားထောင်ရန် တဲထဲသို့ ခေါ်သွားလိုက်သည်။


ရှစ်ကျန်းက မည်သို့ ပြောပြရမည်မှန်း မသိသောကြောင့် တစ်ခဏခန့် တိတ်ဆိတ်နေပြီး အချိန်ကာလအတိုင်း ပြောပြရန် ‌ဆုံးဖြတ်လိုက်သည်။


"ငါ မင်းကို ပြောပြဖူးတယ်မလား…လွန်ခဲ့တဲ့လေးနှစ်လောက်က ငါနဲ့ငါ့သူငယ်ချင်းက မာပေါ်ကျုံးနဲ့ ဇာတ်ကားအတူရိုက်ဖူးတယ်…သူက ရှေးခေတ်ဒရမ်မာပဲ…ငါက အစောင့်‌အနေနဲ့ သရုပ်ဆောင်ပြီး သူက အစေခံအနေနဲ့ သရုပ်ဆောင်တာလေ…သူက အရမ်းချောတယ်…ပြီးတော့ အမျိုးသားဇာတ်ကောင်နောက် လိုက်နေရတဲ့ဇာတ်ကောင်…ဒါကြောင့် မာပေါ်ကျုံးက သူ့ကို သတိထားမိ‌သွားတယ်…"


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး တိတ်တဆိတ် နားထောင်နေလေသည်။


ရှစ်ကျန်းက ကူရာမဲ့စွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။


"ဘာဆက်ဖြစ်လဲ ခန့်မှန်းကြည့်လို့ ရပါတယ်…မာပေါ်ကျုံးက သူ့နောက်ကို လိုက်ရင် အရင်းအမြစ်တွေ ပေးမယ်လို့ ပြောတယ်လေ…ငါ့သူငယ်ချင်းက အစက ငြင်းပါသေးတယ်…ဒါပေမဲ့ နောက်တော့သူ သဘောတူလိုက်တယ်…"


နောက်ဆုံးတွင် လွန်ခဲ့သည့်လေးနှစ်က အဖြစ်အပျက်ဖြစ်သည့်အတွက် ပြန်ပြောပြသောအခါ ယခင်ကလောက် စိတ်မလှုပ်ရှားတော့ပေ။


လွန်ခဲ့သည့်လေးနှစ်ကမူ သူက ငယ်ရွယ်တက်ကြွသည့်အရွယ်ဖြစ်သည့်အပြင် ဖျော်ဖြေရေးလောကသို့ ၀င်ရောက်ခါစဖြစ်သောကြောင့် သူက ယင်းကို သ‌ဘောမတူမည်ကို သိသည့်အတွက် သူ့သူငယ်ချင်းက သူ့ကို ထိုကိစ္စအား မပြောပြခဲ့ပေ။ 


သူတို့က အဖွဲ့ထဲသို့ အတူ၀င်ရောက်ခဲ့သော်လည်း ရိုက်ကူးရေးပြီးချိန်က မတူပေ။ သူက ဦးစွာ အဖွဲ့ထဲမှ ထွက်ခွာလာပြီး သူ့သူငယ်ချင်းကမူ မာပေါ်ကျုံးနှင့်အတူ ဆက်လက်ရိုက်ကူးနေရဆဲ ဖြစ်သည်။


ထို့နောက် သူ့သူငယ်ချင်းက သူတို့ငှားနေသောအိမ်မှ ပြောင်းရန် လုပ်လာသောကြောင့် ‌ရှစ်ကျန်း မေးခဲ့သည်။


"ဘယ်ပြောင်းမလို့လဲ…"


သူ့သူငယ်ချင်းက ပြော၏။


"ငါ ကုမ္ပဏီအသစ်နဲ့ စာချုပ်ချုပ်ထားတယ်…သူတို့က အိပ်ဆောင်ပေးတယ်လေ…"


ရှစ်ကျန်းက သူ့သူငယ်ချင်းအတွက် ပျော်ရွှင်သွားပြီး ကုမ္ပဏီအသစ်အကြောင်း မေးသည့်အခါတစ်ဖက်လူက မရေမရာ ပြန်ဖြေလေသည်။ ထိုအခါ သူက တစ်ဖက်လူက သူ့ကို အားနာနေသောကြောင့်ဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့က အောက်ခြေမှ အတူစတင်လာကြခြင်းဖြစ်ပြီး သူ့သူငယ်ချင်းက မြှင့်တက်လာသောကြောင့် သူ့ကို အားနာနေမည်ဖြစ်သည်။


ရှစ်ကျန်းက ထိုကိစ္စကို များစွာ ဂရုမစိုက်ခဲ့သောကြောင့် သေချာမမေးခဲ့ပေ။ သို့သော် ‌နောက်ပိုင်းတွင် သေချာမမေးခဲ့မိသည့်အတွက် နောင်တရမိလေသည်။ သူသာ ထိုအကြောင်းကို သိခဲ့လျှင် မရရအောင် တားခဲ့မည်ဖြစ်သည်။


သူက သူ့၏ သူငယ်ချင်းဟောင်းကို အဖွဲ့တစ်ခုထဲတွင် ထပ်မံတွေ့ရသည့်အချိန်က ဆောင်းရာသီလည်း ဖြစ်ပေသည်။


သူ့သူငယ်ချင်း ပြောင်းရွေ့သွားသည့်အချိန်မှစ၍ သူတို့က အချင်းချင်း မတွေ့ရသေးပါပေ။ သူတို့၏ ဖုန်းခေါ်ဆိုမှုများနှင့် စာတိုများသည်လည်း တဖြည်းဖြည်း လျော့ပါးလာလေသည်။ နောက်ဆုံးတွင် သူတို့က အချင်းချင်း အဆက်အသွယ် မလုပ်ကြတော့ပေ။ 


ထိုအချိန်က သူသည် ဒေါသထွက်နေပုံရသည်။ သူက သူ့လက်ထောက်ကို ဆက်တိုက်အော်ဟစ်ကာ ကန်ကျောက်နေပေသည်။


ရှစ်ကျန်းက အဝေးမှကြည့်နေပြီးရင်း အတိတ်ကမှုန်ဝါးကာ ထိုသူက သူစိမ်းတစ်ယောက်ဖြစ်လာသည်ဟု ခံစားလိုက်ရပေသည်။ သို့ဖြစ်၍ သူက ရပ်တန့်ကာ ဆက်မလျှောက်သွားတော့ပါချေ။


သို့သော် သူ၏ သူငယ်ချင်းအသစ်အချို့က သူ့ဆီသို့ လျှောက်လာပြီး ခေါ်လိုက်လေသည်။

"ရှစ်ကျန်း... ဒီမှာ..."


ရှစ်ကျန်းသည် သူ့၏ သူငယ်ချင်းဟောင်းက မာဆတ်ဆတ်ဖြင့် နောက်လှည့်လာသည်ကို တွေ့လိုက်ပေသည်။ သူ့မျက်နှာထက်တွင် ထိတ်လန့်နေဟန်ကို မြင်နိုင်ပေသည်။ 


ရှစ်ကျန်းက သူ့ဆီသို့ လျှောက်သွားလိုက်သည်။ သူက သူ့၏ သူငယ်ချင်းအသစ်များဆီသို့ လျှောက်မသွားမီ နှုတ်ဆက်စကားအနည်းငယ် ဆိုလိုက်လေသည်။ 


သူ့သူငယ်ချင်းက ပခုံးပေါ်သို့ လက်တင်ကာ သိလိုစိတ်အပြည့်နှင့် မေးလာသည်။ 

"မင်းသူ့ကိုသိတယ်လား..."


"အရင်တုန်းက သိတယ်..."

ရှစ်ကျန်းက ဆိုလိုက်သည်။


"သူ့ဒေါသက အရင်တုန်းကလည်း ဒီလိုပဲ ကြီးတာလား... သူ့ရဲ့ သနားစရာ လက်ထောက်ကို ကြည့်ပါဦး... သူက အဲ့လောက်လည်း နာမည်မကြီးပါဘူး... သူနာမည်ကြီးသွားရင် ဘယ်လောက်တောင်ဆိုးမလဲမသိဘူး..."


ရှစ်ကျန်းက ပြုံးလိုက်ပြီး တစ်ခွန်းမှ မဆိုပါပေ။ ယခင်က သူသည် နူးညံ့သော စိတ်ထားရှိခဲ့ပေသည်။ သူတို့နှစ်ဦးက အဆောင်တစ်ခုတည်းတွင် အတူနေရစဉ်က သူက အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် အမှိုက်ပစ်ခြင်းများကို ဦးစွာလုပ်ဆောင်တတ်ပေသည်။ 

သူ့ကို ထပ်တွေ့ရတဲ့အချိန်မှာ သူက ဒီလိုမျိုးပြောင်းသွားမယ်လို့ ဘယ်သူကထင်မှာလဲ...


ရှစ်ကျန်းက ၄င်းမှာ သူက နာမည်ကြီးအနေဖြင့် ကြီးပြင်းလာရ၍ ဖြစ်နိုင်သည်ဟု တွေးမိပေသည်။ အလွန်နာမည်ကြီးခြင်းမဟုတ်သော်လည်း ယခင်ကထက် ပိုကောင်းပေသည်။ အနည်းဆုံးတွင် သူ့၏ ကိုယ်ပိုင် ပရိသတ်အဖွဲ့ရှိပြီး တတိယ သို့မဟုတ် စတုတ္ထအမျိုးသားခေါင်းဆောင်နေရာတွင် သရုပ်ဆောင်နိုင်ပေသည်။ ၄င်းက တိုးတက်မှုဟု ယူဆနိုင်ပေသည်။ 


သူက တစ်ခွန်းမှမဆိုပဲ သူတို့မည်သည့်အခါမှ မသိဖူးသကဲ့သို့ ယူဆလိုက်သည်။ သို့သော် ရက်များစွာကြာပြီးနောက် ထိုသူက သူ့ကို စ၍လာရှာမည်ဟု မည်သူက ထင်ပါမည်နည်း။ 


ရှစ်ကျန်းက သူ့ကိုကြည့်ကာ ကြောင်အနေလေသည်။ သူက ပညာရှင်ဆန်သော အပြုံတစ်ခုကိုပေးလိုက်ပြီး မေးလိုက်လေသည်။

"ဆရာကျောက် တစ်ခုခုမှားနေလို့လား..."


ကျောက်ယွီက အတန်ကြာအောင် တိတ်ဆိတ်နေပြီး ရှစ်ကျန်းကို မေးလိုက်လေသည်။

"မင်းအချိန်ရလား..."


ရှစ်ကျန်းက ခေါင်းညိတ်ကာ သူ့၏ ကားဆီသို့ သူနှင့်အတူလျှောက်သွားလိုက်လေသည်။ 


ကျောက်ယွီက ကားထဲသို့ရောက်သည့်အခိုက်တွင် ဆေးလိပ်စသောက်လေတော့သည်။ ရှစ်ကျန်းက ဆေးလိုက်မသောက်ပဲ သူ့ကို အလွန်ယဉ်ကျေးစွာ စကားဆိုလိုက်သည်။


ကျောက်ယွီက သူ့၏ ယဉ်ကျေးမှုကို စိတ်ရှုပ်သွားဟန်ရပြီး ဆိုလိုက်သည်။

"ငါက မင်းကို အဲ့ဒါတွေပြောဖို့ လာရှာတာလား..."


"အဲ့ဒါဆိုရင် မင်းက ငါ့ကို ဘာပြောမလို့လာရှာတာလဲ..."

ရှစ်ကျန်းက မေးမြန်းလိုက်သည်။ 


ထိုမေးခွန်းနှင့်ဆိုလျှင် ကျောက်ယွီက ဘာမှမဆိုနိုင်ပါချေ။ သူက ဆေးလိပ်သာ ဆက်သောက်နေပေသည်။ 


သူက ဆေးလိပ်သောက်နေစဉ်တွင် ကားတံခါးက ဆွဲဖွင့်ခံလိုက်ရပေသည်။ မန်နေဂျာက သူ့ကိုကြည့်ပြီး မကျေနပ်သည့် အကြည့်တစ်ချက် ပြုလုပ်လိုက်သည်။ 

"မင်း ဒီစီးကရက်တွေ ဘယ်တုန်းက ဝယ်လာတာလဲ... ငါ့ကိုပေး..."


ကျောက်ယွီက ရန်စဟန်ဖြင့် ကြမ်းကြမ်းတမ်းတမ်းဆိုလိုက်သည်။ 


"ငါက ဆေးလိပ်သောက်ဖို့လေးနဲ့ စောက်ကျိုးနည်း မင်းကို သတင်းပို့စရာလိုသေးတာလား..."


သူ့မန်နေဂျာက ကူကယ်ရာမဲ့ဆိုလိုက်သည်။ 

"အဲ့လိုမလုပ်ပဲ ငါ့ကိုစီးကရက်တွေပေး... အဲ့လိုမှ မဟုတ်ရင် ဆရာ ကျုံး ထပ်ပြီး စိတ်ပျက်သွားလိမ့်မယ်..."


ကျောက်ယွီက ၄င်းကိုကြားရာ ဆူးများကို ပြသနေသော ဖြူကောင်လေးတစ်ကောင်သဖွယ် ဖြစ်သွားလေသည်။ သူက နှစ်ချက်မျှ ရှိုက်ထုတ်လိုက်ရာ ချောင်းအသည်းအသန်ဆိုးလာပေသည်။ 


သူက တံခါးကိုပိတ်လိုက်ပြီး စီးကရက် သောက်နေခြင်းမဟုတ်ပဲ စိတ်ဆန္ဒကိုသောက်သုံးနေသကဲ့သို့ သည်းကြီးမဲကြီး ဆေးလိပ်သောက်နေပေတော့သည်။ 


ရှစ်ကျန်းက တိတ်တဆိတ်ကြည့်နေပေသည်။ ကျောက်ယွီက ဆေးလိပ်သောက်မပြီးခင်အထိ သူက စကားတစ်ခွန်းမှ မဆိုပါပေ။ 


ကျောက်ယွီသည်လည်း ဘာပြောရမည်ကို သိသည့်ပုံမရပါပေ။ သူက တံခါးဖွင့်ကာ ရှစ်ကျန်းကို ထွက်သွားခွင့်ပြုလိုက်လေသည်။ ရှစ်ကျန်းက ငုံ့ထားသော သူ့ခေါင်းကို ကြည့်လိုက်လေသည်။ သူက ယခင်အတိုင်း သန့်စင်နေပုံရသေးသော်လည်း တစ်စုံတစ်ခုကို ပျောက်ဆုံးသွားသည်ဟု တွေးမိပေသည်။ အပင်သေတစ်ပင်ကဲ့သို့ပင်။ ရှစ်ကျန်းက သူ့ကိုစိုးရိမ်ကာမေးလိုက်လေသည်။ 


"မင်းဘာတွေ ဖြစ်နေတာလဲ..."


ကျောက်ယွီက ရယ်မောကာ ဆိုလိုက်သည်။

"ဘာမှမဖြစ်ပါဘူး..."

ရှစ်ကျန်းက သူ့ကိုမယုံပါပေ။ အမှန်တရားက သက်သေပြထားသည့်အတိုင်းပင် သူက သူ့ကို မယုံကြည်သင့်ပါပေ။


နောက်ပိုင်းတွင် ကျောက်ယွီက သူ့ကို အကြိမ်များစွာ လာရှာခဲ့ပေသည်။ ထိုသို့ လာရှာသည့်အချိန်တိုင်းတွင် သူက တစ်စုံတစ်ခုကို ပြောလိုသော်လည်း မပြောနိုင်သည့်ဟန်ရပေသည်။


သို့ဖြစ်၍ တစ်နေ့တွင် သူက ငိုယိုကာ ဖုန်းဆက်ပြီး ရှစ်ကျန်းကို သူ့အခန်းသို့ လာစေခဲ့ပေသည်။ ရှစ်ကျန်းက သွားလိုက်ကာ အခန်းထဲသို့ ဝင်သွားသည့်အခါ သူ့ပတ်လည်တွင် ဝိုင်ပုလင်းများ ပတ်လည်ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။ 


သူက အရက်မူးကာ အမှောင်ထုထဲတွင် ကျရောက်နေစဉ်၌ ရှစ်ကျန်းကို သူ့၏ ဝမ်းနည်းမှုအား ပြောပြလာပေသည်။


ထိုထုတ်လုပ်ရေး ပြုလုပ်စဉ်က သူက မာပေါ်ကျုံး၏ မျက်စိကျမှုကို ခံခဲ့ရပေသည်။ မာပေါ်ကျုံးက သူ့ကို အောင်မြင်မှုနှင့် ရင်းမြစ်များကို ထောက်ပံ့ပေးရန် ကတိပေးခဲ့သည်။ အသေအချာ တွေးတောပြီးနောက်သူက သဘောတူခဲ့ပေသည်။ 


သူက သူကိုယ်တိုင်အတွက် အမည်တစ်ခု အလွန်ပြုလုပ်ချင်နေသည်။ သူက နာမည်ကြီး ဇာတ်ကောင်တစ်ယောက်အဖြစ် သရုပ်ဆောင်လိုသော်လည်း ထိုသို့ပြုလုပ်ရန် ဖြတ်လမ်းနည်းသုံးနေသည်ကို သူ့သူငယ်ချင်း သိသွားမည်ကိုလည်း အလွန်ရှက်ရွံ့နေပေသည်။ သို့ဖြစ်၍ သူက ပြောင်းရွေ့နေထိုင်ကာ ရှစ်ကျန်းနှင့်အဆက်အသွယ်များအားလုံးကို တဖြည်းဖြည်း ဖြတ်လိုက်ပေသည်။ 


အစပိုင်းတွင် ကျောက်ယွီက အလွန်ပျော်ရွှင်သည်ဟု ခံစားရပေသည်။ ထိုအချိန်က မာပေါ်ကျုံးမှာ အသက် ၄၀အစောပိုင်းသာ ရှိသေးပေသည်။ သူက ၃၈ သို့မဟုတ် ၃၉နှစ်အရွယ်နီးပါးဖြစ်စေရန် သူ့ကိုယ်သူ ကောင်းကောင်းထိန်းသိမ်းခဲ့ပေသည်။ သူက သူ့ဘေးတွင် ရပ်နေသည့်အခါ အသက်အရွယ်ကွာခြားမှုမှာ ဤမျှ မသိသာပါပေ။ 


ကတိပေးထားသည့်အတိုင်းပင် သူက ကျောက်ယွီကို ရင်းမြစ်များပေးအပ်ကာ မန်နေဂျာများ ပြောင်းရန်ပင် ကူညီပေးခဲ့ပေသည်။ ၄င်းမှာ မရှိမဖြစ်လိုအပ်လှသော ရင်းမြစ်ကောင်းများနှင့် ကောင်းမွန်လှသော အမျိုးသားဇာတ်ဆောင်နေရာ မဟုတ်သော်လည်း ကျောက်ယွီမှာ သူ့ကိုယ်တိုင်အတွက် အမည်တစ်ခုပြုလုပ်နိုင်ပြီး ကိုယ်ပိုင် ဇာတ်လမ်းတစ်ခု ရှိလာနိုင်ခဲ့ပေသည်။ 


ကျောက်ယွီက အလွ

န်ကျေနပ်နေပေသည်။ သူက သူနှင့် မာပေါ်ကျုံးမှာ ချစ်ကျွမ်းဝင်နေသည်ဟုပင် ခံစားခဲ့ရပေသည်။ သို့်သော် အချိန်ကောင်းများက ကြာရှည်မခံခဲ့ပါပေ။ သူက မာပေါ်ကျုံးမှာ သူထင်ထားသကဲ့သို့မဟုတ်ကာ သူတို့ကြားတွင် ရှိသည်က သာမန် ဆက်ဆံရေးများနှင့်မတူသည်ကို သိရှိသွားလေသည်။