Chapter 116
မာပေါ်ကျုံးက ငယ်ရွယ်မှုကို ကြိုက်နှစ်သက်သော်လည်း ငယ်ရွယ်မှုအပေါ် သူ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုသာ နှစ်သက်ခြင်းဖြစ်သည်။
သူက ကြည်လင်၊ သန့်စင်ကာ တောက်ပသော ကောင်လေးများကို အလိုလို ပိုမိုနှစ်သက်ပေသည်။ သူက သူ့တို့ကို သူ့အကြိုက်အတိုင်း ကန့်သတ်ထားပြီး သူတို့ကြိုက်သည်ကို ပိတ်ပင်ထားပေသည်။ သူက သူတို့အား သူအလိုရှိသည့်အတိုင်း ရှင်သန်နေထိုင်စေလိုပေသည်။
သူက အလွန်ထိန်းချုပ်တတ်သော လူတစ်ဦးဖြစ်သည်။
သူက ကျောက်ယွီအား ဆဲရေခြင်း၊ အနက်ရောင်အဝတ်အစားများဝတ်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ ပြုလုပ်ရန် ခွင့်မပြုပါပေ။ သူက ကျောက်ယွီကို လေ့ကျင့်ခန်းလုပ်ရန်ပင် ခွင့်မပြုပါပေ။
ကျောက်ယွီက မာပေါ်ကျုံးအား ၄င်းမှာ သူသရုပ်ဆောင်ရမည့် ဇာတ်ကောင်ဖြစ်သည့် ရေနစ်နေသော လူတစ်ဦးကို ကယ်တင်ရမည်ဖြစ်၍ ခန္ဓာကိုယ်အချိုးအစား လှပရန်လိုအပ်သည့် အခန်းတစ်ခုအတွက်ဟု ပြောလျှင်ပင် မာပေါ်ကျုံးက ခွင့်မပြုပေးပါချေ။
သူက ကျောက်ယွီ၏ အချစ်ကို သူ့ဆန္ဒအတိုင်း တောင်းဆိုနေပေသည်။ သူ့အဝတ်ဘီရိုတွင် အနက်ရောင်အဝတ်အစားတစ်ခုပင် မရှိပါပေ။ ၄င်းမှာ မာပေါ်ကျုံး၏ လူငယ်တစ်ဦးက မည်သည်ကို ဝတ်သင့်သည်ဟူသော အတွေးအတိုင်း ဖြစ်ပေသည်။
ကျောက်ယွီက ၄င်းကို နားမလည်သလို လက်မခံနိုင်ပါပေ။ သူက မာပေါ်ကျုံးနှင့် အငြင်းအခုံပြုလုပ်ကာ သူတို့၏ စစ်အေးတိုက်ပွဲကို တိုက်ခိုက်သော်လည်း မာပေါ်ကျုံးက သူက အမှားတစ်ခုလုပ်ထားသကဲ့သို့ စိတ်ပျက်သည့် မျက်နှာထားကို ပြုလုပ်ထားတတ်ပေသည်။
နောက်ပိုင်းတွင် မာပေါ်ကျုံးပေးသည့် အရင်းအမြစ်များအတွက် ကျောက်ယွီက အဆုံးတွင် အရှုံးပေးလိုက်ရလေသည်။
သဘောတူခြင်းမှာ အလိုလိုက်ခံရခြင်းဖြစ်သည်။ မာပေါ်ကျုံးက သူ့အား ရင်းမြစ်များထပ်မံပေးလာလေသည်။ ၄င်းက အသိပြုလောက်စရာ မဟုတ်ပါပေ။ မည်သို့ပင်ဆိုစေ မာပေါ်ကျုံးက သူ့အား ဆွဲတင်ရန်အတွက် မည်သည့်အခါကမှ မရည်ရွယ်ခဲ့ပါပေ။ သူက ကျောက်ယွီအား သူအလိုရှိသည့် နည်းလမ်းအတိုင်းသာ ရှင်သန်စေလိုပြီး မကြာခင်မှာပင် သူက ကျောက်ယွီထံမှ ပိုပို၍ တောင်းဆိုလာပေသည်။
သူက ကျောက်ယွီအလုပ်မရှိသောနေ့များတွင် သူငယ်ချင်းများနှင့် အပြင်ထွက်ရန် တားမြစ်ထားပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့သူငယ်ချင်းများက ဆေးလိပ်သောက်တတ်ကာ အရက်သောက်တတ်၍ ဖြစ်သည်။ သူက သူ့၏ ငယ်ရွယ်မှုက ထိုလူများနှင့် ကုန်ဆုံးသွားကာ သူစိတ်ထဲတွင်ရှိသည့် ရိုးရှင်းကာ သန့်စင်သော လူငယ်လေး မဟုတ်တော့ပေဟု ခံစားရပေသည်။
သူက သူ့စိတ်ထဲမှ ကောင်လေးက ထိုသို့မဟုတ်၍ သူ့အား အချိန်နှစ်နာရီထက်ပို၍ ဂိမ်းဆော့ခွင့်မပြုပါပေ။
သူက ကျောက်ယွီကို ပန်းချီဆွဲသင်ခိုင်းပြီး နေ့တိုင်း နာရီအနည်းငယ် စာဖတ်စေသည်။ သူက သူ့စိတ်ထဲရှိ ငယ်ရွယ်မှုကို ဂရုတစိုက် ဖန်တီးကာ ကျောက်ယွီအား စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားစေသည်။
"ငါတို့ထဲက တစ်ယောက်ကတော့ ရူးမှာပဲ... အဲ့ဒါ သူမဟုတ်ရင် ငါပဲဖြစ်မယ်..."
ကျောက်ယွီက မျက်နှာကြက်ကို မော့ကြည့်ကာ ဆိုလိုက်သည်။
ရှစ်ကျန်းက သူ မသိသော နေရာတွင် ကျောက်ယွီက ဤသို့ ဖြတ်သန်းနေရသည်ကို လုံးဝ မသိခဲ့ပါပေ။ သူက သူ့၏ သူငယ်ချင်းဟောင်းကိုကြည့်ကာ သူ့နှလုံးသားက နောင်တတရားဖြင့် ပြည့်နေလေသည်။
သူက ထိုအချိန်က ပိုအနည်းငယ်သာ ပိုမို မေးမြန်းခဲ့ပါက ဤသည်ကို တားဆီးနိုင်မည်ဟု ထင်ပေသည်။ သူက ကျောက်ယွီကို အိမ်ပြောင်ခြင်းမှ တားမြစ်လိုက်ပါက သူဤသို့ ဖြစ်လာမည် မဟုတ်ပါပေ။
သို့သော် ၄င်းက အလွန်နောက်ကျသွားလေပြီ။
"မင်းက ကျောက်ယွီထက် ထိခိုက်လွယ်တဲ့ ပုံပေါက်တယ်... မင်းပင်ကိုစရိုက်ကလည်း ပိုကောင်းတယ်... အဲ့ဒါကြောင့် မာပေါ်ကျုံး ဆက်တိုက် ချဉ်းကပ်လာတာနဲ့ ငါသတိထားမိတာ... သူ သဘောကျတာက ငါထင်နေတဲ့ ပုံစံနဲ့လားဆိုတာ သိပ်တော့မသေချာဘူး... ဒါပေမဲ့ လူတွေရဲ့ နှလုံးသားက စစ်ဆေးတာကို မခံနိုင်ဘူး... ငါ့သူငယ်ချင်းကလည်း အရင်က မာပေါ်ကျုံးရဲ့ ဖြားယောင်းပေးအပ်တာကို ရောထွေးသွားဖူးတယ်... ဒါပေမဲ့ သူက အလျော့ပေးတုန်းပဲ... မင်းသဘောတူလောက်မလား ငါမသိပေမဲ့ အဲ့ဒါကို အလောင်းအစားမလုပ်ချင်ဘူး... အဲ့ဒါကြောင့်ပဲ ငါက အစကတည်းက အဲ့လို ဖြစ်နိုင်ခြေတွေအကုန်လုံးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတာ..."
"ငါအဲ့အကြောင်းကို အကြိမ်ပေါင်းများစွာ သေချာ တွေးကြည့်ပြီးပြီ... ငါက ဝင်ပါတတ်တဲ့လူလို့ မင်းထင်နေမယ်ဆိုတာလဲ ငါသိတယ်... မင်းက ငါ့ဆုံးဖြတ်ချက်ကြောင့် ငါ့ကိုအထင်မှားရင်တောင် မှားနေမှာ... ဒါပေမဲ့ ငါမင်းကို ကျောက်ယွီကြုံခဲ့ရတာမျိုး မကြုံစေချင်ဘူး..."
"လင်းလော့ချင်း... မင်းက လူကောင်းတစ်ယောက်ပါ... ကြုံရခဲ့တဲ့ ဆောင်းရာသီရဲ့ နေရောင်နဲ့တောင် တူသေးတယ်... မင်းက အစကတည်းက ငါ့ကို သတိမထားမိပဲ ငါ့ကို မသိခဲ့ရင် ငါက မင်းကိစ္စမှာ ဝင်ပါမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ငါ့အပေါ်အရမ်း ကြင်နာလွန်းတယ်..."
"မင်းက ရှားပါးတဲ့ လူတစ်ယောက်ပဲ... မင်းက ဒါကို သိသွားပြီးလို့ ငါ့ကိုအပြစ်တင်ရင်တောင် ငါမင်းကို သူ့လိုဖြစ်မသွားစေချင်ဘူး... ငါလုပ်ခဲ့တာကို ငါနောင်တမရဘူးဆိုတာ သိတယ်... အတိုးချုပ် ပြောရရင် ငါက ဘာမှမလုပ်ခဲ့ပဲ မင်းကို မက်လုံးတွေ စမ်းသပ်ချက်တွေကို လက်ခံဖို့ ခွင့်ပြုခဲ့မိလို့ မင်းက ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်သွားရင်တော့ အကောင်းဆုံးပဲပေါ့... ဒါပေမဲ့ မင်းသာ သူ့လိုမျိုးဖြစ်သွားရင် ငါဘဝတစ်လျှောက်လုံး အဲဒီစိတ်ကြီးနဲ့ပဲ ရှင်သန်သွားရမှာ..."
"တောင်းပန်ပါတယ်..."
ရှစ်ကျန်းက ညင်သာစွာဆိုလိုက်သည်။
"တကယ်တော့ ငါ အဲ့ဒါကို တမင်သက်သက်လုပ်လိုက်တာပါ... အခု မင်းသိသွားပြီဆိုတော့ ကြိုက်သလို ဆုံးဖြတ်ပါ..."
သူက ၄င်းကို တည်ငြိမ်စွာဆိုပြီး လင်းလော့ချင်းကို စိုက်ကြည့်နေလေသည်။
ရှစ်ကျန်းမှာ တခြားသူများ၏ ကိစ္စများတွင် ဝင်ပါရန်မကြိုက်သည့် လူမျိုးဖြစ်လေသည်။ သူက ကိစ္စများကို အကြံအစည်နှင့် တမင်သက်သက်လုပ်ရသည်အား မကြိုက်ပေ။ လင်းလော့ချင်းမှာ သူ့၏ ပထမဆုံးဖြစ်ကာ ဤသည်မှာ တခြားသူ၏ စိတ်ဆန္ဒကို မမေးပဲ တစ်စုံတစ်ခုကို တိုက်ရိုက်ပြုလုပ်လိုက်သည့် တစ်ခုတည်းသောအကြိမ်လဲ ဖြစ်ပေသည်။
အချိန်နောက်ပြန်ရောက်သွားလျှင်ပင် သူက ထပ်တူညီသော အရာကို ထပ်မံ ပြန်လုပ်နိုင်သည်ဟု ထင်ပေသည်။
သူက လင်းလော့ချင်းအား ထိုဖြားယောင်းမှုများနှင့် ၄င်းကို လက်ခံနိုင်ခြေကို ရင်ဆိုင်ခွင့်မပြုလိုပါပေ။ လင်းလော့ချင်းမှာ ငယ်ရွယ်ကာ ထက်မြက်ပေသည်။ သူက တခြားတစ်ယောက်၏ ကန့်သတ်ချက်ထဲတွင် ကန့်သတ်ကာ သူ့ကိုယ်သူ မဆုံးရှုံးသင့်ပါပေ။
ရှစ်ကျန်းက လင်းလော့ချင်းမှာ တစ်နေ့နေ့တွင် တခြားသူတစ်ယောက်၏ ပျိုးထောင်မှုကြောင့် မဟုတ်ပဲ သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေရန် မျှော်လင့်ပေသည်။
သို့ဖြစ်၍ သူက လင်းလော့ချင်းမှာ ဖြတ်လမ်းနည်းမလိုက်ကာ ထိုဖြားယောင်းမှုကို မည်သည့်အခါမှ မကြုံရစေလိုပါပေ။
လင်းလော့ချင်းက သူ့ကို နားထောင်ကာ သူ့၏ တည်ငြိမ်သော မျက်လုံးများကို ကြည့်လိုက်ပြီး တွေးလိုက်လေသည်။
အော်... ဒီလိုကိုး...
ရှစ်ကျန်းက သူ့အတွက် ထိုသို့ ပြုလုပ်ခဲ့သည်ဟု သူ သံသယဝင်သော်လည်း ဤသို့ဖြစ်နေမည်ဟု မမျှော်လင့်ထားပါပေ။
မာပေါ်ကျုံးက အဲ့လိုအကြိုက်မျိုးရှိပြီး ထိန်းချုပ်ချင်စိတ်ပြင်းတာကိုး...
သူက အမှန်တကယ်ပင် ထိုသူ့ပုံစံကိုကြည့်ပြီး လုံးဝမပြောနိုင်ပါပေ။
မာပေါ်ကျုံးက သူ့ကို ကောင်းကောင်းကြီး အရူးလုပ်နိုင်တာပဲ...
"အစ်ကို တောင်းပန်စရာ မလိုပါဘူး..."
လင်းလော့ချင်းက ညင်သာစွာဆိုလိုက်သည်။
"အစ်ကိုက ကျွန်တော်ကောင်းဖို့အတွက် လုပ်ခဲ့တာပဲ... အဲ့တော့ ကျွန်တော် အပြစ်မတင်ပါဘူး... အစ်ကို ကျွန်တော်ကို ကူညီချင်တယ်ဆိုတာတော့ ရိပ်မိပါတယ်... ဒါပေမဲ့ ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်နားမလည်တာ... အခုတော့ သိသွားပြီ..."
"ကောင်းကောင်းနားလိုက်ဦး..."
လင်းလော့ချင်းက သူ့ကို ကတိပေးလိုက်သည်။
"ကျွန်တော်က သူ့ဖြားယောင်းတာကို လက်ခံမှာမဟုတ်ဘူး... သူက အဲ့လိုသာဆိုရင် သူနဲ့အတူရှိဖို့ ဘယ်လောက်တောင် သတ္တိရှိရမှာလဲ..."
ရှစ်ကျန်းက သူ့ကိုကြားပြီး သက်ပြင်းချလိုက်သည်။
"ကောင်းတယ်..."
သူက လင်းလော့ချင်းနောင်တရမည်ကို စိုးရိမ်ပုံရကာ ထပ်ဆိုလိုက်သည်။
"မင်းသူ့နောက်ကို တကယ်လိုက်စရာမလိုပါဘူး... သူမင်းကို ရင်းမြစ်နည်းနည်းပေးနိုင်တယ်ဆိုတာ မှန်ပေမဲ့ သူ့စရိုက်နဲ့ဆိုရင် မင်းနာမည်ကြီးသွားရင်တောင် သေချာပေါက် ဆုံးရှုံးမှုတွေကို ခံစားရမှာ..."
"ဒါပေါ့..."
လင်းလော့ချင်းက တည်ငြိမ်စွာဆိုလိုက်သည်။
"ကျွန်တော်က ငယ်ပြီးချောတယ်လေ... သူနဲ့ဆိုရင် ဆုံးရှုံးမှုတွေ ခံစားရမှာမဟုတ်လား... အဲ့အပြင် ကျွန်တော်က သရုပ်ဆောင်တာကို ကြိုက်လို့ကို လုပ်တာ... အဲ့ဒါက ကျွန်ေတာ့်ကို ပျော်အောင်လုပ်ပေးလို့... ကျွန်တော်က နာမည်ကျော်အောင် ကိုယ့်ဘာသာကို ဒီလိုမျိုး အရှုံးပေးလိုက်မယ်ဆိုရင် သူ့ကို ကြည့်ပြီး နေ့တိုင်း ပျော်နိုင်မှာကို မဟုတ်တာ သေချာတယ်..."
သူက သူ့ကိုယ်သူ ကောင်းကောင်း နားလည်ပေသည်။ ရုပ်ရည်သွင်ပြင်မှာ သူ့၏ သေစေနိုင်သည့် အားနည်းချက်ဖြစ်ကာ သူက ထိုအားနည်းချက်အပေါ်တွင် သစ္စာရှိပေသည်။ ထို့ကြောင့်ပင် သူက ကျိယွီရှောင်ကို လက်ထပ်ရခြင်းအား ဖိအားမခံစားရဖြင်း ဖြစ်လေသည်။ ကျိယွီရှောင်မှာ ကျိလဲ့ယွီ၏ ဦးလေးဖြစ်ရုံသာမက အလွန်ချောမောကာ လှပပေသည်။ သူက နေ့တိုင်းကြည့်ရမည်ဆိုလျှင်ပင် သူ့မျက်လုံးများ ဇိမ်ခံနေရသည်ဟု ခံစားရပေသည်။ (face con 🤭)
မာပေါ်ကျုံး၏ ရုပ်ရည်မှာ သာမန်မျှဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ထို့အပြင် သူ့က သူ့ထက် ဆယ်စုနှစ်များစွာ ပိုကြီးပေသည်။
သူက လင်းလော့ချင်းရဲ့ အဖေအရွယ်ကြီးလေ... လင်းလော့ချင်းက သူနဲ့ အတူနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...
လင်းလော့ချင်းက အဲ့လိုဟာသကြီးကို လုံးဝကို ငြင်းတယ်...
"ကျွန်တော်လုံးဝကို သူနဲ့ ဘာမှကို ပတ်သတ်စရာမရှိပါဘူး..."
သူက ခိုင်မာစွာ ဆိုလိုက်သည်။
ရှစ်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါ အကောင်းဆုံးပဲ... ဒါပေမဲ့ အကုန်လုံးကို သိထားရင်တောင် သူနဲ့ ဘာကိစ္စမှ အငြင်းမပွားနဲ့... နောက်ဆုံးကျရင် သူ့ရဲ့ ဂုဏ်သတင်းနဲ့ စီနီယာကျမှုက ဒီမှာ အရေးပါတယ်... မင်းက ပါမွှားမင်းသားလေးတစ်ယောက်ပဲ ရှိသေးတာ... မင်းသူနဲ့ သွားပြီး ပြဿနာရှာစရာမလိုဘူး... မင်းက ငါလုပ်ပေးထားတဲ့ လေ့ကျင့်ခန်း အချိန်ဇယားအတိုင်း ဆက်လုပ်နေသရွေ့ သူမကြာခင်မှာ လက်လျော့သွားလိမ့်မယ်... သူက မင်းလိုမျိုး ငယ်ရွယ်တဲ့ စိတ်ဓာတ်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့လူတွေကို လုံးဝကို မကြိုက်ဘူး..."
လင်းလော့ချင်း : ...
ဘယ်အသက်၂၀ လူငယ်က လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်လို့လဲ...
ဘတ်စကတ်ဘော အသင်းထဲက လူအများစုက လူငယ်တွေ မဟုတ်ဘူးလား...
ဘယ်လိုတောင် စိတ်မမှန်တာလဲ...
"ကျွန်တော်သိပြီ..."
လင်းလော့ချင်းက သဘောတူလိုက်သည်။
နေဦး... နောက်တစ်ခါ သူလေ့ကျင့်ခန်းလုပ်ရင် မာပေါ်ကျုံးကိုပါ ဝင်လုပ်ချင်သေးလားလို့ မေးဦးမယ်...
မင်းက ဆေးရုံအကြာကြီး တက်ထားရတာလေ... မင်းရဲ့ ခန္ဓာကိုယ်က တိုးတက်ဖို့လိုနေတယ်ဆိုတာ မြင်နိုင်တာပဲ... မင်းပိုပြီး လေ့ကျင့်သင့်တယ်...
လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လေ့ကျင့်ခန်း မလုပ်ပဲ နေနိုင်ရတာလဲ... လေ့ကျင့်ခန်းမလုပ်တဲ့ ဘဝဆိုတာ မပြည့်စုံတဲ့ဘဝပဲ...
သူ့ကို သေအောင် စိတ်ဆိုးတယ်...
ရှစ်ကျန်းက သူ့ကို အပြုံးမျက်လုံးဖြင့်ကြည့်လိုက်လေသည်။ သူက ဤကိစ္စနှင့်မဆိုင်သော အရာတစ်ခုကို တွေးမိသွားသည်။
သို့သော် လင်းလော့ချင်းက သူ့အစီအစဉ်များကို အကြမ်းရေးထားရာ သူက မူးဝေသည်ဟု ခံစားလာရပေသည်။ ထို့နောက် လင်းလော့ချင်းက ရှစ်ကျန်းကို ကြည့်ကာ သူက စကားတစ်ခွန်းမှမဆိုပဲ ပြဿနာတစ်ခုကို မည်သို့ ဖြေရှင်းလိုက်သည်ကို တွေးမိသွားလေသည်။ သူက ထောက်ထားတတ်သည်မှာ အသေအချာပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ကျန်းကော..."
လင်းလော့ချင်းက စိတ်ရင်းဖြင့် ဆိုလိုက်သည်။
ရှစ်ကျန်းက ခေါင်းခါလိုက်လေသည်။
"မင်းငါ့ကို အထင်မလွဲရင်ပဲ ရပါပြီ..."
"ဘာလို့ လွဲရမှာလဲ... ကျွန်တော်က ကျေးဇူးတောင် တင်ရဦးမှာ... အာ... ဟုတ်သားပဲ... အစ်ကို့ သူငယ်ချင်းရော ဘယ်လိုဖြစ်သွားလဲ..."
လင်းလော့ချင်းက စိတ်ဝင်တစားမေးလိုက်လေသည်။
ရှစ်ကျန်းက အသံနိမ့်နိမ့်ဖြင့် စကားမဆိုမီ တိတ်ဆိတ်သွားလေသည်။
"သူက ဖျော်ဖြေရေးလောကကနေ အနားယူသွားတယ်..."
ကျောက်ယွီက မာပေါ်ကျုံးကို မုန်းပေသည်။ သူက မာပေါ်ကျုံး သူ့အပေါ်တွင် ပြုလုပ်ထားသည့် ထိန်းချုပ်မှုကို စက်ဆုတ်ကာ မာပေါ်ကျုံးနောက်ကို လိုက်ခဲ့သည့် သူ့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မုန်းတီးပေသည်။
သူက အစပိုင်းတွင် မာပေါ်ကျုံးကို သတ်ရန် ရည်ရွယ်ခဲ့ပေသည်။ သို့သော် ရှစ်ကျန်း၏ ဖျောင်းဖျမှုကို တွေးမိသောအခါ သူ့အနာဂတ်ကို တွေးမိပေသည်။
သူက ငယ်ရွယ်နေဆဲဖြစ်သည်။ ဆန်ကုန်မြေလေးတစ်ကောင်ကြောင့် သူထောင်ထဲသွားရန် မလိုပါပေ။ သူက မာပေါ်ကျုံး သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ သူ့ပခုံးသို့ သစ်သီးလှီးဓားတစ်ချောင်းဖြင့် ထိုးခဲ့လေသည်။
"လူငယ်တွေရဲ့ အကြီးမားဆုံး ယူဆချက်က ဘာလဲဆိုတာသိလား..."
သူက မာပေါ်ကျုံးကို မေးလိုက်သည်။
"အဲ့ဒါက ငယ်ရွယ်ပြီး တက်ကြွတာပဲ... အကြောက်တရား မရှိတာ... ကျုပ်က ခင်ဗျားရဲ့ လူငယ်တစ်ယောက်ဆိုတဲ့ စိတ်ကူးနဲ့ အရင်ကထက်ပိုပြီး ကိုက်မနေဘူးလား..."
သူက ရယ်မောကာ သစ်သီးလှီးဓားကို ဆွဲထုတ်လိုက်သည်။ သွေးများက အိုင်ထွက်လာပြီး သူ့မျက်နှာက သာမန်မဟုတ်သော ပျော်ရွှင်မှုတစ်ခုကို လှစ်ပြလာလေသည်။
သူက ထရပ်ကာ သူ့စကားများကို အချိန်အကြာကြီး ပြင်ဆင်ထားသကဲ့သို့ ပြောလိုက်လေသည်။
"ကျုပ်တို့ကြားက ကိစ္စက ဒီမှာတင် ပြီးပြီ... ခင်ဗျား ကျုပ်ကို ထွက်သွားခွင့်မပြုရင် ကျုပ်လည်း ခင်ဗျားကို ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး... ခင်ဗျားရဲ့ သရုပ်မှန်ကို လူတွေ သိသွားစေချင်လား... ကျုပ်ကို လာလည်းမရှာနဲ့ ဘယ်တော့မှလည်း မဆက်သွယ်နဲ့... ကျုပ်အဆင်ပြေနေသရွေ့ ခင်ဗျားလည်း အဆင်ပြေမယ်..."
သူက ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သော လက်ဆွဲအိတ်ကို ယူကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
မာပေါ်ကျုံးက သူ့၏ ဝိုးတဝါး ပုံရိပ်ကိုကြည့်လိုက်ရာ ထိုအခိုက်အတန့်တွင် ကျောက်ယွီ၏ ကိုယ်ထဲတွင် တစ်ချိန်ကမြင်ခဲ့သည့် တောက်ပမှုကို ပြန်သတိရသွားလေသည်။ သူက ကျောက်ယွီမှာ သူ့၏ စိတ်ဝင်စားမှု ထိပ်ဆုံးသို့ တစ်ဖန်ပြန်ရောက်လာသည်ဟု ခံစားရပေသည်။
သူက ကျောက်ယွီကို ငြီးငွေ့သွားခြင်းသာ ဖြစ်လေသည်။ သို့ဖြစ်၍ သူက ကျောက်ယွီကို ထပ်မရှာတော့ပါပေ။ သူက ရဲခေါ်ကာ ကျောက်ယွီ၏ ခြိမ်းခြောက်မှုနှင့် သူ့အား သတ်ရန် ကြံစည်မှုကိုလည်း မတိုင်တောပါပေ။
ကျောက်ယွီမှာမူ သူသည် မာပေါ်ကျုံးအတွက် ယနေ့ကဲ့သို့ လူမျိုးဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ပြီဖြစ်သည်။ မာပေါ်ကျုံးမှာ သူ့
၏ ကိုယ်ပိုင် နောက်ခံနှင့် အဆင့်အတန်းရှိပေသည်။ သူက သူ့အား ကိုက်ခဲရန်အတွက် လက်မလျော့ပါက သူကိုယ်တိုင်လည်း ခံစားရမည်ဖြစ်လေသည်။(ခြေဗလာနဲ့လူက ဖိနပ်စီးတဲ့သူကိုမကြောက်ဘူး )