Chapter 59
(အယူသီးခြင်း)
ကျိုးကျာ က ချက်ချင်းပြန်မဖြေပေ။ ဝေ့ရွှယ် သည် တစ်ဖက်ကို အာရုံစိုက်နေသော်လည်း ကျိုးကျာ က နားမထောင်သလိုမျိုး ပြန်မဖြေပေ။လိုင်းမကောင်းတာများလားဟုတွေးပြီး သူမ ဆဲလ်ဖုန်းကို ကြည့်လိုက်သော်လည်း တိုင်အပြည့်ရှိနေသည်။ သူမ ငိုတာကို ချက်ချင်းရပ်လိုက်ပြီး
"ကျာကျာ နားထောင်နေလား"
“အင်း... နင့်ကို ငါကူညီနိုင်မလား မသေချာပေမယ့် ငါကြိုးစားကြည့်မယ်...သေချာတိကျတဲ့ အချက်အလက်တွေနဲ့ လိပ်စာကို နောက်မှ ပို့ပေးလိုက်လေ"
"ကျာကျာ နင်က တစ်ကယ်ပဲ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေးပါဟယ်"
ကျိုးကျာ က သူမကို ကူညီဖို့ သဘောတူကြောင်း ဆိုလာသောအခါ ဝေ့ရွှယ် စိတ်ခံစားချက်တို့ ပိုကောင်းလာသည်ဟု သူမ ချက်ချင်း ခံစားလိုက်ရပြီး စိတ်မပူတော့ပေ။ ကျိုးကျာ နှင့် ဖုန်းချပြီးနောက် သူမသည် အဖေဝေ့ကို ကမန်းကတန်း ခေါ်လိုက်သည်။
"အဖေ သမီး လူတစ်ယောက်ကို အကူအညီ တောင်းထားတယ်...ကျိုးကျာလေ… သူမက ကူညီဖြေရှင်းပေးမှာပါ"
"ကျိုးကျာ... ဒီကိစ္စကို သူမ ဖြေရှင်းနိုင်ပါ့မလား"
အဖေဝေ့က သူမကို မယုံကြည်ပေ။
"ကျိုးကျာ မတတ်နိုင်ပေမယ့် သူ့အစ်ကိုကတော့ လုပ်နိုင်မှာပါ...သူမ အစ်ကိုက သူ့ညီမကို အချစ်ဆုံးပဲလေ"
ဝေ့ရွှယ်၏ စကားကိုကြားလျှင် အဖေဝေ့ သက်ပြင်းချကာ ချီးကျူးလိုက်သည်။
"ငါ့သမီးက အယုံကြည်ရဆုံးပဲ... ဝေ့မိသားစုထဲမှာ သမီးလိုလူမျိုး မရှိဘူး... ပြီးတော့ စုမုန့်လို အလကားမိန်းကလေးက ဘာကောင်းလို့လဲ...ယောက္ခမကို ထောင်ထဲပို့တာ...သူမက ငါတို့ကိုပုန်ကန်နေတာလား"
“အဖေ၊ စုမုန့်က အမေ့ကို လက်စားချေတာပါ...အမေက သူမအပေါ် မကောင်းဘူးလို့ ထင်နေတာဖြစ်မယ်...အခုပဲ သူမကို သွားတွေ့တော့ အမေ့အပေါ်ထားတဲ့ သူမရဲ့မုန်းတီးစိတ်ကို သမီးမြင်လိုက်ရတယ်...ကြောက်စရာကောင်းလိုက်တာ"
ဝေ့ရွှယ်က ညည်းညူပြလိုက်သည်။ထိုအခါ အဖေဝေ့သည် ပို၍ပင် ဒေါသထွက်လာသည်။
“စုမုန့် ဝေ့မိသားစုဆီကို ဘယ်တော့မှ ပြန်မလာစေရဘူး... အဖေ သူမကို ခွင့်မလွှတ်ဘူးဆိုတာ သေချာတယ်”
"အင်း.. ဝေ့ရွှယ်၊ ကျိုးကျာကို မြန်မြန်လုပ်ခိုင်းလိုက်...သူမကို တတ်နိုင်သမျှ မြန်မြန် လုပ်ပါစေနော်… မဟုတ်ရင် သမီးအမေ ဒုက္ခရောက်လိမ့်မယ်”
"ကောင်းပြီ အဖေ…စိတ်မပူပါနဲ့... ကျိုးဖုန်း မကူညီနိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး"
ဤဘက်တွင် ဝေ့မိသားစုသည် အမေဝေ့ကို ကယ်တင်ရန် အလွန်အလုပ်များနေရသည်။ တစ်ဖက်တွင် စုမုန့် သည် အလွန်သာယာနေလျက်ရှိသည်။ သူမနှင့် ကောရှန်း တို့သည် ဆိုင်အဝင်ဝတွင် ထိုင်ကာ ရန်ပွဲအား စောင့်ကြည့်နေကြသည်။ဆိုင်သို့ ဖောက်သည်တစ်ဦးတစ်ယောက်မျှပင် မလာကြပေ။လူတိုင်းလည်း စောင့်ကြည့်နေကြသည်။ရန်ဖြစ်သူနှစ်ဦးသည် အချိန်အတော်ကြာ ရန်ဖြစ်နေကြသော်လည်း ဘယ်သူမှ မတားဆီးခဲ့ပေ။ထို့ကြောင့် သူမ အံ့သြသွားရသည်။သူတို့ကို မတားလျှင်တောင် အနည်းဆုံး ရဲခေါ်ဖို့ အထိ သူမ ထင်ထားမိ၏။ ရန်ပွဲကို ဖြတ်သွားဖြတ်လာတွေ ကြည့်သည်မှာ ပုံမှန်ဖြစ်ပေမယ့် ဆိုင်ပိုင်ရှင်ရဲ့ အသိမိတ်ဆွေ တစ်ယောက်တောင်မှ သူငယ်ချင်းက ရဲကို ဘာကြောင့် မခေါ်တာလဲ...
ကောရှန်း က သူမကို ရှင်းပြလိုက်သည်။
“အဲ့ဒီဖောက်သည်က ဆိုင်ကို အကြိမ်ပေါင်းများစွာ လာဖူးတယ်လေ... ဆိုင်မှာလည်း ရှေးဟောင်းပစ္စည်းဝယ်တယ်...အခုကျ သူ ငွေလည်း ပေးပြီးတော့ ဝယ်ထားတဲ့ ကြွေပုလင်းက ပြုတ်ကျပြီး ကွဲသွားခဲ့တယ်...ဘယ်သူက ကွဲနေတဲ့ဟာကြီးကို လိုချင်မှာလဲ…ပိုင်ရှင်ကတော့ ပိုက်ဆံပေးပြီးသားဆိုတော့ ဝယ်သူပိုင်ဖြစ်သွားပြီး သူနဲ့မဆိုင်ဘူးလို့ ပြောတယ်လေ"
“ဒါဆို ဖောက်သည်က ကြွေပုလင်းကို ဝယ်ပြီးခါမှ သူ့ကြောင့် မတော်တဆ ကွဲသွားတာလား...ဒါဆို သူ့ကိစ္စပဲမလား"
“ဒါက ထူးဆန်းတယ်... နှစ်ယောက်သား အရောင်းအဝယ်လုပ်နေတုန်း ကြွေပုလင်းကို ဘေးနားက စားပွဲပေါ်တင်ထားလိုက်တယ်...ဘယ်သူမှလည်းမရှိဘူး...ကင်မရာထဲ ပြန်ကြည့်တော့မှ ကြွေပုလင်းက အကြောင်းပြချက်မရှိဘဲ ပြုတ်ကျသွားမှန်းသိရတာ"
ထူးဆန်းလိုက်တာ... စုမုန့် တောင် ကြောင်စီစီဖြစ်သွားရ၏။ ဒီကြွေပုလင်းက ဘယ်ခေတ်ကလဲ…မှော်ဆန်လိုက်တာ...
ကောရှန်း က
“တစ်ကယ်တော့ ကြွေပုလင်းက သူ့အလိုလို ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်... ကောလဟာလတွေအရတော့ ကြွေပုလင်းတွေက ပိုင်ရှင်ရဲ့အနားမှာ အကြာကြီးရှိနေရင် ဝိညာဉ်စွမ်းအင် မွေးဖွားလာကြတယ်တဲ့..ရှေးဟောင်း ပစ္စည်း တွေဆိုတာက မြေကြီးထဲက တူးထားတာ..ပြီးေတာ့ သက်တမ်းကလည်း ရင့်နေကြပြီ…အခုလည်း ကြွေပုလင်းက သတိဝင်လာပြီး ပိုင်ရှင်အသစ်ကို သဘောမတွေ့လို့ မလိုက်ချင်တာမျိုး ဖြစ်နိုင်တယ်”
"မဖြစ်ဘူး အဘိုးကြီးကလည်း အယူသီးလွန်းတယ်...ဒါက သိပ္ပံပညာ ဖွံဖြိုးနေတဲ့ လူ့အဖွဲ့အစည်းလေ”
ကောရှန်း ၏စကားကိုကြားပြီးနောက် စုမုန့် ရယ်လိုက်မိ၏။သူမ ဆရာ၏ အပြုအမူသည် ရှေးပဒေသရာဇ်မင်းဆက်များနှင့် ဆင်တူသည်။သူ တပ်ထားသော နေကာမျက်မှန်ဝိုင်းကလည်း ပို၍ ရှေးဆန်နေသည်။
“အယူသီးမှုလို့ ပြောရရင် သာမာန်လူတွေရဲ့အမြင်မှာ ဖုန်းရွှေ ဟာလည်း အယူသီးတာပဲ...ကမ္ဘာကြီးက ကြီးကျယ်ခမ်းနားပြီး ထူးထူးဆန်းဆန်းကိစ္စတွေ အမျိုးမျိုးရှိတယ်...ဒါကို လက်ခံပေးရမယ်"
ကောရှန်း သည် သူ့စကားအတွက် အလွန်ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
လမ်းတစ်ဖက်ကလူနှစ်ယောက်မှာ အချိန်အတော်ကြာ ရန်ဖြစ်နေကြသည်။ရန်ပွဲက ပြင်းထန်လာလေလေ၊ နောက်ဆုံးတော့ ရဲများရောက်လာကာ နှစ်ယောက်လုံးကို ခေါ်သွားခဲ့၏။ယခုတော့ စုမုန့် ကြည့်စရာမရှိတော့၍ ပျင်းလာကာ ငြီးငွေ့လာရသည်။အကယ်၍ သူမ စောစောက သိခဲ့လျှင် ဖောက်သည်များအား ပိုမိုအချိန်ပေးရန် ဆရာ့ကို ပြောမိပေလိမ့်မည်။ ဆိုင်က တစ်ကယ်ကို လူသူကင်းမဲ့နေသည်။လူများလာလျှင်ပင် ဖုန်းရွှေ ဖတ်ရန် စုမုန့် ကိုသာ ရှာကြ၍ ရှေးဟောင်းပစ္စည်းဝယ်သူ အများအပြားမရှိပေ။
သို့နှင့်၊ ရှန့်ကျန်း ပြန်လာချိန် ညနေအထိ တစ်ဆိုင်လုံး တိတ်ဆိတ်နေခဲ့သည်။ စုမုန့် သည် သူ၏ ပထမနေ့အကြောင်း မေးချင်သော်လည်း သူ့မျက်နှာက သွေးဆုတ်ဖြူလျော်လျက်ရှိသည်။ သူတော်တော်လေး စိတ်လှုပ်ရှားနေပုံပင်။
"ရှင်ဘာဖြစ်သွားတာလဲ...အလုခံရတာတာလား"
ယခု ရှန့်ကျန်း မျက်နှာက ဖြူဖျော့နေရုံသာမက သူ့အဝတ်အစားများမှာလည်း အနည်းငယ် ရှုပ်ပွနေသည်ဖြစ်၍ စုမုန့် ရိုးရိုးတန်းတန်းထိုသို့ တွေးလိုက်မိသည်။
(ရှန့်ကျန်း ကျရှုံးခဲ့ခြင်း)
“အရမ်းအန္တရာယ်များတယ်…တစ်ကယ်ကို အန္တရာယ်များလွန်းပါတယ်... အသက်ကို သေတော့မလိုပဲ"
စုမုန့် က သူ့ကို မမေးမချင်း ရှန့်ကျန်း အတွေးထဲမှာသာ နစ်မြုပ်နေခဲ့သည်။
"ရှင် ဖုန်းရွှေ သွားကြည့်တာမဟုတ်ဘူးလား…စစ်တိုက်လာရသလိုမျိုး ဘာလို့ဖြစ်နေတာလဲ…"
စုမုန့် သည် ရှန့်ကျန်း ကို စူးစူးစိုက်ကြည့်ကာ ကုလားထိုင်တစ်လုံးပေးလိုက်သည်။ ဖုန်းရွှေ ပညာရပ်သည် အသက်အန္တရာယ်ရှိနိုင်ကြောင်း ပထမဆုံးအကြိမ် သူမ ကြားဖူးခြင်းဖြစ်သည်။
ကောရှန်း က ရှန့်ကျန်း ကို တိတ်တဆိတ်ကြည့်နေပြီး ဘာမှပြန်မပြောပေ။
ထို့နောက် ရှန့်ကျန်း သည် ထိုင်ပြီး အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ ငြိမ်သက်သွားပြီးနောက်မှ ရှင်းပြ၏။
“အစတုန်းကတော့ ရိုးရိုး ဖုန်းရွှေကြည့်ပေးရမယ်လို့မှတ်တာ… ယုံကြည်မှုလည်း အပြည့်ရှိတယ်…ဒါပေမယ့် ရောက်သွားတော့ ကြည့်ရမယ့်လူက လူတစ်ယောက်ဖြစ်နေတာ"
ရှန့်ကျန်းသည် ဒေါသစိတ်နှင့် ပြည့်နှက်နေကာ နှုတ်ခမ်းတွေလည်း နီရဲလာ၏။
သို့သော် သူက ဤသို့ပြောသောအခါ စုမုန့် ပို၍ပင် စိတ်ရှုပ်သွားရသည်။
"လူတွေကို ကြည့်ရတာလား…သူ ဘာကို ဆိုလိုတာလဲ.. အဲဒီလူက တစ်ခုခုမှားနေတာလား... "
သို့သော် ရှန့်ကျန်း စကားပြောနေစဉ် ပြင်းစွာ မောဟိုက်နေကာ အချိန်အတော်ကြာပြီးနောက် သူသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ထို့ကြောင့် သူမ စိတ်မရှည့်တော့ဘဲ
“တစ်ခါတည်း အပြီးပြောလိုက်ပါလား"
စုမုန့် က သူ့ကို တိုက်တွန်းနေတာကြောင့် ရှန့်ကျန်း အိမ်ထဲကို ပြေးသွားပြီး ရေတစ်ခွက်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။သူ ရေဆာလွန်း၍ လည်ချောင်းကို အရင်စိုစွတ်စေလိုက်သည်။
"ပြောရရင် တစ်ကယ့်ကို ထူးဆန်းတယ်...ကိုယ့်ကို လာရှာတဲ့သူက လုစစ် လို့ ခေါ်တဲ့ မိန်းမချောလေးလေ...သူမက အရမ်းလည်းချမ်းသာမယ်ထင်တယ်… သူမက ဗီလာတစ်ခုမှာ နေထိုင်ပြီး တစ်ကယ့်ဈေးကြီးအ၀တ်အစားတွေပဲ ဝတ်ထားတယ်…ပထမတော့ ကိုယ့်ကိုယ်ကို ကံကောင်းပြီထင်နေတာပေါ့…နောက်ဆုံးတော့ အိမ်ရောက်သွားတော့လေ…သူမ…သူမ…”
သူ စကားများများပြောလေ ဒေါသကြီးလေလေဖြစ်သည်။ နောက်ဆုံးတော့ သူ့မျက်နှာက နီရဲလာပြီး သူပြောချင်တာကို အကြာကြီး မပြီးနိုင်မစီးနိုင် ဖြစ်နေရတော့သည်။ သို့သော် သူ့မျက်နှာနှင့်စကားအသွားအလာကို အကဲခတ်ပြီး စုမုန့် တစ်ခုခုကို မှန်းဆလိုက်ကာ ပြုံးပြီး မေးလိုက်၏။
"ဘာလဲ...သူမက ရှင့်ကို ကိုယ်ထိလက်ရောက်များ ပြုလိုက်လို့လား(ဟိုကိုင်ဒီကိုင်ကို ပြောချင်)"
ရှန့်ကျန်း ၏ မျက်နှာကို မြင်လိုက်ရမှ သူမ ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်ရ၏။
"သူမက ဘယ်လိုများ ဖြစ်တာလဲ...ကိုယ်က အရမ်းကိုဖြူစင်ရိုးသားတဲ့ဟာကို သူများ လှည့်စားတာခံရတယ်...ရှက်စရာကောင်းတယ်၊ ရှက်စရာကောင်းတယ်”
ရှန့်ကျန်းက ဒေါသတကြီးပြောလိုက်သည်။
စုမုန့် မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"သူမက ရှင့်ကို အတင်းအနိုင်မကျင့်ရင် ရပြီလေ"
ရှန့်ကျန်း: "..."
"ဒါပေမယ့် စောစောတုန်းက ကိုယ် အရမ်းကြောက်ခဲ့ပေမယ့်၊ အခု တွေးကြည့်မှ အဲဒီအိမ်မှာ တစ်ခုခုမှားနေသလိုမျိုး ခံစားရတယ်...သူမ ကြည့်ရတာလည်းတစ်မျိုးပဲ..မနေ့တုန်းက သူမ ကိုယ့်ကိုဖုန်းဆက်တုန်းက ဒီလိုမဟုတ်ဘူး...ပြီးတော့ ကိုယ် သူမ လက်ထဲကနေ အတင်းပြေးထွက်လာချိန်မှာ 'ကယ်ပါ' ဆိုတဲ့ အော်ဟစ်သံကို ကြားလိုက်ရတယ်...အိမ်က တစ်ခုခု ဖြစ်နေတယ်လို့ ခံစားမိပေမယ့် နားမလည်နိုင်တော့ဘူး..."
"ရှောင်ကျန်း... ဘေစင်ကရေနဲ့ ကိုယ့်ရောင်ပြန်ကိုကြည့်လိုက်"
ရှန့်ကျန်း ပြောလိုက်ပြီးနောက်၊ ကောရှန်း ရုတ်တရက် ကြားဖြတ် ဝင်ပြောလာသည်။
"ဘာလို့ ကြည့်ရတာလဲ"
ရှန့်ကျန်း အံ့ဩသွားသည်။
"ရှင်က ဖုန်းရွှေပညာရှင်လေ...ရှင့်ကိုယ်ပေါ်မှာ မကောင်းတဲ့အငွေ့အသက်တွေ ပါလာနိုင်မှန်း မသိဘူးလ…ရေထဲက ကိုယ့်ရောင်ပြန်ကို ကြည့်ပြီး ကံမဆိုးအောင်လုပ်ရမှာပေါ့"
စုမုန့်က ရှင်းပြသည်။ထိုအခါမှ ရှန့်ကျန်း အော်ဟစ်ပြီး အတင်းပြေးကာ အချိန်မဖြုန်းဘဲ မီးဖိုချောင်သို့ အပြေးအလွှားသွား၍ ဘေစင်ကိုရေအပြည့်ထည့်လိုက်သည်။ထို့နောက် သူ ရေကို အကြာကြီး စိုက်ကြည့်နေလိုက်၏။သူ့ပုံရိပ်ဆီမှ ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်ရမှာစိုးနေတာကြောင့် မျက်လုံးကို တစ်ချိန်လုံး ဖွင့်မကြည့်ရဲပေ။
စုမုန့် ရောက်လာပြီး အဆင်ပြေကြောင်း သတိပေးမှပဲ မျက်လုံးဖွင့်လိုက်သည်။
"မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေသေးလား"
ရှန့်ကျန်း စိတ်လှုပ်ရှားစွာ မေးလိုက်ရာ စုမုန့် နှင့် ကောရှန်း တို့နှစ်ယောက်လုံး ရယ်မောလိုက်ကြသည်။
“ရပါတယ်၊ အဆင်ပြေတယ်...ရှင်က ဖုန်းရွှေပညာရှင်ဖြစ်ပြီး ဒီအရာတွေကို ဘာလို့ကြောက်နေရတာလဲ"
စုမုန့် တစ်ချက်စနောက်ပြီးနောက် အလုပ်အကြောင်းပြောလိုက်သည်။
"ရှင့်ရဲ့ ဖောက်သည်ရဲ့ အခြေအနေက တစ်ကယ်ကို ဆိုးရွာတာပဲ..သူမ အိမ်မှာ ခဏပဲနေခဲ့ပြီး ဘာမှလည်း မလုပ်ခဲ့သေးပေမယ့် ကံဆိုးမှုတွေက ရှင့်ဆီ ပါလာချင်ပါလာနိုင်တယ်...ဒါတောင် ရှင် ဒီအလုပ်ကို လုပ်ချင်သေးလား"
ထို့နောက် ရှန့်ကျန်း သည် စုမုန့် နံဘေးတွင် ထိုင်ချလိုက်ကာ ပြုံးပြရင်း
"ဒီအလုပ်ပြီးရင်လေ ပိုက်ဆံအများကြီးရမှာ...ကိုယ် မဖြေရှင်းနိုင်ရတာက ကိုယ့်ကျင့်ကြံစဉ်က အဆင့်မမြင့်သေးလို့လေ… သေချာတာကတော့ မင်းအတွက်ဆို အရမ်းလွယ်မှာပဲ"
xxxxxxx