အပိုင်း ၉၅
Viewers 23k

Chapter 95



လူများက ဓား၏ဦးတည်ချက်အတိုင်းလိုက်ပါလာကြ၍ အဆုံးသို့ရောက်သောအခါ အတားအဆီးတစ်ခုက ပိတ်ထားသည်။ ဝိညာဉ်စွမ်းအားကို အသုံးပြုသော်လည်း အချည်းအနှီးပေ။ အစီအရင်နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူမှာ တစ်ဦးတည်းသာရှိ၍ သူတို့အားလုံး ကျိုးရွှမ်လန်ကို ကြည့်လိုက်ကြသည်။


ကျိုးရွှမ်လန်က မည်သည်မျှမပြောသော်ငြား ဒါဇင်ခန့်ရှိသော ဝိညာဉ်ကျောက်တုံးများကို ပစ်လွှတ်လိုက်သည်။ သူတို့ပတ်လည်ရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားပြီးကျဉ်းမြောင်းမှောင်မည်းနေသော ကျောက်ဂူ၏ ဝင်ပေါက်အရှေ့တွင် သူတို့ပေါ်လာသည်။


ကျိုးရွှမ်လန်က ရှေ့မှ ဝင်လာပြီး သူ၏ညာလက်ကို ရှန်းလျိုရှန့် ရှေ့တွင် အနည်းငယ်မြောက်ကာထားသည်။


 အတွင်းသို့ ဝင်လာသည်နှင့်အမျှ ဂူ အတွင်းပိုကျယ်လာကာ ဆူညံသောအသံများက အောက်ခြေမှ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။


ထိုနေရာသို့ရောက်ရန် အမွှေးတိုင်တစ်တိုင်စာခန့် ကြာမြင့်ခဲ့၏။


ညည်းညူငိုကြွေးသံများက ပို၍ရှင်းလင်းလာသည်နှင့်အမျှ ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်ထားလိုက်မိသည်။


ထောင့်စွန်းသို့ရောက်နေသော ကျိုးရွှမ်လန်က ရုတ်တရက် ရုပ်တန့်ကာ နောက်လှည့်ပြောလာလေသည်။


"ဒီမှာ လူပုံစံမပြောင်းရသေးတဲ့ သွေးနှောငယ်လေးတွေ အများကြီးရှိတယ်...ရှစ်စွမ်း မကြောက်ပါနဲ့..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြကာ ရှေ့သို့လျှောက်လာ၍ ကြည့်လိုက်သည်။


သူငယ်အိမ်များကျုံ့သွား၏။


စိုထိုင်းညစ်ပေနေသော မြေပေါ်တွင် သံလှောင်အိမ်ငယ်လေးများ သိပ်သည်းစွာ ပြည့်နှက်နေသည်။ လှောင်အိမ်တစ်ခုချင်းစီတွင် သွေးလွှမ်းနေသော လူတစ်ဝက်နတ်ဆိုးတစ်ဝက် ခန္ဓာများ ကွေးကွေးကလေးဖြစ်နေသည်ကို တွေ့ရသည်။


လေထုထဲတွင် ဆိုးရွားသော အနံ့ရနေသည်။ ရှန်းလျိုရှန့် အမှောင်ထဲသို့ကြည့်လိုက်သော အခါ ပုပ်နေသော အလောင်းများကို တွေ့လိုက်ရ၏။


ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏ အေးစက်နေသော လက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ ရှင်းပြလာသည်။


"သွေးနှောတွေအတွက် လူပုံစံအသွင်ပြောင်းဖို့ အရမ်းခက်ခဲတယ်...သေချာဂရုမစိုက်ရင် အသက်ဆုံးရှုံးနိုင်တယ်...ဒီမှာ ချုပ်ထားတဲ့သူတွေက လူပုံစံအသွင်ပြောင်းမယ့်သူတွေ...သူတို့အောင်မြင်ရင် ချုပ်ထားတာကနေ လွှတ်ပေးလိမ့်မယ်..."


ရှန်းလျိုရှန့်က အရုပ်ဆိုးသော အမူအရာနှင့်တုန့်ပြန်လာသည်။


ယဲ့ပင်းရန်၏ မျက်နှာမှာ အေးစက်နေ၏။ သူ့လက်ထဲမှ ဓားက ထိန်ချုပ်မှုလွတ်ထွက်သွားကာ ဂူဝင်ပေါက်၏ ဆန့်ကျင်ဘက်သို့ ပျံသန်းသွားသည်နှင့် သူတို့လည်း ၎င်းနောက်သို့ လိုက်ကြသည်။


မှော်ဓား ရပ်တန့်သွားသည့်နေရာတွင် အနက်ရောင် မီးတောက်များ လေထဲ၌ပျံဝဲနေသည်။ ဘေးပတ်လည်ရှိကျောက်နံရံပေါ်တွင် ကြီးကြီးငယ််ငယ် အပေါက်များဖောက်ထားပြီး ထူးဆန်းသောရနံမှာ လေထုတွင် ပြည့်နှက်နေ၏။


ရှန်းလျိုရှန့် နှာခေါင်းရှုံ့လိုက်သောအခါ သူ၏နှာခေါင်းနှင့် ပါးစပ်မှာ ဖုံးအုပ်ခံလိုက်ရသည်။

"ရှစ်စွမ်း...အသက်ရှုအောင့်ထား..."


ဟွားကျန်း၏မျက်နှာအမူအရာမှာလည်း ထူးဆန်းနေသည်။

"ဒါက အချစ်ဆွေးမြေ့ရဲ့အနံပဲ..."


ဒါက သူကစားတဲ့အခါတောင် မသုံးဖူးတဲ့ ကာမအားတိုးဆေးရဲ့ အနံ့ပါလား...


ဓားက လေထဲတွင် လှည့်ပတ်နေပြီး ဦးတည်ရာ ပျောက်ဆုံးနေပုံရသည်။ ခဏမျှကြာပြီးနောက် ဓားက ကွေးညွှတ်သွားကာ ကျောက်နံရံကို ဝင်တိုက်လိုက်လေသည်။


ယဲ့ပင်းရန်က မျက်လုံးများမှေးကျဉ်းသွားကာ ရူတ်တရက် လှုပ်ရှားလိုက်သည်။


နေရာ တစ်ခုလုံးတုန်ယင်လာကာ ကျောက်နံရံမှာ အမှုန့်အဖြစ်ပြောင်းသွားသည်။ ထို့နောက်တွင် ကျင့်ကြံသူများနှင့် နတ်ဆိုးများခွဲကာ ဖမ်းဆီးထားသော လှောင်အိမ်ကြီးနှစ်ခု ပေါ်လာလေသည်။


"ဓားသခင်..."


"ဓားသခင်က ဒီမှာရောက်နေတာပဲ...ဓားသခင် ကျွန်တော်တို့ကို ကယ်ပါဦး..."


"ကယ်ပါဦး...ဓားသခင် ကျွန်မတို့ကို ကယ်ပါဦး...ကျွန်မ နတ်ဆိုးဂိုဏ်းက သူတွေနဲ့ လိင်မဆက်ဆံချင်ဘူး...လူလည်းမဟုတ် နတ်ဆိုးလည်းမဟုတ်တာတွေ မမွေးပေးချင်ဘူး..."


ဓားဂိုဏ်းတပည့်များက ကျင့်ကြံသူအုပ်စုဖြင့်ရောနှောနေသည်။ ယဲ့ပင်းရန်၏ ပုံရိပ်ကို မြင်သောအခါ သူတို့မျက်နှာက မျှော်လင့်ချက်ပျက်သုဉ်းနေရာမှ ပြန်လည်တက်ကြွလာလေသည်။ သူတို့၏ အော်ဟစ်သံများ ထိုးထွက်လာလေရာ သံလှောင်အိမ်များထဲတွင် ငိုကြွေးသံများညံနေသည်။


ယဲ့ပင်းရန်က ချက်ချင်းလှုပ်ရှားလိုက်သော်လည်း ဟွားကျန်း၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။


"အရင်ဆုံးစိတ်လျှော့ပါဦး...အရှေ့မှာ သွေးနှောကောင်တွေရှိနေသေးတယ်...အဲ့ဒီအထဲက တစ်ကောင် တစ်ချက် မှုတ်ထုတ်လိုက်တာနဲ့ မင်းရော ငါရော သေသွားနိုင်တယ်..."


သွေးနှောများက အခြားသူများထံမှ ပစ်ပယ်ခြင်းခံရသော်ငြား သူတို့သည် လူမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်၏ ကောင်းကျိုးများကို ရထားသည်။ သူတို့က ကျင့်ကြံရေးတွင်လည်း ထူးခြားကာ ကောင်းကင်ဘုံ၏ မျက်ရှု့လေးဟုပင် ခေါ်နိုင်သည်။


ထိုသွေးနှောများ လမ်းပေါ်တွင် သွားလာနေကြသည်မှာ သာမန်ဖြစ်ပုံရသော်ငြား အမှန်တွင် အတော်လေးပုံမှန်မဟုတ်ပေ။ 


သွေးနှောကောင်တွေ အများကြီးရှိနေတာကို မပြောနဲ့တော့...သူတို့ အလျင်စလိုလုပ်ရင် အရိုးပြာတောင် မကျန်ပဲနေလိမ့်မယ်...


ယဲ့ပင်းရန်က အေးစက်စွာကြည့်လာသည်။

"မင်းမှာ ပိုကောင်းတဲ့ နည်းလမ်းရှိလား..."


ဟွားကျန်း : "ရှိတာပေါ့...အရင်ဆုံး ငါတို့ထွက်သွားကြရအောင်...ဝမ်ရမ်ချင်က လူတွေကို တိတ်တိတ်လေး ဖမ်းနေပြီး သွေးနှောကောင်တွေ မွေးဖို့ တွန်းအားပေးနေတယ်ဆိုတဲ့ အကြောင်းကို ဖြန့်လိုက်ကြမယ်...ဒီအပြုအမူကို သုံးလောကက သေချာပေါက်အပြစ်ပေးလိမ့်မယ်..."


ထိုနှစ်ယောက် စကားပြောနေသည့်အချိန်တွင် လေတစ်ချက်တိုက်သွားကာ လေထဲရှိမီးတောက်များ ယိမ်းထိုးသွားလေသည်။


ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သော်လည်း ဝိညာဉ်စွမ်းအား မည်မျှသုံးသုံး တုန့်ပြန်မှုမရှိ၍ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန်တွင် အနက်ရောင်မီးတောက်မှ ကြိုးမျှင်များက သူ့အား ရုတ်တရက် တိုက်ခိုက်လာ၏။


ရှန်းလျိုရှန့် လျင်မြန်စွာတုန့်ပြန်၍ ပေများစွာ ခုန်ဆုတ်လိုက်သည်။ လေထဲလွင့်နေသော မီးတောက်များက အဆက်မပြတ် ဆွဲဆောင်ကာ သူ့ကို ချိတ်တွယ်ရန်ကြိုးစားလာကြသည်။


ထိုအချိန်တွင် ကျိုးရွှမ်လန်က ဘေးတွင်ပေါ်လာကာ ရှန်းလျိုရှန့်ကို ရင်ခွင်အတွင်းသို့ ဆွဲခေါ်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် ခုန်ပေါက်နေသော မီးတောက်များကို တားဆီးရန် အတားအဆီးကိုရေးဆွဲလိုက်သည်။


သူက အေးစက်စွာ ပြောလာသည်။

"အခု ငါတို့ ဒီမှာ ရှိတယ်ဆိုတာ ဖုံးကွယ်စရာ မလိုတော့ဘူး..."


ရယ်သံထွက်ပေါ်လာသည်။ ပျံသန်းနေသော မီးတောက်များ မှိန်၍ ပျောက်ကွယ်သွားကာ ဆံပင်အနီရောင်ဖြင့် လူငယ်လေးပေါ်လာလေသည်။ သူက သက်ပြင်းချ၍ ပြောလာသည်။


"ချီလင်မြို့မှာ ရိုးရိုးသားသားလေးနေရင် ဘာဖြစ်လို့လဲ...မင်းတို့ သေလမ်းပဲရှာမှရမှာလား..."


ဝမ်ရမ်ချင်က အိမ်တော်တွင် ရှိနေခြင်းဖြစ်သော်လည်း မှော်အစီအရင် ဝင်ပေါက်ပွင့်သွားသည်ကို သတိထားမိသွားသဖြင့် ချက်ချင်းအနောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။


သူဆေးလုံးဖော်စပ်ပြီးသည်အထိ အစီအရင်၏ဝင်ပေါက်ကို ထိန်းသိမ်းထားနိုင်မည်ဟု မူလက ထင်ထားခဲ့သည်။ သို့သော် ကျိုးရွှမ်လန်ကို လျှော့တွက်မိခဲ့၏။ 


သူက ဝင်ပေါက်ကို လျင်မြန်စွာ ရှာတွေ့သွားပြီး အကာအကွယ်ကို ထိုးဖောက်သွားသည်။ အရှေ့တွင်ရှိနေသူများက သူမည်သည်ကို လုပ်ဆောင်နေကြောင်းသိရှိသွားလေပြီ။ သို့ဖြစ်၍ သဘာဝကျစွာပင် အသက်ရှင်၍မရချေ။

 

သေချာပေါက် တစ်ယောက်ကလွဲလို့ပေါ့...


ဝမ်ရမ်ချင်က လက်များကို ဆန့်ထုတ်လိုက်သည်။ သူ၏အကြည့်များက ရှန်းလျိုရှန့်ထံသို့ ကျရောက်နေကာ တီးတိုးပြောလာသည်။

"မင်းကို ငါနဲ့ ဆန့်ကျင်ဘက်မှာ မရပ်နေစေချင်ဘူး...ငါ့ဘက်ကိုလာခဲ့..."


ရှန်းလျိုရှန့်၏ အမူအရာမှာ ခြားနားနေ၍ ခံစားချက်မဲ့နေသည်။


ဝမ်ရမ်ချင်၏မျက်နှာက မှောင်မည်းလာလေသည်။ 


ထိုအချိန်တွင် ယဲ့ပင်းရန်က ရုတ်ချည်းအစွမ်းကုန် တိုက်ခိုက်လိုက်ရာ သံလှောင်အိမ်၏ ကြိုးများ ကျိုးပြတ်သွားကာ စူးရှသောဓားစွမ်းအင်က ဝမ်ရမ်ချင်ကို ထိရိုက်မိသွားသည်။


ဤသည်ကို မြင်သောအခါ ဟွားကျန်းလည်းတိုက်ခိုက်လာသည်။


ဒီကိစ္စက မဖြေရှင်းနိုင်မှတော့ သူခိုးမဖမ်းမိခင် ဘုရင်ကို အရင်ဖမ်းရမယ်...


ဝမ်ရမ်ချင်က သူကို့ အခွင့်အရေးမပေးခဲ့ပေ။ သူကအလင်းတစ်ချက်ဖြင့် ပေါ်လာကာ အန္တရာယ်ပေးမည့်ပုံနှင့် ကျိုးရွှမ်လန်ကိုကြည့်နေသည်။

"မင်းဘယ်လောက် တိုက်ခိုက်တာတော်လဲ ငါမသိဘူး...ဒါပေမဲ့ ဒီလောကကြီးမှာတော့ ငါက သခင်ပဲ...ငါဘာလုပ်လုပ် မင်းတားလို့မရဘူး..."


ဝမ်ရမ်ချင်က အေးစက်စွာ ပြုံးလိုက်သည်။


"ဒီနေရာမှာ ငါဂရုတစိုက် မွေးမြူထားတဲ့ သွေးနှောတွေ ထောင်ချီ ရှိတယ်...ကြီးမြတ်တဲ့ လော့ကျင်းရှန်းတောင်မှ ငါ့လက်ထဲက မလွတ်နိုင်ဘူး...မင်းကိုသတ်ဖို့က လွယ်လွယ်လေးပဲ..."


ဝမ်ရမ်ချင်က လူတစ်ချို့၏ နေရာကိုရွှေ့ရန် လက်ကို မြောက်လိုက်ပြီး ရှန်းလျိုရှန့်မှအပ အခြားသူများကို သွေးနှောကောင်အုပ်စုအတွင်းသို့ လွှတ်ပစ်လိုက်သည်။


ကျိုးရွှမ်လန်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့က နေရာယူလာသည်။


"တကယ်လား...ဒါပေမဲ့ ငါ့အတွက်တော့ ဒီနေရာကိုဖျက်ဆီးပစ်ဖို့ လွယ်လွယ်လေးပဲ..."


စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထိုနေရာတစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ခါလာပြိီး ကြီးမားသော တံခါးကြီးတစ်ခုပေါ်လာသည်။


လော့ယွီနှင့် အခြားသူများက မြေပြင်ပေါ်သို့ နွမ်းနယ်စွာ မေ့လဲကျသွားသည်။ ဝိညာဉ်ကျောက်တုံးအပျက်အဆီးများက သူတို့ဘေးတွင် တောင်ကဲ့သို့ စုပြုံနေသည်။


"နောက်ဆုံးတော့...နောက်ဆုံးတော့ ပွင့်သွားပြီ...အစီအရင်ရဲ့ ဝင်ပေါက်က ပြောင်းပြန်ပွင့်သွားပြီ..."


နက်မှောင်သော တိမ်များအောက်တွင် အလွန်အမင်းတိတ်ဆိတ်နေသော ချီလင်မြို့က ရုတ်ချည်းပေါက်ကွဲကာ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။


"ဒီကို လာကြည့်ကြ...ဒီမှာ တံခါးတစ်ခုရှိတယ်..."


"တစ်ခုခုထွက်လာပြီ...အနံ့ဆိုးလိုက်တာ...အဲ့ဒါသွေးနှောကောင်ပဲဟ..."


"ဘာ...ငါဒေါသထွက်လာပြီ...တစ်ယောက်ယောက်ကို ခေါ်ပြီး သူ့ကို သေအောင်ရိုက်ခိုင်းလိုက်..."


ချီလင်မြို့နေရာတိုင်းတွင် မီးများလင်းလာပြီး လူတိုင်း အိပ်ပျော်နေရာမှ နိုးလာကြသည်။ သွေးနှောကောင်များ ပေါ်လာကြောင်းကြားသောအခါ လူတိုင်းက ဒေါသထွက်ထွက်ဖြင့် အခန်းမှ ပြေးထွက်လာကြသည်။


သို့သော် ခဏချင်းပင် လူတိုင်း ကြက်သေသေကုန်ကြသည်။


အတိတ်တွင် မြို့တွင်း၌ပေါ်လာသော သွေးနှောကောင်များမှာ တစ်ယောက်တည်းဖြစ်ပြီး အားနည်းပုံပေါ်သော ကလေးများဖြစ်သည်။


ဤအချိန်တွင် ဝင်ပေါက်မှ ပြေးထွက်လာသော သွေးနှောများမှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော မြင်ကွင်းကို သယ်ဆောင်လာသည်။ သူတို့က မရေတွက်နိုင်စွာ များပြားနေကာ မည်းနက်သိပ်သည်းနေသော လူအုပ်ကြီးဖြစ်နေသည်။


လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ 


အန္တရာယ်ကို ခံစားမိသောအခါ သူတို့၏ နှလုံးသားတွင် အလုံခြုံဆုံးဟု ယုံကြည်ထားသော မြို့အရှင်၏ အိမ်တော်သို့ ပြေးသွားကြသည်။


ဝင်ပေါက်မှ ထွက်လာသော သွေးနှောများက အပြင်လေကို ရှူရှိုက်ပြီးနောက် တက်ကြွလာကြသည်။


"အချိန်ကျပြီလား...နတ်ဆိုးဘုရင်က နောက်ဆုံးတော့ တိုက်ခိုက်တော့မှာလား..."


သူတို့က သွေးဆာနေသော အပြုံးများဖြင့် အထိတ်တလန့်ဖြစ်နေသော လူအုပ်ကြီးကို ကြည့်လာသည်။ သူတို့၏ ဒေါသကို တစ်ယောက်ယောက်အားသတ်၍ ဖြေဖျောက်ရန်ပြင်လိုက်ချိန်တွင် ပုံရိပ်လေးတစ်ခု လေထဲ၌ပေါ်လာလေသည်။


"မြို့အရှင်..."


"ဘုရင်ကြီး..."


ချီလင်မြို့အတွင်းတွင် အသံနှစ်သံမှာ ပဲ့တင်ထွက်စွာပေါ်လာသည်။ ဆူညံနေသောည၌ ထိုအသံနှစ်သံမှာ ထူးဆန်းစွာပင် ထပ်တူညီနေခဲ့သည်။ 


အိမ်တော်သို့ပြေးနေကြသူများက တစ်စုံတစ်ခုကို သတိထားမိကာ အေးစက်နေသော အမူအရာဖြင့် ဝမ်ရမ်ချင်ကို တွေ့လိုက်ရသည်။ သူတို့ကရပ်တန့်၍ လှမ်းခေါ်လိုက်သည်။


"နတ်ဆိုးဘုရင်..."


သွေးနှောများက အထင်သေးစွာပြုံး၍ ဆူညံလာသည်။ 

"ဘုရင်ကြီး...ချီလင်မြို့ကနေစရအောင်...ကျွန်တော်တို့ကို အထင်သေးခဲ့တဲ့ မကောင်းဆိုးရွားတွေကို သတ်ရအောင်..."


"ငါငယ်ငယ်တုန်းက ဒီအစီအရင်ကို သုံးဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး...ဒါပေမဲ့ ငါ့ခြေထောက်တစ်ဖက်ကျိုးသွားတယ်...ကျွန်တော့်ကိုကယ်ပေးလို့ နတ်ဆိုးဘုရင်ကို ကျေးဇူးတင်ပါတယ်...ဒီနတ်ဆိုးတွေက သူတို့ရဲ့ အမှားနဲ့ ထိုက်တန်တယ်...သတ်လိုက်တာအတွက် သနားစရာမလိုဘူး..."


"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့...အကုန်လုံးကို သတ်လိုက်ကြတော့..."


အတိတ်ကိုပြန်တွေးပြီးနောက် သူတို့၏ ကြောက်မက်ဖွယ်ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်သည်။ နတ်ဆိုးဘုရင်အမိန့်ပေးသည်နှင့်တစ်ပြိုင်နက် မြို့ထဲရှိလူများကို သတ်ဖြတ်ကြမည်ဖြစ်သည်။ 


ဝမ်ရမ်ချင်က တစ်နေရာသို့ကြည့်နေပြီး သူ၏လက်မှ သွေးကြောများထောင်ထနေသည်။ ကျိုးရွှမ်လန်၏ လှုပ်ရှားမှုက မြို့တွင်းရှိ လူတိုင်း သွေးနှောများ အကြောင်းသိရှိစေခဲ့၍ သုံးလောကကို သတင်းပျံ့သွားရန် အချိန်အလွန်ကြာမည် မဟုတ်ပေ။ ယခုတွင်မူ သူက အပျံသင်ကာစသာဖြစ်၍ နည်းလမ်းမှာ သေရန်သာရှိသည်။


သို့သော် ကျိုးရွှမ်လန် အတွက်မှားသွားပြီး သူ့ကို လျှော့တွက်လိုက်မိသည်။


ဝမ်ရမ်ချင်က ထူးဆန်းစွာ ပြုံးလာ၏။ 


မြို့ဝင်ပေါက်မှာ ခပ်ကျယ်ကျယ်ပွင့်လာလေပြီ။


 မြို့သူမြို့သားများ၏ ပထမဆုံးတုန့်ပြန်ချက်မှာ အပြင်ပြေးထွက်ခြင်းပင်။ ထိုအချိန်တွင် သူတို့ဘေးရှိ ဝိညာဉ်စွမ်းအားများက သိပ်သည်းလာကာ အတားအဆီးတစ်ခုက သူတို့ကို တားဆီးထားသည်။


အနက်ရောင် မီးတောက်များက မြေကြီးမှထွက်ပေါ်လာကာ အတားအဆီးကိုဖြစ်စေပြီး ကောင်းကင်ထိ တဖြည်းဖြည်းမြင့်တက်လာကာ ချီလင်မြို့ တစ်ခုလုံးကို ဝန်းရံလိုက်သည်။ လူစုတစ်ချို့က သူတို့၏ ဝိညာဉ်လက်နက်များကို ကိုင်၍ ကြောက်ရွံစွာ အတားအဆီးကို တိုက်ခိုက်ကြသည်။ သို့သော် မည်သည့်တိုက်ခိုက်မှုမျိုး ဖြစ်စေ အတားအဆီးမှာ ကျောက်တုံးကဲ့သို့ပင် ဖြစ်နေ၏။


"ဘာတွေဖြစ်နေတာလဲ ငါထွက်သွားလို့မရဘူး..."


"မင်းတို့ ဒီလိုမျိုး ထွက်ပြေးလို့မရဘူး..."


"ပြေးကြ... သွေးနှောကောင်တွေလာနေပြီ..."


လူတိုင်း ခြောက်ခြားနေပုံရသည်။ သူတို့ရှေ့တွင်ပင် သွေးနှောကောင်များက အစီအရင် ဝင်ပေါက်မှ တဖွဲဖွဲထွက်ပေါ်လာကြသည်။ သူတို့ မထွက်နိုင်ခဲ့လျှင် သေချာပေါက် သေရပေလိမ့်မည်။


ထိုအချိန်တွင် ရင်းနှီးနေသော အသံဖျော့ဖျော့က ခံစားချက်မဲ့စွာ ထွက်ပေါ်လာ၏။


"အရှုံးပေးလိုက်ရင် အသက်ရှင်နိုင်မယ်..."


ထိုသို့ပြောပြီးနောက် ဝမ်ရမ်ချင်က လျစ်လျူရှုလိုက်ပြီးမြို့ကို ချိတ်ပိတ်ထားလိုက်သည်။ သူ့ထံတွင် အားလုံးကို ကယ်တင်ရန် အချိန်များစွာရှိသည်။


ပြဿနာကောင်တွေကို ဖြေရှင်းနိုင်သရွေ့...


ဝမ်ရမ်ချင်က အစီအရင်ကို ထိန်းချုပ်ရန် လက်ကို ဖြန့်၍ အနက်ရောင်မီးတောက်များကို လွင့်မျောစေလိုက်သည်။


ချီလင်မြို့ကြမ်းပြင်တစ်ခုလုံးက ပုံဆွဲစာရွက်များကဲ့သို့ပင် ရုတ်ချည်း အပိုင်းပိုင်းပြတ်သွား၏။ 


မြေများကို ခွဲခြားပြီးနောက် ပြန်လည်ဖွဲ့စည်းလိုက်သည်။ 


သွေးနှောများ၏ သုံးပုံနှစ်ပုံက တစ်နေရာတွင်စုနေကာ ကျိုးရွှမ်လန်နှင့် ဟွားကျန်းကိုရင်ဆိုင်နေရသည်။


ရှန်းလျိုရှန်း၏တည်နေရာမှာ ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ပြောင်းလဲပြီးနောက် သူ့ဘေးရှိလူများ လဲထုတ်ခြင်းခံလိုက်သည်။ သူ၏လက်များက လေထဲတွင် ခြောက်သွေ့အေးခဲနေသည်။ လက်ချောင်းထိပ်တွင် ဝတ်ရုံအပိုင်းအစများရှိသော်လည်း မိုင်အနည်းငယ်အတွင်းရှိ မည်သူမျှမတွေ့ရ‌ဘဲ တိုက်ခိုက်နေသည့် အသံများကိုသာ လေထုထဲမှတစ်ဆင့်ကြားနေရသည်။


ရှန်းလျိုရှန့် မျက်တောင်ခတ်လိုက်သည်။ ဝမ်ရမ်ချင်က သူ့အရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ၏အေးစက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခုကို တွန်းအားပေးဖော်ပြထားကာ လက်များကို ရှန်းလျိုရှန့်ထံသို့ ဆန့်ထုတ်ပေးလာသည်။ 


"ငါ့ဆီကိုလာခဲ့...ငါမင်းကို မနာကျင်စေချင်ဘူး..."


ရှန်းလျိုရှန့်က သူ့ကို သတိရှိရှိကြည့်ကာ နောက်သို့ဆုတ်လိုက်သည်။


ကျိုးရွှမ်လန်၏ အမူအရာက အုံ့မှိုင်းနေကာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ပြောလာသည်။ ဝမ်ရမ်ချင်က သူ့ဝိညာဉ်ကို အစီအရင် တည်ဆောက်ရန်နှင့် သူ့ခန္ဓာကို အစီအရင်၏မျက်လုံးအဖြစ် အသုံးပြုနေသည်ဟု သံသယဖြစ်လာသည်။


ဤကဲ့သို့ ချဉ်းကပ်ခြင်းက သေဆုံးရန် အခွင့်အလမ်းနည်းစေသည်။ အထူးသဖြင့် ဆန်းလော့ဝမ်ဆန်း က ရှေးဟောင်းအစီအရင်တစ်ခုဖြစ်နေသဖြင့် ဂရုစိုက်မှုမရှိလျှင် မျှော်လင့်ချက်ပျက်ဉ်းသော အခြေအနေကိုသာ ကြုံတွေ့ရလိမ့်မည်။


သို့သော် ဝမ်ရမ်ချင် အောင်မြင်ခဲ့လျှင် အစီအရင် အတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သွားကာ သူ့ကို ကျော်လွှားနိုင်တော့မည်မဟုတ်ပေ။


ပထမဆုံးအကြိမ်အဖြစ် ရှန်းလျိုရှန့်တစ်ယောက် ဝမ်ရမ်ချင်ထံမှ ဖိနှိပ်ချုပ်ချယ်လိုမှု ပြင်းထန်နေကြောင်း ခံစားလိုက်ရပြီး ဝမ်ရမ်ချင်နှင် မယှဉ်နိုင်ဟုခံစားနေရသည်။ သူက မထုတ်ဖော်နိုင်စွာ ပြောလိုက်သည်။


"မင်းတကယ် ငါ့ကို မနာကျင်စေချင်ဘူးဆိုရင် နောက်ကို လှည့်ပြီး ထွက်သွားလိုက်လေ..."


ဝမ်ရမ်ချင်က ရုတ်တရက်ပြုံးလိုက်ပြီး သူ၏ ဒေါသမှာလည်း အနည်းငယ်မှိန်ဖျော့လာသည်။ 


"ငါ သည်းမခံနိုင်တော့ဘူး..."


စကားကို အဆုံးသတ်ပြီးနောက် တောင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ကျိူးရွှမ်လန်၏ လှုပ်ရှ

ားမှုများကို သတိထားမိသောအခါ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ 


ကိစ္စတွေက ပြောင်းလဲသွားပြီ...သူအကုန်လုံးစီစဉ်ပြီးသွားပြီ...ရှန်းလျိုရှန့်ကို စောင့်နေရလို့သာ... သူပြင်းပြင်းထန်ထန် ဒဏ်ရာရနေရင်တောင် ဒီလူကို ခေါ်သွားရမယ်...


ဘုန်း...