အပိုင်း ၁၂၀
Viewers 34k

Chapter 120




ရှစ်ကျန်းသည် သူ့ရှေ့မှ အမျိုးသားမှာ ဘီးတပ်ကုလားထိုင်တွင် ထိုင်ကာ သူ့နှင့် အကြည့်ချင်းဆုံရန် မော့ကြည့်နေရသော်လည်း သူ့မျက်လုံးထဲတွင် လှိုင်းအနည်းငယ်ပင် မရှိသည်ကို တွေ့လိုက်ပေသည်။ သူက တခြားသူများကို အထင်ကြီးတတ်သည့် လူပုံစံ မပေါက်ပဲ အမြင့်တစ်နေရာတွင် အချိန်အကြာကြီး ထိုင်နေကာ တခြားသူများအား အထက်စီးမှ အထင်သေးတတ်သည့် လူတစ်ဦးနှင့်ပိုတူပေသည်။ ရှစ်ကျန်းက ဤသည်မှာ သာမန်လူတစ်ယောက်မဟုတ်ဟုသူ့စိတ်ထဲတွင် တွေးလိုက်မိသည်။ 


လင်းလော့ချင်း၏ နောက်ခံမှာ သူထင်ထားသည်တက် ပိုကောင်းနေသည်မှာ အမှန်ဖြစ်ပုံရပေသည်။ 


ရှစ်ကျန်းက ၄င်းကို အများကြီး တွေးမနေတော့ပဲ ကျိယွီရှောင်ကို ယဉ်ကျေးစွာနှုတ်ဆက်ပြီးနောက် အချိန်ဆွဲမနေတော့ပါချေ။


ကျိယွီရှောင်က သူ၏ နောက်ကျောကို ကြည့်ကာ လင်းလော့ချင်းကို မေးလိုက်လေသည်။


"သူက ဒီအတိုင်းပဲ ထွက်သွားတာလား... ပေါက်စီနည်းနည်း ပို့ဖို့ ဒီအထိတောင်လာတာပေါ့..."


လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။

"သူက တော်တော် အလုပ်များတယ်..."


ထို့အပြင် ရှစ်ကျန်းက သူ၏ ကရုဏာတရားအား ရည်မွန်မှုဖြင့် ပေးအပ်နေခြင်းသာ ဖြစ်ပေသည်။ သူက ရှစ်ကျန်းကို အမြဲတမ်းပင် ကောင်းကောင်းဆက်ဆံခဲ့ခြင်းကြောင့် ရှစ်ကျန်းသူ့အား အလိုလိုစိတ်ပူသည့် ကိစ္စများ ရှိနေသည်မှာ သဘာဝကျပေသည်။ 


သို့သော် ၄င်းက ဤမျှသာဖြစ်သည်။ သူတို့ကြားတွင် မည်သည့် မရေရာမှုမှ မရှိသလို လိုအပ်သည်ထက် ပိုမိုနက်နက်ရှိုင်းရှိုင်း ရှာဖွေလိုသော အတွေးလည်း မရှိပါပေ။သူက မလုပ်သင့်သည့် မည်သည့်အရာကိုမှ မလုပ်ပေ။ 


လင်းလော့ချင်းက လိုအပ်ပါက ရှစ်ကျန်းမှာ နောက်တွင်နေပြီး သူနှင့် ကိစ္စအချို့ လုပ်ဆောင်ပေးမည်ဖြစ်သည်။ လင်းလော့ချင်း လိုအပ်သည့်အရာ မရှိပါက ရှစ်ကျန်းသည်လည်း အချိန်ဆွဲနေမည် မဟုတ်ပါပေ။ 


လင်းလော့ချင်းက အမှန်တကယ်တွင် ထိုစရိုက်မျိုးအား အတန်ပင် လေးစားလှသည်။ သူက ထိုကဲ့သို့ လူများနှင့် ဆက်ဆံရသည်မှာ မည်သည့်ဖိအားမှ မခံစားရပဲ ရှစ်ကျန်းဘေးတွင် သက်သောင့်သက်သာဖြစ်သည်ဟု ခံစားရပေသည်။


"ငါသူနဲ့ စာချုပ်ချုပ်ဖို့ အခုထိ မဆွေးနွေးရသေးဘူး... ငါသူ အဖွဲ့ထဲက ထွက်မဲ့အချိန်ကျမှ ပြောချင်တယ်... ပြီးရင် သူကို စဉ်းစားဖို့ အချိန်နည်းနည်းပေးမယ်... အဲ့ဒါဆို သူက ငါ့ကို အဖွဲ့ထဲမှာ တစ်ချိန်လုံး မမြင်နေရလို့ သူ့ဆုံးဖြတ်ချက်ချရင် ဘာဖိအားမှ မလိုတော့ဘူး..."


"မင်း ဘာတွေ ပြောနေတာလဲ... သူက အခုပုံစံအတိုင်းဆိုရင် သူနဲ့ လက်မှတ်ထိုးချင်တာ ကောင်းတဲ့ကိစ္စတစ်ခု မဟုတ်ဘူးလား..."


"ဟုတ်တယ်လေ... ဒါပေမဲ့ သတင်းကောင်းတွေဆိုရင်တောင် တွေးဖို့ အချိန်လိုသေးတယ်လေ ဟုတ်တယ်မလား... ပြီးတော့ အဲ့ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး... ငါက သေချာပေါက် တခြားသူတွေကို တွေးဖို့ အချိန်ပေးရမှာပေါ့..."


ကျိယွီရှောင်မှာ သူက အလွန်စဉ်းစားပေးတတ်သည်ဟု ခံစားလိုက်ရသည်။ သူသာဆိုပါက ဤမျှအထိ စောင့်နေမည် မဟုတ်ပါပေ။ ၄င်းက သတင်းကောင်းနှင့် အခွင့်အရေးကောင်းဖြစ်ပေသည်။ 


အဲ့ဒါကိုတောင်သူက တခြားသူတွေကို စဉ်းစားဖို့ အချိန်ပေးချင်သေးတာလား... အတော်ကို စဉ်းစားပေးတတ်တဲ့ သူဌေးပဲ..


ကျိယွီရှောင်က ပျင်းရိစွာ ထိုင်နေစဉ်တွင် အနုပညာရှင်များက တစ်ယောက်ပြီး တစ်ယောက် လင်းလော့ချင်းကို လာရှာကာ သရုပ်ဆောင်ရန် သွားကြပေသည်။ 


ဝူကျားက ယနေ့ အစောလာခဲ့ပေသည်။ သူမ၏ သရုပ်ဆောင်မှုက အစောဆုံးဖြစ်ကာ သူမက အဝတ်အစားဝတ်ပြီးနောက် အလျင်အမြန် သွားလိုက်သည်။ သူမက လင်းလော့ချင်းနှင့် ဦးစွာ လေ့ကျင့်ချင်ပေသည်။ 


လင်းလော့ချင်းက မငြင်းဆန်ပေ။ သူက ကျိယွီရှောင်ကို အသိပေးပြီးနောက် ဝူကျားနှင့်အတူ သရုပ်ဆောင်ရန် ထွက်လာခဲ့လိုက်သည်။ 


ကျိယွီရှောင်မှာ သူတို့ စာကြောင်းအနည်းငယ် ပြောနေသည်ကို မြင်ကာ အသင့်အနေအထားပြင်ထားလိုက်ပေသည်။ သူက အိပ်ပျော်သွားမည်ကို စိုးရိမ်ကာ အလျင်အမြန် နောက်လှည့်လိုက်သည်။ 


သို့သော် ထို့နောက် သူ တစ်ခြားအတွေးတစ်ခု တွေးလိုက်မိသည်။ 

သူက လင်းလော့ချင်းကို တွေ့လို့ရအောင် လာခဲ့တာ မဟုတ်ဘူးလား... 

သို့်ဖြစ်၍ သူက ခေါင်းပြန်လှည့်လိုက်ပေသည်။


မကြာမီမှာပင် ကျိယွီရှောင်မှာ သူ့ကိုယ်သူ အိင်ချင်လာသည်ဟု ခံစားရပေသည်။ သူ့အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးလာပြီး မကြာမီတွင် အရာရာမှောင်မဲသွားလေသည်။ 


သူ ထပ်မံ အိပ်ပျော်သွားလေသည်။


လင်းလော့ချင်းနှင့် ဝူကျားက သူတို့သရုပ်ဆောင်ခြင်းကို အပြီးသတ်လိုက်လေသည်။ သူက ရေအနည်းငယ်သောက်လိုသော်လည်း နောက်လှည့်လိုက်ရာ အိပ်ပျော်နေသည့် ကျိယွီရှောင်ကို တွေ့လိုက်ရသည်။


လင်းလော့ချင်း - ...


အရမ်းကောင်းတယ်... သူက အဲ့ဒါကို အသားတောင် ကျနေပြီ...


သူက သက်ပြင်းချကာ စောင်တစ်ထည်ယူပြီး ကျိယွီရှောင်ကို ခြုံပေးလိုက်သည်။ ဝူကျားက ကြည့်ကာ သူမ၏ မျက်နှာကို တိတ်တဆိတ် ကိုင်ထားလိုက်သည်။ 

အား... လှလိုက်တဲ့ ဆက်ဆံရေးလေး... သူမလည်း အစ်ကိုတစ်ယောက်လိုချင်တယ်... အဟင့်...


မာပေါ်ကျုံးက နောက်ဆုံးတွင် ကားထဲမှ ထွက်လာလေသည်။ သူက သူ့တဲဆီသို့ သွားလိုက်သော်လည်း ထိုမြင်ကွင်းနှင့် ကြုံသွားလေသည်။


ကျိယွီရှောင်၏မျက်နှာမှာ အဝေးသို့ လှည့်နေပြီး သူ့ကိုယ်က ဘေးတစ်စောင်းဖြစ်နေသည်။ မာပေါ်ကျုံးက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါပေ။ သူက ကျိယွီရှောင်မှာ ဘီးတပ်ကုလားထိုင်တစ်ခုတွင် ထိုင်နေသည်ကိုသာ မြင်နိုင်ပေသည်။ 


"အဲ့ဒါဘယ်သူလဲ..."

မာပေါ်ကျုံးက သူ့လက်ထောက်ကို မေးလိုက်လေသည်။ 


"ကျွန်တော်လည်းမသိဘူး... သူများကို မေးကြည့်လိုက်မယ်..."


မာပေါ်ကျုံးက ခေါင်းညိတ်လိုက်ရာ သူ့လက်ထောက်ကာ အလျင်အမြန် ထွက်သွားလိုက်သည်။


"ဆရာရှောင်လင်း အလုပ်များနေလား..."


မာပေါ်ကျုံး၏လက်ထောက် အသံကြားသည့် အချိန်တွင် လင်းလော့ချင်းမှာ သူ့၏ စာသင်ခန်းငယ်လေး၏ ဒုတိယ သင်ခန်းစာကိုပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူက နောက်လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။


"ဝူကျားနဲ့ သွားသရုပ်ဆောင်မလို့ အသင့်ပြင်နေတာ... ပြီးရင် ငါရိုက်ကွင်းစမှာ..."


"အာ အဲ့လိုလား..."


မာပေါ်ကျုံး၏ လက်ထောက်က ဆိုလိုက်သည်။ ထို့နောက် သူက အိပ်နေသော ကျိယွီရှောင်ကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။


"ဒါက..."


"ငါ့အစ်ကို..."


လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"သူက ငါအလုပ်လုပ်တာကို လာကြည့်တာလေ..."


"သူက..."


သူက ထိုသို့ဆိုကာ သူ့အကြည့်က ကျိယွီရှောင်နှင့် ဘီးတပ်ကုလားထိုင်ကို လှမ်းကြည့်လိုက်သည်။


လင်းလော့ချင်းသည် တခြားသူများက ကျိယွီရှောင်ကို ဤသို့ကြည့်သည်အား မကြိုက်ပေ။ သူက ရိုးရှင်းစွာ ဆိုလိုက်သည်။


"ဒါက မင်းစိတ်ပူစရာကိစ္စ မဟုတ်ပါဘူး..."


လက်ထောက်က လင်းလော့ချင်း၏ အသံနှင့် စိတ်ထားမှာ ချက်ချင်းပင် ကာကွယ်တတ်ဟန် ဖြစ်လာသည်ကို တွေ့လိုက်ရသည်။ သူက လင်းလော့ချင်းသည် သူ့အစ်ကိုအား တခြားသူများက သနားသည်ကို မလိုလားခြင်း ဖြစ်မည်ဟု ဆုံးဖြတ်ကာ ထိုကိစ္စကို ထပ်မံ မဆိုတော့ချေ။ သူက ရိုးရှင်းစွာပင် မာပေါ်ကျုံးကို သတင်းပို့ရင် ပြန်လာလိုက်သည်။


မာပေါ်ကျုံးမှာ လက်ထောက်၏ စုံစမ်းရေး ရလာဒ်ကို နားထောင်ကာ "အစ်ကို"ဟူသော စကားလုံးကို တွေးတောလိုက်သည်။


သူက ထိုအမျိုးသားမှာ မည်သည့်အစ်ကို အမျိုးအစားဖြစ်သည်ကို သေချာမသိပေ။ သို့သော် သူတို့မှာ သွေးရင် ညီအစ်ကိုများဖြစ်ပါက သူ့အစ်ကိုမှာ မသန်စွမ်းသူဖြစ်ရာ လင်းလော့ချင်းက ပိုက်ဆံပိုလိုမည်ဖြစ်သည်။ သူက ရင်းမြစ်များ ပိုလိုမည်မှာ အသေအချာဖြစ်ပေသည်။ ၄င်းမှာ အတွင်းကျသောညီအစ်ကိုများဖြစ်ပါက ဤကဲ့သို့ ငယ်ရွယ်ကာ ချောမောသော အမျိုးသားတစ်ဦးက မသန်စွမ်းတစ်ဦးနှင့် အဆုံးသတ်ရသည်မှာ ပိုက်ဆံကြောင့် သို့မဟုတ် ရင်းမြစ်ကြောင့်ပင် ဖြစ်ရပေမည်။ 


မည်သည့်အတွက်ပင် ဆိုပါစေ မာပေါ်ကျုံး၏ အစီအစဉ်များမှာ ရုတ်တရက် မူလက တွေးထားသည်ထက်ပင် အကောင်အထည်ဖော်ရန် ပိုလွယ်လာလေသည်။ 


သူက လင်းလော့ချင်းအကြောင်း စုံစမ်းထားပြီး ဖြစ်သည်။ သူက ချမ်းသာသော မိသားစုမှ ဖြစ်သော်လည်း သူ့ဖခင်နှင့် မိထွေး၏ မောင်းထုတ်ခြင်းခံထားရသည်။ ထို့နောက် သူက ပိုက်ဆံရော နောက်ခံရော မရှိပဲ ဖျော်ဖြေရေးလောကထဲသို့ ဝင်လာလေသည်။ သူ့၏ ကိုယ်ပိုင် ကုမ္ပဏီမှာ သူ့အပေါ်တွင် ရင်းမြစ်များ ထပ်မံအသုံးပြုရန်ပင် မလိုလားပေ။ ထို့နောက် သူက ထူးဆန်းစွာ ရှင်းရီ၏ မျက်စိကျခြင်း ခံရပြီး ဖော်ထုတ်ခြင်း ခံလိုက်ရပေသည်။ လင်းလော့ချင်းမှာ သူ့၏ သရုပ်ဆောင်စွမ်းရည်ကို အလွန်တိုးတက်အောင် အချိန်ယူခဲ့သည့် နှစ်ကြောင့် ရှင်းရီက သူ့ကို မြင်သွားခြင်းဖြစ်နိုင်သည်။


သို့သော် သူက ကိုယ်ပိုင်ကုမ္ပဏီ၏ စွန့်ပစ်ခြင်း ခံသူတစ်ဦး ဖြစ်နေဆဲပင်။ သူက ယခုတွင် ရှင်းရီနှင့်အတူရှိနေသော်လည်း လင်းလော့ချင်းမှာ ယခင်ဖြစ်ခဲ့သည်က ပြန်ဖြစ်လာမည်ကို စိုးရိမ်နေမည်မှာ သံသဝင်စရာပင် မလိုချေ။ 


၄င်းကိုမြင်ရာ လင်းလော့ချင်း အတွက် ကုမ္ပဏီအသစ်တွင် သူ့၏ ရာထူး တည်မြဲရန်အတွက် အစ်ကိုတစ်ယောက်ရှာရန်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ 


မာပေါ်ကျုံးက မှန်ထဲမှ သူ့ပုံရိပ်ကို ကြည့်လိုက်သည်။ သူ့ အသွင်အပြင်ကောင်းမွန်ပြီး အသက်ငါးဆယ်နား နီးနေသော်လည်း အသက်လေးဆယ်ဟုသာထင်ရသည်။ ထို့အပြင် သူက ချမ်းသာသည်။မည်သို့ပင် ကြည့်ပါစေ တခြားသော ယောက်ျားများထက် အရာရာပိုသာနေပေသည်။ 


ထိုအမျိုးသားက လင်းလော့ချင်း၏ အစ်ကိုအရင်းဖြစ်စေ အတွင်းကျသော အစ်ကိုဖြစ်စေ သူက ကြိုးစားကြည့်၍ ရနိုင်သည်။ 


သူ ထိုအတွေးကို စဉ်းစားမိရာ လင်းလော့ချင်းအား အနည်းငယ် အထင်မသေးပဲ မနေနိုင်ချေ။ 


ယခင်က သူ၏ အကြိုက်နှင့်ကိုက်ညီကာ သိမ်းသွင်းရခက်သော လူငယ်တစ်ဦးကို တွေ့ထားသည်ဟု တွေးထားခြင်းဖြစ်သည်။ သို့သော် ယခုအမြင်အရ လင်းလော့ချင်းမှာ သူ၏ မူလစိတ်ကူးအတိုင်း သန့်စင်ချင်မှသန့်စင်မည်။ ၄င်းမှာ ချောမွေ့သော အပေါ်ယံနှင့် ပျက်စီးနေသော အတွင်းပိုင်း ဖြစ်နိုင်ပေသည်။


လင်းလော့ချင်း၏ ရုပ်ရည်နှင့် စရိုက်မှာ သူ့အကြိုက်နှင့် ကိုက်ညီနေခြင်းကြောင့်သာ မဟုတ်ပါက မာပေါ်ကျုံးက မသန့်ရှင်းတော့သည့် ဤလူအား လက်လျော့လိုက်ပြီး ဖြစ်ပေမည်။


ကျိယွီရှောင်က တစ်မနက်ခင်းလုံးပင် ငြိမ်းငြိမ်းချမ်းချမ်း အိပ်နေသည်။ ၄င်းမှာ နေမင်းက ကောင်းကင်တွင် မြင့်မားလာသည့်အချိန်ထိပင် ဖြစ်ပြီး သူကနောက်ဆုံးတွင် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။ 


သူခြုံထားသော စောင်မှာ မြေပြင်ပေါ်သို့ကျသွားရာ ရှောင်ဝမ်က ၄င်းကို ကောက်ကာ သူ့ခြေထောက်ပေါ်သို့ တင်ပေးလိုက်သည်။


ကျိယွီရှောင်မှာ သူ့ပခုံးများကို ရွေ့လျားလိုက်ပြီး အကြောဆန့်လိုက်သည်။ သူက ရေဓာတ်ပြည့်ဝကာ နောက်ဆုံးတွင် ပြန်လည် ရှင်သန်လာသည့် အပင်တစ်ပင် ကဲ့သို့ပင်။


"လော့ချင်းရော..."

သူက ရှောင်ဝမ်ကို မေးလိုက်လေသည်။ 


ရှောင်ဝမ်က ရိုက်ကူးရေးဆက်တင်ကို ညွှန်ပြလိုက်သည်။

"သူတို့ရိုက်မဲ့ အခန်းအကြောင်း ဒါရိုက်တာ ပြောပြတာနားထောင်နေတာ... သူတို့က အဲ့အခန်းရိုက်ပြီးရင် နားရတော့မှာ..."


ကျိယွီရှောင်မှာ လင်းလော့ချင်း၏ အနည်းငယ် နိမ့်ကျနေသော ဘေးတိုက် ကောက်ကြောင်းကို ကြည့်လိုက်သည်။ သူက ခေတ္တမျှငေးနေပြီး ခေါင်းငုံ့ကာသူ့ဖုန်းကို ထုတ်လိုက်သည်။ 


.......


ကျိလဲ့ယွီနှင့် လင်းဖေးမှာ နိုးနေပြီ ဖြစ်သည်။ သူတို့က လက်ရှိတွင် လော့ကျား၏ ကြည့်ကြပ်မှုအောက်တွင် သူတို့၏ အိမ်စာကို ရေးနေရသည်။


မင်းဘယ်တော့ ပြန်လာမှာလဲ...

လော့ကျားက မေးလိုက်လေသည်။


ကျိယွီရှောင်က အနည်းငယ် စဉ်းစားကာ ပြန်ဖြေလိုက်သည်။


ခဏနေရင်...


လင်းလော့ချင်းက ကလေးနှစ်ယောက်နှင့် ညစာစားသင့်ပေသည်။ 


ရိုက်ကွင်းပြီးနောက် လင်းလော့ချင်းက ကျိယွီရှောင်ဆီသို့ တက်ကြွစွာ ပြန်လာလိုက်ပြီး စနောက်လိုက်သည်။


"အိုး... နိုးနေပြီလား..."


ကျိယွီရှောင် စိတ်ကြည်နေပြီး သူ့မျက်နှာကို တိုက်ရိုက်ညစ်လိုက်ကာ ဆွဲထားလိုက်သည်။ 


လင်းလော့ချင်းက လက်ဆန့်ကာ သူ့လက်များကို ခပ်ဖွဖွ ရိုက်လိုက်သည်။ ကျိယွီရှောင်၏ အမူအရာနှင့် မျက်နှာက ပို၍ ကြည့်ကောင်းနေသည်ကို သူတွေ့လိုက်ရပေသည်။ ထိုအချိန်မှသာ သူက စိတ်ချသွားသည်ဟု ခံစားလိုက်ရသည်။ 


သူက အလွန်ပင်ပန်းနေခြင်း ဖြစ်နိုင်သည်။ ယခုတွင် သူ ကောင်းကောင်းအနားယူလိုက်ရာ ယခင်ကလို ဖျားနာနေဟန် မပေါက်တော့ချေ။


"သွားစို့... အိမ်ပြန်စားကြမယ်..."

သူက ဆိုလိုက်သည်။


"အင်း..."

ကျိယွီရှောင်က သူ့လက်များကို ပြန်ရုတ်လိုက်လေသည်။ 


ထို့နောက် လင်းလော့ချင်းက သူ့ကို တွန်းထွက်သွားလိုက်သည်။


မာပေါ်ကျုံးက တခြားသူများနှင့် စကားပြောနေစဉ်တွင် ခေါင်းမော့ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ 


သူက သူ့အစီအစဉ်ကို အမှန်တကယ် ပြုလုပ်ပြီး ဖြစ်သည်။ သူက တစ်ဖက်လူ ထွက်သွားရန် ရက်အနည်းငယ်စောင့်ပြီးနောက် သူ့အကျိုးအတွက် ပြုလုပ်နိုင်မည်ဖြစ်သည်။


ထိုအမျိုးသားက မည်သည့် အစ်ကိုမျိုးပင်ဖြစ်စေ မာပေါ်ကျုံးက ထိုအမျိုးသားကို ယခုတွင် တွေ့လိုက်ပြီ ဖြစ်သည်။ တွေ့ပြီးနောက် သူက ထိုးထွင်းအမြင်အနည်းငယ် ရလာသည်ဟု ခံစားလိုက်ရပေသည်။ သူနှင့် အမျိုးသားကြားမှ သန်မာသော ခြားနားချက်မှာ တစ်ဖက်လူ၏ ချို့ယွင်းချက်ကြောင့် ပို၍ပင် မြင့်မားသွားလေသည်။ 


အချိန်ကျလာပါက လင်းလော့ချင်းမှာ သူ့အစီအစဉ်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက်ကို ချသင့်ပေသည်။


မာပေါ်ကျုံးက တခြားသူများနှင့် ဆွေးနွေးမှုကို ဆက်လက်မပြုလုပ်ခင်တွင် ပြုံးလိုက်သည်။


..........

ကျိလဲ့ယွီသည် တစ်မနက်ခင်းလုံး စာဖတ်ရန် အတင်းအကျပ်စေခိုင်း ခံထားရသောကြောင့် မကျေမနပ် ခံစားနေရသည်။ 


"အခုနေ့လည်ရောက်နေပြီ... နေ့လည်... စားဖို့အချိန်ရောက်ပြီ..."


သူက စာအုပ်ကို ပိတ်ကာ လင်းဖေးကို သနားကမား လှမ်းကြည့်လိုက်သည်။ 

"ခဏနားရအောင်... သားအရမ်း ပင်ပန်းနေပြီ..."


လင်းဖေးက သူ့၏ မဲမှောင်နေသော မျက်နှာလေးကို စိတ်ထိခိုက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူက သူ့ခေါင်းကို ပွတ်ပေးကာ ကျိလဲ့ယွီအတွက် ဆုလာဒ်အသေးလေးတစ်ခု ပေးလိုက်ပေသည်။ 


ကျိလဲ့ယွီက သူ့၏ တုံ့ပြန်မှုကို မှတ်ထားရာ လင်းဖေးက လိုက်လျောပေးလိုက်သည်ကို သိလိုက်ပြီး သူ့တစ်ကိုယ်လုံး သက်သောင့်သက်သာဖြစ်သွားလေသည်။


"သားက အလုပ်တွေ အရမ်းကြိုးစားလိုက်ရတာ..."

သူက လင်းဖေးကို နှုတ်ခမ်းဆူကာ ကြည့်လိုက်လေသည်။


လင်းဖေးက သူ့စာအုပ်အိတ်ထဲမှ Tabletကို ထုတ်ကာ လှမ်းပေးလိုက်သည်။


"ဆော့လေ..."


ကျိလဲ့ယွီမှာ အမှန်တကယ်တွင် Tablet နှင့် မကစားလိုပဲ အစား စားချင်နေသည်။


"ဒယ်ဒီက ဘာလို့ အခုထိ အိမ်ပြန်မလာသေးတာလဲ..."


"ငါ့ရှုရှုက အခုထိ မပြီးသေးလို့နေမယ်..."

လင်းဖေးက သူ့အထင်ကို ဆိုလိုက်သည်။ 


ကျိလဲ့ယွီက သက်ပြင်းချလိုက်သည်။

"အလုပ်လုပ်ရတာ အရမ်းဒုက္ခရောက်တာပဲ... ကျောင်းသွားရတာထက်ကို ဆိုးတယ်..."


လင်းေဖး - ...မင်းအသက်ကြီးရင် အလုပ်လုပ်ရဦးမှာပဲ...


သို့သော် သူက ကျိလဲ့ယွီမှာ အတန်ပင် ဉာဏ်ကောင်းသည်ကို မြင်သွားပေသည်။ 


သူသည် ယခင်က ပထမတန်း မတက်ဖူးသော်လည်း လင်းဖေးမသင်ပေးရပဲ သူကိုယ်တိုင် နားလည်သည့် အပိုင်းအချို့ရှိပေသည်။ လင်းဖေးသင်ပေးရသည့် အပိုင်းများတွင်လည်း ပထမဆုံးအကြိမ် သင်ပေးရုံနှင့်နားလည်သွားပေသည်။


ဤသို့ဖြင့် မနက်ခင်းပိုင်းတွင် ကျိလဲ့ယွီပြုလုပ်ခဲ့သော တိုးတက်မှုမှာ လျစ်လျူရှု၍ မရပါပေ။


လင်းဖေး အနည်းငယ်ပျော်ရွှင်နေမိသည်။ မည်သို့ပင်ဆိုစေ သူက စာလုပ်ရသည်ကို လုံးဝမကြိုက်သော သူ့၏ ဤညီငယ်လေးကို စိတ်ရင်းဖြင့် စိုးရိမ်နေခဲ့သည်။


သူသာ ပထမတန်းမှာ ဘာမှ ကောင်းကောင်းမလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ... ကျိယွီရှောင်က စိတ်ပျက်သွားလောက်တယ်မဟုတ်လား...


လူကြီးများအားလုံးက သူတို့၏ ကလေးများကို အဆင့်ကောင်းကောင်းရရန် မျှော်လင့်ကြလေရာ ကျိယွီရှောင်က ချွင်းချက်မဖြစ်မည်မှာ သေချာပေသည်။ 


သို့သော် ယခုတွင် ကျိယွီရှောင်က စိတ်ပူစရာမရှိသည့်ပုံရသည်။ 


သူ ၄င်းကို တွေးမိနေစဉ်မှာပင် တံခါးဖွင့်သံ ကြားလိုက်ရပြီးနောက် ကျိလဲ့ယွီက ထိုင်ခုန်ပေါ်မှ ခုန်ဆင်းကာ တံခါးဆီသို့ ပြေးသွားလေသည်။ 


တံခါးက တွန်းပွင့်သွားပြီး ရင်နှီးသော ပုံရိပ်နှစ်ခု ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူက ပျော်ရွှင်စွာ အော်လိုက်လေသည်။


"ပါးပါး..."


လင်းလော့ချင်းက ကျိယွီရှောင်ကို တွန်းဝင်လာကာ မေးလိုက်လေသည်။

"ဆာနေကြပြီလား... ပါးပါးတို့ ဒီနေ့လည်း နေ့လည်စာ အတူတူ စားလို့ရတယ်..."


ကျိလဲ့ယွီ၏ မျက်လုံးများက လခြမ်းကွေးလေးများသဖွယ် ကွေးညွတ်သွားပြီး သူက ခေါင်းညိတ်ပြလိုက်သည်။


"အင်း..."


လော့ကျားက သူတို့နှစ်ဦး အိမ်ပြန်လာသည်ကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် ထရပ်လိုက်သည်။


"ဟုတ်ပြီ... ငါကလေးတွေကို မင်းတို့ဆီ ပြန်အပ်ထားလိုက်တော့မယ်... ငါဆေးလိပ်သောက်ဖို့ လိုနေပြီ... တစ်မနက်လုံး သည်းခံထားရတာ..."


"မင်းရော အတူစားချင်လား..."

လင်းလော့ချင်းက မေးလိုက်လေသည်။ 


"ရပါတယ်..."

လော့ကျားက ငြင်းဆိုလိုက်သည်။


"မင်းတို့ မိသားစုလေးယောက်ပဲ အတူစားလိုက်ကြ... ငါ နေ့ခင်းတစ်ရေးတစ်မော အိပ်လိုက်ဦးမယ်..."


"မင်းအလုပ်ကြိုးစားခဲ့ပါတယ်..."


လော့ကျားက ပြုံးလိုက်လေသည်။

"မင်းက ကျိယွီရှောင်ထက် စကားဘယ်လိုပြောရမလဲဆိုတာ သိတယ်..."


ကျိယွီရှောင်က အရေးမလုပ်ပေ။

"အဲ့ဒါက မင်းကြောင့်ပဲ... မင်းက စကားများလွန်းတယ်..."


"မင်း စကားဘယ်လိုပြောရမလဲ မသိရင် ဖိ

အားမပေးပါနဲ့..."

လော့ကျားက သူ့ကို ဖျောင်းဖျလိုက်သည်။


ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ကို မှီလိုက်သည်။

"မင်းထက်တော့ ပိုကောင်းပါသေးတယ်..."


လော့ကျား - ...သူ သူ့ရဲ့ ယုံကြည်ချက်ကို ဘယ်ကရလာလဲ ဘယ်သူသိမှာလဲ...


လော့ကျားက ထွက်သွားကာ တံခါးပြန်ပိတ်သွားခဲ့သည်။