အပိုင်း ၁၂၁
Viewers 35k

Chapter 121




လင်းလော့ချင်းက ဆိုဖာပေါ်တွင်ထိုင်ချပြီး အစားအသောက်တစ်ချို့မှာရန် မီနူးကို ကြည့်လိုက်သည်။ 


မှာပြီးနောက် စားပွဲပေါ်၌ စာအုပ်များဖြင့် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသောကြောင့် လင်းဖေးနှင့် ကျိလဲ့ယွီကို အပြုံးဖြင့် ကြည့်လိုက်လေသည်။


"မင်းတို့နှစ်ယောက် အစောကြီးကို စာဖတ်နေတာပေါ့..."


ကျိလဲ့ယွီက ချက်ချင်ပင် သူ့ရင်ဘတ်လေးကို ဝင့်ကြွားစွာ ကော့လိုက်သည်။ 


"သားတို့ စာဖတ်နေတာ ကြာလှပြီ... အဲ့ဒါ တကယ်ကို ပင်ပန်းတာပဲ..."


ကျိယွီရှောင် သံသယအပြည့်နှင့် ဖြစ်နေလေသည်။

"မင်းက... စာဖတ်တယ်... အကြာကြီး..."


"အင်းအင်း... ဒယ်ဒီ သားကိုမယုံရင် ကိုကို့ကို မေးလို့ရတယ်..."

သူက လင်းဖေးဆီသို့ ခေါင်းလှည့်လိုက်လေသည်။ 


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။

"သူက တကယ် အကြာကြီး စာဖတ်နေတာ..."


"အဲ့ဒါဆိုရင် ဖေးဖေးက ဆက်တိုက် တိုက်တွန်းနေလို့ ဖြစ်ရမယ်... အဲ့လိုမှဟုတ်ရင် မင်းက ကိုယ့်အသိနဲ့ကိုယ်လုပ်တာ သိပ်မဖြစ်နိုင်ဘူး..."


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက သူ့၏ မကျေနပ်ချက်ကို ပြသရန် ကြမ်းတမ်းစွာ နှာမှုတ်လိုက်သည်။


ကျိယွီရှောင် ခပ်ဖွဖွပြုံးကာ သူ့ပါးကို ဆွဲလိုက်၏။


"မဆိုးပါဘူး... ချီးကျူးတယ်... ဒီရက်တွေမှာ မင်းလိုချင်တာ ရှိလား... ဒယ်ဒီက ဝယ်ပေးမယ်..."


ကျိလဲ့ယွီက အလွန်ပါးနပ်ပေသည်။ သူက လင်းလော့ချင်းကို ချက်ချင်းဖက်လိုက်သည်။

"ပါးပါးကို လိုချင်တယ်..."


လင်းလော့ချင်းက ချက်ချင်း ရယ်လိုက်လေသည်။


ကျိယွီရှောင်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။

"အဲ့ဒါတော့ ငါမဝယ်ပေးနိုင်ဘူး..."


"အဲ့ဒါဆို ပါးပါးက ဘယ်တော့မှ သားတို့နဲ့အတူ အိမ်ပြန်လာနေမှာလဲ..."


ကျိလဲ့ယွီက ခေါင်းမော့ကာ လင်းလော့ချင်းကို ကြည့်လိုက်လေသည်။ 


လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ကာ ဆိုလိုက်သည်။

"နောက်လကျရင်... နောက်လကျရင် ပါးပါးအိမ်ပြန်လို့ရလောက်တယ်..."


"နောက်လထိလား..."

ကျိလဲ့ယွီ သက်ပြင်း ချလိုက်လေသည်။ 


လင်းလော့ချင်းသည်လည်း သက်ပြင်းချလိုက်ပေသည်။ 

ဟုတ်တယ်... တစ်လတောင် ကျန်သေးတယ်...


သူတို့မိသားစုက နွေးထွေးကာ သက်သောင့်သက်သာရှိသော နေ့လည်စာကို အတူစားလိုက်ကြသည်။ ထို့နောက် လင်းလော့ချင်းက စတူဒီယိုကို ပြန်သွားရန် ပြင်ဆင်လိုက်သည်။


ထိုမတိုင်မီတွင် သူက လင်းဖေးနှင့် ကျိလဲ့ယွီကို ဖက်ထားလိုက်သည်။ 


"ကျောင်းအသစ်နဲ့ အသားကျပြီလား... မင်းမကြိုက်တာ တစ်ခုခုရှိလား..."


သူက မေးလိုက်လေသည်။ 


ကျိလဲ့ယွီက ခေါင်းခါပြလိုက်သည်။

"မရှိပါဘူး..."


လင်းလော့ချင်းက လင်းဖေးကို လှမ်းကြည့်လိုက်သည်။ လင်းဖေးသည်လည်း တည်ငြိမ်စွာ ခေါင်းခါပြလိုက်သည်။ 

"အတူတူပါပဲ..."


"အဲ့ဒါဆိုလည်း ဟုတ်ပြီ... မင်းတို့နှစ်ယောက် ကျောင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြနော်... ရှောင်ယွီက ကိုကို့စကားကို သေချာနားထောင်ရမယ်နော်... ဟုတ်ပြီလား..."


"ဟုတ်..."

ကျိလဲ့ယွီက သဘောတူလိုက်သည်။ 


"ဖေးဖေး မင်းမကြိုက်တာ တစ်ခုခုရှိရင် ငါ့ကို ဒါမှမဟုတ် ရှုရှုကျိကို သေချာပြောပြရမယ်နော်..."


"အင်း..."

လင်းဖေးက သဘောတူလိုက်လေသည်။ 


လင်းလော့ချင်းက မထွက်သွားမီ သူတို့နှစ်ဦးစလုံးကို နမ်းလိုက်သည်။ 


ကျိလဲ့ယွီက သူက တစ်ယောက်တည်း ထွက်သွားတော့မည်ကို မြင်ကာ ကျိယွီရှောင်ကို ကြည့်လိုက်လေသည်။

"ဒယ်ဒီက ပါးပါးနဲ့ လိုက်မသွားဘူးလား..."


"ငါက မင်းတို့နှစ်ယောက်ကို ဂရုစိုက်ရဦးမယ်လေ..."


"ဦးလေး လော့မရှိဘူးလား..."


ကျိလဲ့ယွီက သူ့ ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်သည်။

"သွားပြီး ပါးပါးကို အဖော်လုပ်ပေးလိုက်... ကိုကိုနဲ့ သားနဲ့ကို ဦးလေးလော့ ကြည့်ပေးလိမ့်မယ်..."


ကျိယွီရှောင်မှာ သူ့၏ ခန္ဓာကိုယ်လေးနှင့် အတွေးကြီးကြီးကြောင့် ရွှင်မြူးသွားလေသည်။


"မင်းဘယ်တုန်းကစပြီး မင်းရဲ့ ရှုရှုလော့ကို အရမ်းကြိုက်သွားတာလဲ... ငါ့ကိုတောင် မလိုတော့ပဲ မင်းရဲ့ ရှုရှုလော့နဲ့ ပိုပြီး ရှိချင်တယ်ပေါ့..."


ကျိလဲ့ယွီမှာ ကျိယွီရှောင်က အဘယ့်ကြောင့် အလွန် တုံးအရသလဲဆိုသည့် အမူအရာတစ်ခုကို ပေးလိုက်လေသည်။ သူတို့က လင်းလော့ချင်းနှင့် အတူရှိရသည်မှာ ရှားပါးပေသည်။ သူက လင်းလော့ချင်းနှင့် သေချာပေါက် အချိန်ပိုဖြုန်းသင့်ပေသည်။ သူတို့က အိမ်တွင် အချင်းချင်း နေ့တိုင်းတွေ့နိုင်သော်လည်း လင်းလော့ချင်းမှာမူမတူပါပေ။ 


ဟင်း... သူ့ဒယ်ဒီက တစ်ခါတစ်လေ ဘာလို့ အရမ်းတုံးအနေရတာလဲ... အဲ့လို မဖြစ်သင့်တာကို...


ကျိယွီရှောင်က စကားပြောလိုသော်လည်း မပြောနိုင်သော သူ့အမူအရာကိုကြည့်လိုက်သည်။ သူက ရယ်မောလိုက်ပေသည်။

"ဟုတ်ပြီ... အဲ့ဒါဆိုရင် ဖေးဖေးနဲ့ လိမ်လိမ်မာမာနေခဲ့နော်... ဒယ်ဒီ မင်းပါးပါးကို သွားပြီး အဖော်လုပ်ပေးလိုက်ဦးမယ်...."


"အင်းအင်း..."


ကျိလဲ့ယွီက သူ့ခေါင်းကို အလျင်အမြန်ညိတ်ပြလိုက်သည်။


ကျိယွီရှောင်က သူ့နှာခေါင်းလေးကိုထိကာ လင်းဖေးကို လှမ်းခေါ်လိုက်လေသည်။ သူက လင်းဖေးကိုလည်း တစ်ပုံစံတည်း ပြုလုပ်ကာ ဆိုလိုက်သည်။


"အဲ့ဒါဆို ဒယ်ဒီ သွားလိုက်ဦးမယ်..."


"ကောင်းကောင်းသွားပါ..."

လင်းဖေးက ညင်သာစွာ ဆိုလိုက်သည်။


"နောက်မှ တွေ့မယ်..."

ကျိယွီရှောင်က ဆိုလိုက်သည်။ 


သူက လင်းလော့ချင်းရှေ့သို့ ကိုယ်တိုင်တွန်းသွားလိုက်သည်။

"သွားစို့... ငါမင်းကို နောက်ထပ် နေ့လည်အတွက် အဖော်လုပ်ပေးမယ်..."


လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"အဲ့ဒါဆိုရင် ဖေးဖေးနဲ့ ရှောင်ယွီကို ကျေးဇူးတင်ရမှာပဲ..."


"ရပါတယ်...."

ကျိလဲ့ယွီက ချိုသာစွာ ဆိုလိုက်သည်။


အင်း... ဒါက ပိုတောင် ကောင်းသေးတယ်... အဖေတွေက အမေတွေနဲ့ အတူရှိသင့်တယ်... အဖေနှစ်ယောက်ဆိုရင်လည်း သူတို့နှစ်ယောက်က အတူရှိသင့်တာပေါ့....


လော့ကျားမှာ သူနိုးလာသည့် အခိုက်အတန့်တွင် ကျိယွီရှောင်၏ ကလေးထိန်းရန် ခိုင်းစေချက်များကို မြင်ကာ ကူကယ်ရာမဲ့ စာပြန်ပို့လိုက်လေသည်။


(မင်းက တကယ်ပဲ ငါ့ကို ကလေးထိန်းတစ်ယောက်လို ဆက်ဆံနေတာပဲ...)


(ကျိယွီရှောင် - အခုလောလောဆယ် ဂရုစိုက်ပေးဦး... အဲ့ဒါကို အစမ်းလေ့ကျင့်တာလို့ သဘောထားလိုက်... မင်းကလေးတွေ ရှိလာရင် အတွေ့အကြုံရှိပြီးသား မဖြစ်ဘူးလား...)


လော့ကျား - "..." သူက အခုထိ တွဲဖက်တောင်မရှိသေးတာ... ကလေးဟုတ်လား... သူ့အိပ်မက်ထဲမှာပဲ ရမယ်...


သို့သော် မကျေမနပ်ဖြစ်နေသည့်တိုင် သူက ဖုန်းကိုယူကာ ကလေးထိန်းခြင်းကို ဆက်လက်လုပ်ဆောင်ရန် အခန်းထဲမှ ထွက်လာလိုက်သည်။


သို့ဖြစ်၍ လောလောဆယ်တွင် ကျိယွီရှောင်မှာ သူ့အား သက်တော်စောင့်ဖြစ်ရန် အလုပ်ခန့်ခဲ့ခြင်း မဟုတ်ပဲ ကလေးထိန်းတစ်ယောက်ဖြစ်ရန် အလုပ်ခန့်ခဲ့ခြင်း ဖြစ်ပေသည်။ နှစ်ခုစလုံးတွင် တူညီသော စာလုံးပါဝင်ပေသည်။


ဒါပေမဲ့ ဘာလို့ အလုပ်ဖော်ပြချက်က အရမ်းကွာခြားနေရတာလဲ...


လော့ကျား၏ ကျေးဇူးဖြင့် ကျိယွီရှောင်မှာ နှစ်ရက်ကြာအောင် ဤနေရာတွင် ရှိနေပြီး နှစ်ရက်လုံးလုံး လင်းလော့ချင်းနှင့်ရှိနေနိုင်ပေသည်။ အချိန်အများစုမှာ ရိုက်ကွင်းတွင် အိပ်ကာ ကုန်ဆုံးသွားသော်လည်း အနည်းဆုံးတွင် သူက ကောင်းကောင်း အိပ်စက်နိုင်ပေသည်။


 လင်းလော့ချင်းသည်လည်း သူပြန်လည် လန်းဆန်းလာသည်ကို မြင်ရ၍ စိတ်ချသွားသည်ဟု ခံစားရပေသည်။ 


၄င်းမှာ တနင်္ဂနွေ ညနေခင်း သူတို့ ညစာအတူစားပြီးနောက် ကျိယွီရှောင်က ကလေးနှစ်ယောက်ကို အိမ်သို့ ပြန်ခေါ်မသွားခင်အထိ ဖြစ်သည်။


လင်းလော့ချင်းမှာ အလွန် တွန့်ဆုတ်နေပေသည်။ သူက ကလေးနှစ်ယောက်ကို ပွေ့ဖက်ကာ နမ်းရှုံ့လိုက်သည်။


ကျိယွီရှောင် - ... ဘာလို့ သူက အမြဲတမ်း လျစ်လျူရှု ခံနေရတာလဲ... သူတို့ သုံးယောက်ရှိနေတာ အရှင်းကြီးကို... နှစ်ယောက်က အနမ်းရော ပွေ့ဖက်မှုတွေရောရပြီး သူက ဘာမှမရဘူးလား... ဒါက လုံးဝကို မမျှတဘူး...


သို့သော် သူတို့က ကလေးနှစ်ယောက်ရှေ့တွင်ဖြစ်နေ၍ ကျိယွီရှောင်က ၄င်းကို ထုတ်မပြောနိုင်ပေ။ သူက ၄င်းကို နှလုံးသားထဲတွင် မှတ်ထားရုံသာ တတ်နိုင်ပေသည်။ 


လင်းလော့ချင်းက သူတို့နှင့် အတူ ဓာတ်လှေကားမှဆင်းလာပြီး ကာပါကင်ဆီသို့ သွားလိုက်သည်။ လော့ကျားက လင်းဖေးနှင့် ကျိလဲ့ယွီကို စကာ မေးလိုက်လေသည်။


"တကယ်ကြီး ငါနဲ့ မစီးချင်ဘူးလား..."


လင်းဖေးက ခေါင်းခါပြလိုက်သည်။ 


ကျိလဲ့ယွီက ပြုံးပြလိုက်သည်။

"သားက မနက်ဖြန်မှပဲ စီးမယ်..."


လင်းလော့ချင်းက ကလေးနှစ်ယောက်၏ အာရုံစိုက်မှု လမ်းကြောင်းလွဲသွားသည်ကို အခွင့်ကောင်းယူကာ ကျိယွီရှောင်ကို ကားထဲသို့ သယ်သွားလိုက်သည်။ သူက ပြန်မထွက်မီတွင် ကျိယွီရှောင်ကို အနမ်းတစ်ပွင့်ပေးလိုက်သည်။ 


ကျိယွီရှောင်က ထိုအလျင်စလိုအနမ်းကို လက်ခံကာ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။


"အိုး... မင်းမှတ်မိတယ်..."


လင်းလော့ချင်းက သူ့ကို ထပ်မံ နမ်းလိုက်လေသည်။

"ငါ ဘယ်တော့မှ မမေ့ပါဘူး..."


ကျိယွီရှောင်က ကျေနပ်သွားလေသည်။ သူက လင်းလော့ချင်း၏ လည်ပင်းကိုဖက်ကာ သူ့နှုတ်ခမ်းကို နမ်းရန်အတွက် ဆွဲချလိုက်သည်။


ကျိလဲ့ယွီက ခေါင်းလှည့်လိုက်ရာ လင်းလော့ချင်း၏ ခန္ဓာကိုယ်တစ်ဝက်က ကားထဲရောက်နေသည်ကို မြင်လိုက်ရသည်။ သူက ကျိယွီရှောင်ကို တစ်ခုခုပြောနေပုံရပေသည်။ သူက သိလို၍ အနားကပ်သွားလိုသော်လည်း လော့ကျား၏ တားမြစ်ခြင်း ခံလိုက်ရသည်။ 


ကျိလဲ့ယွီက နားမလည်နိုင်ပဲ ကူကယ်ရာမဲ့ဖြစ်နေသော လော့ကျားကို ကြည့်လိုက်လေသည်။


ဒီလူနှစ်ယောက်ကတော့... ကလေးတွေ မရှိတဲ့ အချိန်ကိုတောင် မစောင့်နိုင်ကြဘူးလား...


အော်ဂလီဆန်ချင်စရာကောင်းအောင်ကို ချိုနေလိုက်....


နောက်ဆုံးတွင် ကျိယွီရှောင်က ကျေနပ်သွားပြီး လင်းလော့ချင်းကို လွတ်ပေးလိုက်သည်။ ထိုအချိန်မှသာ လင်းလော့ချင်းက ခေါင်းမော့ကာ ကားထဲမှ ထွက်လာလေသည်။


"မင်းတို့ နှစ်ယောက် မြန်မြန် ကားပေါ်တက်တော့..."

သူက လင်းဖေးနှင့် ကျိလဲ့ယွီကို ဆိုလိုက်သည်။


ကျိလဲ့ယွီက "အို..."ဟုဆိုကာ လင်းဖေးကို ကားပေါ်သို့ ဆွဲလာလိုက်သည်။ သူတို့က နောက်ခုံတွင် ထိုင်လိုက်သည်။ 


လင်းလော့ချင်းသည်လည်း တက်လာလေသည်။ 


၁၀မိနစ်ခန့်မောင်းပြီးနောက် ရှောင်လီက စတူဒီယိုသို့ ရောက်လာသည်။ 


ကျိလဲ့ယွီက သူ့လက်ကို ဆန့်ထုတ်ကာ လက်ပြနှုတ်ဆက်လိုက်သည်။


"ဘိုင်ဘိုင် ပါးပါး..."


"နှုတ်ဆက်ပါတယ်..."

လင်းလော့ချင်းသည်လည်း ပြန်လက်ပြလိုက်သည်။


"အိမ်ပြန်ရောက်ရင် စောစောနားလိုက်..."


"အင်း..."

ကျိလဲ့ယွီနှင့် လင်းဖေးက သဘောတူလိုက်သည်။ 


လင်းလော့ချင်းက သူတို့မောင်းထွက်သွားသည်ကိုကြည့်ကာ စတူဒီယိုထဲသို့ ဝင်လာလိုက်သည်။ 


ဝူရှင်းယွမ်က သူပြန်လာသည်ကိုမြင်ကာ မေးလိုက်သည်။

"ဥက္ကဌ ကျိပြန်သွားပြီလား..."


"အင်း..."

လင်းလော့ချင်းက ဖြေလိုက်သည်။ 


သူက အနည်းငယ် ဟာတာတာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ကာ ကျိယွီရှောင်နှင့် ကလေးနှစ်ယောက်ကို တွေးနေလေသည်။ ထိုသို့ ပြုလုပ်နေစဉ်တွင် သူ မပြုံးပဲ မနေနိုင်ချေ။ 


(အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ကို စာပို့...)

သူ ကျိယွီရှောင်ကို စာတိုလှမ်းပို့လိုက်သည်။ 


ကျိယွီရှောင်က မကြာမီတွင် ပြန်ဖြေလိုက်သည်။

(အင်း...)


လင်းလော့ချင်းက သူတို့အိမ်ပြန်ရောက်ပြီဟူသော ကျိယွီရှောင်၏ စာကို လက်ခံရသည့်အချိန်တွင် ည၁၁နာရီ ထိုးနေပြီ ဖြစ်သည်။ 


လင်းဖေးနှင့် ကျိလဲ့ယွီတို့က ပင်ပန်းနေပေသည်။ ကျိလဲ့ယွီမှာ လင်းဖေးကို မှီကာ အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်သည်။ 


ရှောင်လီက သူ့ကို အိပ်ခန်းထဲသို့ သယ်လာလိုက်သည်။ ကျိယွီရှောင်က သူ့ခေါင်းကို ပွတ်ကာ ကောင်းသောညပါဟု နှုတ်ဆက်ပြီး လင်းလော့ချင်းကို စာပို့ရန် သူ့အခန်းထဲသို့ ပြန်လာလိုက်သည်။


(မင်းလည်း စောစောအိပ်... ကောင်းကောင်းနားလိုက်ဦး...)


ကျိယွီရှောင်က အမှန်တကယ်တွင် မပင်ပန်းပါပေ။ သူက လွန်ခဲ့သည့်ရက်များက အလွန် အိပ်ခဲ့ရာ လန်းဆန်းတက်ကြွနေသည်။ သို့သော် လင်းလော့ချင်းသည်လည်း နောက်တစ်နေ့ နံနက်စောစောတွင် ရိုက်ကူးရေးရှိသည်ကို သိပေသည်။ သို့ဖြစ်၍ သူက ပြန်ဖြေလိုက်သည်။ 


(အင်း... မင်းရောပဲ... စောစောနားလိုက်...)


(ကောင်းသောညပါ...)

လင်းလော့ချင်းက သူ့ကို စာပို့လိုက်သည်။ 


(ကောင်းသောညပါ...)


လင်းလော့ချင်းက ဖုန်းချလိုက်ပြီး မီးပိတ်လိုက်သည်။ 


ကျိယွီရှောင်က ပြန်သွားပြီဖြစ်ရာ လင်းလော့ချင်းက ယခင်နေ့ရက်များသို့ ပြန်ရောက်သွားလေသည်။ သူက ယခင်ရက်များကဲ့သို့ပင် ရိုက်ကူးရေးပြုလုပ်ရန် အချိန်မီ စတင်ကာ တခြားအနုပညာရှင်များနှင့် သရုပ်ဆောင်ပြီး နားချိန်များကို အခွင့်ကောင်းယူကာ ကျိယွီရှောင်ကို စာပို့လေသည်။ 


တစ်နေ့တွင်...

သူ ကျိယွီရှောင်ကို စာပို့ပြီးနောက် တံခါးခေါက်သံကို ကြားလိုက်ရသည်။ 


လင်းလော့ချင်း ထွက်သွားလိုက်ရာ ၄င်းက မာပေါ်ကျုံး၏ လက်ထောက်ဖြစ်သည်ကို တွေ့လိုက်ရသည်။ 


"ဆရာရှောင်လင်း... အလုပ်များနေလား... ဆရာမာက မင်းတို့နှစ်ယောက် မနက်ဖြန် ရိုက်ရမဲ့အခန်းအတွက် သရုပ်ဆောင်ချင်လို့တဲ့..."

လက်ထောက်က ဆိုလိုက်သည်။ 


လင်းလော့ချင်းက တစ်စုံတစ်ခုကို အာရုံခံမိကာ ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ပြီ..."

သူကဆိုလိုက်သည်။

"ခဏစောင့်ဦး..."


ထို့နောက် သူက အခန်းထဲသို့ ပြန်လာကာ သူပြင်ဆင်ထားသော ကျောပိုးအိတ်ကို ယူလိုက်သည်။ ထို့နောက် သူက တံခါးပိတ်လိုက်လေသည်။


လက်ထောက်က စိတ်ရှုပ်သွားလေသည်။

"ကျောပိုးအိတ်ကြီးက ဘာလို့လဲ..."


လင်းလော့ချင်းက ပြုံးပြလိုက်သည်။


"ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က လက်ဖက်ရည်အိတ်တွေ ပို့လိုက်လို့... ငါတစ်ယောက်တည်း မကုန်ဘူးဖြစ်နေတာ... တခြား လုပ်ဖော်ကိုင်ဖက်တွေကိုလည်းပေးပြီးပေမဲ့ နည်းနည်းကျန်နေသေးတယ်... ငါက အဲ့ဒါတွေကို အိတ်ထဲထည့်ပြီး ဆရာမာကို ပေးဖို့ စီစဉ်ထားတာ..."


လက်ထောက်မှာ လင်းလော့ချင်းက တခြားသူများကိုပေးပြီးနောက် အကျန်များရှိနေသည့်အခါမှသာ မာပေါ်ကျုံးကို သတိရသည်အား မကျေမနပ်ဖြစ်သွားသည်။ သို့သော် သူက လက်ထောက်တစ်ဦးသာဖြစ်၍ များစွာမဆိုပဲ "ဟုတ်ပြီ..."ဟုသာ ဆိုနိုင်ပေသည်။


လင်းလော့ချင်းက ပြုံးကာ ဝူရှင်းယွမ်ကို မာပေါ်ကျုံးက သူ့ကို လာရှာရန် သူ့လက်ထောက်အား လွတ်လိုက်သည်ဟု အလျင်အမြန် စာပို့လိုက်သည်။ သူက ယခုတွင် မာပေါ်ကျုံးအခန်းသို့ သွားနေပေသည်။


ဝူရှင်းယွမ်မှာ ချက်ချင်းပင် သတိကပ်ကာ အလန့်တကြား ထထိုင်လိုက်သည်။ သူက ချက်ချင်းပင် အခန်းထဲမှ ထွက်ကာ ယုန်က ထောင်ချောက်ထဲ ကျရန်အတွက် စောင့်ရန် ပြင်ဆင်လိုက်လေသည်။ 


လမ်းတစ်ဝက်တွင် သူက ရှစ်ကျန်းကို စာပို့ကာ သူ့ဆီသို့ လာရန် အချက်ပြလိုက်သည်။ 


လင်းလော့ချင်းက လက်ထောက်နောက်မှ မာပေါ်ကျုံး၏ အခန်းသို့ လိုက်လာပေသည်။ သူက မာပေါ်ကျုံး ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။


 ထိုသူက လင်းလော့ချင်း ဝင်လာသည်ကိုမြင်သော်လည်း သူ့အမူအရာတွင် ပြောင်းလဲမှုများစွာမရှိပါပေ။ 


"မင်္ဂလာပါ ဆရာမာ..."

လင်းလော့ချင်းက ယဉ်ကျေးစွာဆိုလိုက်သည်။


မာပေါ်ကျုံးက ခေါင်းညိတ်ပြလိုက်သည်။

"မင်း သရုပ်ဆောင်ဖို့အတွက် ဖတ်ထားပြီးပြီလား..."


"ဟုတ်..."


"အဲ့ဒါဆို စလိုက်ကြစို့..."

မာပေါ်ကျုံးက ဆိုလိုက်သည်။


လင်းလော့ချင်းက ကျောပိုးအိတ်ကို ချပြီး အလုပ်လုပ်ရန် စတင်လိုက်လေသည်။


သူတို့က သရုပ်ဆောင်နေစဉ်တွင် လက်ထောက်က ထွက်သွားပြီး အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ခဲ့သည်။


မာပေါ်ကျုံးက ဇာတ်ညွှန်းစာအုပ်ကို ချကာ ချီးကျူးလိုက်သည်။

"မဆိုးပါဘူး... မင်းက သရုပ်ဆောင်တာ တော်တော်ကောင်းတယ်..."


"ကျေးဇူးပါ..."


"ငါအရင်တုန်းက ပြောခဲ့သလိုပဲ... မင်းရဲ့ သရုပ်ဆောင် စွမ်းရည်နဲ့ဆိုရင် မင်းက idol drama တွေပဲ လုပ်မနေသင့်ဘူး... မင်း ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ တိုးတက်နိုင်သလားဆိုတာ ကြိုးစားကြည့်... ဒါရိုက်တာကောင်းတွေအားလုံးက ရုပ်ရှင်ကောင်းတွေကို မြှုပ်နှံချင်ကြတယ်... အဲ့ဒါကို မင်းသိတယ်မဟုတ်လား..."


(idol drama ဆိုတာက နာမည်ကြီးပြီးသား မင်းသားတွေကိုပဲ ရွေးပြီး ရိုက်ထားတဲ့ drama မျိုးပါ... dramaရဲ့ ဇာတ်ကွက်ကအဓိကမဟုတ်ပဲ မင်းသားရဲ့ နာမည်ကြီးမှုကို ယူပြီး ပေါက်အောင်လုပ်ဖို့ ရည်ရွယ်ထားတဲ့ dramaမျိုးပါ...)


လင်းလော့ချင်းက သတိလက်လွတ်ဆိုလိုက်သည်။

"အခွင့်အရေးရလာရင်တော့ ကျွန်တော်သေချာပေါက် ယူမှာပါ..."


"မင်းက အခုထိ သင့်တော်တဲ့အခွင့်အရေး မရသေးဘူးလား..."


"မရသေးပါဘူး..."


"တကယ်တော့ မင်းမှာ ဘာအလုပ်မှ ပြစရာမရှိရင် နာမည်ကြီးတယ်လို့ ပြောမရဘူး... ဒီဒရမ်မာက အသံလွှင့်ပြီးသွားရင်တောင် မင်းက ခေါင်းဆာင် မင်းသားမဟုတ်ဘူးလေ... အဲ့ဒါက မင်းကို အကျိုးအများကြီး ပေးမှာမဟုတ်ဘူး... အထူသဖြင့် ဒါက idol dramaတစ်ခုဖြစ်နေတာ.... တစ်ချို့ ဒါရိုက်တာတွေက idol dramaတွေကို မကြည့်ဘူး... အဲ့တော့ မင်းအတွက် အခွင့်အရေး တိုးလာနိုင်မှာမဟုတ်ဘူး..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်လေသည်။

"ကျွန်တော်သိပါတယ်..."


သူက ဆိုလိုက်သည်။

"ကျွန်တော် သွားရမဲ့လမ်းက အရှည်ကြီးလိုသေးတယ်..."


"အဲ့လောက်လည်း မရှည်ပါဘူး..."

မာပေါ်ကျုံးကာ ပြုံးကာဆိုလိုက်သည်။

"မင်းကို တစ်ယောက်ယောက်က ကူညီချင်တယ်ဆိုရင် မင်းအနာဂတ်က ပိုပြီး ချောမွေ့လာမှာ..."


လင်းလော့ချင်း - ...


လင်းလော့ချင်းမှာ သူက အမှန်တကယ်ပင် သူ့ကို ဖိတ်ခေါ်နေသည်ဟု ခံစားလိုက်ရလေသည်။ 


သူက တစ်ခွန်းမှ မဆိုပါချေ။ မာပေါ်ကျုံးက ၄င်းကို သူက နောက်ကွယ်မှ သတင်းစကားကို နားမလည်ခြင်းဟု ယူဆသွားလေသည်။ သူက ရိုးရှင်းစွ

ာ ထုတ်ပြောလိုက်သည်။


"ငါ့လက်ထဲမှာ ရုပ်ရှင်လောကထဲကို ခြေဆန့်နိုင်မဲ့ရင်းမြစ်တွေ ရှိတယ်... မင်းသာဆန္ဒရှိရင် ငါကူညီနိုင်တယ်..."


"တကယ်လား..."

လင်းလော့ချင်းက အံ့အားသင့်သွားသည်။

"အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဆရာမာ..."


"အဲ့ဒါဆို မင်းက ငါ့ကို ဘယ်လိုကျေးဇူးတင်ဖို့ စီစဉ်ထားလဲ..."


မာပေါ်ကျုံးက အပြုံတစ်ခုနှင့် မေးလိုက်လေသည်။