အပိုင်း ၅၄
Viewers 8k


🐹အခန်း ၅၄

 ဖျန်ဖြေသူ ဝူယိလေး လိုင်းပေါ်မှာ ရှိနေပါတယ်



ဟမ်းစတား နတ်သားလေးနှင့် ရေသူထီးကပင် အတော်လေး ထူးဆန်းနေပြီဟု ထင်ခဲ့မိသည်။ သို့သော်လည်း ယခုရရှိသည့် အချက်အလက်များအရ သူတို့မှာ အသိပညာ ဗဟုသုတများ အတော်လေး လိုအပ်နေဆဲပင်။


သို့သော်လည်း ဤအချိန်မှာပင် ထူးဆန်းသော “မှော်ဝင်မျိုးနွယ်” ဖြစ်သည့် ပိုဆီယာမှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ကောင်းကင်ပေါ်မှ ကြီးကြီး၊ သေးသေး ပုံရိပ်နှစ်ခုအားကြည့်ကာ မျက်လုံးများ တလက်လက် လောင်ကျွမ်းတောက်ပလာသည်။


သူ့ခေါင်းထိပ်တွင် အချက်ပြမီးသီးလေးတစ်ခု ပေါ်လာသယောင်ပင်။


တင်.. သွေးစုပ်ဖုတ်ကောင်လေး တစ်ကောင်အား အောင်မြင်စွာ တွေ့ရှိခဲ့..!!


သွေးစုပ်ဖုတ်ကောင်များ၏ တည်ရှိမှုကြောင့် လူတိုင်း အံ့အားသင့်ပြီး အထိတ်တလန့် ဖြစ်နေစဉ်မှာပင် ကောင်းကင်မှ အခြေအနေသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။


ဆစ်စလို၏ အနက်ရောင်ဝတ်ရုံလေးမှာ တလွင့်လွင့် ပျံ့လွင့်နေသော်လည်း ကျစ်ဟွေ့ကွမ်၏ လက်ထဲမှ ပြေးမလွတ်ခဲ့ပေ။


နောက်ဆုံးတွင် သွေးစုပ်ဖုတ်ကောင်လေးမှာ တိမ်မြူခိုးအသွင်ပြောင်းထားသည့် ကျစ်ဟွေ့ကွမ်၏ လက်ထဲ၌ အဝတ်လျှော်စက်အတွင်း ပစ်ထည့်ခံလိုက်ရသည့် အဝတ်စလေးတစ်ခုအသွင် အဖိဖမ်းခံလိုက်ရသည်။


ထိုအချိန်တွင် ကောင်းကင်တစ်ခွင်လုံး၌ ဆစ်စလို၏ ငိုကြွေးသံများ ပျံ့လွင့်နေလေသည်။


“ဝူးဝူးဝူးးးး မှားသွားပါတယ်.. တောင်းပန်ပါတယ်နော်.. မသတ်ပါနဲ့.. အကုန်ပြန်ပေးဆပ်ပါ့မယ်လို့..”


"ဝေါင်းးး.." (ကျားဟိန်းသံ) σ( ̄∇ ̄;)


ဆစ်စလိုသည် ရက်စက်ကြမ်းတမ်းသော တိမ်တိုက်များ၏ လှိမ့်ခြင်း ခံလိုက်ရသည်။ သူ၏ သွေးစုပ်ဖုတ်ကောင် ခန္ဓာကိုယ် တစ်ခုလုံးမှာ “တိမ်မြူခိုးတံဆိပ် အဝတ်လျှော်စက်” ကြောင့် အရောင်ပြောင်းခံလိုက်ရပြီး မျက်နှာတစ်ခုလုံးသည်လည်း မျက်ရည်အပြည့်နှင့် အလွန်သနားဖွယ်ရာ ကောင်းလှသည်။


ဆစ်စလိုထံမှ ခွင့်လွှတ်ရန် တောင်းပန်ခံရသော်လည်း ကျစ်ဟွေ့ကွမ်မှာ စိတ်မပြေနိုင်ပေ။ သူ၏ မှတ်ဉာဏ်များ ဆုံးရှုံးခဲ့ရသဖြင့် အံတကြိတ်ကြိတ် ဖြစ်ခဲ့ရသောနေ့ရက်များမှာ မနေ့တစ်နေ့ကလိုပင်။


ဆစ်စလိုမှာ ရုန်းကန်နေခြင်းအား ရပ်တန့်ဖို့ရန်သာ ရှိတော့သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသည့် အရုပ်လေးသဖွယ် ကျစ်ဟွေ့ကွမ်၏ အညှာအတာမဲ့ ပင့်မြှောက်ဆော့ကစားခြင်း ခံလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်သည်ပင်လျှင် တိမ်မြူခိုးများအကြား သန့်စင်ခံလိုက်ရသည်။


လုံးလုံးလျားလျား အသိစိတ်ဝင်ကာ ပြောင်းလဲပစ်ပါတော့မည်။


ယခုမှစကာ နောက်ထပ်နောက်ထပ် ပြဿနာရှာခြင်း မပြုတော့ပါဟု ကျိန်ဆိုပါသည်။


QAQ


‌ရှောင်ဝူယိသည် ကောင်းကင်ပေါ်တွင် အရှုပ်များ လုပ်နေဆဲဖြစ်သည့် နှစ်ယောက်အားကြည့်ကာ အနည်းငယ် စိတ်ပူလာမိသဖြင့် အော်ပြောလိုက်သည်။


“ကျစ်ဟွေ့ကွမ်.. မင်းတို့ ဆက်ပြီး တိုက်ခိုက်မနေကြနဲ့တော့.. မြန်မြန် ဆင်းလာခဲ့ကြ.. မင်းတို့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ငါ့ဒယ်ဒီကို ဂရုစိုက်ခိုင်းလိုက်မှာနော်..”


နျဲ့ရှောင်သည် သူ့ပေါင်ပေါင်း၏ စကားကို ကြားသောအခါ အလွန်ပူးပေါင်းဆောင်ရွက်မှုရှိစွာ လက်ထဲတွင် လေပွေတစ်ခု ဖန်တီးလိုက်သည်။ ထိုလေပွေသည် အလွန်ရိုးရှင်းစွာပင် ကောင်းကင်ပေါ်ရှိ နှစ်ဦးအား အောက်သို့ဆွဲခေါ်လာပေလိမ့်မည်။


ကျစ်ဟွေ့ကွမ်သည် ရှောင်ဝူယိ၏အသံကို ကြားပြီးနောက် သူ၏ ဒေါသများအား အနည်းငယ် လျှော့ချလိုက်ပြီး ဆစ်စလိုအား တွန့်ဆုတ်စွာဖြင့် လွှတ်ပေးလိုက်သည်။


တိမ်မြူခိုးတို့နှင့် ရစ်ပတ်ခြင်း ခံထားရသော သွေးစုပ်ဖုတ်ကောင်လေးသည် သနားစဖွယ် ပိုးကောင်ငယ်လေးပမာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။


သူတို့နှစ်ဦး သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်သည့်အခါ မော့ယဲ့ အလျင်အမြန်ပြေးကာ ပိုးကောင်လေး ဆစ်စလိုအား ထိုင်နိုင်အောင် ကူညီပေးလိုက်သည်။ သူ၏ပါးပေါ်မှ ဖုန်မှုန့်များအား လက်ကလေးဖြင့် ညင်ညင်သာသာ ခါပေးလိုက်သည်။


“ဆစ်စလိုရေ.. မင်းနဲ့ ကျစ်ဟွေ့ကွမ်ကြားမှာ နားလည်မှု လွဲနေကြတာလား.. မင်းက ခပ်ဆိုးဆိုး သွေးစုပ်ဖုတ်ကောင်လေး မဟုတ်ဘူးဆိုတာ ငါယုံတယ်‌နော်..”


မော့ယဲ့၏ စကားများကို နားထောင်ရင်း ဆစ်စလို နှုတ်ခမ်းစူထွက်လာသည်။ ခပ်ရှုပ်ရှုပ် ခပ်ပွပွ ခေါင်းလေးဖြင့် သူ၏ မျက်လုံးများကို ပွတ်ကာ ပြောလေသည်။


“ငါတောင်းပန်ပါတယ်လို့.. မကောင်းတာကို လုပ်ခဲ့မိတာပါ.. အူးဝူးဝူး..”


“ဒါပေမဲ့ အခု ငါ့အမှားကို သိပါပြီလို့.. အူးဝူးဝူး..”


ထိုသို့ပြောပြီးနောက် ဆစ်စလို မျက်ရည်ဖြိုင်ဖြိုင်ကျကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလေသည်။ သူ၏ ပုံစံမှာ အားနည်းကာ သနားစဖွယ် ကောင်းလှပြီး အကူအညီ မဲ့‌နေလေသည်။ များမကြာမီတွင် ကျစ်ဟွေ့ကွမ်ရှိရာသို့ လှည့်ကာ “တောင်းပန်ပါတယ်” ဟု ဆက်တိုက် ရေရွတ်တော့သည်။


ကျစ်ဟွေ့ကွမ်သည် ဆစ်စလို၏ အသွင်အပြင်အားကြည့်ကာ နှာမှုတ်လိုက်သည်။ သူ၏အမြီးအား ခါယမ်းကာ ဆစ်စလိုအား ရစ်ပတ်ထားသည့် တိမ်မြူခိုးများအား ပြန်လည်ရုပ်သိမ်းလိုက်သည်။


ဆစ်စလိုသည် လွတ်မြောက်သည်နှင့် တစ်ပြိုင်နက် မော့ယဲ့၏ လက်မောင်းကြားထဲ ပစ်ဝင်ကာ ငိုကြွေးတော့သည်။ ခန္ဓာကိုယ်အား အနက်ရောင်ဝတ်ရုံလေးနှင့် ပိုက်ထွေးလိုက်ပြီး သနားစဖွယ် အမူအရာလေးမှာ လူအများအား ကရုဏာသက်စေသည်။ 


ရှောင်ဝူယိ လမ်းလျှောက်သွားပြီး လက်ကလေးအားဆန့်ထုတ်ကာ ကျစ်ဟွေ့ကွမ်၏ ဦးခေါင်းအား ပွတ်သပ်ကာ ပြေရာပြေကြောင်း မေးလိုက်သည်။


“ကျစ်ဟွေ့ကွမ်ရေ.. သူက မင်းအပေါ် ဘယ်လို ဆိုးဆိုးဝါးဝါးတွေ လုပ်ခဲ့လို့လဲဟင်.. ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသတကြီး ဖြစ်နေရတာလဲ..”


ရှောင်ဝူယိ၏ အမေးစကားကြောင့် ဆစ်စလို တောင့်တင်းသွားပြီး ငုံးပေါက်လေးသဖွယ် ခေါင်းကလေးပုကာ ကိုယ်ကို ကျုံ့ထားလိုက်သည်။


ထိုအခြင်းအရာနှင့် စပ်လျဉ်း၍ ကျစ်ဟွေ့ကွမ်မှာ ကြောင်အသွားပြီးနောက် ရှောင်ဝူယိအား ခေါင်းခါယမ်းပြရုံသာ ရှိလေသည်။ အကြောင်းအရာအား တိတိကျကျ မမှတ်မိသည့်တိုင် ဆစ်စလိုအား မြင်လိုက်သည်နှင့် အလွန်အလွန် ဒေါသထွက်လာခဲ့သည်။


ပိုဆီယာသည် ဤကိစ္စ၏ အဓိက အကြောင်းအရင်းအား မြင်လေသည်။ လူအုပ်နောက်မှ လမ်းလျှောက်ထွက်လာပြီး လူလိမ်လေး ဆစ်စလိုအား စာနာမှု ကင်းမဲ့စွာ ကြည့်လိုက်သည်။


အကယ်၍ သူ့ထံ၌ ဤကိစ္စမျိုး ဖြစ်ပွားခဲ့လျှင် ထိုအကောင်စုတ်လေးအား သူကိုယ်တိုင် သေချာပေါက် ရှင်းပစ်လိုက်မည်ပင်။


“ဒီပြဿနာကို ငါအကြမ်းဖျဉ်းတော့ သိတယ်..”


ပိုဆီယာ ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။ လည်ချောင်းအနည်းငယ်ဟန့်ပြီးမှ ပြောလေသည်။


“ငါထင်တာ မှန်မယ်ဆိုရင် ကျစ်ဟွေ့ကွမ်ကို တိတ်တိတ်လေး ကိုက်ပြီး မှတ်ဉာဏ်ဖျောက်ပစ်လိုက်တာ ဆစ်စလိုပဲ ဖြစ်ရမယ်.. အဲဒါကြောင့် ကျစ်ဟွေ့ကွမ်က အရမ်းစိတ်ဆိုးနေတာနေမယ်..”


"သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့ အထူးအသံလှိုင်းစွမ်းရည်ကလွဲပြီး သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တွေမှာ နောက်ထပ် စွမ်းရည်နှစ်မျိုး အမွေဆက်ခံပါရှိသေးတယ်.. အဲဒီ စွမ်းရည်နှစ်မျိုးကို သူတို့ရဲ့ သွားစွယ်တွေထဲမှာ အသီးသီး ထည့်သွင်းထားတယ်လေ.. တစ်မျိုးကတော့ ဘဝအသစ်ဖန်တီးခြင်းစွမ်းရည်တဲ့.. ကျန်တစ်မျိုးကတော့ စွမ်းအင်သုံးခြေရာခံစွမ်းရည်ပဲ.. ဘဝအသစ်ဖန်တီးခြင်း စွမ်းရည်ကတော့ လူတွေကို အတိတ်အကြောင်းနဲ့ ပတ်သက်တဲ့ အရာအားလုံး မေ့သွားစေပြီး ဘဝအသစ်တစ်ခု ရရှိလာစေတာ.."


ဤစကားများ ထွက်လာသည့်အခါ ဆစ်စလိုသည် ပိုဆီယာအား မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုများအားလည်း ဖိနှိပ်နိုင်စွမ်း မရှိတော့ပေ။


“မင်း ဘယ်လိုတောင်....”


“ငါက ရေသူထီး..”


ပိုဆီယာသည် အဖြေအား တုံးတိပြောကာ သူ၏ဘေးရှိ လူတိုင်းအား ပြုံးလျက်နှင့် ရှင်းပြလိုက်ပြီး ကြီးမားသည့် အမှန်တရားအား အလွန်စိတ်အားထက်သန်စွာ ထုတ်ဖော်ပြောကြားတော့သည်။


“ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်က ငါတို့ ရေသူမျိုးနွယ်နဲ့ သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့တယ်လေ..”


လူတိုင်း : "....."


ပိုဆီယာ၏စကားကြောင့် လူတိုင်း တံတွေးမျိုချဖို့ရန်ပင် ခက်ခဲလာသည်။ သူတို့သိထားသော သုံးဖက်ရှုထောင့်*၏ အသစ်အသစ်သော ပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသဖြင့် လိုက်မီရန်ပင် ခက်ခဲနေလေသည်။


ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်၏ အဖွဲ့မှာ သူတို့အရှေ့ရှိ ပြိုင်ဘက်ကင်းလှပသည့် လူငယ်အားကြည့်ကာ ရုတ်တရက်ဆိုသလို *အတော်လေး အံ့ဩထိတ်လန့်သွားကြသည်။ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်အပြင် ဒဏ္ဍာရီလာ ရေသူမျိုးနွယ်ပါ ရှိနေသေးကြောင်း သိလိုက်ရသည်။ (*ဒီဟာက တရုတ် idiom တစ်ခုပဲ.. disheveled in the wind တဲ့.. English translator ကလည်း အရှေ့အပိုင်းတွေမှာ ပါတယ်လို့ပဲ ပြောပြီး ပြန်မရှင်းပြထားဘူး.. အရှေ့အပိုင်းတွေမှာ ပြန်ရှာတော့လည်း မတွေ့ဘူး.. အဲဒါကြောင့် နည်းနည်းအဆင်ပြေမဲ့ စာလုံးတွေ အစားထိုးလိုက်တယ်.. 🙏🏻)


ထို့အပြင် ထိုမျိုးနွယ်နှစ်ခုမှာ မမျှော်လင့်ဘဲ သံတမန်ရေးရာ ဆက်နွယ်မှုပါ တည်‌ထောင်ထားကြသေးသည်လား။


ကမ္ဘာပျက်ကပ်သာ ဖြစ်ပွားခဲ့ခြင်း မရှိပါက ဤကမ္ဘာကြီးပေါ်တွင် လူသားများ မသိဘဲ အမှောင်ဖုံးနေသည့် ကိစ္စရပ် မည်မျှ ရှိနေမည်နည်း။


အဆုံးတွင် လူတိုင်းသည် ရရှိထားသည့် ကြီးကျယ်များပြားသည့် အချက်အလက်များအား ချေဖျက်ရန် လိုအပ်နေလေသည်။ ဆစ်စလိုအား ကြည့်လိုက်ပြန်သည့်အခါ ရုတ်တရက်ဆိုသလို “ဒီကောင်လေးက ပြုပြင်လို့ မရတော့ဘူး” ဟု ခံစားမိကြသည်။


ရှောင်ဝူယိသည်လည်း နားလည်သွားလေပြီ။ ကျစ်ဟွေ့ကွမ်အား ဖက်လိုက်ပြီးနောက် သူ့ထံတွင် ဤကိစ္စမျိုး ဖြစ်ပွားခဲ့ပါကဟု တွေးမိပြီးနောက် ဝမ်းနည်းကာ မျက်ရည်များ ကျဆင်းလုမတတ် ဖြစ်လာသည်။


“အဲဒါဆိုရင် ကျစ်ဟွေ့ကွမ်က ဘယ်လိုလုပ်မှ မှတ်ဉာဏ်ပြန်ရမှာလဲဟင်.. သူတို့ဘဝအတွက် အရေးကြီးတဲ့သူတွေကို မေ့သွားမယ်ဆိုရင် ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်မလဲနော်..”


နျဲ့ရှောင်သည် သူ၏ပေါင်ပေါင်း ဝမ်းနည်းနေသည်ကို မြင်သဖြင့် ချက်ချင်းဆိုသလို အပြေးလေးသွားကာ စိတ်ဓာတ်ကျနေသည့် ပေါင်ပေါင်း၏ ခေါင်းကလေးအားပွတ်ကာ နှစ်သိမ့်ချောမြှူလေသည်။


“ပေါင်ပေါင်း.. အသည်းလေး.. မငိုပါနဲ့ကွာ..”


ကျစ်ဟွေ့ကွမ်သည်လည်း ကောင်ငယ်လေး၏ လက်ဖဝါးထဲသို့ ခေါင်းတိုးဝင်ကာ နှစ်သိမ့်မှုပြုသည်။


မော့ယဲ့သည် ဆစ်စလို၏ ချစ်စဖွယ် သွားစွယ်လေး နှစ်ချောင်းအားကြည့်ကာ စိတ်ရှုပ်ထွေးလာသည်။


မှတ်ဉာဏ်ဖျက်ခြင်း..။ ဤအရာသည် ဒဏ္ဍာရီထဲမှ သွေးစုပ်သည့်အကျင့်ထက် ပိုမိုကြောက်မက်ဖွယ်ပင်။


မော့ယဲ့နှင့် အခြားသူများ၏ စိတ်ရှုပ်ထွေးဟန် အမူအရာများဖြင့် အကြည့်ခံရသည့်အခါ ဆစ်စလို ထိတ်လန့်လာသည်။ အခြေအနေအား ပြန်လည်ပြင်ဆင်ဖို့ရန် မော့ယဲ့၏ လက်ကိုဆွဲပြီး ငိုကာယိုကာဖြင့် ပြောလေသည်။


“ငါက ကျစ်ဟွေ့ကွမ်ရဲ့ မှတ်ဉာဏ်ကို အကုန်ဖျက်ပစ်ခဲ့တာ မဟုတ်ပါဘူး.. အဲဒီအချိန်တုန်းက သူ့ကိုစချင်လို့ လနည်းနည်းလောက် ‘နီယို’ အဆင့်မှာ ထားထားတာပါ.. အချိန်တစ်ခုကြာတာနဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေအကုန် ပြန်ရလာမှာပါ.. အူးဝူးဝူး.. ငါမှားမှန်း သိပါပြီလို့..”


“နောက်ထပ် လူတွေကို ပြီးစလွယ် မကိုက်တော့ပါဘူး..”


ဇာတ်ကြောင်းတစ်ခုလုံးအား ရှင်ရှင်းလင်းလင်း ကြားလိုက်ရသည့် ကျစ်ဟွေ့ကွမ်မှာ ရုတ်တရက်ဆိုသလို ဒေါသတကြီး ဖြစ်လာပြန်သဖြင့် ဆစ်စလိုအား သွားဖြဲပြကာ ခုန်အုပ်ပြီး ကြမ်းပြင်ပေါ်တွင် ဖိထားလိုက်သည်။


ဆစ်စလိုသည် အလွန်ကြောက်ရွံ့စွာဖြင့် ခန္ဓာကိုယ်အား ဘောလုံးသဖွယ် ကွေးလိုက်ပြန်သည်။ မျက်လုံးထဲ၌လည်း မျက်ရည်အပြည့်ပင်။


“အူးဝူးဝူး.. တောင်းပန်ပါတယ်လို့..” QAQ


လူတိုင်း : "..." အဲဒီတော့ အချိန်အပိုင်းအခြားနဲ့ အတိတ်မေ့နေတာပေါ့.. မိုက်သားပဲ..


ကျစ်ဟွေ့ကွမ်ထံ၌ ပြန်လည်ကောင်းမွန်လာနိုင်ချေ ရှိသေးကြောင်း သိလိုက်ရသည့်အခါ ရှောင်ဝူယိ၏ ဝမ်းနည်းမှုများမှာ ပျော်ရွှင်မှုအဖြစ်သို့ အသွင်ပြောင်းသွားလေသည်။ ကျစ်ဟွေ့ကွမ်၏ ဦးခေါင်းအား ပွေ့ဖက်ကာ အသာပွတ်လိုက်သည်။


“ကောင်းလိုက်တာ.. ကျစ်ဟွေ့ကွမ်ရေ.. သိပ်မကြာခင် မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာမယ်တဲ့.. မင်း မေ့သွားမှာ မဟုတ်တော့ဘူး.. အဲဒါ အရမ်းကောင်းတာပဲ..”


ရှောင်ဝူယိ၏ ပွတ်သပ်ခြင်း ခံလိုက်ရသည့် ကျစ်ဟွေ့ကွမ်သည် ပျော်ရွှင်ကျေနပ်စွာဖြင့် မျက်လုံးများ မှေးစင်းသွားပြီး ကောင်ငယ်လေး၏ လက်ဖဝါးထဲသို့ လည်ပင်းနှင့် တိုးဝင်ပွတ်သပ်လိုက်သည်။


ရှောင်ဝူယိနှင့် ကျစ်ဟွေ့ကွမ်၏ ပျော်ရွှင်နေသော မျက်နှာများကိုကြည့်ကာ နျဲ့ရှောင်၏ နှုတ်ခမ်းထောင့်များလည်း မြင့်တက်လာသည်။ ကျစ်ဟွေ့ကွမ်၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာမည် ဆိုပါက သူ့ပေါင်ပေါင်း၏ အတိတ်ကိုလည်း ဖော်ထုတ်နိုင်ပေလိမ့်မည်။


ဆစ်စလိုသည် “မိသားစု ၃ ဦး” သဖွယ် ရင်းနှီးနေသော ပုံရိပ်အားကြည့်ကာ ခေတ္တမျှ ကြောင်အသွားမိသည်။ ထို့နောက် ကျားကြီး၏ လူသားအသွင်အား ပြန်လည်အမှတ်ရသည့်အခါ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျဆင်းလာပြန်ပြီး မျက်နှာသေးသေးလေးမှာလည်း ငိုကြွေးမှုကြောင့် နီမြန်းလာသည်။


ကျားကြီး၏ မှတ်ဉာဏ်များ ပြန်ရလာချိန်တွင် သူ့အား နောက်တစ်ဖန် ပြင်းထန်ကြမ်းတမ်းစွာ ဆက်ဆံပေဦးမည်။ အူးဝူး QAQ


ထိုလူသည် ယခုအဖြစ်အပျက်အား သူ၏ မှတ်ဉာဏ်ထဲမှ ဖျက်ပစ်ချင်လောက်အောင် ဆိုးဝါးသည့် မှတ်ဉာဏ်တစ်ခု ဖြစ်လာပေမည်။


ဆစ်စလိုသည် ခက်ခက်ခဲခဲနှင့် တံတွေးမျိုချလိုက်ပြီး မော့ယဲ့၏ လက်မောင်းအား မှီတွယ်လိုက်ပြန်သည်။ မော့ယဲ့၏ ရင်ဘတ်နားမှ အင်္ကျီစအား ဆွဲယူကာ နှစ်သိမ့်မှုနှင့် အကာအကွယ်အား ရှာဖွေလေသည်။


သွေးစုပ်ဖုတ်ကောင်လေးမှာ သူ၏အမှားကို သေသေချာချာ နားလည်သွားသည်ကို မြင်သဖြင့် မော့ယဲ့ စိတ်ပျော့သွားသည်။ ဆစ်စလို၏ ဦးခေါင်းလေးအား လက်ဖြင့်အသာဖွကာ ပြောလေသည်။


“နောက်တစ်ခါ အဲဒီစွမ်းရည်ကို လက်လွတ်စပယ် မသုံးရဘူးနော်.. အဲဒီလို စနောက်တာမျိုးက လုံးဝ ပျော်ဖို့မကောင်းဘူး.. ဟုတ်ပြီလား..”


“အွန်း..”


ဆစ်စလိုသည် သူ၏ရင်ထဲမှ နှစ်နှစ်ကာကာ နောင်တရနေပြီ ဖြစ်သည်။

***


ညနေခင်း၌။


လူတိုင်း သင်္ဘောပေါ်တွင် အနားယူနေကြသည်။


ကျားကြီးနှင့် ဆစ်စလို၏ အဖြစ်အပျက်ပြီး နေ့အချိန်မှာပင် နောက်တစ်ရက်၌ ပင်လယ်ဖြတ်ကူးမည့် အစီအစဉ်အား စီစဉ်ဆောင်ရွက်ပြီး ဖြစ်သည်။ နေ့ထွက်သည်နှင့် တစ်ပြိုင်နက် ရွက်လွှင့်ကြပေမည်။


နံနက်ခင်းမှ အဖြစ်အပျက်များကြောင့် ဆစ်စလိုနှင့် ပိုဆီယာတို့သည် သူတိူ့၏ အထောက်အထားများအား အပြန်အလှန် သိရှိထားကြပြီး ဖြစ်သည်။ ထို့ကြောင့် ညအချိန်တွင် နှစ်ဦးသား တစ်ခန်းထဲ အိပ်ခွင့်ရခဲ့ကြသည်။


မျိုးနွယ်စု နှစ်ခုအကြားရှိ ဆက်ဆံရေးအား ထိန်းသိမ်းရန် သူတို့ထံ၌ တာဝန်ရှိပေသည်။


ဤအခြင်းအရာနှင့် စပ်လျဉ်း၍ ကျန်းချိုးနှင့် မော့ယဲ့တို့ နှစ်ဦးသာ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသော်လည်း ကျန်လူများမှာမူ အသေးအဖွဲကိစ္စတစ်ခုဟု သဘောထားကာ အနည်းငယ်မျှပင် အာရုံမစိုက်ချေ။


ကောင်းကင်၌ လမင်းထိန်ထန်သာလျက်ရှိသည်။ သင်္ဘောပေါ်ရှိ မှောင်နေသော အခန်းထဲ၌ ဆစ်စလိုနှင့် ပိုဆီယာတို့သည် အိပ်ရာတစ်ခုပေါ်တွင် ထိုင်နေကြသည်။ မျက်လုံးကြီးကြီးတစ်စုံသည် မျက်လုံးသေးသေးတစ်စုံအား စိုက်ကြည့်လို့နေပြီး သာမန်လူများ မကြားနိုင်သည့် အသံလှိုင်းများဖြင့် ဆက်သွယ်နေကြခြင်း ဖြစ်သည်။


ကြယ်အစုအဝေး တစ်ခုလုံးတွင် ကြယ်ရေသူမျိုးနွယ်နှင့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကြားရှိ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။ အကြောင်းမှာ မျိုးနွယ်နှစ်ခုစလုံး၏ အဓိကလက်နက်မှာ အသံလှိုင်းများအသုံးပြုကာ တိုက်ခိုက်ကြခြင်း ဖြစ်သည်။


ပိုဆီယာသည် သူ၏အရှေ့ရှိ လူဆိုးကောင်လေးအားကြည့်အား အံ့ဩတကြီး မေးလိုက်သည်။


“ဆစ်စလို.. မင်းအခုထိ အသက်မပြည့်သေးပါဘူး.. ဘယ်လိုဖြစ်ပြီး ကမ္ဘာပေါ်ကို တစ်ကောင်တည်း ရောက်လာရတာတုန်း.. မင်းနဲ့အတူ လူကြီးတွေ ပါမလာဘူးလား..”


“ပြီးတော့ ကျစ်ဟွေ့ကွမ်နဲ့ မင်းနဲ့က ဘာတွေဖြစ်ကြတာလဲ.. ကျစ်ဟွေ့ကွမ်က နီမိုတော်ဝင်မျိုးနွယ်က ဟုတ်တယ်မဟုတ်လား..”


သူ့အရှေ့ရှိ အရွယ်ရောက်ပြီးသားဖြစ်သော ရေသူထီးနှင့် ရင်ဆိုင်ရသည့်အခါ ဆစ်စလိုမှာ ဆက်လက်ဖုံးကွယ်နိုင်တော့မည် မဟုတ်ကြောင်း သိသဖြင့် အပြစ်ရှိစိတ်ဖြင့် အရာအားလုံးအား သေသေချာချာ ရှင်းပြလိုက်သည်။ သူ၏ လက်ချောင်းကလေးများကိုလည်း အချင်းချင်း ကုတ်ဖဲ့နေသေးသည်။


“တကယ်က ငါ့မိဘတွေနဲ့ ရန်ဖြစ်ပြီး ချီကျန်းမျိုးနွယ်က ကိုကိုနှစ်ယောက်ရဲ့ အာကာသယာဉ်ထဲမှာ ပုန်းပြီး လိုက်လာခဲ့တာ..”


ပိုဆီယာ ရုတ်တရက် ဆွံ့အသွားမိသည်။


“အဲသည်တော့ မင်း အိမ်ကနေ ထွက်ပြေးလာတာပေါ့.. မင်း ဒီလောက်ငယ်ငယ်လေးနဲ့ သတ္တိရှိလွန်းတယ်.. မင်းရဲ့မိသားစုက မင်းအတွက် ဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ..”


ယခုအချိန်တွင် ဆစ်စလိုမှာ အပြစ်ရှိစိတ်နှင့် ရှက်ရွံ့မှုတို့အား တစ်ပြိုင်နက်တည်း ခံစားနေရသည်။ ဝတ်ရုံလေးအားဆွဲကာ သူ၏မျက်နှာကို ကာရံရင်း ရှက်ရွံ့စွာ ပြောလေသည်။


“အဲဒါကြောင့်မလို့ ငါက ချီကျန်းမျိုးနွယ်က ဖုန်းတောက်တို့ ညီအစ်ကိုကို ရှာဖို့ လုပ်နေတာပေါ့.. သူတို့က ငါ့ကို အိမ်ပြန်ခေါ်သွားနိုင်မှာလေ.. သူတို့ကို တိတ်တိတ်လေး ကိုက်ထားလိုက်ပြီး ‘စွမ်းအင်သုံး ခြေရာခံစွမ်းရည်’ နဲ့ အမှတ်အသား ပြုထားတော့ အခု သူတို့ ဟိုင်ချန်မှာ ရှိနေတယ်ဆိုတာ အာရုံခံမိတယ်လေ..”


“ကျစ်ဟွေ့ကွမ်ကတော့ သူက တကယ်ပဲ နီမိုတော်ဝင်မျိုးနွယ်က ဒါပေမဲ့ သူ့နာမည်အစစ်ကိုတော့ မသိဘူး.. ကမ္ဘာအနှံ့ လှည့်ပတ်သွားနေရင်း သူနဲ့ မတော်တဆ ဆုံခဲ့တာ.. ငါက အရွယ်မရောက်သေးတာကို လူကြီးတွေလည်း မပါဘဲ သွားနေတာမြင်တော့ ငါ့ကိုဖမ်းပြီး ပြန်ပို့ဖို့ လုပ်တယ်လေ.. အဲဒါကြောင့်.. အဲဒါကြောင့် ငါလည်း သူသတိလက်လွတ် ဖြစ်နေတဲ့အချိန်မှာ သူ့ကို ကိုက်ပစ်လိုက်တော့တာ..”


ပိုဆီယာ : "..."


ပိုဆီယာမှာ နဖူးအား လက်ဖြင့်ကိုင်လိုက်မိသည်။ သူ၏အရှေ့မှ သွေးစုပ်ဖုတ်ကောင်လေးမှာ ပြဿနာကောင်လေးပင်။ ယခုအခါ အမည်မသိရသေးသော ကျစ်ဟွေ့ကွမ်အတွက် အလွန် ဝမ်းနည်းသနားမိသည်။


ဒီရက်တွေမှာ လူကောင်းဖြစ်ဖို့ ခက်ခဲလိုက်တာနော်..


ဤအကြောင်းနှင့်ပတ်သက်၍ ပြောဆိုပြီးသည့်နောက်တွင် ပိုဆီယာမှာ သတင်းကောင်းတစ်ခု ရလိုက်သည်။ ကမ္ဘာပေါ်တွင် ချီကျန်းမျိုးနွယ်မှ တစ်စုံတစ်ယောက် ရှိနေသဖြင့် သူတို့အား အိမ်ပြန်ခေါ်သွားပေးရန်မှာ ပြဿနာတစ်ခု မဟုတ်တော့ပေ။


ပိုဆီယာ လုံးလုံးလျားလျား စိတ်သက်သာရာ ရသွားသည်။ စောင်ကိုမကာ လှဲချလိုက်ပြီးနောက် ဆစ်စလိုအား ကောင်းမွန်စွာ ထုပ်ပိုးလိုက်သည်။


“ကောင်းပြီ.. အိပ်ချိန်ရောက်ပြီ လူဆိုးကောင်လေး..”


“ငါက လူဆိုးမဟုတ်ဘူး.. မနက်ဖြန်ကစပြီး မင်းနဲ့ ထပ်အိပ်မယ် မထင်နဲ့.. ဟမ့်..”


“ငါကလည်း မင်းနဲ့အတူ မအိပ်ချင်ပေါင်.. နို့နံ့တောင် မပျောက်သေးဘဲနဲ့..”


“ငါ့ကိုကျ မေးခွန်းတွေ အများ

ကြီး မေးနေပြီး မင်းကကျတော့ ဘာဖြစ်လို့ ကမ္ဘာပေါ် ရောက်နေရတာလဲ.. ငါသိသလောက်တော့ ဒီကာလက မင်းတို့ ရေသူမျိုးနွယ်ရဲ့ မိတ်လိုက်ရာသီ မဟုတ်ဘူးလား..”


“ဒီစောက်.. မင်းလို ကလေးတစ်ယောက်က ဘာဖြစ်လို့ အများကြီး သိနေရတာလား..”