အပိုင်းး ၅၈
Viewers 8k


🐹အခန်း ၅၈

 ဝူယိလေး တင်ပါးရိုက်ခံရခြင်း




ဤမြင်ကွင်းအား မည်သူကမျှ စိတ်ကူးပုံဖော်ဖို့ရန်ပင် မတတ်နိုင်ကြချေ။ ပင်လယ်ပြင်တွင် မျောပါရင်း အလွှာအထပ်ထပ် ဝိုင်းခံထားရသည်။ “ကောင်းကင်အား ဟစ်အော်၍ ကမ္ဘာမြေကို ခေါ်ဆိုခဲ့သည့်တိုင် တုံ့ပြန်မှု မရရှိခဲ့ချေ။”


ဧရာမဝေလငါးကြီးနှင့် ရင်ဆိုင်ပြီးနောက် လူတိုင်း အလွန်မောပန်းနွမ်းနယ်နေကြသဖြင့် ပင်လယ်ရေအောက်မှ မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်နိုင်စွမ်း မရှိတော့ချေ။


“အဲကောင်တွေက သင်္ဘောကို မှောက်ပစ်တော့မယ်ဟေ့..”


နင်ဖုန်း ဖြူလျော့နေသော နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်ပြီးနောက် ခေါင်းကိုကိုင်ကာ သက်ပြင်းချလိုက်သည်။ သူတို့၏ ခရီးစဉ်တစ်ဝက်မှာ အလွန်အဆင်ပြေ ချောမွေ့ခဲ့ခြင်းကြောင့် ပင်လယ်ဖြတ်ကူးစဉ်၌ ဤကဲ့သို့သော ကြီးမားသည့် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားမိချေ။


လူတိုင်း မျက်နှာသွေးဆုပ် ဖြူဖျော့သွားသည်။ ပိုင်မေ့သည် အလွန်များပြားသော ရေနေဇွန်ဘီများအား ထိန်းချုပ်နိုင်စွမ်း မရှိသည့်အပြင် သူကိုယ်တိုင် အသိစိတ်လွတ်မသွားစေရန် ကြိုးစားနေရသည်။


 သင်္ဘောစောင်းသဖြင့် နင်ဖုန်း၏ ပခုံးပေါ်ရှိ ဟမ်းစတားလေး ပြုတ်ကျလုနီးနီး ဖြစ်သွားလေသည်။ သင်္ဘောရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည့် ဧရာမ မွန်းစတားကြီးများအား မြင်သည့်အခါ လက်သေးသေးလေးများဖြင့် နင်ဖုန်း၏ အင်္ကျီအား ဖမ်းဆုပ်ထားသည်။


ဟမ်းစတားလေး ဝမ်းနည်းပူဆွေးနေချိန် မရှိတော့ချေ။ မျက်လုံးမှိတ်ကာ အသိစိတ်ဖြန့်ကျက်လိုက်ပြီးနောက် သင်္ဘောပေါ်ရှိ လူတိုင်းအား သူ၏နေရာလွတ်အတွင်းသို့ ပြောင်းရွှေ့ရန်ပြင်သည်။


သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်၌ လျှပ်စီးလက်သကဲ့သို့ ပြင်းထန်သည့် မိုးခြိမ်းသံများ ပေါ်ထွက်လာသည်။ ပြင်းထန်သောလေပြင်းများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်။ လှိုင်းလုံးကြီးများ မြင့်တက်လာသည်နှင့်အမျှ သင်္ဘော အနည်းငယ်စောင်းသွားသည်။


လေနှင့် မိုးကြိုးလျှပ်စီးများကြောင့် ကောင်းကင် အရောင်မှိန်သွားပြီး တိမ်ထုကြီးများအား မိုးရေများအဖြစ် ရွာသွန်းစေကော ပင်လယ်တွင်းသို့ တပေါက်ပေါက် ကျလာတော့သည်။


ဤကဲ့သို့ ရုပ်ရှင်ဆန်ဆန် အခက်အခဲမှ ကျော်လွှားနိုင်ခြင်းမှာ ဟမ်းစတားလေးအပါအဝင် အခြားသူများသည် ရင်းနှီးသည့်ခံစားချက်နှင့်အတူ လုံခြုံစိတ်ချသည်ဟူသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။


ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးအောက်တွင် ပင်လယ်အတွင်းရှိ ဇွန်ဘီငါးများ မဆင်မခြင် မပြုဝံ့ကြပေ။ ၎င်းတို့သည် အားကောင်းသော ခြိမ်းခြောက်မှုနှင့် ဖိနှိပ်မှုအား ခံစားရသောအခါ ထိုဖိအား ထွက်ပေါ်လာသည့် အရင်းအမြစ်အား လှည့်ပတ်ရှာဖွေကြသည်။


"ချိ.." ဒယ်ဒီလာပြီ..


"ဘောစ့် ပြန်လာပြီဟေ့.."


“ဒီ မကောင်းတဲ့ နျဲ့ရှောင်က လောင်ဇီကို စိုးရိမ်ပြီး သေစေချင်နေတာ.. ခွေးမသား..”


လူတိုင်း တစ်ဦးနှင့်တစ်ဦး ဖက်လိုက်ကြပြီးနောက် စိတ်လှုပ်ရှားနေသော ကလေးများသဖွယ် အော်ဟစ်ကြလေသည်။ မည်သည့်အချိန်မှ စသည်ကို မသိသော်လည်း နျဲ့ရှောင်၏ တည်ရှိမှုမှာ သူတို့အား စိတ်အားတက်ကြွစေရန် လှုံ့ဆောင်ပေးနိုင်လေသည်။


နျဲ့ရှောင် ပြန်လည်ထွက်ပေါ်လာသည့်အခါ လူတိုင်း၏ စိတ်အခြေအနေမှာ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ စိတ်ပျက်ဝမ်းနည်းဖွယ်ရာ လေထုသည်လည်း လွင့်ပါးပျောက်ကွယ်သွားသည်။ ပင်လယ်အတွင်းရှိ ဇွန်ဘီသတ္တဝါကြီးများအားကြည့်လိုက်ပြီးနောက် လူတိုင်း၏ မျက်လုံးထဲတွင် အလွန်အားကောင်းသည့် ရှင်သန်လိုစိတ်များ တောက်လောင်လာသည်။


နင်ဖုန်း၏ ပခုံးပေါ်ရှိ ဟမ်းစတားလေးသည် ကောင်းကင်ပေါ်ရှိ လျှပ်စီးနှင့် မိုးကြိုးမားအတွင်းရိ ရှည်လားဖြောင့်တန်းသော ပုံရိပ်အား ရှင်းရှင်းလင်းလင်း မြင်ရသည်အထိ အဘက်ဘက်သို့ ကြည့်နေလေသည်။


ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဝတ်အစား ကင်းမဲ့နေသဖြင့် သန်မာတောင့်တင်းသည့် လက်မောင်းနှင့် ကြွက်သားများအား မြင်နေရသည်။ ပြန်လည်မွေးဖွားလာသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး အနာအဆာ ကင်းမဲ့နေသည်။


စိတ်တည်ငြိမ်မှု ရရှိသွားပြီးနောက် ဟမ်းစတားလေး ပျော့ပျောင်းလာသည်။ တင်ပါးအိအိလေးများဖြင့် နင်ဖုန်း၏ ပခုံးပေါ် ထိုင်ချလိုက်ပြီးနောက် ပါးဖောင်းဖောင်းလေးများအား လက်ဖြင့်ပွတ်ကာ “ဝူချိ.. ဝူချိ..” အသံလေးများ ထုတ်လွှတ်နေသည်။ အနည်းငယ်မျှ တုံ့ဆိုင်းမှု မရှိဘဲ လူတိုင်း အသုံးပြုနိုင်ရန် ဇွန်ဘီအမြုတေများ ထုတ်ပေးနေလေသည်။


နျဲ့ရှောင်၏ ပုံရိပ်အား မြင်သည့်အခါ သွမ့်ဝမ်ယွီနှင့် ကျန်းချိုးတို့သည်လည်း နျဲ့ရှောင်၏ ပုံရိပ်အား မြင်သည့်အခါ အလွန်ပျော်ရွှင်သွားကြသည်။ ချက်ချင်းပင် သူတို့၏ တိုက်ခိုက်မှုများအား ရေနေဇွန်ဘီသားရဲကြီးများထံ ဦးတည်လိုက်ကြသည်။


ကောင်းကင်မှ ရွာကျလာသော မိုးစက်များသည် သွမ့်ဝမ်ယွီနှင့် ရှောင်ယန်အတွက် ကောင်းကင်မှ ပေးအပ်လာသည့် လက်နက်ဖြစ်သည်။ ရွာကျလာသော မိုးစက်တိုင်းသည် မိုးဓားနှင့် ရေခဲဓားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်မှ အဆက်မပြတ် ကျဆင်းလာသည်။


ကြမ်းတမ်းသော သဲများ၊ ပန်းပွင့်ပျံများ၊ သတ္တုများနှင့် မီးတောက်များအားလုံးတို့သည် ထင်မှတ်မထားသော စွမ်းအားဖြင့် ပေါ်ထွက်လာသည်။


နျဲ့ရှောင် ကောင်းကင်မှ တရှိန်ထိုး ဆင်းလာပြီးနောက် မိုးကြိုးမုန်တိုင်းစွမ်းအင်များ ပါဝင်သည့် လက်သီးဖြင့် ရေသတ္တဝါဇွန်ဘီ၏ ဦးခေါင်းအား ထိုးချလိုက်သည်။ လှိုင်းလုံးကြီးများ မြင့်တက်လာပြီး မိုးကြိုးလျှပ်စီး၏ စွမ်းအားကြောင့် ရေသတ္တဝါကြီးများ အပိုင်းပိုင်းပြတ်ကာ မီးလောင်ကြွမ်းပြီး ရေအောက်သို့ နစ်မြုပ်သွားသည်။


နျဲ့ရှောင် လက်သီးအရွယ်မျှရှိသော ဇွန်ဘီအမြုတေအား လွယ်ကူစွာ ဆွဲထုတ်လိုက်သည်။


ကောင်းကင်အား လှုပ်ယမ်းကာ မြေပြင်အား တုန်ခါစေနိုင်သော စွမ်းအားပိုင်ဆိုင်သူတစ်ဦးပင်။


ဤမျှ ကြောက်မက်ဖွယ်စွမ်းအားနှင့် နျဲ့ရှောင်အား မြင်လိုက်ရသည့်အခါ သွမ့်ဝမ်ယွီ၊ ကျန်းချိုးနှင့် အခြားသူများ ထိတ်လန့်သွားပြီး ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများအား တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။


နျဲ့ရှောင်သည် သူ့အား ပတ်လည်ဝိုင်းရံထားသည့် ပင်လယ်နေသားရဲများအား အသိအမှတ်ပြုလောက်ဖွယ် စွမ်းအားများဖြင့် လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ သန်မာတောင့်တင်းသည့် ခန္ဓာကိုယ်ပေါ် မိုးသီးမိုးပေါက်များ တလိမ့်လိမ့် ကျဆင်းနေပြီး အနီးကပ် ထိုးသွင်းချက်များဖြင့် ရက်ရက်စက်စက် တို်ကခိုက်နေသည်။ ဤခံ့ညားထိတ်လန့်ဖွယ်ရာ ဆွဲဆောင်မှုအား မည်သူမျှ ခုခံနိုင်မည် မဟုတ်ချေ။


“ဖာ့.. အရမ်းသန်မာလွန်းတယ်..”


လူတိုင်း၏အတွေးအား ထုတ်ဖော်ပြောသူတစ်ယောက် ရှိလာသည်။


ဟမ်းစတားလေးသည် နျဲ့ရှောင်အား လေးစားအားကျဂုဏ်ယူနေသော မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် “ချိ.. ချိ” အသံလေးများ အဆက်မပြတ် ထွက်ပေါ်နေသည်။


ဒယ်ဒီ.. ကျားယို့...


‘ကျားယို့’ ဟူသော အားပေးသံလေး လေထဲသို့ ပျံ့နှံ့ကာ အဝေးရှိ နျဲ့ရှောင်၏နားထဲသို့ ရောက်ရှိသွားသည်။ နျဲ့ရှောင် ခေါင်းမော့ပြီး ကြည့်လိုက်ချိန်တွင် နင်ဖုန်း၏ ပခုံးပေါ်တွင် မတ်တတ်ရပ်နေသည့် ဆန်မုန့်လုံးလေးအား တွေ့လိုက်ရသည်။


ချက်ချင်းဆိုသလို နျဲ့ရှောင်၏ ဗလာကျင်းနေသည့် နှလုံးသားတစ်ခုလုံး ပြန်လည်ပြည့်တင်းလာသည်။


ဟမ်းစတားလေးအား ကြည့်နေသော နျဲ့ရှောင်၏ မျက်လုံးများ နီရဲလာသည်။ ပတ်ပတ်လည်ရှိ ရေနေဇွန်ဘီများအား ကြည့်လိုက်ပြီးနောက် တစ်မိနစ်မျှပင် နှောင့်နှေးလိုစိတ် မရှိတော့ပေ။ သူ၏ ဆုံးရှုံးခဲ့ရမှုကို ဖွင့်ထုတ်ချင်လာသည့်အတွက် ရှဲ့ကျွင်း၏အမည်အား အော်ခေါ်လိုက်သည်။ 


ကုန်းပတ်ပေါ်တွင် ရှိနေသည့် ရှဲ့ကျွင်း ရုတ်တရက် ထိတ်လန့်သွားပြီးနောက် သူ၏လက်ထဲရှိ အရိုးရှည်တပ်တူအား နျဲ့ရှောင်ထံသို့ ပစ်လွှတ်လိုက်သည်။ မကြာမီတွင် ရှဲ့ကျွင်း မတ်တတ်ရပ်နေရာမှာ ပျောက်ကွယ်သွားသည်။


“ဘော့စ် နျဲ့.. ကျေးဇူးပြုပြီး ညင်သာပေးပါနော်..”


နျဲ့ရှောင် အေးစက်စွာဖြင့် တူအား ဖမ်းဆုပ်လိုက်ပြီးနောက် ရေနေဇွန်ဘီများအား ရင်ဆိုင်လိုက်ပြီး လေးလံသော အရိုးရှည်တပ်တူဖြင့် ထုရိုက်လေသည်။


ရှဲ့ကျွင်း၏ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် လေလျှပ်စီးစွမ်းအားသည် ပထမဆုံး ပင်လယ်သားရဲ၏ ဦးခေါင်းအား ထိုးဖောက်သွားသည်။ နျဲ့ရှောင်အား ဝန်းရံထားသည့် ရေနေသတ္တဝါများအားလုံး ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ နစ်မြုပ်သွားလေသည်။


အောင်မြင်စွာ ရိုက်နှက်ပြီးနောက် ကောင်းကင်ကြီး ပြန်လည်ကြည်လင်လာသည်။


"ယေးး......."


“အောင်ပြီ.. အောင်ပြီ.. အောင်ပြီ..” ৻( •‌ ᗜ •‌ ৻)



အခက်အခဲအား ကျော်လွှားပြီးနောက် လူတိုင်း မထိန်းချုပ်နိုင်ဘဲ ပျော်ရွှင်စွာ အော်ဟစ်ကြသည်။ စိတ်လှုပ်ရှား မောပန်းကာဖြင့် ကုန်းပတ်ပေါ်တွင် ပစ်လှဲလိုက်ကြသည်။


နျဲ့ရှောင်သည် ရေသတ္တဝါများ၏ အမြုတေများအား စုဆောင်းပြီးနောက် လေပွေအား ကုန်းပတ်ဆီသို့ ရွှေ့သွားစေပြီး ရှဲ့ကျွင်းတစ်ဖြစ်လဲ အရိုးတပ်တူအား ကြမ်းပင်ပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။


“ဘော့စ် နျဲ့..!!” <( •‌ᴖ•‌)>


လူတိုင်း နျဲ့ရှောင်နှင့် ရှဲ့ကျွင်းအား စည်းစနစ်ကျစွာ ဝန်းရံလိုက်ကြသည်။ နျဲ့ရှောင် ပျောက်ဆုံးသွားပြီးနောက် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိရှိချင်ကြသော်လည်း တစ်ဦးပြီးတစ်ဦး ပျောက်ဆုံးသွားခဲ့သော “သားအဖ” အတွက် အရင်ဆုံး အချိန်ပေးရမည် ဖြစ်သည်။


နျဲ့ရှောင် နင်ဖုန်းထံ တိုက်ရိုက်လျှောက်သွားသည်။ နင်ဖုန်း၏ ပခုံးပေါ်ရှိ အချိန်အတော်ကြာ ငိုကြွေးထားသော ဟမ်းစတားလေးသည် နူးနူးညံ့ညံ့ ဟမ်းစတားကိတ်မုန့်လေးအဖြစ် ပြောင်းလဲသွားပြီးနောက် သူ၏ လက်ကလေးနှစ်ဖက်အားဆန့်ကာ ဒယ်ဒီဖြစ်သူအား ပွေ့ဖက်ပေးရန် တောင်းဆိုနေသည်။


“ချိဝူ..” ဒယ်ဒီ ဘယ်တွေသွားနေတာလဲဟင်.. ပေါင်ပေါင်း အရမ်းလန့်နေခဲ့တာလို့.. အူးဝူးးးးးးးး


နျဲ့ရှောင်သည် ဟမ်းစတားလေးအား သူ၏လက်ဖဝါးပေါ် တင်လိုက်သည်။ “ကိုယ့်အမှားအား သူ့အမှားဖြစ်အောင် စွပ်စွဲနေခြင်း” အား ကြားလိုက်သည့်အခါ နျဲ့ရှောင်၏ နှလုံးသားထဲမှ ဒေါသထွက်ပြီး ရယ်ချင်လာသည်။ သူ၏ လက်ငါးချောင်းအား စုကာ ဆန်မုန့်လုံးလေးအား လက်ဖဝါးထဲတွင် မလှုပ်နိုင်အောင် ဖျစ်ညှစ်ထားလိုက်သည်။


ဟမ်းစတားလေးနှင့် အခြားသူများ၏ ကြောင်အနေမှုအား လျစ်လျူရှုကာ ကုန်းပတ်ပေါ်မှဆင်းကာ သင်္ဘောပေါ်ရှိ သူတို့၏အခန်းအတွင်းသို့ ဝင်သွားလိုက်သည်။


ထို့နောက် အခန်းတံခါးအားပိတ်ကာ သော့ခတ်လိုက်သည်။


ထိုအဖြစ်အပျက်အားမြင်လိုက်ကြသူများမှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။


နင်ဖုန်း စိုးရိမ်တကြီး ဆိုလေသည်။


“အဆင်ပြေမှာပါနော်.. ဟုတ်တယ်မလား..”


“ဒါကို အိမ်တွင်းရေးကိစ္စလို့ ပြောရမယ်.. ငါတို့ ဝင်ပါလို့ မရဘူး.. အရင်ဆုံး ကုန်းပတ်ကို သန့်ရှင်းရေးလုပ်ပြီး နားကြမယ်.. ပြီးမှ ခရီးဆက်ကြတာပေါ့..”


....


သင်္ဘောအခန်းထဲ၌။


ဟမ်းစတားလေးသည် ပိတ်ထားသည့် အခန်းတံခါးအားကြည့်ပြီးနောက် နျဲ့ရှောင်၏ လေးနက်တည်ကြည်နေသော မျက်နှာအား ပြန်ကြည့်လိုက်သည်။ ပထမဆုံးအဖြစ် စိတ်လှုပ်ရှားကာ ကြောက်ရွံ့လာသည်။ ကြောက်လန့်တကြားဖြင့် တံတွေးမျိုချလိုက်ပြီးနောက် မျက်လုံးထောင့်တွင် မျက်ရည်စလေးများ ရစ်ဝိုင်းလာသည်။


အစွမ်းကုန်ကြိုးစား ရုန်းကန်ခဲ့သော်လည်း နျဲ့ရှောင်၏ လက်ဖဝါးမှ လွတ်မြောက်နိုင်စွမ်း မရှိချေ။


“ချိ..” ဒယ်ဒီ ဒါဘာလုပ်တာလဲလို့..


နျဲ့ရှောင်သည် သူ၏လက်ဖဝါးထဲမှ ဆန်မုန့်လုံးလေးအားကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ကောင်ငယ်လေးနှင့် နက်နက်ရှိုင်းရှိုင်း ရင်းနှီးမှု ပြုချင်သည့်တိုင်အောင် ဤကလေးအား သင်္ခန်းစာပေးရန် လိုနေသေးသည်။


ပေါင်ပေါင်းအား အလွန်အကျူး အလိုလိုက်ပေးခဲ့မိသဖြင့် အကောင်ပေါက်ကလေးသည် စည်းကမ်းမဲ့ကာ ထိန်းချုပ်ရခက်လာသည့်အပြင် ရှောင်ဝူယိသည် သူ၏အသက်ကိုပင် ပေါ့ပေါ့တန်တန် ပြုမူလေသည်။ ဤအရာအားလုံးမှာ သူ၏အပြစ်သာဖြစ်သည်။


သူ၏ အိတ်ကပ်ထဲမှ ဟမ်းစတားလေး ထွက်ကျပြီး ပျောက်ကွယ်သွားသည်ကို မြင်ရချိန်တွင် မည်မျှထိတ်လန့်ကာ သူ့ကိုယ်သူ အပြစ်တင်မိခဲ့မှန်း ဘုရားသာလျှင် သိပေမည်။ ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးချင်မိခဲ့သည်။


“ပေါင်ပေါင်း ကိုယ့်အမှားကိုယ် မသိဘူးလား..”


နျဲ့ရှောင် အေးစက်စွာ မေးသည်။ လက်နှစ်ချောင်းအား ဖြေလျှော့ပြီးနောက် ဟမ်းစတားလေး၏ ဖောင်းအိအိတင်ပါးလေး ပေါ်လာသည်။ ထို့နောက် များများစားစား စဉ်းစားခြင်း မပြုဘဲ ကျန်လက်တစ်ဖက်ဖြင့် “ဖတ်” ခနဲ ရိုက်လိုက်သည်။


ဟမ်းစတားလေး အရိုက်ခံခဲ့ရသည်။


သေခြင်းနှင့် ရှင်ခြင်းအကြား ရုန်းကန်ဖြတ်သန်းပြီးနောက် ပြန်လည်ဆုံစည်းချိန်၌ သူ၏ တင်ပါး အရိုက်ခံရလိမ့်မည်ဟု ထင်မှတ်မထားချေ။ ဟမ်းစတားလေးသည် နျဲ့ရှောင်၏ မပြောင်းမလဲ အမူအရာအားကြည့်ပြီးနောက် ဝမ်းနည်းလာကာ မှားယွင်းစွပ်စွဲခံရသလို ခံစားမိသည်။ သူ၏ နှလုံးသားလေး ကွဲကြေရလေပြီ။


“ချိ ဝူ..” ဒယ်ဒီ လူဆိုး..


ဟမ်းစတားလေး မျက်ရည်ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။ ခြေထောက်လေးများအား လေထဲတွင် တွန်းထိုးရုန်းကန်ရင်း အော်ဟစ်ငိုကြွေးလေသည်။


“အခုထိ ကိုယ့်အမှားကိုယ် မသိသေးဘူးလား..”


“ဖတ်” ခနဲ နောက်တစ်ချက် အရိုက်ခံရပြန်သည်။


အလွန်ဝမ်းနည်းနေရှာသော ဟမ်းစတားလေးသည် သူ၏အမှားအား ခပ်ရေးရေး နားလည်လာသည့်တိုင်အောင် သူ၏ တင်ပါးအိအိလေးအား တဖက်ဖက်ရိုက်နေသော နျဲ့ရှောင်အား လက်မခံနိုင်ချေ။ နျဲ့ရှောင်မှာ သူ့အား မချစ်တော့ဟု ခံစားနေမိသည်။


ဟမ်းစတားလေးသည် ငိုကြွေးရင်းဖြင့် ကောင်ငယ်လေးအသွင်သို့ ပြောင်းလိုက်သည်။ နျဲ့ရှောင်၏ လက်ထဲမှ ရုန်းထွက်ကာ အပြင်သို့ ပြေးထွက်ချင်သော်လည်း ပြန်ဖမ်းခံလိုက်ရသည်။


“ဘာကိုမှ ဝတ်မှာမဟုတ်ဘူး.. ပေါင်ပေါင်း ဒီတိုင်း ထွက်ပြေးလိုက်မှာ..”


ကောင်ငယ်လေး၏ သနားစဖွယ် ရန်လိုနေသည့် အမူအရာလေးအားကြည့်ကာ နျဲ့ရှောင် ရုတ်တရက် ပြုံးလိုက်ပြီး နှလုံးသားမှာလည်း နူးညံ့သွားသည်။ ကုတင်ပေါ် ထိုင်ချလိုက်ပြီးနောက် ကောင်ငယ်လေးအား သူ၏ပေါင်ပေါ်သို့ ဆွဲယူလိုက်ပြီး တင်ပါးအား နှစ်ချက်မျှ ရိုက်လိုက်ပြန်သည်။


“ဒယ်ဒီလူဆိုးက ပေါင်ပေါင်းကို ချစ်တော့ပါဘူး.. အူးဝူးးးး” ૮ ◞ ﻌ ◟ ა


တင်ပါးတစ်ဝိုက် ပူလောင်က နာကျင်လာသည်ကို ခံစားမိသဖြင့် ရှောင်ဝူယိ နောက်တစ်ဖန် “ဝါး” ခနဲ အော်ဟစ်ငိုကြွေးပြန်သည်။ ရုန်းကန်ရင်းဖြင့် အိပ်ရာခင်းတွင် မျက်ရည်များ စိုရွှဲကုန်သည်။


သနားစဖွယ် အသွင်သဏ္ဌာန်လေးအား မြင်ရသည့်အခါ နျဲ့ရှောင် အရှုံးပေးလိုက်ရသည်။ ကောင်ငယ်လေးအား မတ်မတ်ထိုင်စေပြီးနောက် ပွေ့ဖက်ထားလိုက်သည်။ ပါးပြင်ပေါ်ရှိ မျက်ရည်များအား နူးညံ့ညင်သာစွာ သုတ်ဖယ်ပေးပြီးနောက် နဖူးချင်းထိကာ ပြောလေသည်။


“ဒယ်ဒီက ပေါင်ပေါင်းကို မချစ်တော့ဘူးတဲ့လားကွာ.. ပေါင်ပေါင်းကို ဒယ်ဒီက အရမ်းချစ်တာလေ.. မင်းလေး မသိဘူးလားကွ.. ဟင်..”


“ဒါမဲ့ ပေါင်ပေါင်းကို ရိုက်ပြီးတော့..” ( *︶ ^︶)


ရှောင်ဝူယိ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ကြို့ထိုးလာသည်။ မျက်ခမ်းစပ်များ နီရဲကာ အလွန်သနားဖွယ်ရာပင်။ သို့သော်လည်း နျဲ့ရှောင်၏ နူးညံ့ကြင်နာသည့် မျက်လုံးများနှင့် ဆုံသည့်အခါ ငြိမ်ကျသွားသည်။ နျဲ့ရှောင်၏ ရင်ခွင်ထဲ မှီတွယ်လိုက်ပြီးနောက် လက်ကလေးအားဆန့်ကာ နျဲ့ရှောင်၏ လည်ပင်းအား ရစ်သိုင်းလိုက်သည်။


“ပေါင်ပေါင်းလည်း ဒယ်ဒီ့ကို ချစ်.. ဒါပေမဲ့ ပေါင်ပေါင်းရဲ့ တင်ပါးလေးကို နောက်ထပ်ရိုက်ရဘူးနော်..”


“ဪ.. ခုတော့ နာမှန်းသိတော့ ကြောက်တယ်ပေါ့.. ပေါင်ပေါင်း ပြုတ်ကျသွားတာကို မြင်တော့ ဒယ်ဒီ ဘယ်လောက်တောင် လန့်သွားရသလဲဆိုတာ သိလားကွ..”


နျဲ့ရှောင်သည် မျက်ရည်များရှိနေဆဲဖြစ်သည့် ကောင်ငယ်လေး၏ မျက်လုံးများအား ဂရုတစိုက်ကြည့်ကာ မျက်လုံးများ နီရဲကာဖြင့် ပြောလေသည်။


“ပေါင်ပေါင်းကို ဆုံးရှုံးရပြီလို့ ထင်သွားခဲ့တာ..”


ထိုစကားအား ကြားသည့်အခါ ရှောင်ဝူယိ ချက်ချင်းခေါင်းမော့ကာ နျဲ့ရှောင်အား ကြည့်လိုက်သည်။ ခေတ္တကြာပြီးနောက် နောင်တတရားနှင့် ကြောက်ရွံ့မှုကို ခံစားလာမိသည်။ နျဲ့ရှောင်၏ မျက်နှာချောချောအား လက်ကလေးများဖြင့်ကိုင်ကာ မျက်ရည်များကျဆင်းရင်း နှစ်ကြိမ်ခန့် နမ်းလိုက်သည်။


“ပေါင်ပေါင်းရဲ့အမှားကို သိပါပြီ.. ဒယ်ဒီက ပေါင်ပေါင်း ခုန်ချမှာကို သဘောမတူမှာ စိုးလို့ ကိုယ့်သဘောနဲ့ကိုယ် ခုန်ချလိုက်တာပါ.. ပေါင်ပေါင်းက အကူအညီပေးချင်လို့ ဝေလငါးကြီးရဲ့ ခေါင်းထိပ်က အပေါက်ထဲကို ဝင်သွားခဲ့တာပါ.. ပေါင်ပေါင်းက သူ့ရဲ့ အမြုတေကို တူးထုတ်ခဲ့တယ်သိလား.. ဝေလငါးကိုယ်ထဲမှာ အရမ်းနံတာပဲ..”


ထိုသို့ပြောရင်း ရှောင်ဝူယိသည် လက်သီးဆုပ်အရွယ်ရှိသည့် အမြုတေအား ထုတ်ယူကာ နျဲ့ရှောင်အား ရတနာတစ်ခုသဖွယ် ပေးလိုက်သည်။ ထို့နောက် တုန်ယင်နေသောအသံဖြင့် ပြောလေသည်။


“ပေါင်ပေါင်းက.. ပေါင်ပေါင်းက ဒါလေး ဒယ်ဒီ့ကို လက်ဆောင်ပေးချင်တာပါ.. ဒါပေမဲ့... ပေါင်ပေါင်း ထွက်လာတော့ ဒယ်ဒီ့ကို မတွေ့ရတော့ဘူး..”


“ပေါင်ပေါင်း အရမ်းကြောက်နေခဲ့တာ.. ပေါင်ပေါင်းမှားမှန်း သိပါပြီ.. နောက်ဆိုရင် ရုတ်တရက် ပျောက်မသွားတော့ပါဘူး.. ဒယ်ဒီလည်း ပျောက်မသွားရဘူးနော်.. ဟုတ်ပြီလား..”


ရှောင်ဝူယိပြောသည်အား နားထောင်ရင်း နျဲ့ရှောင်သည် သူ့အား မမြင်သဖြင့် ဖြစ်ပေါ်လာမည့် ကောင်ငယ်လေး၏ စိုးရိမ်ထိတ်လန့်မှုမှာ သူ့ထက်နည်းမည်မဟုတ်ကြောင်း သဘောပေါက် သိရှိသွားပြီး ရုတ်တရက် ဝမ်းနည်းသွားလေသည်။


ခေါင်းငုံ့ကာ ကောင်ငယ်လေး၏ နှုတ်ခမ်းအား နမ်းလိုက်သည်။


“အခုကစပြီး ကိုယ်တို့တွေ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ထွက်မသွားကြတော့ဘူးနော်..”


"အွန်း.."


နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့ ကတိပြုခဲ့ကြသည်။ ထို့နောက် နျဲ့ရှောင်သည် ကောင်ငယ်လေး၏ တင်ပါးနီနီလေးများထံ အကြည့်ရောက်သွားပြီးနောက် ရုတ်တရက်ဆိုသလို အနည်းငယ် ရှက်ရွံ့သွားမိသည်။ သူ့ကိုယ်သူ အပြစ်တင်ပြီး‌နောက် မေးလေသည်။


“နာသေးလား.. တောင်းပန်ပါတယ်နော်.. ဒယ်ဒီ နောက်မရိုက်တော့ပါဘူး.. ပေါင်ပေါင်းက ခွင့်လွှတ်ပေးပါဦး..”


“ဟွန့်.. နာတာပေါ့..”


ရှောင်ဝူယိ ဒေါသတကြီးဖြင့် နှုတ်ခမ်းဆူလိုက်သည်။


“ဟုတ်ပြီကွာ.. ဒယ်ဒီ မနာအောင် ပွတ်ပေးမယ်..”


နျဲ့ရှောင်၏ လက်ဖဝါးကြီးသည် ကောင်ငယ်လေး၏ လုံးဝန်းပြည့်တင်းကာ ဖြူဖွေးချောမွေ့သည့် တင်းပါးအိအိများအား စဉ်းစားခြင်းပင်မပြုဘဲ ပွတ်သပ်လိုက်သည်။


ရှောင်ဝူယိသည်လည်း နျဲ့ရှောင်၏ အပြုအမူအား စိတ်ထဲမထားသည့်အပြင် သက်သောင့်သက်သာပင် ခံစားနေရသေးသည်။ သို့သော်လည်း စူးစူးစမ်းစမ်း မမေးဘဲ မနေနိုင်ချေ။


“ဒယ်ဒီရေ.. ပေါင်ပေါင်းရဲ့ တင်ပါးလေးတွေက ဒီလိုပုံစံနဲ့ဆိုရင်လည်း အရမ်းနူးညံ့နေတာပဲလား.. ပွတ်လို့ကောင်းလားဟင်.. ပေါင်ပေါင်း ဟမ်းစတားလေးတုန်းကလည်း ဒယ်ဒီက တင်ပါးလေးတွေကို ပွတ်ရတာ ကြိုက်တယ်လေ.. လက်ချောင်းနဲ့တောင် ပုတ်သေးတယ်နော်..”


နျဲ့ရှောင် :"..."


သူတို့၏ လက်ရှိသွင်ပြင်မှာ အနည်းငယ် မှားယွင်းနေကြောင်း သတိထားမိပြီးနောက် နျဲ့ရှောင်၏ မျက်နှာထူထူမှာ နီမြန်းလာပြီး လက်များလည်း တောင့်တင်းသွားသည်။


ရှောင်ဝူယိသာ ထိုအကြောင်းအား ပြောမလာခဲ့လျှင် သူသည်လည်း သတိပြုမိမည် မဟုတ်‌ချေ။ သူတို့၏ လက်ရှိပုံရိပ်မှာ ယခင်ကဲ့သို့ ချစ်စဖွယ်ခံစားချက်အား ပေးစွမ်းခြင်း မရှိပေ။


အဖြစ်အပျက်တစ်ခုလုံးအား ခြုံငုံကြည့်မည်ဆိုလျှင် အပေါ်အဝတ်များ ကင်းမဲ့နေသော သန်မာတောင့်တင်းသည့် အမျိုးသားတစ်ဦး၏ပေါင်ပေါ်တွင် ဦးခေါင်းမှ ခြေဖျားသို့တိုင် အဝတ်ဗလာဖြစ်နေသည့် လှပသည့် ကောင်ငယ်လေးထိုင်လျက်ရှိသည်။ 


ထိုအမျိုးသားမှာလည်း ပုံမှန်မဟုတ်ဘဲ ကောင်ငယ်လေး၏ တင်ပါးအား လက်ဖြင့်ပွတ်နေသေးသည်။


ကျွတ်.. ကျွတ်.. နေ့

ခင်းကြောင်တောင်မှာတောင် လူသိရှင်ကြား ရာဇဝတ်မှု ကျူးလွန်နေတာပဲ..


နျဲ့ရှောင် : ငါ့ရဲ့ နဂိုမူလ ရည်ရွယ်ချက်က ဖြူစင်ပါတယ်ဆိုတာ ငါကိုယ်တိုင်တောင် မယုံနိုင်တော့ဘူး..


ဒါပေမဲ့ တကယ်ကို နူးညံ့ပြီး ပွတ်လို့ကောင်းနေတာကို..