အပိုင်း ၆၅
Viewers 7k

Chapter 65

( မြေခွေးကလေး)


ကောယန် သည် One ၏ လုပ်ရပ်ကို မြင်သောအခါ ချက်ချင်း သတိရှိလာသည်။ သူ့လက်ကို ခါးပေါ်တင်ပြီး သေနတ်အား ဆွဲထုတ်ဖို့ ပြင်ဆင်လိုက်၏။သူ့နောက်က စစ်သားများမှာလည်း ကောယန်လိုပင် အသင့်အနေထား ဖြစ်သွားကြသည်။စစ်တပ်၏ စည်းမျဥ်းစည်းကမ်းအရ၊ သူတို့ပတ်ဝန်းကျင်မှာ  ပုံမှန်မဟုတ်သည့် အရာတစ်ခုကို တွေ့ရှိပါက၊အရင်ဦးဆုံး အသံပေးရမည်ဖြစ်သည်။ 


One က ခဏစောင့်ကြည့်လိုက်သည်။မှောင်မိုက်နေသည့် ပတ်ဝန်းကျင်၌ နောက်မှာ ဘယ်သူရှိမှန်း မမြင်ရပေ။Oneက အဆင်ပြေကြောင်း လက်ဟန်ပြပြီး သူအရင် နောက်ပြန်ခေါက်လိုက်သည်။ထိုအခါ ကောယန်က ငှက်အော်သံလိုမျိုး လေချွန်ပြီး အဆင်ပြေကြောင်း အချက်ပေးလိုက်၏။


Oneက အုပ်စုအဆုံးကို လျှောက်သွားရာ စုမုန့် ပျောက်နေသည်ကို တွေ့လိုက်သည်။ထိုမျှမကသေး၊ သူ့တပ်သား သုံးယောက်လည်း ပျောက်နေသည်။ ထို့ကြောင့် သူသည် အုပ်စု၏အဆုံးတွင် စစ်သားနှစ်ယောက်ကို အသံတိုးတိုးဖြင့်


 “နောက်ကလူတွေ ဘယ်မှာလဲ” 


 "စောစောကလေးတင် နောက်မှာရှိပါသေးတယ်"  


အမေးခံရသည့် စစ်သားလည်း စိတ်ရှုပ်သွားရ၏။


" စောစောကတင် နောက်မှာရှိနေသေးပါတယ်... ဒီလိုအချိန်တိုလေးအတွင်းမှာ ဘယ်လိုပျောက်သွားတာလဲ…"


Oneက ဓာတ်မီးကိုဖွင့်ပြီး သဲလွန်စရှာဖို့  ထိုင်ချလိုက်သည်။ ကောယန် လည်း အပြေးအလွှား လာပြီး အခြားစစ်သားများကို အမိန့်စောင့်ခိုင်းသည်။ သူလည်း စုမုန့် ကိုရှာဖို့ One နှင့်လိုက်သွား၏။တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ အပြစ်တင်နေမိတော့သည်။သူက စုမုန့် ကို စခေါ်လာသူဖြစ်ပြီး တာဝန်ယူထားရသူပင်။ သူမ ပျောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။စုမုန့်၏ ကိုယ်လုံးကိုယ်ပေါက်က ယောက်ျားတစ်ယောက်လောက် သက်လုံမကောင်းမှန်း သိလျက်နှင့် သူမ အနားမှာ နေသင့်သည်။သူမ တစ်ခုခုဖြစ်ခဲ့ပါက၊ အဘိုးလုမှာ သူ့ကို တွေ့ခွင့်ပေးမှာတောင်မဟုတ်တော့‌ေပ။ 


 တစ်ဖက်တွင်၊ စုမုန့် သည် ခပ်ဝေးဝေးအထိ လမ့်ကျသွား၏။ကံကောင်းထောက်မစွာ၊ ကုန်းစောင်းသည် သိပ်မကြီး၍ သူမ ခဏမူးလဲပြီး မကြာခင် သတိပြန်ဝင်လာသည်။ သူမ သတိပြန်ရလာပြီးနောက်တွင် အဓိကအဖွဲ့ကို လိုက်ရှာချင်သော်လည်း မတ်တပ်ရပ်လိုက်သောအခါ ဘယ်လမ်းကြောင်းကို သွားရမည်ကို မသိတော့။ပတ်ဝန်းကျင်ရှိ ဆူညံသံကလည်း အလွန်ကျယ်လှသည်

 သူမ အဆုတ်ကွဲသည်အထိ အော်နေလျှင်တောင် တခြားသူတွေက သူမကို မကြားနိုင်။ သံလိုက်အိမ်မြှောင်သည် သူမ၏ တိုက်ခိုက်ရေးဝတ်စုံအတွင်းတွင် ရှိနေသည်။ သံလိုက်အိမ်မြှောင်ကို ယူချင်လျှင် သူမ အဝတ်အစားကို အရင်ချွတ်ရမည်။ သို့သော် ဤပတ်ဝန်းကျင်တွင် သူမ၏ တိုက်ခိုက်ရေးဝတ်စုံကို ချွတ်ခြင်းသည် အန္တရာယ်များလွန်းသည်။ သူမ၏အဖွဲ့ကို မရှာဘဲ ရန်သူကို သံလိုက်အိမ်မြှောင်သုံးပြီးရှာခြင်းက ပို၍အန္တရာယ်ရှိမည်ဖြစ်သည်။  ခဏတာ စုမုန့် အကျပ်ရိုက်နေရ၏။


 လမ်းလျှောက်နေလျှင် ပိုအန္တရာယ်ရှိမှာ သေချာတာကြောင့် အသာစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ ထို့နောက် ကျောက်တုံးကြီးတစ်ခုကို တွေ့ပြီး တက်ထိုင်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ဓာတ်မီးကိုဖွင့်ကာ ဘေးတွင် ထားလိုက်သည်။ ဤနည်းအားဖြင့် သူမကိုရှာဖို့ လာသူတွေက အမြန်ရှာတွေ့နိုင်မှာပင်။ထိုစစ်သားများသည် တောတွင်းရှိ လူများကို ရှာဖွေရသည်မှာ သူမထက် ပိုသင့်တော်သည်။ ထို့ကြောင့် စိတ်တည်ငြိမ်ခြင်းကသာ ဒုက္ခအနည်းဆုံး အပြုအမူဖြစ်သည်။


စုမုန့် ကျောက်တုံးပေါ်မှာ ထိုင်ပြီး ခဏလောက် စောင့်လိုက်သည်။ ရုတ်တရက် သူမအနားက အသံတစ်ခုကြားလိုက်သည်။သူမ ရင်ဘတ်ကြီးတစ်ခုလုံး တင်းကြပ်လာသည်။သူမဓာတ်မီးကို အမြန်ပိတ်လိုက်ပြီး ကျောက်တုံးပေါ် မှီလိုက်ကာ နားထောင်လိုက်သည်။မည်သို့ပင်ဖြစ်စေ၊ အမှောင်ထဲမှာ ပုန်းဖို့က အလုံခြုံဆုံးပင်။ဤရာသီဥတုမျိုးမှာ သားရဲတွေကလည်း သူမကို အနံ့မခံနိုင်ချေ။သူမ ခဏတာ နားထောင်ကြည့်ရာ ဆူညံနေသည့် အသံရင်းမြစ်ကို တွေ့လိုက်ရသည်။ အသံသည် ပြတ်ပြတ်သားသားရှိသော်လည်း အားနည်းတိုးလျနေပြီး မိုးသံက ထိုအသံကို ရံဖန်ရံခါ ဖုံးလွှမ်းနေ၏။ သူမ ကြားလိုက်ရသည့်အသံမှာ အနီးနားတွင်ရှိသည်။ စူးစမ်းချင်စိတ်က လူကို ဘေးဖြစ်စေမှန်း သူမသိသော်လည်း စိတ်ထဲမှ အန္တရာယ်မရှိဟု အလိုလိုခံစားမိသောကြောင့် တွေ့လိုက်ရ၏။


စုမုန့် ဓာတ်မီးကိုဖွင့်ပြီး ကျောက်တုံးကြီးအောက်မှာ ထိုးထားလိုက်သည်။ ထိုအခါ ရေစိုနေသော အဖြူလုံးလေးကို တွေ့လိုက်ရသည်။သူမ ကောက်ရန်ပြင်လိုက်စဉ် ကိုယ့်လက်ကိုယ် ကြည့်လိုက်၏။ လက်အိတ်တွေက တော်တော်ထူသည်။အတွင်းမှ အဖြူလုံးလေးက သူမအသားကို ကိုက်နိုင်မှာမဟုတ်ပေ။ ထို့နောက် သူမ

 ကျောက်ဆောင် အကွဲကြောင်းထဲကို လက်ထိုးထည့်ပြီး အဖြူလုံးလေးကို ကိုင်လိုက်သည်။ 


မိုးကလည်း သည်းလွန်းသဖြင့်  စုမုန့် သည် ငုံ့၍ အဖြူလုံးလေး မိုးမမိစေဖို့ သူမကိုယ်လုံးနှင့် ကာကွယ်ပေးလိုက်သည်။ ထို့နောက် သေချာကြည့်လိုက်ရာ မြေခွေးဖြူလေးဖြစ်နေလေသည်။မြေခွေးဖြူလေးမှာ သူမက ရန်ပြုမည်မဟုတ်ကြောင်း နားလည်သွားပုံရသည်။ သူ့မျက်လုံးကို အနည်းငယ်ဖွင့်ကြည့်ကာ သူမကို သေချာကြည့်ပြီးနောက် မျက်လုံးတစ်ဖန်ပြန်မှိတ်သွားပြီး အော်ပြန်သည်။ မြေခွေးအမေကြီး တစ်ခုခုဖြစ်သွားပုံရသည်။သို့မဟုတ်ပါက၊ဤရာသီဥတုမျိုးကြီးမှာ သူ့ကလေးကို ချန်မထားခဲ့နိုင်ပေ။မြေခွေးလေးကို တစ်ယောက်တည်းထားခဲ့လျှင် အသက်ရှင်နိုင်မှာ မဟုတ်ပေ။ထို့ကြောင့်


စုမုန့် သည်ရှေ့ကြယ်သီးကို ဖြုတ်ပြီး အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။  ထို့နောက် မြေခွေးလေးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားကာ ‌နွေးထွေးစေလိုက်ကာ ဦးတည်ချက်ကို စတင်တိုင်းတာသည်။ မကြာခင်မှာပဲ သူမ ဦးတည်ရာကို ရှာတွေ့ခဲ့သဖြင့် မြေခွေးလေးကို ပွေ့ကာ ပစ်မှတ်ဆီသို့ လျှောက်သွားခဲ့သည်။


ခြေလှမ်းအနည်းငယ်လှမ်းလာပြီးနောက် စုမုန့် သည် ဓာတ်မီးတစ်လက်ဖြင့် သူမဆီသို့ လျှောက်လာနေသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။ သူမကိုလိုက်ရှာနေသူ စစ်သားတစ်ယောက်ပင်ပင် ဖြစ်ရမည်။ထို့ကြောင့် သူမလက်ထဲရှိ ဓာတ်မီးကို ဝှေ့ယမ်းကာ သူမရှိနေကြောင်း ညွှန်ပြလိုက်သည်။


(စိတ်အားထက်သန်သော စိုးရိမ်ပူပန်မှု...)


ထိုလူက အနီးသို့ လျှောက်လာသောအခါတွင် ထူးဆန်းသောအရာရှိကြီး ဖြစ်သည်ကို စုမုန့် မြင်လိုက်သည်။ အေးဆေးတည်ငြိမ်သော သူမပင်လျှင် သူ့ကိုကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။


ဒီအရာရှိက သူမကို ကြိမ်းမောင်းမှာလား…


 "တောင်းပန်ပါတယ် ကျွန်မ..."


သူမ သူ့ရှေ့တွင် ငုတ်တုတ်ထိုင်ချကာ တောင်းပန်လိုက်သည်။


 “လာ..." 

Oneက အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။


 “ဒါပေမယ့် အမ်…” 


သူမကိုရှာသည်နှင့်ပင် ကျေးဇူးတင်စရာ ကောင်းနေပြီဖြစ်၍ ကုန်း‌ပိုးလိုက်ဖို့က ရှက်စရာကောင်းသည်။


 "တက်လိုက်" 


Oneက သူမ စကားမဆုံးခင် ဖြတ်ပြောလာပြီး ငုတ်တုတ်ထိုင်ချလိုက်၏။


စုမုန့် ပထမတော့ ငြင်းဖို့လုပ်သေးသည်။သို့သော် ယခု သူမသည် ပင်ပန်းနေပြီဖြစ်၍ သူမကိုယ်တိုင် လမ်းလျှောက်နေလျှင် အချိန်ကြာနိုင်သည်။ဤအရာရှိကို ကုန်ပိုးစေခြင်းကသာ ပိုကောင်းသည်။ One လည်ပင်းကို လက်တစ်ဖက်နှင့် ပတ်ထားပြီး ကျန်တစ်ဖက်က သူမ ရင်ခွင်ထဲရှိ မြေခွေးလေးကို အကာအကွယ်ပေးရင်း သူမ လိုက်ပါလာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း One၏ ကာယကြံ့ခိုင်မှုက အတော်ကောင်းသည်။ သူသည် ပင်ပန်းနွမ်းနယ်ဟန်မပြဘဲ သူမကို ခြေလှမ်းကျဲကြီးဖြင့် ခေါ်သွားခဲ့သည်။ မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ပင်မအဖွဲ့ကို တွေ့ရသည်။ 


စုမုန့် ရှေ့ကလူတွေကို ကြည့်ပြီး အနည်းငယ်ရှက်သွားရသည်။ သူမ ရောက်နေရာနေရာနဲ့ သိပ်မဝေးပါလား…ဝေးလွန်းလှသည်ဟု သူမထင်ကာ အချိန်အကြာကြီး စောင့်နေခြင်းဖြစ်သည်။


 "ဘယ်လိုဖြစ်တာလဲ"  


ကောယန် က စုမုန့် ကိုမြင်သောအခါ လှမ်းမေးလိုက်သည်။ ရှန့်ကျန်းလည်း သူတို့အနားမှာ ရှိနေ၏။ သူသည် အခြားတပ်သားအနည်းငယ်နှင့် အတူရှိနေသောကြောင့် လမ်းပျောက်မသွားပေ။ 


 "အိုကေပါတယ်...ကျွန်မ ပြုတ်ကျသွားတာပါ"  


စုမုန့် သည် လက်ထဲက မြေခွေးလေးကို ပြလိုက်ကာ ဆက်လက်၍ 


“ကျွန်မ မြေခွေးလေးတစ်ကောင်ကို ကောက်လာခဲ့တယ်…သူ့အမေက အနားမှာမရှိဘူး…တစ်ခုခု ဖြစ်တာပဲထင်တယ်… ကလေး သေသွားမှာကြောက်လို့ ခေါ်လာခဲ့တာ"


သူမ တစ်ယောက်တည်း လမ်းလျှောက်ရတာပင် အတော်ခက်နေပြီဖြစ်သည်။အခု နောက်ထပ် မြေခွေးတစ်ကောင်ရှိလာသောအခါ သူမ ရှေ့သွားမည့်လမ်းအတွက် စိတ်မပူဘဲမနေနိုင်တော့‌ေပ။


“လွယ်ပါတယ်”  


ထို့နောက် ကောယန် က စစ်သားတစ်ယောက်ကို ခေါ်ပြီး သူ့ကျောပိုးအိတ်ကို ချလိုက်သည်။ အိတ်ထဲမှာ ဘာမှမရှိပေ။ထို့နောက် ကောယန်သည် မြေခွေးလေးကို အိတ်ထဲသို့ ထည့်လိုက်ပြီး ဇစ်ကိုဆွဲပိတ်လိုက်သည်။ ထို့နောက် လေရှူနိုင်အောင် နံဘေး၌ အပေါက်တစ်ပေါက် ဖောက်ခဲ့ပြီးမှ စစ်သားကို သယ်ခိုင်းလိုက်သည်။မြေခွေးလေး၏ ပြဿနာက ပြေလည်သွားပြီဖြစ်သည်။ယခု တစ်ခုတည်းသောပြဿနာမှာ စုမုန့် လုံလုံလောက်လောက် ခံနိုင်ရည်မရှိခြင်းပင်ဖြစ်သည်။


"ကိုယ် အနားယူပြီးပြီ...ကိုယ် မင်းကို တစ်လမ်းလုံး သယ်သွားပေးမယ်...ဒီတောင်က အန္တရာယ်များလွန်းတယ်"  


ရှန့်ကျန်း သည် ယခုဖြစ်ပျက်ခဲ့သည့်ကိစ္စကို ကြောက်နေမိလေ၏။


 စုမုန့် တစ်ခုခုဖြစ်ခဲ့ရင်… အဘိုးကြီးကောကို သူဘယ်လိုရှင်းပြမလဲ...


စုမုန့် ဆီသို့ လျှောက်လာရင်း ရှန့်ကျန်း က ပြောသော်လည်း One က


“မင်းကို ကိုယ် ခေါ်လာပေးမယ်"


တစ်ဆက်တည်း စုမုန့်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲတွင် လွင့်ပျံသွားသည်။ သူမ ကြောက်လန့်တကြား တစ်ချက်အော်ဟစ်လိုက်မိသည်။


"သူမကိုမထိနဲ့..ကိုယ် မင်းကို ကုန်းပိုးပေးမယ်...ကိုယ် ကောင်းကောင်း အနားယူပြီးပြီ"  


ရှန့်ကျန်း လျှောက်လာချိန်မှာ One၏ အကြည့်ကိုမြင်ပြီး ကောယန်က....  


"မလုပ်ပါနဲ့...စိတ်မပူပါနဲ့...အရာရှိက ကောင်းကောင်းသယ်နိုင်ပါတယ်...  နေ့တိုင်း Weight မလေ့ကျင့်ခန်းလုပ်ရတာဆိုတော့  မစ္စစုကို ကုန်းပိုးရတာ အပန်းမကြီးပါဘူး..." 


 “ပြီးတော့ အခုက အချိန်ဖြုန်းနေလို့မဖြစ်တော့ဘူး…ပစ္စည်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာရမယ်…မင်းတို့က ဒီညမှာ အဓိကဇာတ်ကောင်တွေဆိုတာ မမေ့ပါနဲ့…နောက်ကျရင် မင်းတို့ရဲ့အကူအညီကို လိုတယ်…အရေးကြီးဆုံးက အင်အားကို ခြွေတာဖို့ပါပဲ" 


 "ဟုတ်လား"  


သို့သော်ငြား၊ရှန့်ကျန်း၏ မျက်နှာအမူအရာက သိပ်အဆင်မပြေသေးပေ။ သူသည် One ကို သူမအား မချီပိုးစေချင်သော်လည်း အဖွဲ့၏တိုးတက်မှုကို မထိခိုက်စေရန်အတွက် သူမပါ လိုက်နာရပေမည်။ ကောယန် ပြောစကားက မှန်၏။ သွားရမည့်လမ်းက ရှည်နေသေးသည်။  သူမ၏ ကာယကြံ့ခိုင်မှုက ဤအမျိုးသားတွေလောက် မကောင်းမွန်သဖြင့် လမ်းလျှောက်လျှင် သေချာပေါက် နောက်ကျကျန်နေခဲ့မှာ သေချာသည်။ 


ကောယန် သည် စုမုန့် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်လိုက်ရပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။


“မစ္စစု စိတ်ပူစရာ မလိုပါဘူး…အရာရှိ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက မစ်ရှင်ကို တတ်နိုင်သမျှအမြန်ဆုံးပြီးအောင်လုပ်ဖို့ပါ…မင်းတို့ရဲ့ ကာယကြံ့ခိုင်မှုက ငါတို့လောက် မကောင်းဘူးလေ...မင်းကိုယ်တိုင်လမ်းလျှောက်ရင် ပိုနှေးလိမ့်မယ်.. ငါတို့စစ်သားတွေရဲ့ နှလုံးသားထဲမှာ ကျားမမခွဲခြားထားဘူး… လူတွေက အတူတူပါပဲ၊ ဒါကြောင့် မင်း စိတ်ချလက်ချနေနိုင်တယ်"


( မိန်းကလေးဖြစ်ချင်တယ်...)


ကောယန် ပြောပြီးနောက် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။  


"သူတို့တပ်မှူးက ဒီနေ့ဘာလို့ ထူးထူးဆန်းဆန်း လုပ်နေတာလဲ…"


ယနေ့ သူ၏ သာမာန် အေးစက်သော အမူအရာနှင့် လုံးဝ မတူပေ။လူများပြောင်းသွားတာလား…ထိုအကြောင်းကို တွေးပြီးနောက် ခေါင်းကို အမြန်ခါလိုက်သည်။  မဖြစ်နိုင်ဘူး... သာမန်လူတစ်ယောက်သည် ထိုကဲ့သို့အေးစက်သော အမူအရာကို အလွယ်တကူ အတုယူနိုင်မည်မဟုတ်ပေ။


 “ရှင့်ကို ကျေးဇူးတင်ပါတယ်”  


စုမုန့် Oneကို ကျေးဇူးတင်လိုက်သည်။


Oneက တုံ့ပြန်ခြင်းမရှိသော်လည်း ကောယန် က


 “ကောင်းပါပြီ၊ အဆင်ပြေပါတယ်...ငါတို့ကသာ မင်းကို အားနာရမှာ"


တစ်ဖန် သူက ရှန့်ကျန်းကို သနားစဖွယ်လှည့်ကြည့်လိုက်သည်။ ရှန့်ကျန်းသည် ယနေ့ အကြိမ်ပေါင်းများစွာ ပစ်မှတ်ထားခံခဲ့ရသည်။ Oneက ရှန့်ကျန်းအပေါ် နားမလည်နိုင်စွာပင် ရန်ငြိုးဖွဲ့ထားသည်ကို သူ မျက်မြင်တွေ့ခဲ့ရ၏။ ထိုစဉ် အကြောင်းပြချက်တစ်ခု တွေးရင်း သူ၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။


Oneက မစ္စစု ကို လိုက်ချင်နေတာလား....ရှန့်ကျန်းက မစ္စစု ဘေးနားမှာ အမြဲရှိနေလို့ အချစ်ပြိုင်ဘက်ကို သဘောထားနေတာများလား..


ထိုသို့တွေးပြီး သူ ရှန့်ကျန်းကို သနားလာရလေ၏။ဤကံမကောင်းသောကလေးသည် One ၏ပြိုင်ဖက်များထဲမှတစ်ဦးဖြစ်သည်။


 “ဒါပေမယ့် ကျွန်တော်လည်း အရမ်းပင်ပန်းတယ်… ခံနိုင်ရည်လည်း မရှိဘူး…ခင်ဗျားလည်း ကျွန်တော့်ကို ကုန်ပိုးသွားပေးပါလား" 


ရှန့်ကျန်း က ရိုးသားစွာ မေးလိုက်သည်။ကောယန် ရှက်သွားသည်။


 “မစ္စစုက မိန်းကလေးလေ... သူမ အားနည်းတာကို နားလည်ပါတယ်…မင်းက ယောက်ျားတစ်ယောက် ဖြစ်နေတော့ ဒီလိုမဖြစ်သင့်ဘူးလေ"


 "ကျွန်တော်က ယောက်ျားလေးမို့ ခွဲခြားဆက်ဆံတာလား" 


ရှန့်ကျန်း ရေရွတ်လိုက်ပြီး ခဏအကြာတွင် သက်ပြင်းချကာ ဆိုလာ၏။


"ငါလည်း ကောင်မလေးလည်း ဖြစ်ချင်လာတယ်...ဒါမှ လူတွေက ငါ့ကို ဂရုစိုက်ကြမယ်ထင်တယ်”


ကောယန်: “…”


 လမ်းခရီးမှာ အချိန်အနည်းငယ်ကြာရှည်ခဲ့၏။ အတန်ကြာသော်၊မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ မိုးဖွဲလေးဖြစ်သွားသည်။ စုမုန့် သည် One နောက်ကျောမှာ ကုန်းစီးလာရင်း မြေပုံကို ကြည့်နေသည်။One၏ ခံနိုင်ရည်က တစ်ကယ်ကောင်းသည်။သူမကို ပိုးထားရင်းနှင့် မြန်မြန် လျှောက်သွားနိုင်သည်။ သူ့အသက်ရှူသံကလည်း နည်းနည်းလေးသာ မြန်နေ၏။သူမ သူ့ကိုစိတ်ထဲမှ ကြိတ်၍ ချီးကျူး‌မိလေသည်။သူ့ပင်ကိုယ်စရိုက်က နည်းနည်း ထူးဆန်းနေသော်လည်း လူကောင်းတစ်ယောက်ပင်။ 


စုမုန့် သည် One ထိခိုက်မည်ကို ကြောက်သောကြောင့် သူ့နောက်ကျောပေါ်မှနေနေစဉ် အလွန်အကျွံ မလှုပ်ဝံ့ပေ။ အသာလေး ငြိမ်နေလိုက်သည်။ 


ထိုအခိုက် သူမ မြေပုံကို ကြည့်နေစဉ် One၏ ခန္ဓာကိုယ်သည် ရုတ်တရက် ယိမ်းထိုးသွားသည်။ သူမ ထိတ်လန့်သွားပြီး


 "ဘာဖြစ်လို့လဲ....အရမ်းပင်ပန်းနေပြီလား...ကျွန်မ ဆင်းတာက ပိုကောင်းမယ်...ဘာပဲဖြစ်ဖြစ် ရောက်တော့မှာပဲ" 


Oneမှာ ပင်ပန်းနေသည်ဟု သူမ ထင်လိုက်သော်လည်း သူက သူမကို တင်းတင်းကြပ်ကြပ် ထိန်းကိုင်ထားလိုက်၏။  


 “မလှုပ်နဲ့...ကိုယ် ခြေလှမ်းလွဲသွားတာ"


Oneက သူ့ခန္ဓာကိုယ်ကို လှုပ်လိုက်ပြီး စုမုန့် ကို တစ်ချက် ထိန်းထားကာ ရှေ့သို့ ဆက်လျှောက်လာသည်။



xxxxxx