အပိုင်း ၆၆
Viewers 7k

Chapter 66

(စာရွက်စာတမ်းကို ရှာတွေ့ပြီ)


သေနေသော အရာများရှိသည့်နေရာများတွင်သာ ယင်စွမ်းအင် ရှိသည်။ဤနေရာမျိုးမှာ သင်္ချိုင်းကုန်းရှိမှာမဟုတ်နိုင်ပေ။အနီးနားတွင် တစ်စုံတစ်ခုသေဆုံးသွားခြင်းဖြစ်နိုင်သည်။


စုမုန့် ဓာတ်မီးကိုင်ပြီး ပတ်ဝန်းကျင်ကို သေသေချာချာ ရှာလိုက်သည်။ သို့သော်လည်း သံလိုက်အိမ်မြှောင်က ဤနေရာကို ညွှန်ပြနေသော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးနောက်မှာလည်း သူမ ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ တခြားစစ်သားတွေလည်း သစ်ပင်နှင့်ဆူးချုံတွေ အားလုံးကို စစ်ဆေးပြီးသော်ငြား ဘာမှမတွေ့ကြ။ 


ထိုအရာက သိပ်မကြီးသော်လည်း သေးသေးလေးလည်း မဟုတ်ပေ။ထို့ကြောင့် ရှာတွေ့ဖို့ မခက်သင့်ပေ။  သစ်ပင်အောက်မှာ ရပ်နေရင်း စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။  ထို့နောက် သူမ စိတ်ထဲ အတွေးများကို ခွဲခြမ်းစိတ်ဖြာနေမိသည်။ သူမ တစ်ခုခု လွဲချော်သွားလို့ ဖြစ်မလား...


 မိုးက လုံးဝရပ်သွားပြီဖြစ်၍ သူမ ကောင်းကောင်းမြင်နေရ၏။သူမ ဓာတ်မီးကို ကိုင်ထားပြီး ပတ်ပတ်လည်ကို ကြည့်နေသော်လည်း ဘာမှမရှိ။ မကြာမီ သူမ အနည်းငယ် ပင်ပန်းနေသောကြောင့် သစ်ပင်ကိုမှီထားရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ သို့သော်လည်း သူမနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် သူမ၏ ခြေထောက်သည် ပျော့ပျောင်းသော အရာတစ်ခုပေါ်သို့ လှမ်းမိသွား၍ ဟန်ချက်ပျက်ပြီး လဲကျလုမတတ်ပင်။ ကံကောင်းစွာ၊Oneက သူမ နောက်မှ ထိန်းကိုင်ထားပေးတာကြောင့် သူမ လဲမကျသွားချေ။ သစ်ပင်ဘေးမှာ သစ်သားခြောက်ကိုင်းကြီးတစ်ခုရှိသဖြင့် သူမသာ လဲကျပါက ဒဏ်ရာရသွားလိမ့်မည်။


 "ကျေးဇူးတင်ပါတယ်"  


စုမုန့် ခေါင်းမော့ပြီး Oneကို ကျေးဇူးတင်လိုက်၏။Oneကတော့ အေးစက်နေဆဲပင် စကားလည်း တစ်ခွန်းမှမပြောဘဲ ခေါင်းသာတစ်ချက်ညိတ်ပြရှာသည်။သူမ၏ ကျေးဇူးတင်စကားကို အသိအမှတ်ပြုသည့် သဘောပင်။


ရှန့်ကျန်း နှင့် ကောယန် လည်း သူမတို့ နှစ်ယောက်ကို သတိထားမိသည်။ ကောယန်က စုမုန့် ကို


 "မစ္စစု၊ တစ်ုခုခု တွေ့သလား"


“ကျွန်မ စောစောက တစ်ခုခုအပေါ် နင်းမိတာ...ကြည့်လိုက်ဦးမယ်"


သူမ ပြန်ပြောပြီး ခေါင်းငုံ့ကာကြည့်လိုက်သည်။အချိန်အတော်ကြာ လိုက်ရှာပြီးနောက် နောက်ဆုံးတွင် ထိုအရာကို သူမ တွေ့လိုက်ရသည်။သူမ နင်းမိသည်က မြေခွေးတစ်ကောင်ပင်။  မြေခွေးက သေပြီးသားဖြစ်ပြီး သူ့အလောင်းမှာ ရွှံ့များပေကျံနေသည်။ ကျန်လူများကလည်း မြေပြင်ပေါ်ရှိ မြေခွေးကို မြင်လိုက်ရသည်။


 တောထဲမှာ တိရိစ္ဆာန်သေများ ကြုံတွေ့ရတာက ပုံမှန်ဖြစ်၍ ကောယန် သည် သူရှာနေသည့်အရာမဟုတ်ကြောင်း သိလိုက်သောအခါ ချက်ချင်းပင် အာရုံလွှဲလိုက်၏။တစ်ဖက်တွင် ရှန့်ကျန်း သည် သူ့မျက်လုံးအိမ်များထဲတွင် မျက်ရည်များဖြင့် ငုတ်တုတ်ထိုင်ချလိုက်သည်။


 "မစ္စတာရှန့် ဘာဖြစ်လို့လဲ"


ကောယန် သည် အသံတိုးတိုးလေးဖြင့် ငိုနေသော ရှန့်ကျန်း ကို ကြည့်ပြီးမေးလိုက်သည်။


 “မြေခွေးက အရမ်းသနားစရာကောင်းလိုက်တာ...သူ့ကိုမြှုပ်ပေးမယ့်သူလည်းမရှိဘူး"


ရှန့်ကျန်း သည် မြေခွေးကိုယ်ပေါ်ရှိ ရွှံ့များကို အရေးမစိုက်ဘဲ ပွေ့ကာ မြေညီသောနေရာတွင် ချလိုက်၏။ စုမုန့် သည် ရှန့်ကျန်း ၏ လုပ်ရပ်ကို ကြည့်ပြီး အသံမထွက်ဘဲ လေးနက်သော မျက်နှာထားဖြင့်သာ ကြည့်နေမိ၏။


 "ဒါနဲ့ ဂေါ်ပြားအသေးလေးရှိလား...  မြေခွေးကို သင်္ဂြိုဟ်ဖို့ တွင်းတူးချင်တယ်...သနားစရာကောင်းလိုက်တာ"  


ရှန့်ကျန်းက ကောယန်ကို မေးသည်။ထိုအခါ ကောယန်က သူ့ကို စစ်တပ်သုံးဂေါ်ပြားတစ်ချောင်း ပေးလိုက်ရာ ရှန့်ကျန်း တွင်းကို စတင်တူးသည်။ထိုအချိန်မှာ ကောယန် က စုမုန့် နံဘေးကို လျှောက်သွားပြီး 


“မစ္စတာရှန့် က အမြဲတမ်း ဒီလိုဖြစ်နေတတ်တာလား"


စုမုန့် က ခေါင်းညိတ်ပြီး သက်ပြင်းချရင်း


 "အင်း သူက စိတ်ခံစားလွယ်တယ်"


 နှစ်ယောက်သးစကားပြောနေတုန်း တွင်းတူးနေသည့် ရှန့်ကျန်း က ရုတ်တရက် 


"ဆရာမ မြန်မြန်လာကြည့်…  ဒီမြေခွေးက တစ်ခုခုပဲ"


ရှန့်ကျန်း ခေါ်သံကြားသောအခါ စုမုန့် ချက်ခြင်းပြေးလာသည်။


 “ဒီမြေခွေးရဲ့ ဗိုက်မှာ အပေါက်တစ်ခုရှိတယ်" 


ရှန့်ကျန်း သည် မြေခွေးကို စုမုန့် မြင်အောင်ပြသလိုက်သည်။ မြေခွေး၏ အစာအိမ်ရှိရာမှာ ဒဏ်ရာကြီးကြီးတစ်ခု ရှိနေသည်။အကြမ်းဖျင်းအားဖြင့် အဖြူရောင်အပ်ချည်ဖြင့် ချုပ်ထားသည်။ မိုးရွာထားသဖြင့် သွေးများထွက်မ‌နေသော်လည်း ရွှံ့အမြောက်အမြား ပေကျံနေသဖြင့် ဂရုမစိုက်ဘဲကြည့်လျှင် မမြင်နိုင်ပေ။


စုမုန့် သည် နေ့ခင်းဘက်က သူမခန့်မှန်းထားသည့်အရာကို ရုတ်တရက် တွေးလိုက်မိသည်။ ပစ်မှတ်သည် တလျှောက်လုံး ရွေ့လျားနေသော်လည်း ညဘက်တွင် ရပ်တန့်သွားခဲ့သည်။ ထို့ကြောင့် ကောယန် ကို


 "မြေခွေးဗိုက်ထဲမှာ တစ်ခုခုရှိနေတယ်…ရှင် ကြည့်လို့ရမလား"


မြေခွေး၏ကိုယ်ပေါ်တွင် ရွှံ့များဖြင့်ဖုံးအုပ်ထားသော်လည်း အကောင်းအတိုင်းရှိသည့် နေရာ အနည်းငယ်ရှိပြီး ၎င်း၏နှင်းကဲ့သို့ ဖြူစွတ်နေသည့်အ‌ေမွှများကို မြင်တွေ့နိုင်သည်။ စုမုန့် ချက်ချင်း သဘောပေါက်သွားရ၏။ ဤမြေခွေးသည် သူမ ယူလာသော မြေခွေးလေး၏ မိခင်ဖြစ်ပုံရသည်။ သနားစရာ မြေခွေးလေးကို တွေးကြည့်ကာ သူမ မြေခွေးမကြီး၏ ဗိုက်ကို ဆွဲဖြဲကြည့်ဖို့ သတ္တိမရှိခဲ့ပေ။


မြေခွေးသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ဗိုက်ထဲတွင်လည်း တစ်ခုခု ရှိနေသည်မှာ ထူးဆန်းသည်။ရက်ပေါင်းများစွာကြာအောင် ခံစားခဲ့ရပြီး ယနေ့မှ သေဆုံးသွားခဲ့ခြင်းပင်။ မိခင်မေတ္တာသည် မည်သည့်မျိုးစိတ်တွင်မဆို တူညီလျက်ပင်။ မြေခွေးမကြီး အားတင်းထားခြင်းက မြေခွေးကလေးကို စိတ်မချခြင်းကြောင့် ဖြစ်နိုင်သည်။ မြေခွေးကြီးသေဆုံးသည့်နေ့မှာ မြေခွေးလေးကို သူမ တွေ့ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏အလိုတော်ဖြစ်ရမည်။ထို့ကြောင့် သူမသည် နောင်တွင်လည်း မြေခွေးလေးကို ကောင်းကောင်း ပြုစုစောင့်ရှောက်မည်ဟု စိတ်ထဲတွင် ကတိပေးခဲ့သည်။


စုမုန့် ဘာကိုဆိုလိုမှန်း ကောယန် ချက်ချင်းနားလည်လိုက်သည်။ သူ စိတ်ထဲကနေ မြေခွေးကို တောင်းပန်ပြီး ဗိုက်ကို ဖွင့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် စင်တီမီတာအနည်းငယ်ရှည်သော စာရွက်တစ်ရွက်ကို တွေ့ရ၏။၎င်းစာရွင်ကို ဖောက်ထွင်းမြင်ရသော ပလပ်စတစ်ဖလင်အကြည်အိတ်ဖြင့် ထုပ်ပိုးထားသောကြောင့် ရေမစိုနေပေ။


 “ရှင် လိုချင်တာ ဟုတ်သလား”  


စုမုန့် ကပြောပြီးနောက် နောက်ထပ်စစ်သားတစ်ဦးကို စစ်ဂေါ်ပြားတစ်ခုတောင်းပြီး မြေခွေးကိုမြှုပ်ရန်အတွက် ရှန့်ကျန်း နှင့်အတူ ကျင်းတူးခဲ့ကြသည်။ ထိုအချိန်တွင်၊ ကောယန် သည် သူရှာဖွေတွေ့ရှိခဲ့သော အရာအား Oneထံ ယူဆောင်သွားခဲ့သည်။


(စုမုန့် ဓားစာခံဖြစ်လာသည်...)


 “မစ္စစု၊ ဒါက ငါတို့ရှာနေတာပဲ...ဒါကြောင့် မတွေ့တာကိုး...မြေခွေးရဲ့ အစာအိမ်ထဲကို ထည့်ထားတာပဲ.. "


စုမုန့် နှင့် ရှန့်ကျန်း တို့သည် မြေ၏ ခွေးကို သင်္ဂြိုဟ်လိုက်စဥ် ကောယန် က လှမ်းအော်လိုက်သည်။


 မစ်ရှင်ပြီးသွားပြီဖြစ်၍ အပြန်လမ်းတွင် လူတိုင်း သက်ပြင်းချမိကြသည်။ သူတို့ရောက်တုန်းကလောက် စိတ်ဓာတ်မကျတော့။ ရှန့်ကျန်း တစ်ယောက်တည်းသာ စိတ်မကောင်းဖြစ်နေသူပင်။ မိုးရွာပြီးပြီဖြစ်၍ လမ်းလျှောက်ရတာ ပိုလွယ်ကာ သူတို့အလာလမ်းကထက် အများကြီးမြန်လျက်ရှိ၏။


 နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် Oneက ရုတ်တရက် ခြေလှမ်းရပ်သွားသည်။  တစ်ချိန်တည်းမှာ သူ့နောက်ကလူများကို ရပ်ခိုင်းလိုက်ပြီး ဟိုဒီ လှည့်ပတ်ကြည့်သည်။


 "ဘာဖြစ်လို့လဲ"  


ကောယန် က One တစ်ခုခုကို သတိထားမိသည်ဟု ထင်မိလိုက်သည်။သူ  မျက်ခုံးပင့်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ရာ စုမုန့် သည် သူ့နောက်၌ မလှမ်းမကမ်းတွင်ရှိနေလေသည်။ 


 "နေဦး လူရှိနေတယ်" 


Oneက ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်ပြီး သူ့အသင်းဖော်များကို သတိထားဖို့ အချက်ပြလိုက်၏။


 "သူတို့ဘယ်မှာလဲ"  


ကောယန် က အသံတိုးတိုးဖြင့် မေးလိုက်ရင်း ရှန့်ကျန်း ခေါင်းကိုလက်ဖြင့်ပုတ်ကာ ငုံ့စေလိုက်သည်။  တခြားသူများကလည်း တုံ့ပြန်မှုမြန်ဆန်သည်။  အမိန့်သံကြားလိုက်သည်နှင့် ချက်ချင်းပင် ဘေးနားကွယ်ရာများသို့ တွားသွားကာ ဓာတ်မီးများကို ပိတ်လိုက်ကြသည်။


စုမုန့် ဘာဖြစ်သွားမှန်း မသိသော်လည်း တခြားသူတွေက ဓါတ်မီးပိတ်ပြီး ဘေးနားထိတိုးကာ မြေကြီးပေါ် ဝပ်လိုက်သဖြင့် သူမလည်း သူတို့နောက်ကို ငုံ့၍လိုက်သွားခဲ့သည်။မကြာမီ သူမအနားသို့ One ပေါ်လာရကာ သူမ၏ ပုခုံးကို သူ့လက်မောင်းဖြင့် ရစ်ပတ်ထား၏။မကြာမီ သူတို့ဘေးနားက တောအုပ်ထဲမှ ချွတ်ချောက်အသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးတစ်ခု၏ ဂနာမငြိမ်ဖြစ်သံတွေ အထင်းသားကြားလာရ၏။


 "သူတို့ ဒီမှာဟေ့"  


သူတို့ဘေးနားက တောအုပ်ထဲမှလူတစ်ယောက်က လှမ်းအော်ပြီးနောက် မကြာမီ သေနတ်သံ ထွက်လာကာ တိတ်ဆိတ်သည့် တောကြီးကို လွှမ်းမိုးသွားလေတော့သည်။ ကံကောင်းစွာပင်၊ စုမုန့် တို့အဖွဲ့သည် ကြိုတင်ပုန်းအောင်းရန် နေရာကိုရှာထားသောကြောင့် မည်သူမျှမထိမှန်လိုက်ပေ။ မကြာမီOne က စုမုန့် ကို လက်ဖြင့်သိုင်းဖက်ပြီး ကျောက်ဆောင်ကြီးတစ်ခု၏ နောက်ကွယ်သို့ ခေါ်သွားခဲ့သည်။


 “ဒီမှာ နေ....ကိုယ် မင်းကို ဘာမှမပြောမချင်း တစ်ချက်မှ မလှုပ်နဲ့" 


Oneက အသံနက်ကြီးနှင့် ပြောလေသည်။


 “အင်း” 


စုမုန့် ခေါင်းညိတ်ပြပြီး နာခံစွာပင် အသာနေနေလိုက်၏။ 


 "မျက်လုံးမှိတ်ထားပြီး ဘာကိုမှမကြည့်နဲ့....ကိုယ် ပြန်လာတဲ့အထိစောင့်ပါ… စိတ်မပူပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ"


  One၏အသံသည် ဩရှနေသော်လည်း အလွန်နူးညံ့သည်။စုမုန့် သူ့စကားသံက နူးညံ့လာသည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။သူမ၏ နှလုံးသားသည် ချက်ချင်း ငြိမ်သက်သွားပြီး မျက်လုံးများကို နာခံစွာမှိတ်ထားလိုက်သည်။


တစ်ဖက်က ပထမအကြိမ် ပစ်ခတ်လိုက်ပြီးနောက် တရစပ် သေနတ်များဖြင့် ထပ်ပစ်လာသည်။One ကစ၍ ပစ်ခတ်မှု မပြုလုပ်ရခြင်း အကြောင်းရင်းမှာ ကျောက်ဆောင်နောက်တွင် သူနှင့်စုမုန့် ရှိနေသည်ကို တစ်ဖက်မှ သတိပြုမိမှာ စိုးသောကြောင့် ဖြစ်သည်။ စုမုန့် က သူ့ကို အလွန်ယုံကြည်နေသဖြင့် မျက်နှာဖုံးနောက်ကွယ်မှ One ၏ ပါးစပ်ထောင့်က အနည်းငယ် လှုပ်ယမ်းသွားသည်။ထို့နောက် သူ ပြေးထွက်လာပြီး ရန်သူနှင့် စတင်တိုက်ခိုက်သည်။


စုမုန့် သည် ကျောက်ဆောင်နောက်ကွယ်တွင် ပုန်းနေပြီး သေနတ်သံများကို ကြားနေသော်လည်း သူမ မျက်လုံးများကို မဖွင့်မိပေ။သူမကိုယ်တိုင်ကလည်း တိုက်ပွဲဆိုသည်ကို တစ်ခါမှ မကြုံဖူးပေ။ မျက်လုံးဖွင့်လိုက်ခြင်းက သူမအတွက် အကြောက်တရားတွေ တိုးလာစေပြီး ဒုက္ခဖြစ်စေနိုင်သည်။ အရာအားလုံးကို သူမ လစ်လျူရှုထားခြင်းကသာ ပိုကောင်းပေသည်။သူမသည် အချိန်ခဏအတွင်း One အပေါ် ယုံကြည်မှုများစွာရှိနေရသည်ကို သူမကိုယ်တိုင်ပင်


သတိမထားမိခဲ့ပေ။


အချိန်အတော်ကြာအောင် သေနတ်သံများ ထွက်လာတော့သည်။ စုမုန့် မျက်လုံးကို အနည်းငယ်ဖွင့်ပြီး ကျောက်ဆောင်နောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ ကံမကောင်းစွာပဲ၊ ရှင်းရှင်းလင်းလင်း မမြင်ရလောက်အောင် မှောင်မည်းနေကာ လူရိပ်အချို့နှင့် ကျည်ဆန်ထွက်လာရာမှ မီးတောက်များကိုသာ မြင်နိုင်သည်။


 စစ်မြေပြင်ကိုကြည့်နေသော စုမုန့် သည် နောက်မှလူတစ်ယောက်ကို သတိမထားမိပေ။သူမ နောက်မှာ လူရောက်လာမှန်း သိလိုက်ချိန်မှာ နောက်ကျနေပြီဖြစ်၏။ထိုသူက သူမ၏ ပါးစပ်ကို ဖုံးထားပြီး နားထင်ကို သေနတ်ဖြင့် ဖိထောက်ထားသည်။


 တိမ်မည်းတွေ တဖြည်းဖြည်း ပြန့်ကျဲသွားပြီး လမင်းကြီး၏ထောင့်စွန်းနားကို ပေါ်လွင်လာသည်။ လရောင်ဖျော့ဖျော့အောက်တွင် စုမုန့် ကို ရန်သူက ဓားစာခံအဖြစ် ဖမ်းထားသည်ကို One မြင်လိုက်ရသည်။သူ ချက်ချင်း အမြန်ပြေးသွားခဲ့သော်လည်း စုမုန့် အနားရောက်ခါနီးတွင် ဖမ်းထားသူက… 


 “မင်း သူမကို အသက်ရှင်စေချင်ရင် ချက်ချင်းတိုက်ပွဲရပ်ပြီး ငါတို့ကို ပစ္စည်း ပေးလိုက်”


စုမုန့် သည် ထိုလူလိုချင်သည်ကို သိသည်။ သူတို့ ပေါ်လာသည်က တိုက်ဆိုင်မှုတစ်ခုမဟုတ်။ သူတို့သည် သူမနှင့် အခြားသူတို့ကို ကြည့်နေပြီးဖြစ်ကာ ပစ္စည်းတွေ့မှ လုယက်ရန် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြပေမည်။


နှစ်ဖက်စလုံးမှာ သေနတ်တွေရှိသည်။ ကောယန် နှင့် အခြားလူများ ရပ်တန့်လိုက်သည်နှင့် တိုက်ပွဲအမှန်တကယ်ပင် ပြီးဆုံးသွားပေလိမ့်မည်။ဤစာတမ်းသည် အလွန်အရေးကြီးပါသည်။ ကောယန်က ဤပစ္စည်းမှာ စစ်သားများစွာ၏ အသက်နှင့် သက်ဆိုင်နေသည်ဟု ဆိုထား၏။သူမကြောင့်သာ ဆုံးရှုံးသွားခဲ့လျှင် သူမ အပြစ်သားတစ်ယောက်မဖြစ်ဘဲ နေပါရိုးလား....


 စစ်သားများမှာလည်း မိဘနှင့် သားသမီးတွေ ရှိသော်လည်း တိုင်းပြည်လုံခြုံရေးအတွက် အသက်စွန့်ခဲ့ကြသူများပင်။ သူမသည် သေခြင်းကို ကြောက်ရွံ့သလို သူမတွင် ဆရာ့ကိုပြုစုစောင့်ရှောက်ရန်၊ လက်စားချေရန်၊ နှင့် အခြားလုပ်စရာများစွာ ရှိသေးသည်။  သို့သော်၊မည်သို့ပင် မသေချင်ဘူးဆိုစေ၊ တိုင်းပြည်အတွက် တတ်နိုင်သရွေ့ စေတနာထားပြီး လုပ်ရမည်။


 “ကျွန်မ အတွက် စိတ်မပူပါနဲ့...ကျွန်မ သေခဲ့ရင်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမိမှာပါ....ကျွန်မ သေပြီးရင် ကျွန်မဆရာကိုသာ စောင့်ရှောက်ပေးကြပါ"


စုမုန့် က သူရဲကောင်းဆန်စွာ အော်လိုက်သည်။



xxxxxx