အပိုင်း ၅၅ ( The Emperor 5 )
Viewers 10k

မူလပိုင်ရှင်သည် ဗုဒ္ဓကျမ်းဂန်များကို မုန်းတီးကာ မတွေ့မြင်ချင်သဖြင့် သူ့အနားတွင် ဗုဒ္ဓကျမ်းဂန်များကို မထားရှိပေ။ သို့သော် ဘွားတော်ကြီး အကျဉ်းချခံထားရသော ဗုဒ္ဓဘုရားကျောင်းတွင်တော့ အလုံးစုံသော ဗုဒ္ဓကျမ်းဂန်များကို ရရှိနိုင်ပေသည်။


ဝမ်ကျုံး ယန်ကျင်းဇီအတွက် ဗုဒ္ဓကျမ်းဂန်မျိုးစုံကို ယူဆောင်လာပြီးနောက် ယန်ကျင်းဇီသည် ထိုကျမ်းဂန်များအတိုင်း စာအက္ခရာများကို နှစ်နာရီကြာ လေ့လာကျက်မှတ်ခဲ့ကာ နံနက်ခင်းညီလာခံအတွက် ပြင်ဆင်ရန် အချိန်ရောက်ပြီဟု ဝမ်ကျုံးက သူ့ကို အသိပေးလာသည်။


ကြီးမြတ်သော ချီမင်းဆက်တွင် ပထမ‌မြောက်လ၏ ပထမဆုံး‌‌နေ့ရက်နှင့် ဆယ့်ငါးရက်မြောက်နေ့ရက်တိုင်း၌ သာမန်ထက် လွန်ကဲထူးခြားသော ဝတ်ပြုဆုတောင်းပွဲနှင့် အမွှေးတိုင်ထွန်းညှိပူဇော်ခြင်းအခမ်းအနားတို့ ပါဝင်သော အသေးစိတ်စီစဉ်ပြင်ဆင်ထားသည့် ထုံးထမ်းဓလေ့များနှင့် ကြီးကျယ်ခမ်းနားသော ညီလာခံဆွေးနွေးပွဲကို ကျင်းပကြသည်။ ညီလာခံခန်းမထဲတွင် ဝတ်ပြုဆုတောင်းရန်နေရာ၊ ဝတ်ပြုဆုတောင်းရန် ထိုင်ခင်းများ၊ အမွှေးတိုင်ထွန်းညှိမည့် ခုံတန်းရှည်နှင့် အမွှေးနံ့သာအိုးတို့ ရှိနေမည်ဖြစ်ကာ မြို့တော်ထဲရှိ နဝမအဆင့်နှင့်အထက် မှူးမတ်အရာရှိများအားလုံး တက်ရောက်ရမည်ဖြစ်သည်။


သို့သော်ငြား ပုံမှန်နံနက်ခင်းနန်းညီလာခံတွင်မူ ပဉ္စမမြောက်နှင့်အထက် မှူးမတ်အရာရှိများသာ တက်ရောက်နိုင်ပြီး နောက်တစ်နေ့တွင် ညီလာခံကို ရပ်နားထားမည်ဖြစ်၏။


မနေ့က ညီလာခံဆွေးနွေးပွဲ မရှိသော်ငြား ယနေ့တွင် ရှိပေသည်။


ကြီးမြတ်သော ချီမင်းဆက်၏ နံနက်ခင်းညီလာခံမှာ အရုဏ်တက်၌ စတင်သည်။ ယန်ကျင်းဇီသည် သူ့မနက်စာကို သုံးဆောင်ပြီးသောအခါ တစ်စုံတစ်ရာကို တွေးမိသွားသည်။ သူသည် ဝမ်ကျုံးအား ကြက်သားယာဂုနှင့် အဆာပြေမျိုးစုံကို ပြင်ဆင်ခိုင်းလိုက်ပြီး ဒဏ်ရာအတွက် ဆေးအချို့ကိုလည်း ပြင်ဆင်ခိုင်းလိုက်သည်။


ဝမ်ကျုံးသည် အမိန့်နာခံပြီး ထွက်ခွာသွားခဲ့သည်။


ယန်ကျင်းဇီသည် မိန်းမစိုးအိုကြီး ‌လမ်းလျှောက်ထွက်ခွာသွားသည်ကို ကြည့်နေစဉ် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ မူလပိုင်ရှင်သည် သူစိမ်းများကို မယုံကြည်သဖြင့် သူသည် အသက်မငယ်တော့သော်လည်း ကောင်းကောင်းမွန်မွန် အနားမယူနိုင်သေးသည့် ဝမ်ကျုံးကိုသာ အမြဲတမ်း ညှဉ်းပန်းနေလေ့ရှိသည်။


သူ အစေခံအမျိုးမျိုးကို လျင်မြန်စွာ လေ့ကျင့်ပေးရန် လိုအပ်နေပြီ။


အချိန်ကျရောက်ခါနီးပြီဖြစ်ကာ ယန်ကျင်းဇီသည် မူလပိုင်ရှင်၏မှတ်ဉာဏ်များအရ ညီလာခံခန်းမသို့ သွားရောက်ခဲ့သည်။ ညီလာခံခန်းမထဲမှ မှူးမတ်အရာရှိများမှာ စောင့်ဆိုင်းနေကြပြီဖြစ်ကာ သူ ဝင်သွားသည်နှင့်တပြိုက်နက် သူတို့အားလုံးက အရိုအသေဂါရဝပြုကြသည်။


ရှေ့တွင် ဒူးထောက်နေကြသူများမှာ ချူထင်းရှိူ့၊ ပင်းဝမ်နှင့် အမတ်ချုပ်ကြီး စွေ့ ရွှင် တို့ဖြစ်သည်။


သူတို့သုံးယောက်အနက် ချူထင်းရှိူ့က အရပ်အရှည်ဆုံးနှင့် ခံ့ညားအထည်ဝါဆုံးဖြစ်ပြီး တပ်အရာရှိများ နန်းညီလာခံသို့ တက်ရောက်ရာတွင် ဝတ်ဆင်သော ဝတ်စုံကို ဝတ်ဆင်ထားကာ အံ့ဩဖွယ်ရာကောင်းလောက်အောင် ရဲစွမ်းသတ္တိရှိရှိနှင့် ချောမောနေသည်။


ပင်းဝမ်သည် အရပ်အနည်းငယ်ပိုပုကာ အနည်းငယ် ဝဖြိုး၍ ပေါင်းသင်းဆက်ဆံရန် အလွန်လွယ်ကူသော လူတစ်ဦးပုံပေါ်သော်လည်း သူ့စိတ်ထဲတွင် မည်သို့သော အတွေးများ ရှိနေမည်ကို ဘယ်သူမှ မသိနိုင်ပေ။


အမတ်ချုပ်ကြီး စွေ့ ရွှင် ကတော့ သူသည် ဝမ်ကျုံးနှင့် အသက်တူသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူသည် ဧကရာဇ်ထိုက်ဇူ အုပ်စိုးစဉ်ကာလ၌ပင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး တာဝန်များကို ထမ်းဆောင်၍ ဘက်မရွေးသော သူ၏ ကိစ္စများကို ဖြေရှင်းသည့် ကိုယ်ပိုင်နည်းလမ်းဖြင့် ဆယ်စုနှစ်များကြာအောင် ရပ်တည်နိုင်နေဆဲဖြစ်သည်။


ယန်ကျင်းဇီ၏အကြည့်များသည် ပင်းဝမ်နှင့် ‌စွေ့ ရွှင် တို့အပေါ်မှ ဖြတ်သန်းသွားပြီး အဆုံး၌ ချူထင်းရှိူ့၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။


ချူထင်းရှိူ့၏လည်ပင်းတွင် ဒဏ်ရာတစ်ခု ရှိနေသည်။


မနေ့ညက သူသည် ချူထင်းရှိူ့၏လည်ပင်းတွင် သိသာပေါ်လွင်သော အမှတ်အသားများ မထင်ကျန်စေရန် အတတ်နိုင်‌ဆုံး ဂရုစိုက်ခဲ့သဖြင့် ၎င်းတို့ကို ဖုံးကွယ်ရန်မှာ လွယ်ကူပြီး ညတွင်းချင်းပင် ပျောက်ကွယ်သွားနိုင်လေသည်။ သို့သော် သူသည် ချူထင်းရှိူ့က ၎င်းတို့ကို တိုက်ရိုက်ဖုံးကွယ်လိုက်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။


ယန်ကျင်းဇီ၏နှလုံးသားမှာ ဝမ်းနည်းမှုနှင့် အပြစ်ရှိစိတ်တို့ဖြင့် တဆစ်ဆစ် နာကျင်ကိုက်ခဲသွားသည်။


မှူးမတ်အရာရှိများ၏ အရိုအသေပေးမှုများ ပြီးဆုံးပြီးနောက် အုပ်ချုပ်ရေးပိုင်းကို ဆွေးနွေးကြသည်။


ဘွားတော်ကြီး၏ အချိန်ကာလအတွင်း မူလပိုင်ရှင်သည် 'နေမကောင်း'သဖြင့် ပထမမြောက်လ၏ ပထမဆုံးနေ့ရက်နှင့် ဆယ့်ငါးရက်မြောက်နေ့ရက်တို့တွင် ကျင်း‌ပသော ညီလာခံများနှင့် အမျိုးမျိုးသော ပွဲတော်များတို့အပြင် စစ်သူကြီးများကို ဆုချီးမြှင့်ရန် ကျင်းပသည့် ကြီးမားသော ညီလာခံဆွေးနွေးပွဲများမှလွဲ၍ ပုံမှန်နန်းညီလာခံငယ်များကို တစ်ခါမှ မတက်ရောက်ခဲ့ပေ။


သို့သော် ကြီးမားသော နန်းညီလာခံဆွေးနွေးပွဲကြီးများ အားလုံးမှာ နိုင်ငံရေးကိစ္စရပ်များကို တကယ်တမ်း မဆွေးနွေးကြသဖြင့် မူလပိုင်ရှင်သည် သူ သင်ကြားသိရှိအပ်သော အကြောင်းအရာများကို မသင်ကြားမသိရှိခဲ့ရ။ နောက်ဆုံး၌ ဘွားတော်ကြီး မရှိတော့ဘဲ သူ ညီလာခံသို့ ရောက်လာသောအခါ သူသည် နိုင်ငံရေးကိစ္စရပ်များကို မသိနားမလည်တော့ပေ။


ထိုအချိန်တွင် ကျိုးမျိုးနွယ်၏ နောက်လိုက်အကြွင်းအကျန်များနှင့် ပင်းဝမ်အုပ်စုတို့ ရှိနေလေရာ... မူလပိုင်ရှင်သည် အကြိမ်အနည်းငယ် မျက်နှာပျက်ခဲ့ရသည်။


ထို့နောက် မူလပိုင်ရှင်သည် ညီလာခံထဲတွင် လွတ်လပ်စွာ စကားမပြောဆိုရဲတော့ဘဲ ချူထင်းရှိူ့ကိုသာ ကိစ္စရပ်အမျိုးမျိုးအား ကိုင်တွယ်ဖြေရှင်းခိုင်းသည်။ ချူထင်းရှိူ့က မူလပိုင်ရှင်အား မည်မျှပင် အားပေးတိုက်တွန်းပါသော်လည်း သူ ဘယ်လောက်ကြိုးစားကြိုးစား မူလပိုင်ရှင်သည် သူကိုယ်တိုင် ဆုံးဖြတ်ချက်များကို ချမှတ်ရန် ကြိုးစားဖို့အတွက်ကိုပင် ငြင်းဆိုခဲ့သည်။


၎င်းမှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သော်ငြား အချိန်အတော်ကြာပြီးနောက် မူလပိုင်ရှင်သည် ချူထင်းရှိူ့က အာဏာကို သိမ်းယူထားသည်ဟု ထင်လာခဲ့သည်...


သို့သော် ဤအ‌ခြေအနေက ယန်ကျင်းဇီအတွက် အဆင်ပြေသည်။ စကားပြောစရာမလိုဘဲ သူသည် နဂါးပုလ္လင်ပေါ်တွင် ထိုင်ကာ လူတိုင်းကို ငုံ့ကြည့်နေရုံသာဖြစ်သည်။


ချီမင်းဆက်၏ မြို့တော်အတွင်း ပဉ္စမအဆင့်နှင့်အထက် မှူးမတ်အရာရှိများ များစွာမရှိ‌ဘဲ မူလပိုင်ရှင်က သူတို့အားလုံးကို သိသည်။ ယန်ကျင်းဇီသည် သူတို့ကို တစ်ကြိမ်ကြည့်လိုက်ကာ သူတို့အားလုံးကို မှတ်မိသွားပြီးနောက် ဆွေးနွေးပွဲကို နားထောင်ရင်း ချူထင်းရှိူ့ကို ကြည့်နေခဲ့သည်။


ချူထင်းရှိူ့ခမျာ သက်တောင့်သက်သာမရှိသည့်ပုံ ပေါ်နေသည်။


ဤမနက်အစောပိုင်းတွင် သူ့အိမ်သို့ ပြန်ရောက်ပြီးနောက် ချူထင်းရှိူ့သည် ရေတွင်းထဲမှ ရေကို ခပ်ကာ သူ့ကိုယ်သူ ဆေးကြောလိုက်သည်။ ထို့နောက် စာကူးရေးရန် လက်ရေးလှစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ကာ သူ့စိတ် ငြိမ်သက်သွားရန်အတွက် ကြီးမားသော စာစောင်များ၏ စာရွက်ဒါဇင်ချီများစွာ ကုန်ဆုံးသွားခဲ့သည်။


မနေ့ည၏တိုက်ပွဲက သူ့ကို အနည်းငယ် ထိခိုက်ဒဏ်ရာရစေခဲ့သော်လည်း ဤဒဏ်ရာသေးသေးလေးက စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်လာသော သူ့အတွက် ဘာမှမဟုတ်သဖြင့် ပုံမှန်ကဲ့သို့ပင် သူသည် ညီလာခံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့၏။


သူ အရှင်မင်းကြီးကို တွေ့ချင်သည်။


ထို့အပြင် သူ့ပျက်ကွက်မှုတွင် အရှင်မင်းကြီးသည် မတရားခံရနိုင်သည်။


ရလဒ်မှာတော့ အရှင်မင်းကြီးက သူ့ကိုပဲ ကြည့်နေသည်။


ချူထင်းရှိူ့သည် နဂါးပုလ္လင်ပေါ်မှလူကို မကြည့်မိရန် ကြိုးစားပြီး အမတ်များနှင့် ရင်ဆိုင်ရန် သူ့စိတ်ကို စုစည်းထားပါသော်လည်း သူ အရှင်မင်းကြီးကို လျှောက်တင်ဆွေးနွေးရမည့်အကြိမ်တစ်ကြိမ်က အမြဲတမ်း ရှိနေလေသည်။


"ချူစစ်သူကြီးပြောတဲ့အတိုင်း လုပ်လိုက်ပါ" ဟု နဂါးပုလ္လင်ပေါ်မှလူ ပြောသောအခါ သူတို့ အချင်းချင်း အကြည့်ဆုံသွားသည့်အကြိမ်တိုင်း ချူထင်းရှိူ့၏မြီးညောင်းရိုးမှ ဆန့်တက်လာသော ထုံထိုင်းမှုတစ်ခုက သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားပြီး သူ့နှလုံးသားကို တုန်ယင်အောင် ပြုလုပ်နေသည်။


ချူထင်းရှိူ့ သူ ရူးတော့မည်ဟုသာ ခံစားနေရသည်။


ယခင်က သူသည် အရှင်မင်းကြီးအကြောင်းကိုသာ စဉ်းစားနေခဲ့သော်လည်း သူ့စိတ်အာရုံများမှာ ပကတိအတိုင်း ကောင်းမွန်နေဆဲဖြစ်ကာ သူ့စိတ်ကလည်း ကြည်လင်နေဆဲဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူ့အတွက် စဉ်းစားဖို့ပင် ခက်ခဲနေသည်။


ချူထင်းရှိူ့သည် မကြာခဏ အာရုံပျက်ပျက်သွားကာ ယနေ့ ညီလာခံထဲမှ အမတ်များက သူ့လည်ပင်းမှ ဒဏ်ရာကို သတိထားမိကြသည်။ သူတို့အားလုံး ဒဏ်ရာကို မြင်ပြီး အံ့ဩသွားကြသော်လည်း ဘယ်သူကမှ မမေးရဲချေ။


သတင်းကောင်းမှာ ချူထင်းရှိူ့က အနည်းငယ် သတိလက်လွတ်ဖြစ်နေသော်လည်း ဆွေးနွေးသင့်သော ကိစ္စရပ်များအားလုံးကို ဆွေးနွေးဖြစ်ကြဆဲဖြစ်ကာ ထို့နောက် တစ်စုံတစ်ယောက်က ဘုရင်မ ရွေးချယ်ခြင်း ကိစ္စကို အစဖော်လာပြန်သည်။


အရှင်မင်းကြီးသည် သက်တော်နှစ်ဆယ်ကျော်နေပြီဖြစ်ကာ ဘုရင်မ ရွေးချယ်ခြင်း ကိစ္စမှာ အရေးတကြီးကိစ္စ ဖြစ်လာပေသည်။


ယန်ကျင်းဇီ မျက်မှောင်ကြုံ့သွားသည်။


မူလပိုင်ရှင်တွင် ဘုရင်မတစ်ပါး မရှိခဲ့ခြင်းမှာ သင့်တော်သူတစ်ယောက်ကို မရှာဖွေနိုင်ခဲ့သောကြောင့်ဖြစ်သည်။ သူ့အတွက်ကတော့... သူက ချူထင်းရှိူ့ကိုသာ စိတ်ဝင်စားသည်။


ယန်ကျင်းဇီ ချူထင်းရှိူ့ကို ကြည့်လိုက်သည်။


ချူထင်းရှိူ့ ကျောမတ်ပြီး ခေါင်းမော့ကြည့်လိုက်ကာ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


သို့သော် တမဟုတ်ချင်း ချူထင်းရှိူ့က သူ့ခေါင်းကို ပြန်ငုံ့သွားပြန်သည်။


အခြားတစ်ဖက်မှာတော့ ယန်ကျင်းဇီသည် မနေ့က သူ့ကို ဘုရင်မတစ်ပါး ရွေးချယ်ရန် အကြံပေးနေသော လူကို တွေးမိပြီး ကသိကအောက်ဖြစ်လာသည်။


ဤအချိန်တွင် ချူထင်းရှိူ့လည်း အလွန်အမင်း နေရခက်လာသည်။


သူ့စိတ်နှလုံးထဲတွင် အရှင်မင်းကြီး၌ ဘုရင်မတစ်ပါး ရှိမနေစေလို။


သူသည် အရှင်မင်းကြီးအား ဘုရင်မတစ်ပါး ရွေးချယ်ရန် ဖြောင်းဖျခဲ့သည်မှာ အရှင်မင်းကြီး၏ သူ့အပေါ် စိတ်ဝင်စားမှုကို သူ သတိမပြုမိခဲ့ဘဲ အရှင်မင်းကြီးအား ထောက်ခံမှုတစ်ခု ပေးချင်ခဲ့သောကြောင့်သာ ဖြစ်၏။


မနေ့က သူ အရှင်မင်းကြီးအား ဘုရင်မတစ်ပါး ရွေးချယ်ရန် အကြံပေးခဲ့ခြင်းမှာ သူသည် သူ သေတော့မည်ဟု တွေးမိကာ အိပ်မက်ထဲတွင် မွေ့လျော်မနေရန် သူ့ကိုယ်သူ သတိပေးခဲ့၍ဖြစ်သည်။


သို့သော် ယခု... သူ ဘယ်တော့မှ ၎င်းကို ထပ်မံပြောကြားတော့မည် မဟုတ်ပေ။


သို့သော် အရှင်မင်းကြီးသာ အမှန်တကယ် ဘုရင်မတစ်ပါး ရွေးချယ်ချင်လျှင် ၎င်းကို တားမြစ်ရန် သူ့တွင် အာဏာမဲ့နေသည်။


ချူထင်းရှိူ့သည် ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ ‌မပြောခဲ့ပေ။


ယန်ကျင်းဇီသည် ချူထင်းရှိူ့အား ဤကဲ့သို့ တွေ့မြင်ရသည်ကို ပျော်ရွှင်သော်လည်း မကြာမီမှာပင် သူသည် မနေ့က ဤလူကို ဘုရင်မ ရွေးချယ်ခြင်း ကိစ္စအကြောင်း ထပ်ပြောလျှင် သူ ကြည့်ကောင်းအောင် လုပ်ပေးမည်ဟု ပြောကာ ခြိမ်းခြောက်ခဲ့သည်ကို အမှတ်ရသွားလေသည်။


၎င်းအကြောင်းကြောင့် ချူထင်းရှိူ့က ဘုရင်မကိစ္စကို မပြောခဲ့ခြင်း ဖြစ်နိုင်သည်။


ယန်ကျင်းဇီ၏စိတ်အခြေအနေမှာ ဆိုးရွားသွားကာ ၎င်းကို တွေးပြီး သူ့ခေါင်းကို ငုံ့ထားသဖြင့် သက်တောင့်သက်သာမရှိသကဲ့သို့ ပုံပေါ်နေခဲ့သည်။


" အရှင်မင်းကြီး အဆင်ပြေတော်မူပါရဲ့လားဘုရား? " ဝမ်ကျုံးသည် သူ့အသွင်အပြင်ကို သတိထားမိသွားပြီး ဝမ်ကျုံး စကားပြောပြီးသည်နှင့်တပြိုက်နက် မှူးမတ်များက သု့ကို မော့ကြည့်လာကြသည်။


ယန်ကျင်းဇီ ပြောလိုက်သည် : " ကိုယ်တော် နေမကောင်းဘူး။ ဒီနေ့ရဲ့ ညီလာခံဆွေးနွေးပွဲ ပြီးပြီ။ "


ထိုစကားကို ပြောပြီးနောက် သူသည် ဝမ်ကျုံးအား သူ့ကို ကူညီခွင့်ပြုလိုက်ကာ လှည့်ထွက်လာခဲ့သည်။


ဤသည်ကို ချူထင်းရှိူ့ မြင်သောအခါ သူသည် အလျင်စလိုဖြင့် နောက်မှလိုက်သွားသည်။


ပင်းဝမ်သည် ချူထင်းရှိူ့အား စကားပြောချင်ခဲ့သော်လည်း သူ အမှီလိုက်နိုင်ရန်အတွက် ချူထင်းရှိူ့ လမ်းလျှောက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။


ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို စောင့်ကြည့်နေခဲ့ပြီး ချူထင်းရှိူ့ နောက်မှလိုက်လာနေသည်ကို တွေ့သောအခါ သူ့အရှိန်ကို နှောင့်နှေးစေလိုက်သည်။


" အရှင်မင်းကြီး ဘယ်နေရာက နေလို့မကောင်းတာပါလဲဘုရား? " ချူထင်းရှိူ့ မေးမြန်းခဲ့သည်။ အရှင်မင်းကြီး မနေ့ညက ပင်ပန်းသွားတာလား?


" ကိုယ်တော် အဆင်ပြေတယ်။ " ယန်ကျင်းဇီ ဖြေလိုက်သည်။


ဤကဲ့သို့သောအချိန်တွင်ပင် ချူထင်းရှိူ့သည် သူ့ခန္ဓာကိုယ်ကို ဂရုစိုက်နေသေးသည်။ သူ ပျော်ရမလား သို့မဟုတ် စိတ်ညစ်ရမလား မသိတော့ — ချူထင်းရှိူ့က သူ့ကို နေရာတကာ တွေးပေးလွန်းသည်။ ဒါဆို ဘာကြောင့်များ သူက သူ့အတွက်သူ မတွေးတာလဲ?


ချူထင်းရှိူ့ စကားမပြောတော့သောအခါ ယန်ကျင်းဇီ ပြောလိုက်သည် : " အိုက်ချင်း ကိုယ်တော်နဲ့ အတူတူ စားမလား? "


ချူထင်းရှိူ့သည် မနေ့က စားသောက်ဝိုင်းတွင် ဖြစ်ခဲ့သော ကိစ္စများကို ချက်ချင်း တွေးမိပြီး ကြက်သေသေသွားကာ တုံ့ပြန်လိုက်သည် : " မှန်လှပါ အရှင်မင်းကြီး "


ယန်ကျင်းဇီသည် ပြင်ဆင်ခိုင်းထားသော ကြက်သားယာဂုနှင့် အဆာပြေစားစရာများကို ယူလာခိုင်းကာ သူ့အနားမှ လူများအားလုံးကို ထွက်သွားခိုင်းခဲ့သည်။


သူသည် စားပြီးသွားပြီဖြစ်ကာ ဤအချိန်တွင် စားချင်စိတ် မရှိသဖြင့် ချူထင်းရှိူ့ စားသည်ကိုသာ ထိုင်ကြည့်နေခဲ့သည်။


ချူထင်းရှိူ့သည် ဤမနက်၌ မည်သည့်စားချင်စိတ်မျှ မရှိသဖြင့် ဘာမှမစားခဲ့ဘဲ ယခုတွင်လည်း သူ့၌ စားချင်စိတ်များစွာ မရှိသော်ငြား ဤသည်မှာ အရှင်မင်းကြီးက သူ့အတွက် ပြင်ဆင်ပေးထားသော စားစရာများ ဖြစ်သည်... သူ တစ်ကြိမ်ကို တစ်လုပ်စီ ဖြည်းညှင်းစွာ စားခဲ့သည်။


" ထင်းရှိူ့ အဆင်မပြေဖြစ်နေလား? " ယန်ကျင်းဇီ မေးလိုက်သည်။ သူသည် ချူထင်းရှိူ့ အဆင်မပြေဖြစ်မည်ကို အမြဲစိုးရိမ်နေမိသည်။


" အရှင်မင်းကြီး ဒီအမတ်မှာ ပြဿနာကြီးကြီးမားမား မရှိပါဘူးဘုရား " ချူထင်းရှိူ့ ပြန်ဖြေခဲ့သည်။


ယန်ကျင်းဇီက ဆက်ပြောသည် : " ကိုယ်တော်... မင်းကို ဆေးလိမ်းပေးလို့ရမလား? အဲ့နေရာက ကိုယ့်ဘာသာကိုယ် ဆေးလိမ်းဖို့ မင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူး။ "


ချူထင်းရှိူ့ မျက်နှာနီမြန်းသွားသည် : " အရှင်မင်းကြီး မဖြစ်ပါဘူး! " ဘယ်လိုလုပ် သူက အရှင်မင်းကြီးကို အဲ့နေရာပေါ် ဆေးလိမ်းခွင့်ပြုနိုင်မှာလဲ?


ချူထင်းရှိူ့ ဆေးလိမ်းရန် မလိုလားသဖြင့် ယန်ကျင်းဇီ အခြားအကြောင်းအရာကို ပြောင်းပြောခဲ့သည် : " နောက်ပိုင်း အနားမှာ ဘယ်သူမှမရှိရင် မင်း ကိုယ်တော့်ကို ကျင်းဇီလို့ ခေါ်နိုင်တယ်။ "


ဘယ်လိုလုပ် သူ အရှင်မင်းကြီးကို နာမည်တပ်ခေါ်နိုင်ပါ့မလဲ? ချူထင်းရှိူ့ ငြင်းဆိုလိုက်သည် : " အရှင်မင်းကြီး အဲ့တာက ထုံးထမ်းကျင့်ဝတ်နဲ့ မညီပါဘူးဘုရား။ "


" ကိုယ်တော်တို့အတူအိပ်ခဲ့ပြီး အဲ့ဒါကလည်း ထုံးထမ်းကျင့်ဝတ်နဲ့ မညီဘူးလေ။ " ယန်ကျင်းဇီ ပြန်ပြောလိုက်သည်။


ချူထင်းရှိူ့ : " ... "


ချူထင်းရှိူ့ စကားမပြောတော့သည်ကို တွေ့သောအခါ ယန်ကျင်းဇီ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြန်သည် : " မနေ့က ကိစ္စအားလုံး ကိုယ်တော့်အပြစ်တွေပါ။ "


ဒါက သူ တောင်းပန်သည့် ပထမဆုံးအကြိမ် မဟုတ်ပေ။


မနေ့က ချူထင်းရှိူ့ စိတ်ရှုပ်ထွေးလွန်းနေ၍ ဘာလုပ်ရမလဲ မသိတော့သဖြင့် သူ မတုံ့ပြန်ဖြစ်ခဲ့ပေ။ သို့သော် ယခု သူ တောင်းပန်ခြင်းကို တွေ့မြင်လိုက်ရသောအခါ ချူထင်းရှိူ့ လျှောက်တင်လိုက်သည် : " အရှင်မင်းကြီး တောင်းပန်စရာ မလိုပါဘူး။ ကျွန်တော်မျိုးရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း ကျွန်တော်မျိုး ပြုမူခဲ့တာပါ။ "


ယန်ကျင်းဇီ အံ့အားသင့်သွားပြီး သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။


မနေ့က အိမ်ပြန်ရောက်ပြီးနောက် ချူထင်းရှိူ့ ၎င်းနှင့်ပတ်သက်၍ အတွေးများစွာ တွေးတောခဲ့သည်။


သူသည် အရှင်မင်းကြီးကို ဝမ်းမနည်းစေချင်သည့်အပြင် အရှင်မင်းကြီး၏ဂုဏ်သရေကိုလည်း မညှိုးနွမ်းစေချင်ပေ။


အကယ်၍ သူနှင့်အရှင်မင်းကြီးတို့က ရိုးသားပြီး စိတ်ရင်းစစ်မှန်နှင့် ချစ်ခင်ကြသည်ဆိုလျှင် သူသည် အရှင်မင်းကြီး၏အနားတွင် ရှိနေသော တခြားဘယ်သူ့ကိုမှ သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။


တခြားသူများသည် ဓနဥစ္စာ ပေါကြွယ်ဝသောအခါ သူတို့အားလုံးက ကိုယ်လုပ်တော်တစ်ယောက် လိုချင်ကြသည်။ သို့သော် အရှင်မင်းကြီးက တကယ်ပင် ဘုရင်မတစ်ပါး မရွေးချယ်ဘဲ နေနိုင်ပါ့မလား? ညီလာခံမှ အမတ်များကရော အရှင်မင်းကြီးတွင် ဘုရင်မတစ်ပါး မရှိသည်ကို ခွင့်ပြုပါ့မလား?


အရှင်မင်းကြီးက ဘုရင်မတစ်ပါးကို ရွေးချယ်လိုက်လျှင်... သူ တစ်စုံတစ်ယောက်ကို သတ်ချင်မိမည်အား သူ စိုးရိမ်မိသည်။


ထို့ကြောင့် ယနေ့ နန်းညီလာခံသို့ မသွားမီ သူသည် အရှင်မင်းကြီးနှင့် ဆက်ဆံရေးများ ဖြတ်တောက်ရန် ဆုံးဖြတ်ထားခဲ့သည်။


အရှင်မင်းကြီး လမ်းကြောင်းမှ သွေဖယ်သွားမည်ကို သူ ခွင့်မပြုလိုက်သင့်ချေ။


သို့သော် သူ အရှင်မင်းကြီးနှင့် အမှန်တကယ် တွေ့ဆုံရသောအခါ သူ လက်မလွှတ်နိုင်ပေ။


အရှင်မင်းကြီးက သူ့ကိုယ်သူ နှိမ့်ချပြီး သူ့ကို တောင်းပန်သောအခါ သူ ပို၍ပင် ရက်စက်သည်ဟု ခံစားရသည်။


ခန္ဓာကိုယ်မှ အပူဓာတ်မှာ ဦးခေါင်းသို့ ထိုးတက်သွားပြီး ချူထင်းရှိူ့ ဖွင့်ဟလိုက်တော့သည် : " အရှင်မင်းကြီး ဒီအမတ်က ဆန္ဒရှိပါတယ်။ ကျွန်တော်မျိုးရဲ့နှလုံးသားက အရှင့်ကို လိုလားပါတယ်။ "


မေ့လိုက်တော့...


ယခုအချိန်တွင် သူ အလိုရှိသလောက် သူ အရှင်မင်းကြီးကို ပိုင်ဆိုင်နိုင်ပြီး အနာဂတ်တွင် အရှင်မင်းကြီးက ဤစကားများကို မေ့သွားသည်ဆိုလျှင်တောင်မှ၊ နောက်ပြန်လှည့်၍မရသော တစ်စုံတစ်ရာကို သူ ပြုလုပ်မိသည်ဆိုလျှင်တောင်မှ သူသည် သူ့ကိုယ်သူကိုသာ အဆုံးသတ်လိုက်သင့်သည်။


ချူထင်းရှိူ့သည် ယန်ကျင်းဇီအား တည့်တည့်ကြည့်လိုက်သည်။


ယန်ကျင်းဇီသည် ချက်ချင်းပင် ပီတိဖြာကြည်နူးသွား‌လေသည်။


မနေ့က ချူထင်းရှိူ့သည် အလွန်စိတ်အားထက်သန်ခဲ့သည်မှာ အမှန်ဖြစ်ကာ သူ့စီမှ နှစ်ကြိမ်တိတိ ထုတ်လွှတ်ရန်လည်း အသုံးတော်ခံခဲ့ရကာ မည်သည့်ရွံရှာမှုကိုမျှ မတွေ့မြင်ခဲ့ရပေ... ချူထင်းရှိူ့တွင်လည်း သူ့အတွက် ကောင်းမွန်သော ခံစားချက်များ ရှိနေခဲ့သည်ကို သူ တွေးမိခဲ့သင့်သည်။


သို့မဟုတ် ၎င်းက မူလပိုင်ရှင်အတွက် ကောင်းမွန်သော ခံစားချက်များ ဖြစ်နိုင်သည်။


မူလသမိုင်းဇာတ်ကြောင်းတွင် ချူထင်းရှိူ့သည် အသတ်ခံရသည့်အချိန်အထိကိုပင် ကျိုးနွံနာခံခဲ့သည်။


ဤအကြောင်းကို တွေးမိသောအခါ ယန်ကျင်းဇီသည် မူလပိုင်ရှင်ကို သတ်ပစ်ချင်လာကာ ချူထင်းရှိူ့က အနည်းငယ် တုံးအသည်ဟုလည်း ခံစားမိသည်။


ဘာကြောင့်များ ဆန်ကုန်မြေလေးတစ်ယောက်အတွက် သေလိုက်တာလဲ?


စကားမစပ် ချူထင်းရှိူ့သည် မူလပိုင်ရှင်ကို သဘောကျခဲ့ပြီး သူသည် ဆိုးဆိုးရွားရွား ခံစားသင့်သော်လည်း အကြောင်းတစ်ချို့အတွက်ကြောင့် သူ ဝမ်းမနည်းမိပေ... ၎င်းမှာ သူသည် မူလပိုင်ရှင်ထက် အများကြီး သာလွန်ကောင်းမွန်သောကြောင့်ဖြစ်ပြီး ချူထင်းရှိူ့က သူ့ကို သဘောကျလိမ့်မည်ဟု သူ ယုံကြည်သည်။


" ထင်းရှိူ့... " ယန်ကျင်းဇီ၏အသံမှာ မယုံနိုင်စရာကောင်းလောက်အောင် နူးညံ့နေသည်။


ဤအခိုက်အတန့်တွင် ချူထင်းရှိူ့က ကြမ်းပြင်ပေါ် ခေါင်းတည့်တည့်နှင့် ရှေ့သို့ပြုတ်ကျလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားမိခဲ့ပေ။


ဒီနေ့ သူ သေချာပေါက် ဆေးမခတ်ထားခဲ့ပါဘူး။ ချူထင်းရှိူ့ ဘာဖြစ်တာလဲ?


ချူထင်းရှိူ့တွင် အဖျားရှိနေသည်။


သူ့တွင် အဖျားရှိနေရုံတင်မကဘဲ သူက အတွေးလည်း လွန်နေခဲ့သေးသည်။ များပြားသော ပျော်ရွှင်မှုများနှင့် များပြားသော ဝမ်းနည်းမှုများကြား သန်မာပြီး ခွန်အားကြီးသော စစ်သူကြီးပင် အနည်းငယ် တောင့်မခံနိုင်တော့ဘဲ ရိုးရှင်းစွာ သတိလစ်သွားလေတော့သည်။


ယန်ကျင်းဇီသည် သူ့အပေါ် သစ္စာရှိသော တော်ဝင်သမားတော်အား ယောက်ျားချင်းလိင်ဆက်ဆံမှုအတွက် သင့်တော်သော လိမ်းဆီအချို့ကို တောင်းလိုက်သည်။


အစက ချူထင်းရှိူ့၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် ရောက်လာသော တော်ဝင်သမားတော်ဟူသည် ဘာမှမတွေ့ရှိဘဲ ချူထင်းရှိူ့က အအေးပတ်သွားသည်ဟုသာ တွေးခဲ့သည်။ သို့သော် ထို့နောက် ယန်ကျင်းဇီက အစပြု၍ ပြောပြခဲ့သည်...


ဟူသမားတော်သည် စိုးရိမ်ကြောင့်ကြမှုနှင့် ဒေါသတို့ကြောင့် တုန်ယင်နေကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။


အရှင်မင်းကြီး ယခု ပလ္လင်ပေါ်တွင် လုံခြုံနေသည်မှာ ချူစစ်သူကြီးကြောင့်သာ ဖြစ်ပြီး ထိုကဲ့သို့သော ကိစ္စကို ချူစစ်သူကြီးအပေါ် ကျူးလွန်ခဲ့သည်... အရှင်မင်းကြီးက ဧကရာဇ်မင်း မဖြစ်ချင်တော့ဘူးလား?


နောက်ပြီး အရှင်မင်းကြီး၏စကားများအရ သူက ဆက်လက်လုပ်ဆောင်ချင်သေးသည်...


ဟူသမားတော်သည် မရပ်မနား တုန်ယင်နေသဖြင့် ယန်ကျင်းဇီသည် သူ့ကို ပြန်ပို့လိုက်ရုံသာ တတ်နိုင်ပြီး သတိပေးလိုက်သည်။


" သမားတော်ဟူ ဒီကိစ္စက အပြင်ကို မပေါက်ကြားရဘူး။ "


ယန်ကျင်းဇီ၏ သတိပေးစကားများ မကြားရလျှင်ပင် ဟူသမားတော်သည် သတင်းများကို မဖြန့်ဝေရမှန်း သိရှိသည်။ သို့သော် သူသည် တော်ဝင်သမားတော်ဌာနသို့ ပြန်ရောက်သောအခါ သူသည် ထပ်ခါထပ်ခါ သက်ပြင်းချနေခဲ့သည်။


သူ့အပြုအမူများကို သိရှိရန် ပင်းဝမ်အတွက် အချိန်သိပ်မကြာလိုက်ပေ။


သူ့အစ်ကိုတော်က ချူထင်းရှိူ့ကို ရိုက်နှက်ပြန်ပြီလား?


ပင်းဝမ်၏အတွေးများမှာ ယန်ကျင်းဇီသို့ မရောက်ရှိသေးချေ။


သူ့တွင် မူလပိုင်ရှင်၏မှတ်ဉာဏ်များ ရှိပြီး ပင်းဝမ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိထားသော်လည်း ချူထင်းရှိူ့က ရှိနေ‌ဆဲဖြစ်ပြီး သူက မူလပိုင်ရှင်ကဲ့သို့ သူရဲဘောကြောင်သူတစ်ယောက်လည်း မဟုတ်သည့်အပြင် ပင်းဝမ်က ထလိုက်၊ထိုင်လိုက်လုပ်သည်မှလွဲ၍ ဘာမှမလုပ်နိုင်သဖြင့် သူ လုံးဝ မစိုးရိမ်ပေ။


ဤအားလပ်ချိန်ရှိလျှင် ချူထင်းရှိူ့နှင့် အချိန်ကုန်ဆုံးနေသည်ကမှ ပိုမိုကောင်းမွန်ဦးမည်။


ယန်ကျင်းဇီသည် နဂါးခုတင်ပေါ်တွင် လူကို နောက်တစ်ကြိမ် တင်လိုက်ပြန်ကာ ချူထင်းရှိူ့၏ဘောင်းဘီကို ချွတ်ပြီး ဆေးလိမ်းပေးရန် ကြံရွယ်နေခဲ့သည်။


ဤအချိန်မှသာ သူ ရွှေ့လိုက်သည်နှင့်တပြိုင်နက် ချူထင်းရှိူ့က နိုးလာသည် : " အရှင်မင်းကြီး! "


" အိုက်ချင်း လှဲနေလိုက်ပါ။ ကိုယ်တော် မင်းကို ဆေးလိမ်းပေးမယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။


" အရှင်မင်းကြီး အဲ့ဒီ့‌ညစ်ပတ်တဲ့နေရာကို... ကျွန်တော်မျိုး ကိုယ့်ဘာသာ လိမ်းလိုက်ပါ့မယ်... "


" မင်း ငြင်းဆိုရင် ကိုယ်တော် မနေ့ညက လုပ်ခဲ့တာကို နောက်ထပ်အကြိမ်ရေအနည်းငယ် ထပ်လုပ်လိုက်မယ်။ "


ယန်ကျင်းဇီ ခြိမ်းခြောက်လိုက်၏။


ချူထင်းရှိူ့ : " ... " သူ ငြင်းသင့်လား?