Chapter 69
“ဘာလို့မေး နေသေးတာလဲ ဟုတ်လား… ငါပြောတာကို မင်းတစ်ကယ်နားမလည်တာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား…မင်းခြေထောက်တွေက အခု ကောင်းကောင်းအလုပ်မလုပ်သေးတော့ သူမကို လာတွေ့ခိုင်းရမှာပေါ့... ဒီကောင်မလေးက တစ်ကယ်မဆိုးဘူး...ငါ့မြေးမလေးဖြစ်ရင် သိပ်ကောင်းမယ်"
လုပိုင် မျက်လုံးပြူးသွားသည်။ မျှော်လင့်ထားသလိုပင် အဘိုးအိုက အကြံအစည်တစ်ကယ်ရှိနေ၏။
" အဘိုး သူမကို ကောင်းကောင်းသိလား...ကျွန်တော်တို့ ခုမှတွေ့တာလေ...သူ့မှာလည်း တခြားကြိုက်နေတဲ့သူရှိလား၊မရှိလား မသိ၊ သူမက ကျွန်တော့်ကို ကြိုက်လိမ့်မယ်လို့ထင်လား...အဘိုး ဒီမှာ အသာလေးနေလိုက်ပါ…ဘာတွေ လျှောက်တွေးနေတာလဲ"
"ခွေးကောင် မင်းအဘိုးကို စကားကောင်းကောင်း ဘယ်လိုပြောရမလဲဆ်ိုတာ မသိသေးဘူးလား...မင်းသာ အကောင်းတိုင်းဆိုလို့ကတော့ မင်းကို ငါ အသေဗျင်းပစ်မိမှာပဲ"
လုပင်းက သူ့ကို ခြိမ်းခြောက်လေတော့သည်။
(စိတ်လှုပ်ရှားလွန်းသူ...)
လုပိုင်က လုပင်းကို တစ်ချက်ကြည့်လိုက်သည်။အဘိုးဖြစ်က သူ့အား တမင်တကာ ခြောက်လှန့်နေမှန်းသိသည်။ သူ ငယ်ငယ်ကတည်းက ကြီးကြီးမားမား အမှားလုပ်ခဲ့လျှင်ပင် ဘယ်တုန်းကမှ အရိုက်မခံရဖူးပေ။ အဘိုး ဒေါသထွက်လာသည့်အခါတိုင်း သူ့ကို မခေါ်မပြောဘဲသာ နေဖူးသည်။
" မင်းက ကောင်မလေးကြောင့် အသက်ရှင်နေနေနိုင်တာ…ဒါကြောင့် မင်းပြန်ကောင်းလာတဲ့အခါ သူမကို ပိုကူညီဖို့ မမေ့ပါနဲ့...သူမနဲ့ သူ့ဆရာက အရမ်း သဘောကောင်းကြတာ"
"သူမဘေးမှာ တခြားကောင်လေး တစ်ယောက် ရှိနေတယ်မလား"
လုပင်းသည် သစ်သားခေါင်းလို တုံးအသော သူ့မြေးကို ကြည့်လိုက်ကာ ဒေါပွလာရ၏။ လုပိုင်၏ တစ်ယူသန်စိတ်ဆန္ဒတစ်ခုတည်းကြောင့် ရဲအရာရှိဖြစ်လာပြီး သူ့အသက်ကိုပင် စွန့်ရဲသူ ဖြစ်လာရခြင်းပင်။ထိုတစ်ယူသန်စိတ်လေးင အချစ်ရေးဘက်မှာသာ အားသာလိုက်လျှင် အတော်ကို ဟန်ကျပေမည်။
လုပိုင် သူ့အဘိုး ဒေါသထွက်နေသည်ကို မြင်သောအခါ ဘာမှပြန်မပြောဘဲ သူ့စိတ်ထဲတွင် ပြုံးလိုက်မိသည်။တစ်ကယ်တမ်းတွင် သူ အဘိုးဖြစ်သူကို ဒေါသဖြစ်စေရန် မရည်ရွယ်ချေ။ ယခုအချိန် သူ့နှလုံးသားထဲတွင် ပန်းတိုင်တစ်ခုသာရှိသည်။ ၎င်းမှာ သူ့အဖေ၏ မပြီးဆုံးသေးသောဆန္ဒကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ကျန်ကိစ္စများကို လောလောဆယ် ဖယ်ထားမည်ဖြစ်သည်။သို့သော် ယခုမိန်းကလေးသည် သူမြင်နေကျမိန်းမများနှင့် မတူသည်မှာ အမှန်ပင်။ ထိုသို့တွေးမိရင်း သူသည် ပြတင်းပေါက်မှ အပြင်ကိုလှမ်းကြည့်ကာ အတွေးနယ်ပယ်ထဲသို့ တိုးဝင်မိလေတော့သည်။
တစ်ဖက်တွင်၊ ကောယန်သည် အော်ပရေးရှင်းခန်းဝင်ပေါက်တွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။ အော်ပရေးရှင်းခန်းထဲက မီးရောင်များပိတ်ပြီး ဆရာဝန်ထွက်သွားသည့်အခါ သူက စိုးရိမ်တကြီးနှင့်သွားမေးရ၏။
“ဒေါက်တာ လူနာ အခြေအနေ ဘယ်လိုလဲ"
ဆရာဝန် အသက်ပြင်းပြင်းရှူလိုက်၍ ပင်ပန်းနွမ်းနယ်နေသည့်အသွင်ဖြင့်
“ဂုဏ်ယူပါတယ် လူနာရဲ့အသက်က အန္တရာယ်မရှိတော့ပါဘူး… ဒါပေမယ့် ဒဏ်ရာက အရမ်းပြင်းထန်တာကြောင့် အေးအေးဆေးဆေး အနားယူဖို့ လိုပါတယ်"
ဆရာဝန်၏စကားကြားမှ တစ်ချိန်လုံးပူပန်နေရသော သူ့စိတ်ထဲ နောက်ဆုံးတွင် ပြေလျော့သွားသည်။
"တော်သေးတာပေါ့....သူ အသက်ရှင်တာတော်သေးတာပေါ့"
One အဆင်ပြေနေသည်ဟုဆို၍ ကောယန် သည် ပိုအရေးကြီးသော အလုပ်တစ်ခုရှိသဖြင့် လှည့်ထွက်သွားလိုက်သည်။မကြာမီ One ကို အသက်ရှူစက်နှင့် သတိလစ်နေဆဲပုံစံဖြင့် ခွဲစိတ်ခန်းထဲမှ တွန်းထုတ်လာ၏။
လုပင်း ၏လူများသည် စုမုန့် ကို ရှေးဟောင်းပစ္စည်းဆိုင်သို့ တိုက်ရိုက်ပို့ပေးသည်။ စုမုန့် ကားဒရိုင်ဘာကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ကားပေါ်မှ ဆင်းခဲ့သည်။ယခုတစ်ခေါက်ကို အတော်ရက်ကြာမည်ဟု သူမ ထင်ထားသော်လည်း နှစ်ရက်သာ ကြာခဲ့သည်။ ယခု သူမသည် ရှန့်ကျန်း ၏ အလုပ်ကိစ္စကို တွေးနေမိသည်။ရှန့်ကျန်း၏ ဖောက်သည်နှင့်အလုပ်ကိစ္စ အတည်ပြုပေးဖို့ ပြောရပေဦးမည်။
ဆိုင်ထဲတွင် ရှေးဟောင်းပစ္စည်းဝယ်သည့်ဖောက်သည်တစ်ဦးရှိနေသည်။ ကောရှန်း သည် ထိုလူအား ရှေးဟောင်းပစ္စည်းများကို မိတ်ဆက်ပေးနေစဉ် စုမုန့် ပြန်လာသည်ကိုမြင်သောအခါ နှုတ်ဆက်ပြီး ဖောက်သည်များကို ဆက်လက် လက်ခံစကား ပြောဆိုနေသည်။
"ရှင့်ရဲ့ဖောက်သည်ကို နောက်မှဖုန်းဆက်ပြီး ပြန်ဆက်သွယ်လိုက်လေ...ကျွန်မတို့ ပြန်ရောက်ပြီ လို့ပြောပြီး မနက်ဖြန် ဘယ်အချိန် လာရမလဲဆိုတာ မေးလိုက်ပါလား"
သူမ အခန်းထဲမပြန်ခင် ရှန့်ကျန်း ကိုမှာလိုက်၏။
“ကောင်းပြီလေ"
ရှန့်ကျန်း လည်း သဘောတူပြီးနောက် သူ့အခန်းသို့ ပြန်သွားခဲ့သည်။
စုမုန့် ပင်ပန်းနေပြီဖြစ်၍ အခန်းထဲပြန်ရောက်ပြီးနောက် ကုတင်ပေါ်တွင် လှဲလိုက်၏။ထို့နောက် အိတ်ထဲတွင် မြေခွေးလေးရှိနေသေးကြောင်း သတိရသဖြင့် အမြန်ထကာ မြေခွေးလေးကို ထုတ်လိုက်သည်။ စစ်သားတွေက မြေခွေးလေးကို ဆေးကြောသန့်စင်ထားသဖြင့် နှင်းဖြူ အမွှေးများနှင့် အလွန်ချစ်ဖို့ကောင်းနေသည်။ အိတ်ထဲတွင် နို့ဘူးပါသောကြောင့် လောလောဆယ် ဗိုက်ဆာသေးဟန်မတူပေ။ မျက်လုံးပြူးပြူးဖြင့် သူမကိုသာ ကြည့်နေသည်။
“ကောင်လေး အခုကစပြီး မင်းဒီမှာနေလို့ရတယ်…ဒီနေရာက အရမ်းကြီး အထက်တန်းမကျပေမယ့် အနည်းဆုံးတော့ မင်းကောင်းကောင်းစားနိုင်ပြီး သက်တောင့်သက်သာ အိပ်နိုင်တယ်”
သူမ မြေခွေးလေးကို ကုလားထိုင်ပေါ်မှာ ချထားပြီးနောက် အနားယူဖို့ ပြင်လိုက်သည်။ သူမ ပင်ပန်းနေတာကြောင့် ကောင်းကောင်းအိပ်စက်ရန် လိုအပ်သည်။ မနက်ဖြန်ကျလျှင်လည်း အော်ဒါရှိနိုင်သေးသည်။
မြေခွေးလေးမှာ ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း သူမ အိပ်ပျော်နေသည်ကို မြင်သောအခါ အသံမထွက်တော့ဘဲ ဘောလုံးလေးလို ကွေးကာ အိပ်ပျော်သွားတော့သည်။ သူမ ညစာတောင်မစားဘဲ နောက်နေ့ ၅ နာရီအထိ အိပ်ပစ်လိုက်သည်။ထို့နောက် သူမ အခန်းပြင်ကို အကြောဆန့်ပြီး ထွက်သွားသည်။မြေခွေးလေးသည် သူမထွက်သွားသည်ကို မြင်သောအခါတွင် သူမနောက်သို့ လိုက်သွားခဲ့သည်။
စုမုန့် သည် သူမကိုယ်သူမ အစောကြီး နိုးနေပြီဟု ထင်ခဲ့မိသည်။သို့သော် ရှန့်ကျန်း စောစောနိုးနေမည်ဟု မမျှော်လင့်ထားပေ။သူသည် ရေတောင်ချိုးထားပုံရပြီး ဗီဒိုများကို သန့်ရှင်းရေးလုပ်နေသည်။
"ကိုယ် မနေ့က လုစစ်ကိုဖုန်းဆက်တယ်...ကိုယ်တို့ ဒီနေ့ သွားလို့ရပြီ"
သူ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ စုမုန့် က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး "ဘာလို့ အရမ်းပျော်နေတာလဲ"
လုစစ် က အရမ်းလှနေလို့များလား... သို့သော်လည်း သူမ၏ နားလည်မှုအရ ရှန့်ကျန်း သည် ဤမျှလောက် မိန်းမများအား စိတ်ဝင်စားသူမဟုတ်ပေ။
စုမုန့် ၏မေးခွန်းကိုကြားလျှင် ရှန့်ကျန်း က ခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်းဖြင့်ပြောသည်။
"အင်း၊တို့က ပိုက်ဆံမရဘဲ ကိစ္စနှစ်ခုကို ဖြေရှင်းပြီးပြီ…ဒီတစ်ခါ သဘောတူထားတဲ့ ငွေကြေးပမာဏက အများကြီးဆိုတော့လည်း…”
ထိုအခါ သူမလည်း ခေါင်းညိတ်ပြီး
"ကျွန်မတို့စားပြီးရင် သွားမယ်…မနေ့ညက ဘာမှမစားထားတော့ အခု ဗိုက်ဆာလွန်းလို့မနေနိုင်တော့ဘူး"
(သရဲတစ္ဆေမြင်ဖူးသွားပြီ....)
"ကောင်းပြီ၊ ကိုယ် အစားအသောက်တွေ ပြင်ဆင်ပြီးပြီ...ပန်းကန်ထဲကို ထည့်ဦးမယ် ခဏစောင့်"
ရှန့်ကျန်း က ချက်ချင်း ထမင်းဟင်းများခူးခပ်ဖို့ မီးဖိုချောင်ကို ပြေးသွားသည် ။ ပူပူနွေးနွေးနှင့် အရသာရှိသော အစားအစာကို ကြည့်ရင်း စုမုန့် ကျေနပ်စိတ်များဖြစ်လာသည်။
ထမင်းစားပြီးနောက် စုမုန့် သည် လျှပ်စစ်စက်ဘီးကိုစီးပြီး ရှန့်ကျန်း နှင့်အတူ ဖောက်သည်၏အိမ်သို့ သွားခဲ့သည်။ ရှန့်ကျန်း က သူမကို အနောက်ကနေ လမ်းပြ၏။အတန်ကြာသောအခါ သူ ပြောသည့် ဗီလာကြီးရှေ့သို့ ရောက်လာသည်။ စုမုန့် သည် သူမရှေ့မှ အိမ်အား လှမ်းကြည့်ရင်း အနည်းငယ် ရှိန်သွားသည်။အိမ်က အလွန်ကြီးပြီး နှစ်ထပ်ရှိသည်။ သို့သော် ပတ်ဝန်းကျင်တွင် ဤအိမ်တစ်လုံးတည်းသာရှိသဖြင့် အထီးကျန်ဆန်နေ၏။ အထူးသဖြင့် ဤနေရာသည် ဆင်ခြေဖုံးရပ်ကွက်များနှင့်ပင် အလွန်ဝေးသည်။ ဤနေရာတွင် အိမ်တစ်အိမ်သာရှိသဖြင့် ရာဇ၀တ်ကောင်များ ပစ်မှတ်ထားရန် အလွန်လွယ်ကူတတ်သည်။ ထို့အပြင်၊ ဤအိမ်၏ ဖုန်းရွှေသည်မကောင်းပေ။အိမ်ရှေ့၌ ပိုးစာပင်နှင့် အိမ်နောက်ကျော၌ မိုးမခပင်ကို မစိုက်ရဆိုသည့် စကားပုံရှိသည်။ ပိုးစာပင်သည် စိတ်ဝိညာဉ်ကို ဆွဲဆောင်ရန် လွယ်ကူပြီး ယင်ဂုဏ်သတ္တိလည်းရှိသည်။ အိမ်ရှေ့မှာ စိုက်ခြင်းက ယင်စွမ်းအင်ကို ဖိအားပေးသလိုဖြစ်ပြီး အိမ်ပိုင်ရှင်အတွက် မကောင်းပေ။
ဤအိမ်ရှေ့မှာ ပိုးစာပင်ကြီးတစ်ပင် စိုက်ထားသည်။အတော်လေးအိုနေပြီး ပင်စည်တုတ်ကာ အတော်မြင့်မားသည်။ စုမုန့် သည် သူမရှေ့ရှိ နှစ်ထပ်အိမ်ကြီးအား လှမ်းကြည့်ကာ အထဲဝင်ရန် အလွန်ဝန်လေးနေမိသည်။
ရှန့်ကျန်း တံခါးဘဲလ်တီးနေစဉ် တံခါးနှင့် နှစ်မီတာအကွာတွင် သူမ ရပ်နေခဲ့သည်။ ကြိုတင်အကြောင်းကြားထားပြီးဖြစ်၍ တံခါးဘဲလ်သံက 12စက္ကန့်မျှသာ မြည်ခဲ့ပြီး စက္ကူကဲ့သို့ ဖြူဖျော့နေသော မျက်နှာတစ်ခု ပေါ်လာသည်။ သူမတွင် အနီရောင်နှုတ်ခမ်းကြီးတစ်စုံရှိပြီး အနက်ရောင်ဆံပင်ရှည်ကြီးသည် တစ်ကိုယ်လုံးကို ပတ်ထားသည်။နက်ပြာရောင် မျက်တွင်းနက်ကြီးကြောင့် သူမသည် သရဲတစ်ကောင်နှင့်တူသည်။
ရှန့်ကျန်း သည် သူမ၏မျက်နှာကိုမြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားပြီး ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားကာ လဲကျလုနီးပါးဖြစ်ခဲ့သည်။
"မစ္စတာရှန့် "
ရှန့်ကျန်း ကိုတွေ့လျှင် အမျိုးသမီးက ချက်ချင်းပြုံးပြီး သူ့ကိုဖမ်းဖို့ လက်ဆွဲလိုက်သည်။ မိန်းမ၏လက်သည် သွေ့ခြောက်သောသစ်ကိုင်းလို အကြောပြိုင်းပြိုင်းထနေ၏။လက်သည်းရှည်တွေလည်းရှိနေပြီး အနီရောင်သွေးနေကြသည်။
"အိုး သရဲကြီး"
အမျိုးသမီးက သူ့ကိုဖမ်းဆွဲလိုက်သဖြင့် ရှန့်ကျန်း အတင်းအော်ကာ စုမုန့်ဆီကို ပြေးလေတော့သည်။သူသည် သူသည် သရဲတစ္ဆေများကို အကြောက်ဆုံးဖြစ်သည်။သရဲဇာတ်ကားတောင် မကြည့်ဝံ့ပေ။ထို့ကြောင့်ကြောက်စရာကောင်းသည့် အမျိုးသမီးကို ရုတ်တရက်တွေ့လိုက်သောအခါ သူ ဘယ်လိုမှ မကြောက်ဘဲ မနေနိုင်တော့။
ရှန့်ကျန်း၏ တုံ့ပြန်မှုကို စုမုန့် မြင်သောအခါ၊ သူ့ကို နှစ်သိမ့်သည့်အနေဖြင့် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး အံကြိတ်သံဖြင့် ဆိုလိုက်သည်။
“ရှန့်ကျန်း သေချာကြည့်....လူကြီးလေ"
ထိုအခါမှ ရှန့်ကျန်း တိတ်ဆိတ်သွားသည်။ နေ့ခင်းကြောင်တောင် တစ္ဆေတစ်ကောင် ဘယ်လိုထွက်လာနိုင်မှာလဲ…သူ အိုဗာလုပ်နေမိတာ မဟုတ်ဘူးလား
“တောင်းပန်ပါတယ်... လုစစ် အိမ်မှာရှိသလား"
"ကျွန်မက လုစစ်လေ ဆရာရှန့်… နှစ်ရက်ပဲ မတွေ့ရတာကို ဘာလို့ ကျွန်မကို မမှတ်မိတာလဲ…ရှင်ပြောခဲ့တဲ့လူက ကျွန်မကိုကူညီနိုင်မယ်မလား…ကျေးဇူးပြုပြီး အထဲဝင်ပါ"
“အဲဒီနေ့က ကိုယ်ရောက်တုန်းက သူဒီလိုမဟုတ်ဘူး…သူမ အဲ့ဒီတုန်းကလည်း ပိန်ပေမယ့် အခုလို အရမ်းကြီးမပိန်ဘူး"
ရှန့်ကျန်း က စုမုန့် ကို မှီ၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ စုမုန့် က ခေါင်းတညိတ်ညိတ်နှင့် အကြောင်းမပြန်ပေ။
ထို့နောက် လုစစ် တံခါးဖွင့်ပြီး စုမုန့် နှင့် ရှန့်ကျန်း ကို ဖိတ်ခေါ်လိုက်သည်။စုမုန့် သည် အိမ်ထဲသို့ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ဤအိမ်က တစ်ကယ်ကို ထူးဆန်းနေသည်။ သူမ မဝင်ချင်သော်လည်း လုစစ် ၏ အခက်အခဲများကို နားလည်လိုပါက ဝင်ရမည်ဖြစ်ပါသည်။သူမ အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ အိမ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်၏။
လုစစ် က သူတို့ကို ထိုင်ခိုင်းပြီး လက်ဖက်ရည်တစ်ခွက်စီ ယူလာပေး၏။ စုမုန့် မသောက်ပေ။သို့သော် ရှန့်ကျန်းက သောက်မည်ပြုနေ၍ သူမ သူ့လက်ကို ပုတ်ပြီး မသောက်ဖို့ အချက်ပြလိုက်၏။
"မစ္စလုမှာ ဘာပြဿနာ ကြုံခဲ့ရသလဲ"
စုမုန့် သည် တံခါးနားရှိ ကုလားထိုင်ပေါ်တွင်ထိုင်ကာ လုစစ် ဘေးနားက ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရင်း မေးလိုက်သည်။လုစစ် သည် ရှန့်ကျန်း ဘေးတွင်ထိုင်ကာ သက်ပြင်းချလိုက်သည်။
"ကျွန်မ ကျိန်စာသင့်ခံရတယ်လို့ ထင်တယ်"
ထိုစဉ် ရှန့်ကျန်းက စုမုန့်ကို ကြည့်ပြီး
"ကျိန်စာသင့်တယ်ဟုတ်လား…ကျိန်စာဆိုတာ ဘာလဲ"
“ရှင် မနှောင့်ယှက်ပါနဲ့... မစ္စလု ဆက်လုပ်ပါ"
စုမုန့် က ရှန့်ကျန်း ကို မျက်စောင်းထိုးကာ ဝင်ဟန့်လိုက်သည်။
“မကြာသေးခင်က ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်…ကျွန်မ အိပ်ပျော်သွားတဲ့အခါ ရေချိုးခန်းထဲက ရေတွေ တဖွဲဖွဲကျသံကို ကြားလိုက်ရတယ်…ပြီးတော့ အသံကိုလိုက်ချောင်းကြည့်တော့ ရေပိုက်က ရေယိုနေသလားဆိုပြီး သွားကြည့်တယ်…ပိုက်ကလည်း အကောင်းကြီးပါ...ဒါနဲ့ ဘေစင်နားက မှန်ကို ကြည့်နေမိတယ်တဲ့"
xxxxxx