Chapter 71
(အနက်သဘော)
စုမုန့်၏ လုပ်ရပ်ကိုမြင်သည့် လုစစ် က ပြုံးပြီးပြောသည်။
"အစ်က်ိုက ဒီအိမ်ကို ဝယ်ခဲ့တာ…သူနဲ့ အတူနေတာ ကြာခဲ့ပြီ ဆိုတော့ မရောင်းချင်ဘူး... ဒါ့ပြင် အန္တရာယ် သိပ်မရှိပါဘူး...ကြည့်လေ ကျွန်မ ဒီမှာနေနေတာကြာပြီကို အခုထိ ဘာမှ မဖြစ်သေးဘူး"
"မှန်ပါတယ်…ဒါဆို ရှင့်ကို ကျွန်မတွေ့တဲ့ ပြဿနာကို ပြောပြမယ်...ဒီအိမ်မှာ အရမ်းကိုဆိုးတဲ့ ဖုန်းရွှေရှိတယ်…ပုံမှန်ဆို အိမ်ရှေ့မှာ ပိုးစာပင်တွေ စိုက်လို့မရဘူး...အခု အိမ်ရှေ့မှာ ပိုးစာပင်ကြီး အကြီးအကြီး ရှိနေတယ်"
စုမုန့်က ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသည့် ပိုးစာပင်ကို ပြရင်းပြောလိုက်သည်။လုစစ် က ခေါင်းညိတ်ပြီး "နောက်ထပ်ရှိသေးလား"
“ကျွန်မရဲ့ အသိပညာက အားနည်းတာကိုတော့ ခွင့်လွှတ်ပါ…ဒါပေမယ့် တခြားပြဿနာတွေတော့ မတွေ့ပါဘူး…ဒီသစ်ပင်ကို ရှင်ဘာလို့အရင်မခုတ်တာလဲ"
လုစစ် ဝမ်းနည်းနေပုံရကာ သက်ပြင်းချလိုက်သည်။
“ဒါဆိုလည်း သစ်ပင်ခုတ်လိုက်ပြီး အလုပ်ဖြစ်မဖြစ် စမ်းကြည့်မယ်"
"ကောင်းပြီလေ၊ ကဲ ကျွန်မတို့ သွားမယ်... ဘာမှ ပေးစရာ မလိုဘူး… တခြားပြဿနာက ရှိကောင်းရှိနိုင်ပေမယ့် ကျွန်မက မမြင်နိုင်ဘူးဆိုတြာိုတော့ တောင်းပန်ချင်ပါတယ်… "
စုမုန့် က ပြောပြီးနောက် ရှန့်ကျန်း ကို ဆွဲခေါ်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။သို့သော် သူမ တံခါးဖွင့်ခါနီးမှာ လုစစ် က သူမကို တားလိုက်၏။
"မစ္စစု၊ တစ်ကယ်ပဲ တခြားပြဿနာတွေ မတွေ့နိုင်ဘူးလား…ဒါပေမယ့် ဒီပိုးစာပင်ကို ခုတ်လှဲလိုက် ရင်တောင်အိပ်မက်ဆိုးတွေ ထပ်မက်လာရင် ဘယ်လိုလုပ်မလဲ”
"ဒါဆို နောက်ထပ် ဖုန်းရွှေပညာရှင်ကို ငှားလို့ရတယ်"
စုမုန့် သည် လုစစ်ကိုသာ စိုက်ကြည့်နေပြီး တုန်လှုပ်ဟန်မပြ။စုမုန့် စကားကုန်ပြောပြီးပြီမို့ ဆက်မေးလျှင်လည်း အကြောင်းမထူးပြီးမို့ လုစစ် ထွက်သွားခွင့်ပေးလိုက်သည်။
ရှန့်ကျန်း သည် စုမုန့် နောက်သို့ စကားတစ်ခွန်းမှ မပြောဘဲ လိမ္မာပါးနပ်စွာ လိုက်သွားခဲ့သည်။
"ဆရာမ တစ်ကယ်မမြင်တာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား"
ရိုးရိုးသားသား ပြောရလျှင် အမွှေးတိုင် မီးလောင်နေပုံကိုကြည့်ပြီး တစ်ခုခု မှားနေမှန်း သူတောင် မြင်နေရသော်လည်း စုမုန့် က မမြင်ရကြောင်း ပြောလေသည်။သူမမှာ လှည့်ကွက်အချို့ရှိရမည်။ထိုသို့ သူတွေးရင်း သူ့ကိုယ်သူ ပိုထက်မြက်လာသလို ခံစားရမိသည်။
“ကျွန်မ သူမအတွက် ဗေဒင်ဟောပေးရုံနဲ့ သူမရဲ့ ကံကြမ္မာက နဂိုက တော်တော်ကောင်းမှန်း သိလိုက်ရတယ်…သူမက မချမ်းသာပေမယ့်အနည်းဆုံးတော့ စားဝတ်နေရေးတွက် စိတ်ပူနေစရာ မလိုဘူး…ဒါပေမာ့် သူမ ကံကြမ္မာမှာ လူသတ်မှု အရိပ်အမြွက် အရိပ်အမြွက် ထွက်ပေါ်လာခဲ့ပြီး သူမ၏ ကောင်းတဲ့ကံကြမ္မာကို စုပ်ယူသွားခဲ့တယ်"
“ဒီလူသတ် ရောင်ဝါက သိပ်မကြာသေးခင်ကပဲ ပေါ်လာတာ… လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပေါ့…အများကြီးမဟုတ်ပေမယ့် သူ့ကံကြမ္မာကို တိုက်ရိုက်ထိခိုက်စေတယ်…အဲ့အချိန်ကစပြီး သူမရဲ့ကံကြမ္မာဟာ ကံဆိုးမှုတွေနဲ့ ပြည့်နှက်နေပြီး မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားနိုင်ပါတယ်”
စုမုန့် က ရှင်းပြခဲ့သည်။
"မင်းပြောတဲ့အတိုင်း သူမက မချမ်းသာဘူးဆိုရင် ဘာလို့ ဒီလောက်ကြီးကျယ်တဲ့ ဗီလာကြီးမှာ နေရတာလဲ" ရှန့်ကျန်း အံ့ဩသွားသည်။
“ဒီနေရာက ဝေးလံခေါင်သီတဲ့ဒေသမှာ ရှိတာဆိုတော့ အိမ်က ဈေးမကြီးဘူး… ဗီလာထဲက အလှဆင်ထားတာကို ကြည့်ရင် ကျွန်မလို အပြင်လူတောင် ပရိဘောဂတွေက အရမ်းတန်ဖိုးကြီးတယ် ဆိုတာပြောနိုင်တယ်” ရှန့်ကျန်း အံ့ဩသွားသည်။
“ဒါက ကျွန်မလည်းမသိတဲ့ ပြဿနာပဲ....သူမ အခု ချမ်းသာနေတယ်ဆိုတဲ့ အချက်ကို ဘေးဖယ်ထားလိုက်ရအောင်…သူမတို့ မောင်နှမက မိဘတွေဆီကနေ အမွေတွေရတယ်လို့ပြောတယ်…အဲ့ဒီကတည်းက လိမ်နေတာ"
"ဒါဆို ဘာဖြစ်တာလဲ…သူမကံကြမ္မာကို ပြောင်းလဲဖို့ တစ်စုံတစ်ယောက်ကို ရှာထားတာလား… ဒါမှမဟုတ် သူမ ဘဝကို ချမ်းသာပြီး သြဇာကြီးတဲ့သူနဲ့ လဲလှယ်ခဲ့တာလား”
ရှန့်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။အရာရာတိုင်းက ပိုပိုပြီး ရှုပ်ထွေးလာသလိုမျိုး သူ ခံစားရ၏။
“ကံကြမ္မာကို ပြောင်းလဲတာ ဒါမှမဟုတ် သူ့ဘဝကို လဲလှယ်တာကလည်း သာမန်နည်းလမ်းတစ်ခု မဟုတ်ဘူး....ဒါပေမယ့် သူမက ကောင်းကင်ကို ဆန့်ကျင်ပြီး အရက်စက်ဆုံးနည်းလမ်းကို သုံးခဲ့တာ"
ရှန့်ကျန်း သည် စုမုန့် ကိုကြည့်နေရင်း သူ့မျက်နှာအမူအရာက တဖြည်းဖြည်း လေးနက်လာသည်။
"ဘာနည်းလမ်းလဲ"
“တခြားသူရဲ့ ပစ္စည်းကို လုပြီး မူလပိုင်ရှင်ကို သတ်ပစ်တာ… စောစောက မိန်းမရဲ့ စကားအရ လုစစ် မှာ အစ်ကိုတစ်ယောက် ရှိတယ်ဆိုတဲ့ အချက်က မှန်ပါတယ်...ဒါပေမယ့် အစ်ကိုလုပ်သူနဲ့ ဆက်စပ်မှု ရှိ၊ မရှိက မသေချာဘူး…သူတို့နှစ်ယောက်က အဝေမတည့်ပြီး ယောက်ကိုတစ်ယောက် သတ်ချင်နေတာ ဖြစ်နိုင်တယ်”
“ပြီးတော့ သူမ ကျွန်မတို့ကို ဒီကိုလာခိုင်းရတဲ့ အကြောင်းရင်းက လက်စားချေခံရလို့ပါပဲ…လူသတ်သမားတစ်ယောက်ရဲ့ ကံကြမ္မာမှာ အနက်ရောင် မြူခိုးတစ်ခုရှိနေတတ်တယ်… အနက်ရောင် မြူခိုးတွေက သူတို့ ကံကြမ္မာကို တဖြည်းဖြည်း တိုက်စားပြီးပြောင်းလဲလိုက်တယ်…ပြီးတော့ တွင်းနက်ကြီးထဲကို တဖြည်းဖြည်းနစ်မြုပ်သွားမယ်…ပြီးရင် ပြန်မထနိုင်တော့ဘူး…ဒါကြောင့်လည်း လူသတ်သမားတွေက လူသတ်လိုက်တဲ့အခါ နောင်တမရဘဲ နောက်ထပ်လူတွေကို သတ်ချင်လာကြတာ"
(ဖန့်ယင်း ၏စကားများ...)
ရှန့်ကျန်း မျက်နှာက ကြောက်မက်ဟန်များ အထင်းသားပေါ်လာသည်။သူသည် သာမာန်ဖုန်းရွှေပညာရှင်သာ ဖြစ်ချင်သည်။ရှုပ်ထွေးသော အမှုထဲကိုဝင်ပါမိပြီး အသတ်ခံရမှာကိုစိုးရိမ်နေမိသည်။
“ဒီလိုအဖြစ်မျိုးတွေကို ချေဖျက်နိုင်စွမ်း လူတိုင်းမှာ မရှိဘူး…ကံကြမ္မာက ဆိုးဝါးပြီး အများအားဖြင့် အမြဲရန်လိုနေသူကပဲ လုပ်နိုင်တယ်...လုစစ်ရဲ့ ကံကြမ္မာက မှိန်ဖျော့နေတယ်...ဒါ့အပြင် သူမပတ်ဝန်းကျင်က နာကြည်းမှုတွေက အတော်လေးကို နက်ရှိုင်းလွန်းလို့ ပိုဆိုးသွားတာ"
စုမုန့်က ဆက်လက်ပြောပြသည်။
"သူမက နေ့တိုင်း ဒီလိုထူးဆန်းတဲ့ အိပ်မက်ကို မက်တယ်လို့ ပြောခဲ့တယ် ...ဒါလည်း မှန်နိုင်တယ်…တစ်ချို့ လူသတ်သမားတွေက သတ်ဖြတ်ရတာကို ပျော်ရွှင်မှုတစ်မျိုးအဖြစ် ခံယူကြတယ်…သူတို့စိတ်က အမြဲမတည်ငြိမ်နေတော့ လျှောက်တွေးကြတာ"
"လုစစ်ရဲ့ အပြုအမူတွေက ထူးဆန်းနေပေမယ့် သူ့အစ်ကိုကို အပျော်သဘောနဲ့ သတ်တာမဟုတ်ဘူး…အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်နိုင်တယ်…သူ့အစ်ကိုကို သတ်တဲ့နေ့မှာ ပတ်ဝန်းကျင်မှာ မှန်တစ်ချပ်ရှိခဲ့ရမယ်…သူမက သတ်ပြီးတာနဲ့ မှန်ထဲမှာ ကိုယ့်ကိုယ်ကို မြင်လိုက်ရတယ်…သူ့စိတ်ထဲက မှန်ထဲက ပုံဟာ သူမ မဟုတ်ဘူးလို့ ထင်နေလိမ့်မယ်…ပြီးတော့ အိမ်က ဖုန်းရွှေညံ့တယ်… အဲဒါကြောင့် သူမကို အိပ်မက်ဆိုးတွေက အမြဲတစေ ခြောက်လှန့်နေတာ…အဲ့ဒီလိုအကြောင်းအမျိုးမျိုးကြောင့် သူမ ခန္ဓာကိုယ်ကို ပိုဆိုးသွားစေတယ်...သူမရဲ့ ကံကြမ္မာကလည်း ဆိုးရွားလာတယ်…အခု သူမဟာ အရိုးစုတစ်ခုလို ဖြစ်နေပြီ”
စုမုန့် က ရှန့်ကျန်းကို သူမသိသမျှနှင့် ခန့်မှန်းချက်များကို ပြောပြသည်။
"ဟုတ်လား… ကိုယ် ပထမဆုံးရောက်ဖူးတဲ့ အချိန်ကလည်း သူမ စိတ်ကပုံမှန်မဟုတ်ဘူးလို့ ထင်မိတာ… ါပေမယ့် ဟိုတစ်ရက်က အဲဒီကိုသွားတုန်းကတော့ သူမက အခြေအနေကောင်းနေပြန်ရော...သာမာန်လိုပဲ… နှစ်ရက်ကလေးနဲ့ ဘာလို့ သူမ အရမ်းပိန်းရတာလဲ"
ရှန့်ကျန်းသည် အခြားအရာအားလုံးကို နားလည်သော်လည်း လုစစ်၏ ပုံပန်းအသွင်အပြင်နှင့် ပတ်သက်၍ မေးခွန်းများ ပြည့်နှက်နေခဲ့သည်။
"ပိန်ပြီးသား မိန်းကလေးတစ်ယောက်ဟာ နှစ်ရက်ကြာအောင် အစာမစားရင် သိပ်မသိသာပေမယ့် နည်းနည်းပြည့်တဲ့ သူကတော့ နှစ်ရက်ကြာအောင် မစားရင် ပိန်သွားတတ်တယ်”
ရှန့်ကျန်း: "..."
ထို့နောက် စုမုန့် သည် ရှန့်ကျန်း နှင့်အတူ လျှပ်စစ်စက်ဘီးကို ဖြည်းညှင်းစွာစီးခဲ့သည်။ သို့သော် လမ်းထောင့်တွင် ရင်းနှီးနေသူတစ်ဦးကို တွေ့လိုက်ရသည်။ စုမုန့် အမြန်စီးလာပြီး ဖန့်ယင်း ဘေးမှာ ရပ်လိုက်သည်။
“နင်တို့နှစ်ယောက်ပဲ...ဘာလို့ လုစစ်နဲ့ အတူမနေကြတာလဲ...သူမ ထူးဆန်းနေတာကို သတိထားမိလား"
"ငါတို့က သူ့သူငယ်ချင်းတွေမဟုတ်ဘူး...သူမက ကူညီဖို့ ခေါ်လိုက်တာပါ…ကြည့်ရတာ နင် တစ်ခုခုတော့ သိပုံရတယ်” စုမုန့် က မေးလိုက်သည်။
ဖန့်ယင်း က စုမုန့် ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ "နင်က တစ်ကယ်သူမရဲ့သူငယ်ချင်းမဟုတ်ဘူးလား"
စုမုန့် ခေါင်းညိတ်လိုက်ရာ သူမက ပြုံးပြီး "ဟားဟား…ငါ ထင်သားပဲ...သူ့လိုစရိုက်မျိုးနဲ့ ဘယ်သူက သူငယ်ချင်းလုပ်မှာလဲ"
"ငါတို့ကို အသေးစိတ်ရှင်းပြနိုင်မလား"
“သူမကို စတွေ့ကတည်းက အရမ်းထူးဆန်းတယ်လို့ ထင်ခဲ့တယ်… စကားအများကြီး မပြောတတ်ဘူး၊ တခြားသူတွေကိုလည်း စိုက်ကြည့်တယ်… သူ့အစ်ကိုနဲ့ငါက သူငယ်ချင်းကောင်းတွေမို့ မကြာခဏတော့ အတူတူ သွားလာနေဖြစ်ကြတယ်”
"နင်က သူ့အစ်ကိုရဲ့ရည်းစား မဟုတ်ဘူးလား"
စုမုန့် က ဖန့်ယင်း ကို ကြားဖြတ်ဝင်ပြောလိုက်၏။ စုမုန့် ၏မေးခွန်းကိုကြားသောအခါ ဖန့်ယင်း ရယ်ပြန်သည်။
“အဲဒါ သူမ ပြောတာလား…ငါက သူ့အစ်ကိုရဲ့ရည်းစားလို့ ပြောတာလား"
“ဟုတ်တယ်” စုမုန့် ခေါင်းညိတ်သည်။
" ရယ်စရာကောင်းလိုက်တာ...လုစစ် က အရမ်းလိမ်ညာတတ်တာ… ငါက သူ့အစ်ကိုရဲ့ရည်းစားလို့တောင် ပြောနေတယ်ပေါ့လေ…သူမနဲ့ သူ့အစ်ကိုက တခြားပြည်နယ်က…သူတို့ ဒီကို အရင်ရောက်တုန်းက သူတောင်းစားလိုပဲ အဝတ်စုတ်တွေ ၀တ်ထားတယ်”
“အဲဒီနေ့က ကျွန်မကို လာနှောင့်ယှက်သူတွေကို သူတို့က ကူညီပေးခဲ့လို့ ငါကပဲ အဝတ်အစားဝယ်ပေးထမင်းကျွေးတယ်…သူတို့ကို သာမာန်လူတွေလို သန့်ရှင်းသွားအောင် ကူညီပေးခဲ့တယ်…သူတို့က ငါ့ကို ကယ်တင်ခဲ့တဲ့အတွက် သူတို့ကို အလုပ်ရှာပေးချင်ခဲ့တယ်…သူတို့မှာ များများစားစား ဝင်ငွေမရှိပေမယ့် အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ ထောက်ပံ့ဖို့ အိမ်ငှားပြီး စားသောက်နိုင်ရင် ငါ အရမ်းကျေနပ်တယ်လေ"
“ဒါပေမယ့် ငါ့အကူအညီမပါဘဲ သူတို့နေစရာကို သူတို့ဘာသာ ရှာကြတယ်…သူတို့နေခဲ့တဲ့နေရာကိုလည်း တစ်ခါမှ မပြောခဲ့ဘူး…သူတို့ အားရင် ငါ့ဆီ လာတွေ့တယ်…ဒီလိုနဲ့ ငါတို့ သူငယ်ချင်းဖြစ်သွားတယ်”
"လုနင် က အကျင့်ကောင်းရှိတယ်… သူက လူတွေကို ကြင်နာတတ်တယ်… သူ့ညီမကိုလည်း ကောင်းကောင်း ဂရုစိုက်ရုံတင်မကဘဲ ကျွန်မကိုလည်း ကောင်းကောင်း ဂရုစိုက်တယ်…ဒါပေမယ့် လုစစ် ကတော့ မတူဘူး…တစ်ယောက်ယောက်က သူမကို သန်းနဲ့ချီပြီး အကြွေးတင်နေသလိုမျိုး နေ့တိုင်း မှုန်ကုပ်ကုပ် မျက်နှာထားကြီးနဲ့ပဲ"
( ငါ ဘယ်သူ့ကို ယုံကြည်ရမလဲ...)
“အစပိုင်းမှာတော့ အရာအားလုံးက ပုံမှန်ပါပဲ၊ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က အခြေအနေတွေ တစ်မျိုးဖြစ်လာတယ်…မောင်နှမနှစ်ယောက်က ကျွန်မကို သိပ်မတွေ့တော့ဘဲနောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံး ပျောက်သွားတယ်…တစ်နေ့မှာ အစ်ကိုလုနင်က ရုတ်တရက် ကျွန်မကို ဖုန်းခေါ်ပြီး သူ့ညီမက ပုံမှန်မဟုတ်ဘူးဆိုပြီး ပြောပါတယ်"
"လုစစ်က ညသန်းခေါင်ကြီး တစ်ယောက်တည်း ရေချိုးခန်းသွားတတ်ပြီး မနက် 2 နာရီအထိ အဲဒီမှာပဲ နေတတ်တယ်တဲ့"
"လုစစ်က အိပ်ငိုက်နေတာလို့ သူ မထင်ဘူး... သူမကို ဆေးရုံခေါ်သွားချင်ပေမယ့် လုစစ် က ငြင်းနေခဲ့တယ်…လုနင် က လုစစ်ကို ကူညီပေးဖို့ ငါ့ဆီ တောင်းဆိုခဲ့တယ်…အဆင်မပြေရင် ငါတို့ သူ့ကို ကြိုးချည်ပြီး ဆေးရုံပို့လိုက်မယ်ဆိုတဲ့အထိ တွေးထားကြတာ”
"ဒါပေမယ့် လုနင် ဖုန်းခေါ်ပြီး နောက်နေ့မှာ သူ့ကိုယ်သူ သတ်သေတယ်ဆိုတဲ့သတင်းကို ကြားရတာပဲ…ငါ့ကိုလည်း သူနဲ့ အဆက်အသွယ်ရှိလို့ ရဲစခန်းကို ခေါ်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်…နင်တို့က လုနင် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ထင်သလား"
ဖန့်ယင်း က စုမုန့် ကိုကြည့်ပြီး မေးသည်။ သူမက ပြုံးနေသော်လည်း မျက်လုံးက အေးစက်လျက်ရှိသည်။
"သူ့ကိုယ်သူသတ်သေပုံနဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုရှိလား"
စုမုန့် က ခေါင်းခါပြီး မေးသည်။
"ဟုတ်တယ်၊ မှုခင်းဆေးပညာအရ လုနင် က အိပ်ဆေးသောက်ပြီး သတ်သေဖို့ သူ့လက်ကောက်ဝတ်ကို ဖြတ်လိုက်တယ်လို့ ဆိုတယ်… လုနင်က နာကျင်မှုကို အရမ်းကြောက်တတ်တယ်လို့ လုစစ်က ထွက်ဆိုတယ်… လက်ကောက်ဝတ်ကို ဖြတ်လိုက်တဲ့အခါ ဖြစ်လာတဲ့ နာကျင်မှုကို အရမ်းမခံနိုင်မှာကို ကြောက်လို့ အိပ်ဆေးသောက်တာ ဖြစ်နိုင်တယ်တဲ့”
ထို့နောက် ဖန့်ယင်း က စုမုန့် ထံ ကပ်ပြီး "ဒါ ဖြစ်နိုင်တယ်လို့ နင် ထင်လား…ကိုယ့်ကိုယ်ကို သတ်သေတော့မယ့် လူတစ်ယောက်ဟာ နာကျင်ရမှာကို ကြောက်နေတတ်လား…အစက ရဲတပ်ဖွဲ့ကလည်း ထူးဆန်းတယ်လို့ထင်ကြပေမယ့် အခင်းဖြစ်ရာမှာ နောက်ထပ်ဘယ်သူမှ မရှိနေဘူးဆိုတာ သိလိုက်ရတယ်…လုစစ် အိပ်ပျော်နေချိန်လည်းဖြစ်နေတယ် …သူမ အိပ်နေတယ်ဆိုတာကို ဘယ်သူကမှ သက်သေမပြနိုင်ပေမယ့် လုနင် ရဲ့ သေကြောင်းကြံစည်မှုနဲ့ သူမ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကို သက်သေပြဖို့ နည်းလမ်းမရှိဘူး"
"ဒါဆို လုနင်ရဲ့ ခန္ဓာကိုယ်ကိုရော ဘယ်လိုလုပ်လိုက်လဲ" စုမုန့် က မေးသည်။
“ရဲတွေက စစ်ဆေးပြီးတာနဲ့ မီးသင်္ဂြိုလ်လိုက်တာပါ"
“သူသတ်သေတယ်လို့ ရဲတွေ ပြောရက်သားနဲ့ တရားခံက လုစစ် နင်က ဘာလို့ထင်နေတာလဲ"
ထိုအခါ ဖန့်ယင်း က ပြုံးပြီး "ဘာဖြစ်လဲ…ငါ လိမ်နေတယ်လို့ သံသယရှိနေတာလား... ဘာပဲဖြစ်ဖြစ် လုစစ် က အရမ်းအန္တရာယ်များတယ်လို့ နင်တို့ကို ငါသတိပေးထားပြီးသားနော်...အစ်ကိုကိုတောင် သတ်ပစ်လိုက်တာ... အထောက်အထားမတွေ့သေးပေမယ့် တစ်နေ့တော့ ရှာတွေ့မှာပါ...ငါလည်း သူမကို လက်စားချေဖို့ ကြိုးစားနေတယ်… ဒီအမှုကို အမှန်အတိုင်း စုံစမ်းချင်တယ်ဆိုရင်တော့ နင်တို့ကို ကြိုဆိုပါတယ်... ဒါက ငါ့ဖုန်းနံပါတ်ပါ… တစ်ခုခုများ သိချင်တာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်…ငါလုပ်စရာတွေရှိသေးတယ်...ကဲ သွားပြီ"
ဖန့်ယင်း က စုမုန့် ကို ကတ်သေးသေးလေး ပေးလိုက်၏။ ကတ်ထဲမှာ ဖုန်းနံပါတ်တွေ ရေးထားသော စာတန်းလေးတစ်ကြောင်းသာရှိသည်။ စုမုန့် ယူပြီးနောက် ဖန့်ယင်း အမြန်ထွက်သွားသည်။ ဖန့်ယင်း ကျောပြင်ကို ကြည့်လိုက်ရာ စုမုန့် ၏ နှလုံးသားသည် ပို၍ ရှုပ်ထွေးလာသည်။ဖန့်ယင်းသည် စောစောက အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့ပြီး ယခု သူမနှင့် စကားပြောပြီးသည့်အခါ တာဝန်တစ်ခုပြီးသွားသလိုမျိုး အမြန်ထွက်သွားသည်။ ရှန့်ကျန်း က စုမုန့် ကိုကြည့်ရင်း စိတ်ရှုပ်ထွေးဟန်ဖြင့်မေးလာသည်။
"မင်း ဒီကိစ္စကို ဘာလုပ်ချင်လဲ"
ဖန့်ယင်း နှင့် လုစစ် တို့သည် တစ်ယောက်နှင့်တစ်ယောက် စကားများခဲ့ကြသည်။ သာမာန်လူတစ်ယောက်ဆိုရင် ယခုအချိန်မှာ စိတ်ရှုပ်နေလိမ့်မည်။ သို့သော် စုမုန့် သည် ဖုန်းရွှေ ပညာရှင်ဖြစ်ပြီး လူတို့၏မျက်နှာကို ဖတ်နိုင်သည်။ လုစစ် ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင်မြူအလွှာတစ်ခု ရှိနေကြောင်း သူမ သေချာသိသည်။ လုစစ် သေချာပေါက် လူတစ်ယောက်ကို သတ်ခဲ့၏။ ဖန့်ယင်း၏ မျက်နှာအမူအရာမှာ ရှင်းလင်းပြတ်သားသော်လည်း သူမ၏ ကံကြမ္မာကလည်း ထူးဆန်းနေသည်။ နှစ်ယောက်လုံးက အမှန်အတိုင်းပြောကြသည်လည်းရှိသလို နှစ်ယောက်လုံး လိမ်နေကြခြင်းပင်။
"ရဲကိုခေါ်ရမယ်… ဒါကို ရဲတွေကို ဖြေရှင်းခိုင်းလိုက်တာ အကောင်းဆုံးပဲ”
စုမုန့် က ထိုစကားကိုပြောပြီးနောက် ဖုန်းကိုထုတ်ကာ ရဲကိုခေါ်ရန်ပြင်လိုက်သော်လည်း ခလုတ်တစ်ချက်နှိပ်ပြီးနောက် ရပ်တန့်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ"
ရှန့်ကျန်း လည်း ရဲခေါ်ခြင်းက အကောင်းဆုံးလဟု ခံစားမိသော်လည်း စုမုန့် ကိုကြည့်ကာ ဝေခွဲမရဖြစ်သွားသည်။
"ရဲခေါ်ပြီးရင် ဘာပြောရမလဲ...ကျွန်မက ဖုန်းရွှေ ကြည့်ပြီး လုစစ် သတ်လိုက်တယ်ဆိုတာ သိလိုက်ရတယ်လို့ ပြောရမှာလား” ဒါကို ရဲတွေက ဘယ်လိုယုံနိုင်မှာလဲ...သူမတို့ကို ဝတ္တရားနှောင့်ယှက်မှုနှင့် ဖမ်းထားမှာတောင်စိုးရသည်။
xxxxxxx