Chapter 11
ကျုံးယို့ယို့ သူမအခန်းကိုပြန်လာခဲ့ကာ ရေငွေ့ရိုက်နေသော ရေချိုးခန်း၏ မှန်အကာအရံများနောက်ရှိ ရေချိုးကန်ထဲ၌ ရေနွေးနွေးဖြင့် သက်သောင့်သက်သာ ရေစိမ်နေခဲ့သည် ။ ပြောရမည်ဆိုလျှင် ကျုံးမိသားစုသည် အမှန်တစ်ကယ်ကိုပင် ချမ်းသာကြသည် ။ အခန်းတိုင်းကိုပင် ကြီးမားစွာ ဖွဲ့စည်းတည်ဆောက်ထားသည် ။ အမှန်တစ်ကယ်တွင် မူလကိုယ်သည် သူမကျုံးအိမ်တော်ကို ရောက်လာသည့် အချိန်မှစ၍ ဧည့်သည်ခန်းတွင်သာနေထိုင်ခဲ့သည် ။
မထင်မှတ်ထားလောက်အောင်ပင် ဗီလာတစ်ခုလုံး၌ မုန့်ရှစ်ရွှမ်၏ အခန်းသည် အကောင်းဆုံးအခန်းဖြစ်သည် ။ ဝတ္ထု၏ မူလဖော်ပြချက်၌ သူမ၏ အခန်းသည် ဒုတိယထပ် တောင်ဘက်စွန်းရှိ ကျယ်ဝန်းသော အိပ်ခန်းတစ်ခန်းဖြစ်သည်ကို ဖော်ပြထားသည် ။အခန်းသည် ပြီးပြည့်စုံ၍ စိတ်ကူးယဥ်ဆန်စွာ ပြင်ဆင်ထားသည် ။ ကြမ်းပြင်မှ မျက်နှာကျက်ထိ ပြတင်းတံခါးများပါရှိပြီး ထိုပြတင်းတံခါးများမှတစ်ဆင့် ဆောင်းရာသီတွင် အပြင်သို့ ရှုမျှော်သည့်အခါ ဆီးနှင်းများထူထပ်နေသော တောင်တန်းလွင်ပြင်များကိုပါ တွေ့ရသည် ။
ဝတ္ထုထဲ၌လည်း မူလကိုယ်သည် ထိုအခန်းနှင့်ပတ်သက်၍ မနာလိုဖြစ်ခဲ့သည်ဟု ရေသားထားသည် ။ ကျန်းမား သည် မုန့်ရှစ်ရွှမ်၏ လက်ဝတ်ရတနာများကို ခိုးယူရန် သူမ၏ အခန်းကို တိတ်တဆိတ်ဝင်ရောက်ခဲ့၍ ဖမ်းမိခံခဲ့ရသောအခါ သူခိုးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည် ။ အမှန်တစ်ကယ်ကိုပင် ယုံမှားဖွယ်ရာမရှိ ။
မူလကိုယ်မဟုတ်တော့သည့် ကျုံးယို့ယို့သည် လက်ရှိသူမအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်၌ သူမသည် မုန့်ရှစ်ရွှမ်၏ ဇိမ်ခံပစ္စည်းများနှင့်ပြည့်နေသော အခန်းကိုပင် စိတ်ဝင်စားခြင်းမရှိသည်သာမက ကျုံးမိသားစုနှင့်ပင် အတူတကွဆက်လက်နေထိုင်လိုခြင်း မရှိခဲ့ပေ ။ သူမအတွက် ဤနေရာတွင် နေထိုင်ရသည်မှာ အလွန်ကိုသက်သောင့်သက်သာဖြစ်သော်လည်း နေ့စဥ်နေ့တိုင်း စိတ်ရှုပ်ဖွယ်ကောင်းသော ကျန်းမား ၊ မုန့်ရှစ်ရွှမ် နှင့် အိမ်သို့ပြန်ရောက်တော့မည့် ကျုံးမိဘများနှင့် မျက်နှာချင်းဆိုင်ရမည်မှာ သူမအတွက် သေစေလောက်အောင်ပင် ပြဿနာများလှသည် ။
ဘာလို့များ ထွက်မသွားပဲနေရမှာလဲ ။
ကျုံးယို့ယို့ သည် ဤမေးခွန်းကိုတွေးတောနေခဲ့ကာ သူမ၏ ညဝတ်အိပ်စုံကိုဝတ်လျက် သောက်စရာတစ်ခုခုရှာရန် ပျင်းရိစွာဖြင့် အောက်ထပ်သို့ဆင်းလာခဲ့သည် ။
ကျန်းမားက မီးဖိုချောင်ထဲတွင် ညစာအတွက်ပြင်ဆင်နေခဲ့သည် ။ သူမဆင်းလာသည်ကိုမြင်သောအခါ ကြောင်အစွာဖြင့် သူမအား အထူးတဆန်းစိုက်ကြည့်လာသည် ။သခင်မလေး၏ စိတ်သဘောထားများ အဘယ်ကြောင့် ရုတ်တရက်ပြောင်းသွားသည်ကို သူမအဖြေရှာမရဖြစ်နေခဲ့သည် ။
ကျုံးယို့ယို့သည် သူမကိုတစ်ချက်ကြည့်ပြီးနောက်စိတ်ကုန်သည့်အမူအရာဖြင့် သူမဆီမှ ရွေနွေးအိုးကိုရဖို့ရန်ပင် အနားသို့ကပ်သွားဖို့ စိတ်ကူးမနေတော့ဘဲ ရေခဲသေတ္တာတံခါးကိုသာဖွင့်လိုက်သည် ။ သူမရေခဲသေတ္တာထဲရှိ အအေးနှင့် လိမ္မော်ဖျော်ရည်ကိုသာ သောက်ဖို့ရန် ရွေးချယ်ခဲ့သည် ။
ကျန်းမားသည် သူမလုပ်နေသည်များကို လှမ်း၍ကြည့်ရှူနေပုံရသည် ။ ကျုံးယို့ယို့ခေါင်းထဲတွင် ရုတ်တရက် ညစ်တီးညစ်ပတ်အကြံတစ်ခုပေါ်လာခဲ့သည် ။ သူမသည် ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ကာ စင်ပေါ်မှ ဝိုင်နီနှစ်ပုလင်းကိုသာယူလိုက်သည် ။ စျေးနှုန်းများအားသူမနားမလည်သော်လည်း ထိုဝိုင်များသည် သက်တမ်းကြာလေလေ ပို၍စျေးကြီးလေလေပင်ဖြစ်သည် ။ ထို့အတွက် သူမသည် ၈ နှစ်ကြာသက်တမ်းရှိသော ဝိုင်နီနှစ်ပုလင်းကိုသာ ရွေးချယ်ခဲ့သည် ။
ကျန်းမား၏ မျက်ခုံးများပင် အထိတ်တလန့်ပင် မြင့်တက်သွားလေသည် ။ သည်ရိုင်းစိုင်းသည့်မိန်းကလေးက တစ်ကယ်ကို အကောင်းစားများကိုသာ ရွေးချယ်တတ်ပုံရသည် ။ အမှန်ကိုပင် စျေးကြီးသည့် ဝိုင်နီကိုမှ ရွေးချယ်ခဲ့သည် ။
" အရင်က ကမ္ဘာကြီးကိုတောင် မမြင်ဘူးတဲ့အတိုင်းပဲ ပစ္စည်းကောင်းတွေကိုမှ ရွေးနေတာပဲ " သူမနာကျင်လွန်းလို့ ညည်းတွားနေမိသည် ။
ဤအရိုင်းအစိုင်းမိန်းကလေးသည် ယခင်နေ့များတွင် သူမ၏ ဆိုးရွားစွာဆက်ဆံမှုများကို ပြန်၍မတုံ့ပြန်ခဲ့သောကြောင့် ကျန်းမားသည် မသိမသာဖြင့် သူမအား စောင်းမြောင်းပြောဆိုနေခဲ့သည် ။
ကျန်းမားသည် ကျုံးယို့ယို့ သူမကိုယ်သူမ ပုံစံများပြောင်းလဲခဲ့သည်ကို မေ့လျော့ကာ ယခု သူမသည် အလွန်ကို ဒေါသထွက်နေခဲ့ပြီ ဖြစ်သည် ။
"ရှင်နောက်ကွယ်ကနေ ဘာတွေများ တီးတိုးပြောနေတာလဲ " ကျုံးယို့ယို့သည် သူမ၏မျက်ခုံးများကို
ပင့်ကာ ခက်ထန်သောအမူအရာဖြင့် သူမထံသို့ လျှောက်သွားခဲ့သည် ။
"ကျွန်မမိဘတွေအလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာဖြင့် လပိုင်းပဲရှိသေးတာတယ် ။ အိမ်ကိုဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာ ကျွန်မပြောပြပေးစရာလိုသေးတာလား ။ ကိုယ့်ကိုယ်ကို ဒီဗီလာ ရဲ့ပိုင်ရှင်လို့များ ထင်နေတာလား ..ကြည့်ရတာ ရှင်က ဒီလိုမိန်းမစိုးလုပ်နေရတာကိုလည်း ဝမ်းနည်းနေတဲ့ပုံမပေါ်ဘူး ။သိပ်စိတ်ဆင်းရဲစရာကောင်းတာပဲ ။"
ကျန်းမားသည် ရုတ်တရက် နှလုံးခုန်များပင် ရပ်တန့်သွားလောက်အောင် အရှိန်လျော့သွားသော်လည်း သူမသည် ဤအိမ်ကြီးတွင် မိသားစုနီးနီး နေထိုင်လာခဲ့သူဖြစ်သည် ။ ဤဗီလာ၌ ပိတ်ရက်များတွင် ပိုင်ရှင်များမရှိသည့်အခါ ကျန်းမားသည်လက်အောက်ငယ်သားတစ်စု၏ အကြီးအကဲပင်ဖြစ်သည်။ အလုပ်သမားနှစ်ယောက်က ရပ်ကြည့်နေသည်ကိုမြင်သောအခါ ထိုသူတို့အား သူမကလှည့်၍ ကြိမ်းမောင်းပြောဆိုခဲ့သည် ။သူမသည် သွားများကိုသာတင်းတင်းစေ့၍ အံကိုကြိတ်ကာ
အသီးအရွက်များကို ဆက်လက်လှီးဖြတ်နေခဲ့သည်။
ကျန်းမား၏ ခြေထောက်များကျုံ့သွားသည်ကို မြင်သောအခါ ကျုံးယို့ယို့သည် သူမအား လှောင်ပြောင်ကာ လှည့်ထွက်သွားလိုက်သည် ။
ကျန်းမား၏ မျက်နှာတစ်ခုလုံးတင်းသွားလောက်သည်အထိ သူမသည် ဒေါသများထွက်လာကာ စကားများကိုပင်မထိန်းချုပ်နိုင်တော့ပဲ
"နင့်ကိုနင် မိန်းမပျိုလေးလ်ို့များ ထင်နေသလား ။ဘယ်လို မိန်ကလေးလဲ ။ ဝိုင်တွေကို သက်သက်ဖြုန်းတီးပစ်နေတာပဲ "
မမျှော်လင့်စွာပဲ ကျုံးယို့ယို့သည် တစ်ဖက်သို့ချက်ခြင်းလှည့်လာပြီး ဝိုင်ပုလင်းများကိုဖောက်၍ လျင်မြန်စွာ လျှောက်လာခဲ့သည် ။ သူမသည် ထိုဝိုင်နှစ်ပုလင်းကို ကျန်းမားရှေ့တွင်ပင် လက်ဆေးကန်ထဲသို့ သွန်ပစ်လိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းများကို ကော့ညွှတ်နေအောင် ပြုံး၍ ရယ်သွမ်းသွေးနေခဲ့သည်။ သို့သော်လည်း သူမ၏ အပြုံးသည် တစ်ဖက်လူကို ကြောချမ်းစေလောက်သည်ပင်။
" သက်သက်ဖြုန်းတီးရာကျတာပဲတဲ့လား ။ အဲ့ဒါဘာကိုဆိုလိုချင်များပါလိမ့် ။ နောက်တစ်ခေါက်ထပ်ပြောလိုက်ကြည့်စမ်းပါ "
" ငါ.. "
ကျန်းမား ပြောစရာစကားပင်ပျောက်ကာ အလွန်ကိုဒေါသထွက်နေခဲ့ပြီး သူမ၏ လက်များပင် တုန်ရီလာခဲ့သည် ။ သူမသည် ကျုံးယို့ယို့အား ရိုက်ရန် လက်ရွယ်လိုက်စဥ်မှာပင် ဧည့်ခန်းမှ မထင်မှတ်ထားသော လျင်မြန်စွာလျှောက်လာသည့် ခြေသံများကို ကြားလိုက်ရသည် ။
ကျုံးရှီယို့ သည် မီးဖိုချောင်ထဲသို့ ခက်ထန်သောမျက်နှာဖြင့် ရောက်လာခဲ့ပြီး ကြမ်းတမ်းစွာပြောဆိုခဲ့သည် ။
" ဒါဘာလုပ်တာလဲ ကျန်းမား
ခင်ဗျားအခုဘာပြောလိုက်တာလဲ "
သူသည် အိမ်တွင်ရှိသော်လည်း အခန်းထဲတွင်သာနေထိုင်ပြီး သူ၏ ဒုတိယအစ်မအပါအဝင် အိမ်စေများနှင့် ထိတွေ့ဆက်ဆံမှုမရှိပေ ။ ကျန်းမားသည် ကျုံးယို့ယို့ကို မျက်လုံးထဲပင်မထည့်ကြောင်း သူသိသော်လည်း သည်လောက်အထိ ဆိုးရွားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ထားပေ ။
သူမကဲ့သို့ အခိုင်းအစေများကို ခေါ်ပြီး လစာများများပေးထားခြင်းသည် အလုပ်လုပ်ခိုင်းရန်အတွက်ပင်မဟုတ်ပါလား။ သခင်ကိုပြန်ရန်တွေ့ဖို့ရန် သူမအားဖိတ်ခေါ်ထားခြင်း ဖြစ်မည်လော ။
သူသည် ကျန်းမားပြောခဲ့သောစကားများအား ကြားခဲ့ပြီး ဒေါသများပင်လျှံထွက်ခဲ့ရသည် ။ သူ၏ ဒုတိယအစ်မသည် ယခုကဲ့သို့ အိမ်စေများထံမှ အေးစက်စွာ အကြမ်းဖက်ခံနေရသည်ကို တွေးကြည့်ဖို့ပင် ခက်ခဲလွန်းလှသည် ။
မဟုတ်ဘူး ။ သူ အရင်ဘဝတုန်းက သည်အရာတွေကို သတိမထားမိခဲ့ဘူးလား ။ ဘယ်လောက်များများ သူသိနှင့်နေပြီးသားလဲ ။ သို့သော်လည်း သူသည်အမြဲတမ်း ထိုအရာများကို လျစ်လျူရှုကာ ခေါင်းထဲပင်မထားခဲ့ပါ ။
ကျုံးရှီယို့ အစ်မနှစ်ကို မသိစိတ်ဖြင့်ကြည့်နေမိလျက် အလွန်ကိုစိတ်မသက်မသာဖြစ်နေမိသည် ။
ကျန်းမား လန့်သွားပြီး
" သခင်လေး ဘယ်လိုများ...."
သူမစကားမဆုံးခင်ပင် ကျုံးရှီးယို့သည် ဆုံးဖြတ်ချက်ချလိုက်ပြီး
" ကျန်းမား လစာထုတ်ဖို့ရက်ဘယ်လောက်လိုသေးလဲ "
အိမ်တော်ထိန်းသည် ချွေးစေးများထွက်လာကာ
" ဒီလကုန်လောက်အထိပါပဲ " ဟုပြန်ဖြေခဲ့သည် ။
"ကောင်းသားပဲ ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ "
ကျန်းမားသည် ပြောစရာစကားပင်ပျောက်ကာ အလွန်ကိုအံ့အားသင့်သွားခဲ့သည် ။ သူမသည် ရုတ်တရက် မယုံနိုင်လောက်အောင်ပင်ဖြစ်သွားရကာ မျက်လုံးများပင်ကျယ်သွားခဲ့ရပြီး ခဏတာထိတ်လန့်မိသွားရသည် ။
"သခင်လေး မဖြစ်နိုင်ပါဘူး ။ရှင်ကျွန်မကို နောက်နေတာပဲ ဖြစ်ရမယ် ...
ကျွန်မ ဒီမှာနေလာတာဘယ်လောက်တောင်ကြာနေပြီလဲ ,ဒီရိုင်းစိုင်းတဲ့မိန်းကလေးအတွက် အလုပ်ထုတ်ပစ်ဖို့ ပြောလိုက်တာလား "
သူမ၏ လည်ချောင်းများပင်ခြောက်သွေ့ကာ ငြိမ်သက်နေခဲ့မိသည် ။ကျုံးရှီယို့ မျက်နှာပေါ်တွင် ပို၍အေးစက်သောအကြည့်ကိုမြင်လိုက်ရာ သူမသည် နောက်ဆုံးတွင် ဆိုးရွားသော အခြေအနေကို သဘောပေါက်ခဲ့လေပြီ ။ သူမသည် တံတွေးမြိုချလိုက်မိကာ အေးစက်သော ချွေးများပင် ကျောရိုးတစ်လျှောက် စီးသွားခဲ့သည် ။ ထို့နောက် သူမ၏အသံသည် တုန်ယင်လာကာ
"ကျွန်..ကျွန်မ မိန်းကလေးကို တောင်းပန်လိုက်ပါ့မယ် ဒါက ကျွန်မရဲ့အမှားပါ ကျွန်မပညာမရှိ အသိတရားမရှိတာကြောင့် ဖြစ်ခဲ့တာပါ , ခုနပြောခဲ့တဲ့ စကားတွေက စိတ်ထဲကမပါခဲ့ပါဘူး "
ကျုံးရှီယို့သည် ကျန်းမားနှင့်အခိုင်းအစေများ၏ ဆိုးရွားမှုကိုသာ ခံစားနေခဲ့မိသည် ။ထိုအရာများသည် သူနှင့် သူ့မိဘများ၏ တာဝန်သာဖြစ်သည် ။သူသည် ရှက်ရွံ့မှုနှင့် ဝမ်းနည်းမှုကို တစ်ပြိုင်ထဲ ခံစားလိုက်မိသည် ။ သူ ဒီနေ့ကျန်းမားကိုသာ အလုပ်မထုတ်ခဲ့လျင် ကျန်းမားကဲ့သို့ ကိုယ့်ကိုယ်ကိုထိန်းချုပ်ဖို့ မသိသောသူများ အနာဂတ်တွင်ရှိလာမည်ကို စိုးရိမ်မိသည် ။သို့သော်လည်း သူသည် ကျုံးယို့ယို့၏ အမြင်ကို ဦးစားပေးသောကြောင့် သူမကိုကြည့်ကာမေးလိုက်သည်။
"အစ်မ ,တောင်းပန်တာကိုလက်ခံမှာလား "
ကျုံးယို့ယို့သည် ကျုံးရှီယို့၏ ဆက်တိုက်လုပ်ဆောင်မှုများအပေါ် အံ့အားသင့်ခဲ့ရသည် ။
ဘာတွေဖြစ်နေတာလဲ ။ ချင်းမိသားစု ၏ တတိယသခင်လေးအတွက်ဆိုလျှင်တောင် သူသည် သူမအပေါ် ဤမျှလောက်ကြင်နာမည့်သူမဟုတ်ပေ ။ ဝတ္ထုထဲ၌ ကျုံးရှီယို့သည် သူမအပေါ် ဤကဲ့သို့ ကာကွယ်ခြင်းမျိုးလည်း မည်သည့်အချိန်ကမျှ မရှိခဲ့သည့်သူဖြစ်သည် ။
သို့သော် သူမသည် သူတော်စင်မဟုတ်ပေ ။ သူမသည် ကျန်းမားကိုမောင်းမထုတ်ဘဲ လက်ခုပ်တီးအားပေးကာ ကျန်းမားကို ကယ်တင်နေမည်လား ။ ဖြစ်နိုင်စရာမရှိပါ ၊ သူမသည် ဤမျှလောက်ကြင်နာရက်ရောသည့်သူမဟုတ်သည်ကို ခွင့်လွှတ်ပါ ။
ကျန်းမား၏ အရောင်ဖျော့နေသောမျက်နှာဖြင့် သူမအား အကူအညီတောင်းသကဲ့သို့ ကြည့်နေသည်ကို မြင်နေရပြီး ကျုံးယို့ယို့သည် ပြုံးရယ်လျက်သရော်နေမိသည် ။
"စိတ်မကောင်းပါဘူး ။ အဲ့တာက အသုံးမဝင်ဘူး
ရှင်ကျွန်မကို ဘာများလုပ်ပေးစေချင်နေတာလဲ "
"ကြားလိုက်လား"
ကျုံးရှီယို့သည် ကျန်းမားအား စိုက်ကြည့်ပြီး အိမ်တော်ထိန်းအား ပြောလိုက်သည် ။
"သူမကို အလုပ်ထုတ်လိုက်တော့ ၊ လစာအပိုပါပေးထားလိုက် ဒါပေမဲ့ ဒီအမျိုးသမီးကို နောက်တစ်ခါဘယ်တော့မှ ထပ်မမြင်ချင်ဘူး "
ကျန်းမားသည် သစ်သားတစ်စလိုပင် ပါးစပ်အဟောင်းသားဖြင့် ရပ်နေမိကာ မျက်နှာများဖြူဖျော့လာပြီး သူမ၏ လက်များပင်ဆန့်တန်းလာကာ ချွေးများလွန်စွာ ထွက်နေပြီဖြစ်သည် ။
ကျုံးမိသားစုသည် လွန်စွာရက်ရောသည် ။ ကျုံးမိသားစုတွင် တစ်လအလုပ်လုပ်ခြင်းဖြင့် ရရှိသည့်ငွေသည် အခြားနေရာများ၌ သုံးလအလုပ်လုပ်ခြင်း
နှင့်ပင် ညီမျှသည် ။ကျုံးမိသားစုတွင် သူမသည် နှစ်အတော်ကြာအလုပ်လုပ်ခဲ့ပြီးသည့်နောက်တွင် သူမမွေးရပ်မြေတွင် ကျန်ခဲ့သော သားနှစ်ယောက်နဲ့ဇနီးမယားတို့အတွက် အိမ်ဆောက်ပေးနိုင်ခဲ့သည် ။ သို့သော် သူမ၏ တတိယသားအတွက် ကျန်နေသေးသည် ။ သူမဘယ်လိုလုပ် အလုပ်ထုတ်ခံနိုင်ပါ့မလဲ ။
ရုတ်တရက် မုန့်ရှစ်ရွှမ် လှေကားမှ ဆင်းလာသည်ကို မြင်လိုက်သောအခါ ကျန်းမားသည် သူမထံသို့ နောက်ဆုံးမျှော်လင့်ချက်ဖြင့် အပြေးသွားခဲ့သည် ။
"သခင်မလေး "
မုန့်ရှစ်ရွှမ်သည် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည် ။ သို့သော်လည်း ကျန်းမားသည် နှစ်အတော်အကြာ သူမအပေါ်စိတ်ရင်းဖြင့် စောင့်ရှောက်ပေးခဲ့သူဖြစ်ပြီး ကျန်းမားသာနှင်ထုတ်ခံရလျှင် နောက်ပိုင်းတွင် ဤဗီလာ၌ သူမအား ကူညီပေးမည့်သူရှိလာတော့မည်မဟုတ်ပေ ။ သူမသည် သူတို့ထံ လျှောက်လာပြီးနောက် သက်ပြင်းချလျက် ကျုံးရှီယို့အား ဖြောင်းဖြလိုက်သည်
" ကျန်းမားက ငါတို့အိမ်မှာ နေလာတာပဲ နှစ်အတော်ကြာပြီ ဆွေမျိုးတစ်ယောက်လိုပဲ ...ရှီယို့ ,နင်ဒီတိုင်းပဲနှင်ထုတ်လိုက်လို့မရဘူးလေ "
အကယ်၍များ ယခုသည် မနက်ပိုင်းအချိန်ဆိုပါက ကျုံးရှီယို့သည် မုန့်ရှစ်ရွှမ်းအား မျက်နှာသာပေးကောင်းပေးနိုင်သည် ။ သို့သော် ယခုလက်ရှိတွင် သူမသည် သူ ဒုတိယအစ်မအတွက်ပြင်ဆင်ထားသော လက်ဆောင်သေတ္တာကို သူ၏သဘောဆန္ဒမပါဘဲ သူမစိတ်တိုင်းကျ ဖွင့်ကြည့်ထားပြီးသားအချိန်ဖြစ်နေသည် ။
ထို့ကြောင့်ပင် သူ အေးစက်စွာဖြင့် သူမအားကြည့်ကာ ပြောလိုက်သည်
" ကျန်းမားက ဘယ်လိုလုပ် ဆက်နေနိုင်ရမှာလဲ ။ သွေးသားတော်စပ်တဲ့ ဒုတိယအစ်မဆိုတာ နှစ်ယောက်မရှိနိုင်ဘူးမဟုတ်လား ။ဘာတွေ တွေဝေနေတာလဲ အစေခံထိန်း "
မုန့်ရှစ်ရွှမ်မျက်မှောင်ကြုတ်ကာ မည်သည်ကိုမျှ ဆက်မပြောတော့ပေ ။ ကျန်းမားကို လစာပေးရန် အိမ်တော်ထိန်းမှ ဆွဲထုတ်သွားပြီး ကျန်းမားသည် ဒေါသထွက်ကာ တုန်လှုပ်ကာငိုချလုမတက်ဖြစ်နေခဲ့သည် ။ သူမသည် ကျုံးအိမ်တော်မှ ထွက်သွားရန် အလွန်အိုနေပြီဖြစ်သည် ။သူမအခြား ဘယ်နေရာကိုများ သွားနိုင်အုန်းမှာလဲ ။ သူမသည် သူမနှင့် မသက်ဆိုင်သော ကျုံးယို့ယို့အား စိုက်ကြည့်နေခဲ့သည် ။ သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများသာပြည့်နှက်နေပြီး တစ်ချိန်ထဲမှာပဲ သူမသည် အကြောက်တရားကိုပါ ခံစားနေရသည် ။ ဒီလိုတွေဖြစ်လာအောင် ကျုံးယို့ယို့ သခင်လေးအပေါ် ဘာတွေများ ပြုလုပ်ခဲ့ပါသလဲ ။
သခင်လေး စိတ်ရှုပ်နေပုံရသော်လည်း
လင်မယားနှစ်ယောက် ကျန်နေသေးသည် ကို သူမအမှတ်ရမိသွားသည် ။
သူမ က အလျင်အမြန် စကားဆိုလိုက်သည်
" သခင်လေး စောင့်ပါဦး , သခင်ကြီး နဲ့ သခင်မ ပြန်လာတဲ့အထိပဲ စောင့်ပေးပါ , ပြီးမှ ကျွန်မကိုမောင်းထုတ်လည်း ရပါတယ် "
ကျန်းမားသည် မုန့်ရှစ်ရွှမ်းသူမအတွက် တစ်ခုခုပြောပေးရန် မျှော်လင့်ခဲ့သော်လည်း မုန့်ရှစ်ရွှမ်းသည် သူမ၏ စိတ်ဆင်းရဲမှုများပြည့်နှက်နေသော အကြည့်တို့ကို မမြင်သကဲ့သို့ သူမ၏ အကြည့်များသည် ကျုံးယို့ယို့ ၏ ခန္ဓာကိုယ်အပေါ်မှာ ချောက်ချထားသကဲ့သို့ စေ့စေ့စပ်စပ်ကြည့်နေခဲ့သည် ။ ကျုံးရှီယို့၏ သဘောထားများသည် ရုတ်တရက်ပြောင်းလဲသွားခဲ့ခြင်းက အကြောင်းပြချက် တစ်ခုခုတော့ ရှိရမည် ။
"သိပ်နားညီးတာပဲ ၊ အစေခံထိန်း မြန်မြန်ခေါ်ထုတ်သွားလိုက်ပါ "
ကျုံးရှီယို့သည် မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည် ။ သူသည် ပြန်လည်မွေးဖွားလာသော်လည်း သူ၏မိဘများသည် ပုံမှန်အတိုင်းသာဖြစ်နိုင်သည် ။ သူ၏မိဘများသာ ပြန်လာလျှင် သူတို့သည် ဒုတိယအစ်မဘက်တွင် ရှိမည်မဟုတ်ပေ ။ ထို့ကြောင့် ကျန်းမားကိုသာ အရင်မောင်းထုတ်ရမည် ။