အပိုင်း ၁၄
Viewers 10k

Chapter 14



မာမားကျုံးသည် မုန့်ရှစ်ရွှမ်၏ အခန်းထဲမှ ထွက်လာခဲ့ပြီး ကော်ရစ်တာသို့လျှောက်လာခဲ့သည် ။ အဆုံးတွင်တော့ မနေနိုင်တော့ဘဲယို့ယို့ အခန်းသို့လျှောက်သွားခဲ့ကာ အခန်းတံခါးတွင် သူမ၏ နားအားကပ်ထားခဲ့ပြီး အခန်းအတွင်းမှ  လှုပ်ရှားမှုများကို နားထောင်နေခဲ့သည် ။

 အခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှ ရှိနေပေ ။ ယို့ယို့ အိပ်ပျော်သွားလောက်ပြီ ဖြစ်မည်။


   ဤသည်ကို ပါပါးကျုံးတွေ့သွားသောအခါ သူမထံသို့လျှောက်သွားလိုက်ပြီး သူမအား စိတ်သက်သာရာရစေခဲ့သည်။ 


 "အဆင်ပြေသွားမှာပါ ။ မိဘနဲ့ သားသမီး ဘယ်မှာကြာကြာ မုန်းတီးနေနိုင်ပါ့မလဲ ။ ဒီညအရင်ဆုံး အိပ်ယာဝင်လိုက်တော့ ။ မနက်ဖြန်ကျမှ ယို့ယို့ ပစ္စည်းတွေကို တောင်ဘက်က အိပ်ခန်းမှာ သွားရွှေ့ပေးထားပြီး သူမကိုအံ့သြသွားအောင်လုပ်လိုက်ပေါ့ ။ ပြီးမှ သူမနဲ့ စကားကောင်းကောင်းပြောကြည့်" 


  မာမားကျုံးက အသက်ဝဝရှူလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည် ။


  ဟုတ်တယ် ၊ သူမက မုန့်ရှစ်ရွှမ်းရဲ့ ကြမ်းပြင်ကနေ မျက်နှာက်ကြက်ထိ ပြတင်းတံခါးအပြည့်နဲ့ အခန်းကို ကြည့်ပြီး မနာလိုဖြစ်ခဲ့ရတာ။ မနက် ထိုအခန်းကျယ်ကြီးကသာ သူမနှင့် သက်ဆိုင်သွားပြီဆိုတာကို သိလျှင် သူမ သေချာပေါက်ကို ပျော်ရွှင်သွားလိမ့်မည် ။


   "မနက်ဖြန် ကျွန်မလက်ဝတ်ရတနာဆိုင်ကိုသွားပြီး သူမအတွက် တစ်ခုခုဝယ်ပေးလိုက်မယ် " 


မာမားကျုံးက ခဏစဥ်းစားပြီးနောက် ဆက်ပြောလိုက်သည်


 " ကျွန်မဒီလောက် နှစ်တွေကြာတဲ့ထိ ယို့ယို့ကို လက်ဆောင်တစ်ခါမှ မပေးဘူးသေးဘူး ။မကြာခင်မှာ သူမရဲ့ မွေးနေ့ကို ရောက်တော့မယ် ။သူမအကြိုက်ဆုံးဖြစ်စေမယ့် လက်ဆောင်ကို ကျွန်မပြင်ဆင်ထားရမယ် "

 

 ပါပါးကျုံးက သူ့ကို ပွေ့ဖက်ထားလိုက်ပြီး ပြန်ပြောခဲ့သည်


 " သူမမွေးနေ့အထိ ဘာလို့စောင့်နေမှာလဲ ။မနက်ဖြန်ပဲ သူမအတွက် တစ်ခုခုဝယ်ပေးလိုက်ပြီးတော့ သူမမွေးနေ့ကျရင် ပါတီပွဲတစ်ခုစီစဥ်ပေးလိုက်တာပေါ့ ။ ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး သူမရဲ့ ဘဝအမှန်ကိုလည်း တစ်ခါတည်း အခြားမိသားစုတွေပါ အသိပေးလိုက်ကြရအောင်"


   ထိုစကားတို့ကို ကြားပြီးသည့်အခါ မာမားကျုံး သည် ပြန်လည်မွေးဖွားလာကတည်းက လေးလံနေသောစိတ်တို့ကို ဖယ်ရှားပြီးသားဖြစ်ခဲ့သည် ။ သူမသည် ပါပါးကျုံး၏ လက်များကို လှုပ်ရမ်းကာ ပြုံးပြလိုက်သည် ။


 " ကောင်းပြီ "


 သူမသည် ကျုံးယို့ယို့၏ အခန်းသို့ ယုံကြည်မှုအပြည့်ဖြင့် ပြန်လှည့်ကြည့်ခဲ့သည် ။ဒီဘဝတွင် တူညီသောအမှားတို့အား ထပ်၍ပြုလုပ်တော့မည်မဟုတ်တော့ပေ။ အရာအားလုံးသည် အသစ်မှ ပြန်စရန် အခွင့်အရေးရှိလာခဲ့သည် ။


  ယို့ယို့ သည် သူမကို ယခုချိန်တွင် စိတ်ဆိုးနေလောက်မည်ဖြစ်သော်လည်း မကြာမီ အချိန်တွင်းစိတ်ဆိုးပြေသွားလိမ့်မည်ဟု သူမယုံကြည်ပါသည် ။ ထိုအချိန်ရောက်လာလျှင် ၊ အမေနှင့် သမီးသည် လွန်ခဲ့သော နှစ်များအတွက်ပါ အတိုးချပြီး ပြန်လည်ပြင်ဆင်ကြမည်ဖြစ်သည်....


ကျုံးမာမားမမျှော်လင့်ထားသည်ကတော့ ထိုအချိန်တွင် ယို့ယို့သည် သူမအခန်းတွင် အိပ်မပျော်သေးဘဲ စိတ်ရှုပ်လျက်ရှိနေသည် ။


   သူမသည် တစ်ခုခုကို ထူးဆန်းစွာခံစားနေရသည်။ လွန်ခဲ့သော နှစ်ရက်ကအဆက်အသွယ်မရှိခဲ့သော ကျုံးမိသားစုဝင်နှစ်ယောက်သည် ဝတ္ထုထဲမှဖော်ပြချက်များနှင် အရမ်းကိုကွဲပြားနေသည် ။ အထူးသဖြင့် ဒီနေ့ ကျုံးမာမား၏ ပုံစံပင်ဖြစ်သည် ။ သူမကိုယ်သူမ မုန့်ရှစ်ရွှမ်ကဲ့သို့ပင် ထင်လာမိသည် ။ ထိုကဲ့သို့ဖြစ်ခြင်းက သူမအား လွန်စွာမှ စိတ်မသက်မသာဖြစ်စေသည် ။


  ကျုံးပါပါးနှင့် ကျုံးမာမားအပြင်၊ ကျုံးရှီယို့သည်လည်း သူမအား  ကြင်နာစွာဆက်ဆံပေးလေသည် ။


ဒါမှမဟုတ် ထိုကြင်နာမှုက ချင်မိသားစု၏ တတိယသခင်လေးကြောင့်များလား ။ 


 သူမဆီမှာ ခံစားချက်ကောင်းကောင်း တစ်စိုးတစ်လေမျှရှိမနေပေ ။ပြီးနောက် ထိုကဲ့သို့ ခံစားချက်ကောင်း တည်ဆောက်ရန်လည်း ခက်ခဲလှပေသည် ။ 

  ဒါကြောင့် သူမသည် ဤအိမ်မှ အလျင်အမြန်ထွက်သွားရန် လိုအပ်ပေသည် ။


   ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူကသိနိုင်ပါ့မလဲ ။ အကောင်းဆုံးနည်းလမ်းကတော့ ထိုသူတို့

နှင့် သွားမရှုပ်ခြင်းသာဖြစ်သည် ။ သူမလက်ထဲမှာ သန်းကိုးဆယ်ရှိနေပြီဖြစ်သည် ။ မည်သူက ဤမိသားစုအား ဂရုစိုက်နေပါတော့မလဲ ။ မုန့်ရှစ်ရွှမ်ကိုတိုက်ခိုက်ဖို့ကိုလည်း မည်သူကစိတ်ဝင်စားနေပါတော့မည်နည်း ။


  လုပ်လိုက်တာပေါ့ ။ 


ထို့နောက်ကျုံးယို့ယို့သည် ညလယ်ခေါင်တွင် သူမ၏ ခရီးဆောင်သေတ္တာအား တိတ်တဆိတ် စတင်ထုတ်ပိုးနေပြီ ဖြစ်သည် ။


    ပစ္စည်းများအားလုံးကို တစ်ယောက်ထဲ ပြောင်းရွှေ့ရန်မှာ မလွယ်ကူလှပါ ။ ပြီးတော့ သူမသည်လည်း မကြာသေးခင်မှပင် ဤနေရာသို့ရောက်ရှိလာသည့်သူဖြစ်ပြီး ဤပတ်ဝန်းကျင်အကြောင်းကောင်းစွာ မသိသေးပါ ။ ထို့နောက် ဝတ္ထု၏ စာသားထဲတွင် မူလပိုင်ရှင်သည် မိသားစုထံမှ မောင်းထုတ်ခံခဲ့ရပြီး ဘဝတစ်လျှောက်တွင် အဆိုးဆုံး အရိပ်မဲတစ်ခုဖြစ်လာမည့် ထိတ်လန့်ဖွယ်တစ်စုံတစ်ခု ဖြစ်လာခဲ့သည် ။ထိုအချိန်တွင် ချင်းယောင်သည် နိုင်ငံခြားတွင်ရောက်နေခဲ့ပြီး သတင်းကြားကြားချင်းပင် သူပြန်ရောက်လာခဲ့သည် ။


ဟုတ်သားပဲ ။ သူမချင်းယောင်ကို အကူအညီတောင်းလို့ ရနိုင်တယ် ။ ကျုံးယို့ယို့ သူမဖုန်းကို အလျင်အမြန်ဖွင့်လိုက်ပြီး ချင်းယောင်၏ ဖုန်းနံပါတ်ကို ရှာလိုက်သည် ။ သူမသည် ဝတ္ထုတစ်အုပ်လုံးဖတ်ပြီးနောက် ချင်းမိသားစု၏ တတိယသခင်လေးပေါ်တွင် အမြင်ကောင်းများရှိပြီး သူသည်သာ ဦးနှောက်ပါသောသူဟု သူမသတ်မှတ်ခဲ့သည်ကိုတော့ ဝန်ခံရမည် ။


     ချင်းယောင်သည် ဝတ္ထုထဲတွင် မကြာခဏပေါ်လာခြင်းမရှိခဲ့ ။သူသည် ချင်းမိသားစု၏ အချစ်ခံရဆုံး မြေးလေးဖြစ်သည် ။ ဇာတ်လိုက်ထက် ၂နှစ် ကြီးပြီး မကြာမီတွင်ပင် ချင်းမိသားစုတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည် ။ ပြောစကားများအရ , ထိုသူသည် နဂါးတစ်ကောင်ကဲ့သို့ပင် ရှစ်ကျစ်ထန်ထက် မနိမ့်သောသူဖြစ်သည် ။ 


သို့သော် သူမသည် ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးအရံဇာတ်ကောင်ဖြစ်သည့်အတွက် သူသည်လည်း သူမ၏ အမျိုးသားပါတနာအဖြစ် ကြမ္မာဖန်ခဲ့သည် ။ ဇာတ်သိမ်းတွင်မူ သူသည်လည်း အဆုံးသတ်မကောင်းခဲ့ပေ ။


   မူလကျုံးယို့ယို့သည် ဝတ္ထုအား အဆုံးထိမဖတ်ခဲ့ရပါ ၊ သို့သော် နောက်ဆုံးပိုင်းတွင် ချင်းယောင်သည် လက်စားချေရန်အတွက် ဇာတ်လိုက်မအား မြေလှန်ရှာကာ ကျုံးမိသားစုပိုင်သော စက်မှုလုပ်ငန်းများအား အဆိုးရွားဆုံး ကပ်ဆိုက်ကာလသို့ ကျရောက်စေခဲ့သည် ။ မည်သို့ပင်ဖြစ်စေ  ဇာတ်လိုက်မ၏ ရောင်ဝါသည် အားကောင်းလွန်းသည့်အတွက် မကြာမီအချိန်တွင်ပင် ကျုံးမိသားစုအား ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိစေခဲ့သည် ။ ထိုကဲ့သို့ အကျပ်အတည်းကာလအတွင်းမှာပင် ချင်းယောင်အား ထောင်ထဲသို့ ပို့ခဲ့သည် ။ 


   အဆုံးသတ်ရလဒ်မှာတော့ ဖြစ်နေကျအတိုင်းပင် ရက်စက်သောအရံအမျိုးသမီးဇာတ်ကောင်နှင့် သူမပါတနာသည် အဆုံးသတ်ကောင်းမရခဲ့ဘဲ ဇာတ်လိုက်မသာလျှင် သူမ၏ နံဘေးရှိသူနှင့် ပြန်လည်ပေါင်းစည်းသွားခဲ့သည် ။


"...."


ဝတ္ထုအား ပြန်လည်ပုံဖော်ကာစဥ်းစားနေမိသော ကျုံးယို့ယို့သည် နောက်တစ်ဖန် သွေးအန်လုမတတ်ဖြစ်ခဲ့ရသည် ။


   ဤအရာကြောင့် သူမသည် ဖုန်းကျသွားသည်ကိုပင် သတိမမူမိခဲ့ချေ ။ သူမသည် ဖုန်းတစ်

ဖက်မှလူက အလျင်အမြန် သုံးစက္ကန့်အတွင်းပင် ခေါ်ဆိုမှုအား ကိုင်လာလိမ့်မည်ဟု ထင်ထားခဲ့သည် ။ဝတ္ထုတစ်လျှောက်လုံးတွင် ချင်းယောင်သည်သာလျှင် သူမအားချစ်မြတ်နိုးပေးပြီး သူမအတွက်လိုလိုလားလား ထောင်ထဲသို့ဝင်ပေးခဲ့သူဖြစ်သည် ။မမျှော်လင့်ထားသည်မှာ ဆက်သွယ်မှုပြတ်​တောက်ခါနီးအထိ ခေါ်ဆိုနေခဲ့ရပြီး အခြားတစ်ဖက်မှ သူသည် ဖုန်းကိုင်လာခြင်းမရှိခဲ့ချေ ။


    ထို့နောက် ဖုန်းကျခါနီးတွင် ချက်ခြင်းပင် တစ်ဖက်မှ ဂရုမစိုက်ပုံပေါ်သည့် ယောကျ်ားတစ်ယောက်၏ အသံသည် တိုးညင်းစွာထွက်ပေါ်လာခဲ့သည် 


" ဟယ်လို "


ကျုံးယို့ယို့ "...."


အရမ်းချစ်တတ်တဲ့ အရံအမျိုးသားဇာတ်ကောင် ဘယ်ရောက်သွားတာလဲ ။ ဒါက ဘာလို့ တစ်စက်ကလေးမှ ချစ်မြတ်နိုးပုံပေါ်မနေရတာလဲ ။ သူမက ဇာတ်လမ်းကိုများ မှားမှတ်မိနေတာလား ။ ဒါမှမဟုတ် ဇာတ်ညွှန်းအမှားကို သူမဖတ်မိခဲ့တာလား။


  တစ်ချိန်ထဲမှာပင် ချင်းမိသားစုသည် မကြာခင်ကမှ နိုင်ငံခြားမှပြန်လာသော တတိယသခင်လေးအတွက် တောက်ပသောအပြင်အဆင်များနှင့် မိသားစုဧည့်ခံပွဲအခမ်းအနားအား ကျင်းပနေခဲ့သည် ။


  ချင်းယောင်သည် ချင်းသခင်ကြီးထံမှ အလွန်အချစ်ခံရသော်လည်း အခြားသူများထံတွင် ကောင်းမွန်စွာဆက်ဆံမခံရသော အငယ်တစ်ယောက်လည်းဖြစ်သည် ။သူသည် ဖုန်တွေသဲတွေကြားမှ ပြန်ရောက်လာပြီး မကြာမီ အနားယူဖို့အချိန်ပင်မရဘဲ စာပေလေ့လာရန် သင်ကြားခံနေရသည် ။


   လူအိုကြီးသည် အလွန်ကိုဒေါသထွက်သွားပြီး " ချင်းမိသားစုမှာ အမွေအနှစ်တွေ ဒီလောက်ပေါတာ မင်းအသုံးချဖို့ မလုံလောက်သေးဘူးလား ။ မင်းရဲ့ ဂိမ်းကုမ္ပဏီကဖွင့်စရာလိုနေသေးတာလား ။ အပြင်မှာရှိတဲ့ မင်းရဲ့ ညီအစ်ကိုတွေက ကျားတွေ ဝံပုလွေတွေလိုပဲ ချင်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စောင်းထိုးနေတယ်ဆိုတာကိုရော မင်းသိရဲ့လား ။ မင်းသာပြန်မလာဘူးဆိုရင် ရှိသမျှအသားတွေက လုစားခံရတော့မယ် ။ အဲ့လိုသာဖြစ်လာရင် မင်းဘာဆက်လုပ်မှာလဲ  "


  ချင်းယောင်သည် ခြေချိတ်ထိုင်နေကာ စိတ်ထဲဗလာဖြင့် နားထောင်နေခဲ့သည် ။သူသည် လူအိုကြီးအား အမြဲလေးစားခဲ့ပြီး ငြင်းဆိုရန်လည်း အကြောင်းအရင်းမရှိပေ ။သူသည် လူအိုကြီးပြောသမျှကိုသာ နားထောင်ခဲ့သည် ။ သေချာတာပေါ့ ။ သူသည် လူအိုကြီးပြောသမျှအား အဆုံးထိနားထောင်မလားဆိုတာတော့ မပြောနိုင်ပေ ။အဖိုးကြီးစေလွှတ်ထား သူ့ဘေးမှ လက်ထောက်သည် အဖိုကြီး၏ စိတ်အားထက်သန်မှုအား ကြည့်ကာ  သူ့အစားစိတ်ပင်ရှုပ်လာကာ ချောင်းပင်နှစ်ကြိမ်မျှ ဆိုးမိသည် ။ သို့သော်လည်း ဖုန်းသည် အဆက်မပြတ်မြည်နေသေးသည် ။


   ချင်းယောင်သည် ဖုန်းအားပုံမှန်ပင် ကိုင်လိုက်ပြီး

"အဖိုး ခဏစောင့်ပါ ကျွန်တော်ဖုန်းကိုင်လိုက်အုန်းမယ် "ထိုအချိန်တွင် သူ၏ အကြည့်တို့သည် ဖုန်းခေါ်ဆိုမှုတွင်ပေါ်လာသော နာမည်ကိုသာ ကြည့်နေခဲ့သည် ။ ချက်ခြင်းပင် သူသည် မတ်မတ်နေလိုက်ကာ ခြေထောက်များအား ပြန်ချထားလိုက်သည် ။ထို့နောက်သည် စားမေးပွဲခန်းသို့ ဝင်တော့မည့် ကျောင်းသားလေးကဲ့သို့ မတ်တတ်ရပ်လိုက်သည်။ သူသည် အသက်ကို ဝဝရှူလိုက်ပြီး ဖုန်းမျက်နှာပြင်တစ်ဖန်ထပ်ကြည့်လိုက်သည် ။သူ၏ နားရွက်များနှင့် လည်ပင်းတစ်ဝိုက်တွင်ပင် အနည်းငယ်အနီရောင်သန်းနေခဲ့သည် ။


  " ကျွန်တော်အပြင်သွားလိုက်ဦးမယ် "


အဖိုးကြီးချင်း၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ပဲ ချက်ခြင်းပင် တံခါးဖွင့်ကာ ထွက်သွားခဲ့သည် ။


  "ချင်းယောင် ၊ မင်းရူးသွားပြီလား ။ ဘာလုပ်တာလဲ " အဖိုးကြီးသည် အလွန်ကိုဒေါသထွက်နေခဲ့သည် ။ 

ချင်းယောင် တံခါးဖွင့်ပြီးနောက်တွင် ဖုန်းသံသည် တိုးသည်ထက်တိုးလာခဲ့သည် ။ကြည့်ရတာ ဖုန်းကျသွားတော့မည့်ပုံပင် ။သူတိတ်ဆိတ်သောနေရာကိုမရှာနိုင်ခင်မှာပဲ အမြန်ရပ်လိုက်ပြီး ဖုန်းကိုကိုင်လိုက်ရသည် ။ 


" ဟယ်လို " 

သူ လေးပင်စွာ သက်ပြင်းချလိုက်မိသည် ။


"....."


လက်ထောက်နှင့် အဖိုးကြီးသည် ချင်းယောင်၏ မျက်လုံးများပိုမိုကြည်လင်သာသည်ကို ကြည့်နေခဲ့သည် ။


 သူ၏ မျက်နှာသည် အနီရောင်သို့ ပြောင်းနေခဲ့ပြီး လက်ဖဝါးတွင်လည်း ချွေးစေးများထွက်လာခဲ့သည် ။ သို့သော် သူသည်အသံအား တည်ငြိမ်ပြီး နက်ရှိုင်းနေပုံပေါ်အောင် ကြိုးစားနေသည် ။ သူ့ကိုယ်သူ တည်ငြိမ်ဟန်ဆောင်နေခဲ့သည် ။