အပိုင်း ၁၆
Viewers 10k

Chapter 16



မနေ့ည အဖြစ်အပျက်ပြီးနောက် ကျုံးယို့ယို့သည်  ကျုံးမိသားစု၏ ပြောင်းလဲလာသော စိတ်အားထက်သန်နေသည့်အပြုအမူတို့အား အထူးအဆန်းဖြစ်မနေတော့ချေ ။

 သို့သော် သူမ၏ နှလုံးသားသည် သံကဲ့သို့ မာကြောနေသည် ။ မူလကိုယ်ရှိနေစဥ်အခါက သူတို့၏ ချစ်ခြင်းမေတ္တာကို သူမဘာကြောင့် မတွေ့ခဲ့ရတာလဲ ။ သူမ မမီလိုက်သည့် ကိစ္စများနှင့် ပက်သက်ပြီး သူမ လုပ်နိုင်သည့်အရာ ဘာမှမရှိပေ ။ 


  သို့သော် သူမသည် အလွန်ဗိုက်ဆာနေပြီဖြစ်ပြီး စားပွဲပေါ်ရှိ ဟင်းလျာများမှာ အလွန်ကို စုံလင်လှသည် ။ ထို့ကြောင့် သူမ ဘာမှပြောမနေတော့ဘဲ စားပွဲတွင် ဝင်ထိုင်လိုက်တော့သည် ။


   သူမသည် အေးစက်သော အမူအရာဖြင့်ပင် မာမားကျုံးဘေးမှ ဖြတ်သွားခဲ့သည် ။


 မာမားကျုံး၏ အပြုံးသည် အနည်းငယ် အထီးကျန်ဆန်နေသည် ။သူမ၏ စိတ်ကိုကြိုတင်ပြင်ဆင်ပြီးသားဖြစ်သော်လည်း နှလုံးသားတွင် စူးရှသောခံစားချက်များအပြည့်နှင့် နာကျင်နေသည် ။ ကျုံးယို့ယို့ အိမ်ကိုစရောက်သည့် အချိန်တွင် သူတို့အား မျှော်လင့်ချက်အပြည့်မျက်ဝန်းများနှင့် ကြည့်နေခဲ့ပြီး ထိုအချိန်ကိုတော့ သူမလက်လွှတ်လိုက်ရပြီဖြစ်သည် ။သူမ၏ အပြုအမူများသည် အေးစက်ခက်ထန်သည့်သူတစ်ယောက်လို ပြောင်းလဲခဲ့သည်မှာ ထင်ရှားသည် ။ 


  ပါပါးကျုံးသည် သက်ပြင်းယဲ့ယဲ့သာချလိုက်ပြီးနောက် မာမားကျုံး၏ ပုခုံးအား ငြင်သာစွာပုတ်လိုက်သည် ။


" မင်းအဆင်ပြေရဲ့လား "


 မာမားကျုံးသည် အသက်ဝအောင်ရှူလိုက်ပြီး ပြန်လည်ပြင်ဆင်ကာ ခုံတွင်ဝင်ထိုင်လိုက်သည် ။


   ကျုံးရှီယို့သည် လွန်ခဲ့သောညကပင် သူ၏ မိဘများသည်လည်း ပြန်လည်မွေးဖွားလာကြသည်ကို အတည်ပြုနိုင်ခဲ့သည် ။ သိပ်ကိုကောင်းတယ် ။ မိသားစုက နောက်တစ်ကြိမ်ပြန်ပေါင်းစည်းနိုင်ခဲ့ပြီ ။

သူသည် မျက်နှာထက်တွင် အပြုံးကိုဆင်မြန်းကာ ကျုံးယို့ယို့ ထိုင်ရန်အတွက် ခုံကိုဆွဲပေးလိုက်သည် ။


" အစ်မ , မနေ့ညက အိပ်လို့အဆင်ပြေလား "


"ပြေတယ် " ကျုံးယို့ယို့ ဝတ်ကျေတန်းကျေပဲ ဖြေခဲ့သည် ။ 


ကျုံးရှီယို့ ၏ ပင်ကိုယ်စရိုက်သည် သီးသန့်ဆန်ပြီးစိတ်ခံစားချက်နက်ရှိုင်းသည့်သူဖြစ်ရုံသာမက အိမ်တွင်ပင် စကားပြောနည်းသည်ကိုတော့ ဘုရားသာလျှင် သိလိမ့်မည် ။ ပုံမှန်ချိန်များတွင် သူသည် အလွန်ကို မာနကြီးသည့် ပုံပေါ်သည် ။ မုန့်ရှစ်ရွှမ်နှင့် ဆက်ဆံခဲ့သည် အချိန်များတွင်ပင် သူသည် ယခုလောက်မနွေးထွေးခဲ့ ။ ထိုကဲ့သို့ပုံစံသည် အိမ်စေများ၏ မြင်ကွင်းသို့ကျရောက်သွားခဲ့ပြီး နှစ်ယောက်စလုံး ထိတ်လန့်သွားမိကြသည် ။ ကြည့်ရသည်မှာ မိသားစုသည် တစ်ကယ်ကို ပြောင်းလဲကြတော့မည့်ပုံပင်...


   အိမ်စေနှစ်ယောက်သည် ထောင့်တွင်ရှိနေသော မုန့်ရှစ်ရွှမ်ကို ကြည့်လိုက်မိသည် ။ ယို့ယို့အား ကဲ့ရဲ့လေ့ရှိသော အကြီးဆုံးသခင်မလေးသည် ထိုအချိန်တွင်တော့ သူမ၏ ခေါင်းအားငိုက်စိုက်ချခဲ့ပြီး မျက်နှာသည်လည်း ဖြူဖျော့နေလေပြီ ။ သူမ အပြင်ဘက်ရောက်သကဲ့သို့ပင် ခံစားနေရသည်။


  သူမ ဘာမှစားခဲ့ခြင်းမရှိ ၊ ပစ္စုပ္ပန်တွင်ပင် အာရုံရှိမနေတော့ချေ ။သို့သော် လင်မယား နှစ်ယောက်နှင့် ကျုံးရှီယို့သည် သူမစားသည် မစားသည်ကို ဂရုစိုက်ခြင်းမရှိဘဲ သူမကို မမြင်သည့်အတိုင်းပြုမူနေကြသည် ။


 အိမ်စေနှစ်ယောက် ဘာဖြစ်ပျက်နေမှန်းကိုပင်မသိတာ့ပဲ နောက်ကွယ်တွင် ကြိတ်၍ ဆွေးနွေးနေကြသည် ။


ရုတ်တရက်ကြီး လင်မယားနှစ်ယောက်စလုံး ပြောင်းလဲသွားခဲ့ကြသည် ။ ဖြစ်နိုင်တာကတော့ မုန့်ရှစ်ရွှမ်၏ ပုံစံသည် သူတို့နှင့်မကိုက်ညီသည်ကို ရှာတွေ့သွား၍သာ ဖြစ်နိုင်သည် ။ မဟုတ်လျင် အကြီးဆုံးသခင်မလေးအား ပုံအောထားသော သူတို့၏ အချစ်တွေအကုန်လုံးကို တစက္ကန့်အတွင်း ဒုတိယသခင်မလေးပေါ်သို့ အဘယ်ကြောင့်ပြောင်းလဲပစ်ခဲ့မည်လဲ ။


 သူတို့ဘယ်လိုပင် ထင်မြင်ကြပါစေ ၊ အစေခံများသည် လေယူရာသို့သာ ယိမ်းနွဲ့ကြမည် ဖြစ်သည် ။ အစေခံရောက်လာသောအခါတွင် သူသည် စွတ်ပြုတ်အိုးအား ချက်ခြင်းပင် ဒုတိယသခင်မလေးရှေ့သို့ ချပေးလိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည် ။


"ဒုတိယသခင်မလေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထိခိုက်ဒဏ်ရာရထားတာ ။ဒီစွတ်ပြုတ်ကသွေးအားကို ပြန်ပြည့်စေပြီး ဒုတိယသခင်မလေးအတွက် သီးသန့်ပြုလုပ်ပေးထားတာပါ "


 အသေအချာပင် သခင်မကျုံးက အတည်ပြုလိုက်ပေးသည် " တကယ်မဆိုးဘူး "


ထိုအချိန်တွင် အစေခံသည် အလွန်ပင် ဂုဏ်ယူမိသွားသည် ။ ကြည့်ရတာ သူတစ်ကယ် ရွေးချယ်သည့်ဘက်မမှားခဲ့ပုံရသည် ။ အနာဂတ်တွင် ဒုတိယသခင်မလေးအား ပို၍ စိတ်ကျေနပ်အောင်လုပ်ပေးရမည်ကို စိတ်ထဲတွင် မှတ်ထားလိုက်သည် ။


ထိုအချိန်တွင် ပါပါးကျုံးနှင့် မာမားကျုံးသည် ကျုံးယို့ယို့အားကြည့်နေခဲ့ပြီး သူတို့၏ ပြန်လည်မွေးဖွားလာမှုအပြီးတွင် သူတို့၏ သမီးအား ပိုကောင်းမွန်စွာဆက်ဆံပေးရန် ဆုံးဖြတ်နိုင်ခဲ့သည် ။


ယခုတွင်တော့ ကျုံးယို့ယို့၏ ထူထဲလှသော မိတ်ကပ်များဖျက်ပြီးချိန်တွင် သူမ၏ မျက်နှာအစိတ်ပိုင်းတိုင်းသည် အထူးလှပပြီး မာမားကျုံးငယ်စဥ်အခါကနှင့် ဆင်တူသည် ။ သူမသည် မနက်စာကို တိတ်ဆိတ်စွာစားနေခဲ့ပြီး သူမ၏ ဒေါသသည်တော့ မပျောက်ကွယ်သေးပေ ။ 


မုန့်ရှစ်ရွှမ်သည်တော့ သူတို့ထံမှ အာရုံရိုက်မှုကို မရခဲ့ချေ ။ 


ယခုချိန်၌ ကျုံးယို့ယို့သည် ဓါး နှင့် ခရင်းအား ဘက်မှားမကိုင်ခဲ့ပေ ။


ကြည့်ရသည်မှာ ဤမိသားစုကြားတွင် ဖိနှိပ်ခံခဲ့ရပြီးနောက် သူမကြိုးစားသင်ယူခဲ့ပုံပေါ်သည် ။ 

  သူမသည် ဤအိမ်သို့စရောက်စဥ်အခါကကဲ့သို့ ရိုင်းစိုင်းသည့်အမူအရာဖြင့် အသံမြည်အောင်လည်း စားသောက်ခြင်းမရှိခဲ့ ။ သူမသည် ယခုတွင် အလွန်ကို ကျက်သရေရှိပြီး လှပပုံပေါ်သည် ။ သို့သော် အခုပုံစံသည် ပို၍ပင်စိတ်လေးလံစေသည် ။ လွန်ခဲ့သော သုံးနှစ်က သူမဘာတွေများ ဖြတ်သန်းလာရတာလဲ  ။


၎င်းကို တွေးမိသောအခါ မာမားကျုံးသည် အသက်ရှူရပ်မတက်ပင် သူမနှလုံးသားများ နာကျင်လာခဲ့သည် ။

 

 မာမားကျုံးသည် သူမတတ်နိုင်သလောက် အရံဟင်းပွဲများအား ကျုံးယို့ယို့အနားသို့တိုးပေးခဲ့ပြီး အပိုတူများကိုပင် ပြင်ဆင်ပေးခဲ့သည်။


ကျုံးယို့ယို့ မျက်မှောင်ကြုတ်လိုက်မိသည် ။ 


  မာမားကျုံးထည့်ပေးသော ကြက်တောင်ပံတွေ ကြက်ဥနီတွေသည် သူမမှတ်မိရသလောက်ဆိုလျှင် မူလကိုယ် မကြိုက်သည့်အစားစာများဖြစ်သည် ။


  မူလကိုယ်သည် ငယ်စဥ်အခါက မုန့်ချန်၏ နောက်သို့သာလိုက်ခဲ့ရပြီး ကောင်းမွန်စွာ မစားသောက်ခဲ့ရပေ ။အစားအသောက်များစျေးကြီးလေလေ သူမနှင့် ပို၍ စိမ်းသက်သက်လေလေဖြစ်သည် ။ မရင်းနှီးသောအရာများကို အစထဲကပင် မုန်းတီးနေလေ့ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ မူလကိုယ်သည် ထိုအရာများကို စားရသည်မှာ မကြိုက်နှစ်သက်တော့ပေ ။


 လက်ရှိတွင် မွှေးပျံချိုအီသော ပင်လယ်ခရုနှင့် ကြက်တောင်ပံများသည် သူမရှေ့တွင် ရှိနေပြီး အကြောင်းပြချက်တစ်ချို့ကြောင့် သူမအော့အန်မိတော့မလိုပင် ဖြစ်နေသည် ။


"ယို့ယို့ များများထည့်စားလေ " မုန့်ရှစ်ရွှမ်သည် ဟင်းများအားထည့်ပေးလိုက်ခြင်းဖြင့် စားပွဲရှိလူများအား သူမဤနေရာတွင် ရှိနေကြောင်း အသိပေးလိုက်သည် ။


"ငါသိုးသားမကြိုက်ဘူးလေ ၊ နင်မသိဘူးလား "


"..." မုန့်ရှစ်ရွှမ်၏ မျက်လုံးများသည် ရုတ်တရက် အနီရောင်ပင်ပြောင်းလဲသွားပြီး မသိစိတ်ဖြင့် မာမားကျုံးအားကြည့်လိုက်မိသည် ။


ယခင်က အခုလိုချိန်မျိုးတွင် မာမားကျုံးသည် ကျုံးယို့ယို့ နားမလည်မှုနှင့် ချေးများနေသည့်အပေါ်တွင် မျက်မှောင်ကြုတ်ကာ ကြိုက်နှစ်သက်ခြင်းမရှိခဲ့ ။ယခုချိန်တွင် သူမအမေ၏ မျက်နှာသည် သိပ်ကောင်းပုံမရသော်လည်း သူမက ပါးစပ်ဖွင့်ကာ ပြောလိုက်သည် ။ 


"ရှစ်ရွှမ် နင်ဘာလုပ်နေတာလဲ ။ နင်အစားအစာတွေမထည့်ပေးခင်မှာ နင့်ညီမဘာကြိုက်တယ် မကြိုက်ဘူး ဆိုတာကို မသိဘူးလား"


 မုန့်ရှစ်ရွှမ်ဆွံ့အသွားခဲ့ရသည် ။ ကျုံးပါပါး နှင့် မာမားသည် ကျုံးယိူ့ယို့အပေါ် မနေ့ညကအလွန်ချစ်ခင်ပုံပြခဲ့ပြီး သူမ၏အခန်းကိုပင် ပေးရန်ပြောခဲ့သည် ။သို့သော်လည်း ကျုံးမာမား သူမအပေါ်ကို ဤကဲ့သို့ဆက်ဆံလာလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပါ ။ ယခုချိန်တွင်တော့ မာမားကျုံးသည် ကျုံးယို့ယို့ ဘက်တွင်သာရှိနေတော့သည် ။


သူမ ကျုံးယို့ယို့အား အစားအသောက်များမထည့်ပေးခင် သေချာပေါက်ကို ယို့ယို့သည် သိုးသားများစားနေသည်ကို တွေ့ခဲ့သည် ။


 ကျုံးယို့ယို့က ဘယ်မှာ သိုးသားမကြိုက်လို့လဲ ။

သူမလုံးဝကို မှားယွင်းနေသကဲ့သို့ ခံစားနေရသည် ။ မျက်ရည်များသည်ပင် သူမမျက်ရည်အိတ်များအတွင်း ပြည့်လျှံနေခဲ့ကာ မာမားကျုံးသည် လျစ်လျူရှူခဲ့ပြီး ကျုံးယို့ယို့ကိုသာ မေးခဲ့သည် ။


" ယို့ယို့ , သမီးဘာစားရတာကြိုက်လဲ "


မုန့်ရှစ်ရွှမ်၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်ပြီး ကျုံးယို့ယို့ သူမစိတ်ထဲမှ သရော်နေမိသည် ။ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများပင် မြင့်တက်သွားခဲ့သည် ။ 


ဒါဆို သူမက တစ်ခြားသူတွေကိုပဲ လှည့်စားရတာကြိုက်ပြီး ကိုယ့်အလှည့်ကျ မခံချင်ဘူးပေါ့ ။


 သို့သော် တစ်ချိန်ထဲတွင် ကျုံးယို့ယို့သည် မာမားကျုံးနှင့်လည်း အဆင်ပြေမနေချင်ပေ ။


မာမားကျုံးသည် သူမ၏သမီးဘာစားရသည်ကို ကြိုက်နှစ်သက်မှန်းမသိချေ ။


သူမမှာ မုန့်ရှစ်ရွှမ်ကို သင်ပေးဖို့ ဘာအရည်အချင်းများရှိလို့လဲ ။


ဤမနက်စာသည် ပုံမှန်မနက်စာပမာဏထက်ကိုပင် ကျော်လွန်နေပြီဖြစ်သည် ။


 သူမသည် ပါးစပ်သုတ်လိုက်ပြီး အပေါ်သို့တက်သွားခဲ့သည် ။


" စားလို့ပြီးသွားပြီ "


ဤသည်ကို ကြည့်ပြီး မာမားကျုံးသည် အနည်းငယ်ပူပန်လျက်ရှိသည် ။ သို့သော် သူမသည် ကျုံးယို့ယို့၏ ပုန်ကန်တတ်သောနှုတ်ခမ်းများအား ကြောက်မိသည် ။ ဒါကြောင့် စကားလုံးများအား သူမ၏ နှုတ်ခမ်းဖျားမရောက်ခင် ပြန်လည် ဖိနှိပ်ထားလိုက်သည် ။


 မာမားကျုံးသည် မုန့်ရှစ်ရွှမ်ဘက်သို့လှည့်လိုက်ပြီး မတတ်နိုင်စွာပင် သူမအားကြည့်လိုက်မိသည် ။ 

နောက်ဆုံးတော့ သူမ ယို့ယို့အတွက် ချက်ပြုတ်ပေးနိုင်ခဲ့သော်လည်း သူမ မစားရသေးခင်ပင် မုန့်ရှစ်ရွှမ်ကြောင့် အနှောင့်အယှက်ဖြစ်သွားရသည် ။


ကျုံးပါပါးနှင့် ကျုံးရှီယို့တွင်လည်း စိတ်မချမ်းသာသော အမူအရာရှိနေသည် ။မုန့်ရှစ်ရွှမ်၏ ကျေနပ်ခြင်းမရှိသည့် အမူအရာကို မြင်ရသည်မှာ သူတို့အားပိုဒေါသထွက်စေခဲ့သည် ။ လျင်လျင်မြန်မြန် အနည်းငယ်စားလိုက်ပြီးသည်နှင့် သူတို့အကုန်ထသွားကြသည် ။


မနက်စာစားပြီးနောက် ကျုံးမိဘများသည် ပုံမှန်အတိုင်း ကုမ္ပဏီသို့ သွားကြသည် ။ သူတို့သွားခါနီးတွင် ကျုံးယို့ယို့ သူတို့အား ဆင်းတွေ့ရန်မျှော်လင့်ခဲ့သော်လည်း ကျုံးယို့ယို့သည် သူတို့ထွက်သွားတော့မည်ကို မကြားလိုက်သည့်အတိုင်း တံခါးအား တင်းတင်းစေ့ထားသည် ။


မာမားကျုံးသည် ထပ်ပြီး မသက်မသာခံစားလိုက်ရသော်လည်း သူမ ညဘက်ပြန်ရောက်သည့်အခါ ယို့ယို့အား အကောင်းဆုံးအခန်းသို့ပြောင်းပေးမည်ကိုတွေးလိုက်သည် ။ သူမသိပ်ကိုသဘောကျပြီး ကျေနပ်သွားလောက်မှာအမှန်ပင် ။ ထိုအခါကျလျှင်တော့ သူမစိတ်ထဲတွင် ရှိနေသော အရာများ ကွယ်ပျောက်သွားလောက်သည် ။


 နေ့လည်ခင်းတွင် ကျုံးယို့ယို့သည် သူမ၏ ခရီးဆောင်သေတ္တာအနီးတွင် စာအုပ်ဖတ်ခဲ့နေသည် ။ ထိုအချိန်တွင် ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်မှ ကားသံကို ကြားလိုက်ရသည် ။


ချင်းယောင်ရောက်နေပြီ ။


 ကျုံးယို့ယို့ မျက်လုံးများတောက်ပသွားသည် ။သူမအိပ်ယာပေါ်မှာ ချက်ခြင်းထကာ  ခြေဗလာဖြင့် အလျင်အမြန်ပြေးသွားခဲ့ပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။


နေပါဦး ၊ ငါမိတ်ကပ်လိမ်းသွားသင့်လား ။


သူမ ရေချိုးခန်းသို့ အမြန်သွားကာ မိတ်ကပ်ပစ္စည်းအနည်းငယ်ကိုယူပြီး ပြင်ဆင်လိုက်သည် ။


သေချာတာပေါ့ ။ သူမသည်လည်း မူလကိုယ်ကဲ့သို့ မိတ်ကပ်လိမ်းသည့်နေရာတွင် တစ်ကယ်ညံ့သည် ။သူမအချိန်အတော်ကြာ ပြင်ဆင်ပြီးနောက်တွင် သူမဘာမှထူးခြားတာရှာမတွေ့ခဲ့ပေ ။ထို့ကြောင့် သူမသည် ဆံပင်ဖြန်းဆေးအနည်းငယ်ကိုသာ ယူပြီး သူမဆံပင်ကောက်သားများအား ပုံကျစေရန် ဖြန်းလိုက်သည် ။


အောပ်ထပ်သို့ မဆင်းသွားမီ သူမဤသို့ပြင်ဆင်ရန် ဆယ်မိနစ်ထက်ပို၍အချိန်ယူခဲ့ရသည် ။ သာမန်သူများအတွက်ဆိုလျှင် သူတို့သည် အခုလိုအချိန်ကြာကြာစောင့်ရသည်ကို စိတ်မရှည်ဖြစ်လိမ့်မည် ဖြစ်ပြီး ချင်းယောင်သည် ကားရှေ့တွင် စိတ်ရှည်လက်ရှည်စောင့်ပေးခဲ့သည် ။

ကျုံးယို့ယို့သည် အောက်ထပ်သို့ ဖိနပ်အပါးကိုသာ စီးလာကာ ချင်းယောင်ကိုတွေ့လိုက်သည် ။


  ကားရှေ့တွင် ရပ်နေသော ပုံရိပ်သည် မြင့်မားကာ ပူပြင်းသောရာသီဥတုတွင်ပင် ပြောင်မြောက်သော ကိုယ်နေဟန်ထားအတိုင်းရှိနေသည် ။ အဖြူရောင်ရှပ်အင်္ကျီနှင့် သေချာစွာပြင်ဆင်ထားပုံရသည် ။သူမဘက်သို့လှည့်လိုက်သောအခါသည် သူ၏ပုံစံသည် လွန်စွာကြည့်ကောင်းနေသည် ။


ကျုံးယို့ယိူ့ တစ်ခဏစာလောက် စွံအသွားမိသည် ။ ဒီလူက သေလောက်အောင်ကြည့်ကောင်းတာပဲ ။


သူမ သူ့ထံသို့မသွားမီ တစ်ခဏရပ်တန့်မိသွားသည် ။


မူလကိုယ်က တစ်ကယ်ကိုရူးနေတာမဟူတ်ဘူးလား ။


 သူ့ရဲ့ ဖြတ်သန်းလာရတဲ့ ဘဝပုံစံနဲ့ ဇာတ်ကောင်ကို မေ့ထားမယ်ဆိုရင်တောင် ချင်းယောင်သည် ရှစ်ကျစ်ထန်ထက် အဆပေါင်းများစွာသာလွန်သည် ။ မည့်သို့ပင်ဖြစ်စေ ၊ သူမသည်  ချင်းယောင်ပေါ်တွင် တစ်မူထူးခြားသောအမြင်ရှိပုံရသည် ။သူမသည် ချင်းယောင်၏ အဆုံးသတ်အား ဖတ်ခဲ့ကာ ခါးသီးစွာ ငိုကြွေးခဲ့ဖူးသည် ။


 အချိန်တိုတွင်း ကျုံးယို့ယို့သည် သူ့ထံသို့ ပျော်ရွှင်စွာ လျှောက်သွားခဲ့သည် ။


 ချင်းယောင်သည် သူမလာနေသည်ကိုတွေ့သောအခါ အလွန်ကို စိတ်လှုပ်ရှားလာရသည် ။သူသည် ကျုံးယို့ယို့ကို အလွန်သဘောကျသည် ။သူမစိတ်အနှောင့်အယှက်ဖြစ်မည်ကိုသာ မကြောက်လျှင် သူဒီကို နေ့တိုင်းအပြေးရောက်လာမည်ဖြစ်သည် ။


 သူမသည် သူ့အား အမြဲငြင်းပယ်ခဲ့သည် ။အေးစက်စွာဆက်ဆံခဲ့သည် ။ သူ့အားတစ်ချက်တစ်လေမျှ ဂရုမစိုက်ဘဲ သူ၏ ဖုန်းကိုပင်မကိုင်ခဲ့ချေ ။သူမဘယ်လိုလုပ် ရုတ်တရက်ကြီး သူ့ကို အကူညီတောင်းရတာလဲ ။


ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပေ ။မနေ့ညက ဖုန်းခေါ်ဆိုမှုသည် သူ့အား အမှောင်ထဲတွင် အကြာကြီး လမ်းလျှောက်နေရချိန်တွင် အလင်းရောင်တစ်ဖျတ်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်စေသည် ။


  သူသည် သူမရှေ့တွင် ပုံမှန်ပြုမူနိုင်ရန် ကြိုးစားနေမိသည် ။


သူမစီးလာသော ဖိနပ်အပါးကို မြင်လိုက်သောအခါ ၊ သူမသည် ဆင်းလာဖို့အတွက် စိတ်လှုပ်ရှားနေပုံရပြီး သူမ၏ ဖိနပ်ထဲတွင် သဲများဝင်နေကာ ဖြူဖွေးနူးညံ့သောခြေချောင်းလေးများသည် သဲများပွတ်တိုက်မှုကြောင့် အနီရောင်လေးပင် သန်းနေခဲ့သည် ။


 ချင်းယောင် မျက်မှောင်ကြုတ်လိုက်မိသည် ။


ကျုံးယို့ယို့ စကားပြောမည့်ဟန်ပြင်လိုက်စဥ်တွင်ပင် ချင်းယောင်သည် ကားတံခါးဖွင့်လိုက်ပြီး အနောက်ခန်းမှ အိတ်တစ်အိတ်ကိုယူကာ သူမအားပေးလိုက်သည် ။


" ဒါကိုဝတ်ထားလိုက် "


ကျုံးယို့ယို့ အိတ်ကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် ထူထဲသော ခြေညှပ်ဖိနပ်လှလှလေးများရှိနေသည် ။သူမအနည်းငယ်အံ့သြမိသွားသည် ။


"နင်ဒါကို ငါ့အတွက် ဝယ်ထားခဲ့တာလား"


"မင်းလှုပ်ရှားနေမယ်ဆိုရင် ပိုထူတဲ့ဖိနပ်တစ်ရံကို ဝတ်သင့်တာပေါ့ ။မဟုတ်ရင် မင်းခြေဖဝါး နူးနူးညံ့ညံ့တွေကနေ ရောင်ရမ်းလာလိမ့်မယ် " 


ချင်းယောင်သည် သူမကိုသာ ကြည့်နေပြီး နားရွက်များပင် နီရဲလာခဲ့သည် ။


သူသည် သူ၏ အိတ်ကပ်ထဲတွင် လက်ထည့်ထားခဲ့ပြီး ခပ်မိုက်မိုက်ပုံစံဖြစ်အောင် အတက်နိုင်ဆုံးကြိုးစားကာ " ငါ့အမေက အဲ့တာကို ဝယ်ပြီးကားထဲမှာ ထားခဲ့တာ ။ပြီးတော့ ယူဖို့မေ့သွားခဲ့လို့ ။ မင်းရဲ့ခြေထောက်ဆိုဒ်က ငါ့အမေနဲ့ တူတူပဲ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး "


"...."


ကျုံးယို့ယို့ သူ့အားကြည့်လိုက်မိသည် ။ သူဘာမှမပြောဘဲနေရင် သေမှာစိုးလို့လား ။


သူမတစ်ဝက်ထိုင်ချလိူက်ပြီး ဖိနပ်များကို စီးလိုက်သော်လည်း  အနည်းငယ်ပင် စိတ်ဓါတ်ကျသွားခဲ့သည် ။


 ချင်းယောင်သည် ယခုမှပင် စိတ်အေးလက်အေးဖြစ်သွားကာ ဆံပင်တိုကလေးဖြင့် လုံးဝန်းနေသောသူမ၏ ဦးခေါင်းအားကြည့်ကာ ချစ်စရာကောင်းသည်ဟုထင်လိုက်မိသည် ။


တစ်ကယ်တမ်း ထိုဖိနပ်များသည် သေချာပေါက် သူမအတွက် ဝယ်လာခြင်းဖြစ်သည် ။ သူမ ခြေထောက်လေးတွေက သူ့အမေရဲ့ ခြေထောက်တွေထက် သောက်ရမ်းကို သေးတယ် ။


သူမအားငုံကြည့်လိုက်ရာ ပါးပြင်ပေါ်တွင် လိမ်းထားသော မိတ်ကပ်ကို သေချာတွေ့လိုက်ရသည် ။


  ချင်းယောင် အနည်းငယ် ပြောစရာရှာမရဖြစ်ခဲ့ပြီး စိတ်လှုပ်ရှားသွားခဲ့ရသည် ။


သူအား ထွက်တွေ့ရန် သူမဤကဲ့သို့ ပြင်ဆင်လာလိမ့်မည်ကို မမျှော်လင့်ထားခဲ့ ။မိတ်ကပ်သည် အနည်းငယ်တစ်မျိုးဖြစ်နေသော်လည်း ချင်းယောင်သည် သူ၏ ပျော်ရွှင်မှုအား မထိန်းချုပ်နိုင်ခဲ့ပေ ။ 


  ကျုံးယို့ယို့သည် သူမဖိနပ်များ ဝတ်ဆင်ပြီးပြီးချင်းတွင် အနည်းငယ်ခုန်ပေါက်ကြည့်ခဲ့သည် ။


အဲ့တာက တစ်ကယ်ကို အံ့ဝင်ခွင်ကျဖြစ်တယ် ။


ချင်းယောင်သည် ထိုအရာမှာ သူ့အမေအတွက်ဝယ်လာခြင်းမဟုတ်ဘဲ သူမအတွက်သီးသန့်ဝယ်လာသည်ကို ပြောမထွက်နိုင်ခြင်းဖြစ်ပေပမည် ။


သူမခေါင်းမော့ကြည့်လိုက်ကာ " စကားမဆက် နင်သစ်သီးစားချင်သေးလား ငါနည်းနည်းဆေးထားတာရှိတယ် "


ဤအချိန်တွင် အိမ်၌ သူမမှလွဲရင် မည်သူမှရှိမနေခဲ့ ၊ အကုန်လုံးအပြင်ထွက်သွားကြပြီဖြစ်သည် ။

သူမသည် သစ်သီးအနည်းငယ်ကို ဆေးကြောကာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းခဲ့သည် ။ ဝတ္ထုထဲတွင် ချင်းယောင်၏ အကြိုက်အား မဖော်ပြထားသောကြောင့် သူဘာကြိုက်တတ်မှန်း သူမမသိပါ ။ ဒါကြောင့် သူမချယ်ရီသီးလေးများကို ဆေးကြောထားခဲ့သည် ။


ချင်းယောင်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုအရိပ်ယောင်များ သန်းနေခဲ့သည် ။


"ကောင်းပြီ "


 နှစ်ယောက်သား ဗီလာထဲ့သို့မဝင်မီတွင် ကားတစ်စီးလာနေသော အသံကို ကြားလိုက်ရသည် ။ကား၏ပုံစံသည် ရင်းနှီးနေပြီး ဗီလာ၏ အရှေ့တွင် ရပ်သွားခဲ့သည် ။ ရှစ်ကျစ်ထန်ထွက်လာခဲ့ပြီး ထိုနေရာတွင် ချင်းယောင်နှင့် ကျုံးယို့ယို့ရပ်နေသည်ကို တွေ့လိုက်ရသည် ။ 


နှစ်ယောက်သား အတူတူရပ်နေခဲ့တယ် ။


ချင်းယောင်သည် ရှစ်ကျစ်ထန်အားကြည့်လိုက်ပြီးနောက် ကျုံးယို့ယို့ကို တစ်ဖန်ပြန်ကြည့်လိုက်သည် ။

 

သူရုတ်တရက်ကြီး တစ်ခုခုအား နားလည်သွားခဲ့သည် ။သူမက အမြဲအေးစက်နေခဲ့တာ။ရှစ်ကျစ်ထန်ရောက်လာပြီး ရှစ်ကျစ်ထန်ကို သဝန်တိုစေဖို့မဟုတ်ဘူးဆိုရင် သူမကဘယ်လိုလုပ်ပြီး သူ့ကို ရုတ်တရက်ကြီး ဆက်သွယ်လာပြီး မိတ်ကပ်လိမ်း အသီးတွေပါ ပြင်ဆင်ပေးခဲ့မှာလဲ ။

ထိုအရာသည် သူ့အား ရေအေးဖြင့် တစ်ကိုယ်လုံးစိုအောင် လောင်းချလိုက်သလိုပင် ။


ချင်းယောင်၏ ပျော်ရွှင်မှုအနည်းငယ်သည် ငြိမ်သက်သွားခဲ့ရသည် ။

သူ၏ အပြုံးသည်လည်း အနည်းငယ်မှေးမှိန်သွားခဲ့ကာ " ငါဝင်နှင့်မယ် ။ မင်းတို့ စကားပြောနေလိုက်"


ကျုံးယို့ယို့ "...."


ချောမောတဲ့ကောင်လေးပုံစံကနေ ဘာလို့ရုတ်တရက် ဝမ်းနည်းတဲ့ပုံပေါက်သွားတာလဲ ။