အပိုင်း ၁၉
Viewers 10k

Chapter 19




ကျုံးယို့ယို့အတွက် ချင်းယောင်ရှာဖွေထားသောအိမ်သည် အလွန်လုံခြုံပြီး ကျုံးမိသားစုဗီလာ၏ လုံခြုံရေးထက်ပင် ပိုကောင်းမွန်လှသည်။သူတို့နှစ်ယောက်သား အထဲကိုမောင်း၀င်လာတော့ ရပ်ကွက်အ၀င်၀၌ အစောင့်များရှိနေပြီး သုံးယောက်၊ငါးယောက်အဖွဲ့တွေ ဖြစ်သည်။ တရား၀င်အထောက်အထားရပြီးနောက် လူတွေကို အထဲ၀င်ခွင့်ပြုလိုက်ကြသည်။


ဤသည်က ကျုံးယို့ယို့ကို အမှန်တကယ် စိတ်သက်သာရာရစေသည်။၀တ္ထုထဲမှ မူလပိုင်ရှင်ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်ကြောင်းက သူမကို စိတ်ပိုင်းဆိုင်ရာအရိပ်တစ်ခု ပေးနိုင်ခဲ့ပြီး ပြန်ပေးဆွဲခံရဖို့ အရမ်းလွယ်ကူနေလိမ့်မည်ဖြစ်သည်။ဤနေရာတွင်နေသည်က အနည်းဆုံးတော့ ဘေးကင်းလုံခြုံမှာပင်။


တိုက်ခန်းထဲတွင် သန့်ရှင်းရေးလုပ်ထားပြီးသားဖြစ်ပြီး အလှဆင်ထားသည်ကလည်း ကျုံးယို့ယို့၏ ကြိုက်အနှစ်သက်ဆုံးစတိုင်ဖြစ်သည်။သူမ အထဲ၀င်လာတဲ့အချိန် စိတ်ကောင်း၀င်သွားရသည်။သူမသည် လွယ်ကူရိုးရှင်းသော လက်ပြတ်အင်္ကျီခါးတိုနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ပျော်ရွှင်သံလေးထုတ်လွှတ်၍ ခရီးဆောင်အိတ်ကိုဖွင့်ရန် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။


ချင်းယောင်က အထဲကိုလိုက်၀င်လာပြီး သူမရဲ့ဖြူဖွေးဖွေးခြေထောက်လေးနှစ်ချောင်းကို မြင်တော့ အလျင်စလိုအသက်ရှူလိုက်မိပြီး သူ့မျက်နှာကို လျင်မြန်စွာ ပြန်လှည့်လိုက်သည်။


တုံ့ဆိုင်းနေပြီးနောက်မှာ သူ မေးမြန်းလိုက်မိ၏။


"မင်းရဲ့ နွေရာသီ၀တ်အင်္ကျီတွေက ဒီလိုတွေချည်းပဲလား"


သူက ကျုံးယို့ယို့ဘက်ကို ပြန်လှည့်လာပြီး သူ့လက်ထဲမှာတော့ လေးလံသည့်စာအုပ်တပုံကို ပွေ့ထားကာ ၎င်းတို့ကို အောက်လည်းမချ၊ အခန်းထဲလည်း မ၀င်လာဘဲ တောင့်တင်းနေသည့် လက်ပြင်ရိုးလိုင်းတွေသည်တော့ ဆန့်တန်းနေလေသည်။


"ဘာလို့လဲ ကြည့်မကောင်းဘူးလား"ကျုံးယို့ယို့က သူ့နားရွက်ထိပ်လေးတွေ နီရဲနေတာမြင်တော့ သူမရဲ့နှုတ်ခမ်းတွေ ကွေးမတက်သွားဘဲ မနေနိုင်တော့ချေ။


ဟုတ်တယ်၊ သူမ တမင်သက်သက်လုပ်တာ။


သူမတို့တွေ့ပြီးကတည်းက သူ့မျက်နှာကို မှုန်ကုပ်ကုပ်ဘယ်သူ လုပ်ထားခိုင်းလဲ။တည်ငြိမ်ချင်ယောင်ဆောင်နေတဲ့ မျက်နှာက ဗလာကြီး(ဘာအမူအရာမှမရှိ)လည်းဖြစ်နေသေး။ဒါကြောင့် သူမကို ၀တ္ထုထဲမှချင်းယောင်က သဘောမကျတော့ဘူးလားလို့တောင် တွေးမိတော့မလိုပင်။


သူမက မနေ့ညကဆို အနည်းငယ်ပင် ၀မ်းနည်းခဲ့ရသေးသည်။ချင်းယောင်က ၀တ္ထုထဲက သူမကြိုက်အနှစ်သက်ဆုံး ဇာတ်ကောင်ဖြစ်သည်လေ။


သူမက မတ်တပ်ထရပ်လိုက်ပြီး လက်ပြတ်အင်္ကျီခါးတို၀တ်ထားတဲ့ သူမရဲ့ခါးလေးကို ဖျစ်ညှစ်ပြလိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သောညှပ်ရိုးက တဖျတ်ဖျတ်တောင်ပံခတ်နေသည့် လိပ်ပြာလေးနှင့် ဆင်တူလေသည်။သူမ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ပွင့်ရှိနေပြီး သူမက တမင်တကာ ချင်းယောင်ဘက် လှည့်ပြလိုက်သေးသည်ပင်။


ချင်းယောင်က သူ့မျက်နှာကို အတင်းအဓမ္မ မတုန်မလှုပ်ဖြစ်စေလိုက်ပြီး ဘေးကိုပြန်လှည့်လိုက်ရသည်။


ကျုံးယို့ယို့သည် ပို,ပို၍ မော်ကြွားလာပြီး သူ့ကို ကျီစယ်လာတော့သည်။


"နင့်အတွက် ငါ ဖျော်ရည်တစ်ခွက် လုပ်ပေးရမလား"


၁.၈မီတာမြင့်သော ရှပ်အင်္ကျီဖြူ၀တ်ထားသည့် အရပ်မြင့်မြင့်ကောင်လေးသည် ထိုအခိုက်အတန့်တွင် တပည့်ငယ်လေးတစ်ယောက်လို ရှက်ရွံ့သွားခဲ့သည်။


"‌အိုခေ"


ကျုံးယို့ယို့က သူ့ရဲ့ညာဘက်ကို ကိုင်းညွတ်လာရင် သူက တုန်လှုပ်စွာဖြင့် ဘယ်ဘက်ကို သူ့မျက်၀န်းတွေ ရွှေ့လိုက်လိမ့်မည်ဖြစ်သည်။ချွေးတွေက သူ၏ဖြောင့်စင်းနေသည့်နှာတံထိပ်ဖျားကနေ စိမ့်ထွက်နေသည်။ ကျုံးယို့ယို့က သူ့ရဲ့ဘယ်ဘက်ကနေဖြတ်သွားရင် သူ့အကြည့်တွေက ညာဘက်ကို အလျင်အမြန်ပြန်ပြောင်းသွားတတ်ပြီး ကျုံးယို့ယို့၏ တမင်တကာစနောက်နေသည့် အကြည့်တွေကို မကြည့်ရဲဖြစ်နေလေသည်။


ကျုံးယို့ယို့က ပြုံးလိုက်ပြီး"ချင်းကော နင် ဘာသောက်ရတာကြိုက်လဲ"ဟု မပြောဘဲ မနေနိုင်တော့ချေ။


"ချင်းကော"ဆိုသောအသံသည် ချင်းယောင်၏အသံကို အက်ရှစေသည်။


"ဒီတိုင်းရွေးလိုက်"


ကျုံးယို့ယို့က တမင်တကာလုပ်နေသည်ဆိုတာ ချင်းယောင် သဘောမပေါက်ခဲ့ချေ။တစ်ခါတစ်ရံတွင် သူအံကြိတ်မိတဲ့ထိ သူမက အရမ်းဆိုးပေမယ့် သူမသည် သူ့ကို ဖိနှိပ်ဖို့ရန် မွေးဖွားလာဟန်ရှိသည်။သူမ‌အပေါ် အထင်အမြင်သေးမည့်အစား ခပ်ဆိုးဆိုးမိန်းကလေးဖြစ်အောင် အလိုလိုက်ဖို့ရန် သူ့အသိစိတ်က သူ့ကိုပြောနေလေသည်။


သူ့ရှပ်အင်္ကျီက ချွေးတွေနှင့်စိုရွှဲနေတာကို မြင်တော့ သူမ ဟာသထပ်မလုပ်တော့ပဲ ပြုံး၍ လှည့်ထွက်သွားတော့သည်။


ချင်းယောင်သည် လေးလံသောစာအုပ်ပုံကြီးကို စာအုပ်စင်ပေါ်သို့ အလျင်စလိုဖြင့် တင်နေပြီး အခန်းထဲတွင် ကျုံးယို့ယို့၏အသက်ရှူသံ မရှိတော့သည့်အချိန်နောက်မှသာ လေကို ပြင်းပြင်းထန်ထန်ရှူသွင်းလိုက်တော့သည်။


အကြောင်းပြချက်တစ်ချို့ကြောင့် သူ့အပေါ်ထားရှိသည့် ကျုံးယို့ယို့၏ စိတ်သဘောထားသည် အများကြီးပြောင်းလဲသွားသည်။ ယခင်က လျစ်လျူရှုမှုတွေနှင့် ခပ်တန်းတန်းနေမှုတို့နှင့်ယှဉ်လျှင် ယခုလက်ရှိ သူမသည် အတော်လေး ဖော်ရွေလှသည်။


သူ့နှလုံးသားထဲမှ ပေါင်းပင်လေးများသည်လည်း ထိုအဖြစ်ကြောင့် ရူးရူးမူးမူးကြီးထွားလာပြီး မျှော်လင့်ချက်ခပ်ရေးရေး ရှိလာသည်။ အလင်းရောင်က တောက်ပနေပြီး မြက်ခင်းပြင်တစ်ခုလုံးသည်လည်း အရာအားလုံးကို ထည့်သွင်းစဉ်းစားခြင်းမရှိ  တောထလာလေပြီ။သို့သော်လည်း အဆုံးတွင်တော့ နှလုံးခုန်သံသည် လျင်မြန်စွာ တားဆီးခံလိုက်ရပြီး


အကြောင်းပြချက်တချို့ကြောင့်အသိစိတ်ပြန်၀င်လာရသည်။


ကျုံးယို့ယို့က သူ့ကို သဘောမကျမှန်း သူကောင်းကောင်းသိသည်။သူမသည် ယခင်က သူ့ကို သဘောမကျသလို ယခုလက်ရှိတွင်လည်း သူ့ကိုသဘောမကျချေ။ အနာဂတ်တွင်လည်း......


ချင်းယောင်၏နှလုံးသားသည် တင်းတင်းကြပ်ကြပ်ဆွဲညှစ်ခံထားရ၍ နက်မှောင်နေသောမျက်၀န်းတွေသည်တော့ အောက်ငိုက်စိုက်ကျသွားရပြီး တခဏလောက် ၀မ်းနည်းသွားရသည်။


ကျုံးယို့ယို့ လက်ဖက်ရည်နှင့် အသီးဖျော်ရည်တို့နှင့်အတူ အခန်းထဲပြန်၀င်လာတဲ့အချိန်တွင် ဤခါးသီးသည့် အထီးကျန်ဆန်မှုတွေက တခဏလေးသာပေါ်လာပြီး သူ ကောင်းကောင်း ပြန်ဖုံးကွယ်ထားလိုက်နိုင်ပြီဖြစ်သည်။


သူက ပြုံးပြီး"မင်း ရေချိုးပြီး ခနလောက်နားလိုက်လေ ကျန်တာတွေကို ရှင်းလင်းပေးဖို့ ငါ တစ်ယောက်ယောက်ကို ပြောလိုက်မယ်"


ကျုံးယို့ယို့က ရေချိုးပြီးနောက် ချင်းယောင်ကို အောက်ထပ်အရင်ပို့ပေးလိုက်ပြီး တိုက်ခန်းဆီ ပြန်လာလိုက်သည်။


သူမသည် ကြမ်းပြင်မှမျက်နှာကြက်ထိ တပ်ဆင်ထားသည့် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အေးမြသည့်ညနေခင်းလေပြည်ကို အထဲ၀င်လာစေလိုက်ကာ ခါးဆန့်ပြီးနောက် လန်းဆန်းသွားရသည်။


နောက်တစ်ဆင့်က သူမဘ၀ရဲ့ရှေ့ဆက်ရမှာတွေကို အစီအစဉ်ဆွဲရန်ပင်။


သူမသည် ကတ်အချို့နှင့် ငွေသွင်း၊ငွေထုတ်စာအုပ်ကို ဆွဲထုတ်လိုက်ပြီး ရေတွက်လိုက်သည်။လက်ရှိထည့်သွင်းထားသည့် ပမာဏက သန်း၉၀ဖြစ်သည်။ ဤပိုက်ဆံပမာဏသည် ဒီကမ္ဘာကြီးတွင် သူမ တစ်သက်လုံး တည်တည်ငြိမ်ငြိမ်ဖြင့် စားသောက်နေထိုင်သွားဖို့ လုံလောက်ပါသည်ဆိုသည့် အကြောင်းပြချက်များရှိနေသော်လည်း မှန်းဆမရနိုင်သော အခြေအနေများရှိနေသေးပြီး ဤကတ်သည်က ကျုံးပါပါး၏ ဒုတိယကတ်ဖြစ်နေသေးသည်။တစ်နေ့မှာ ကျုံးပါပါးက ဒီကတ်ကို ပိတ်ဆို့(freeze)လိုက်ရင် ဘယ်လိုလုပ်မလဲ။


ကျုံးမိသားစု၏သူမအပေါ်ထားရှိသည့် လက်ရှိသဘောထားကို အကဲဖြတ်ကြည့်ရလျှင် လောလောဆယ်တွင်တော့ ထိုကဲ့သို့ လုပ်လောက်မည်မဟုတ်ပေ။ သို့သော်လည်း မည်သို့ပင်ဖြစ်ဖြစ် အသက်ရှင်သန်ဖို့ရာ နည်းလမ်းတစ်ခုအပေါ် သူမ မှီခို‌နေရဦးမည်ပင်။


ဤသည်ကိုတွေးမိတော့ ကျုံးယို့ယို့၏မျက်၀န်းတွေ တောက်ပသွားတော့သည်။ 


အသိပညာပြိုင်ပွဲ!အရင်ဘ၀က သူမကြိုက်အနှစ်သက်ဆုံး အရာ! ပုဂ္ဂလိဂကျောင်းဆရာမအနေနဲ့ စိန်ခေါ်မှုမရှိတဲ့ဘ၀ရဲ့ အရေးကြီးဆုံးက ဘာလဲ။


ဒီအတွေးထွက်လာတာနှင့်တစ်ပြိုင်နက် ကျုံးယို့ယို့ရဲ့သွေး‌တွေ ဆူပွက်သွားရ၏။


သူမမှတ်မိတာသာမှန်ပါက မုန့်ရှစ်ရွှမ်နှင့် ရှစ်ကျစ်ထန်တို့နှစ်ယောက်လုံးသည် ကျောင်း၌ အလွန်တော်ကြသည်။အထူးသဖြင့် အသိပညာစိန်ခေါ်မှုပရိုဂရမ်တွင် ပါ၀င်ဆင်နွှဲ၍ အောင်မြင်မှုကြီးကြီးမားမားရခဲ့ပြီး ဒုတိယအဆင့်တွင် "machine terminator" ဟူသော ခေါင်းစီးရရှိခဲ့သည့် ရှစ်ကျစ်ထန်ပင်။


....အချိန်တွေက စာလုံးတွေကို အေးအေးဆေးဆေးဖြစ်ကျော်သွားသည့်အခါ ရှေးခေတ်ရိုမန့်ဖြစ်ရန် ထိုက်တန်သွားသည်။၎င်းက ဟိုမရောက်ဒီမရောက်အလယ်တွင်ပဲဆိုလျှင်တော့ တကယ့်ကို ဒုတိယအကြိမ်ပြန်ကြည့်ရန် မထိုက်တန်တော့ချေ။


သို့သော်လည်း ရိုးရိုးသားသားဆိုရလျှင် "Secondary Two" ဆိုသည့် showကို ပြန်လည်ထုတ်လွှင့်တော့  ကောလိပ်နှင့်တက္ကသိုလ်များစွာတွင် ညတွင်းချင်း အောင်မြင်မှု ရရှိခဲ့ပြီး ထို့ကြောင့်လည်း ကျုံးမိသားစုနှင့် ရှစ်မိသားစုတို့က ပညာရေးလောကကို ကူညီ၍ထောက်ပံ့ပေးခဲ့ကြသည်။ထိုနှစ်တွင် ကျုံးမိသားစု၏ လက်အောက်ခံကုမ္ပဏီမှ "Learning Machine"ပြုလုပ်ဖို့ကို  ချက်ချင်းစာရင်းပြုစုခဲ့ကြသည်။၎င်း၏ပုံရိပ်က ကြီးမားသည်ဟု ဆိုနိုင်လေသည်။ 


(ET/N - အဲ့ဒီနောက်ဆုံးစာပိုဒ်နှစ်ပိုဒ်က အရမ်းရှုပ်ထွေးနေလို့ ငါနားမလည်တဲ့အတွက် စိတ်မကောင်းပါဘူး။ နားလည်အောင် ဘယ်‌လိုရေးပေးရမလဲဆိုတာ မသိတော့ဘူး)


(T/N-ပထမဆုံးတစ်ပိုဒ်က အချိန်တွေကြာသွားရင် ဘာမဟုတ်တာလည်း တန်ဖိုးရှိလာလိမ့်မယ်တဲ့။ ဒုတိယစာပိုဒ်ကကျတော့ ရှစ်ကျစ်ထန်က ဟိုခေါင်းစီးရခဲ့တဲ့အတွက် ဆက်နွယ်နေတဲ့မိသားစုနှစ်စုက ဂုဏ်ယူ၀င့်ကြွားပြီး လုပ်တဲ့ကိစ္စတွေပါ။ အဆင်ပြေအောင် နားလည်သလို စာတွေညှိရေးထားပေးပါတယ်။ Etranသမားရေးထားတာတွေက တကယ်ကို ရှုပ်ထွေးနေတာ🥺)


ထိုအချိန်တုန်းကတော့ ၀တ္ထုက အသိပညာစိန်ခေါ်မှုဂရိုဂရမ်၏ စိန်ခေါ်မှုက မည်သည်လဲ‌‌ဆိုတာကို အထူးတလည် မဖော်ပြထားခဲ့ပေ။ဂရိုဂရမ်က အရမ်းခက်ခဲလွန်းသည်ဟုသာ ဖော်ပြခဲ့ပြီး *တန်းထျန်ထက်ပင် ပိုခက်ခဲသေးသည်တဲ့။ထိုသည်က ရှစ်ကျစ်ထန်၏ ဆွဲဆောင်မှုရှိသော ဇာတ်ကောင်စရိုက်ကို မီးမောင်းထိုးပြဖို့သာ ရေးထားခဲ့တာဖြစ်သည်။


သို့သော်လည်း ဆောင်းပါးကိုဖတ်ထားခဲ့သည့် ကျုံးယို့ယို့ကတော့ ပုံမှန်မဟုတ်သည့် ပြသနာကဘာလဲဆိုတာကို သိချင်စိတ်အပြည့်ရှိလေသည်။ 


တချက်လောက်ပေးကြည့်ကြစမ်းပါ။ ငါလေးလည်းပဲ အဲ့ဒီပြသနာကို ဖြေရှင်းချင်တယ်လေ! 


ပုံမှန်မဟုတ်သည့်‌အကြောင်းအရာအပေါ်ရှိသည့် သူမ၏စိတ်၀င်စားမှုအတိုင်းအတာက ထိုအဓိကဇာတ်ဆောင်ရှစ်ကျစ်ထန်ကိုပင် ကျော်လွန်နေချေပြီ။


အခုက စာရင်းသွင်းလို့ရပြီဖြစ်သည်!


ကျုံးယို့ယို့က အရမ်းကိုတက်ကြွနေပြီး လပ်တော့ကိုဖွင့်၍ ကီးဘုတ်ပေါ်သို့ သူမ၏လက်ချောင်းလေးများဖြင့် အလျင်အမြန် ထိတွေ့လိုက်သည်။ဤစိန်ခေါ်မှုshowက အခုထိ မစတင်ရသေးချေ။ သွေးပူလေ့ကျင့်ခန်းသာ ရှိသေးသော်လည်း အတော်‌နာမည်ကြီးနေပြီဖြစ်သည်။ စာရင်းသွင်းနေချိန်တွင် အနည်းငယ် တွေဝေခဲ့‌သော်ငြားလည်း သူမသည် သူမ၏


ကိုယ်ရေးအချက်အလက်များကို တင်သွင်းလိုက်ပြီး သူမနာမည်ကိုပါ လွယ်လွယ်ကူကူဖြင့် ပေးပို့လိုက်ဆဲပင်။


Showက နာမည်အစစ်အမှန်ကို မတောင်းဆိုထားပေ။ထိုသည်က သူမအတွက်တော့ ကိစ္စတွေလုပ်ကိုင်ဖို့ ပိုကောင်းမွန်၏။ ပထမဦးစွာ ပြိုင်ပွဲ၀င်ပြိုင်ဖို့ နာမည်ဝှက်သုံးတာ ပိုကောင်းမည်ဖြစ်သည်။ထိုသို့မဟုတ်လျှင် မုန့်ရှစ်ရွှမ်နှင့် ကျုံးမိသားစုက သူမကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် တွေ့တဲ့အချိန်  လာပြီး ပြသနာရှာမှာစိုးရသည်။


နာမည်ဝှက်ကို ဘာသုံးရင်ကောင်းမလဲ။


ကျုံးယို့ယို့သည် သူမ၏ပါးမို့ပေါ် လက်ချောင်းလေးတွေ တင်၍ ခနလောက်စဉ်းစားလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးတွေက ရုတ်တရက်ပင် ကွေးတက်သွားကာ စခရင်ပေါ်၌ "ချင်းယောင်ရဲ့ဇနီးလေး"ဟု စာရိုက်လိုက်လေသည်။


ထို့နောက်မှာတော့ သူမက အားရကျေနပ်စွာ ရယ်မောလိုက်၏။ ချင်းယောင်ရဲ့မျက်နှာက နီရဲပြီး စိတ်ရှုပ်ထွေးသွားတာကို မြင်ချင်လိုက်တာ။ သူမက အရမ်းဆိုးတာပဲ။


****


တစ်ချိန်တည်း၌ ကျောင်းတွင်ဖြစ်သည်။


အတန်း (၁၉)၏ သင်္ချာဆရာသည် အိပ်ငိုက်နေသောမျက်၀န်းတွေကို ဖွင့်ပြီး မျက်မှန်တပ်၍ ‌သူ့ဘေးနားရှိ ‌ဆရာတစ်ဦးနှင့်စကားပြောနေစဉ် အစမ်းစာရွက်များကို စစ်နေလေသည်။ ဆရာတွေအမုန်းဆုံးက အပတ်စဉ်စာမွေးပွဲတွေပင်။ တစ်နှစ်ပတ်လုံး စာရွက်တွေထောင်နဲ့ချီ စစ်ရန် သူတို့ကို ဖိအားပေးတဲ့အပြင် တနင်္ဂနွေနေ့လည်မှာတောင် စစ်နေရသေးသည်။ခြေကုန်လက်ပမ်းကျချင်စရာ။


စာစစ်တာအပြီးသတ်ဖို့ လိုအပ်ရုံသာမက အဆင့်တွေကိုလည်း အဆင့်ဆင့် ပြန်လည်ပြင်ဆင်ရဦးမည်ဖြစ်သည်။အဆုံးမှာတော့ ၎င်းတို့သည် အထက်တန်းကျောင်း၏ တတိယနှစ်ကိုရောက်နေကြပြီဖြစ်ပြီး ပြိုင်ဆိုင်မှုက အရမ်းကို ပြင်းထန်လှသည်။အပြင်ဘက်တွင် လေလွင့်နေသည့် ကျောင်းသားအနည်းငယ်ကလွဲ၍ ကျောင်းသားအများစုက စက္ကန့်လေးတွေ ရေတွက်ခံလိုက်ရတိုင်းမှာ  အလွန့်အလွန် ကြောက်ရွံ့တုန်လှုပ်နေကြတာဖြစ်သည်။


ဤအချိန်မျိုး၌ အတန်းတစ်ခုချင်းစီ၏ ဆရာများသည် သူတို့အတန်းမှ ကျောင်းသားများ၏ ရလဒ်များကို နှိုင်းယှဉ်၍ ကြွားဝါတတ်ကြကာ ထိုသည်က အနည်းငယ်တော့ စိတ်၀င်စားဖွယ်ရာကောင်းပြီး သူတို့၏ ကိုယ်ပိုင်ကလေးများဖြင့် နှိုင်းယှဉ်နေတာနှင့် ဆင်တူသည်။စာမေးပွဲပြီးဆုံးပြီးနောက် သူတို့ရဲ့ကလေးတွေ(ဆရာများရဲ့တပည့်များ)က ပျော်မြူးအားရစွာဖြင့် စာမေးပွဲစာရွက်တွေကိုယူ၍ ရုံးခန်းနားတဝိုက် လမ်းလျှောက်နေကြလိမ့်မည်ပင်။။


အတန်း(၁၉)၏ သင်္ချာဆရာသည် ဤသို့သောပြိုင်ဆိုင်မှုမျိုးတွင် ဘယ်သောအခါမှ မပါ၀င်ခဲ့ဖူးချေ။ဘာလို့လဲ၊ သူ မနှိုင်းယှဉ်ချင်တာမဟုတ်ဘဲ မနှိုင်းယှဉ်နိုင်လို့ပင်။ အတန်း(၁၉)သည် ရွှီရှောင်ယွဲ့လို မိန်းကလေးများသာရှိပြီး အဆင်ပြေရုံလေးသာရှိသည်။


သို့သော်လည်း မုန့်ရှစ်ရွှမ်နှင့် ရှစ်ကျစ်ထန်တို့ရှိတဲ့ အဓိကအတန်းတွေထဲမှ ကျောင်းသားတစ်ယောက်ကိုသာ သူရခဲ့ပါက အတန်း(၁၉)အတွက် လုံလောက်နေချေပြီ။ စုန်းမသေးသေးလေးနှင့်တူနေရသည်က သူ့အတွက် ရှက်စရာကောင်းလှသည်။


ထို့ကြောင့် ဤအပတ်၌  အခြားဆရာတွေ စာရွက်စစ်နေတဲ့အချိန် သူက စားပွဲ၏ထောင့်စွန်းမှာ လိပ်တစ်ကောင်လို ကျုံ့ထားပြီး လေလည်သံတောင် ပေးမထွက်ခဲ့ပေ။


သို့သော်လည်း ယနေ့တွင် သူသည် စာရွက်ပုံထဲမှ အမှတ်အလွန်မြင့်သော စာရွက်တစ်ရွက် ရှာတွေ့ခဲ့ပြီး အဆုံးတွင် ထိုမေးခွန်းက အရမ်းကိုခက်ခဲကာ တတိယနှစ်တစ်နှစ်လုံးမှ လူတစ်ဒါဇင်ကျော် မဖြေဆိုနိုင်ခဲ့သော်လည်း ထိုကျောင်းသားသည်တော့ ဉာဏ်ကောင်းသည့်လက္ခဏာဖြင့် အဖြေကို တစ်ဆင့်မှမကျော်သွားပဲ အဆင့်ဆင့်ချရေးထားလေသည်။ ပြီးတော့ မှော်ဆန်စွာဖြင့် စာမေးပွဲစာရွက်တွင် အဆင့်မြင့်နည်းလမ်း အသုံးပြုပြထားသေးသည်။ 


သူ့မျက်လုံးကို သူမပွတ်ပဲမနေနိုင်ခဲ့ချေ။ ထို့နောက် သူများမှားသွားသလားဟု သိရဖို့ အစအဆုံးပြန်ကြည့်လိုက်သည်။


မမှားဘူးဟ။


အဓိကအတန်းတွေရဲ့ စာရွက်က  သူ့အတန်းထဲ မတော်တဆရောနေများလား။


ထိုအဓိကအတန်းများ၏ ဆရာအုပ်စုသည် သူတို့၏ထက်မြက်သောကျောင်းသားတွေရဲ့ စာရွက်များကို တမင်သက်သက်ပင် သူတို့ကိုယ်ပိုင်ဖိုင်ထဲ သွပ်ထည့်သိမ်းထားကြလောက်မှာပင်။ထိုသို့လုပ်ထားလျှင် သူတို့က စာရွက်တွေကို မြန်မြန်စစ်လို့ရပြီး အတန်းထဲမှ အမှတ်မြင့်သူများကို အောင်အောင်မြင်မြင်ဖြင့် ကြွားဝါ၍ အခြားသူတွေကို ဒေါသထွက်စေနိုင်မည်မဟုတ်ပါလား။


"ဒီစာရွက်က မင်းတို့အခန်းထဲကဟာလား"သင်္ချာဆရာသည် ဒေါသထွက်ထွက်နှင့် အော်ဟစ်လိုက်သည်။


သူ့ဘေးနားရှိ အတန်းနှစ်တန်းမှ ဆရာနှစ်ယောက်သည်လည်း သူ့ဆီလျှောက်လာပြီး တချက်လာကြည့်လိုက်ကြ၏။ ပြီးနောက် သူတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြလေသည်။"တစ်ရာ့သုံးမှတ်လား ဆရာလီ မင်းရဲ့အခန်းထဲမှာ တကယ်ကြီး တစ်ရာ့သုံးမှတ်ရတဲ့ကျောင်းသား ရှိနေတာလား"


ပုံမှန်အားဖြင့် ဤရလဒ်သည် အံ့အားသင့်စရာကောင်းမနေချေ။ အဓိကအချက်ကတော့ ဤစာမေးပွဲစာရွက်သည် ဖြေဆိုရတကယ်ခက်ခဲပြီး ပုံမှန်မဟုတ်လောက်အောင်ကို ခက်ခဲလွန်းသောကြောင့်ပင်။ ၎င်းသည် ကျောင်းစတက်ရာ၌ ကျောင်းသားတွေရဲ့ မောက်မာ၀င့်ကြွားတဲ့စိတ်ထားတွေကို ဖယ်ရှားဖို့အတွက် သင်ကြားရေးဆရာ/ဆရာမတွေက တခြားပြည်နယ်မှ အထူးတလည်ထုတ်ယူထားသည့် စာမေးပွဲစာရွက်ဖြစ်သည်။ အမြဲတစေ ပြီးပြည့်စုံသောအမှတ်ရလေ့ရှိသည့် အတန်းဖော်မုန့်ရှစ်ရွှမ်သည်တောင်မှ စာမေးပွဲတွင် အမှတ်တစ်ရာ့နှစ်ဆယ်သာ ရခဲ့လေသည်။


တတိယနှစ်တစ်ခုလုံးတွင် ကျောင်းသားရာနဲ့ချီရှိပြီး စုစုပေါင်းသည်တော့ တစ်ထောင်လောက်ရှိကာ အမှတ်တစ်ရာကျော်ရသည့်လူကတော့ တစ်ရာပင်မရှိချေ။


အတန်း(၁၉)ကဲ့သို့သော ညံ့ဖျင်းသည့်အတန်းက အမှတ်တစ်ရာကျော်ရသည့် ကျောင်းသားတစ်ယောက်ကို ‌မွေးထုတ်ပေးလိုက်နိုင်သည်ဆိုတာက ဘယ်လောက်တောင် အမေးဇင်းဖြစ်လိုက်လဲ။အခြားအတန်းမှစာရွက်တွေ မတော်တဆ ရောနေတာများဖြစ်လောက်လား။


"ဆရာလီ ဒီစာရွက်က ခင်ဗျားရဲ့အတန်းက မဟုတ်လောက်ဘူး စည်းတံဆိပ်ကို ဖွင့်ကြည့်လိုက်ပါလား ဘယ်အတန်းကစာရွက်လဲဆိုတာ ကြည့်ရအောင် ပြီးကျရင် သက်ဆိုင်ရာဆရာဆီ ပြန်ပေးလိုက်ပေါ့"


ဆရာလီက သေလောက်အောင် ဒေါသထွက်သွားပြီး ‌နှလုံးရောဂါပါ ဖြစ်လုနီးပါးပင်။သူက ထိုဆရာနှစ်ယောက်ကို အရေးမစိုက်ဘဲ စည်းတံဆိပ်ကိုဖွင့်ရန် ကိရိယာရှာဖို့ မျက်မှောင်ကြုတ်လိုက်သည်။


ဖွင့်ပြီးနောက် စာရွက်ကို စိတ်မရှည်လက်မရှည်ဖြင့် ဆွဲထုတ်လိုက်ပြီး ဘယ်ဘက်ခြမ်းအပေါ်ထောင့်နားရှိ နာမည်ကိုကြည့်လိုက်သည်။


ရလဒ်သည်တော့.........


ထိုစာရွက်ကိုကြည့်လိုက်ရုံဖြင့် သူ့မျက်၀န်းများသည် ပြူးကျယ်သွားပြီး အလွန်အံ့အားသင့်သွားရတာကြောင့် တခဏလောက်ပင် စကားမပြောနိုင်ခဲ့ချေ။


အနည်းငယ်ကြာသွားပြီးနောက် ရုံးခန်းထဲမှ ၀မ်းသာအားရဖြစ်နေသောအော်ဟစ်သံတစ်သံ ဟိန်းထွက်လာတော့သည်။


"၀မ်လောင်ရှီး ကျောက်လောင်ရှီး အခုလေးတင် ခင်ဗျားတို့ပြောခဲ့တာတွေအားလုံးက ပေါက်ကရစကားတွေပဲ!လာပြီးကြည့်လိုက်စမ်းပါဗျာ ဒီစာရွက်က ကျုပ်အတန်းထဲကဗျ အတန်း(၁၉)ထဲက စာရွက်ပဲ ကျုပ်သင်ပေးထားတဲ့ ကျောင်းသူလေ!"


------------------------------------------------------------------------------------------------------------------------------------


စာရေးသူမှာ ပြောစရာရှိတယ် : ရက်အနည်းငယ်ကြာပြီးနောက် ;


အသိပညာပြိုင်ပွဲကျင်းပသည့် ပရိုဂရမ်တစ်ခုတွင် "ချင်းယောင်ရဲ့ဇနီးလေး"သည် နံပတ်တစ်နေရာ၌ အချိန်အတော်ကြာ ရှိနေပြီး လူတိုင်းကို ဖိနှိပ်ထားသည်။ လူတိုင်းက ချင်းမိသားစု၏ သခင်လေးကို မေးမြန်းလိုက်ကြသည်။"ဒီ'ချင်းယောင်ရဲ့ဇနီးလေး'က ဘယ်သူလဲ"


ကျုံးယို့ယို့ : ဟဟဟဟဟဟ


ချင်းယောင် : ...............