အပိုင်း ၁၃၄
Viewers 35k

Chapter 134




သူတွေးနေစဉ်မှာပင် ဝူရှင်းယွမ်၏ ဖုန်းက လင်းလာလေသည်။ ဝူရှင်းယွမ်က ခေါင်းငုံ့လိုက်ရာ ချန်လီဝေ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 


အခု ဒီလူက သူ့ကို ဖုန်းခေါ်လာတာကိုကြည့်ရတာ ဖန်ရှန့်ကျယ်က သူ့ကို ဖုန်းခေါ်လိုက်ပြီးလို့ ဖြစ်ရမယ်...


ဝူရှင်းယွမ်က ထပ်မံ ပြောစရာမဲ့သွားလေသည်။ သူက အထွေထွေမန်နေဂျာတစ်ယောက်အနေဖြင့် မှင်စာလေး ဖန်ရှန့်ကျယ်နှင့် တွဲနေခြင်းအပေါ် ချန်လီဝေ့အား အမှန်တကယ်ပင် နားမလည်ပါပေ။ 


သူက ရုပ်ရည် ချောမောသော်လည်း ချန်လီဝေ့မှာ ကိုယ်ရေးကိုယ်တာကိစ္စများအား အလုပ်ကိ္စ္စများဖြင့် မခွဲခြားနိုင်လောက်သည်အထိ မဖြစ်သင့်ပါပေ။ 

သူက တကယ်ပဲ ကုမ္ပဏီကို ဒီလိုမျိုး ကိုင်တွယ်နေတာလား...


ဝူရှင်းယွမ်က ဖုန်းဖြေလိုက်လေသည်။

"ဟယ်လို အထွေထွေ မန်နေဂျာ ချန်..."


"ရှောင်ဝူ... မင်းစာချုပ်ချုပ်ချင်တဲ့ ရှစ်ကျန်းလေ... မင်း သူနဲ့ စာချုပ်ချုပ်ပြီးပြီလား..."


"ဟုတ်..."

ဝူရှင်းယွမ်က ဆိုလိုက်သည်။ 


"ပြီးတောင်သွားပြီလား..."

ချန်လီဝေ့က မကျေမနပ်ဆိုလိုက်သည်။ 

"မင်းက တော်တော် မြန်တာပဲ..."


"မန်နေဂျာက အဆင်ပြေတယ်ဆိုလို့ ကျွန်တော်လည်း စာချုပ်ချုပ်လိုက်တာပါ..."


"ဟုတ်ပါပြီ... မင်းက သူ့နဲ့ စာချုပ်ချုပ်ပြီးပြီဆိုတော့ ထားလိုက်ပါတော့... ရှေ့လျှောက်ကို သူ့အတွက် ဘာမှ မစီစဉ်ပေးနဲ့... သူ့ကို နောက် ၃နှစ်ကနေ ၅နှစ်အထိ လျစ်လျူရှုထားလိုက်... အချိန်ရောက်ရင် သူ့ကို သွားခိုင်းလိုက်တော့..."


ဝူရှင်းယွမ် - ...


"အဲ့ဒါက ဘာကိုဆိုလိုတာလဲ အထွေထွေ မန်နေဂျာ ချန်..."


"ငါပြောသလိုသာလုပ်ပါ..."


ချန်လီဝေ့က အေးစက်စွာ ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူက အရေးမှမကြီးတာ... အရင်က သူက ဇာတ်ပို့နေရာတွေပဲ သရုပ်ဆောင်ခဲ့တာလေ... သူက အခုလောလောဆယ် အေးအေးဆေးဆေးနေရတာ ဘာမှမဖြစ်ပါဘူး... သူမကျေနပ်ရင် အလျော်ပေးပြီး ထွက်သွားလိမ့်မယ်..."


"အထွေထွေ မန်နေဂျာ ချန် ကျွန်တော်က..."


"ငါတခြား လုပ်စရာတွေ ရှိသေးတယ်... ဖုန်းချပြီနော်..."


ဝူရှင်းယွမ်က သူ ဤကဲ့သို့ ဖုန်းချသွားသည်ကို ကြည့်လိုက်ပေသည်။ သူက အလွန်ဒေါသထွက်နေပေသည်။ 

သူဘာတွေ တွေးနေတာလဲ... ဝူရှင်းယွမ်က သူ့ခေါင်းကို ဖွင့်ပြီးသာ ကိုယ်တိုင်ကြည့်လိုက်ချင်တော့တယ်...


"ဘာလဲဟ..."


ရှစ်ကျန်းက ဝူရှင်းယွမ်၏ အခြေအနေကိုကြည့်ကာ တစ်ဖက်က သူ့အတွက် ဖုန်းခေါ်လာသည်ကို ချက်ချင်းပင် သိလိုက်ပေသည်။ 


သူက အခုထိ စာချုပ်တောင်မချုပ်ရသေးတာကို သူတို့က ဝူရှင်းယွမ်ကိုတောင် ဒုက္ခပေးနေကြပြီလား... သူစာချုပ်ချုပ်လိုက်ရင်... ပိုပြီးတောင် စိတ်ဝင်စားစရာကောင်းဦးမှာပဲ...


လင်းလော့ချင်းနှင့် ဝူရှင်းယွမ်တို့မှာ သူ့ကို ကူညီရန် ရည်ရွယ်ချက်ကောင်းများ ရှိကြသော်လည်း နောက်ဆုံးတွင် သူတို့က ကုမ္ပဏီသူဌေး၏ အမိန့်များကို အစားထိုးနိုင်မည် မဟုတ်ပါပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က သူနှင့် ပါဝင်ပက်သတ်ခြင်းသာ လုပ်နိုင်ပေသည်။ ဤသည်ကို မေ့လိုက်သည်က ပို၍ကောင်းပေသည်။ 


"ထားလိုက်ပါတော့ ဝူကော..."

ရှစ်ကျန်းက သူ့ကို ဖျောင်းဖျလိုက်သည်။ 


"ကျွန်တော်က အစ်ကိုနဲ့ လော့ချင်းရဲ့ ရည်ရွယ်ချက်ကောင်းတွေကို လက်ခံရတာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အဲ့ဒါကြောင့် အစ်ကိုတို့နှစ်ယောက်ကိုပါ ပြဿနာထဲ ဝင်မပါစေချင်ဘူး... သွားစို့... အစ်ကိုတို့နှစ်ယောက်ကို ထမင်းတစ်နပ်လိုက်ကျွေးမယ်..."


ဝူရှင်းယွမ်က သူ့ကို ကြည့်လိုက်ပြီးနောက် လင်းလော့ချင်းကို ကြည့်လိုက်လေသည်။ သူပြောချင်သော်လည်း ရှစ်ကျန်းရှေ့တွင် ပြော၍ မရသော စကားအချို့ ရှိပေသည်။ သူက အရင်ဆုံး ရှစ်ကျန်းကို အဝေးသို့ ပို့လိုက်လေသည်။ 


လင်းလော့ချင်းက ရှစ်ကျန်းထွက်သွားရန် စောင့်နေပြီး ဝူရှင်းယွမ်ကို မေးလိုက်လေသည်။ 


"အဲ့အထွေထွေမန်နေဂျာ ချန်က ကိစ္စတွေကို အမြဲတမ်း ဒီလိုပဲ ကိုင်တွယ်နေတာလား..."


"အရင်တုန်းက အဲ့လိုမဟုတ်ဘူး... သူက အရင်တုန်းက သူ့ရာထူးကို အရမ်းအလေးအနက်ထားတယ်... သူက စိတ်ချရပြီး တာဝန်ယူတတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တာ... အဲ့ဒါကြောင့် ဥက္ကဌ ကျိယွီလင်းနဲ့ ဥက္ကဌ ကျိက ရှင်းရီကို သူ့လက်ထဲမှာထားဖို့ စိတ်ချကြတာ... နောက်ပိုင်းကျတော့ ဖန်ရှန့်ကျယ်ရောက်လာပြီး သူတို့နှစ်ယောက် ကြိုက်သွားကြတာ... အရင်တုန်းက ဖန်ရှန့်ကျယ်ကလည်း ထောင်လွှားမနေဘူး... သူက တဖြည်းဖြည်းနဲ့မှ ကိစ္စတွေ တော်တော်များများမှာ ရန်စပြီး တခြားသူတွေက တဖြည်းဖြည်းနဲ့ အခြေအနေတွေ ပြောင်းလဲလာတာကို တွေ့ရတာပဲ..."


"အစ်ကိုကြီးက ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘူးလား..."

လင်းလော့ချင်းက မေးလိုက်လေသည်။ 


"ဥက္ကဌ ကျိယွီလင်းကို ပြောနေတာလား..."

ဝူရှင်းယွမ်က သူ့ကို ကြည့်ကာ ရှင်းပြလိုက်သည်။ 


"ရေက အရမ်းကြည်နေရင် ငါးတွေ မနေနိုင်ဘူးလေ... သူက အဲ့ရာထူးမှာ အကြာကြီး ရှိနေပြီးတော့ အသိအမှတ်ပြုလောက်စရာ အထောက်အပံ့တွေ ရှိတယ်လို့လည်း ယူဆလို့ရတယ်... ဥက္ကဌ ကျိက သူ့ကို သာမန်ဝန်ထမ်းတစ်ယောက်လို ဆက်ဆံလို့မရဘူးလေ... သူ ကုမ္ပဏီကို ဆက်ပြီးထောက်ပံ့အောင်လို့ သူ့ကို အကျိုးကျေးဇူးတစ်ချို့လည်း ပေးရတာပေါ့... အဲ့ဒါက ငါတို့ မန်နေဂျာတွေနဲ့ အတူတူပဲ... ငါတို့က ဒီမှာ ကြာကြာလုပ်ပြီး အထောက်အပံ့ လုံလုံလောက်လောက်ပေးနိုင်ရင် သူဌေးက ငါတို့အတွက် မျက်လုံးတစ်ဖက်ဖွင့်ပြီး တစ်ချို့ကိစ္စတွေအတွက် နောက်မျက်လုံးတစ်ဖက်ကို ပိတ်ထားရတယ်...


သူဌေးက မင်းမှာ အရည်အချင်းတစ်ချို့နဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကတိပေးရင် တစ်ချို့ ကိစ္စလေးတွေကို သည်းခံပြီး မသိချင်ယောင်ဆောင်ပေးတယ်..."


"အဲ့အပြင် အရင်တုန်းက အထွေထွေ မန်နေဂျာချန်က အခုလောက် မရဲတင်းသေးဘူး... အဲ့ဒါက ဥက္ကဌကျိ ဆုံးသွားပြီး သခင်လေး ကျိယွီရှောင်က ရှင်းရီကို သိပ်ဂရုမစိုက်ဘူးဆိုတာ တွေ့တော့ သူက ပိုပြီး ထောင်လွှားလာတာ... သူက ရှင်းရီကို သူ့ကုမ္ပဏီလို့ တွေးထားတဲ့ပုံပဲ..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ ကျိယွီရှောင်မှာ ရှင်းရီကို အမှန်တကယ် ဂရုမစိုက်သည်ကို သူသိပေသည်။ မည်သို့ပင်ဆိုစေ သူ့ကို လက်ထပ်ပြီးသည့်အချိန်မှသာလျှင် ကျိယွီရှောင်က သူ့ဖခင်ထံမှ ရှင်းရီကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက သူ့ကိုယ်သူ လက်လျော့သည်ဟူသော အပြင်ပန်း သရုပ်သကန် တစ်ခုပြုလုပ်ခဲ့၍ ကျိယွီရှောင်က ကုမ္ပဏီထဲသို့ မည်သည့်အခါမှ မဝင်ခဲ့ပါပေ။ 


ဒါပေမဲ့...

"ကျိယွီရှောင်ရဲ့ အဖေကလည်း ရှင်းရီကို ဂရုမစိုက်ဘူးလား..."


"ရှင်းရီက သူ့ဟာနဲ့သူ ထူးခြားတယ်လေ..."


ဝူရှင်းယွမ်က အသံတိုးတိုးနှင့် ဆိုလိုက်သည်။ 

"အဲ့ဒါက ကျိအုပ်စုရဲ့ ကုမ္ပဏီခွဲတစ်ခုလို့ ယူဆလို့ရပေမဲ့ တကယ်တော့ ကျိယွီလင်းတစ်ယောက်တည်းကပဲ တည်ထောင်ခဲ့တာ... သူက ရှယ်ရာရဲ့ ၅၀ရာခိုင်နှုန်း ပိုင်ပြီး ကျိအုပ်စုက အဲ့လောက် သိသာတာမျိုး မရှိဘူး... အဲ့ဒါကြောင့် ကျိအုပ်စုက ရှင်းရီကို ထိန်းသိမ်းဖို့ အမြဲတမ်း စိတ်သိပ်မပါကြဘူး..."


လင်းလော့ချင်းက နားလည်သွားသည်။


တဲ့တိုးဆိုရသော် ရှင်းရီမှာ ကုမ္ပဏီလေးတစ်ခုအပြင် ဘာမှမပိုပါပေ။ ကျိအုပ်စုဟူသည့် ဒေါင်းကြီးနှင့် နှိုင်းယှဉ်ပါက ၄င်းမှာ ဖျော်ဖြေရေးလောကတွင် စာကလေးတစ်ကောင်ဟုသာ ယူဆ၍ ရနိုင်သည် ကျိအုပ်စုက ၄င်းကို အာရုံစိုက်ရန် မထိုက်တန်သော ကုမ္ပဏီလေးတစ်ခုထက် ဘာမှမပိုဟု မြင်နေပေသည်။ 


ကျိယွီရှောင်မှာမူ သူကိုယ်တိုင်အတွက် တည်ဆောက်ထားသည့် အယောင်ဆောင် အကျင့်စရိုက်နှင့် ဆိုပါက ကုမ္ပဏီကို ဂရုစိုက်၍ မရပါပေ။ 


ဥက္ကဌ ကျိယွီလင်း ရှိနေစဉ်ကသာ ဤအထွေထွေမန်နေဂျာချန်က အလုပ်ကြိုးစားခဲ့ပေသည်။ သူက တစ်ဖက်တွင် ချစ်သူလေးတစ်ဦး ပျိုးထောင်ခဲ့သော်လည်း ကုမ္ပဏီအပေါ် သူပြုလုပ်ထားသည့် အကျိုးအမြတ်များနှင့် နှိုင်းယှဉ်လိုက်ပါက ၄င်းမှာ မပြောပလောက်ပါပေ။ ဤသို့ဖြင့် ကျိယွီလင်းက ဤကိစ္စကို အရေးမယူခဲ့ပါပေ။ 


ထို့နောက် ကျိယွီလင်းက ဆုံးသွားသလို ကျိအုပ်စုက ဤကုမ္ပဏီကို အာရုံမစိုက်ပါပေ။ ကျိယွီရှောင်က ဂရုစိုက်ရန် နည်းလမ်းမရှိပါပေ။ တောင်မှာ အုပ်ချုပ်ရန် ဘုရင်မရှိပဲ ကျန်ရစ်ခဲ့ပေသည်။ ချန်လီဝေ့က အလှမ်းကျယ်ကာ မာနကြီးပြီး ထိုရာထူးကို အဆင့်သင့်အလွယ်တကူ အပိုင်သိမ်းလာပေသည်။


"ဒါပေမဲ့..."

ဝူရှင်းယွမ်က တိတ်ဆိတ်သွားပေသည်။ 


လင်းလော့ချင်းက သိလိုစိတ်ပြင်းပြနေပေသည်။ 

"ဒါပေမဲ့ ဘာဖြစ်လို့လဲ..."


"ဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး... ငါတစ်ခါက အထွေထွေမန်နေဂျာချန်နဲ့ ကျိအုပ်စုရဲ့ ကျိမူတို့ ညစာအတူစားနေတာကို တွေ့လိုက်တယ်... ကျိအုပ်စုက ကြားဝင်နေသလားဆိုတာတော့ ငါမသိပါဘူး... ဒါပေမဲ့ အခုလိုဆိုရင် ဥက္ကဌကျိမရှိတော့ကတည်းက ခေါင်းဆောင် ကျိနဲ့ သခင်လေးကျိတို့ဖက်က လူတစ်ယောက်မှမပို့သေးတာ သေချာတယ်... ချန်လီဝေ့က ဦးစီးနေတုန်းပဲလေ..."


ချန်လီဝေ့နဲ့ ကျိမူ... သူဘာတွေ တွေးနေတာလဲ... ကျိမူက ရာထူးမြင့်လို့ ကျိမူကိုလည်း သူ့ဖက်ပါအောင် ဆွယ်ချင်နေတာလား... သူ့ရာထူး မြဲအောင်လား...


လင်းလော့ချင်း နောက်မှီကို မှီလိုက်ကာ ထိုကိစ္စကို တွေးတောလိုက်သည်။ 


"လော့ချင်း... ရှစ်ကျန်းက အဲ့မှာရောက်တာ သိပ်မကြာသေးဘူး... သူက မင်းနဲ့ ဥက္ကဌ ကျိကြားက ဆက်ဆံရေးကို မသိတော့ မင်းရဲ့ သရုပ်မှန်ကို မသိလောက်ဘူး... အဲ့ဒါကြောင့် ငါမပြောရဲတဲ့ စကားတွေရှိတယ်... ဒါပေမဲ့ အခု သူမရှိတော့ ငါနောက်ပိုင်းမှာ ချန်လီဝေ့ကို ပုဂ္ဂိုလ်ရေးအရ သွားရှာလိုက်မယ်ဆိုတာ မင်းကို အသိပေးထားဦးမယ်... ဒီစာချုပ်က ဥက္ကဌကျိရဲ့ ဆန္ဒဆိုတာ သူသိအောင် ပြောထားလိုက်မယ်... အဲ့ဒါဆိုရင်တော့ သူ အကြံအစည်မှ မရှိလောက်တော့ပါဘူး..."


"လောစရာ မလိုပါဘူး..."


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ သူက ချန်လီဝေ့ကို စိတ်ဝင်စားကာ ထိုအမျိုးသားနှင့် တွေ့ချင်သေးပေသည်။ သူက သူ့မိသားစု၏ ဥက္ကဌကျိ ခန့်ထားသည့် ဤအထွေထွေမန်နေဂျာ ဆိုသူက အကျိုးရှိနေဆဲလားဆိုသည်ကို တွေ့ချင်ပေသည်။ 


"အဲ့အစား ငါသွားလိုက်မယ်..."


လင်းလော့ချင်းက သူ့ကိုကြည့်ကာ ဆိုလိုက်သည်။

"ငါအရင်က သူ့ကို တစ်ခါမှ မမြင်ဖူးဘူးလေ... ပြီးတော့ ငါသူ့ကို ဥက္ကဌကျိက သူဒီရာထူးနဲ့ လုပ်ပိုင်ခွင့်တွေ အများကြီး ယူထားတာကို သိလားဆိုတာ မေးမယ်..."


ဝူရှင်းယွမ် - ...


ဝူရှင်းယွမ်မှာ ယခင်က လင်းလော့ချင်း၏ ဖရုံစေ့စားနေသည့် အမူအရာကို ပြဇာတ်ကောင်းတစ်ခုကြည့်နေသည်ဟု မှတ်ထားခြင်းပေ။ သို့သော် ယခုတွင် ဤသည်က သီးသန့်တွေ့ဆုံမှုတစ်ခုအတွက် သူဌေးကတော်၏ သဘာဝကျကျ စောင့်ကြည့်ခြင်းဖြစ်ရမည်ဟု မိမိဘာသာ ကောက်ချက်ချလိုက်သည်။


အဆုံးတွင် ဝူရှင်းယွမ်က လင်းလော့ချင်း ချန်လီဝေ့အား နှစ်ယောက်တည်း တွေ့သည်ကို ခွင့်မပြုဝံ့ပါပေ။ သူနှင့် လင်းလော့ချင်းက ချန်လီဝေ့ပြန်မလာမီတွင် ရုံခန်းထဲ၌ အတန်ကြာအောင် စောင့်နေလိုက်သည်။ ထို့နောက်တွင်မှ သူက လင်းလော့ချင်းကို ထိုအမျိုးသားနှင့် တွေ့ရန်ခေါ်သွားပေသည်။ 


ချန်လီဝေ့က သူ့ကိုမြင်သောအခါ ချက်ချင်းပင် စိတ်မရှည်ဟန် ရပေသည်။ 

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ... ရှစ်ကျန်းကြောင့်လို့တော့ မပြောနဲ့နော်..."


ဝူရှင်းယွမ်က ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရပေသည်။

"အထွေထွေ မန်နေဂျာချန် ငါတို့အရင်က ရှစ်ကျန်းနဲ့ စာချုပ်ချုပ်ဖို့ သဘောတူထားပြီးသား မဟုတ်လား..."


"အဲ့ဒါက အရင်ကပါ... အခု မတူတော့ဘူး... အဲ့ကိစ္စက အပြီးသတ်သွားပြီ... မင်း အခု ထွက်သွားတော့... ငါ့မှာ တခြားကိစ္စတွေ ကိုင်တွယ်စရာရှိသေးတယ်..."


လင်းလော့ချင်းက သူဤကိစ္စ မပြောလိုသည်ကိုမြင်ကာ ပို၍ တိုက်ရို်က်ကျသော ချဉ်းကပ်မှုကို ပြုလုပ်လိုက်သည်။ 

"အထွေထွေ မန်နေဂျာ ချန်... အဲ့ဒါက ဖန်ရှန့်ကျယ်ကြောင့်လား..."


သူက ထိုသို့ဆိုလိုက်ရာ ချန်လီဝေ့၏ အကြည့်က ချက်ချင်းပင် သူ့ပေါ်သို့ရောက်လာပေသည်။ သူက အတန်ကြာအောင်တွေးတောနေကာ မေးလိုက်လေသည်။ 

"လင်းလော့ချင်း..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်လေသည်။ 

"ဟုတ်တယ် အထွေထွေမန်နေဂျာ ချန်... တွေ့ရတာ ဝမ်းသာပါတယ်..."


"အင်း..."

ချန်လီဝေ့က အရေးမစိုက်ပဲ ပြန်ဖြေလိုက်သည်။ 


သူက လင်းလော့ချင်းနှင့်ပတ်သတ်၍ ထင်မြင်ချက်အချို့ရှိနေဆဲ ဖြစ်သည်။ ဝူရှင်းယွမ်က သူနှင့် စာချုပ်ချုပ်လိုသည့်အချိန်က လင်းလော့ချင်း၏ ဓာတ်ပုံကို ပြခဲ့ပေသည်။ ဤလူငယ်လေးက ချောမောကာ အမျိုးသမီးငယ်လေးများ ကြိုက်လောက်မည့် ပုံစံဖြစ်ပေသည်။ ဤသို့ဖြင့် သူက ပို၍ ကြာမြင့်သော ထင်မြင်ချက်တစ်ခု ရှိလာပေသည်။ 


"လူတိုင်းက စာချုပ်ချုပ်နိုင်တာမဟုတ်ဘူး... မင်းကိုပဲ ဥပမာထားလိုက်... မင်းက ရုပ်ရည်အသင့်အတင့်ရှိပြီး ငယ်ရွယ်တယ်.... မင်းက ကုမ္ပဏီအတွက် ပိုက်ဆံရှာနိုင်တဲ့ အလားအလာရှိတယ်... အဲ့ဒါကြောင့် ဝူရှင်းယွမ်က မင်းနဲ့ စာချုပ်ချုပ်ချင်တုန်းက ငါဘာကန့်ကွက်ချက်မှ မရှိခဲ့တာ... အတိုချုပ်ပြောရရင် အဲ့ရှစ်ကျန်းက ကောင်မလေးတွေ ကြိုက်လောက်မဲ့ လူမဟုတ်ဘူး... သူက မင်းထက်လည်း ကြီးတယ်... အဲ့ဒါက လိုအပ်တယ်လို့ ငါမထင်ဘူး... ဒါပေမဲ့ ရှောင်ဝူက သူနဲ့ စာချုပ်ချုပ်ပြီးပြီဆိုမှတော့ ငါဘာမှမလုပ်နိုင်တော့ဘူးလေ... ငါတို့က သူ့ကို လျစ်လျူရှုပြီးတော့ ဆုံးရှုံးမှုတွေ မဖြစ်အောင် လုပ်ရုံပဲ တတ်နိုင်တော့တာပေါ့... နားလည်လား..."


"ဒါပေမဲ့ ခင်ဗျားအရင်က သဘောတူထားပြီးပြီ မဟုတ်လား..."


လင်းလော့ချင်းက သူ့ကို မေးလိုက်သည်။ 

"ပြီးတော့ မင်းသားတွေဆိုတာ ရုပ်ရည်တစ်ခုတည်းနဲ့တင် ဖြစ်တာ မဟုတ်ဘူး... တခြားဟာတွေထက် အရည်အချင်းက ပိုအရေးကြီးတယ်... ရှစ်ကျန်းရဲ့ အရည်အချင်းတွေက စံပြပဲ... ခင်ဗျားပြန်စဉ်းစားပြီး သူ့ကို နားလည်အောင် ကြိုးစားကြည့်လို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်..."


"မလိုပါဘူး..."


ချန်လီဝေ့က သူ့ကို လက်ခါပြလိုက်သည်။ 

"သူ့အရည်အချင်းတွေက တကယ်ပဲ ကောင်းနေရင် သူက နာမည်ကြီးနေတာ ကြာပြီပေါ့... သူက ဘယ်လိုလုပ်ပြီး ၅နှစ်တောင်ကုန်သွားတဲ့အထိကို ဇာတ်ပို့နေရာမှာပဲ ရှိနေမှာလဲ..."


"အဲ့ဒါက အမှန်ဆိုပေမဲ့ ဒီအသိုင်းအဝိုင်းထဲမှာ ကြိုးစားဖို့ဆိုတာ အရည်အချင်းထက် တခြားဟာတွေပါ လိုတယ်ဆိုတာ ခင်ဗျားက တစ်ခြားသူတွေထက် ပိုသိမှာပါ... အဲ့ဒါက ကံကောင်းမှုနဲ့ အခွင့်အရေးလဲ လိုသေးတယ်လေ... သူ ဒီလောက်နှစ်တွေအကြာကြီး မထင်မရှားပဲ ဖြစ်နေတာက ဘာကြောင့်လဲဆိုရင်..."


"ဟုတ်ပြီ... ဟုတ်ပြီ..."


ချန်လီဝေ့က သူကို ဖြတ်ပြောကာ ဆိုလိုက်သည်။


"မင်းက ဒီအသိုင်းအဝိုင်းကို ဘယ်လိုလုပ်ပြီး ငါ့ထက် နားလည်နေတာလဲ... လင်းလော့ချင်း မင်းက အနုပညာရှင်တစ်ယောက်... ကောင်းကောင်းသာ သရုပ်ဆောင်ပါ... တခြားကိစ္စတွေမှာဝင်မပါနဲ့... မင်းက မန်နေဂျာလဲ မဟုတ်ဘူး ရှယ်ရာရှင်လည်း မဟုတ်ဘူး... အဲ့ဒါကို ကုမ္ပဏီက တခြား အနုပညာရှင်တွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာ ဝင်ပါချင်သေးတာလား... မင်း ဂရုစိုက်တာတွေ များလွန်းနေပြီလို့မထင်ဘူးလား... ကုမ္ပဏီက မင်းရဲ့ အရင် ကုမ္ပဏီကို အလျော်ပေးထားရသေးတယ်ဆိုတာလဲ မမေ့နဲ့... မင်းကအခုထိ အဲ့ဒါတောင် ကျေအောင်မပေးရသေးဘူး..."


လင်းလော့ချင်း - ...


လင်းလော့ချင်းက သူ့ကို ကြည့်လိုက်သည်။ 

"အဲ့တော့ အထွေထွေမန်နေဂျာ ချန်က ရှစ်ကျန်းကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားပြီးပြီပေါ့... ဖန်ရှန့်ကျယ်ကြောင့်လား... ဖန်ရှန့်ကျယ်က သူ့ကို မကြိုက်လို့လား..."


"မင်းက ဘာလို့ ရှောင်ကျယ်ကိုပဲ ဆက်တိုက် ဆွဲထည့်နေတာလဲ..."


ချန်လီဝေ့က မကျေမနပ်ဆိုလိုက်သည်။ 


"ဝါအရဆိုရင် ရှောင်ကျယ်က မင်းရဲ့ စီနီယာပဲ...

မင်းတို့အကုန်လုံးက ကုမ္ပဏီတစ်ခုတည်းအောက်မှာပဲ... အဲ့အပြင် မင်းသူ့ကို အထက်တန်းလွှာတစ်ယောက်လို ဆက်ဆံသင့်တယ်... မင်းသူ့ကို ဒီလိုမျိုး နိမ့်ချဆက်ဆံနေတာ သင့်တော်တယ်လို့ ထင်နေလား..."