Chapter 137
သူက လင်းလော့ချင်းမှာ ဤသည်ကြောင့် စိတ်မကျေမနပ်ဖြစ်နေသည်ဟု တွေးကာရှင်းပြလိုက်သည်။
"သူရာထူးနဲ့ဆိုရင် သူကို လုံဝ သန့်ရှင်းဖို့ မျှော်လင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... အဲ့ဒါက ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တွေကို မထိခိုက်သရွေ့တော့ သူဌေးက ထုံးစံအတိုင်း အဲ့ကိစ္စကို အကျယ်မချဲ့ဖို့ ရွေးမှာပဲ..."
"အဲ့ဒါက ကုမ္ပဏီကို ထိခိုက်မယ်ဆိုရင်ရော..."
ကျိယွီရှောင်က ထပ်မံ မေးမြန်းလိုက်သည်။
"ဘာဖြစ်ခဲ့လို့လဲ..."
လင်းလော့ချင်းက သူရှင်းရီတွင် မြင်ခဲ့၊ ကြားခဲ့သည်များကို သူ့အား ပြောပြလိုက်သည်။
"ရေအရမ်းကြည်နေရင် ငါးတွေ မနေနိုင်ဘူးဆိုတာကိုတော့ ငါသိပါတယ်... ပြီးတော့ ငါက လူတစ်ယောက်ရဲ့ အချစ်ရေးနဲ့ စိတ်ဝင်စားမှုကို သုံးပြီးသူတို့ရဲ့ အကျင့်စရိုက်ကို မဆုံးဖြတ်ပါဘူး... ဒါပေမဲ့ အခု သူလုပ်နေတဲ့အတိုင်းဆိုရင် သူက ကုမ္ပဏီကို လျစ်လျူရှုနေတယ်ဆိုတာ သက်သေပဲလေ... ဒီနေ့ဆိုရင် သူက သူ့ကောင်လေးက မကြိုက်တာနဲ့ပဲ တစ်ယောက်ယောက်ကို လျစ်လျူရှုနိုင်တယ်တဲ့... စာချုပ်ချုပ်ပြီးတာတောင် သူက အနုပညာရှင်ကို လျစ်လျူရှုထားတာ... ငါက ရှစ်ကျန်းအတွက် ပြောပေးတော့လဲ ငါ့အချိန်ဇယားတွေကို သုံးလ ရွေ့ဆိုင်းပစ်တာ... သူက မနက်ဖြန်ဆို ဘာလုပ်နိုင်မလဲ... သူမကြိုက်တာနဲ့ပဲ အနုပညာရှင်တွေကို ကတိပေးပြီး နောက်ပြန်လှည့်မှာလား..."
"သူ့မိသားစုက ဒီကုမ္ပဏီကို ဖွင့်ခဲ့တာလား... သူ လူတစ်ယောက်ကို စာချုပ်ချုပ်တာက သူ့ကြိုက်တာ မကြိုက်တာပေါ်မှာ မူတည်နေတာ... အဲ့ဒါက ကုမ္ပဏီကို ကိုင်တွယ်ဖို့ ငါတို့ စိတ်ချရတဲ့လူ မဟုတ်မှာပဲ ငါစိတ်ပူတာ..."
ကျိယွီရှောင်မှာ ချန်လီဝေ့ ဤမျှအထိ ထောင်လွှားမည်ဟု မထင်ထားပါပေ။
"သူက အရင်က အဲ့လို မဟုတ်ပါဘူး... သူက ဖန်ရှန့်ကျယ်နဲ့ တစ်ခုခုဖြစ်နေပေမဲ့ သူက ကိစ္စတွေကို ပေါ်တင်လုပ်ပြီး ကုမ္ပဏီကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို ခွဲဖို့ကို လျစ်လျူရှုတဲ့အထိ မလုပ်ရဲပါဘူး..."
"ဝူရှင်းယွမ်ပြောတာကတော့ သူက ကုမ္ပဏီက ကြည့်မဲ့လူတစ်ယောက်မှ မရှိတော့ဘူးဆိုတဲ့အချိန်ကစပြီး ပိုထောင်လွှားလာတာတဲ့... ကြည့်ရတာ သူ့ကို ထိန်းသိမ်းမဲ့လူမရှိတော့ ကုမ္ပဏီကို သူ့အပိုင်လို့ တွေးလာပုံရတယ်..."
ကျိယွီရှောင်က နှာမှုတ်လိုက်လေသည်။
လင်းလော့ချင်းက ထပ်မံဆိုလိုက်သည်။
"အိုး ဟုတ်သား... ဝူရှင်းယွမ်က သူ ချန်လီဝေ့ကို ကျိမူနဲ့ ညစာအတူစားနေတာ တစ်ခါတွေ့တယ်လို့ ပြောသံ ကြားတယ်..."
"ကျိမူ..."
ကျိယွီရှောင်က သူ့ကို လှမ်းကြည့်လိုက်သည်။
"အဲ့ဒါက လွန်ခဲ့ ၆လအတွင်းမှာ ဖြစ်ခဲ့တာလား..."
"ဟုတ်မယ်..."
ကျိယွီရှောင်က နားလည်သွားလေသည်။
၄င်းမှာ သူ့အစ်ကို ဆုံးသွားပြီဖြစ်ရာ ရှင်းရီက သဘာဝအလျောက်ပင် ကျိအုပ်စု၏ အပိုင်ဖြစ်လာသည်ဟု ချန်လီဝေ့က ခံစားရသည်ဟူသော သက်သေဖြစ်သည်။ ကျိအုပ်စု၏ CEO အနေဖြင့် ကျိမူမှာ သူ့၏ စိတ်ဝင်စားရာ ပစ်မှတ်ဖြစ်လာသည်မှာ သဘာဝ ကျပေသည်။
သူက သူ့နေရာကို သေချာေအာင် ကျိမူနဲ့ ပူးပေါင်းချင်တာပဲ...
ဒါက တကယ်ကို... ကန်းနေတာပဲ...
"ငါနားလည်ပြီ..."
ကျိယွီရှောင်က ညင်သာစွာဆိုလိုက်သည်။
ဆွေးနွေးမှုတစ်လျှောက်တွင် သူက အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားကာ ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်လိုက်ပေသည်။
"သူက မသင့်တော်တော့ဘူးဆိုမှတော့ သူ့တာဝန်နဲ့ ရာထူးကို ဖယ်ရှားရုံပဲ ရှိတာပေါ့..."
"ငါလည်း အဲ့လို ရည်ရွယ်ထားတာပဲ..."
လင်းလော့ချင်းက ဆိုလိုက်သည်။
"အဲ့ဒါဆို မင်းက သူ့ကို အလုပ်ဖြုတ်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ လက်ရှိ သူ့ရာထူးနဲ့ ကိုက်ညီတဲ့ တစ်ယောက်ယောက်ကို တွေ့ထားပြီးပြီလား..."
လင်းလော့ချင်း - ...
"ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ..."
သူက ကျိယွီရှောင်ကို လှမ်းကြည့်လိုက်သည်။
"ငါက အဲ့နယ်ပယ်နဲ့ မရင်းနှီးတာ မင်းလဲ သိရဲ့သားနဲ့..."
"ငါစိတ်ထဲမှာ တစ်ယောက်တော့ရှိတယ်... ဒါပေမဲ့ တစ်ဖက်က လိုချင်ပါ့မလား မသေချာဘူး..."
ကျိယွီရှောင်က ခက်ခဲသည့်အခြေအနေဖြစ်သည်ဟူသော အမူအရာတစ်ခု ပေးလိုက်ပေသည်။
လင်းလော့ချင်းက သိလိုစိတ်ပြင်းပြသွားလေသည်။
"ဘယ်သူလဲ..."
"ဘယ်သူလဲ ဆိုတာထက် သူလက်ခံအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ မင်းအကြံနည်းနည်း ပေးသင့်တယ်... မင်းဘာအကြံပေးချင်လဲ..."
"သူ့ကို ပိုက်ဆံပေးလိုက်လေ..."
လင်းလော့ချင်း၏ အကြံမှာ တည့်တိုးဆန်ပြီး စိတ်ထိခိုက်ဖွယ် ဖြစ်လေသည်။
"အဲ့ဒါမှ မလောက်ရင် သူ့ကို ပိုက်ဆံပိုပေးလိုက်လေ... အခြေအနေတစ်ခုရောက်ရင် သူက ပိုက်ဆံကို ငြင်းပါတော့မလား..."
"အဲ့လိုလား..."
"အဲ့လိုမှ မဟုတ်ရင်ရော..."
လင်းလော့ချင်းက သဘာဝကျကျ ဆိုလိုက်သည်။
"လူတိုင်းက ဒီကို ပိုက်ဆံလိုချင်လို့ လာတာ မဟုတ်ဘူးလား... လူတိုင်းက လာပြီး မင်းရဲ့ CEO ဖြစ်ချင်တာက ပိုက်ဆံက အဓိကမို့လို့ပဲပေါ့... အဲ့ဒါဆို သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးလိုက်လေ... သူ့ကိုမငြင်းလောက်နိုင်တဲ့ လစာပေးလိုက်ပေါ့..."
"တခြား အကျိုးကျေးဇူးတွေရော မရှိဘူးလား..."
လင်းလော့ချင်းက မကျေမနပ်ဖြစ်သွားလေသည်။
"မင်းက ဘယ်လို ထူးထူးဆန်းဆန်းလူကို တွေးမိလို့လဲ... ငါ့လို သာမန် ဝန်ထမ်းတစ်ယောက်နဲ့ လုံးဝ မတူဘူး... ငါဆို ပိုက်ဆံပဲလိုတာ..."
ကျိယွီရှောင်က ခေါင်းညိတ်ကာ သူ့ဆီသို့ လက်တစ်ဖက်ဆန့်ထုတ်လိုက်လေသည်။
"အဲ့ဒါဆိုရင် ဈေးပြောပါ CEOလင်း..."
လင်းလော့ချင်း - ...
လင်းလော့ချင်းက နားရှုပ်သွားသည်ဟု ခံစားလိုက်ရလေသည်။
"မင်းဘာပြောလိုက်တယ်..."
"သာမန်ဝန်ထမ်းတွေက ပိုက်ဆံပဲ စိတ်ဝင်စားတာလို့ မင်းပြောတာမလား... ဈေးပြောလိုက်... ငါတစ်ပြားမလျော့ပဲ ပေးမယ်လို့ ကတိပေးပါတယ်... အဲ့ဒါဆို မင်းက ငါ့ရဲ့ CEO လုပ်ပေး..."
လင်းလော့ချင်းမှာ သူက စနေသည်ဟု ခံစားလိုက်ရပေသည်။
"ငါက CEO ဖြစ်နိုင်တဲ့ လူတစ်ယောက်နဲ့ တူလို့လား..."
"ဒါပေါ့..."
လင်းလော့ချင်းက ပြောစရာမဲ့သွားသည်ဟု ခံစားလိုက်ရသည်။
"စမနေနဲ့တော့... ငါတော့ တကယ် မဖြစ်ဘူး..."
"ဘယ်သူကမှ CEO ဖြစ်ဖို့ မွေးလာတာ မဟုတ်ပါဘူး... မင်းက ဘယ်လိုလုပ်ရမလဲ မသိရင် ငါသင်ပေးမယ်... မင်းက ဘယ်နေ့လို့ မသေချာဘူးဆိုရင် ငါက အဲ့နေ့အထိကို သင်ပေးမယ်... မင်းက တစ်သက်လုံး မသိဘူးဆိုရင်လည်း ငါတစ်သက်လုံး မင်းကို လမ်းကြောင်းပေးမယ်... မင်းက ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုရင်တောင် ငါက ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးလား..."
လင်းလော့ချင်း - ...
လင်းလော့ချင်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"မင်းက အရမ်း စိတ်လိုက်မာန်ပါဖြစ်နေတာမဟုတ်ဘူးလား..."
သူက ဆိုလိုက်လေသည်။
"ငါတို့က လက်ထပ်ထားတော့ မင်းက ငါ့ကို အရမ်းအကောင်းမြင်ပြီးတော့ အဲ့လို အရေးကြီးတဲ့ ရာထူးတစ်ခုကို ယူခွင့်ပေးတာ မဖြစ်နိုင်ဘူးလား... တခြားလူတွေက မင်းက အချစ်ကြောင့် လုံးဝ မျက်လုံးကန်းပြီး ဦးနှောက်ဆေးခံလိုက်ရပြီ၊ ရှင်းရီကတော့ လုံးဝ အဆုံးသတ်ပြီလို့ ပြောကြလိမ့်မယ်..."
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးလိုက်လေသည်။ သူက ဆိုလိုက်သည်။
"အဲ့ဒါက ပိုမကောင်းဘူးလား..."
"ရလာမဲ့ ရလာဒ်ကိုကြည့်ရင် ငါက သေချာပေါက် ကျေနပ်မှာ... ပိုပြီးလက်တွေ့ကျတဲ့ အခြေအနေကကြည့်ရင် မင်းက အသင့်တော်ဆုံး ယှဉ်ပြိုင်သူပဲ... အဲဒါက ဆုံးဖြတ်ချက်ကောင်းတစ်ခုလို့ ငါထင်တယ်..."
လင်းလော့ချင်း - ...
ကျိယွီရှောင်က သူ့ကို ဆက်လက် ဖျောင်းဖျလာသည်။
"မင်းက မင်းသားတစ်ယောက်လေ... အဲ့တော့ မင်းက အနုပညာရှင်တစ်ယောက်ရဲ့ အမြင်ကနေ သဘာဝကျကျ ပိုပြီး တွေးနိုင်တယ်... မင်းက အနုပညာရှင်တိုင်းကို သူတို့နဲ့ ထိုက်တန်တဲ့ ရင်းမြစ်တွေ အကျိုးကျေးဇူးတွေကုမ္ပဏီက ပေးနိုင်ဖို့ မျှော်လင့်တယ်လေ... တစ်ချိန်တည်းမှာပဲ မင်းက ငါ့ရဲ့ ဇနီးလေ... အဲ့တော့ မင်းက ငါ့ဘက်ကနေကြည့်ပြီး ကုမ္ပဏီရဲ့အကျိုးအတွက်လဲ ထည့်စဉ်းစားမယ်လို့ ဆိုလိုတာပဲလေ... မင်းက ငါ့တို့ရဲ့ အနုပညာရှင်တွေက သစ္စာရှိပြီး ကုမ္ပဏီက ကြီးပွားဖို့ မျှော်လင့်တယ်လေ... မင်းက အကျိုးကျေးဇူးတွေကို ဆင်ခြင်ပြီး ကုမ္ပဏီနဲ့ အနုပညာရှင်တွေကြားမှာ ညီမျှမှုကို ထောက်ပံ့ပေးနိုင်မှာ... အဲ့ဒါက မင်းမှာပဲ ရှိပြီး တခြားသူတွေမှာ မရှိတဲ့ဟာပဲ..."
"ပြီးတော့..."
ကျိယွီရှောင်က သူ့ကိုကြည့်လိုက်လေသည်။ သူ့အသံက အလွန်နူးညံ့ကာ ညင်သာနေပေသည်။
"မင်းကိုယ်မင်းလဲ မတွေးသင့်ဘူးလား... မင်းက ငယ်သေးတယ်ပြီးတော့ သဘာဝကျကျပဲ ရုပ်ရှင်တွေ ဒရမ်မာတွေ ရိုက်လို့ရသေးတယ်.... ဒါပေမဲ့ မင်း ကြီးလာရင်ရော... မင်းသားတွေအများစုက အသက်ကြီးလာရင် တဖြည်းဖြည်း ဒီလောကထဲက ထွက်သွားဖို့ ရွေးချယ်ကြတာ... အဲ့တော့ လောလောဆယ် ငါပြောတာကို အရမ်းကြီး ငြင်းဖို့ပဲ စိတ်အားသန်မနေနဲ့ဦး... မင်းက အရင်ဆုံး အဲ့ရာထူးကို နားလည်အောင်လုပ်ဖို့ပဲ ကြိုးစားလို့ရတယ်... မင်းကိုယ်မင်း ကျင့်သားရအောင်လုပ်... အဲ့ကနေ သင်ယူ... အဲ့ဒါက မင်းအနာဂတ်အတွက်လည်း မကောင်းဘူးလား..."
လင်းလော့ချင်းက သူ့ကိုနားထောင်ကာ သူ့နှလုံးသားက ခုန်လာသည်ဟု ခံစားရပေသည်။
သူက အမှန်တကယ်ပင် အများကြီး မတွေးရသေးပါပေ။ သူက အဆင်ပြေသည်ဟု ယူဆရသည့် ဇာတ်ပို့နေရာတွင် သရုပ်ဆောင်ရုံသာဖြစ်သည်။ သူက နောက်ဆုံးတွင် ယခင်က စိတ်ကူးယဉ်ရသည့် တစ်စုံတစ်ခုကို ပြုလုပ်နိုင်ပြီး ဖြစ်သည်။ သူ့ အလုပ်အကိုင်မှာ စတင်ရုံသာ ရှိသေးပေသည်။ သို့ဖြစ်၍ သူက ယခုလောလောဆယ်တွင် သူ့အလုပ်အကိုင်၏ အဆုံးသတ်ကို မတွေးကြည့်ရသေးပါချေ။
သို့သော် ကျိယွီရှောင်က သူ့အတွက် အရာရာကို တွေးထားပြီး ဖြစ်လေသည်။
"ရှင်းရီကို ဘာလို့ထောင်ခဲ့လဲ မင်းသိလား..."
ကျိယွီရှောင်က သူ့ကိုမေးလိုက်လေသည်။
လင်းလော့ချင်းက ခေါင်းခါလိုက်ပေသည်။ သူက မသိပါပေ။
"ငါ့မရီးအတွက်..."
ကျိယွီရှောင်က ငြင်သာစွာ ဆိုလိုက်သည်။
"ငါ့မရီးက ကရတာကို ကြိုက်တယ်လေ... သူမရဲ့ အိပ်မက်က အကသမားတစ်ယောက်ဖြစ်လာပြီး တစ်ကမ္ဘာလုံးမှာ ကချင်ခဲ့တာ... ငါ့အစ်ကိုက သူမက လူမြင်ခံရတာကိုကြိုက်တယ်လို့ထင်ပြီး ရှင်းရီကို ချက်ချင်း တည်ထောင်ပြီးတော့ သူမကနိုင်အောင် အခွင့်အရေးတွေ စတိတ်တွေကို တိုးချဲ့ပေးခဲ့တာ... အဲ့တော့မှ သူမကို လူတွေ ပိုသိလာမှာပေါ့..."
"သူဆုံးသွားတော့ သူက အကုန်လုံးကို ငါ့အတွက် ထားခဲ့တာ... အခု ငါက မင်းကို ပေးနေတာ..."
"ပြီးတော့ ဒါက ငါရှောင်ယွီဆီကနေ ယူခဲ့တဲ့ တစ်ခုတည်းသော အရာပဲ... ငါ့သူ့ကို အလျော်အနေနဲ့ တခြားတစ်ခုပြန် ပေးမှာပါ... ဒါပေမဲ့ ရှင်းရီကိုတော့ ငါမင်းကို ပေးချင်တယ်... မင်းနားလည်ရဲ့လား..."
လင်းလော့ချင်းက သူ့မျက်လုံးများထဲမှ တည်ကြည်မှုကို ကြည့်ကာ သူ့စကားလုံးများကို နားထောင်လိုက်သည်။ သူ၏ နှလုံးသားက တဖျပ်ဖျပ်ခုန်လာကာ ပြင်းထန်စွာ ခုန်နေပေသည်။
၄င်းက အလွန်လျင်မြန်စွာ ခုန်ပေါက်နေလေသည်။ မိုးစက်များသဖွယ် တစ်ချက်ပြီး တစ်ချက် ခုန်နေပေသည်။ ၄င်းက သူ့ကို မမျှော်လင့်ထားစွာ ထိခတ်နေပေသည်။
သူ့ခန္ဓာကိုယ်က မထိန်းနိုင်စွာ တုန်ယင်နေပေသည်။ သူက ကျိယွီရှောင်ကို ကြည့်ကာ ပြောစရာမဲ့နေလေသည်။
သူနားလည်သင့်လား...
သူနားလည်လား...
သူဘာကို နားလည်သင့်တာလဲ...
ကျိယွီလင်းက ရှင်းယီကို အချစ်အတွက် ထူထောင်ခဲ့ပေသည်။ သူက သူ့ဇနီးကိုချစ်မြတ်နိုး၍ ဖြစ်သည်။
ယခုတွင် ကျိယွီရှောင်က ရှင်းရီကို သူ့အားပေးရန် ပြတ်ပြတ်သားသားဆိုနေပေသည်။
အဲ့ဒါကလည်း...
အဲ့ဒါကလည်း အချစ်ကြောင့်ပဲလား...
လင်းလော့ချင်းက သူ့ရင်ဘတ်ထဲတွင် မိုးတစ်ခုရွာသွန်းနေသလို ခံစားနေရသည်။ ၄င်းက ဆူညံစွာခုန်ပေါက်နေ၏။ သူက သူ့၏ နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်လုနီးပါးဖြစ်နေလေသည်။ ၄င်းမှာ သူက အကြောသေသွားသကဲ့သို့ပင်။
သူ့နားထဲတွင် အသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူ့ကမ္ဘာမှာ တိတ်ဆိတ်သွားလေသည်။ သူ့မျက်လုံးထဲတွင် ကျိယွီရှောင်သာ ရှိတော့သည်။
သူက လရောင်အလယ်တွင် ဖူးပွင့်လာပေသည်။
ဤအရောင်စုံကာ ခမ်းနားလှသော ကမ္ဘာပေါ်တွင်... ပြီးတော့ သူ့နှလုံးသားထဲတွင်...
လင်းလော့ချင်းမှာ သူ့ကိုယ်သူ ပြန်ဖြေသည်ကို ကြားလိုက်ပေသည်။
"အင်း..."
သူ့အသံက ညင်သာကာ တိုးညင်းလှပြီး လိပ်ပြာများဖြင့် ဆင့်တူသည့် ထိုမျက်တောင်များကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေပေသည်။
သူ့၏ အိပ်မက်ကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေပေသည်။
လရောင်မှာ မြေပြင်တွင် ဖြာကျနေကာ သူ့နှလုံးသားမှာ မြင်ကွင်းအပြည့် ဖြစ်နေလေသည်။
ကျိယွီရှောင်က လင်းလော့ချင်း သဘောတူလိုက်သည်ကိုမြင်ပြီး ထပ်မံ ပြုံးလိုက်သည်။
"ကောင်းကောင်းနားလိုက်ဦး... ငါမင်းကို တစ်ယောက်တည်း မလွတ်ထားပါဘူး... ငါမင်းကို ကျွမ်းကျင် မန်နေဂျာတစ်ယောက်ငှားပေးမယ်... မင်း သူ့ဆီကနေ သင်ယူလို့ရတယ်..."
လင်းလော့ချင်းက ချက်ချင်းပင် သက်ပြင်းချလိုက်သည်။
"အဲ့ဒါက အကောင်းဆုံးပဲ..."
ကျိယွီရှောင်က သူနှင့် ဤကိစ္စဆွေးနွေးခြင်းအား အဆုံးသတ်လိုက်လေသည်။ ထို့နောက် သူက ချန်လီဝေ့ကို ခေါ်ကာ မနက်ဖြန်မနက်ခင်းတွင် ဘုတ်အဖွဲ့ဒါရိုက်တာများကို စုဝေးရန် ပြောကြားလိုက်သည်။ သူတရားဝင်ကြေညာရမည့် ကိစ္စတစ်ခု ရှိပေသည်။
ချန်လီဝေ့က ကျိယွီရှောင်ထံမှ ဖုန်းတစ်ကော လက်ခံရမည်ဟု မမျှော်လင့်ထားပါပေ။ သူက ကြောင်အသွားပြီး မေးလိုက်လေသည်။
"ဥက္ကဌ ကျိ... ဘာကို တရားဝင် ကြေညာမလို့လဲ..."
"အချိန်ရောက်ရင် သိမှာပေါ့..."
ချန်လီဝေ့က စိတ်မအေးဖြစ်သွားလေသည်။
"ကျွန်တော် သိလို့မရတဲ့ ကိစ္စတစ်ခုများလား..."
ကျိယွီရှောင်က ခပ်ဖွဖွ ရယ်လိုက်ပေသည်။
"မင်းက အခုငါ့ကို မေးခွန်းပြန်ထုတ်နေတာလား..."
"မဟုတ်ပါဘူး..."
ချန်လီဝေ့က လေးစားစွာ ဆိုလိုက်သည်။
"အဲ့ဒါဆိုရင် ငါပြောတဲ့အတိုင်းသာလုပ်ပြီး အဓိပ္ပာယ်မရှိတာတွေကို သိမ်းထားလိုက်..."
ကျိယွီရှောင်က သူ့စကားများကို အဆုံးသတ်လိုက်ကာ တိုက်ရိုက် ဖုန်းချလိုက်သည်။
ချန်လီဝေ့က သူ့ဖုန်းကို တင်းတင်းဆုပ်ကာ စိတ်မအေးဟု ခံစားလိုက်ရသည်။
ကျိယွီရှောင် မတော်တဆဖြစ်သည့်အချိန်က သူက သူ့(jyx)ကို သွားရှာခဲ့သည်။
သူက ကျိယွီလင်း၏ ညီငယ်လေးဆိုသည်ကို လူတိုင်းက သိသည်။ သူက ကျိကျန်းဟုန်၏ ဒုတိယသားဖြစ်သည်။ ယခုတွင် ကျိယွီလင်းက သေဆုံးသွားပြီဖြစ်ကာ သူက ကျိအုပ်စုနှင့် ရှင်းရီကို အုပ်ချုပ်ရမည့်တစ်ဦးတည်းသောလူဖြစ်ပေသည်။
သို့သော် သူ ကျိယွီရှောင်ကို တွေ့စဉ်က ကျိယွီရှောင်မှာ လုံးဝပြိုလဲနေပုံရသည်။ သူက ဂရုမစိုက်ဘူးဟုသာ ဆိုခဲ့လေသည်။ သူက ထိုကဲ့သို့ဖြစ်နေကာ သူကိုယ်တိုင်နှင့် တခြားကိစ္စများကို စိတ်ပူရန်အတွက် နှလုံးသားမရှိပါပေ။ သူက ချန်လီဝေ့ကို သူအဆင်ပြေသလိုသာ လုပ်ရန်ပြောပြီး မကြာမီမှာပင် သူ့ကို အဝေးပို့လိုက်ပေသည်။
မူလက ချန်လီဝေ့မှာ စိတ်ဓာတ်ကျသည်ဟု ခံစားခဲ့ရသည်။ သူက ကျိယွီရှောင်မှာ သူ့ကို မျှော်လင့်မထားဟု ခံစားရပေသည်။ သို့မဟုတ်ပါက သူ့ကိုတွေ့ရန် ငြင်းဆန်မည်မဟုတ်ကာ နောက်ပိုင်းတွင် သူ့ကို ဤကဲ့သို့ ဆက်ဆံမည် မဟုတ်ပါပေ။
သို့သော် ထို့နောက်တွင် သူက စိတ်လှုပ်ရှားလာပေသည်။
ကျိယွီရှောင်ကလည်း ဂရုမစိုက်ဘူး၊ ကျိအုပ်စုကလည်း စိတ်မဝင်စားဘူးဆိုရင် သူပြောသမျှက ရှင်းရီအပေါ်သက်ရောက်သွားမှာ မဟုတ်ဘူးလား...
၄င်းမှာ သူက နောက်ဆုံးတွင် အိမ်သခင်မဖြစ်လာသော ချွေးမကဲ့သို့ပင်။ သူက အတန်ကြာအောင် အလုပ်ကြိုးစားခဲ့ပေသည်။ ကျိယွီလင်း အသက်ရှင်စဉ်က သူသည် ကျိယွီလင်းခွင့်မပြုသည့် အရာအနည်းငယ်ကို ပြုလုပ်ခဲ့ပေသည်။ ထို့နောက်တွင် သူက ပို၍ ရဲတင်းလာကာ သူ့ကိုယ်သူ ရှင်းရီ၏ သူဌေးအဖြစ် ယူဆလိုက်ပြီးနောက် စောင့်ထိန်းစရာ ကိုယ့်ကျင့်တရားတစ်ခုမှ မရှိတော့ပါပေ။
ထို့နောက် ကျိမူက ရာထူးတိုးသွားလေသည်။ သူက ကျိယွီရှောင်မှာ လုံလောက်သည်ဟု မခံစားရတော့ပဲ ထိုအစား ကျိမူကို ကပ်လိုက်၏။
အခုတော့ ကျိယွီရှောင်က သူ့ကို ဖုန်းစခေါ်လာတယ်... ပြီးတော့ သူက ဘုတ်အဖွဲ့အစည်းအဝေးခေါ်မယ်ဆိုတော့... ဘာအတွက်လဲ... သူဘာစီစဉ်နေတာလဲ...
ချန်လီဝေ့က နားမလည်ပါပေ။
သူက ဤရာထူးတွင် အချိန်ကြာပြီ ဖြစ်သည်။ သူက ကျိယွီရှောင်၏ လူကို ရန်စမိသည်ကို သိသော်လည်း ကျိယွီရှောင်က ထိုကဲ့သို့ လူတစ်ယောက်အတွက် သူ့ကို ဆွဲချမည်ဟု မမျော်လင့်ထားပေ။
သူက ဤရာထူးနှင့် အလွန်အသားကျနေပြီ ဖြစ်သည်။ သူက အလုပ်ကြိုးစားကာ များစွာသော ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီးပြီဟု ခံစားရသည်။ သူ့ထက် မည်သူကမှ ဤနေရာအတွက် မသင့်တော်ပါပေ။ သို့ဖြစ်၍ သူက ကျိယွီရှောင်၏ ရည်ရွယ်ချက်ကို နားမလည်သလို ဂရုလည်းမစိုက်ခဲ့ပေ။
အဲ့ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး...
****
လင်းလော့ချင်းက ကျိယွီရှောင်က ဖုန်းခေါ်နေသည်ကိုမြင်ကာ မေးလိုက်လေသည်။
"မင်းက မြက်ကို ဒီလိုမျိုး ရိုက်ပြီး မြွေကို စပြီးစိန်ခေါ်မှာတော့ မဟုတ်ဘူးမလား..."
"မဟုတ်ပါဘူး..."
ကျိယွီရှောင်က ချန်လီဝေ့၏ စိတ်အနေအထားကို ရှင်းရှင်းလင်းနားလည်ပေသည်။
"သူက အဲ့ဒါကို တွေးတောင် မတွေးလောက်သေးဘူး... သူက အမှားလုပ်မိထားတယ်လို့
မထင်ဘူးလေ... အဲ့တော့ သူအရမ်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ထင်မှာမဟုတ်ဘူး..."
လင်းလော့ချင်းက ခေါင်းညိတ်ကာ စိုးရိမ်တကြီး ဆိုလိုက်သည်။
"ပြောကြည့်... ချန်လီဝေ့က ထွက်သွားရင် ပြဿနာရှာမှာလား..."
"မင်းဘယ်အပိုင်းကနေ တွေးနေလဲဆိုတာအပေါ် မူတယ်တယ်..."