Chapter 138
"သူက ကုမ္ပဏီမှာ ရှိနေတာ အရမ်းကြာပြီလေ... သူက အနုပညာရှင်တွေ အများကြီးနဲ့ ရင်းနှီးမှာပဲလေ... သူတစ်ယောက်တည်း ထွက်သွားမယ်ဆိုရင် အဆင်ပြေပေမဲ့ သူက အနုပညာရှင်တွေကိုပါ ခေါ်သွားရင်ရော... ဘာပဲဖြစ်ဖြစ် သူက အာဏာကို အကြာကြီး ကိုင်ထားထာလေ... သူက လောင်စာထည့်လိုက်ရင် အနုပညာရှင်တွေက သူ့ကို နားထောင်ပြီး သူနဲ့အတူ ထွက်သွားမလားဆိုတာ ပြောမရဘူးလေ..."
ကျိယွီရှောင်က သူဤအခြေအနေအထိ တွေးတောမည်ဟု မမျှော်လင့်ထားပဲ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"မင်းက တကယ်ကို တော်တာပဲ... မင်းက ဒီရာထူးနဲ့ သင့်တော်တယ်လို့ ငါပြောသားပဲ..."
လင်းလော့ချင်းက သူ့ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့သွားသည်ဟု ခံစားလိုက်ရသည်။ ၄င်းမှာ သူက ဝိညာဉ် မကူးပြောင်းမီက ဇာတ်ညွှန်းစာအုပ်များစွာကို ဖတ်ခဲ့၍ ဤသည်ကို တွေးမိခြင်းသာဖြစ်သည်။
"ဒါပေမဲ့ မင်းအဲ့ဒါကို စိတ်ပူစရာမလိုပါဘူး..."
ကျိယွီရှောင်က စိတ်မပူသည်မှာ သိသာလှပေသည်။
"သူခေါ်သွားလို့ရတဲ့ လူတွေက ကုမ္ပဏီကို သံယောဇဉ်မရှိလို့ပေါ့... သူတို့ ထွက်သွားရင် ထွက်သွားပါစေ... ငါက သူတို့ကို သိပ်ဂရုမစိုက်ဘူး..."
"အဲ့အပြင် ရှင်းရီမှာ အရေးကြီးတာက စုထုံတစ်ယောက်တည်းပဲ... စုထုံ ထွက်မသွားသရွေ့ ဆုံးရှုံးမှုက အဲ့လောက်မများဘူး... ပြီးတော့ ငါတို့က လူသစ်တွေကို ထပ်ပြီး စာချုပ်ချုပ်မှာဆိုတော့ အဲ့ဒါက ကိစ္စကြီး မဟုတ်ပါဘူး..."
ထို့နောက် သူက မလှောင်ပြောင်ပဲ မနေနိုင်ပါပေ။
"ချန်လီဝေ့က CEO အဖြစ် ကောင်းကောင်းမလုပ်ခဲ့တဲ့ ပုံပါပဲ..."
"အဲ့ဒါဆိုရင် စုထုံပါ ထွက်သွားရင်ရော..."
လင်းလော့ချင်းက ထပ်မံ မေးမြန်းလိုက်သည်။
"အဲ့ဒါကို စိတ်ပူစရာမလိုပါဘူး..."
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်လေသည်။
"စုထုံက ငတုံးမဟုတ်ဘူးလေ... သူထွက်သွားချင်မှာ မဟုတ်ဘူး..."
"မင်းက အရမ်းသေချာနေတာပဲ..."
ကျိယွီရှောင်က သူ့ခေါင်းကို ညိတ်ပြလိုက်သည်။
"ငါက သူထွက်မသွားလောက်ဘူးလို့ ခန့်မှန်းမိတာပါ..."
လင်းလော့ချင်းက သူ့၏ ယုံကြည်ချက်အပြည့် စကားများကို နားထောင်ကာ ရှင်းမပြတတ်အောင် မကျေမနပ်ခံစားလိုက်ရပေသည်။
"ယုံကြည်ချက်တွေ အရမ်းရှိနေတယ်ပေါ့... မင်းတို့နှစ်ယောက်က ဆက်ဆံရေးတော်တော်ကောင်းတာပဲ..."
ကျိယွီရှောင်က ရယ်လိုက်ပေသည်။
"မင်းက ငါ့ကို နေ့တိုင်း ရှာလကာရည်သောက်တယ်ပြောနေတာ မင်းကိုယ်မင်း ရှာလကာရည် ကောင်းကောင်းသောက်တတ်တာရော သိရဲ့လား..."
"ငါက စဉ်းစားတတ်ပြီး ငါ့ရဲ့ အနာဂတ် အလုပ်သမားအတွက် တွေးပေးနေတာပါနော်..."
လင်းလော့ချင်းက ဝန်ခံရန် ငြင်းဆိုလိုက်သည်။
ကျိယွီရှောင်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ပါပြီ... အဲ့ဒါဆိုရင်လည်း သူတို့ကို ဂရုစိုက်ဖို့ မင်းကိုပဲ လွတ်ထားလိုက်တော့မယ်..."
သူက ထိုသို့ဆိုလိုက်ပြီးနောက် သူက ရှေ့သို့ တွန်းသွားလိုက်လေသည်။ လင်းလော့ချင်းက အလျင်အမြန်နောက်မှလိုက်ကာ လက်ကိုင်ကို ကိုင်လိုက်သည်။
"မင်းက ငါ့မေးခွန်းကို မဖြေရသေးဘူး..."
ကျိယွီရှောင်က သူ့ကိုကြည့်လိုက်ရာ လင်းလော့ချင်းက ခပ်တည်တည်ပင် ပြုံးပြလိုက်သော်လည်း စိုးရိမ်မှုကို ဖုံးကွယ်ရန် ခက်ခဲပေသည်။ သူက ခေါင်းမာပေသည်။ ကျိယွီရှောင်က သူ့လက်ကို ဆွဲကာ နမ်းလိုက်သည်။
"မင်းထင်သလောက်လဲ မကောင်းပါဘူး... ဒါပေမဲ့ သူ့စရိုက်က ဝင့်ကြွားတတ်တယ်... ချန်လီဝေ့က သူ့ကို မအုပ်ချုပ်နိုင်ဘူး... အဲ့ဒါကြောင့် သူရှင်းရီက ထွက်သွားအောင် နှစ်သိမ့်လို့မရဘူးလို့ ငါထင်တာ..."
ထိုအချိန်မှသာ လင်းလော့ချင်းက ကျေနပ်သွားပြီး သူက သူ့လက်ကို တဖြည်းဖြည်း ပြန်ဆွဲကာ ကျိယွီရှောင်ကို ပြန်တွန်းပေးလိုက်သည်။
"ဘယ်လဲ..."
"အောက်ထပ်ကို... အခုလောက်ဆို ညစာ အသင့်ဖြစ်နေလောက်ပြီ... စားကြစို့..."
"အိုး..."
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ကျိယွီရှောင်ကို စာကြည့်ခန်းထဲမှ တွန်းထုတ်သွားလိုက်သည်။
********
ဘုတ်အဖွဲ့ ဒါရိုက်တာများ အစည်းအဝေးကို မနက်၁၀နာရီတွင် အချိန်ဇယားဆွဲထားခြင်း ဖြစ်သည်။ လင်းလော့ချင်းက ကလေးနှစ်ယောက်ကို ကျောင်းပို့ပြီးနောက် ကျိယွီရှောင်ဆီသို့ ပြန်လာကာ သူတို့နှစ်ယောက်က ရှင်းရီသို့ အတူတကွ ထွက်လာလိုက်လေသည်။
ကျိယွီရှောင်က ကုမ္ပဏီကို မကြာခဏ မသွားပါပေ။ ယခုတွင် သူက ကုမ္ပဏီရောက်လာရာ လှည့်ပတ်မကြည့်ပဲ မနေနိုင်ချေ။
-"ငါအစက မင်းမရီးကို ပေးဖို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ မင်းမရီးက မကြိုက်ဘူးလေ... နှမြောစရာပဲ..."
သူက ရှင်းရီထဲတွင် သူရပ်နေသည့် ထိုအချိန်က သူ့အစ်ကိုက သူ့အား ထိုသို့ဆိုရင်း အဆောက်အဦးကို လှမ်းကြည့်သည်ကို သတိရမိသည်။
ထိုအချိန်က သူ့အစ်ကိုမှာ ပူပင်မှုကင်းသော အမျိုးသားတစ်ဦးဖြစ်ခဲ့သည်။ သူက နှမြောစရာဟု ဆိုနေသော်လည်း နောင်တအနည်းငယ်ပင် မခံစားရသည်ကို မည်သူကမဆို ပြောနိုင်ပေသည်။ သူက ကုမ္ပဏီကို ချန်လီဝေ့ထံ လွှဲပေးကာ နောက်ပိုင်းတွင် ကုမ္ပဏီကို သိပ်ဂရုမစိုက်တော့ပေ။
ယခုတွင် ကျိယွီရှောင်က ၄င်းကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။ သူ့မရီး မည်သည့်အခါကမှ လက်ခံမရရှိခဲ့သည့် လက်ဆောင်တစ်ခုကို လင်းလော့ချင်းက လက်ခံခဲ့သည်။ သူက သူ့အစ်ကို ဤကုမ္ပဏီကို ထူထောင်ရသည့် ရည်ရွယ်ချက်က သူ့ထံသို့ ပဲ့တင်ထပ်လာသည်ဟု ခံစားလိုက်ရသည်။
ညင်သာကာ တမ်းတမှုများဖြင့် ပြည့်နှက်နေပြီး မျှော်လင့်စောင့်စားရပေသည်။
သူက သူ့ချစ်သူ၏ ဆန္ဒများကို ဖြည့်ဆည်းလိုသော်လည်း ထူးခြားသော လူ့အသိုင်းအဝိုင်းထဲတွင် သူမ ဆုံးရှုံးမှုများ ခံစားရမည်ကို ကြောက်ရွံ့ပေသည်။ သို့ဖြစ်၍ သူက သူ့ကိုယ်ပိုင် ကုမ္ပဏီတစ်ခုကို ဖန်တီးကာ သူမအတွက် ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ပေသည်။
ယခု ကျိယွီရှောင် ကဲ့သို့ပင်။
ဝူရှင်းယွမ်မှာ သူတိူ့နှစ်ဦးထက်အရင် ရောက်နေခြင်း ဖြစ်သည်။ သူက ကျင်းပမည့် အစည်းအဝေးအကြောင်း သတိပေးခံရပြီးသည့် အချိန် သို့မဟုတ် ထိုနေ့က လင်းလော့ချင်း၏ စကားများကို ကြားထားပြီးချိန်မှစ၍ ကုမ္ပဏီတွင် အခြေအနေများ ပြောင်းလဲနေပြီ ဖြစ်သည်ကို ဝိုးတဝါး ခံစားမိလိုက်သည်။
သို့ဖြစ်၍ သူက လင်းလော့ချင်း၏ အသိပေးစာ ရရှိပြီးနောက်တွင် ဧည့်ခန်းထဲသို့ ဆင်းကာ သူတို့ရောက်လာသည်ကို စောင့်နေလေသည်။
လင်းလော့ချင်းက ယနေ့အတွက် သူ့လက်ထောက်ကို မခေါ်လာခဲ့ပေ။
ချန်လီဝေ့က မနက် ၉နာရီကတည်းက ကုမ္ပဏီသို့ ရောက်နေသည် ဖြစ်သည်။ ထိုအချိန်ကတည်းမှ သူက ကျိယွီရှောင် ရောက်လာသည်ကို စောင့်ရင်းဖြင့် စိတ်မအေးဖြစ်နေသည်။ နောက်ဆုံးတွင် ထိုအမျိုးသားက ပေါ်လာပြီဖြစ်ကာ သူက အလျင်အမြန် သွားနှုတ်ဆက်လိုက်၏။
"ဥက္ကဌကျိ..."
သူက ပြုံးကာ ဆိုလိုက်သည်။
သူက ထိုသို့ဆိုကာ လင်းလော့ချင်းကို လှမ်းကြည့်လိုက်သည်။ သူက ကျိယွီရှောင်၏ ဘီးတပ်ကုလားထိုင်ကို တွန်းနိုင်သည်ဖြစ်ရာ သူတို့၏ ဆက်ဆံရေးမှာ မရိုးရှင်းသည်ကို လူတိုင်းက ပြောနိုင်ပေသည်။
"ကျန်တဲ့ ဘုတ်အဖွဲ့တွေ ရောက်နေပြီလား..."
ကျိယွီရှောင်က ဆိုလိုက်သည်။
"သူတို့က အခု အစည်းအဝေးခန်းထဲမှာ ရောက်နေပါပြီ..."
"အဲ့ဒါဆို ငါတို့လည်း သွားကြစို့..."
"ဟုတ်..."
ချန်လီဝေ့က ချက်ချင်းပင် လက်တစ်ဖက်ဆန့်ကာ သူတို့ကို လမ်းပြလိုက်သည်။
လင်းလော့ချင်းက အစည်းအဝေး ခန်းမအတွင်းထိ သူ့နောက်ကို လိုက်လာပေသည်။
အမျိုးသား၊ အမျိုးသမီး ၇ဦး ၈ဦးခန့် ရှိနေပြီး ဖြစ်လေသည်။ သူတို့က ကျိယွီရှောင်ကို မြင်သောအခါ အားလုံးက မတ်တပ်ထရပ်ကာ သူ့ကို ယဉ်ကျေးစွာခေါ်လိုက်ပေသည်။
"CEO ချန်၊ ဥက္ကဌ ကျိ..."
၄င်းက ကျိယွီရှောင်မှာ ခေါင်းဆောင်မဟုတ်တော့၍ ချန်လီဝေ့ကို အရင်ဆုံးနှုတ်ဆက်ရန် သူတို့ အားလုံးက အလိုလို လက်ခံထားသည်ကို သက်သေပြနေပေသည်။
ရှောင်လီက စားပွဲထိပ်မှ ထိုင်ခုံကို တွန်းဖယ်လိုက်ကာ လင်းလော့ချင်းက ကျိယွီရှောင်ကို ထိုနေရာသို့ တွန်းသွားလိုက်ပေသည်။
ချန်လီဝေ့က မကျေမနပ်ဖြစ်သွားကာ မသိမသာ မျက်နှာမဲ့လိုက်လေသည်။ သို့သော် သူက တစ်ခွန်းမှ မဆိုဝံ့ပဲ ကျိယွီရှောင်၏ ညာဘက်တွင် ထိုင်လိုက်ပေသည်။
တခြားသူများက ၄င်းကို များစွာ မတွေးပါပေ။ သူတို့က ကျိယွီရှောင်၏ မိသားစုအမည်မှာ ကျိဖြစ်ကာ အနည်းဆုံး လူကျင့်ဝတ်ဖြင့် အပေါ်ယံမျက်နှာကို ထိန်းသိမ်းထားသင့်ကို သိပေသည်။
"ဘာလို့ ရုတ်တရက်ကြီး အစည်းအဝေးခေါ်တာလဲ... တစ်ခုခုဖြစ်လို့လား..."
တစ်စုံတစ်ယောက်က မေးလိုက်ပေသည်။
"ဟုတ်တယ်... ကုမ္ပဏီက ဆုံးဖြတ်ချက် အသစ်တချို့ ချပြီးသွားပြီမို့လား..."
ချန်လီဝေ့က လူအုပ်ကို ပြုံးပြကာ ညင်သာစွာ ဆိုလိုက်သည်။
"လူတိုင်းကို စုစည်းလိုက်တာက ဥက္ကဌ ကျိပါ... ဘုတ်အဖွဲ့ကို အသိပေးစရာရှိတယ်လို့ သူပြောတယ်..."
သူတို့က သူ့စကားလုံးများကို ကြားသည့်အခါ အကြည့်များအားလုံးက ကျိယွီရှောင်ပေါ်သို့ ကျလာပေသည်။ ချန်လီဝေ့ကလည်း သူ့ကို လှည့်ကြည့်လာပေသည်။
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးပြလိုက်ပြီး ရှိနေသော လူများ၏ မျက်နှာများကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်မှသာ သူက ဖြည်းဖြည်းချင်း ဆိုလိုက်ပေသည်။
"တကယ်တော့ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး... ကျွန်တော် လူတိုင်းကို စုဝေးလိုက်တာက သတင်း၂ခုကို တရားဝင်ကြေညာစရာရှိလို့ပါ..."
"အရင်ဆုံး..."
သူက အချိန်မဆွဲတော့ပဲ အဓိကအချက်ကို တန်းဆိုလိုက်သည်။
"ချန်လီဝေ့နဲ့ ကုမ္ပဏီရဲ့ အနုပညာရှင် ဖန်ရှန့်ကျယ်တို့က မပြတ်မသားဆက်ဆံရေးတစ်ခုနဲ့ ပတ်သတ်နေကြပြီး ကုမ္ပဏီရဲ့ တခြားအနုပညာရှင်တွေကို ဖိနှိပ်ဖို့အတွက် ကုမ္ပဏီရဲ့ ရင်းမြစ်တွေကို သုံးပြီး ကုမ္ပဏီအတွက် ဆုံးရှုံးမှုတွေ ဖြစ်စေတယ်... ကုမ္ပဏီရဲ့ အနာဂတ်တိုးတက်မှုကို ထည့်တွက်ပြီး ကျွန်တော်က ချန်လီဝေ့ရဲ့ ရာထူးနဲ့ ဖန်ရှန့်ကျယ်ရဲ့ ရင်းမြစ်တွေကို ဥပမာအနေနဲ့ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တယ်..."
လူအုပ်မှာ ကြောင်အသွားလေသည်။
ချန်လီဝေ့က ချက်ချင်းထရပ်ကာ ဆိုလိုက်လေသည်။
"ဥက္ကဌ ကျိ ဘာကိုဆိုလိုတာလဲ..."
"ကျုပ်ပြောလိုက်တာ မကြားဘူးလား..."
ကျိယွီရှောင်က သူ့ကို လှမ်းကြည့်လိုက်သည်။
"မင်း အလုပ်ပြုတ်ပြီ..."
"ဘာလို့လဲ..."
ချန်လီဝေ့မှာ သူကြားလိုက်သည်အား မယုံနိုင်ပါပေ။ သူက သူ့ရှေ့မှ အမျိုးသားကိုကြည့်ကာ မကျေမချမ်း အော်ဟစ်လိုက်သည်။
"ရှင်းရီ ဒီနေ့ ဒီနေအထိ ရောက်လာတာ ငါ့ကြောင့်ပဲ... ဒီနေ့ ရှိနေတဲ့အခြေအနေထိ ရောက်အောင်လုပ်ပေးခဲ့တာ ငါပါ... ဘာကို မှီခိုပြီး မင်းက ငါ့ကို အလုပ်ဖြုတ်တာလဲ..."
ကျိယွီရှောင်က သူ့ကို ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ကြည့်လိုက်သည်။
"မင်းက ရှင်းရီရဲ့ အလုပ်သမားဖြစ်ပြီး ငါက သူဌေးဆိုတာအပေါ် မူတည်ပြီးပေါ့..."
"ပြီးတော့..."
ကျိယွီရှောင်၏ အသံမှာ တည်ငြိမ်နေပေသည်။
"ရှင်းရီိကို ငါ့အစ်ကိုက တည်ထောင်ခဲ့တာ... ငါ့အစ်ကိုက မင်းကို ကုမ္ပဏီကို စီမံဖို့ငှားပြီး နှစ်တိုင်း လစာကောင်းကောင်းပေးခဲ့တယ်... လူတိုင်းက စာချုပ်အတိုင်းပဲ အလုပ်လုပ်တယ်... မင်းက လစာမယူရသေးတာလဲ မဟုတ်ဘူး... မင်းရဲ့ ထိခိုက်နစ်နာတဲ့ဆိုတဲ့ ပုံစံက မသင့်လျော်ဘူး..."
ချန်လီဝေ့က အံတင်းတင်းကြိတ်လိုက်သည်။
"ငါ ပိုက်ဆံယူခဲ့ပေမဲ့ နှစ်တွေ ဒီလောက်ကြာပြီးတဲ့နောက်မှာ ငါ ဒီကုမ္ပဏီထဲကို အရာရာ စုစည်းပေးခဲ့တာ... အဲ့ဒါက ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ ရတာမျိုးလား..."
"မင်းရဲ့ အရာရာက အားလုံးထက် ရည်ရွယ်ချက် ဖြစ်လာစေမှာပဲ ငါ စိုးရိမ်မိတာ... မရောင့်ရဲနိုင်တဲ့ လောဘက မင်းတစ်ကိုယ်လုံးကို မကြာခင် ဝါးမျိုသွားမှာ... ရည်မှန်းချက်ကြီးတာက ကောင်းပေမဲ့ ရည်မှန်းချက် အရမ်းကြီးလွန်းတာက လျစ်လျူရှုလို့မရဘူး..."
ဤဖော်ပြချက်က လူ့အသိုင်းအဝိုင်း၏ အပေါ်ယံများအားလုံးကို တိုက်ရိုက်ဆုတ်ဖြဲ ပစ်လိုက်လေသည်။
ချန်လီဝေ့က ချက်ချင်းပင် ကျိယွီရှောင်အဘယ့်ကြောင့် ဤသို့ပြုလုပ်သည်ကို ချက်ချင်း နားလည်သွားပေသည်။
ဖန်ရှန့်ကျယ်မှာ ဆင်ခြေတစ်ခုသာဖြစ်ပေသည်။ ကျိယွီရှောင်မှာ ရှင်းရီကို သူ့အပိုင်သိမ်းမည်ဟူသော ရည်ရွယ်ချက်ကို ခွင့်မလွတ်ပေးခြင်း ဖြစ်ပေသည်။
အစမှစ၍ ကျိယွီရှောင်၏ အလိုလိုက်ခြင်းနှင့် ဂရုမစိုက်ခြင်းတို့မှာ ချန်လီဝေ့မှာ လုံလုံလောက်လောက် မြင့်မြင့်မခုန်ခြင်းကြောင့် ဖြစ်ပေသည်။ သို့သော် ချန်လီဝေ့ထိုသို့ ဖြစ်လာသည်နှင့် ကျိယွီရှောင်က သူ့ကို ချက်ချင်း ဖိခြေပစ်လိုက်သည်။ သူက သူ့ကို အေးစက်စွာ အညှာအတာမဲ့စွာ မျက်နှာသာပေးမည် မဟုတ်ပါပေ။
ချန်လီဝေ့မှာ ညှိနှိုင်းမရနိုင်ပါပေ။ သူက ဆိုလိုက်သည်။
"ငါ့ကို အလုပ်ဖြုတ်ရအောင် မင်းမှာ ဘာအခွင့်ရှိလို့လဲ... ဥက္ကဌ ကျိမရှိတော့ကတည်းက ဒီမှာ ရှယ်ရာအများဆုံးက ကျိအုပ်စုလေ... ငါအလုပ်ဖြုတ်ခံရမယဆိုရင်တောင် ကျိအုပ်စုက ဆုံးဖြတ်ရမှာ... မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး..."
ကျိယွီရှောင်က လှောင်ပြုံးလိုက်သည်။
"ကျိမူနဲ့ အကြာကြီး ဆက်ဆံပြီးတာတောင် သူ့က မင်းကို ဘာမှမပြောဘူးလား... ငါ့အစ်ကို ဆုံးသွားပြီးကတည်းက သူက ရှင်းရီရဲ့ ရှယ်ရာတွေအပါအဝင် ငါ့အတွက် အားလုံးကို ချန်ထားပေးခဲ့တာ... မင်းပြောကြည့်လေ... ငါ့မှာ အခွင့်ရှိသလားဆိုတာ..."
အခန်းတစ်ခုလုံး ထိတ်လန့်တိတ်ဆိတ်သွားလေသည်။
ချန်လီဝေ့က မယုံနိုင်ဖြစ်နေလေသည်။
"မင်းဘာပြောလိုက်တယ်..."
"ကြည့်စမ်းပါဦး... မင်း ကိုယ့်အတွက်ကို ရှာထားတဲ့ မဟာမိတ်က မင်းကို အပြန်အလှန် သစ္စာမရှိဘူးထင်တယ်..."
ကျိယွီရှောင်က ရယ်လိုက်သည်။
ထို့နောက် သူက ရှောင်လီကို ကြည့်ကာ အမူအရာတစ်ခုပြလိုက်လေသည်။
ရှောင်လီက သူ့ဆီသို့ အလျင်အမြန် ရောက်လာကာ အမျိုးသားကို ဆွဲထုတ်လိုက်သည်။
ချန်လီဝေ့မှာ အော်ဟစ် ဆဲဆိုနေသော်လည်း ရှောင်လီက သူ့ကို ခပ်ဝေးဝေးသို့ ဆွဲထုတ်သွားရာ သူ့အသံမှာ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
ကျိယွီရှောင်က ရှိနေဆဲ ဘုတ်အဖွဲ့များကို လှမ်းကြည့်လိုက်သည်။ တခြားသူများက တိတ်ဆိတ်နေကြသည်။ သူတို့က သူနှင့် အကြည့်ချင်းဆုံသည့်အခါ အထိတ်တလန့် ခေါင်းငုံ့ကာရှောင်လွှဲလိုက်လေသည်။
"ကောင်းကောင်း နားလိုက်ဦး..."
ကျိယွီရှောင်က ပြုံးကာဆိုလိုက်သည်။
"ကျွန်တော်က ဒီနေ့ ကိစ္စနှစ်ခုတည်းအတွက်ပဲ ရောက်လာခဲ့တာ... ကျန်တာကတော့ လောလောဆယ် ကျွန်တော် ဝင်ပါမှာ မဟုတ်သေးဘူး... ပထမကိစ္စက အခြေကျသွားပြီ... ဒုတိယတစ်ခုကို ဆက်လုပ်ကြရအောင်..."
ထို့နောက် သူက တစ်ချိန်လုံး သူ့နောက်တွင် ရပ်နေသော လင်းလော့ချင်းကို ရှေ့သို့ ဆွဲလိုက်သည်။
"ဒါက လင်းလော့ချင်း... သူက အခု ရှင်းရီရဲ့ CEO နဲ့အထွေထွေ မန်နေဂျာ အသစ်ပဲ..."
လူအုပ်၏ အကြည့်မှာ လင်းလော့ချင်းဆီသို့ ရောက်သွားလေသည်။
လင်းလော့ချင်းက ခပ်ဖွဖွသာ ပြုံးပြလိုက်ပြီး သူ့ကိုယ်သူ အနည်းငယ် နေရခက်မှု လျော့နည်းစေရန် ပြုလုပ်လိုက်သည်။
သူက ရုတ်တရက် ချန်လီဝေ့ကို အလုပ်ဖြုတ်ပြီးနောက် မည်သူမှမရင်းနှီးသည့်လူတစ်ယောက်ကို ချန်လီဝေ့နေရာတွင် အစားထိုးရန် မိတ်ဆက်ပေးလိုက်သည်။ ရှိနေသောလူများက စိတ်မအေးနိုင်ကာ ပျာယာခတ်သွားပြီး ကျိယွီရှောင်က ဤကိစ္စကို အလွန် အာရုံမစိုက်ပဲ ကိုင်တွယ်နေသည်ဟု ခံစားရပေသည်။
ကျိယွီရှောင်က သူတို့၏ အတွေးများကို နားလည်ပြီးနောက် ထပ်ဆိုလိုက်သည်။
"လော့ချင်းက လူသစ်ပဲ ရှိသေးတာ... သူမရင်းနှီးသေးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်... အဲ့လိုပဲ ဒီလာမဲ့ရက်တွေမှာ သူ့ကို ကူညီပေးဖို့ ကျွမ်းကျင် မန်နေဂျာတစ်ယောက်ကို ကျွန်တော် ရှာပေးမှာပါ... အားလုံးပဲ စိတ်ချ အနားယူနေလို့ရပါတယ်..."
ထိုအချိန်မှသာ သူတို့က သက်ပြင်းချနိုင်လေသည်။ သူတို့က အမြတ်အတွက်သာ ရှိနေခြင်းဖြစ်သည်။ CEO နေရာတွင် ရှိနေသောလူအတွက်မူ သူတို့က ဂရုမစိုက်ပါပေ။ ၄င်းက မည်သို့ပင်ဆိုစေ သူတို့ မဖြစ်နိုင်ပါပေ။ ထိုလူက အတွေ့အကြုံအလုံအလောက်ရှိကာ လုံလုံလောက်လောက် စွမ်းဆောင်နိုင်ကာ သူတို့အား ဝင်ငွေရင်းမြစ်များကို အဆက်မပြတ်ထောက်ပံ့ပေးနိုင်ပါက လုံလောက်ပေသည်။
"ဥက္ကဌကျိက တွေးတတ်တာပဲ..."
"ဥက္ကဌကျိက လိုအပ်တဲ့ အစီအစဉ်တွေ လုပ်ထားပြီးတဲ့ ပုံပဲ..."
"အဲ့ဒါဆို ငါတို့က မင်းကို အခုကစပြီး CEOလင်းလို့ ခေါ်မယ်နော်..."
သူတို့က ပြုံးကာ ရယ်မောလိုက်သည်။
လင်းလော့ချင်းသည်လည်း ပြုံးကာ ထိုဂုဏ်ပုဒ်ကို မငြင်းပယ်ခဲ့ပါပေ။
တစ်ခါတစ်ရံ အမည်တပ်သည့် ပုံစံမှာ ဂုဏ်ပုဒ်တစ်ခုတည်းသာ မဟုတ်ပေ။ အကွာအဝေး ရင်းမြစ်တစ်ခုလည်း ဖြစ်ပေသည်။ သူက ငယ်ရွယ်နေဆဲဖြစ်ကာ လုံလောက်အောင် အစွမ်းအထက်သေးပါပေ။ ဤမြေခွေးအိုကြီးအဖွဲ့မှာ သူ့အားဤကဲ့သို့ နာခံမည် မဟုတ်ပါပေ။ သူတို့၏ အကြံပြုချက်မှာ သူတို့၏ရာထူးက လင်းလော့ချင်းထက် မြင့်မားနေဆဲဖြစ်သည်ကို သတိပေးရုံသာဖြစ်သည်။ သူတို့က သူဌေးဖြစ်နေဆဲဖြစ်ကာ လင်းလော့ချင်းမှာ သူတို့ကို မိတ်ဆက်ပေးသည့် ဝန်ထမ်းအသစ်တစ်ဦးသာဖြစ်ပေသည်။ သူ့အား လော့ချင်းဟု ခေါ်ခြင်းထက် ချဉ်းကပ်ရလွယ်သည့် CEOအသစ်တစ်ယောက်ဟု ပြုလုပ်ခြင်းက သင့်လျော်သည်ထက် ပိုပေသည်။
ကျိယွီရှောင်က သူတို့၏ တုံ့ပြန်မှုများကို ကြားကာ ကျေနပ်သွားလေသည်။
"ကျွန်တော်က သူ့ကို လမ်းညွှန်ပေးဖို့ မန်နေဂျာတစ်ယောက်ငှားမှာဆိုပေမဲ့ ကုမ္ပဏီကို ကိုင်တွယ်မဲ့လူက လော့ချင်းဆိုတာ အားလုံးပဲ မှတ်ထားဖို့ မျှော်လင့်ပါတယ်... လမ်းလွဲပြီး နောင်တရစရာကိစ္စမျိုး မလုပ်ကြပါနဲ့... အဲ့ဒါက အားလုံး တတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး..."
"ဒါပေါ့..."
တစ်စုံတစ်ယောက်က ချက်ချင်း ဆိုလိုက်သည်။
"ဥက္ကဌကျိ ကောင်းကောင်းနားပါ... ငါတို့က ပိုက်ဆံကိုပဲ စိတ်ဝင်စားတယ်ဆိုတာ သိတယ်မလား... ကျန်တာကိုတော့ ဘာလို့ ရှုပ်ထွေးအောင် လုပ်ရမှာလဲ..."
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးပြလိုက်သည်။
"အဲ့ဒါဆိုရင် ဒီနေ့ အစည်းအဝေးက ဒီလောက်ပါပဲ... လူတိုင်းအိမ်ပြန်လို့ရပါပြီ... လာမဲ့ နှစ်သစ်အတွက် အားလုံး အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်..."
"မင်းရောပဲ ဥက္ကဌ ကျိ... ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ..."
"အဲ့ဒါဆို ငါတို့ အရင်ပြန်နှင့်တော့မယ်..."
သူတို့က ကျိယွီရှောင်၏ စကားများကို ကြားပြီးနောက် သူတို့၏ သက်ဆိုင်ရာ လူ့ကျင့်ဝတ်စကားများဆိုကာ ထရပ်ပြီး ထွက်သွားလေသည်။
လင်းလော့ချင်းက သူတို့ထွက်သွားသည်ကိုကြည့်ကာ ကျိယွီရှောင်ကို ကြည့်ကာ ခေါင်းငုံ့လိုက်သည်။
"အဲ့ဒါက..."
"လောလောဆယ်ပေါ့... တခြား အသေးအဖွဲ့ကိစ္စလေးတွေ ရှိသေးပေမဲ့ မင်းစိတ်ပူစရာမလိုပါဘူး... ငါအားလုံးမင်းအတွက် အဆင်သင့် စီစဉ်ထားပြီးသား..."
"အဲ့ဒါဆို ကျေးဇူးပါ..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
ကျိယွီရှောင်သည်လည်း ပြုံးကာ သူ့ကို အမူအရာတစ်ခုပြလိုက်လေသည်။ လင်းလော့ချင်းက ခါးကိုင်းလိုက်ရာ ကျိယွီရှောင်က လက်တစ်ဖက်ဆန့်ထုတ်ကာ သူ့ပါးကို ညစ်လိုက်ကာ ဩရှကာ ဆွဲဆောင်မှုရှိသောအသံဖြင့် ဆိုလိုက်လေသည်။
"ရပါတယ်..."