အပိုင်း ၁၃၉
Viewers 35k

Chapter 139




ကျိယွီရှောင်က ကိစ္စများကို အတန်ပင် အလျင်အမြန် ကိုင်တွယ်လိုက်သည်။


 တစ်နေ့အတွင်းမှာပင် ချန်လီဝေ့က သူ့ပစ္စည်းများကို သိမ်းကာ ထွက်ခွာသွားလေသည်။ ဖန်ရှန့်ကျယ်က ထွက်မသွားသေးပေ။ သူက ရှင်းရီနှင့် စာချုပ်ကျန်နေဆဲ ဖြစ်သည်။ သူက ရှင်းရီ၏ လျစ်လျူရှုခြင်းခံရမည်နှင့် စာချုပ်ဖောက်ဖျက်ခြင်းကြောင့် အလျော်ပေးရမည်ကို ရွေးချယ်ရန် လိုအပ်ပေသည်။ 


ဖန်ရှန့်ကျယ်မှာ သူက အချိန်တိုအတွင်း၌ တိမ်ကိုးဆင့်အမြင့်မှ ပြုတ်ကျသွားသည်ကို လက်မခံနိုင်ဆဲ ဖြစ်သည်။ သူက ချန်လီဝေ့ကို တင်းတင်းဆုတ်ကာ ဆိုလိုက်သည်။


"ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ... ဝေ့ကော... ကျွန်တော် လျစ်လျူရှုမခံချင်ဘူး... လင်းလော့ချင်းကိုလည်း ပိုက်ဆံမပေးချင်ဘူး..."


ချန်လီဝေ့က လက်ရှိအခြေအနေတွင် စိတ်ဆိုးနေပြီး ဖြစ်သည်။ 


သူက CEOရာထူးတွင် ရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူက ထောက်ပံ့ခြင်းမပြုလုပ်ရသေးလျှင်ပင် အနည်းဆုံးမှာ ကုမ္ပဏီအတွက် အလုပ်ကြိုစားခဲ့ပေသည်။ ယခုတွင် ကျိယွီရှောင်၏ စကားတစ်ခွန်းဖြင့် အရာအားလုံးက ပြန့်ကျဲကာ သိက္ခာချခံလိုက်ရသည်။ ကျိယွီရှောင်က သူ့ကြိုးစားမှု၏ အသီးအပွင့်များကို အောင်အောင်မြင်မြင် ခိုးယူသွားလေသည်။ 


ဒါက အရမ်းလွန်တယ်...


ထိုအချိန်တွင် သူက ရှင်းရီ၏ အလုပ်သမားတစ်ဦးဖြစ်သည်ကို မေ့သွားသည်မှာ ကြာပြီ ဖြစ်သည်။ ထပ်တိုးအနေဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း ရှင်းရီ၏ တိုးတက်မှုက သိပ်မများပါပေ။ 


ချန်လီဝေ့က သူ့ဖုန်းကို ထုတ်ကာ ကျိမူကို ခေါ်လိုက်သည်။ သူက တိုက်ရိုက်ပင် ဆိုလိုက်သည်။


"ဥက္ကဌကျိ... ကျွန်တော်တော့နောက်ဆိုရင် ခင်ဗျားကို အမှုမထမ်းနိုင်တော့မှာ စိုးရိမ်မိတယ်..."


"ဘာလို့လဲ..."

ကျိမူက မေးမြန်းလာသည်။


ချန်လီဝေ့က ခါးသက်သက် ရယ်မောလိုက်သည်။

"ကျိယွီရှောင်က ဒီနေ့ ရှင်းရီကိုလာပြီး ကျွန်တော့်ကို အလုပ်ဖြုတ်သွားတယ်လေ..."


"အလုပ်ဖြုတ်တယ်..."


ကျိမူက ကြောင်သွားလေသည်။

"ဘယ်တုန်းကလဲ... ကျိယွီရှောင်က အဲ့ဆုံးဖြတ်ချက်ကို ပုဂ္ဂိုလ်ရေးအရ လုပ်ခဲ့တာလား..."


"ဟုတ်တယ်..."


ချန်လီဝေ့က ခါးသက်စွာဆိုလိုက်သည်။


"ပြောပါဦး... ကျွန်တော်က ပြီးခဲ့တဲ့နှစ်တွေမှာ လုပ်ငန်းတိုးချဲ့ပြီး ကြိးကြိုးစားစား မလုပ်ခဲ့ဘူးလား... ကျွန်တော်က ကုမ္ပဏီအပေါ် သစ္စာရှိခဲ့ပေမဲ့ လူတစ်ယောက်အတွက်နဲ့ သူက အဲ့ဒါတွေကို လုံးဝ ဂရုမစိုက်တော့ဘူး... သူက ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေကို လျစ်လျူရှုပြီး ကျွန်တော်ကို ဒီအတိုင်း အလုပ်ဖြုတ်လိုက်တာ... သူ့ချစ်သူလေးကို CEO ဖြစ်လာဖို့အတွက်နဲ့... အဲ့ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး..."


"ချစ်သူလေး..."


"လင်းလော့ချင်းလေ... သူက သူ့အတွက် ရောက်လာတာ... သူက ချစ်သူမဟုတ်ရင် ဘယ်သူလဲ..."


ကျိမူ - ...


ကျိမူမှာ ချန်လီဝေ့က ကျိယွီရှောင်၏ wechat profileကို မမြင်သေးသည်ကို မြင်နိုင်ပေသည်။ သူက လင်းလော့ချင်းမည်သူဆိုသည်ကို မသိပေ။ 


"အဲ့ဒါက သူ့ချစ်သူမဟုတ်ဘူး... သူက ကျိယွီရှောင်ရဲ့ လက်ထပ်ထားတဲ့ တွဲဖက်ပဲ... ဒါပေမဲ့ ငါမင်းကို သတိထားနေဖို့ အကြံပေးမယ်... ဒီကိစ္စကို သိထားတဲ့လူသိပ်မရှိဘူး... မင်းဒီကိစ္စကို ချပြလိုက်ရင် ကျိယွီရှောင်ဘာလုပ်မလဲ ဘယ်သူမှ မပြောနိုင်ဘူးနော်..."


ချန်လီဝေ့မှာ ဤသတင်းကို မမျှော်လင့်ထားပါပေ။ သူ့မျက်လုံးများက ပြူးကျယ်သွားလေသည်။


"လက်ထပ်ထားတဲ့ တွဲဖက်..."


"ဘာလို့လဲ..."


ကျိမူက သက်ပြင်းချလိုက်လေသည်။

"မင်းမေးရင်တော့ အဖြေက အချစ်လေ... မင်းအချစ်ကို နားလည်လား... အချစ်စစ်လေ..."


ချန်လီဝေ့ - ...


ချန်လီဝေ့က နားမလည်ပါပေ။


ကျိယွီရှောင် ဘာရာထူးရှိလို့လဲ... လင်းလော့ချင်းက ဘာရာထူးရှိလို့လဲ.. သူတို့နှစ်ယောက်က တကယ်ကြီး လက်ထပ်ထားတာလား... 


ကျိယွီရှောင်က လင်းလော့ချင်းဆီမှာ ဘာတွေ့လို့လဲ...


သူ့မျက်နှာလှလှလေးလား...


အဲ့ဒါအတွက်နဲ့ သူက တကယ်ကြီး လင်းလော့ချင်းကို လက်ထပ်တယ်ပေါ့... ပြီးတော့ သူ့ကို CEOရာထူးတောင် ပေးလိုက်သေးတယ်... လင်းလော့ချင်းက ဘာလုပ်နိုင်လို့လဲ... သူက ကုမ္ပဏီကို ဒေဝါလီခံရအောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ... အဲ့ဒါဆို သူဘာလုပ်မှာလဲ...


ကျိမူမှာ သူ့ဝမ်းကွဲညီအစ်ကိုမှာ သူ့ ချစ်သူ၏ လွှမ်းမိုးမှုကို ဤမျှအထိခံရမည်ဟု မမျှော်လင့်ထားပါပေ။ 


သူက ထက်မြတ်ပေသည်။ ငယ်စဉ်ကပင် သူတို့အားလုံးက ကျိယွီရှောင်နှင့် ကျိယွီလင်းတို့ ညီအစ်ကိုနှစ်ယောက်ကို ချီးကျူးခဲ့ကြသည်။ ယခုမူ တစ်ဦးက သေဆုံးသွားကာ နောက်တစ်ဦးက ဤအခြေအနေအထိ ဖြစ်သွားေလရာ အနာဂတ်တွင် ကျိအုပ်စုက အမှန်တကယ်ပင် သူ့လက်ထဲသို့ ရောက်လာနိုင်ပေသည်။


မည်သို့ပင်ဆိုစေ ကျိယွီရှောင်မှာ ယနေ့တွင် လင်းလော့ချင်းအား ရှင်းရီ၏ CEO ဖြစ်ခွင့်ပြုနိုင်ပေသည်။ မနက်ဖြန်တွင် သူက လင်းလော့ချင်းအတွက် ကျိအုပ်စု၏ CEOရာထူးကို စောင့်ကြည့်ထားရပေမည်။ 


ကျိယွီရှောင်ရဲ့ အဖေ ကျိကျန်းဟုန်က အဲ့ဒါကို သည်းခံနိုင်တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ကျိမိသားစုက အဲ့ဒါကို ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ...


"ငါနားလည်ပြီ... ငါ ဒီကိစ္စကိုကိုင်တွယ်လိုက်မယ်... အရင်ဆုံး အိမ်ပြန်ပြီး ပါးစပ်ပိတ်ပြီး တိတ်တိတ်လေးနေနေ..."


ကျိမူက စကားပြောပြီးနောက် ဖုန်းချလိုက်သည်။ 


သူက အနည်းငယ်တွေးတောကာ ကျိယွီရှောင်ကို အရင်ဆုံး ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။


ထိုအချိန်တွင် ကျိယွီရှောင်က အိမ်ရောက်နေပြီ ဖြစ်သည်။ သူက သူ့အား လင်းဖေး လက်ဆောင်ပေးခဲ့သည့် ရှားစောင်းပင်လေးကို ရေလောင်းနေခြင်း ဖြစ်သည်။


ဖုန်းမြည်လာပေသည်။ သူက ဖုန်းကို တစ်ချက်သာ ကြည့်လိုက်ပြီး ချန်လီဝေ့က သူ့အား အမှန်တကယ်ပင် စိတ်မပျက်စေ၍ ရွှင်မြူးသွားလေသည်။


"ဟယ်လို..."


"ရှောင်ရှောင် မင်းဘာတွေလုပ်နေတာလဲ..."

ကျိမူ၏အသံမှာ ကူကယ်ရာမဲ့ခြင်းဖြင့် ပြည့်နှက်နေလေသည်။ 


"မင်းက ချန်လီဝေ့ကို မကျေနပ်လို့ အလုပ်ဖြုတ်ချင်တယ်ဆိုလည်း သူ့ကိုပဲ အလုပ်ဖြုတ်လိုက်လေ... ဒါပေမဲ့ ဘယ်လိုလုပ်ပြီး လင်းလော့ချင်းကို CEO ဖြစ်လာခွင့်ပေးရတာလဲ... မင်းက လျှောက်လုပ်နေတာ မဟုတ်ဘူးလား... သူက အသက် ဘယ်လောက်လဲ... သူက ဘာလုပ်နိုင်လို့လဲ... သူက CEO ဖြစ်ဖို့ ဘာအရည်အချင်းတွေ ရှိလို့လဲ..."


ကျိယွီရှောင်က တည်ငြိမ်စွာဖြင့် သူ့၏ ရှားစောင်းပင်ကို ရေလောင်းနေကာ အေးစက်စွာ ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဆန္ဒရှိလို့..."


"အဲ့ဒါက မင်းဆန္ဒရှိလား မရှိလားဆိုတာ ကိစ္စမဟုတ်ဘူး... မင်းက ကုမ္ပဏီနဲ့ ရှယ်ရာရှင်တွေအတွက် တာဝန်ယူမှုရှိရမယ် မဟုတ်လား..."


"ကျွန်တော်က ရှင်းရီရဲ့ အကြီးဆုံးရှယ်ရာရှင်လေ... ကျွန်တော် ကျေနပ်ရင် သူတို့လဲ အလိုလို ကျေနပ်ရမှာပေါ့..."


ကျိမူ - ...


"ရှောင်ရှောင်... မင်းက အရမ်း စိတ်ခံစားလွယ်ပြီး စိတ်လိုက်မာန်ပါဖြစ်နေတယ်..."

သူက မှတ်ချက်ပေးလိုက်သည်။ 


ကျိယွီရှောင်က အေးစက်စွာ ရယ်လိုက်သည်။

"အစ်ကိုက ဘယ်တုန်းက ကျွန်တော်ကို့ တန်ဖိုးဖြတ်ဖို့ အခွင့်အရေးရသွားတာလဲ... အစ်ကိုတောင် တော်တော် ရဲတင်းလာပြီပဲ..."


ထို့နောက် သူက ဖုန်းချလိုက်လေသည်။


သူက ဖုန်းကို ဘေးတွင် ချထားလိုက်သည်။ သူ မမှားပါက သူ့ဖခင်သည်လည်း မကြာခင်တွင် သူ့ကို ဖုန်းခေါ်လာပေလိမ့်မည်။ 


ကျိယွီရှောင် ထိုသို့တွေးနေစဉ်မှာပင် သူ့အမူအရာများက ရပ်တန့်သွားပြီး ပြတင်းပေါက် ပြင်ပသို့ လှမ်းကြည့်လိုက်သည်။ 


နေမင်းက တောက်ပနေလေသည်။ ၄င်းက တောက်ပကာ နွေးထွေးဟန်ရသော်လည်း ကျိယွီရှောင်က အပြင်မှ ပြန်လာခါစဖြစ်လေသည်။ နွေးထွေးမှုများက အပေါ်ယံသာဖြစ်ပြီး ကျောချမ်းဖွယ် အေးစက်မှုကသာ အစစ်အမှန်ဖြစ်ပေသည်။


နေသာသည့် နေ့ရက်တိုင်းက နွေးထွေးသည်ဟု မဆိုလိုပေ။ 


တစ်ခါတစ်ရံတွင် ဆောင်းရာသီ ဖြစ်နေဆဲ ဖြစ်သော်လည်း နေက တောက်တောက်ပပ ထွန်းလင်းနေဆဲဖြစ်သည်။ သို့သော် ၄င်းက မည်မျှပင် တောက်ပသော်လည်း နေ့ရက်များ ကျောချမ်းဖွယ် အေးစက်မှု၏ ထိုးဖောက်ခြင်းကို ခံနေရဆဲ ဖြစ်သည်။


သူ့ဖခင်က သူ့ကို မခေါ်ခဲ့ပါက သူက ဆောင်းရာသီ၏ နေရောင်ထဲတွင် ထင်ယောင်ထင်မှားဖြစ်နေဆဲ ဖြစ်နိုင်သော်လည်း သူ့ဖခင်က မကြာမီပင် ဖုန်းခေါ်လာပေသည်။ 


ကျိယွီရှောင်က ပြုံးလိုက်သည်။ ၄င်းက စိတ်ဓာတ်ကျဖွယ်ပင်။ အတုအယောင်က အမြဲတမ်းပင် အတုအယောင်ဖြစ်နေမည် ဖြစ်သည်။ ဖုံးကွယ်ထားသည်က မည်မျှပင် ကောင်းမွန်ပါစေ အတုအယောင်က အစစ်အမှန်အဖြစ် မပြောင်းလဲနိုင်ပေ။ 


သူက ရေလောင်းသည့် ပုံးကို ဂရုတစိုက် အောက်ချကာ တည်ငြိမ်စွာဖြင့် ဖုန်းကိုင်လိုက်သည်။


"မင်း ဘာတွေ လုပ်နေတာလဲ... မင်းက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလျှောက်လုပ်နိုင်တာလဲ..."


အဖေကျိက သူဖုန်းခေါ်သည်ကိုမြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်လာပေသည်။ 

"မင်းက တကယ်ကြီး လင်းလော့ချင်းကို CEO ဖြစ်စေချင်တာလား... မင်းဘာတွေ တွေးနေတာလဲ... မင်းက ရှင်းရီကို ဂရုမစိုက်တော့ဘူးလား... မင်းက ရှင်းရီကို ဒေဝါလီ ခံသွားစေချင်တာလား..."


"မင်းဘယ်လိုထင်လဲ ငါ ဂရုမစိုက်ဘူး... မင်း နောက်မှ အဲ့CEOနေရာကို ဘယ်သူ့ကို ရွေးထားလဲ ဆိုတာလည်း ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ မင်း လင်းလော့ချင်းကို ချက်ချင်း ဖယ်ရှားရမယ်... သူ ဖြစ်လို့မရဘူး..."


ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကျွန်တော်က သူလုပ်မယ်လို့ပြောရင် သူလုပ်မယ်ပဲ..."


"ကျိယွီရှောင် မင်းရူးနေလား..."


အဖေကျိက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါက ရှင်းရီကို စိတ်ပူတယ်လို့ မင်းတကယ်ထင်နေလား... မဟုတ်ဘူး... ငါက မင်းရဲ့ လက်ရှိအပြုအမူကို စိတ်ပူတာ... မင်းက တုံးအပြီး အဲ့လူရဲ့ ဆွဲဆောင်တာကို လုံးဝ ခံလိုက်ရတာလေ... မင်းက သူ့ရဲ့ ရုပ်သေးရုပ် ဖြစ်နေပြီ..."


"သူ့အဖေကတောင် သူ့ကို သူ့ကုမ္ပဏီမပေးချင်တာ... အဲ့ဒါကို မင်းက... မင်းက သူ့ကို အကုန်လုံး ပေးလိုက်တယ်.. မင်းက စိတ်ရင်းကောင်းတယ် မဟုတ်ဘူးလား... ဘာလို့ ကျိအုပ်စုတစ်ခုလုံး သူ့ကို မပေးလိုက်လဲ..."


ကျိယွီရှောင်၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ့စကားများက အဖေကျိကို သွေးအန်သွားစေရန် လုံလောက်ပေသည်။


"နောက်ပိုင်း ကျွန်တော်က ကျိအုပ်စုကို ထိန်းချုပ်ခွင့်ရရင် ဘာလို့ မပေးပဲ နေရမှာလဲ..."


"မင်းအိပ်မက်ထဲမှာပဲရမယ်..."

အဖေကျိက အော်ဟစ်လိုက်သည်။


"မင်း အခုပုံနဲ့ဆိုရင် ကျိမူကို ကျိအုပ်စုပေးလိုက်ရမယ်ဆိုရင်တောင် မင်းကိုတော့ ဘယ်တော့မှမပေးနိုင်ဘူး..."


"မင်းကိုယ်မင်းလဲ ကြည့်လိုက်ဦး... မင်းမှာ အရှက်ရော ရှိသေးရဲ့လား... မင်းအခုပုံစံနဲ့ဆိုရင် မင်းကျိအုပ်စုကို ကောင်းကောင်း စီမံနိုင်မယ်လို့ ဘယ်သူက ယုံမှာလဲ... မင်းကို ဘယ်သူက ထောက်ခံချင်မှာလဲ... မင်းက ခြေထောက်တင်မကဘူး ဦးနှောက်ကပါ စုတ်ပြတ်သွားပုံပဲ... မင်းက လုံးဝ ပျက်စီးနေပြီ... ကျိယွီရှောင် မင်းက တကယ် ငါထင်ထားတာထက်ကို ကျော်လွန်နေပြီ..."


"အဲ့ဒါကြောင့်ပဲ ကျွန်တော်က အုပ်စုကနေ အနားယူခဲ့တာ မဟုတ်ဘူးလား..."


ကျိယွီရှောင်က စိတ်မရှည်စွာ ဆိုလိုက်သည်။

"ကောင်းကောင်းနားပါ... ကျွန်တော်က အဲ့လောက် ရည်မှန်းချက် မကြီးပါဘူး... ကျွန်တော်က လင်းလော့ချင်းနဲ့ ကောင်းကောင်းနေချင်တာပဲ ရှိတာပါ... ကျွန်တော်တို့ကို ထပ်မနှောင့်ယှက်နဲ့... ကျွန်တော်တို့လဲ အဖေတို့ကို ထပ်မနှောင့်ယှက်ဘူး..."


အဖေကျိက သူ့လေသံနှင့် စိတ်ထားကို နားထောင်လိုက်သည်။ သူက ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။


"ငါ့သားက အခွံထဲမှာပဲ ပုန်းနေချင်တာပဲ... မင်းကို ငါတကယ် စိတ်ပျက်သွားပြီ..."


"အင်း..."

ကျိယွီရှောင်က လုံးဝ ဂရုမစိုက်သည့်ဟန် ပြသလိုက်သည်။ 


"ကောင်းတယ်... ကောင်းတယ်..."

အဖေကျိက ခေါင်းညိတ်လိုက်သည်။

"အရမ်းကောင်းတယ်..."


ထို့နောက် သူက ချက်ချင်း ဖုန်းချလိုက်လေသည်။


ကျိယွီရှောင်က တွေးတောကာ ပြန်ခေါ်လိုက်သည်။


"မင်းငါ့ကို ဘာအတွက် ထပ်ခေါ်နေသေးတာလဲ..."

အဖေကျိက ဒေါသတကြီး ဆိုလိုက်သည်။


"ကျွန်တော်က အဖေ့ကို မလုပ်သင့်တာတွေ တစ်ခုမှမလုပ်ဖို့ သတိပေးဖို့ ဖုန်းခေါ်လိုက်တာ... အဖေက သားတစ်ယောက်ကို ဆုံးရှုံးပြီးပြီ... နောက်တစ်ယောက် ထပ်ပြီး မဆုံးရှုံးချင်ဘူးမလား... လော့ချင်းပဲဖြစ်ဖြစ် သူ့တူပဲ ဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင် အဖေတစ်ခုခုကို အစပြုပြုမပြုပြု ကျွန်တော်က အဖေ့ကိုပဲ အပြစ်တင်မှာ... အချိန်ကျလာရင် သူတို့ကိုသွားပြီး အဖော်ပြုပေးရမယ်... အဲ့တော့ မလိုအပ်တာတွေ တစ်ခုမှ မလုပ်နဲ့...."


အဖေကျိမှာ သူ ဤအတွက် ပြန်ခေါ်လာမည်ဟု မမျှော်လင့်ထားပါပေ။ သူက အလွန်ဒေါသထွက်နေပေသည်။ 


သူက ချက်ချင်းဖုန်းချကာ စားပွဲပေါ်မှ ဖိုင်တွဲများကို လှဲချပစ်လိုက်သည်။ 


အပြင်ဘက်တွင်စောင့်နေသောကျိမူက အတွင်းထဲမှ အသံများကိုကြားသည့်အခါ အားရဝမ်းသာ ပြုံးလိုက်သည်။ ကျိကျန်းဟုန်က ဤသည်ကို ကြားပါက ဒေါသဖြစ်မည်ကို သူသိပေသည်။


"ဥက္ကဌကြီး စိတ်အခြေအနေမကောင်းဘူး... ငါပြီးမှ လာခဲ့မယ်..."


သူက အတွင်းရေးမှူးကို ဆိုလိုက်သည်။ 


အတွင်းရေးမှူးက ခေါင်းညိတ်ပြလိုက်ပြီး စာကြည့်ခန်းထဲသို့ စိတ်ဝင်တစားလှမ်းကြည့်လိုက်သည်။ ထိုသို့ ဝုန်းဒိုင်းကြဲနေသည်ဖြစ်ရာ သူကအမှန်တကယ်ပင် စိတ်အခြေမကောင်းလောက်ပေဟု တွေးတောလိုက်ပေသည်။


ကျိကျန်းဟုန်က ဒေါသထွက်ကာ ပစ္စည်းအများအပြားကို လွင့်ပစ်လိုက်သည်။ ထို့နောက်မှ သူက သူ့ကိုယ်သူ ပြန်ထိန်းနိုင်လိုက်သည်။ 


သူက ကျိယွီရှောင်အား မျှော်လင့်ချက် ထားထားဆဲဖြစ်ကာ ကျိယွီရှောင်က ခေတ္တမျှ လမ်းပျောက်နေသည်ဟု ခံစားရသည်ဟု ဆိုနိုင်သော်လည်း ယခုတွင်မူ သူက နောက်ဆုံးတွင် လက်လျော့လိုက်ပြီ ဖြစ်သည်။ 


သူက လင်းလော့ချင်း၏ အပြုံတစ်ခုတည်းအတွက်နှင့် ရှင်းရီကို လင်းလော့ချင်းအား ပေးလိုက်နိုင်ပါက လင်းလော့ချင်း၏ ထာဝရ သစ္စာရှိမှုအတွက် ကျိအုပ်စုတစ်ခုလုံးကို လင်းလော့ချင်းအား မပေးပစ်နိုင်ဟု ပြော၍မရပေ။ 


သူက ကျိယွီရှောင်ကို အားကိုး၍ မရတော့ရာ သူ့အား မည့်သည့်အခွင့်အရေးမှ မပေးနိုင်တော့ပေ။ သူက ဖြစ်သင့်သည့် နည်းလမ်းအတိုင်း ကိစ္စများတိုးတက်လာစေရန် တစ်စုံတစ်ခုကို တွေးတောရန်လိုပေသည်။ 


ကျိယွီလင်း၏ သေတမ်းစာအရ ကျိယွီရှောင်ကို ပေးခဲ့သည်များလဲ ရှိသေးပေသည်။ သူက တစ်ခြားအရာများကို ဒီအတိုင်း ထား၍ ရသော်လည်း ကျိယွီလင်းတွင် ရှိနေသော ရှယ်ယာများကိုလည်း ကျိယွီရှောင်လက်ထဲတွင် ထား၍ မရပေ။ သို့မဟုတ်ပါက ပြောင်းလဲမှု ကြီးမားစွာ ဖြစ်သွားနိုင်သည်။ 


သူ အရာရာကိုပြန်ရရန် နည်းလမ်းကို တွေးရန် လိုပေသည်။ 


ကျိလဲ့ယွီ... အဲ့ဒါက ကျိလဲ့ယွီပဲ ဖြစ်နိုင်တယ်... ကျိလဲ့ယွီကပဲ သူ့ကို ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် ပေးနိုင်မှာ... ပြီးတော့ ကျိလဲ့ယွီကပဲ သူ့ကို သတိလက်လွတ်ဖြစ်ပြီး သဘောတူစေမှာ...


ကျိကျန်းဟုန်က စာကြည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ နှစ်သစ်ကူးခါနီးပြီ ဖြစ်လေသည်။ အချိန်ကျလာပါက မိသားစု တွေ့ဆုံပွဲဖြစ်ကာ ကျိလဲ့ယွီ သူ့ဘက်သို့ ပြန်လာသင့်သည့်အချိန်ကို မှတ်ထားပြီးဖြစ်သည်။


ကျိယွီရှောင်က သူ့ရှားစောင်းပင်ကို ရေလောင်းခြင်းအား အပြီးသတ်လိုက်ပြီးနောက် လင်းလော့ချင်း၏ ရှားစောင်းပင်ကို ရေလောင်းလိုက်သည်။ ရာသီဥတုက ပို၍ အေးလာပြီ ဖြစ်သည်။ သူက ရှားစောင်းပင်ကို နေရောင်ရရန်အတွက် နေထိုးသောနေရာသို့ ရွေ့လိုက်လေသည်။ 


ကျိယွီရှောင်က ရှားစောင်းပင်ကိုကြည့်ကာ အချိန်ရောက်ပြီဟု ခံစားရပေသည်။


"ငါ့အဖေကို စောင့်ကြည့်နေ... သူ့ကို သေချာစောင့်ကြည့်ထား... သူဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ဘယ်ကိုပိုက်ဆံပို့ပို့ အကုန်လုံးကို မှတ်ထား..."


"ဟုတ်..."

တစ်ဖက်က ပြန်ဖြေလိုက်သည်။

"အဲ့ဒါဆိုရင် မင်းအဖေက နောက်ပိုင်းမှာ ပိုပြီး လှုပ်ရှားလာမယ်လို့ ဆိုလိုတာလား..."


"ဖြစ်နိုင်တယ်..."


ကျိယွီရှောင်က သူ့၏ ဘီးတပ်ကုလားထိုင်ကို မှီလိုက်လေသည်။ 


နေမင်းက တောက်ပနေသော်လည်း သူက ခေါင်းမာစွာ စိုက်ကြည့်နေမိလေသည်။ အရိုးအိုးက အဆင်သင့် ဖြစ်

နေလေပြီ။ သူလိုအပ်သည်မှာ ထုတ်ကုန်များ ထွက်ပေါ်လာရန်သာဖြစ်သည်။ 


သူသည် တစ်ချိန်က သူ့အစ်ကို သေဆုံးခြင်းကို ဖော်ထုတ်ပြီးမှသာလျှင် ပျော်ရွှင်နိုင်မည်ဟု ထင်ထားသော်လည်း ယခုတွင် ရလာဒ်များမှာ သူအလိုရှိသလို မဟုတ်နိုင်ဟု ခံစားရပေသည်။