အပိုင်း ၁၄၃
Viewers 35k

Chapter 143




လင်းလော့ချင်း အလုပ်မှ အိမ်သို့ပြန်ရောက်သောအခါ ကျိယွီရှောင်အား စုထုံအကြောင်း ပြောပြလိုက်သည်။ 


"သူထွက်သွားမယ်လို့တော့ ငါမထင်ဘူး... သူက ကျေနပ်နေတဲ့ပုံတော့ရတယ်..."


သူ ပြောပြီး ရေတစ်ခွက် သောက်လိုက်သည်။ မသေချာသည့်တိုင် ရလာဒ်များမှာ အလားအလာရှိသည်ဟု ခံစားရ၏။ 


ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်လေသည်။

"အဲ့ဒါကောင်းတယ်..."


"ဒါပေမဲ့ ငါကြည့်ရသလောက်တော့ သူစာချုပ်ကို ထပ်ချုပ်ဖို့ ဆုံးဖြတ်ရင် ငါတို့ သူ့ရဲ့ အမြတ်ရာခိုင်နှုန်းကို ညှိပေးသင့်တယ်... သူ့ရဲ့ အခုစာချုပ်ကသူပထမဆုံးဝင်လာတုန်းက စာချုပ်နဲ့ ဘာမှသိပ်မကွာဘူး... အဲ့တုန်းက သူက နာမည်သိပ်မကြီးသေးဘူးလေ... ဒါပေမဲ့ အခုကျ သူက ထိပ်တန်း မင်းသားတစ်ယောက်လေ... ငါတို့ အရင်အခြေအနေတိုင်းပဲ စာချုပ်ထပ်ချုပ်မယ်ဆိုရင် သူ့ ဆန္ဒရှိရှိ မရှိရှိ သူလိုအနုပညာရှင်တစ်ယောက်က ဒီလို စီးပွားရေးတန်ဖိုးနဲ့ဆိုရင် မသင့်တော်ဘူး..." 


"အလုပ်သမားတွေအနေနဲ့ သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီက သူ့တို့ရဲ့ တန်ဖိုး၊ စွမ်းဆောင်ရည်နဲ့ ထိုက်တန်မှုကို မြင်ရဖို့ သူတို့ကို အလေးပေးဆက်ဆံတာကို လိုချင်တာ သဘာဝပဲလေ... သူတို့က တူညီတဲ့တုန့်ပြန်ချက်ကို လိုချင်ကြတယ်... သူ့စာချုပ်ကို ပြောင်းဖို့လိုတယ်... အဲ့ဒါတင်မကသေးဘူး သူ ဖျော်ဖြေရေး နယ်ပယ်ထဲမှာ တိုးတက်လာတာနဲ့အမျှ စုထုံနဲ့လိုက်ပြီး ဆက်တိုက် ပြောင်းလဲပေးဖို့ လိုတယ်... တကယ်လို့ အနာဂတ်မှာ သူက ဆုတွေ မရတော့ပေမဲ့ လက်ရှိ ကျော်ကြားမှုကို ထိန်းသိမ်းထားနိုင်ရင် သူ့ကို ရှယ်ရာအစုပေါ်အမြတ်တစ်ချို့ ခွဲပေးဖို့လဲ စဉ်းစားပေးသင့်တယ်... အဲ့ဒါမှ သူက ကုမ္ပဏီကို သံယောဇဉ်တွယ်ပြီး သူ့အတွက်လည်း ပိုက်ဆံစုမိမှာ... သူအောင်မြင်မှုရလာပြီးမှ ထွက်သွားမှာလဲ ငါတို့ ကာကွယ်ပြီးသားဖြစ်တာပေါ့..."


"ပုံမှန်ဆိုရင် ရှယ်ရာအစုပေါ်အမြတ်က သိပ်မများဘူး... သူတို့ကိုအစုပေါ်အမြတ်တွေပဲ ပေးသင့်တာ... ဒါပေမဲ့ အဲ့ဒါက သူ့အတွက် ဘုတ်အဖွဲ့မှာ ဆုံးဖြတ်ချက်ချဖို့အထိ မလုံလောက်ဘူး..."


ကျိယွီရှောင်က လင်းလော့ချင်း၏ အစီအစဉ်များနှင့် စီစစ်ချက်များကို နားထောင်ကာ ပြုံးလိုက်သည်။

"မင်းက အများကြီး စဉ်းစားထားတာပဲ..."


လင်းလော့ချင်းက သူ့ကိုကြားကာ ရှက်ရွံ့သွားလေသည်။ သူက ကျွမ်းကျင်သူတစ်ယောက်ရှေ့တွင် အရူးတစ်ယောက်လုပ်မိသည်ဟု ခံစားလိုက်ရ၏။ 


"ငါက ဒီအတိုင်း ရိုးရိုးလေးပဲ တွေးလိုက်တာပါ... အဲ့ဒါက အခုထိ ရင့်ကျက်တဲ့ စီမံချက်မဟုတ်သေးပါဘူး... ဘာပဲဖြစ်ဖြစ် ငါက ကျွမ်းကျင်သူ မဟုတ်ပါဘူး..."

သူက ရှက်ရွံ့စွာဆိုလိုက်သည်။


ကျိယွီရှောင်က ခေါင်းခါကာ သူ့အား အခိုင်အမာဆိုလိုက်သည်။


"မဟုတ်ပါဘူး... မင်းတွေးတဲ့ လမ်းကြောင်းက မှန်တယ်... မင်းရဲ့ စီမံချက်အရ လုပ်လို့မရတဲ့ အချက်တွေ ရှိနေပေမဲ့ အဓိက အကြံဉာဏ်က ဘာမှ မမှားဘူး... ဘယ်နယ်ပယ်မှာမဆို အကောင်းဆုံးကို ထိန်းထားနိုင်ဖို့ဆိုရင် ကုန်ကျစရိတ်လိုတယ်... အနုပညာရှင်တွေကလည်းအတူတူပဲ... ပိုက်ဆံက လိုအပ်ချက်တစ်ခုတင်မဟုတ်ဘူး... အဲ့ဒါက အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို အတည်ပြုပေးတာလည်း ဟုတ်တယ်... လူအများစုအတွက်တော့ ပိုက်ဆံက အကောင်းဆုံး အတည်ပြုချက်ပဲ... အဲ့ဒါမှပဲ သူတို့က သူတို့ကို မြင်တယ်၊ သူတို့ကို သတိထားမိတယ်ဆိုတာကို နားလည်ပြီး အလုပ်ဆက်ပြီး ကြိုးစားချင်စိတ်ရှိမှာ..."


"အဲ့တော့ မင်းတွေးတာ ဘာမှမမှားဘူး... မင်းလုပ်တာ အရမ်းတော်တယ်..."


"တကယ်လား..."


လင်းလော့ချင်းက ပျော်ရွှင်စွာ ဆိုလိုက်သည်။

"အဲ့ဒါဆို ကောင်းတယ်... ငါက စုထုံရဲ့ အကျိုးအမြတ်တွေကို ငါမတိုင်ပင်ပဲ ပြောင်းလိုက်တာကို မင်းသဘောမတူမှာ စိုးနေတာ... အဲ့လိုမှမလုပ်ရင် ငါတို့ ရှယ်ယာတွေ ထပ်ပြောင်းရမလားလို့ စဉ်းစားနေတာ..."


"မဟုတ်ပါဘူး... ရှင်းရီက မင်းအပိုင်ဆိုတော့ မင်းကောင်းကောင်း လုပ်နိုင်မယ်လို့ ငါအလိုလိုယုံပြီးသား... မင်းကိုယ်မင်း ပိုပြီး ယုံကြည်ချက်ရှိပြီးတော့ မင်းဆုံးဖြတ်ချက်တွေမှာ ပိုပြီး ရဲရင့်ပါ..."


လင်းလော့ချင်းက သူ့ကိုကြည့်ကာ သူ့နှလုံးသားမှာ ဝမ်းမြောက်ဝမ်းသာဖြစ်လာပေသည်။ ၄င်းမှာ သူက ငှက်ကျားအသိုက်လေးတစ်ခုကို မွေးမြူကာ ၄င်းတို့က သူ့နှလုံးသားပတ်လည်တွင် အဆက်မပြတ် ခုန်ပေါက်နေသကဲ့သို့ပင်။ 


သူက ကျိယွီရှောင်ကို နမ်းလိုသော်လည်း ထိုသို့ပြုလုပ်ရန်လည်း ရှင်းမပြတတ်အောင် ရှက်ရွံ့နေမိ၏။ ၄င်းမှာ သူက မရေရာသော အတွေးတစ်ချို့ကို တွေးမိကာ သူ့နှလုံးသားကို ရှက်ရွံ့မှုဖြင့် လှုတ်ခတ်သွားစေသကဲ့သို့ ဖြစ်လေသည်။ 


"ငါဖေးဖေးနဲ့ ရှောင်ယွီကို သွားကြည့်လိုက်ဦးမယ်..."

သူက ညင်သာစွာ ဆိုလိုက်သည်။


ထို့နောက်တွင် သူက နောက်လှည့်ကာ ကျိယွီရှောင်၏ စာကြည့်ခန်းထဲမှ ထွက်လာလေသည်။ 


သို့သော် သူခြေလှမ်းအနည်းငယ်လှမ်းလိုက်စဉ်မှာပင် သူက ဆန္ဒမရှိဟု ခံစားလိုက်ရပြီး နောက်လှည့်ကာ ကျိယွီရှောင်ဆီသို့ ပြန်လာလိုက်လေသည်။ 


ကျိယွီရှောင်က စိတ်ရှုပ်ထွေးသွားမိ၏။

"ဘာဖြစ်..."


လင်းလော့ချင်းက ကျိယွီရှောင်စကားမဆုံးခင်မှာပင် သူ့ကို ငုံ့နမ်းလိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ သူ ဘာမှမလုပ်ခဲ့သည့်အတိုင်း အလျင်အမြန် ထွက်သွားတော့သည်။ 


ကျိယွီရှောင်က သူလှည့်မကြည့်ကာ ထွက်သွားသည်ကို ကြည့်ပြီး မပြုံးပဲ မနေနိုင်ပါချေ။


လင်းလော့ချင်းမှာ စာကြည့်ခန်းအပြင်မှ နံရံကို မှီကာ သူ့မျက်နှာက ပူလာသည်ဟု ခံစားလိုက်ရလေသည်။ 


ဘယ်လိုလုပ်ရမှာလဲ... ခုဏတုန်းက ကျိယွီရှောင်က ကြည့်လေလေ ပိုချောလေလေဖြစ်နေတာကို...


လင်းလော့ချင်းက သူ့မျက်နှာကို ဖုံးလိုက်သည်။ သူက သူ့ရင်ဘတ်ထဲတွင် နှလုံးသားက အလွန်ခုန်နေသည်ကို ခံစားရသည်။ တစ်ချက်ပြီး တစ်ချက်ခုန်နေသည်မှာ နားပင် အူလာစေသည်။ 


စုထုံက ချန်လီဝေ့၏ ဖုန်းကို လက်ခံရရှိသည့်အချိန်တွင် အိမ်ပြန်ရောက်ခါစ ဖြစ်လေသည်။ သူက စုထုံ လင်းလော့ချင်းနှင့် တွေ့ဆုံသည်ကို ရှင်းရှင်းလင်းလင်း သိပေသည်။ သူက စိုးရိမ်ကာ မေးလိုက်လေသည်။


"ရှောင်ထုံ... မင်း ဆုံးဖြတ်ပြီးပြီလား..."


"မဆုံးဖြတ်ရသေးဘူး..."

စုထုံက တည်ငြိမ်စွာ ဆိုလိုက်သည်။ 


"ဘာစဉ်းစားစရာရှိလို့လဲ..."


ချန်လီဝေ့က သူ့အား ဖျောင်းဖျလိုက်သည်။ 

"မင်းက ရှင်းရီမှာ ဆက်နေချင်လို့လား... အသက်၂၀အစပိုင်းပဲရှိသေးတဲ့ လင်းလော့ချင်းက ဘယ်က ပေါ်လာတာလဲ ဘယ်သူက သိလို့လဲ... သူက အတွေ့အကြုံလည်းမရှိဘူး... ပြီးတော့ တစ်ခါမှတောင် အလုပ်မလုပ်ဖူးလောက်ဘူး... အဲ့ဒါတောင် သူ့ကို CEOနေရာကို တန်းထားထားတာ... သူက အဲ့ရာထူးမှာ ကောင်းကောင်းလုပ်နိုင်မယ်လို့ မင်းထင်လို့လား..."


"ပြီးတော့ ကျိယွီရှောင်ကရော... သူက အလှလေးတစ်ယောက်ရဲ့ အပြုံးကိုရဖို့ လင်းလော့ချင်းကို အဲ့နေရာမှာ ထားဖို့ တခြားဘာမှကို မတွေးတောခဲ့ဘူး... သူက ကုမ္ပဏီကို စိတ်မပူတာအသိသာကြီး... မင်းအခုထွက်မသွားရင် ရှင်းရီ ဒေဝါလီခံရတဲ့အခါ မင်းလဲ သူတို့နဲ့အတူ ဆွဲချခံရလိမ့်မယ်... အဲ့အချိန်ရောက်ရင် မင်းထွက်သွားချင်ရင်တောင် အခွင့်အရေးရှိမှာ မဟုတ်ဘူး..."


စုထုံက သူ့ကို နားထောင်က သူက စိတ်ပါလာဟန် သရုပ်ဆောင်လိုက်လေသည်။ 


"အဲ့ဒါက ကျိုးကြောင်းဆီလျော်တာပဲ..."


"ဒါပေါ့... ငါက မင်းကို ဘာလို့ ဒုက္ခပေးရမှာလဲ... ငါက မင်းတိုးတက်လာပြီး နာမည်ကြီးလာတာကို စောင့်ကြည့်လာတာပါ... ငါမင်းကို ပျိုးထောင်ခဲ့တာ... ငါက မင်းကို လင်းလော့ချင်းဆွဲချတာ ဘယ်ခွင့်ပြုပါ့မလဲ... ပြီးတော့ လင်းလော့ချင်းက မင်းနဲ့အသက်သိပ်မကွာဘူး... အခုသူ့ ရှင်းရီမှာဆိုတော့ မင်းက ဘာရင်းမြစ်တွေရဦးမှာလဲ... သူက သူ့ကိုယ်သူ ရှင်းရီရဲ့ ထောက်တိုင်ဖြစ်လာအောင် ပျိုးထောင်ပြီး အလုပ်ရှုပ်နေမှာ..."


စုထုံက အေးစက်စွာရယ်လိုက်ပြီး ချန်လီဝေ့အား အရည်ထူသည်ဟု ခံစားလိုက်ရသည်။ 


သူ့အား စာချုပ်ချုပ်ခဲ့သူမှာ ကျိယွီလင်းပင်။ သူ့အား ရှင်းရီသို့ ခေါ်လာသူမှာလည်း ကျိယွီလင်းဖြစ်သည်။ အစမှအဆုံးအထိ ချန်လီဝေ့နှင့် လုံးဝ မဆိုင်ပါပေ။ သူအလုပ်လုပ်မည့် ထုတ်လုပ်ရေးကို ရွေးချယ်ပေးသူမှာ သူ့၏ မန်နေဂျာဖြစ်ပေသည်။ သရုပ်ဆောင်ခဲ့သူမှာ သူဖြစ်သည်။ သူ့ကို ထောက်ပံ့ပေးကြသူများက သူ့၏ ပရိသတ်များဖြစ်သည်။ 


ဒါတွေက ချန်လီဝေ့နဲ့ ဘာဆိုင်လို့လဲ...


ချန်လီဝေ့မှာ မည်သို့ နှမ်းဖြူးရမည်ကို အမှန်တကယ်သိပေသည်။ 


"ဒါပေမဲ့..."


စုထုံက ခက်ခဲသည့်အခြေအနေရောက်နေဟန်ဆောင်လိုက်သည်။ 


"ဘာတုံ့ဆိုင်းနေစရာ ရှိသေးလို့လဲ... ဒီမှာ... ငါမင်းကို လာရှာမယ်... မင်း အိမ်မှာလား... ငါတို့ လူချင်းတွေ့ပြီး ပြောကြတာပေါ့..."

ချန်လီဝေ့က ဆိုလိုက်သည်။


သူက စိုးရိမ်နေပြီး စုထုံ ထွက်မသွားမည်ကို ကြောက်လန့်နေပေသည်။ တခြားအနုပညာရှင်များက သူနှင့် ထွက်လာလျှင်ပင် ၄င်းက လင်းလော့ချင်းအား များစွာ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။ ရှင်းရီကို အကြီးဆုံး ထိခိုက်စေရန် စုထုံ ထွက်လာမှရပေမည်။ 


သူထွက်လာမည်ဆိုပါက ချန်လီဝေ့က မည်သည်ကိုမဆို လုပ်ရန် ဆန္ဒရှိပေသည်။


"ငါမင်းကို လာရှာမယ်..."

ချန်လီဝေ့က စိတ်မအေးစွာဆိုလိုက်သည်။ 


"အဲ့လောက် လောစရာမလိုပါဘူး..."

စုထုံ၏ အမူအရာမှာ ပျင်းရိနေလေသည်။ သူက ဆိုလိုက်သည်။

"ငါခဏ နားလိုက်ဦးမယ်... ၁၀နာရီလောက်မှလာခဲ့..."


"ဟုတ်ပြီ..."

ချန်လီဝေ့က အလျင်အမြန် ဆိုလိုက်သည်။ 


စုထုံက သန်းဝေက တစ်ရေးအိပ်လိုက်သည်။ သူနိုးလာသည့်အခါ ချန်လီဝေ့တခါးခေါက်လာသည်ကို ကြားရန် အချိန်အကြာကြီး မစောင့်လိုက်ရပါပေ။ 


စုထုံက တံခါးဖွင့်လိုက်ရာ ချန်လီဝေ့က ဝင်လာလေသည်။

"ရှုးဖိနပ် ကာဗာဝတ်လိုက်..."


ချန်လီဝေ့က ပူးပေါင်းကာ ရှုးဖိနပ်ကာဗာကို ဝတ်လိုက်သည်။ ထို့နောက် သူက ဆိုဖာပေါ်တွင် ထိုင်ကာ မေးလိုက်သည်။

"မင်းစဉ်းစားပြီးပြီလား..."


စုထုံက လိမ္မော်သီးတစ်လုံးကို ယူကာ စိတ်ရှည်လက်ရှည်နှင့် အခွံခွာလိုက်လေသည်။ 


"မင်းက ဒီတစ်ခေါက် မင်းနဲ့အတူ အနုပညာရှင် တစ်ချို့ကို ခေါ်သွားမှာ... ဟုတ်တယ်မလား..."


"ဒါပေါ့... ရှင်းရီရဲ့ အခုပုံစံနဲ့ဆိုရင် အဲ့မှာ ဘယ်သူက စိတ်ချလက်ချနေနိုင်မှာလဲ..."


"အဲ့ဒါဆိုရင် ငါမင်းနဲ့အတူ ထွက်လာတာနဲ့ မင်းက ငါ့ကို ဦးစားပေးနေဦးမယ်ဆိုတာ ငါဘယ်လိုလုပ်ပြီး စိတ်ချလို့ရမှာလဲ..."


ချန်လီဝေ့က ရယ်ကာ သူ့ကို နှစ်သိမ့်လိုက်သည်။

"မင်းရဲ့ အနေအထား၊ မင်းရဲ့ ကျော်ကြားမှုနဲ့ ဆိုရင် ငါက တခြားလူတွေကို မင်းထက် ဦးစားပေးမယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


"ဒါပေမဲ့ ဖြစ်နိုင်ခြေတစ်ခုတော့ ရှိသေးတာပဲ..."

စုထုံက လိမ္မော်သီးတစ်စိတ်ကို စားကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။


"ငါမင်းနဲ့ ထွက်သွားမယ်ဆိုရင် ငါ့ကိုယ်ငါ အကြီးအကျယ် စွန့်စားရလိမ့်မယ်... မင်းက တခြားအနုပညာရှင်တွေကိုလည်း မင်းနဲ့ ခေါ်သွားဦးမှာ... မင်းက တခြားအနုပညာရှင်တွေကို ပျိုးထောင်မယ်ဆိုရင် ငါက အများကြီး ဆုံးရှုံးရမှာ..."


"ငါမလုပ်ပါဘူး..."

ချန်လီဝေ့က ကတိပေးလိုက်သည်။ 


"ငါမင်းရဲ့ စိတ်ရင်းကို မြင်ရဖို့လိုတယ်..."

စုထုံက သူ့ကို ကြည့်လိုက်သည်။


"မင်းငါ့ကို ထွက်သွားစေချင်ရင် တခြားအနုပညာရှင်တွေကို စွန့်လွတ်ရမယ်... မင်းက တခြားအနုပညာရှင်တွေကို ခေါ်ဖို့ လုံးဝ လက်မလျှော့ဘူးဆိုရင်တော့ ငါမင်းနဲ့ ထွက်မသွားဘူး... ချန်လီဝေ့... ကုမ္ပဏီက တခြားအနုပညာရှင်တွေထက် ဦးစားပေးထားတဲ့ ငါ့အတွက် မင်းနဲ့ ထွက်လာဖို့ဆိုရင် ငါစိတ်ချနေဖို့လိုတယ်... မင်းအဲ့လို မလုပ်နိုင်ရင် ဆွေးနွေးစရာမရှိတော့ဘူး... အဲ့လိုမှမဟုတ်ရင်တော့ မင်းက စိတ်ရင်းကိုပြပြီးတာနဲ့ ငါတို့ထပ်ပြီး ဆွေးနွေးလို့ရတယ်..."


ချန်လီဝေ့က ကြောင်အသွားလေသည်။ သူက စုထုံ ဤအခြေအနေကို တောင်းဆိုလာမည်ဟု မထင်ထားပါပေ။ 


"ရှောင်ထုံ အဲ့ဒါက သိပ်မကောင်းဘူးလေ... လူတိုင်းက ကုမ္ပဏီတစ်ခုတည်းကပဲလေ... ဟုတ်တယ်မလား... မင်း..."


စုထုံက လက်မြှောက်ကာ ချန်လီဝေ့ကို ရပ်ရန် အမူအရာပြလိုက်သည်။

"တံခါးက ဟိုဖက်မှာ... မင်းထွက်သွားလို့ရပြီ..."


"ရှောင်ထုံ... မင်း..."


"မင်း ငါ့ကို လုံခြုံရေး ခေါ်စေချင်တာလား..."

စုထုံက အေးစက်စွာ ဆိုလိုက်သည်။ 


"မင်းအဲ့လိုမလုပ်နိုင်ရင် ဘာမှဆက်ပြောစရာမရှိဘူးလို့ ငါပြောပြီးသားနော်..."


ချန်လီဝေ့မှာ သူက ထိုမျှ ခေါင်းမာမည်ဟု မထင်ထားပါပေ။ သူက စုထုံက ထရပ်ကာ တံခါးဖွင့်ရန်ပြင်နေသည်ကို ကြည့်လိုက်သည်။ ချန်လီဝေ့က ကူကယ်ရာမဲ့စွာ အံတင်းတင်းကြိတ်ကြီး ပြောလိုက်လေသည်။


"ကောင်းပြီ... ငါမင်းပြောတာ သဘောတူတယ်... ငါ မင်းကလွဲပြီး တခြားလူတွေကို မခေါ်တော့ဘူး..."


စုထုံက ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"တကယ်လား..."


"အဲ့ဒါက ငါ့စိတ်ရင်းကို သက်သေပြဖို့ လုံလောက်ရဲ့လား..."


"မင်းက ဆုံးဖြတ်ချက်ကို မြန်မြန်ကြီး ချလိုက်တာပဲ... မင်းက သူတို့ကို ဂရုစိုက်တယ်လို့ ငါထင်နေတာ... ကြည့်ရတာ အဲ့လောက်လည်း မဟုတ်ဘူးထင်ပါတယ်..."


ချန်လီဝေ့မှာ ရွေးစရာမရှိပါပေ။ သူက စုထုံကို ခေါ်သွားရပေမည်။ သို့ဖြစ်၍ စုထုံနှင့် တခြားအနုပညာရှင်များကြားတွင် အရှုပ်အထွေးရှိလာသောအခါ သူစုထုံကို ရွေးချယ်ရပေမည်။ 


သူက သက်ပြင်းချကာ သူ့အတွက် ဆိုလိုက်သည်။

"မင်းအခုဆို ငါ့ကို ယုံသင့်ပြီ.. ဟုတ်တယ်မလား..."


စုထုံက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ... ငါသိပြီ... မင်းအခုပြန်လို့ရပြီ... ငါအိပ်ဖို့လိုပြီ..."


"အဲ့ဒါဆို မင်းသဘောတူတယ်လို့ ယူဆလိုက်လို့ ရပြီလား..."


"ငါပြောတာက မင်းအဲ့လိုလုပ်နိုင်ရင် ငါတို့ ထပ်ပြီးဆွေးနွေးလို့ရတယ်ဆိုတာပဲ... ငါမင်းကို ချက်ချင်းသဘောတူမယ်လို့ မပြောဘူး... ငါ့လိုလူတစ်ယောက်က ဒီကိစ္စကို ပိုပြီး ဂရုတစိုက် စဉ်းစားချင်တာက သဘာဝပဲ..."


ချန်လီဝေ့ - ...


ချန်လီဝေ့မှာ သူ့အား ပြောစရာမဲ့နေလေသည်။ သူက စုထုံစိတ်ပြောင်းသွားမည်ကို ကြောက်၍ အော်ဟစ်ဆူငေါက်၍လည်း မရပါပေ။ စုထုံက ရှင်းရီတွင် နေပါက သူက ဆုံးရှုံးမှုအကြီးကြီး ခံစားရမည် ဖြစ်ပေသည်။


"အဲ့ဒါဆိုလည်း မင်းကောင်းကောင်းနားလိုက်ဦး... ဒါပေမဲ့ ရှောင်ထုံ မင်းငါ့ကို ယုံရမယ်နော်... မင်းရှင်းရီမှာဆက်နေရင် မင်းမှာ အနာဂတ်ဆိုတာ တကယ်မရှိဘူး... ငါက မင်းကို ဆုံးရှုံးရအောင် မလုပ်ပါဘူး..."


"အင်း..."


စုထုံက ခေါင်းမော့ကာ တံခါးဆီသို့ အမူအရာပြလိုက်လေသည်။


"ငါလိုက်မပို့တော့ဘူး... နှုတ်ဆက်ပါတယ်..."


ချန်လီဝေ့က မတ်တပ်ရပ်ကာ စုထုံ၏ နေအိမ်မှ ထွက်လာရန်သာ တတ်နိုင်ပေသည်။


စုထုံက တံခါးပိတ်သွားသည်ကို ကြားပြီး စားပွဲပေါ်တွင် တစ်ချိန်လုံး ဖန်သားပြင်အား မှောက်ကာ တင်ထားသော ဖုန်းကို လှန်လိုက်လေသည်။ 


ဖန်သားပြင်ပေါ်တွင် အုပ်စုဖွဲ့ အသံခေါ်ဆိုမှုတစ်ခုက ရှိနေဆဲဖြစ်သည်။


"မင်းတို့ အကုန်လုံး ကြားတယ်မလား..."


စုထုံက အေးစက်စွာ ဆိုလိုက်သည်။ 


"ငါနဲ့ယှဉ်ရင် မင်းတို့က တစ်ယောက်မှ အရေးမပါဘူးဆိုတာ ငါပြောသားပဲ... စိတ်ဝင်စားမှု အရှုပ်အထွေး ကြုံလာတဲ့အချိန်ကျရင် ချန်လီဝေ့က မင်းတို့အကုန်လုံးကို တစ်စက်ကလေးမှ မတုံ့ဆိုင်းပဲ လွှင့်ပစ်လိုက်မှာ..."


အုပ်စုထဲမှ ပါဝင်သူများက တိတ်ဆိတ်သွားလေသည်။ သူတို့က ချန်လီဝေ့၏ "ကောင်းပြီ... ငါမင်းတောင်းဆိုသမျှကို လက်ခံမယ်... ငါမင်းကလွဲရင် ဘယ်သူ့မှ မခေါ်တော့ဘူး..."ဆိုသော စကားတွင် နစ်မြုပ်နေဆဲ ဖြစ်ဟန်ရပေသည်။ 


သူတို့က သူတို့နှင့် စုထုံ၏ ကြားမှ ကွာခြားချက်ကို ကောင်းကောင်းသိသော်လည်း ဤသည်မှာ ချန်လီဝေ့သူတို့အား သဘောတူထားသည့်အရာ မဟုတ်ပါပေ။ သူက သူတို့အား ပျိုးထောင်ပေးမည်

၊ သူတို့အား ဦးစားပေးမည်၊ သူ့တို့အား ရင်းမြစ်များပေးမည်ဟု ဆိုခဲ့ပေသည်။ အနာဂတ်တွင် သူတို့အားလုံးက အဓိက ဇာတ်ဆောင်များ ဖြစ်ရပေမည်။


ထိုကတိအားလုံးမှာ ချန်လီဝေ့၏ ယခုပြောလိုက်သောစကားတစ်ခွန်းဖြင့် ပျက်စီးသွားပေပြီ။