အပိုင်း ၆၄
Viewers 8k

🐹အခန်း ၆၄

ဝူယိလေး၏ မိခင်ဘက်မှ ဦးဦးဖြစ်သူ စစ်သူကြီး




ညအချိန်တွင် ကောင်းကင်ယံ၌ လမင်းထိန်ထန်သာလျက်ရှိသည်။


နေ့အချိန် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူတိုင်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေကြသည်။ ကျောင်းအတွင်း၌ စာသင်ခန်းနှင့် နေရာလွတ် အများအပြား ရှိသောကြောင့် လူတိုင်း မိမိနှင့် သက်ဆိုင်သည့် နေရာများအား ရှာဖွေကာ အေးဆေးသက်သာစွာ အနားယူနိုင်ကြသည်။


နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့သည် ယနေ့ညတွင် သူတို့၏ ဗီလာအား ထုတ်ယူခြင်း မပြုကြပေ။ ထို့အစား စာသင်ခန်းအလွတ်ထဲ၌ နှစ်ဦးသား လှဲလျောင်းရင်း အနားယူနိုင်ရန် အိပ်ရာတစ်ခု ထုတ်ယူလိုက်သည်။


လရောင်အောက်တွင် ရှောင်ဝူယိသည် နျဲ့ရှောင်အား စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်းဖြင့် ခပ်တိုးတိုး ပြောလေသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်းက မှတ်ဉာဏ်တွေ ပြန်မရသေးပေမဲ့ ကျစ်ဟွေ့ကွမ်က ပေါင်ပေါင်းကို မလိမ်ဘူးလို့ ခံစားရတယ်.. သူက တကယ်ပဲ ပေါင်ပေါင်းရဲ့ ဦးဦးဖြစ်လောက်တယ် သိလား..”


ထိုစကားအားကြားချိန်တွင် နျဲ့ရှောင် ရုတ်တရက် ရှောင်ဝူယိဘက်သို့ လှည့်လိုက်သည်။ ကောင်ငယ်လေး၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီအား သေချာစွာ ကြည့်လိုက်သည်။


“ဒါပေမဲ့ သူက တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ ‌ပေါင်ပေါင်း မခံစားရဘူးလား.. ‌အရင်က ပေါင်ပေါင်း ဘယ်ကလာတယ်.. ဘယ်လိုမျိုး နေထိုင်ခဲ့တယ် ဆိုတာကို သူမပြောသွားဘူးလေ.. ပေါင်ပေါင်းကို နာကျင်အောင် မလုပ်ဘူး ဆိုရင်တောင် အခုချိန်မှာတော့ ဒယ်ဒီက သူ့ကို အပြည့်အဝ မယုံကြည်နိုင်သေးဘူး..”


“ပေါင်ပေါင်းက တကယ်ပဲ နတ်ပြည်က နတ်သားလေးဖြစ်နေပြီး တစ်နေ့နေ့မှာ ကျစ်ဟွေ့ကွမ်က ပေါင်ပေါင်းကို ဒယ်ဒီဆီကနေ တိတ်တိတ်လေး ပြန်ခေါ်သွားလို့ ပေါင်ပေါင်းက ဒယ်ဒီဆီကို တစ်သက်လုံး ပြန်မလာနိုင်တော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမတုန်း...”


ရှောင်ဝူယိသည် ထိုစကားအား ကြားပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်သည်။ သူ၏အမူအရာမှာ တဖြည်းဖြည်း လေးနက်လာပြီးနောက် အံ့ဩသွားပုံရသည်။


“ဒယ်ဒီ စိတ်မပူနဲ့နော်.. ပေါင်ပေါင်းရဲ့ မိသားစုဆီကို ပြန်သွားချင်ရင်တောင် ဒယ်ဒီ့ကို နှုတ်မဆက်ဘဲနဲ့ မသွားပါဘူး.. ပေါင်ပေါင်းက ဒယ်ဒီ့ကို ဘယ်တော့မှ မေ့သွားဘူးနော်.. ပေါင်ပေါင်းနဲ့တူတူ ဒယ်ဒီ့ကို နတ်ပြည်ခေါ်သွားလိုက်မှာပေါ့လို့..”


နျဲ့ရှောင်သည် ရှောင်ဝူယိ၏ လေးလေးနက်နက် ပြန်ဖြေသံအား ကြားသည့်အခါ မရယ်ဘဲ မနေနိုင်တော့ချေ။ ခေါင်းကလေးအား လက်ဖြင့်အသာပွတ်ပြီးနောက် နွေးထွေးမှုအပြည့်ဖြင့် ပြောလေသည်။


“ဟုတ်ပါပြီကွာ.. အရင်ဆုံး အိပ်ကြစို့.. သူ့အလိုလို ဖြစ်သွားပါလိမ့်မယ်.. တစ်ခါတွေးမိပြီးရင် အမြဲတမ်း တွေးနေမိလိမ့်မယ်.. အဲဒါကြောင့် အခုတော့ မော့ယန်နဲ့ ပတ်သက်တာတွေကို စိတ်ထဲ မထားနဲ့ဦးနော်..”


“အွန်း..”


ရှောင်ဝူယိ ခေါင်းညိတ်ပြီးနောက် မျက်လုံးများ မှိတ်ထားလိုက်သော်လည်း ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုအား ရုတ်တရက် အမှတ်ရသွားပြန်သည်။ တစ်ဖက်သို့လှိမ့်ကာ နျဲ့ရှောင်အား ခန္ဓာကိုယ်ဖြင့် တက်ဖိလိုက်ပြီးနောက် သူတို့နှစ်ဦး၏ နှလုံးသားတစ်စုံမှာ အလွန်နီးကပ်လျက်ရှိသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်း ရုတ်တရက် ထူးဆန်းတာတစ်ခု မှတ်မိလာတယ် သိလား..”


ရှောင်ဝူယိ၏ ဖိထားခ့ရသော နျဲ့ရှောင်မှာ မျက်လုံးများ ဖွင့်ရတော့သည်။ ကူကယ်ရာမဲ့စွာဖြင့် ကောင်ငယ်‌လေး၏ခါးအား လက်ဖြင့် ရစ်ပတ်ဖက်တွယ်လိုက်ပြီးနောက် နှုတ်ခမ်းပါးပါးလေးအား အနမ်းပေးလိုက်သည်။


“ဘာကို မှတ်မိတာတဲ့တုန်း..”


“အွန်း.. အဲဒါက ကျစ်ဟွေ့ကွမ်လေ.. သူဒီနေ့ ပေါင်ပေါင်းကို မင်းသားလေးလို့ ခေါ်လိုက်တာလားလို့.. ပေါင်ပေါင်းက တကယ်က နတ်ပြည်က မင်းသားလေး ဖြစ်နိုင်တယ်.. ဟိဟိ”


ရှောင်ဝူယိသည် သူ၏ အင်္ကျီလက်ဖျားအား လရောင်အောက်တွင် ဝှေ့ယမ်းလိုက်သည်။


နျဲ့ရှောင် ပြုံးလိုက်မိသည်။ ခန္ဓာကိုယ်အား တစ်ပတ်လှိမ့်ကာ ကောင်ငယ်လေးအား အုပ်မိုးလိုက်ပြီးနောက် နှုတ်ခမ်းလေးအား နမ်းရှိုက်လိုက်သည်။


“ပေါင်ပေါင်းက ကိုယ့်ရဲ့ မင်းသားလေးပဲလေ.. ဒယ်ဒီ့ရဲ့ တော်ဝင်မင်းသားလေး..” (˶ ˘ ³˘)ˆᵕ ˆ˶)


ညအချိန် လူတိုင်း အိပ်မောကျနေသဖြင့် လေထုမှာ တိတ်ဆိတ်လျက်ရှိပြီး အသက်ရှူသံများကိုသာ ကြားနေရချိန်တွင် စစ်သူကြီးမော့ယန်၊ ပိုဆီယာနှင့် အခြားလူအနည်းငယ်မှာ တိတ်တဆိတ် စုဝေးလျက်ရှိသည်။


ဆစ်စလိုသည် ဖုန်းတောက်နှင့် ဖုန်းချန်း၏နောက်တွင် အားငယ်စွာ ပုန်းအောင်းလျက်ရှိပြီး မော့ယန်အား ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည်။ ပိုဆီယာနှင့် ဖုန်း ညီနောင်သည် ယခုအချိန်တွင် စစ်သူကြီး မော့ယန်အား မည်သူဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်သဖြင့် အနည်းငယ် ထိတ်လန့်နေမိကြသည်။


“စစ်သူကြီးက ဘယ်လိုဖြစ်ပြီး ကမ္ဘာပေါ်ကို ရောက်လာတာလဲဗျ..”


ပိုဆီယာ အနည်းငယ် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ ကမ္ဘာပျက်ကပ် ဖြစ်ပွားသည့်အချိန်တွင် ကမ္ဘာမြေတစ်ခုလုံးသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သောကြောင့် ကမ္ဘာပျက်ကပ် အစတွင် နီမိုတော်ဝင်မျိုးနွယ်၏ မင်းသားလေး ပျောက်ဆုံးသွားသည့်အကြောင်း ကြယ်စုများအကြား ပေါက်ကြားသွားခြင်းအား သိရှိထားခြင်း မရှိချေ။


မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ရှောင်ဝူယိ၏ နောက်ခံအား အနည်းနှင့်အများ ခန့်မှန်းနိုင်ပြီ ဖြစ်သည်။


ဤနေရာတွင် လူအများ လေးစားရသော မဟာစစ်သူကြီးနှင့် နီမိုတော်ဝင်မျိုးနွယ်မှ မင်းသားလေးတို့ ရှိနေသည်ကို တွေးမိရုံနှင့်ပင် ပိုဆီယာနှင့် အခြားသူများမှာ ပိုမိုထိတ်လန့် ကြောက်ရွံ့လာပြီး အသက်ရှူကျပ်လာကြသည်။


မော့ယန်သည် ပိုဆီယာ၏ အမူအရာအရ အရာအားလုံး ခန့်မှန်းသိရှိသွားကြောင်း နားလည်လိုက်သဖြင့် မျက်ခုံးပင့်လိုက်သည်။


“စိတ်မပူကြနဲ့.. မင်းတို့ကလည်း သာမန်လူတွေ မဖြစ်နိုင်လောက်ဘူး.. ဘယ်မိသားစုက ကလေးတွေလဲ.. သာမန်ပြည်သူတွေအနေနဲ့ ကမ္ဘာလိုမျိုး ဝေးကွာတဲ့ ဂြိုလ်တစ်ခုကို လာဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို ဖြတ်ကျော်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး.. မင်းတို့ မိသားစုတွေကိုပြော.. ငါ သိချင် သိနိုင်လောက်တယ်..”


ပိုဆီယာသည် ရှက်ရွံ့စွာဖြင့် နှာခေါင်းအား လက်ဖြင့်ထိလိုက်သည်။


“ကျွန်တော့်နာမည် အပြည့်အစုံက ပိုဆီယာဆိုင်ဒန်ပါ.. ရေသူမျိုးနွယ်က မြို့စားကြီး ဆိုင်ဒန်ရဲ့ အငယ်ဆုံးသားပါ..”


“အင်း.. ငါ မင်းအဖေနဲ့ သိတယ်..”


မော့ယန် ခေါင်းညိတ်ပြီးနောက် ဖုန်းညီနောင်နှင့် ဆစ်စလိုအား ကြည့်လိုက်သည်။


ဆစ်စလို အသံတိုးတိုးဖြင့် ဆိုလေသည်။


“မပြောလို့ရလားဟင်.. ကျွန်တော့်မိဘတွေကို ပြန်တိုင်မှာ ကြောက်လို့ပါ..”


“ပြောစရာရှိတာ ပြောစမ်း..”


မော့ယန် ခြိမ်းခြောက်မှုတစ်ဝက်ဖြင့် ပြောသည်။ 


ဆစ်စလို တုန်ယင်လာပြီးနောက် မျက်ရည်မကျဘဲ ငိုကြွေးလုမတတ်ပင်။


“ကျွန်တော့်အဖေက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်က ဘုရင် ရင့်(ထ်) ပါ.. ကျွန်တော်က ရင့်(ထ်) မိသားစုရဲ့ ခုနစ်ယောက်မြောက် အငယ်ဆုံးသားပါ..”


မော့ယန် သေသေချာချာ မှတ်ထားလိုက်သည်။


“သေချာပေါက် တိုင်မယ်..”


ဆစ်စလို : QAQ


ဖုန်းတောက်နှင့် ဖုန်းချန်း ညီနောင်အတွက်မူ ထူး၍ပြောရန် မလိုပေ။ သူတို့နှစ်ဦး၏ မျိုးရိုးနာမည်အား ကြားပြီးသည့်အချိန်မှစကာ မည်သူဖြစ်ကြောင်း မော့ယန်သိရှိထားပြီး ဖြစ်သည်။ “ဖုန်း” မိသားစု သည် ချီကျန်းမျိုးနွယ်၏ မိသားစုကြီး လေးခုအနက် ပထမဆုံး မိသားစုကြီးဖြစ်သည်။ သို့တိုင်အောင် ဤညီအစ်ကို နှစ်ဦးသည် ဖုန်းမျိုးရိုး၏ တိုက်ရိုက်မိသားစု ဆင်းသက်လာသော သားများဖြစ်ကြသည့်အတွက် အနည်းငယ် အံ့အားသင့်သွားမိသေးသည်။


ထို့ကြောင့် ယခုရှိနေသည့် လူများအား ဂရုတစိုက် စဉ်းစားကြည့်မည်ဆိုလျှင် တစ်ဦးတစ်ယောက် ထိခိုက်သွားရုံမျှနှင့် ဂြိုလ်ပေါင်းများစွာ တုန်လှုပ်သွားနိုင်သည်။ ယခုအချိန်တွင် မော့ယန်သည် သူတို့အားလုံး၏ အထောက်အထားများအား ရှင်းရှင်းလင်းလင်း သိရှိထားပြီး ဖြစ်သဖြင့် လက်ရှိပြဿနာအား ပွင့်လင်းစွာ ပြောလာသည်။


ဖုန်းတောက်နှင့် ဖုန်းချန်းတို့နှစ်ဦးမှာ သူတို့အား အိမ်ပြန်ခေါ်သွားပေးနိုင်မည်ဟု ပိုဆီယာနှင့် ဆစ်စလိုတို့ မူလက မျှော်လင့်ထားမိခဲ့ကြသော်လည်း ထိုညီအစ်ကိုနှစ်ဦးသည်လည်း ကမ္ဘာမြေပေါ်၌ သောင်တင်နေပြီး ပြန်သွား၍ မရနိုင်ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားမိကြချေ။


“ငါတို့က အားလုံးနဲ့ အဆက်အသွယ် ပြတ်နေတာလား..”


ဖုန်းတောက် နဖူးအား လက်ဖြင့်ထိကာ မတုံ့ပြန်နိုင်ဘဲ ရှိနေသည်။ သူတို့အားလုံး ကမ္ဘာ့အပြင်ဘက်နှင့် အဆက်အသွယ် မရတော့သည်မှာ အနည်းငယ် ထူးဆန်းလေသည်။


“သောက်ကျိုးနည်း ဘာတွေဖြစ်နေတာတုန်းကွာ..”


ထိုအချိန်တွင် မော့ယန်သည် ဆစ်စလိုအား ကောက်မလိုက်သည်။


“ငါ့ရဲ့ ဆက်သွယ်ရေးကိရိယာက အလုပ်လုပ်သေးလား ကြည့်ရအောင်.. အဲဒီတုန်းက မင်းယူသွားတဲ့ ပစ္စည်းတွေ ပြန်ပေး..”


ပိုဆီယာနှင့် အခြားသူများမှာ အလင်းရောင်အား မြင်လိုက်ရသလိုပင်။ မော့ယန်ကဲ့သို့သော စစ်သူကြီးတစ်ဦး၏ ဆက်သွယ်ရေးကိရိယာမှာ သူတို့၏ ဆက်သွယ်ရေးကိရိယာထက် လုပ်နိုင်စွမ်း ပိုမြင့်မည်မှာ သေချာပေါက်ပင်။


ဆစ်စလိုမှာ မော့ယန်၏ လှုပ်ယမ်းမှုကြောင့် အနည်းငယ် မူးဝေလာသည်။ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်၏ အထူးကုန်ကြမ်းဖြင့် ချုပ်လုပ်ထားသော အနက်ရောင်ဝတ်ရုံမှာ လှုပ်ခါမှုကြောင့် ပစ္စည်းများစွာ ထွက်ကျလာသည်။ မော့ယန်သည် သူ၏ပိုက်ဆံအိတ်နှင့် အခြားပစ္စည်းများအား အလျင်အမြန် ကောက်ယူလိုက်သော်လည်း ဆက်သွယ်ရေးကိရိယာကိုမူ ရှာမတွေ့ချေ။


“ငါ့ရဲ့ ဆက်သွယ်ရေးကိရိယာကော..”


မော့ယန် အနည်းငယ် ခေါင်းကိုက်လာလေသည်။


ဆစ်စလိုမှာ မည်သည့်ကိုမျှ မကြည့်ရဲတော့ပေ။ သူ့ကိုယ်သူ ဘောလုံးတစ်လုံးသဖွယ် ကွေးကာ တင်းတင်းကြပ်ကြပ် ရစ်ပတ်ရင်း ငိုကြွေးတော့သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြောလေသည်။


“ကျွန်.. ကျွန်တော်က ခင်ဗျားအစား ကူညီပြီးတော့ နီမိုဂြိုလ်ဆီ ပြန်ပို့ပေးလိုက်တာ.. ကျွန်တော့်က ခင်ဗျားကို ကိုက်ပြီးတော့ ခင်ဗျား ကမ္ဘာပေါ်က လူတွေရဲ့ စောင်လုပ်ဖို့ အရေခွံစုတ်ခံရမှာကို စိုးရိမ်တာကြောင့် အရေးပေါ်မုဒ်ကို ဖွင့်လိုက်ပြီး မင်းရဲ့မိသားစုကို သူ့ဘာသာ သွားရှာဖို့ ပျံသွားခိုင်းလိုက်တာ.. အဲဒါက အစောကတည်းက နီမိုဂြိုလ်ကို ပြန်ရောက်နေလောက်ပြီ..”


နှုတ်ခမ်းထောင့်များ မဲ့ကျသွားသော မော့ယန် : "......."


ဒီအကောင်လေးကို အခုပဲ ရိုက်ချင်လာပြီနော်..


ပိုဆီယာနှင့် ဖုန်းညီအစ်ကို :"....."


ကျွန်တော်တို့ကိုပါထည့်တွက်ပေး

...........................................................................

Xena : ငါ့ကိုလဲ ထည့်တွက်ပေး၊ အခုတော့ ဘာလို့အန်ကယ်မော့ယန်နဲ့အန်ကယ် ရင့်(ထ်) တိုက ဆစ်စလိုကို ပြဿနာကောင်လေးလို့ထင်နေရလဲသိသွားပြီ၊ဘယ်လိုတောင် အငိုသန်လေးလဲ၊အရမ်းလဲ ဆိုး

တယ်၊ ငါ့နှလုံးသားက ဒေါသတွေနဲ့ ပြည့်နက်နေပြီ"


Koi : ငါ့ကိုလဲထည့်တွက်ပေး +1 ၊ဆစ်စလိုကို တစ်ယောက်ထဲဘယ်မှမသွားခိုင်းသင့်တော့ဘူး