~ထူးကဲကောင်းမွန်တဲ့ကြက်ဥပန်ကိတ်များ~
လုလင်း ချန်းရှောင်မီကို ပြောပြီးတာနဲ့ မီးဖိုချောင်လေးဆီ သွားလိုက်သည် ။
ချန်းရှောင်ခိုင်က ချန်းရှောင်မီ ဆီသွားပြီး စပ်စပ်စုစု မေးလိုက်သည် ။
" အခု အစ်ကိုတို့ ဘာအကြောင်း ပြောနေကြတာလဲ ။ "
ချန်းရှောင်မီ ခေတ္တ တုံ့ဆိုင်းသွားကာ သူ့ညီငယ်ကို ဖန်ထည်အကြောင်း မပြောပြဖို့ ဆုံးဖြတ်လိုက်သည် ။ ဖန်ပစ္စည်းတွေက သူများအပိုင်ဖြစ်တာကြောင့် သူ့ညီလေး စိုးရိမ်ပူပန်စရာမလိုပေ ။
" မနက်ဖြန် မြို့ပေါ်သွားမဲ့အကြောင်း ပြောနေကြတာပါ ။ "
သူတို့တွေ အခြားအကြောင်းပြောနေကြတာ သေချာတာကြောင့် ချန်းရှောင်ခိုင်က ထိုအဖြေကို မယုံကြည်ပေ ။
" ငါ့အစ်ကိုကြီးက လုလင်းကြောင့် ပြောင်းလဲသွားပြီ ၊ ငါ့အပေါ် မပွင့်လင်းတော့ဘူး ။ "
ချန်းရှောင်ခိုင် နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း သက်ပြင်းချမိသည် ။
သို့သော်လည်း လုလင်းကို သဘောမကျတာတော့မဟုတ်ပေ ။ လုလင်းကို ကြိုက်သည့်အကြောင်းမှာ အချက်အပြုတ်တော်ခြင်းက ထိပ်ဆုံးကဖြစ်သည် ။
" ဒါပဲလား? "
ချန်းရှောင်ခိုင်က တတွတ်တွတ်မေးလေသည် ။
ချန်းရှောင်မီက ခေါင်းညိတ်ကာ ...
" ဟုတ်တယ် ။ တခြားဘာမှမရှိတော့ဘူး ။ "
ချန်းရှောင်မီ မြို့တက်တာက ပထမဆုံးအချိန်မဟုတ်တာကြောင့် ကောင်းကောင်းစီမံခန့်ခွဲကာ ပြင်ဆင်မှုတွေကို ပြုလုပ်သည် ။
လုလင်း : " မင်းရဲ့ ဝက်သားတချို့ကို ငါကူသယ်ပေးရမလား? "
ချန်းရှောင်မီ လုလင်းအကြည့်ကိုတွေ့လိုက်ရတာကြောင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး -
" ငါသယ်မယ် ။ ဒါတွေကအရမ်းလေးလို့ မင်းသယ်မယ်ဆိုရင် မြို့ပေါ်ရောက်နိုင်မယ်မထင်ဘူး ။ "
' ဘုရားရေ ၊ ဒီမိသားစုမှာ ငါ့ရဲ့လုပ်ပိုင်ခွင့်ကိုသက်သေပြဖို့လိုအပ်နေပြီ ။ သူက ကောတစ်ယောက်ပဲကို ၊ သူက သူ့ယောက်ျားဖြစ်သူကို အထင်သေးတာလား ။ ဒါပေမယ့် မြို့ပေါ်သွားဖို့ နှစ်နာရီလောက် လမ်းလျှောက်သွားရတာပဲ ။ ရွာသားတွေက မကြာခဏမြို့ပေါ်သွားပေမယ့် လူစုပြီး နွားလှည်းပဲငှားကြတာ အံ့ဩစရာတော့မဟုတ်ပါဘူး ။ '
' ဘယ်လိုများ လုပ်ပိုင်ခွင့် သက်သေပြဖို့ တွေးမိရတာလဲ ။ သူ့ဆီကတောင် လေးစားမှု ရချင်နေသေးတယ်.... '
လုလင်း မနက်စာပြင်ဖို့အစောကြီး ထပြီး စတိုးဆိုင်ထဲခိုးဝင်ကာ ဂျုံမှုန့်အနည်းငယ်ယူလိုက်သည် ။
ဂျုံလုံးထဲ ဆား ၊ ကြက်သွန်မြိတ်ခပ်ပါးပါးနဲ့ ကြက်ဥများကို ထည့်ပြီး အားသွန်ခွန်စိုက် နယ်သည် ။ လုလင်းက ပထမဆုံး မြည်းစမ်းကြည့်ပြီး ရလဒ်အပေါ် စိတ်ချမ်းမြေ့နေသည် ။ အစွန်းဖက်လေးတွေ ကြွပ်ရွအောင် ဆီလှိမ့်ပြီးနောက် နူးညံစားကောင်းတဲ့ပုံစံ ဖြစ်ပေါ်လာသည် ။
ပန်းကန်ထဲမှာ ခုနှစ်ခုလောက်ရှိသည်အထိ ပန်ကိတ်တွေကို ဆက်လက်ပြုလုပ်နေသည်။ စုစုပေါင်း ကြက်ဥ ခုနှစ်လုံးလောက် အသုံးပြုပြီးနောက် ကြက်ဥခွံတွေကို ကြည့်ကာ ကြိတ်ရယ်လိုက်သည် ။ ရွာသားတွေသာ ကြက်ဥခွံတွေအများကြီး တွေ့ရင် ကြက်သေသေသွားကြလိမ့်မည် ။
ကြက်ဥခုနှစ်လုံးက တစ်နပ်စာတဲ့ အရမ်းဇိမ်ခံရာ ရောက်နေပြီပဲ ။
လုလင်းက စတိုးဆိုင်ထဲပြန်ခိုးဝင်ကာ ကောင်တာပေါ်တွင် ပန်ကိတ်သုံးခုကို ဖွက်ထားလိုက်ပြီး မြို့ပေါ်သွားတဲ့လမ်းတစ်လျှောက် ဗိုက်ဆာလျှင် စားဖို့ ထားထားလိုက်သည် ။
ချန်းရှောင်မီ ပန်ကိတ်ကို တဝကြီး စားပြီး -
" ဒါက အရမ်းအရသာရှိတာပဲ ၊ ဘယ်လိုလုပ်ထားတာလဲ ။ "
" အဲ့ဒါက ကြက်ဥပန်ကိတ်တစ်ခုပဲလေ ။ "
ချန်းရှောင်မီ လက်ချောင်းတွေကို လျှက်လိုက်ပြီး နှုတ်ခမ်းသပ်ကာ -
" ထပ်ပြီး ကြက်ဥလား? "
လုတွေက အလွန်ဆိုးရွားမှန်းသိထားတာကြောင့် လုလင်းရဲ့ နေထိုင်မှုပုံစံကအံ့အားသင့်စရာ ကောင်းလေသည် ။ လုလင်း၏ ချက်ပြုတ်မှုဟာ အလွန်ကောင်းလွန်းတာကြောင့် ထိုအတွေးတွေက လွင့်ပါးသွားရသည်။
လုလင်းက ပြုံးကာ -
" ငါကတောင်ပေါ်မှာ ဥတွေအများကြီး အမြဲလိုလို တွေ့လေ့ရှိတတ်တာကြောင့် မစိုးရိမ်ပါနဲ့ ။ "
ချန်းရှောင်မီက နှုတ်ခမ်းကို စုဝိုင်းလိုက်ကာ စနောက်လိုသော လေသံဖြင့် -
" မင်းက အရမ်းကံကောင်းတာပဲနော် ။ ဒါပေမယ့် တောင်ပေါ်မှာ ဥတွေအများကြီး မကျန်တော့မှာဘဲ စိုးရိမ်မိတယ် ။ "
လုလင်း က ဒါကို သတိရသွားတာကြောင့် -
' ဟမ်း ၊ ငါက အရမ်းရက်ရောလွန်းတယ် ။ ဒီလိုမျိုး ဆက်သွားနေရင် ကြက်ဥ နှစ်ခြင်း ကုန်သွားမှာကို ငါစိတ်ပူတယ် ။ '
လုလင်းက သူ့စိတ်ထဲမှာ တွက်ချက်လိုက်ပြီးနောက် စိတ်သက်သာရာ ရလာသည် ။ ခြင်းတွေထဲမှာ ကြက်ဥတွေအများကြီး ရှိနေတုန်းဖြစ်သည် ။
မြို့ပေါ်သွားတဲ့လမ်းက ကျောက်ခဲထူထပ်ကာ ကြမ်းတမ်းလွန်းသည် ။ သိပ်မကြာခင်မှာပဲ လုလင်းခြေထောက်တွေက နာကျင်လာသည်။ သိုသော်လည်း ချန်းရှောင်မီက ခြင်းအလေးကြီး ထပ်သယ်ထားတာတောင် လျှောက်နေနိုင်သေးသည် ။ တောင်ခြောက်ကမ်းပါးလမ်းပေါ်လျှောက်ရင်း လုလင်း အရင်အချိန်များကို ပြန်တမ်းတမိနေသည် ။ သူ့ရဲ့ အရမ်းဆိုးရွားတဲ့ကားလေးကို သတိရသည် ။ ဈေးပေါပြီး second hand ကားလေးပေမယ့် အသုံးပြုရကောင်းသေးသည် ။
တစ်နာရီ မရပ်မနားလမ်းလျှောက်ပြီးနောက် လုလင်းမောဟိုက်လာတော့သည် ။
ချန်းရှောင်မီက တွေ့သွားပြီး မေးလေသည် ။
" အနားယူမလား ။ "
သူ ချန်းရှောင်မီကို မြင်တဲ့အချိန် သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်နေသည် ။ ချန်းရှောင်မီရဲ့ အသက်ရှုသံကတော့ မြေညီလမ်းမှာ လျှောက်နေရသလို တည်တည်ငြိမ်ငြိမ်ပင် ။ အနားယူဖို့ မေးတာကိုက သူ့ကို ထောက်ထားပြီး မေးမှန်း သူသိသည် ။
လုလင်းက လုပ်ပြုံးလေးဖြင့် -
" ငါ့တို့ခရီးက မြန်မြန်သွားသင့်မှန်း သိပါတယ် ။ "
ချန်းရှောင်မီက လုလင်းကို အဓိပ္ပါယ် ပါပါကြည့်ကာ ပြောသည် ။
" ဒါတော့ အမှန်ပဲ ။ "
ချန်းရှောင်မီက ဦးဆောင်ပြီး လုလင်းက သူနဲ့အမှီလိုက်ဖို့ ခက်ခက်ခဲခဲကြိုးစားသည် ။ သို့သော် သူအပြင်းအထန်ကြိုးစားနေရတာကို သတိထားမိပြီး ချန်းရှောင်မီ ဖြေးဖြေးချင်းသွားနေတာကို သတိထားမိလိုက်သည်။
လုလင်း နှလုံးသားထဲထိသွားသည် ။
' လူတွေအားလုံးက ပြောကြတယ် ။ ချန်းရှောင်မီက ကြမ်းတမ်းရက်စက်ပြီး ကြောက်စရာကောင်းတယ်တဲ့ ။ ဒါပေမယ့် သူ့မှာ နွေးထွေးတဲ့ နှလုံးသားတစ်စုံရှိတယ် ။ '
လုလင်း စတိုးဆိုင်ထဲခိုးဝင်ပြီး ပန်ကိတ်နှစ်ခုကို ယူကာ -
" ချန်းရှောင်မီ ၊ ပန်ကိတ်ကြိုက်တယ်မလား ? "
ချန်းရှောင်မီ လေအဝှေ့မှာ ပြန်လှည့်ကြည့်ပြီး -
" မင်း အဲ့ဒီအစားတွေပဲ တွေးနိုင်တာလား ။ "
ထိုစကားစပြောချိန်မှာပင် ချန်းရှောင်မီက ပန်ကိတ်ကိုယူလိုက်ပြီး အားရပါးရ စားလိုက်သည် ။
လုလင်း ခိုးရယ်လိုက်သည် ။ ချန်းရှောင်မီက သူကိုယ်တိုင်တော့ အငတ်ခံပြီး သူ့ညီတွေကိုကျွေးဖို့နဲ့ မိသားစု ထောက်ပံ့ဖို့ပဲ ရည်ရွယ်ချက်ထားထားတာကို သူသတိထားမိသည် ။
" အခုထိ နွေးနေတုန်းပဲ ၊ ဘယ်လိုလုပ်ထားတာလဲ ။ "
" ငါ့အင်္ကျီလက်ထဲ ထည့်ထားတာလေ ။ "
လုလင်း ချက်ချင်းအဖြေပေးလိုက်သည် ။
ချန်
းရှောင်မီက ထိုအရာကို ကြားပြီးနောက် လုလင်းကိုကြည့်လိုက်သည် ။
ချန်းရှောင်မီ ယုံမယုံနဲ့ပတ်သတ်ပြီး လုလင်း သေချာမသိပေ ။