~ ငွေဝင်ပြီ!ငွေပြား ခုနှစ်ပြားတောင်!~
ချန်းရှောင်မီနဲ့လုလင်းတို့ သွားပြီးနောက် ချန်းရှောင်ခိုင် အိပ်ယာထလာသည် ။ မီးဖိုချောင်ဆီ ပျော်ပျော်ကြီး ပြေးသွားလိုက်ကာ ကြက်ဥပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် ပိုအဆင်ပြေသွားသလို ခံစားလိုက်ရသည်။
ဒီမနက်စာက လုလင်းပြုလုပ်ထားမှန်း ချက်ချင်းသိလိုက်သည် ။ ချန်းရှောင်မီသာ လုပ်ရင် အရသာမရှိဖြစ်ပြီး ခြောက်သွေ့နေလိမ့်မည် ။
' လုလင်းက အချက်အပြုတ်အရမ်းတော်တဲ့သူပဲ ။ '
ချန်းရှောင်ခိုင်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည် ။
ချန်းရှောင်မိုင်က ချန်းရှောင်ခိုင်ရဲ့ ပန်းကန်ထဲက ပန်ကိတ်ကို စိုက်ကြည့်နေပြီး သွားရည်ကျလာတာကြောင့် ချန်းရှောင်ခိုင်ရဲ့အင်္ကျီစကို ဆောင့်ဆွဲကာ သတိထားမိအောင်ပြုလုပ်သည် ။
ချန်းရှောင်ခိုင်လည်း ချန်းရှောင်မိုင်ကို ကြည့်ကာ ပန်ကိတ်တစ်ဝက်ပိုင်းပေးလိုက်သည်။
ချန်းရှောင်မိုင်က စက္ကန့်အနည်းငယ်အတွင်းမှာပင် စားချလိုက်ပြီး ချန်းရှောင်ခိုင်ရဲ့ပန်းကန်ကို ဆက်ပြီးကြည့်နေသည် ။
ချန်းရှောင်ခိုင် သက်ပြင်းချမိကာ တစ်ဝက်ကျန်တဲ့ သူ့ပန်ကိတ်ကို တစ်ဝက်ထက်ပိုင်းလိုက်ကာ ချန်းရှောင်မိုင်ကို မျှဝေပေးလိုက်သည် ။
ပြီးနောက် ချန်းရှောင်မိုင်ရဲ့ မျက်နှာကို ပွတ်သပ်လိုက်သည်။ အရင်ကထက် ကြည့်ကောင်းလာတဲ့ သူ့ညီလေးရဲ့အသားအရည်ကို မတိုင်ခင်က သတိမထားမိပေ ။
' ငါတို့အခုလိုကောင်းကောင်းမွန်မွန်စားရတာ လုလင်းကို ကျေးဇူးတင်ရမယ် ။ ဒီပန်ကိတ်ထဲ ကြက်ဥတွေအများကြီး ပါမှာ ။ '
တကယ်တော့ လုလင်းချက်ပြုတ်မှုပုံစံကြောင့် တစ်နေ့သူတို့မွဲပြာကျမှာကို ချန်းရှောင်ခိုင် စိုးရိမ်မိဖူးသည် ။ သို့သော် မမျှော်လင့်စရာပင် လုလင်းနဲ့ပတ်သတ်ပြီး အမှားတွေကို ချန်းရှောင်ခိုင်ရှာမတွေ့ခဲ့ပေ ။
သူ့ရဲ့ကားလေး ပြန်ရဖို့ ဘယ်လိုဆုတောင်းရမလဲ! သူကတော့ အသက်ရှူဖို့တောင် ဟောဟဲလိုက်နေပေမယ့် လမ်းတစ်လျှောက်လုံးမှာ ချန်းရှောင်မီရဲ့သက်လုံက သဘောကျစရာကောင်းနေသည် ။
နောက်ဆုံး သူမေ့လဲတော့မယ်လို့ ထင်နေတဲ့အချိန်မှပဲ ဈေးကိုရောက်တော့သည်။
ချန်းရှောင်မီက သူ့ကို လူချမ်းသာမိသားစုဆီကို ခေါ်သွားပေမယ့် အရှေ့ဂိတ်တံခါးကြီးအစား အနောက်တံခါးကိုသာ ခေါက်လေသည် ။
လူငယ်က ချန်းရှောင်မီကို ကြည့်ပြီး သူတို့အတွက်တံခါးဖွင့်ပေးသည် ။ ထို့နောက် အိမ်တော်ထိန်းကို အကြောင်းကြားရန် အထဲဝင်သွားသည် ။
" ဒါက ရန်ကောင်စီဝင်ရဲ့ အိမ်ပဲ ။ ဒီက အိမ်တော်ထိန်းက ငါ့ဆီက အမြဲလိုလို ဝယ်လေ့ရှိတယ် ။ "
ချန်းရှောင်မီက ပစ္စည်းရောင်းဖို့အတွက် ဆိုင်ခန်းငှားဖို့လုပ်ခဲ့ပေမယ့် ငှားခ ငါးဆင့် ပေးရမည်ဖြစ်ပြီး လူများစွာကလည်း ဈေးဆစ်ကြဦးမည် ဖြစ်သည် ။
သို့သော် တစ်နေ့မှာတော့ ရန်ကောင်စီဝင် အတွက် ဂုဏ်ပြုစားပွဲကျင်းပရမည့် အိမ်တော်ထိန်းနဲ့ တွေ့ဆုံမိသည် ။ ထိုသူက ချန်းရှောင်မီဆီက ရှိတာတွေအားလုံးကို ဝယ်ယူသွားပြီး သားကောင်တွေအမဲလိုက်လို့ရလာရင် ဘယ်အချိန်ဖြစ်ဖြစ်သူ့ဆီမှာလာရောင်းဖို့ပြောသည် ။ သူက ချန်းရှောင်မီအား သင့်တင့်တဲ့ဈေးနဲ့ဝယ်ယူမည်ဖြစ်ကြောင်းလဲ ပြောခဲ့သည် ။
ချန်းရှောင်မီအတွက် ငှားရမ်းခလည်း ချွေတာနိုင်သလို လူတွေရဲ့ ဈေးဆစ်မှုဒဏ်ကို မခံရတော့ပေ ။
အိမ်တော်ထိန်းက လတ်ဆတ်တဲ့အသားကိုမြင်တာနဲ့ အားပါးတရပြုံးကာ ပုံမှန်အပိုင်းအစတစ်ခုကိုတောင်မှ ဈေးဆစ်ခြင်းမပြု။
ချန်းရှောင်မီက သားကောင်အတွက် ငွေပြားတစ်ပြား (a teal)နဲ့ ရစ်ငှက်နှစ်ကောင်အတွက် တစ်ရာဆင့် တောင်းလိုက်သည် ။
" ရှောင်းမီ မင်းက မုဆိုးကောင်းတစ်ယောက်ပဲ ရစ်ငှက်တွေကိုကြည့်ဦး အခုထိအသက်ရှင်နေတုန်းပဲ ။ "
ချန်းရှောင်မီက ကျိုးနွံစွာရယ်လိုက်သည် ။
" ဒါက ကံကောင်းတာပါဗျာ ။ တစ်ခုလောက် အကူအညီတောင်းချင်လို့ပါ ၊ ကျွန်တော်တို့ကို ရန်သခင်ကြီးဆီ ခေါ်သွားပေးပါလား ။ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုပါလာလို့ပါ ။ "
အိမ်တော်ထိန်းက အနည်းငယ်အံ့ဩသွားကာ ချန်းရှောင်မီအား မယုံနိုင်စွာကြည့်ပြီး-
" အရမ်းစိတ်ဝင်စားစရာကောင်းတာလား ။ "
အိမ်တော်ထိန်းက ချန်းရှောင်မီဟာ ဆင်းဆင်းရဲရဲရွာသားတစ်ယောက်မှန်းသိသည် ။ သူ့ဆီမှာ တန်ဖိုးကြီးတာ ၊ စိတ်ဝင်စားစရာကောင်းတာ ဘာမျှရှိမည်မဟုတ်ဟု ထင်နေသည်။
အိမ်ထိန်းရဲ့အမူအရာကို ချန်းရှောင်မီတွေ့လိုက်တာကြောင့် အိမ်ထိန်းအား ဘေးကိုဆွဲခေါ်ကာ ဖန်ဂေါ်လီလုံးများကို ပြသလိုက်သည် ။
အိမ်ထိန်းရဲ့ မျက်လုံးတွေဟာ ဖန်လုံးကိုမြင်ပြီး တောက်ပလာသည် ။
" ငါ ရန်သခင်ကြီးကို အခုပဲသွားအကြောင်းကြားလိုက်မယ် ။ "
ဆင်းရဲတဲ့ရွာသားတွေက နေ့ရက်တိုင်းကို လယ်အလုပ် ၊အိမ်မှုကိစ္စတွေနဲ့ ပဲ ကုန်ဆုံးကြပေမယ့် မြို့ပေါ်က လူချမ်းသာမိသားစုတွေကတော့ အမျိုးသမီးတွေရဲ့နှလုံးသာကို ပိုင်ရဖို့ ထူးခြားတဲ့ ပစ္စည်းတွေကို စုဆောင်းပြီး ပျော်ရွှင်မှုကို ရှာဖွေကြသည် ။
ဖန်လုံးတွေက အခြားသော လူချမ်းသာတွေမှာရှိတဲ့ အရာနဲ့ ကွဲပြားခြားနားသည် ။
ရန်သခင်ကြီးက ဖန်လုံးတွေကိုမြင်တဲ့အခါ ကျေနပ်မှုအပြည့်ဖြင့် ရယ်မောလာသည် ။ ချန်းရှောင်မီက သူ့အမဲလိုက်နေတဲ့အချိန်မှာ ရှာတွေ့လာကြောင်းပြောလိုက်ပြီးတဲ့အခါ ရန်သခင်ကြီးက ပိုလို့တောင်ဝမ်းသာသွားလေသည် ။ သူက မင်္ဂလာရှိတဲ့ ရတနာတွေပဲ ဖြစ်ရမယ်လို့တောင် တွေးမိနေသည် ။ ရန်သခင်ကြီးက ဖန်လုံးနှစ်လုံးကို ငွေသုံးပြားဆီနဲ့ ဝယ်ယူပြီး ထပ်ရှာတွေ့ရင် သူ့ဆီမှာပဲ ဆက်လက်ပြီးရောင်းပေးရန် ပြောသည် ။
ချန်းရှောင်မီက လက်ထဲမှာ ငွေပြားခုနှစ်ပြားကိုင်ဆောင်ကာ အနောက်တံခါးဆီထွက်လာသည် ။ အိမ်မက်မက်နေသလိုတောင် ခံစားနေရသည် ။
လုလင်းလည်း ချန်းရှောင်မီဆီ လျှောက်လာကာ မေးလေသည် ။
" ဘယ်လိုဖြစ်သွားလဲ ။ "
ချန်းရှောင်မီက ခေါင်းညိတ်လိုက်ကာ -
" အဲ့ဒါက အများကြီးရခဲ့တယ် ။ အားလုံးပေါင်း ငွေပြား ခုနှစ်ပြားတောင် ။ သားကောင်အတွက်က ငွေတစ်ပြားရပြီး ကျန်တာက ဖန်လုံးအတွက် ငွေပြားခြောက်ပြားတောင် ရခဲ့တယ်! ရန်လူကြီးမင်းက ထပ်ပြီးဝယ်ဖို့အကြောင်းတောင် ပြောလိုက်သေးတယ် ။ "
ချန်းရှောင်မီရဲ့ အပြုအမူတွေက စိတ်လှုပ်ရှားမှုကြောင့် အရမ်းတက်ကြွနေသည် ။
လုလင်း : 'ကောင်းလိုက်တာ ၊ လူချမ်းသာတွေကတော့လေ! ဖန်လုံးတစ်လုံးက တောဝက်သုံးကောင်လောက် တန်ကြေးရှိတယ်! နှစ်ယွမ်တည်းနဲ့ ဖန်ဂေါ်လီ သေတ္တာတောင် ဝယ်လို့ရတယ်ကွ ။ '
ချန်းရှောင်မီလည်း စိတ်လှုပ်ရှားစွာ သက်ပြင်းချမိသည် ။
' သူတို့ရွာသားတွေအတွက်တော့ ဖန်လုံးတွေက စားလို့မရသလို့ ၊ အနွေးဓာတ်လည်းမရတာကြောင့် တန်ကြေးမရှိပါ။ ဒါပေမယ့် ရန်လူကြီးမင်းကတော့ ထူးခြားတဲ့ ဖန်လုံးတွေကို ဈေးကောင်းပေးပြီးဝယ်ဖို့ ဆန္ဒရှိနေတယ်။ ပိုကြီးတဲ့ မြို့ကိုမသွားလိုက်နိုင်တာ ရှက်မိတယ်။ အဲ့ဒီမှာဆို တစ်ခုကို ငွေဆယ်ပြားလောက်ရလောက်တယ် ။ '
လုလင်းက သူ့ပါတနာကို ပိုတောင်လေးစားမိသွားသည် ။
' သူကအရမ်းကြည့်ကောင်းတာပဲ ၊ ဆုံဖူးတဲ့ ရွာသားတွေထက် ပိုပြီးအများကြီး ကြည့်ကောင်းတယ် ။ '
လုလင်းရဲ့ စတိုးဆိုင်ထဲမှာ ဖန်ဂေါ်လီလုံးတွေ ထပ်ရှိသေးပေမယ့် တစ်ချိန်တည်းမှာ အားလုံးရောင်းလို့မရချေ ။ အဲ့ဒါက သံသယတွေကို နှိုးဆွလိုက်သလိုဖြစ်သွားလိမ့်မယ် ။ ထပ်ပေါင်းပြောရရင် ရှားပါးတဲ့ပစ္စည်းကိုသာ တန်ဖိုးထားမည်ဖြစ်သည် ။
ချန်းရှောင်မီက လုလင်းကို စိုက်ကြည့်ကာ -
" ငါတို့မှာ အခု ငွေတွေရလာပြီ ။ လိုအပ်တာတွေ သွားဝယ်ကြမလား။ "
သူတို့အထည်တွေ ဝယ်ရမည် ။ လုလင်းမှာ ခုဝတ်ဆင်ထားတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ တစ်ထည်ကလွဲရင် အခြား မရှိပေ ။ သူ့ညီလေးတွေဆိုလည်း သူ့ရဲ့ အဖာအပေါက်များတဲ့အဝတ်ကိုသာ ဝတ်ဆင်ထားသည် ။
လုလင်းသာ ချန်းရှောင်မီရဲ့ အဝတ်ကိုဝတ်မယ်ဆို ချန်းရှောင်မီထက် အရပ်ပိုရှည်တာကြောင့် အင်္ကျီသေးသေ
းလေးကိုဝတ်တဲ့အချိန် အကျပ်ရိုက်နေလိမ့်မည် ။
" ပြောတာကောင်းတယ် ။ "
လုလင်း ပြုံးကာ ဖြေလိုက်သည် ။