Episode 17
Viewers 7k

~ အဝတ်အစားအသစ်များ ~


ချန်းရှောင်မီက သူ့အိတ်ကပ်ထဲမှာ ငွေခုနှစ်ပြား‌ရှိနေတာကြောင့် အနည်းငယ်ပို၍ရက်ရောနေသည် ။ သူက လုလင်းကို ဆိုင်ခေါ်သွားပြီး ချည်ထည်တစ်စ ဝယ်စေသည် ။ ပြီးနောက် ချုပ်အပ်နဲ့ချည်အတွက် ငါးဆယ်ဆင့် သုံးကာဝယ်လိုက်သည် ။ 


ဆိုင်မှာ ရယ်ဒီမိတ်အထည်တွေရှိပေမယ့် ချန်းရှောင်မီက သူ့စိတ်ထဲမှာတွက်ချက်လိုက်ပြီး ဈေးသက်သာဖို့ ချုပ်ရန်ရွေးချယ်လိုက်သည် ။


ပြီးနောက်ပစ္စည်းများကိုဈေးပေါပေါနဲ့ဝယ်နိုင်ရန်အတွက်အပေါင်ဆိုင်ဆီ သွားလိုက်ပြီး ချည်ထည်နဲ့ချုပ်လုပ်ထားသော ဂွမ်းကပ်နှစ်ခုကိုဝယ်လိုက်သည် ။ ထိုချည်ခံဂွမ်းကပ်က အလွန်အသုံးဝင်သည် ။ ညအချိန် အအေးဒဏ်ကိုခုခံကာကွယ်နိုင်ပြီး ဆောင်းရာသီအပေါ်ဝတ်ကဲ့သို့လွှမ်းခြုံနိုင်သည် ။ 


လုလင်းဆီမှာ အိပ်ရာဆိုလို့ ချန်းရှောင်မီဆီလက်ထပ်ဝင်လာတုန်းက သူ့ကိုသယ်တင်လာတဲ့ တံခါးပြားနှစ်ချပ်ပဲ ရှိသည် ။ အခုကလုလင်းအတွက်ပိုကောင်းတာလေး ဝယ်ပေးရမယ့် အချိန်ပဲလို့ ချန်းရှောင်မီတွေးလိုက်သည် ။ 


ယခုအခါတစ်နေ့ထက်တစ်နေ့ ပိုအေးလာမည်ဖြစ်သော်ကြောင့် ညဘက်နွေးထွေးဖို့ရန် လုလင်းအတွက် စောင်လိုသည် ။ ချန်းရှောင်မီလည်း သူ့ရဲ့ အင်္ကျီတွေအားလုံးကိုလုလင်းနဲ့ မျှဝေ ဝတ်‌ဆင်ဖို့ဆန္ဒရှိပါသည် ။


လုလင်း ချန်းရှောင်မီရဲ့ ကြင်နာမှုကို ရိပ်မိပါသည်။ စောင်တွေကိုလည်း သူ့အတွက်ဝယ်ပေးနေမှန်းသိပေမယ့် လုလင်းဆီမှာဆောင်းရာသီအတွက် အခြားအစီအစဉ်တစ်ခုရှိ‌သည် ။ သူ ခန် ဆောက်လုပ်ချင်သည် ။


(T/N ခန် - အုတ်ခုတင်ရဲ့အတွင်းမှာ မီးဖိုပြီးအပူပေးလို့ရတဲ့အ‌ပေါက်ပါတာမျိုးလေ၊ ရှေးနိုဘယ်အဖတ်များတဲ့သူဆိုသိကြမှာပါ ။ သိပ်မရှင်းပြတတ်လို့ ။)


" လုလင်း မင်းရဲ့ဆောင်းတွင်းအင်္ကျီတွေချုပ်‌ဖို့ အဒေါ်ကြီး တစ်ယောက်ကို ကိုယ့်ဘာသာ ရှာမလား ။ "


လုလင်းက ခေါင်းငြိမ့်ပြကာ -


" ကောင်းပြီ ။ "


' ဆောင်းဦီးရာသီကောက်ရိတ်သိမ်းပွဲပြီးသွားရင် ရွာသားတွေ အလုပ်မများတော့ဘူး ။ အမျိုးသမီးတွေက အထည်တချို့ချုပ်ရုံနဲ့ ပဲနိနည်းနည်းရမယ်ဆိုရင် ‌ပျော်တာထက်တောင်ပိုနေကြမယ်ဆိုတာ အသေအချာပဲ ။ ပဲနိနည်းနည်းပဲဆိုရင်တောင် သူတို့အတွက်ဝင်ငွေပဲလေ ။ ချန်းရှောင်မီထက် သူ့ဂုဏ်သတင်းကပိုကောင်းတာကြောင့် ကိုယ့်ဘာသာမေးမြန်းတာကပိုအဆင်ပြေတယ် ။ "


ချန်းရှောင်မီက ဆား၊ဆန်၊ဂျုံမှုန့် နဲ့ ပန်းကန်လုံးတချို့ကို ဝယ်လိုက်သည် ။ သူ့ညီငယ်လေးတွေအတွက် သကြားရည်အုပ်ထားတဲ့ အသီးချောင်းလည်း ဝယ်သည်။ 

(T/N ထန်ဟူလုံ ကိုပြောတာပါ ။ )


ခြင်းအပြည့်နဲ့လူနှစ်ယောက်က အိမ်ပြန်လာကြသည် ။


" အစ်ကိုကြီး! ကျွန်တော်တို့ ပစ္စည်းတွေအများကြီးရခဲ့တယ်! " 


ချန်းရှောင်ခိုင်က သူတို့ကိုမြင်ပြီး အံ့အားသင့်စွာပြောသည် ။ 


သူဒီနေ့ ငွေနှစ်ပြားနီးနီးလောက်သုံးစွဲလာခဲ့တာမို့ ချန်းရှောင်မီက အပြစ်ရှိသလိုခံစားလိုက်ရသည် ။ သို့သော်လည်း ကလေးအဆာပြေမုန့်ကလွဲ၍လိုအပ်တာတွေ‌ပဲ ဝယ်ခဲ့တာမို့ ဘာမှမှားယွင်းမနေဟု ထင်မိသည် ။ ဗိုက်ပြည့်စေဖို့နဲ့ နွေးထွေးရန်အဝတ်အထည်တွေ အတွက် ငွေသုံးသင့်သည် ။ 


ချန်းရှောင်မီ လုလင်းအတွက်အထည်ချုပ်ဖို့ရန် သင့်တော်မည့်သူကိုခဏမျှ စဉ်းစားပြီးနောက် အဘွားရှန်ကို အကြံပြုလိုက်သည် ။


အဘွားရှန်ရဲ့ဘဝမှာ ကံမကောင်းမှု များစွာကြုံခဲ့ရသည် ။ သူမရဲ့သားက လွန်လေပြီးတဲ့ သုံးနှစ်မှာ စစ်မှုထမ်းရင်း သေဆုံးခဲ့သည် ။ သူမချွေးမသည်လည်း လွန်ခဲ့တစ်နှစ်ကပင် ကုန်သည်တစ်ဦးနဲ့ ခိုးရာလိုက်ပြေးသွားသည် ။ ထို့ကြောင့် သူမက ကောတစ်ယောက်ဖြစ်တဲ့ မြေးဖြစ်သူ ရှန်ချီနဲ့ ပူးတွဲနေထိုင်နေသည် ။


အဖွားရှန်ရဲ့အမည်အောက်မှာ လယ်အချို့ရှိသော်လည်း အလုပ်ကြမ်းသမားမရှိတာကြောင့် အပြင်းအထန်ကြိုးစားနေရသည် ။ 


လုလင်း ချန်းရှောင်မီရဲ့ အကြုံပြုချက်ကို လက်ခံလိုက်သော်လည်း အဖွားရှန်ဆီသို့ အထည်မပို့လိုက်ပေ ။ စမ်းသပ်တဲ့အနေနဲ့ အထည်ရဲ့ လေးပုံတစ်ပုံကိုသာပို့ရန် ဆုံးဖြတ်လိုက်သည်။ 


အထည်အပ်ပြီး အဖွားရှန်ရဲ့အိမ်မှထွက်ခွာရန်ပြင်လိုက်ချိန် ရှန်ချီကို မြင်လိုက်ရသည် ။ 


ချန်းရှောင်ခိုင်အရွယ် ကောင်လေးက ထင်းအပြည့်နဲ့ခြင်းတောင်းကြီး သယ်လာတာကိုတွေ့ရသော်အခါ လုလင်းရဲ့အ‌တွင်းစိတ်ထဲမှာ ကြည်နူးမိသွားသည် ။ 


' ကောင်လေးက အရမ်းငယ်နေပေမယ့်လည်း မိသားစုကို ကူညီပေးတတ်နေပြီ ။ '


ရှန်းချီကို နှုတ်ဆက်ပြီး လုလင်းပြန်ထွက်လာလိုက်သည် ။


ရှန်းချီအခန်းထဲကို ပြေးပြီးနောက် သူ့အဖွားအား လုလင်း ဘာကြောင့်လာတာလဲဟု မေးမြန်းလေသည် ။ 


အဖွားရှန်က ပီတိဖြစ်စွာဖြင့် -


" ချန်းရှောင်မီက တကယ်တော်တဲ့မုဆိုးတစ်ယောက်ဖြစ်ပေမယ့် သူရောလုလင်းပါအချုပ်အလုပ် မရဘူးလေ။ ဒါကြောင့် ခု လုလင်းက သူနဲ့ချန်းညီအစ်ကိုတွေအတွက် အထည်လာအပ်တာ ။ "


ရှန်ချီက ခေါင်းညိတ်လိုက်သည် ။ အဖွားရှန်က ဆက်လက်၍ -


" သူက ငါ့ကိုဈေးကောင်းပေးတယ်လေ ။ လူကြီးအဝတ်အစားအတွက်က သုံးဆယ်ဆင့် နဲ့ ကလေးအထည်အတွက်က နှစ်ဆယ်ဆင့် ပေးတယ် ။ "


" အလုပ်အတွက် လုလင်းကအဖွားကို ဘယ်လိုတွေးမိတာလဲ ။ "


" ငါတခြားတော့ မတွေးတတ်ဘူး ။ အမျိုးသားတွေက အချုပ်အလုပ်အတွက် သူတို့အမတွေ ၊ အဒေါ်တွေကို မေးမြန်းတတ်ကြတယ်လေ ။ ဒါပေမယ့် မင်းလည်းသူ့ရဲ့ဂုတ်သွေးစုတ်တတ်တဲ့မိသားစုအကြောင်းသိတာပဲ ။ လုလင်းသာ သူ့မိသားစုဆီအထည်အပ်လိုက်ရင် အထည်အသစ်တွေကို ဝတ်ဆင်နေမဲ့သူက ဘယ်သူတွေလည်းဆိုတာ စဉ်းစားကြည့်စရာတောင်မလိုဘူး ။ "


ရှန်ချီခေါင်းညိတ်လိုက်ကာ -


" လင်းကောအခုလို ပြောင်းလဲသွားတာ ကိုယ်ချင်းစာလို့ရပါတယ် ။ "


" ဘာပြောင်းလဲတာလဲ ။ "


" သူ စိတ်ဓာတ် ပိုတက်ကြွလာတယ် ။ လူတွေနဲ့ဆုံရင် မျက်လုံးချင်းမဆုံစေပဲ ခေါင်းငုံ့နေတတ်ပြီး ဘာစကားမှပြောလေ့မရှိဘူးလေ ။အခုသူနဲ့တွေ့ခဲ့တာ သူက ကျွန်တော့်ကိုတောင်စနှုတ်ဆက်သွားတဲ့အပြင် ပိုကျန်းမာလာပြီး အရမ်းအားအင်ပြည့်နေတဲ့ပုံပေါက်နေတယ် ။ "


အဖွားရှန်က ပြုံးလိုက်ကာ -


" သူ့ရဲ့ လက်ထက်မှုက ပျော်ရွှင်စရာကောင်းသွားတဲ့ ပုံပဲ ။ တခြားသူတွေက ချန်းရှောင်မီရဲ့ မကောင်းကြောင်းကို ပြောနေပေမယ့် သူကကြင်နာတတ်တဲ့သူပါ ။ သူ့ညီငယ်လေးတွေကို ချန်းရှောင်မီဂရုစိုက်ပေးတဲ့ပုံကို ငါတို့အားလုံးမြင်နေတာပဲလေ ။ "


အဖွားရှန်ရဲ့အိမ်က မုဆိုးအိုကြီးရဲ့ဘေးမှာဖြစ်သည်။ ချန်းရှောင်မီက အကူအညီမဲ့နေတဲ့မုဆိုးအိုကြီးကို အဝတ်အထည်တွေနဲ့ အစားအ‌သောက်တွေ ပို့ပေးတာကို သူမမြင်ရလေ့ရှိသည် ။ ချန်းရှောင်မီက ရွာသားတွေနဲ့ စကားပြောရတာမကြိုက်မှန်းသူမ သိသည်။ ဒါကြောင့် လုလင်းရဲ့ကမ်းလှမ်းမှုကို သူမချက်ချင်းလက်ခံလိုက်တာဖြစ်သည် ။ 


" ရှောင်မီကောလည်း ကျွန်တော်တို့အပေါ် ကျေးဇူးရှိတယ်လို့ ထင်တယ် ။ "


အဖွားရှန်က မျက်စိကိုမှေးလိုက်ပြီး -


" ‌သနားစရာကောင်းတဲ့ကောင်လေးခမျာ အကြင်နာကင်းမဲ့တဲ့အဖွားနဲ့ ကြုံရရှာတယ် ။ "


ရှန်ချီက အထည်စတွေကိုထိကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် -


" အဖွား ၊ ဒါအရမ်းကောင်းတဲ့ ပိတ်စတွေပဲ ။ "


အဖွားရှန်က ခေါင်းညိတ်ကာ -


" ဟုတ်တယ် ။ ဒါက ဝတ်ရင် အရမ်းသက်သောင့်သက်သာ ရှိမှာ ။ "


သူမရဲ့နှလုံးသားထဲမှာ လုလင်းက ကံကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ကြောင်း အံ့အားသင့်စွာ တွေးမိသည် ။ သူ့မိသားစုက တင်တောင်းငွေ ငွေဆယ်ပြားရရုံသာမက အခု လုလင်းက အဝတ်အစားအသစ်တွေပါ ရနေပြီဖြစ်သည်။