Episode 19
Viewers 7k

~ဆားရည်စိမ် ဟင်းရွက်များ ~


အဖွားရှန်က ပထမအဝတ်တစ်သုတ်ကို ပြီး‌သွားတာမို့ လုလင်းဝမ်းသာသွားသည် ။ ချန်းရှောင်မီ ပြောသည့်အတိုင်းပင် အဖွားရှန်က အထည်စတွေ အလေအလွင့်မရှိစေဘဲ အဝတ်ချုပ်ရာမှာ သေသပ်လှသည်။ သူမက လုလင်းအတွက် နှစ်စုံ နှင့် ချန်းရှောင်မိုင်နဲ့ချန်းရှောင်ခိုင်တို့အတွက် တစ်စုံစီ ကိုအထည်ပမာဏ အနည်းငယ်ကိုသာလျှင် အသုံးပြုပြီး ချုပ်ထားသည် ။ 


ချန်းရှောင်မိုင်နဲ့ ချန်းရှောင်ခိုင်တို့က သူတို့အဝတ်အသစ်တွေ မြင်လိုက်ရတာကြောင့် အူမြူးနေကြသည် ။ သူတို့အထည်အများစုက ချန်းရှောင်မီရဲ့ အကျတွေကိုသာ ပြင်ဆင်ဝတ်ဆင်နေကြရတာဖြစ်သည်။ ထို့အပြင် အမှန်တကယ်ကို ချန်းရှောင်မီရဲ့ အပ်ချုပ်လက်ရာက ကြည့်ပျော်ရှုပျော်တောင်မရှိပေ ။


ချန်းရှောင်ခိုင်က သူ့အဝတ်အစားအသစ်ကိုသဘောကျလွန်းတာကြောင့် အိမ်အလုပ်လုပ်နေချိန်မှာတောင် အလွန်တသသနဲ့ ဖြစ်နေသည် ။ 


လုလင်းလည်း အင်္ကျီအသစ်တွေကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။ ချန်းရှောင်မီရဲ့ အဝတ်ဟောင်းတွေက သူ့အတွက်သေးလွန်းသည် ။ နောက်ဆုံးတော့ သူ့ size နဲ့ ကိုက်ညီမဲ့အဝတ်အစားတွေ ရလာသည်ပင် ။


အဖွားရှန်က လုလင်းရဲ့ယုံကြည်မှုအလုံးစုံကိုပိုင်ဆိုင်သွားချေပြီ ။


လုလင်းက အဖွားရှန်ဆီကို အထည်နဲ့ ဂွမ်းကပ်တွေအများကြီး အပ်လိုက်သည် ။ ဂွမ်းကပ်ထဲက ဂွမ်းစတွေကိုအသုံးပြုပြီး ဆောင်းတွင်း အပေါ်ကုတ် နဲ့ချည်ခံစ အချို့ကို ပြုလုပ်ခိုင်းလိုက်သည် ။


ချန်းရှောင်မီက မြေခွေးနဲ့ယုန်တွေကို အမဲလိုက်နိုင်ခဲ့သည် ။ အခါအခွင့်သင့်တာနဲ့ သားမွှေးတွေကိုရောင်းထုတ်ရမည် ။ ဆောင်းတွင်းဘက်တွင် သူတို့စုဝေးနေထိုင်နေချိန်၌ တစ်စုံတစ်ယောက် ထိခိုက်မှုရှိလာတဲ့အခါ ကယ်တင်နိုင်ရန်ပင် ။ ယခု အဝတ်အစားနဲ့ဂွမ်းကပ်တွေကိုသာ အသုံးပြုနေရသည်မို့ ပျက်စီးလွယ်တဲ့ သား‌မွှေးနဲ့တိရစ္ဆာန်အရေခွံတွေက အသုံးမဝင်တော့ပေ။ 


လုလင်းက သန့်စင်ပြီး သားမွှေးအရေခွံအပိုင်းအစတချို့ကိုရွေးထုတ်ကာ အဖွားရှန်ကို ကော်လံနဲ့ အင်္ကျီလက်တစ်ဝိုက်မှာ ချုပ်ပေး‌ရန် တောင်းဆိုလိုက်သည် ။ 


အဖွားရှန်က သားမွှေးနဲ့အထည်စ တွေ အားလုံးကိုမြင်လိုက်ရတဲ့အခါ ချန်းရှောင်မီက အထည်‌အကောင်းစားတွေအများကြီးရှိတယ်လို့‌တွေးမိပြီး အံ့အားသင့်သွားသည်။ရွာသားအများစုက တစ်နှစ်ပတ်လုံးတွင် အပြင်သွားလာရန် အဝတ်အစား တစ်စုံရဖို့တောင် မတတ်နိုင်ကြသော်လည်း လုလင်းကရက်အနည်းငယ်အတွင်းမှာပင် အထည်ဒုတိယအသုတ်ကို ပို့လာသည် ။ ပြီးတော့ သားမွှေးအချို့လည်း ပါသည် ။ ပျက်စီးလွယ်တယ် ဆိုရင်တောင် ထိုအရာက သားမွှေးတွေဖြစ်နေဆဲပင် ။ 


ဆောင်းတွင်းအနွေးဝတ်အတွက် အချိန်ပိုယူရသောကြောင့် လုလင်းက အဖွားရှန်ရဲ့လုပ်အားခကို တိုးပေးလိုက်သည်။ 


အရာရာချောမွေ့နေသည် ။ နှစ်ပတ်ကြာပြီးနောက် လုလင်း အဖွားရှန်ဆီက အောက်ခံ ချည်ထည်(cotton padded clothes) ၈ ခု ရရှိလာသည် ။ လေးခုက လူကြီးတွေအတွက်ဖြစ်ကာ ကျန်လေးခုက ကလေးများအတွက်ပင် ။ 


" ဒီ အဝတ်စတွေက အရမ်းကောင်းတာပဲ ။ "


ချန်းရှောင်မီက အဝတ်စများကို ပွတ်သပ်ကာအံ့သြနေသည် ။ 


" အဝတ်စ အရည်အသွေးကလည်း အရမ်းကောင်းတယ် ။ "


လုလင်း သံယောက်လိုက်လိုက်သည် ။ နောက်တစ်ကြိမ်ထပ်ပြီး ချန်းရှောင်မီက အဖွားရှန်ကို အကြံပြုပေးတာကြောင့် လုလင်းပျော်ရွှင်နေရသည် ။ 


" အဖွားရှန်က ငါတို့ပေးတဲ့ အဝတ်စနဲ့ အပိုင်းအစတွေကိုသုံးပြီး ချုပ်ထားတယ်ဆိုတာ မယုံနိုင်စရာတောင် ကောင်းတယ် ။ "


ချန်းရှောင်မီကချီးမွန်းမှု အပြည့်နဲ့ပြောလေသည် ။ 


" အဖွားရှန်က အလွန်တော်တဲ့ အပ်ချုပ်သမပဲ ။ အထည်စတွေကို အလေအလွင့်မရှိစေဘဲ သေသပ်လှပနေတယ် ။ "


လုလင်းကလည်း အရမ်းကျေနပ်အားရနေသည်။  


လုလင်းအဖွားရှန်ဆီ သွားချိန်မှာ တိတ်တဆိတ်သွားသော်လည်း ဤကျောက်ကြီးရွာတွင် စကားက မြန်ဆန်စွာ ကူးလူးသွားသည် ။ ထပ်ပေါင်းပြောရရင် ဝတ်စုံအသစ်တွေက သူတို့အား ပိုထင်ပေါ်စေသည်။ ထို့ကြောင့် လူတွေက ချန်းညီအစ်ကိုတွေနဲ့ သူ့အတွက် အဝတ်အစားတွေကို အဖွားရှန်ဆီသွားအပ်မှန်း သိသွားကြသည် ။ 


လုထောင်က လုလင်းကို ဝတ်စုံအသစ်နဲ့မြင်လိုက်ရတာကြောင့် သူမမျက်နှာက မနာလိုမှုတွေနဲ့ စိမ်းဖန့်လာသည် ။ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းပွဲမှာ မကူညီပေးတာကြောင့် သူမအလုပ်များရသည့်အတွက် လုလင်းအား အငြိုးဖွဲ့ထားသည်လေ ။ သူမက လုလင်းအားတိတ်တိတ်လေး ကျိန်ဆဲပြီး ချန်းရှောင်မီ သူ့အားနှိပ်စက်ဖို့ မျှော်လင့်‌နေသည် ။ သို့သော် သူမကို အံ့ဩစေတဲ့အထိ ချန်းရှောင်မီက လုလင်းအပေါ် ကောင်းပေးနေသည် ။ သူက လုလင်းအတွက် အထည်တွေကိုတောင် ဝယ်ပေးသေးသည် ။ 


အဖွားရှန်၏ အိမ်တွင် -


အဖွားရှန်းက လုလင်းသူ့ကိုပေးချေတဲ့ အကြွေစေ့တွေကို ရေတွက်နေသည် ။ အားလုံးပေါင်း ၃၅၀ ဆင့်ရှိတာကြောင့် အဖွားရှန်အလွန်ဝမ်းမြောက်နေသည် ။ 


ရှန်းချီ - " အဖွား ၊ လုလင်းကောက အရမ်းရက်ရောတာပဲနော် ။ "


အဖွားရှန်က ခေါင်းညိတ်ကာ -


" ငါတို့ဒီငွေတွေကို ဆန်နဲ့ဂျုံမှုန့်အချို့ ဝယ်ဖို့သုံးနိုင်တယ်။ ဒီငွေတွေက အချိန်မီရောက်လာတာပဲ ။ ငါတို့ဆောင်းရာသီမှာ သိုလှောင်ထားရလိမ့်မယ် ။ "


ရှန်ချီက ပါးစပ်မဟမှီ ခဏလောက် ချီတုံချတုံဖြစ်ကာ -


" အဖွား ၊ ကျွန်တော်ကြားတာတော့ ချန်းရှောင်မီကောက တောင်ပေါ်မှာ ဂျင်ဆင်းတွေကိုတွေ့ခဲ့ပြီး ဈေးကောင်းရအောင် စီမံနိုင်ခဲ့တယ်တဲ့ ။ အဲ့ဒါ အခုလိုရက်ရောနိုင်ရတဲ့ အကြောင်းပဲဖြစ်မယ် ။ "


ချန်းရှောင်မီနဲ့ လုလင်းကို အလွန်ရွံရှာမုန်းတီးတာကြောင့် စပ်စုနေကြတဲ့ ရွာသား‌တွေအများကြီးရှိသည်။ သူတို့က ချန်းရှောင်ခိုင်ရဲ့ စရိုက်ကို မကြိုက်သလို ၊ ချန်းရှောင်မိုင်မှာလဲ ထူးဆန်းတဲ့ရောဂါ ရှိနေသည် ။ ရွာသားတွေအတွက် လုလင်းကပါ စိတ်ရှုပ်စရာဖြစ်နေတာကြောင့် အချက်အလက်တွေပိုရဖို့ စပ်စုကြတော့သည် ။


တကယ်တော့ လုလင်းက ဖန်လုံးတွေနဲ့ပတ်သတ်ပြီး စကားတစ်ခွန်းမှ ပြောမထားပေ ။သူက ရွာသားတွေကို ဖုံးကွယ်ဖို့ ချန်းရှောင်မီ ဂျင်ဆင်းအချို့ရှာတွေ့တယ် ဆိုတဲ့ ဇာတ်လမ်းကို ထုတ်လိုက်တာပင် ။ 


ထိုစကားက ကျောက်ကြီးရွာမှာ ပျံ့နှံ့သွားပြီး မကြာခင် ရွာသားတွေတစ်ဝက်လောက်ရဲ့ နားထဲကိုထိုဇာတ်လမ်း ရောက်သွားသည် ။ 


" အဲ့ဒီ ထူးဆန်းတဲ့ဟာကို တွေ့ကြလား ၊ လုတွေက လုလင်းကို ဂြိုလ်ဆိုးကောင် ၊ မိသားစုဆီ ကံဆိုးမှုတွေပဲ ယူလာတဲ့ကောင်လို့ပြောကြတယ် ။ ဒါပေမယ့် အဲ့ဒါအကုန်မမှန်ဘူးဆိုတာ ချန်းညီအစ်ကိုတွေကိုပဲ ကြည့် ။ သူတို့မိသားစုထဲ လုလင်းလက်ထပ်ပြီးတော့မှ သူတို့ဘဝတွေ ပိုကောင်းလာခဲ့တယ် ။ လုလင်းအဖွားက အရူးစကားတွေပြောနေတာပဲ ဖြစ်မယ်။ လုလင်းက သူ့မိသားစုအသစ်ဆီ ကံကောင်းမှုတွေ ယူလာတာလို့ ထင်မိတယ် ။ "


ရှန်ချီက လမ်းလျှောက်ရင်းနဲ့ ထိုစကားကို ကြားလိုက်ရတာဖြစ်သည် ။ ထိုအရာက အဓိပ္ပာယ်ရှိသည်။ 


အဖွားရှန်က ပိုက်ဆံတွေကို သူ့ဘေးနားဆွဲယူကာ ဖုန်ပုလင်းထဲက ဆားရည်စိမ်ဟင်းရွက်တွေကို စစ်ဆေးလိုက်သည် ။ 


" ချီ ၊ ငါ့ အတွက်အလုပ်လုပ်ပေးဦး ။ ဆားရည်စိမ် ဟင်းရွက်အချို့ကို ချန်းရှောင်မီရဲ့အိမ်ကို သွားပို့ပေး ။ ငါတို့တွေ သူ့တို့ကို ကျေးဇူးတင်ဖို့လိုတယ် ။ "


အဖွားရှန် လုလင်းနဲ့ ချန်းညီအစ်ကို‌တွေအတွက် စိတ်မကောင်းဖြစ်မိသည် ။ ချန်းရှောင်မီက မုဆိုးတစ်ယောက်ဖြစ်ကာ လုလင်းက ယောက်ျားသားဖြစ်သည် ။ အရသာရှိတဲ့အစားအစာတွေ ချက်နိုင်ဖို့ လမ်းမမြင်ပေ ။ ချန်းရှောင်မိုင်နဲ့ ချန်းရှောင်ခိုင်က ကလေးများသာ ဖြစ်ကြသည် ။ သူတို့ နေ့တိုင်း ချို့ချို့တဲ့တဲ့ ‌ဖြစ်နေလိမ့်မည် ။


ရှန်ချီ ဆားရည်စိမ် ဟင်းရွက်တွေ လာပို့ သောအခါ လုလင်း ပျော်ရွှင်သွားသည် ။ သူနဲ့ ချန်းရှောင်မီက ခန် ဆောက်လုပ်ရင်း အလုပ်များနေတာကြောင့် အချိန်မရှိပေ ။ ချက်နိုင်စွမ်း မရှိတော့ပေ ။ ဒီနေ့အတွက် ကြမ်းတမ်းတဲ့ အစားအစာပဲ ရှိသည် ။ ချန်းညီအစ်ကိုတွေက ဇီဇာကြောင်တဲ့ အစားသမားတွေဖြစ်ပေမယ့် လုလင်းက ဘာမျှမပြောပေ ။ အဖွားရှန်ရဲ့ ကြင်နာမှုက အဓိကအချက်ပင် ဖြစ်သည်။  


ဆားရည်စိမ် ဟင်းရွက်တွေက အလွန်ကောင်းသည် ။ လုလင်းအရမ်းကြိုက်နှစ်သက်မိသည် ။ လူတွေက အော်ဂဲနစ် အစားအစာတွေနဲ့ ပတ်သတ်ရင် ဘာကြောင့်စွဲလမ်းကြမှန်း လုလင်းနားလည်လာသည် ။ ဆားရည်စိမ် အော်ဂဲနစ် ဟင်းရွက်တွေရဲ့အရသာ က အလွန်ကောင်းသည် ။